အပိုင်း ၆၁၅
Viewers 62k

အခန်း ၆၁၅

ပုဖန်ကိုပစ်မဲ့မြှား...


"မလိုတော့ဘူး ငါရောက်နေပြီ ..."


မနက်ခင်းခေါင်းလောင်းသံကဲ့သို့ တည်ငြိမ်အေးဆေးလှသော အသံတစ်သံက အားလုံး၏ စိတ်ထဲ ထွင်းဖောက်ဝင်ရောက်လာသည်။သူတို့အားလုံး တဖြေးဖြေးရွက်လွှင့်လာနေသော ငရဲ ကမ္ဘာသင်္ဘောကို ကြည့်လိုက်ကြသည်။


ထိုသင်္ဘောဆီမှ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသည်။သင်္ဘောကုန်းပတ်ပေါ်တွင် ပုံရိပ်အချို့ ရှိနေသည်။


ထိုအထဲမှ သွယ်လျသော ပုံရိပ်တစ်ခုက သိသိသာသာ ခေါင်းငုံ့ကိုင်းထားလေသည်။ထိုပုံရိပ်၏ မျက်နာက တည်ငြိမ်နေ၏။သူ့၏ မျက်လုံးကြည်ကြည်လေးများက သင်္ဘောအောက်ရှိ ရှုရစစ်တပ်ကို ကြည့်နေလေသည်။


လူများက သတိမဝင်သေးပဲ ကြောင်အနေကြဆဲဖြစ်သည်။ထိုမျက်နာကို ရင်းနီးသည်ဟု ခံစားရသော်လည်း မည်သူမှန်းသူတို့ မဆုံးဖြတ်နိုင်ဖြစ်နေကြသည်။သို့သော်လည်း ခဏအကြာ၌ အားလုံး တုန်လှုပ်သွားကြသည်။


"အဲ့ဒါ ပိုင်ရှင်ပု မဟုတ်လား...ဘယ်လိုဖြစ်ပြီး သူက ဒီနေရာကို ရောက်လာရတာလဲ"


" သူက ဖျက်မြင်းစားဖိုမှူး မဟုတ်လား သူက ဒီနေရာကို သူ့ဘာသာသူ ရောက်လာတယ် သူက သေရမှာကို မကြောက်ဘူးလား..."


"ရှုရအရှင်သခင်က သူ့ကို တွေ့ချင်နေတာလေ...ဒါကို သူက ကိုယ့်သေတွင်း ကိုယ်လာတူးတာလား..."


ပုဖန်ကို မှတ်မိသွားကြသော လူများကြားထဲ၌ ဆူညံ ပွက်လောရိုက်သွားလေသည်။


လော့တန်ချင်းလည်း ပုဖန်၏ အေးဆေးတည်ငြိမ်လှသော အမူအရာကို မော့ကြည့် လိုက်သည်။


ဒီလူငယ်လေးက အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲ...ဒီတော့ သူက ဖျက်မြင်းစားဖိုမှူးဆိုတာပေါ့ ...သူက ရှေးဟောင်းရှုရမြို့တော်ကလူကို သတ်ပြီး သူတို့ရဲ့ နတ်ဘုရားတစ်ပိုင်းလက်နက်ကို လုယူခဲ့တာလား...


ရှုရအရှင်သခင် ဆုပ်ကိုင်ထားသော ရှုရဓားမှ လေထုကို ပိုင်းဖြတ်ချင်သယောင် ဓားစွမ်းအင်များ ထုတ်လွင့်နေ၏ ရှုရအရှင်သခင်က လေဟာနယ်ကို ဖြတ်သန်း၍ သင်္ဘောပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက်သည်။


လက်နှစ်ဖက်နောက်ပစ်၍ အေးဆေးတည်ငြိမ်စွာ ရပ်နေသော ထိုလူငယ်ကြောင့် သူ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။စစ်ပွဲ ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ရှုရမိန်းမပျိုကလည်း ပုဖန်၏ တည်ငြိမ်အေးဆေးနေသော အမူအရာကို ကြည့်လိုက်သည်။ထိုစားဖိုမှူးလေးက အံ့သြသင့်စရာများစွာကို ယူဆောင်လာလေသည်။သူတို့ ယခု ကဲ့သို့ ဆိုးရွားလှသည့် အခြေအနေမျိုးတွင် မျက်နာချင်းဆိုင်နေရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မ်ိပေ။သူက တကယ်ကို ထူးခြားဆန်းကြယ်လှသော စားဖိုမှူးတစ်ယောက်ပင်ဖြစ်သည်။


ကျောင်းယာက ငရဲကမ္ဘာသင်္ဘောကို မြင်လိုက်ရသည့်အချိန်တွင် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိသည်။


"ငရဲကမ္ဘာကသက်ရှိတွေ ဒါ ငရဲကမ္ဘာသင်္ဘောမဟုတ်လား ဒီသင်္ဘောပေါ်မှ ငရဲ ကမ္ဘာအမျိုးသမီးရှိနေမှာပဲ ပစ်မှတ်တော့ ထွက်ပေါ်လာပြီ ..."


ငရဲကမ္ဘာသင်္ဘောပေါ်တွင်...

 နယ်သာရီက ရေခဲတမျှအေးစက်လှသော အမူအရာဖြင့် မတ်မတ်ရပ်နေသည်။သူမ၏ အနက်ရောင်ဆံနွယ်များနှင့် အနက်ရောင်ဝတ်စုံစက လေအရှိန်ဖြင့် တဖျတ်ဖျတ် လွင့်ခါနေ၏။


ငရဲဘုရင်က အစပ်ချောင်းကို ပျော်ရွှင်စွာဖြင့် စားသောက်နေလေသည်။


နန်ကုန်းဝူချယ်၏ ခြေထောက်များက ဂျယ်လီကဲ့သို့ ပျော့ခွေနေလေသည်။သူ သင်္ဘောဘောင်ကို မှီလိုက်ပြီးနောက် အောက်ဘက်ရှိ ကြောက်စရာကောင်းလှသော မြင်ကွင်းကို တိတ်တဆိတ်ချောင်းကြည့်လိုက်သည်။ထို့နောက် သူ့ခေါင်းကို အလျင်အမြန် ပြန်ဆုတ်လိုက်လေ၏။


"အရမ်းကြောက်ဖို့ကောင်းတာပဲ...ဘာလို့ အဲ့ဒီလောက်တောင်လူများနေရတာလဲ..."


နယ်သာရီက သူမ၏ ငရဲကမ္ဘာသင်္ဘောကို ထိန်းချုပ်လိုက်ပြီးနောက် သူတို့အဖွဲ့ မြို့တံတိုင်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။


"နန်းတော်သခင်ကို နှုတ်ဆက်ပါတယ်..."


ပုဖန်က လော့တန်ချင်းကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။သူ ထိုသူကို လေးစားမှုရှိပေသည်။နန်းတော်သခင်က ယခုချိန်ရောက်သည့်တိုင်အောင် လက်လျှော့အရှုံးပေးခြင်းမရှိပေ။ထို့အပြင် တတိယအကြီးအကဲကလည်း နန်းတော်သခင်ကို အမြဲတမ်းအထောက်အကူပြုနေခဲ့သည်။သူက ရှုရအရှင်သခင်၏ လှည့်စားမှုကိုပင် မခံရပေ။


"မင်းက ပိုင်ရှင်ပုပဲ ဖြစ်ရမယ်...ကြီးမြတ်ပါပေတယ် မင်းက သာမန်မဟုတ်ဘူးပဲ ..."


လော့တန်ချင်းက ပုဖန်ကို အကဲခတ်၍ ပြောလိုက်သည်။


"အိုး...ချီးကျူးလွန်းနေပါပြီ...ကျုပ်က အမြဲတမ်း သာမန်ထက် ကျော်လွန်နေတာပါပဲ ..."


ပုဖန်က ခပ်အေးအေးပင်ပြန်တုံ့ပြန်လိုက်သည်။လော့တန်ချင်း အံ့အားသင့်သွားပြီး သူ့နှုတ်ခမ်းထောင့်များတွန့်သွားသည်။ဒီလူက အရှက်မရှိပေ။သူက ချီးကျူး နှုတ်ဆက်စကားပြောရန် ရည်ရွယ်လိုက်သော်လည်း ထိုကလေးက အတည်ကြီး ယူလိုက်ပေသည်။


ပုဖန်ကို ပြုံးပြလိုက်ပြီး ရှုရအရှင်သခင်ဘက်သို့ လှည့်ကြည့်လိုက်သည်။


"ရှုရအရှင်သခင် စားဖိုမှူးလေးက ဒီကိုရောက်နေပြီ...မင်းရဲ့ ကတိကို တည်မှာလား မတည်ဘူးလား...မဟာအကြီးအကဲကို လွှတ်ပေးလိုက်တော့..."


 ယုံကြည်မှု စွမ်းအပြည့်ပါနေသော အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး အားလုံး၏ အသက်ရှုနှုန်းကိုပင် ဖိနှိပ်သွားလေသည်။ရှုရအရှင်သခင်၏ မျက်နာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပေပြီ သူက လော့တန်ချင်းကိုပင် မတုံ့ပြန်ပဲ ပုဖန်ကို အကဲခတ်ကြည့်ရှုနေသည်။၎င်းက မြူကောင်းကင်မြို့တစ်မြို့လုံးတွင် ပုဖန်ကသာလျှင် သူ့၏ ပစ်မှတ်ဟု ထင်ရစေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူ့လည်ပင်းတွင် ဆွဲထားသော မျှော်စင်ငယ်လေးမှ တဖြေးဖြေးချင်းပူလောင်လာသည်ကို ခံစားလိုက်ရ၏။၎င်းက ရှုရအရှင်သခင်၏ ကိုယ်ပွားနှင့် တွေ့ဆုံခဲ့တုန်းက အချိန်နှင့် တူတူပင်ဖြစ်သည်။


ဘန်း...


ပုဖန် တဖြေးဖြေးလွင့်မျောလာသော မျှော်စင်ငယ်လေးကို သူ့ရင်ဘတ်ပေါ်သို့ပြန်ဖိချထားလိုက်သည်။ထို့နောက် ခပ်ဖျော့ဖျော့လင်းလက်နေသော အကြည့်များဖြင့် ရှုရအရှင်သခင်ကို စိုက်ကြည့်လိုက်သည်။


ရှုရအရှင်သခင်နှင့် သူ့၏ ကြားထဲမှ ဆက်သွယ်မှု ဖြတ်တောက်ခံလိုက်ရသောကြောင့် ရှုရအရှင်သခင်၏ မျက်နာက တင်းမာခက်ထန်သွားသည်။သူ ရက်စက်ကြမ်းကြုတ်လှသော မျက်ဝန်းများဖြင့် ပုဖန်ကို ကြည့်လိုက်၏။


"သောက်သုံးမကျတဲ့ စားဖိုမှူး က ငါတို့ ရှုရမျှော်စင်ကို ခိုးရဲတယ်ပေါ့ သေသင့်တယ်..."


ရှုရအရှင်သခင်၏ ဒေါသတကြီးကျုံးဝါးသံနှင့်အတူ သူ့၏ အော်ရာများ ပေါက်ကွဲထွက်ပေါ်လာ၏။


"ဟိုမြေခွေးအိုကြီးကို ဒီကိုခေါ်လာခဲ့..."


ရှုရအရှင်သခင်က လက်ဝှေ့ယမ်း၍ သူ့၏ လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။တစ်ချိန်တည်းမှာပင် သူ့၏ အော်ရာများကလည်း ဆက်လက် ထိုးတက် နေတုန်းပင်ဖြစ်သည်။သူက မမြင်ရသော လှေကားထစ်များပေါ်သို့ လျှောက်လှမ်းသွားသလိုမျိုး လေထုထဲသို့ တဖြေးဖြေးလွင့်မျောလာသည်။သူ့၏ အမူအရာက အလွန်တရာ မောက်မာဝင့်ကြွားနေလေ၏။သူ့၏ သွေးနီရောင်ဝတ်ရုံရှည်က လေအရှ်ိန်ကြောင့် တဖျတ်ဖျတ် လွင့်ခါနေသည်။


သူ့၏ ခေါင်းထက်တွင်လည်း သွေးနီရောင် ဝိညာဉ်လှေကားပေါ်လာသည်။ထ်ိုဝိညာဉ်လှေကားမှ ထုတ်လွင့်နေသော အော်ရာများက ကြည့်မိလိုက်သူကို တုန်ယင်သွားစေသည်။


ရှုရအရှင်သခင်က လေထဲတွင် လွင့်မျောနေပြီးမှ အောက်ဘက်ရှိ လူများက်ို ပြန်လည်ငုံ့ကြည့်လိုက်သည်။လျှပ်စီးတန်းကဲ့သို့ အကြည့်များက ပုဖန်ကိုသာ အဆက်မပြတ် အကဲခတ်နေ၏။လော့တန်ချင်း၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။


"မင်းက မင်းရဲ့စကားကို မတည်ဘူးလား..."


"ငါ့ရဲ့ စကားဟုတ်လား သေချာတာပေါ့ အဲ့ဒီ စားဖိုမှူးကို ငါ့ဆီလွှဲပေးလိုက် ငါမင်းတို့ရဲ့ အဖိုးကြီးကို ပြန်လွှဲပေးလိုက်မယ်..."


ရှုရအရှင်သခင်ကအေးစက်စွာပြောလိုက်ပြီးနောက် သူ့၏ ရှုရဓားက်ို လွှဲလိုက်သည်။သွေးနီရောင် ဓားစွမ်းအင်များက မြို့တံတိုင်းက်ို ခုတ်ဖြတ်ချလာလေ၏။မြို့ကာကွယ်ရေး အစီအရင်များက ချက်ချင်းပငထ အသက်ဝင်လာပြီး ထ်ို စွမ်းအင်လှိုင်းများကို ပြင်းပြင်းထန်ထန်ခုခံလိုက်ရသောကြောင့် ဆူညံသံများ ထွက်ပေါ်လာလေသည်။မြူကောင်းကင်မြို့တစ်ခုလုံးတုန်ခါသွား၏။


လော့တန်ချင်းဒေါသပေါက်ကွဲသွားလေသည်။သူအရူးလုပ်ခံ ရသလို ခံစားလ်ိုက်ရသည်။ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသောကြောင့် လူအားလုံး အလျင်အမြန် နားပိတ်လိုက်ရသည်။


"ရှုရနတ်ဆိုး မင်းက ငါတို့ ဆေးနန်းတော်က်ို ကျူးကျော်လာတယ်ဆ်ိုမှတော့ သွေးကြွေးအတွက် သွေးနဲ့ပဲ ပြန်ဆပ်ရမယ်..."


ကောင်းကင်ယံအမြင့်ထ်ိ ထိုးတက်သွားသည်။အစိမ်းရောင် ကောင်းကင်ကမ္ဘာမြေမီးလျှံက ရှေးဟောင်း မြွေနတ်ဆိုး အရုပ်အဖြစ်သို့ ပြောင်းလဲသွားသည်။


လော့တန်ချင်းက ထိုပုံရိပ်ကိုအပြည့်အဝ ထိန်းချုပ်လိုက်ပြီး ရှုရအရှင်သခင်ကို တိုက်ခိုက်လိုက်သည်။ထိုအခိုက်အတန့်၌ ကမ္ဘာမြေကြီးက ပူနွေးလာသလို မျိုး လေမျာပင် ပူလောင်လာသည်။


"ငါမင်းကို အနိုင်မယူနိုင်ဘူးလို့များ တကယ် ထင်နေတာလား...ဒီနေ့ ငါ့ရဲ့ ရှုရဓားက မသေမျိုး စိတ်ဝိညာဉ် တစ်ယောက်ရဲ့သွေးကို သောက်ချင်နေတယ်..."


ရှုရအရှင်သခင်က အရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ့၏ ဓားကို လွှဲချလိုက်သည်။သူ့နောက်၌ ကြီးမားလှသော ဓားပုံရိပ်ယောင်ပေါ်လာလေသည်။စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းလှသော ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ် လာသည်။


လော့တန်ချင်း၏ ပုံရိပ်ကြီးက လေဟာနယ်ထဲ ပြန်ဆုတ်လိုက်ရသောကြောင့် လေထုက တုန်ခါသွားသည်။ကြီးမားသော စွမ်းအင်၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် လော့တန်ချင်း၏ လက်လည်း တဆတ်ဆတ်တုန်ယင်နေ၏။သူက ဓားကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ပြီးနောက် ကျောက်စိမ်းရောင်မီးတောက်ကို ခုတ်ချလိုက်သည်။


"မင်းတို့ ဆေးနန်းတော်ရဲ့ နတ်ဘုရားမီးလျှံ ထိန်းချုပ်ဖို့ နည်းလမ်းက တမူထူးခြားတယ်...တကယ်တမ်းပြောရမယ်ဆိုရင်တော့ အရမ်းကို ဆိုးရွားတယ် မင်းမှာ ဒီနည်းလမ်းတစ်ခုပဲရှိတာဆိုရင်တော့ ဒီနေ့ သေဖို့သာပြင်ထားလိုက်...ငါ့ရဲ့ ရှုရဓားက မင်းကို ဖြတ်တောက်ပစ်မယ်..."


ရှုရသခင်၏ ချောမောခန့်ညားလှသော မျက်နာပေါ်တွင် အထင်အမြင်သေးသည့်အပြုံးပေါ်လာသည်။နောက်ခဏအတွင်းမှာပင် သူ့လက်ထဲမှ ရှုရဓားက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ရှုရဓားက ပုံရိပ်များခွဲထွက်လာလေသည်။တစ်ခုမှ နှစ်ခု.. နှစ်ခုမှ ၁၀ခု... ၁၀ခုမှ တစ်သောင်း...


ကောင်းကင်ပေါ်၌ ရှုရဓားများ မြောက်များစွာ တည်ရှိနေခြင်းက လူထုကို ဖိအားကြီးကြီးပေးထားပေသည်။ပုဖန်က မြို့တံတိုင်းပေါ်တွင်ရပ်၍ သူတို့နှစ်ဦးကြားက တိုက်ပွဲကို ကြည့်နေသည်။မသေမျိုးဝိညာဉ် အဆင့် ပညာရှင်နှစ်ဦးကြားက တိုက်ပွဲက စိတ်လှုပ်ရှားစရာကောင်းလှသည်။


ဆေးနန်းတော်သခင်၏ မီးလျှံ ထိန်းချုပ်မှု နည်းလမ်းကပင် အလွန်ပင် နက်ရှိုင်းလှပြီး ရှုရအရှင်သခင်၏ ဓားကွက်ကလည်း ပြိုင်ဘက်ကင်းလှသည်။ပုဖန် အလွန်ပင် စိတ်ဝင်စားလာမိသည်။သူ့၏ မီးလျှံထိန်းချုပ်မှုက လုံလောက်အောင်မသန်မာသေးပေ။


အကယ်၍ သူ့၏ မီးလျှံထိန်းချုပ်မှု နည်းလမ်းကိုသာ အဆင့်တိုးမြင့်နိုင်ခဲ့လျှင် သူ့၏ ချက်ပြုတ်စွမ်းရည်ကလည်း အဆင့်တက်လာပေလိမ့်မည်။အပူချိန် ထိန်းချုပ်မှု မြင့်မားလာသည်နှင့်အမျှ သူ့ဟင်းပွဲ၏ အရသာကလည်းတိုးတက်လာပေလိမ့်မည်။


အပူထိန်းချုပ်မှုအကြောင်းတွေးရင်းဖြင့် အတွေးနက်နဲစွာကြည့်နေမိသည်။


မြူကောင်းကင်မြို့မှ ပညာရှင်များက ယခုအချိန်တွင် အသက်ပင် ရဲရဲမရှုနိုင်တော့ပေ။ဒီတိုက်ပွဲက သူတို့ ဆေးနန်းတော်၏ ကံကြမ္မာနှင့် ဆက်စပ်နေသောကြောင့် အလွန်ပင် စိုးရိမ်ပူပန်နေကြသည်။


လော့တန်ချင်းကလည်း အထူးအာရုံစူးစိုက်ထားပေသ ည်။သူ အနည်းငယ်မျှပင် သတိလွတ်ရဲခြင်းမရှိသလို သူ့ပြိုင်ဘက်ကို အထင်သေးရဲခြင်းလည်းမရှိပေ။


သူစက္ကန့်တိုင်းသတိအပြည့်ရှိနေရပေမည်။ဒီတစ်ကြိမ်သာ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်၏ မြှားချက်ကို မိခဲ့လျှင် သူတို့ ဆေးနန်းတော်အတွက် အခွင့်အရေးရှိတော့မည်မဟုတ်ပေ ။လော့တန်ချင်းက ရှုရဓားချက်ကို ခုခံရင်းဖြင့် ရှုရတပ်များကြားထဲမှ ကျောင်းယာကို ကြည့်လိုက်သည်။


သူ့ကို မြင်လိုက်သည့်ခဏ၌ သူကြက်သီး မွှေးညှင်းများပင်ထောင်ထသွားလေသည်။ကျောင်းယာကသူ့၏ ရှေးဟောင်းနတ်ဘုရားသတ်လေးကို ဖြေးဖြေးချင်းဆွဲလိုက်ပြီးကောက်ကျစ်စွာ ပြုံးလိုက်သည်။


ကြီးမားလှသော စွမ်းအင်များက တဖြေးဖြေးစုစည်းလာပြီး အလင်းမြှားတစ်ချောင်းဖြစ်ပေါ်လာသည်။သို့သော်လည်း ထို မြှားက သူ့ဆီသို့ ရည်ရွယ်ထားခြင်းမဟုတ်ပဲ စားဖိုမှုး လေးဆီသို ရည်ရွယ်ထားပေသည်။


ထိုအချိန်တွင် ပုဖန်က လော့တန်ချင်းနှင့် ရှုရအရှင်သခင်တို့၏ တိုက်ပွဲတွင်သာ နစ်မြောနေပေသည်။သူ အန္တရာယ်ကိုမခံစားမိပေ။လော့တန်ချင်း အလွန်ပင် စ်ိုးရိမ်ပူပန်သွားပြီး ပုဖန်ကို သတိပေးချင်ခဲ့သည်။သို့သော်လည်း သူ ပါးစပ်မဖွင့်ဟသေးခင်မှာပင်ကျောင်းယာက လက်ကိုမြောက်၍ မြှားတံကို ပစ်လွှတ်လိုက်လေပြီ။


အလင်းမြှားက လေကိုခွင်း၍ပုဖန်ဆီသို့ ချဉ်းကပ်သွားလေ၏။