အပိုင်း ၆၁၆
Viewers 53k

အခန်း ၆၁၆

ဒီနေ့ခေတ်လူငယ်တွေက...မစွမ်းဆောင်နိုင်ဘူး...


အလင်းမြှားက အရှိန်အဟုန်ဖြင့် လေဟာနယ်ကို ထိုးခွင်းလာသောကြောင့် လေဟာနယ် တုန်ခါသွားသည်။ပြင်းထန်လှသော စွမ်းအင်များက ကောင်းကင်ကို နှစ်ခြမ်းဆွဲဖြဲတော့မလိုပင် လွှမ်းမိုးနိုင်စွမ်းရှိလွန်း၏ ၎င်းက ကြောက်စရာကောင်းလွန်းလှသည်။


လော့တန်ချင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ ပုဖန်ကိုကြည့်လိုက်ပြီးနောက် မီးတောက်ကို ပို၍ အားပြင်းပြင်းထုတ်လိုက်ပြီး ရှုရအရှင်သခင်ကို နောက်ဆုတ်သွားအောင် ပြုလုပ်လိုက်သည်။


သို့သော်လည်း ရှုရအရှင်သခင်၏ ဓားက ခိုင်မာစွာ အမြစ်တွယ်နေသလိုမျိုး အနည်းငယ်မျှပင် ရွေ့သွားခြင်းမရှိသလို ရှုရသခင်ကလည်း အနောက်သို့ ယိုင်သွားခြင်းမရှိပေ။


အလင်းမြှားက ပုဖန်နှင့် အလွန်နီးကပ်လာသည်။လော့တန်ချင်းက ၎င်းကို တားဆီးနိုင်စွမ်းမရှိတော့ပေ။


ဘုန်း...ဘုန်း...


အလင်းမြှားစွမ်းအင်များက နီးကပ်လာသည်နှင့်အမျှ ပို၍ သန်မာလာပြီး ပို၍ ကြောက်စရာကောင်းလှသည်။နောက်ဆုံး၌ လူများက မြှား၏ ဦးတည်ရာကို လှည့်ကြည့်လိုက်ကြသည်။သူတို့၏ မျက်နှာများက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ပြောင်းလဲသွားပေသည်။မြှားမှ ထွက်ပေါ်လာသော ဖိအားများက တစ်ချို့လူများကို မြေပေါ်သို့ လဲကျသွားစေသည်။


ပုဖန်လည်း လေကို ထိုးခွင်းလာသော အသံများကို ကြားလိုက်ရသောကြောင့် အံ့အားသင့်သွားသည်။သူ လှည့်ကြည့်လိုက်လေရာ သူရှိရာဆီသို့ နီးကပ်လာသော မြှားကို တွေ့လိုက်ရသည်။


အာ ...


ပုဖန် လုံးဝ ထိတ်လန့်အံ့အားသင့်သွားသည်။မြှားက သူနှင့် အလွန်နီးကပ်နေပေပြီ သူ့၏ မျက်ဝန်းထဲတွင် မြှား၏ ခေါင်းတံ ကြီးမားသထက် ကြီးမားလာသည်က်ို မြင်နေရသည်။


အားလုံးက ပုဖန် သေချာပေါက် သေဆုံးတော့မည်ဟုတွေးလိုက်မိသည်။သူ့ကို ကြည့်ရသည်မှာ မြှားတံကို ခုခံရှောင်တိမ်းနိုင်မည့်ပုံမပေါ်ပေ။


ကောင်းကင်ဆေးမြို့တော်မှ လာကြသော လူအများစုကလည်း ထိုမြှား၏ စွမ်းရည်ကို ကောင်းစွာသိထားပေသည်။စတုတ္ထအကြီးအကဲသည်လည်း ထိုမြှား၏ စွမ်းအားကို ရပ်တန့်အောင်ကြိုးစားရင်း သေဆုံးခဲ့ရသည်။ဆေးနန်းတော်၏ အသန်မာဆုံးလူဖြစ်သော နန်းတော်သခင်ပင်လျှင် မြှားချက်ထိမှန်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။ထိုသို့ဆိုလေရာ ကျင်ကြံစဉ် အားနည်းလှသော စားဖိုမှူးလေးက ဘာများတတ်နိုင်ပါဦးမည်နည်း။


ထိုဖျက်မြင်းစားဖိုမှူးသေရပေတော့မည်။သူ တကယ်ကို သေသွားပေတော့မည်။


နယ်သာရီ ထိုအလင်းမြှားကို အေးစက်စွာကြည့်လိုက်သည်။ထို့နောက် ပုဖန်ကို ပုတ်၍ အနောက်သို့ ဆုတ်ခိုင်းလိုက်သည်။သွယ်လျသော လက်ကလေးများက အလင်းမြှားကို ဆုပ်ကိုင်လိုက်လေ၏။


ဘုန်း...


ကျယ်လောင်သော အသံနှင့်အတူ စွမ်းအင်လှိုင်းများ ရိုက်ခတ်သွားသည်။နယ်သာရီ ထိုအလင်းမြှားကို ဖမ်းလိုက်သောအချိန်၌ လေဟာနယ်က တွန့်လိမ်သွားပြီး ဆုတ်ပြဲသွားသောကြောင့် များပြားလှသော စွမ်းအင်လှိုင်းများ ပြန့်ထွက်သွားသည်။


နယ်သာရီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ရပြီး နောက်သို့ ခြေလှမ်းတစ်လှမ်းဆုတ်လိုက်ရသည်။ပြင်းထန်လှသော အရှိန်ကြောင့် မြို့တံတိုင်းက ပြိုကျလာပြီး သူမ၏ ကြွေသားကဲ့သို့ ဖြူဖွေးနေသည့် လက်ကလေးများလည်း ပန်းရောင်သန်းသွားလေသည်။


သူမ၏ လက်မှ အနက်ရောင်စွမ်းအင်များထွက်ပေါ်လာပြီးနောက် နယ်သာရီ နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ မြှားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။သို့သော်လည်း သူမ၏ လက်က အဆက်မပြတ် တုန်ယင်နေတုန်းပင်ဖြစ်သည်။ခဏမျှကြာပြီးနောက် အနက်ရောင်စွမ်းအင်များကလည်း ပျောက်ကွယ်သွားသည်။


"ထွက်လာပြီ ...ငရဲကမ္ဘာအမျိုးသမီးပဲ ဟား...ဟား...ဟား...ငရဲကမ္ဘာအမျိုးသမီး ငရဲကမ္ဘာရဲ့ ကျိန်စာသင့် သက်ရှိပဲ..."


နယ်သာရီကို မြင်လိုက်ရသည့်ခဏ ကျောင်းယာ၏ မျက်ဝန်းများက အလင်းများပင် ဖြာထွက်လာသလို ထင်ရသည်။သူစိတ်လှုပ်ရှားစွာပင် တဟားဟားအော်၍ ရယ်မောလိုက်၏။


နယ်သာရီ၏လက်က တုန်ယင်နေတုန်းပင်ဖြစ်၏သူမ၏ လှပလှသော မျက်ခုံးကလည်း ကွေးညွှတ်နေ၏။


"ဒါက နည်းနည်းနာတယ်..."


သူမပြောလိုက်သည်။ပုဖန်၏ မျက်ဝန်းများ ကွေးညွှတ်သွားပြီး ရယ်မောနေသော ကျောင်းယာကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။သူ့လက်တစ်ဖက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သလင်းနက်ပုလင်းလေးတစ်လုံးပေါ်လာ၏။ထို့နောက် ထိုပုလင်းထဲမှ ခရမ်းအနှစ်သာရ တစ်စက်ထွက်ပေါ်လာသည်။ထ်ိုခရမ်းအနှစ်သာရများကို နယ်သာရီ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။နယ်သာရီ၏ မျက်ဝန်းများ တောက်ပသွားပြီး နှုတ်ခမ်းပါးလေးကို သပ်၍ မြိုချလိုက်သည်။သူမ အနည်းငယ် ပျော်ရွှင်သွားမိသည်။


"လခွမ်း...ဒါက လူငယ်လေး မင်းမှာ အံ့အားသင့်စရာ ကောင်းတဲ့ ခရမ်းအနှစ်သာရရှိနေတယ်ပေါ့ ဘာလို့ ဒီဘုရင်ကို စောစောကမပြတာလဲ...အဲ့ဒါကို အစပ်ချောင်းနဲ့ တွဲစားမယ်ဆိုရင် သူတို့က အရမ်းအရသာရှိသွားမှာ..."


ငရဲဘုရင်၏ မျက်ဝန်းများက တောက်ပလင်းလက်လာပြီး အစပ်ချောင်းစားရင်းဖြင့် ပြောလိုက်သည်။သူ့၏ မျက်ဝန်းများကလည်း ပုဖန်လက်ထဲမှ ပုလင်းတွင် ကော်နှင့် ကပ်ထားသလို စွဲမြဲနေလေသည်။


ပုဖန် ငရဲဘုရင်ကို တစ်ချက်ကြည့်လိုက်သည်။ထိုခရမ်းအနှစ်သာရများက အကန့်အသတ်ဖြင့်သာရှိပေသည်။သူ အကုန်လုံးသုံးပစ်လိုက်လျှင် ထပ်မံရရှိတော့မည်မဟုတ်ပေ။


"ဒီမှာ ခင်ဗျား ပါဝင်လှုပ်ရှားမယ်လို့ မပြောခဲ့ဘူးလား..."


ပုဖန် ငရဲဘုရင်ကို တစ်ချက်ကြည့်၍ မေးလိုက်သည်။ငရဲဘုရင်၏ အမူအရာကအနည်းငယ် ကို့ယို့ကားယားဖြစ်သွားလေသည်။


"ဒါကလေ ငါအခု အစပ်ချောင်းစားနေလို့ မပြီးသေးဘူးလေ ဟုတ်တယ်မဟုတ်လား...ငါ ပြီးသွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်းလှုပ်ရှားမယ်...ဒီဘုရင်ရဲ့ လက်သိုင်းကွက်ကို ပြရမှာပေါ့ အဲ့ဒီလူတွေကို ချွတ်ပစ်ပြီးတော့ သူတို့ အိမ်ကို ကိုယ်တီးလုံးနဲ့ ပြေးရအောင်လုပ်ပစ်မယ်..."


ငရဲဘုရင်က အစပ်ချောင်းတစ်ဝက်ကို ကိုက်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့ ဝါးလိုက်သည်။လေထဲတွင်ရှိနေသော လော့တန်ချင်းက စိတ်သက်သာရာရစွာဖြင့် တိတဆိတ် သက်ပြင်းချလိုက်သည်။ထိုစားဖိုမှူးသေတော့မည်ဟု သူထင်ခဲ့မိသည်။သို့သော်လည်း သူ့ဘေးနားတွင်ရပ်နေသော လှပသည့် အမျိုးသမီးက အလင်းမြှားကို လက်ဗလာဖြင့် ဖမ်းန်ိုင်လောက်အောင် စွမ်းအားရှိမည်ဟု မထင်ထားခဲ့ပေ။


"ငရဲကမ္ဘာအမျိုးသမီးလား...ငရဲကမ္ဘာအမျိုးသမီးရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေက ဒီပင်မကုန်းမြေမှာဆိုရင် လျှော့ချခံထားရတယ်ဆိုတဲ့ ကိစ္စက မမှန်ဘူးလား...မဆိုးဘူး မဆိုးဘူး...မီးမြှားက စားဖိုမှူးကို မသတ်လိုက်နိုင်ပေမယ့် ငရဲကမ္ဘာအမျိုးသမီးကို ပေါ်ထွက်လာစေတယ် သူမရဲ့ စွမ်းအားအပြည့်မရှိတော့ဘူးဆိုပေမယ့် သူမဆီမှာ လှည့်ကွက်တစ်ချို့တော့ရှိနေသေးပုံပဲ ..."


ကျောင်းယာ သဘောတကျ ရယ်မောလိုက်သည်။တကယ်တမ်းပြောရလျှင် သူ့၏ မြားတွင် စွမ်းအားအကုန် မထည့်ထားပေ။အဆင့် ၁ဆင့်သာ ချိုးဖျက်ထားသည့် မသေမျိုးခန္ဓာအဆင့် စားဖိုမှူးကို ရည်ရွယ်သောကြောင့် သူ့၏ မြှားက အား အနည်းငယ်သာပါဝင်နေသည်။


နတ်ဘုရားသတ်လေး၏ သာမန်ပစ်ခတ်မှုကပင် ထိုစားဖိုမှူးကို ဖုန်မှုန့်အဖြစ်ပြောင်းဖို့ လုံလောက်နေပေပြီ။ကျောင်းယာ နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။သူ့၏ မျက်နာပေါ်တွင် အဓိပ္ပါယ်ပြည့်ဝသည့် အပြုံးတစ်ခု ပေါ်လာသည်။


သူ နတ်ဘုရားသတ်လေးကို ဆုပ်ကိုင်လိုက်ပြီး အစစ်အမှန် စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။ရှေးဟောင်းနတ်ဘုရားသတ်လေးက တဖြေးဖြေးချင်း ပြောင်းလဲလာပြီး မျက်စိကန်းလောက်ဖွယ်အလင်းတန်းများ ထုတ်လွင့်လာလေသည်။


နတ်ဘုရားသတ်လေးက သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားနှင့် ဆင်တူနေသလို ရှိနေသောကြောင့် ပုဖန်အနည်းငယ် အံ့အားသင့်သွားသည်။ဒီအချိန်က သူ့၏ အစစ်အမှန်စွမ်းအားများကို ပို့လွှတ်သည့်အချိန်နှင့်ပင်တူညီနေပေသည်။


မည်သို့ပင်ဖြစ်စေ နတ်ဘုရားသတ်လေးက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားလောက် ကောင်းမှာ မဟုတ်ပေ။


နတ်ဘုရားသတ်လေးမှ အလင်းရောင်များ တောက်ပလာပြီး နောက်ထပ်မြှားတစ်ချောင်း ဖြစ်တည်လာသည်။


ယခုမြှားကလည်း အလင်းမြှားပင်ဖြစ်သည်။သို့သော်လည်း အရင်တစ်ခုနှင့် ယှဉ်လိုက်လျှင် နှစ်ဆမျှ ကြီးမားနေပေသည်။ထိုအလင်းမြှား၏ ပတ်ပတ်လည်၌လည်း အလင်းလှိုင်းများ လှည့်ပတ်နေ၏။ကျောင်းယာ လေးကြိုးကို ဆွဲလိုက်သည့်အချိန်၌ပင် ဆူညံသည့် တုန်ခါသံများ ထွက်ပေါ်လာသည်။


"ငရဲကမ္ဘာအမျိုးသမီး သေလိုက်တော့..."


သူ့၏ ပစ်မှတ်ကို သေချာစွာ ချိန်ရွယ်ပြီးနောက် လက်ကို အသာဖြေလျှော့လိုက်သည်။အလင်းမြှားက အရှိန်အဟုန်ပြင်းထန်စွာဖြင့် လေဟာနယ်ကို ထိုးခွင်းသွားလေသည်။


မြှား၏ အရှိန်ကို ကြည့်၍ အားလုံး၏ နှလုံးသားများ တင်းကျပ်သွားသည်။ထိုမြှား၏ စွမ်းအားက စတုတ္ထမြောက် အကြီးအကဲကို သတ်လိုက်သည့် မြှား သို့မဟုတ် နန်းတော်သခင်ကို ဒဏ်ရာရအောင်လုပ်ခဲ့သည့် မြှားထက် အားနည်းမည်မဟုတ်ပေ။အားလုံး ပုဖန်ကို ကြည့်လိုက်မိသည်။


"ဒီစားဖိုမှူးက သေတော့မှာလား..."


သူ့၏ဘေးနားရှိ စိတ်ကူးမကြည့်နိုင်ပဲ လှပသည့် အမျိုးသမီးက ယခု မြှားထက် အင်အားနည်းသော မြှားက်ို အကောင်းဆုံးကြိုးစား၍ ဖမ်းဆီးခဲ့ပေပြီ။သူမက ယခုလက်ရှိ မြှားကို တားဆီးနိုင်မည့်ပုံမပေါ်ပေ။


အားလုံး အသက်မရှုပဲ အောင့်ထားမိကြသည်။ပုဖန် နှင့် အနီးဆုံးဖြစ်နေသော တတိယအကြီးအကဲ၏ မျက်နာက သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်၍ မျက်နာများ ပြာနှမ်းနေပေပြီ


မြှားရည်ရွယ်ရာအရပ်၌ရှိနေသောကြောင့် သူတို့လည်းဖိအားကို ခံစားမိလေသည်။


ဘုန်း...


အလင်းမြှားက ရောက်မလာခင်မှာပင် လေထုကို ထိုးခွင်းလာသောကြောင့် ကျယ်လောင်သော အသံများထွက်ပေါ်လာသည်။ကြောက်မက်ဖွယ်ကောင်းသော အသံများက လူများကို ထိတ်လန့်သွားစေသည်။


နယ်သာရီ၏ မျက်နာ တင်းမာသွားသည်။ဒီမြှားက... တကယ့်ကိုပင် သူမ ရပ်တန့်နိုင်မည်မဟုတ်ပေ။အကယ်၍ သူမက လျှို့ဝှက်နယ်မြေထဲမှာ သို့မဟုတ် ငရဲကမ္ဘာမှဆိုလျှင် ထိုမြှားကို ရပ်တန့်နိုင်ကြောင်း သံသယရှိစရာပင်မလိုပေ။သို့သော်လည်း အပြင်ဘက် ကမ္ဘာ၌ သူမစွမ်းရည်၏ ဆယ်ပုံ တစ်ပုံခန့်ကိုသာ ပိုင်ဆိုင်ထားလေရာ ၎င်းကို ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်ပေ။


ထိုအခိုက်အတန့်၌ အားလုံး၏ ရှေ့တွင် ငရဲဘုရင်၏ ပုံရိပ်ပေါ်လာသည်။သူက အစပ်ချောင်းတစ်ဝက်ကို ပါးစပ်ထဲ ထည့်ကိုက်ထားရင်း အလင်းမြှားကိုမျက်နာချင်းဆိုင်လိုက်သည်။အားလုံး ကြောင်အသွားသည်။


"ဒီလူက ဘယ်ကနေရောက်လာတာလဲ သူက အလင်းမြှားကို ရပ်တန့်နိုင်စွမ်းရှိလို့လား...သူသေချင်နေတာလား..."


လူများစွာက ငရဲဘုရင်ကို မသိကြပေ။သို့သော်လည်း တစ်ချို့သော သူများက ငရဲဘုရင်ကို မှတ်မိကြပေသည်။သူတို့၏ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုများ လှုပ်ရှားသွားသည်။


"အဲ့ဒါသူပဲ... အဲ့ဒါသူပဲ..."


"ထပ်ပြီးတော့ သူပဲလား...ရူးသွပ်နေတဲ့ အဝတ်ချွတ်စက်...."


လူများက သူတို့တွေ့ကြုံခဲ့ရသမျှကို အမှတ်ရသွားပြီး ထိတ်လန့်သွားကြသည်။လက်ညှိုးလေးတစ်ချောင်းဖြင့် တခြားသူများ၏ အဝတ်အစားများ ဆုတ်ပြဲ သွားအောင် လုပ်န်ိုင်သည့်သူက တကယ်ကို ကြောက်စရာကောင်းလှသည်။


သူတို့အားလုံး လမ်းပေါ်တွင် ကိုယ်တီးလုံးဖြင့် ပြေးခဲ့ရသည့် အတွေ့အကြုံကို ပြန်အမှတ်ရသွားပြီး ထိတ်လန့်ကြောက်ရွံ့နေကြသည်။


"အမေရေ...ဒီ အဝတ်ချွတ်တဲ့ လူကြီး ဒီကို ရောက်နေပြီ..."


တစ်ချို့သောသူများက ထိတ်လန့်ကြောက်ရွံ့စွာပင် အော်ဟစ်နေကြ၏။ ထိုချောမောလှပသော မျက်နာက သူတို့ နှလုံးသားထဲတွင် အရိပ်မည်းတစ်ခုသဖွယ် ကြီးစိုးနေပေပြီ။


သူတို့ ဘဝအတွက် အဆိုးရွားဆုံး အိပ်မက်ဆိုးပင် ဖြစ်သည်။


"ရပ်တန့်ချင်တယ်ပေါ့...အဲ့ဒီ နတ်ဘုရားသတ်လေးကို ရပ်တန့်လို့မရဘူး သိလား..."

 

အစားအစာတစ်ခုကို ကိုက်ထားသော လူသစ်လေးတစ်ယောက်အရှေ့သို့ ထွက်လာပြီး သူ့၏ မြှားကို ရပ်တန့်ရန် ကြိုးစားနေသည်အား မြင်လိုက်သောကြောင့် ကျောင်းယာ အေးစက်စွာဖြင့် လှောင်ပြုံးပြုံးလိုက်သည်။


သို့သော်လည်း အခိုက်အတန့်အတွင်းမှာပင် သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့မျက်လုံးထဲတွင် ရယ်ချင်ဖွယ်ကောင်းလှပြီး တုံးအပုံ ပေါက်သည့် ထိုလူက သူ့ဆီသို့ တည့်တည့်ပျံသန်းလာနေသော အလင်းမြှားကို လက်ဖြင့် အသာအယာ ပုတ်လိုက်သည်။


ထိုရိုက်ချက်က တစ်စုံတစ်ယောက်လေလည်လိုက်သလို ဖွတ်ခနဲ အသံလေးသာ ထွက်လာလေသည်။


"အီးပေါက်လိုက်သလိုမျိုး ပြီးသွားရောလား သောက်ကျိုးနဲ ဘာတွေ ဖြစ်သွားတာလဲ...အဲ့ဒီ အလင်းမြှားက လာနောက်နေတာလား ဟမ်..."


အံ့အားသင့်စရာ ကြီးကြီးမားမားပြန်ဆင်လာသလိုမျိုး လွှမ်းမိုးနိုင်စွမ်းရှိသည့် အော်ရာများက အဆုံးသတ်၌ ဒီတိုင်း ပျောက်ကွယ်သွားလေသည်။


အံ့သြမှုကြောင့် ကျောင်းယာ၏ မျက်ဝန်းများ ပြူးကျယ်နေသည်။သူ့မျက်နာတွင် မယုံကြည်နိုင်မှု အထင်းသားပေါ်လွင်နေ၏။သူ့၏ မြှားက ပြင်းထန်သည့် စွမ်းအားအပြည့် ပါဝင်နေပေသည်။ထိုမြှားတံက လေလည်သလို အသံကလေးဖြင့် ထုချေခြင်းခံလိုက်ရသည်။


"မဖြစ်နိုင်ဘူး..."


ကျောင်းယာ မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ လေးကြိုးကို နောက်တစ်ကြိမ်ဆွဲတင်လိုက်သည်။အလင်းမြှားက ထပ်မံ စုစည်းလာ၏။ထို့နောက် မိုးကြိုးခြိမ်းလိုက်သလို လေဟာနယ်ပင် တုန်ခါသွားပြီး နောက်ထပ်မြှားတစ်စင်းက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ငရဲဘုရင်ဆီ ဦးတည်သွားလေသည်။


ငရဲဘုရင်က အစပ်ချောင်းကို စုပ်နေရင်းဖြင့် သူ့၏ ဆံပင်များကို အသာအယာသပ်လိုက်သည်။ထို့နောက် သူ့၏ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး နောက်ထပ်ရိုက်ချက်တစ်ချက် ထပ်လုပ်လိုက်လေသည်။


ဖွတ်...


ပထမက အတိုင်း လေလည်သံတစ်ချက်နှင့်အတူ အလင်းမြှားက ကျိုးပဲ့သွားလေသည်။ငရဲဘုရင် စိတ်မရှည်ဟန်ဖြင့် နှုတ်ခမ်း ထောင့်စွန်းလေးများကို တင်းတင်းဆွဲလိုက်ပြီး ကျောင်းယာဆီသို့ လှည့်ကြည့်လိုက်သည်။


"အခုခေတ် လူငယ်တွေက မစွမ်းဆောင်နိုင်တော့ဘူး..."


မစွမ်းနိုင်တော့ဘူး...သောက်ကျိုးနဲ မင်းအမေကြီးက မလုပ်နိုင်တာ မင်းသာမစွမ်းနိုင်တာ...ဒီဖေဖေကြီးရဲ့ မြှားက မာကျောပြီးသား ...


ငရဲဘုရင်၏ စကားက သူ့ကို ရန်စလိုက်သလိုမျိုး ကျောင်းယာ ဒေါသများပေါက်ကွဲလာသည်။


"သူက သူ့လိုမျိုး လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ပညာရှင်ကို ဘယ်လိုလုပ်ပြီး လှောင်ပြောင်ရဲရတာလဲ...သူဘယ်လောက်တောင်မာကြောန်ိုင်လဲဆိုတာကို အဲ့ဒီ မိန်းမလျှာလို ကောင်မျိုး ဘယ်လိုမှ နားလည်မှာ မဟုတ်ဘူး..."


ကျောင်းယာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ငရဲဘုရင်ကို မျက်လုံးလှန်ကြည့်လိုက်သည်။ထို့နောက် သူ့၏ အော်ရာများက တရှိန်ထိုး မြင့်တက်လာပြီး သူ့၏ ခေါင်းအထက်တွင် ဝိညာဉ် လှေကားနှစ်ဆင့် ပေါ်လာသည်။


အပေါ်တစ်ဆင့်၌ ထူးခြားဆန်းကြယ်သော သင်္ကေတများကဲ့သို့ အလင်းမှုန်လေးများ လင်းလက်နေသည်။ဒီလူကလည်း မသေမျိုး စိတ်ဝိညာဉ် အဆင့်ပေ။ အားလုံး ထိတ်လန့်သွားကြသည်။


ထို့နောက် နတ်ဘုရားသတ်လေးပေါ်တွင် အလင်းမြှား နောက်တစ်ချောင်းဖြစ်တည်လာသည်။ဒီတစ်ကြိမ်၌ သာမန်နှင့် မယှဉ်နိုင်လောက်အောင် ကြီးမားနေ၏။ထိုမြှား၏ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများက အားလုံး၏ နှလုံးသားက်ို တုန်ယင်နေစေသည်။


လော့တန်ချင်းနှင့် ရှုရအရှင်သခင်တ်ို့လည်း ပုံမှန်မဟုတ်သော မြှားကို မြင်လိုက်ရပြီး ကြောင်အနေမိသည်။ထိုမြှားက ကြောက်စရာကောင်းလှသော အန္တရာယ်ကို သယ်ဆောင်လာသည်။သူတို့သာ ထိုမြှားနှင့် အပစ်ခံလိုက်ရမည်ဆိုလျှင် အထွဋ်အထိပ်အဆင့် ပညာရှင်ဖြစ်နေသည်တောင်မှ မလွှဲသေ သေရပေလိမ့်မည်။


သို့သော်လည်း ငရဲဘုရင်ကမူ အစပ်ချောင်းပင် စားမပျက်ပဲ လက်တစ်ဖက်ဝှေ့ယမ်း၍ ပုတ်ထုတ်လိုက်သည်။


"ဒီနေ့ခေတ် လူငယ်တွေကတော့... အရွယ်အစားကြီးနေတာတောင်မှပဲ မစွမ်းဆောင်နိုင်ဘူး..."