အပိုင်း ၆၁၇
Viewers 52k

အခန်း ၆၁၇

သွားပြီ...အစပ်ချောင်းထပ်မရနိင်တော့ဘူး...


"ယနေ့ခေတ် လူငယ်တွေက အရွယ်အစားကြီးတာတောင်မှ လုပ်နိုင်စွမ်းမရှိသေးဘူး..."


"မင်းဖင်ကြီးသာ မလုပ်နိုင်တာ ...ငါတို့တပ်က လူပေါင်းသောင်းချီသာမကဘူး မြင်းတွေတောင်မှပဲ မင်းဖေဖေရဲ့ ကျောက်တိုင်က မိုးထိုးနေတာကို မြင်တယ်..."


ကျောင်းယာ ဒေါသထွက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် နောက်ထပ်မြှားတစ်ချောင်းကို ဖန်တီးလိုက်သည်။ထိုမြှားကို ပစ်လွှတ်လိုက်သည်နှင့် နားကွဲလောက်ဖွယ် မိုးခြိမ်းသံများကို သယ်ဆောင်လာသောကြောင့် အားလုံး၏ စိတ်များပင် တုန်ယင်လာသည်။


လေဟာနယ်က တွန့်လိမ် ပေါက်ကွဲသွားသည်။ထိုအလင်းများက လေထဲတွင် အဆက်မပြတ် လည်နေပြီး ပုံရိပ်များကိုပင် မှုန်ဝါးသွားစေသည်။ထိုမြှားက ပထမတစ်ခုထက်ပို၍ ကြောက်စရာကောင်းလှသည်။စွမ်းအားများကလည်း မယှဉ်နိုင်လောက်အောင် များပြားလှပေသည်။


လော့တန်ချင်း အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။ထိုမြှား၏ ဒဏ်ကို ခံနိုင်သည့်အရာ မည်သည်မှ ရှိမည်မဟုတ်မှန်း သူသိပေသည်။


ရှုရဓားကို ကိုင်ဆောင်ထားသော ရှုရအရှင်သခင်၏ အမူအရာကလည်း တည်ကြည်လေးနက်နေသည်။ထိုမြှားမှ ထွက်ပေါ်လာသော အော်ရာများကြောင့် သူ့ခန္ဓာကိုယ်တွင် ကြက်သီးမွှေးညှင်းများပင် ထလာသည်။


ထိုသူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်ဖြစ်ဖို့ ထိုက်တန်ပေသည်။


ဆေးနန်းတော်မှ ပညာရှင်များက စိတ်လှုပ်ရှား ဂယောင်ခြောက်ချားဖြစ်နေကြသည်။


"ဘယ်လိုဖြစ်ပြီး မြှားက တစ်ခုထက်တစ်ခု ပိုပြီးတော့ သန်မာလာတာလဲ...အဲ့ဒီလူက မြှားကို ရပ်တန့်နိုင်ပါဦးမလား..."


ငရဲဘုရင်က အစပ်ချောင်းကိုကိုင်၍ ပျော်ရွှင်စွာပင် စားသောက်နေ၏။သူက အလွန်လျင်မြန်လှသော အရှိန်ဖြင့် တဖြေးဖြေးနီးကပ်လာသော မြှားကိုကြည့်၍ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


"ငါမင်းကို ပြောပြီးပြီ ကြီးမားတုတ်ခိုင်နေလည်း အသုံးမဝင်ဘူး... ပန်းတော့ပွင့်တယ် အသီးမသီးဘူးဆိုမှတော့ ..."


ငရဲဘုရင်က ထိုသို့ပြောပြီးသည်နှင့် လက်သီးဆုပ်လိုက်သည်။ခြေထောက်တစ်ချောင်းကို အနောက်သို့ လွှဲ၍ အရှိန်ယူလိုက်ပြီး ထိုကြီးမားလှသော အလင်းများကို တိုက်ရိုက် ထိုးနှက်လိုက်သည်။


ထိုကဲ့သို့ ဖြစ်လာလိမ့််မည်ဟု မည်သူမှ မတွေးကြည့်ခဲ့မိဖူးပေ။ထိုအလင်းများက အရင်ကဟာများနှင့် ထပ်တူ ညီစွာပင် ဖွတ်ခနဲ မြည်သံနှင့်အတူ ကျိုးပဲ့သွားသည်။


အလင်းပျောက်ငယ်လေးများအဖြစ် ပြိုကွဲသွားပြီးနောက် တဖြေးဖြေးချင်း လွင့်ပါးပျောက်ကွယ်သွား၏။သူတို့က အံ့အားသင့်ထိတ်လန့်မှုကြောင့် နေရာမှာပင်တောင့်တောင်ကြီး ရပ်ကြည့်နေမိကြသည်။


ငရဲဘုရင်၏ လှောင်ပြောင်နေဟန်မျက်နာကို ကြည့်၍ ထိုသူ ဘယ်နေရာမှ လာသည်ကို သူတို့ သိချင်နေကြသည်။ထိုသူက လူများ၏ အဝတ်အစားများကို ချွတ်သည့်အခါတုန်းကလိုပင် စွမ်းအားကြီးမားလွန်းလှသည်။


စွမ်းအားပြည့်လှသော ကြောက်မက်ဖွယ်ကောင်းလှသော အလင်းမြှားကိုလည်း လေလည်သံလောက် အသံလေးသာ ထုတ်လွင့်၍ ချိုးဖဲ့နိုင်လေသည်။


ကောင်းကင်ယံထက်တွင်ရှိနေသော လော့တန်ချင်းနောက်ဆုံး၌ စိတ်သက်သာရာရစွာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။အစပိုင်းက ရှုရအရှင်သခင်နှင့် တိုက်နေစဉ်မှာပင်သူ စိုးရိမ်ပူပန်နေခဲ့ရသည်။သူအစောပိုင်း တိုက်ပွဲ၏ အတွေ့အကြုံအရ သူ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်ကိုသာလျှင် မျက်စိထောင့်ထောက် ကြည့်နေခဲ့မိသည်။


သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ထိုကျောင်းယာက်ို ခုခံနိုင်မည့်သူ တစ်ယောက်ရှိနေပြီဖြစ်သောကြောင့် သူ ရှုရအရှင်သခင်ကို စိတ်လွတ်လက်လွတ် တိုက်ခိုက်နိုင်ပေတော့မည်။လေထဲတွင် သူတို့၏ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အလင်းလှိုင်းများနှင့် ဆူညံသံများ ပြည့်နှက်သွားလေသည်။


ငရဲဘုရင်က လက်ထဲမှ အစပ်ချောင်းကို ပါးစပ်ထဲ ထည့်၍ မြိုချလိုက်သည်။သူကျောင်းယာကို လှမ်းကြည့်၍ လက်ခါပြပြီး ပြောလိုက်သည်။


"ဒီနေရာမှာ ဆူဆူပူပူလာလုပ်မနေနဲ့...အိမ်ပြန်တော့ မင်းမလုပ်နိုင်ဘူး..."


ကျောင်းယာ ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုမတက်ပင်ဖြစ်သွားသည်။


ဒီလူကတော့ ဘယ်လိုဖြစ်လို့ သူမလုပ်နိုင်တဲ့ အကြောင်းကိုပဲ ထပ်တလဲလဲ ပြောနေတာလဲ အား...


သူ ဒေါသတကြီး စိတ်ဖ်ိစီးနေသည့်အချိန်တွင် မြူကောင်းကင်မြို့မှ အဂ္ဂိရတ်ပညာရှင်များက စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။ဒီလူက ရက်စက်ကြမ်းကြုတ်လှသော အဝတ်ချွတ် နတ်ဆိုးဖြစ်သော်လည်း သူ အင်အားကြီးမားကြောင်းတော့ သူတို့ ဝန်ခံရပေမည်။


တတိယအကြီးအကဲ၏ မျက်နာက ပျော်ရွှင်မှုဖြင့် နီရဲနေသည်။


"အရှင်က အရှင့်ရဲ့ နာမည်နဲ့ တကယ်ပဲ ထိုက်တန်တယ်...အရှင့်ရဲ့ ဂုဏ်ကို ကျော်လွှားနိုင်တဲ့လူ ရှိမှာမဟုတ်ဘူး..."


ငရဲဘုရင်က ပုဖန်ဘက်သို့ လှည့်၍ ကြည့်လိုက်သည်။


"လူငယ်လေး ဒီဘုရင်က မင်းကို မလိမ်ဘူး ဟုတ်တယ်မဟုတ်လား...အစပ်ချောင်းအတွက်ဆိုရင် ဒီဘုရင်က ဘာကိုပဲ ဖြစ်ဖြစ် ဖျက်စီးနိုင်တယ်..."


ပုဖန် ငရဲဘုရင်ရဲ့ အမူအရာကိုကြည့်၍ ပြောစရာစကားမဲ့သွားခဲ့သည်။ထိုအချိန်တွင် ကောင်းကင်ယံထက်ဆီ တိုက်ပွဲက အထွဋ်အထိပ်သို့ ရောက်နေပေပြီ။ကောင်းကင်ယံတစ်ခွင် အဆက်မပြတ် တုန်ခါသံများ ထွက်ပေါ်နေသည်။


ရုတ်တရက် ကျယ်လောင်လှသော အော်မြည်သံကို လူတိုင်း ကြားလိုက်ရပြီး ကောင်းကင်ယံရှိ အလင်းများက ပြိုကွဲသွားကာ ပုံရိပ်နှစ်ခု ပြုတ်ကျလာသည်။


လော့တန်ချင်း၏ အော်ရာလှိုင်းများက မငြိမ်မသက်ဖြစ်နေသည်။သူ့၏ မျက်နာကလည်း အနည်းငယ် ဖြူဖျော့နေသည်။သူ့၏ ဒဏ်ရာဟောင်းက ပြန်လည် သက်သာလာပြီ ဆိုသော်လည်း သူရှုရအရှင်သခင်ကို အနိုင်မယူနိုင်ပေ။


ရှုရအရှင်သခင်က သူ့၏ တပ်ရှိရာဆီသို့ ပြန်သွားလိုက်သည်။သူ့၏ ရင်ဘတ်က အပြင်းအထန် တုန်ခါနေ၏။ သူ့၏ မျက်ဝန်းများက စိတ်အားထက်သန်မှု သတ္တိအပြည့်ဖြစ်နေသည်။


"ရှုရတပ်တွေ ချီတက်ကြ...မြူကောင်းကင်မြို့ကို ချေမှုန်းသိမ်းပိုက်ကြမယ်..."


ရှုရအရှင်သခင်က သူ့၏ ရှုရဓားကို ကိုင်မြောက်၍ ကောင်းကင်ဘုံ ခြောက်ထပ်ထိရောက်အောင်ပင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။အလွန်ကြောက်စရာကောင်းလှ၏။


ရှုရအရှင်သခင်၏ အမိန့်ကို ကြားသည်နှင့် စစ်သည်တော်များက အလွန်ပင် တက်ကြွလာပြီးသူတို့၏ အော်ရာများကို ဖော်ထုတ်လိုက်ကြသည်။


သူတို့၏ နောက်ကျောဘက်မှ အစစ်အမှန် စွမ်းအင်ဝိညာဉ်ကြိုးများကလည်း တဖြေးဖြေးတောက်ပလာ၏။မြူကောင်းကင်မြို့ရှိ အဂ္ဂိရတ်ပညာရှင်များ၏ အမူအရာက ပြောင်းလဲသွားသည်။


"မြူကောင်းကင်မြို့ရဲ့ ခုခံကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်..."


လော့တန်ချင်းက တည်ကြည်လေးနက်လှသော မျက်နာထားဖြင့် အမိန့်ပေးလိုက်သည်။အဂ္ဂိရတ်ပညာရှင်များက အမိန့်ကို ကြားလိုက်သည်နှင့် သက်ဆိုင်ရာမြို့၏ ထောင့်များဆီသို့ အလျင်အမြန် ပြေးသွားကာ ခုခံကာကွယ်ရေး အစီအရင်ကို အသက်သွင်းလိုက်သည်။


ဘုန်း...ဘုန်း...


အလင်းတန်းလေးများ တလက်လက်ဖြစ်ပေါ်လာပြီး မြူကောင်းကင်မြို့၏ ကာကွယ်ရေး အစီအရင်က အသက်ဝင်လာပြီး ရှုရတပ်၏ ပထမဆုံးတိုက်ခိုက်မှု လှိုင်းကို စောင့်ကြိုနေလေသည်။


လော့တန်ချင်းက တစ်ချက်ကြည့်လိုက်ပြီးနောက် ကာကွယ်ရေးအစီအရင်ကို တိုးမြင့်လိုက်သည်။ထိုမှသာ ရှုရတပ်၏ တိုက်ခိုက်မှုလမ်းကို ခုခံကာကွယ်နိုင်ပေလိမ့်မည်။


ပထမလှိုင်းပြီးနောက် ရှုရတပ်၏ တိုက်ခိုက်မှုအားက များစွာ လျော့ကျသွားလိမ့်မည်။ရန်သူ အားနည်းသော အချိန်က သူတို့ တန်ပြန် တိုက်ခိုက်ရမည့် အချိန်ပင်ဖြစ်သည်။


လူအုပ်ကြားထဲတွင်ရပ်နေသော ကျောင်းယာ၏ မဲမှောင်နေသော မျက်နာတွင် ရက်စက်ကောက်ကျစ်မှုက အထင်းသားပေါ်လွင်နေသည်။ရှုရတပ်မှ စစ်သည်တော်များက အော်ဟစ်ကျုံးဝါး၍ သူ့ကို ဖြတ်ကျော်သွားကြသည်။မည်သို့ပင်ဆိုစေကာမူ သူ့၏ အကြည့်များက မြို့တံတိုင်းပေါ်တွင်ရပ်နေသော ပုဖန်၏ အဖွဲ့ကိုသာ မလွဲမသွေ စိုက်ကြည့်နေသည်။ရုတ်တရက် သူခပ်ဖွဖွပြုံးလိုက်သည်။သူ့၏ မျက်ဝန်းများက တောက်ပလာသည်။


.....


မြူကောင်းကင်မြို့၏ ထောင့်တစ်နေရာတွင် ကာကွယ်ရေးအစီအရင်က အဆက်မပြတ် လည်ပတ်နေသည်။အဂ္ဂိရတ်ပညာရှင်ဝတ်စုံက်ိုဝတ်ဆင်ထားသော ပညာရှင်တစ်ယောက်က ထိုအစီအရင်ပေါ်သို့ ဆင်းသက်လိုက်သည်။လေထဲတွင် စည်းတံဆိပ်တစ်ခုကို ရေးဆွဲလိုက်ပြီးနောက် အစီအရင်ဆီသို့ တွန်းပို့လိုက်သည်။


အစီအရင်ဆီမှ တုန်ခါသံများ ထွက်ပေါ်လာပြီးနောက် တောက်ပသော အလင်းများနှင့်အတူ ဆက်လက်၍ လည်ပတ်နေသည်။ထိုအချိန်တွင် မြူကောင်းကင်မြို့ကို ကာကွယ်ထားသော အစီအရင်ကလည်း ပို၍ ကြီးမားလာသည်။


ရုတ်တရက် သူကာကွယ်နေသော အစီအရင်မှ ဒေါသတကြီး အော်ဟစ်သံမျိုး ထွက်ပေါ်လာသည်။တစ်စုံတစ်ယောက်က သတ်ဟု အော်လိုက်သည့်ပုံနှင့် တူညီပေသည်။ထိုသူ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး ခပ်လှမ်းလှမ်းနေရာဆီသို့ လှမ်းကြည့်လိုက်သည်။


ထိုနေရာဆီမှ ရဲရဲနီနေသော မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားသည့် လူတစ်ယောက် ချဉ်းကပ်လာနေသည်။ထိုသူ၏ မျက်နာတွင်လည်း နတ်ဆိုးဆန်သော အပြုံးတစ်ခုကို ချိတ်ဆွဲထား၏။


"လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကသူက မြို့တော်ကို တိုက်ခိုက်ဖို့အတွက် ရှုရစစ်တပ်နဲ့ လိုက်ခဲ့မယ်လို့ မထင်ထားမိဘူး စိတ်ဝင်စားစရာပဲ..."


သူ့၏ အပြုံးများက ပြန့်ကားသွားသည်။သူ အဂ္ဂိရတ်ပညာရှင်ကိုကြည့်လိုက်သည်။ထို့နောက် သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်လာလေ၏။


"ငါ့ရဲ့ မီးဖိုချောင်သုံးဓားက လူသတ်ဖို့ မဟုတ်ဘူး....ဒါပေမယ့် ငါမင်းကိုတော့ သတ်နိုင်တယ်..."


"ဘုန်း..."


ကြောက်မက်ဖွယ်ရာ စွမ်းအင်များဖြင့် ပစ်ခတ်ခံလိုက်ရပြီးနောက် အဂ္ဂိရတ်ပညာရှင်၏ မြင်ကွင်းက မဲမှောင်သွားလေသည်။


ချီတက်လာသော ရှုရတပ် ရောက်ခါနီးနေပြီ။မြို့တံတိုင်းပေါ်မှ ပညာရှင်များက တင်းမာခက်ထန်စွာဖြင့် စောင့်ကြည့်နေကြသည်။


မြို့ကာကွယ်ရေးအစီအရင်က ပို၍ မြန်မြန်လည်ပတ်နေပြီး တိုက်ခိုက်မှုကို ခုခံကာကွယ်ရန်အတွက် စွမ်းအင်လှိုင်းများ ထုတ်လွင့်နေသည်။ရုတ်တရက် လော့တန်ချင်း၏ အမူအရာက ပြောင်းလဲသွားသည်။ကာကွယ်ရေးအစီအရင်က ပြိုကျသွားပြီး တစ်စစီ ပြိုကွဲသွားလေသည်။


ရှုရစစ်တပ်က မည်သည့် အတားအဆီးကိုမှ မတွေ့ပဲ အရှေ့သို့ ဆက်လက်ချီတက်လာပြီး မြို့တံတိုင်းနှင့် နီးကပ်လာလေသည်။မြူကောင်းကင်မြို့တံတိုင်းများကခိုင်မာထူထဲလှသည်။သို့သော်လည်း ရှေးဟောင်းရှုရ တပ်၏ ခွန်အားကို မည်ကဲ့သ်ို့ ရင်ဆိုင်နိုင်ပါမည်နည်း။တံတိုင်းများက တစ်ခါတည်းအက်ကွဲပြိုလဲသွားလေသည်။


ထိုမတော်တဆ ဖြစ်ရပ်က သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေပြီ။


"ဘယ်လိုဖြစ်သွားရတာလဲ ...ကာကွယ်ရေးအစီအရင်က ရုတ်တရက်ကြီး ဘာကြောင့် ပျောက်ကွယ်သွားရတာလဲ...တိုက်ခိုက်ကြ သူတို့ကို တိုက်ခိုက်ကြ..."


လော့တန်ချင်း အသားကုန် အော်ဟစ်လိုက်သည်။မြို့တံတိုင်းက ပြိုလဲ အက်ကွဲ သွားပြီဖြစ်သောကြောင့် နောက်ဆုတ်စရာလမ်းမရှိတော့ပေ။


အဂ္ဂိရတ်ပညာရှင်များ၏ မျက်ဝန်းများက နီရဲလာပြီး သူတို့၏ စွမ်းအားများက မုန်တိာင်းကဲ့သို့ တရှိန်ထိုးထွက်ပေါ်လာလေသည်။အင်အားစုနှစ်စု ထိပ်တိုက် တွေ့ကြပြီး နေရာ တိုင်းတွင် တ်ိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်။


စွမ်းအင်များ နေရာအနှံ့ပြန့်ကျဲလာပြီး အော်ဟစ်ကျုံးဝါးသံများနှင့် လေဆင်နှာမောင်း များ အဆက်မပြတ် ဖန်တီးနေကြသည်။မြို့တံတိုင်းပေါ်တွင်ရပ်နေသော ပုဖန်၏ ဆံပင်များက လေအရှိန်ကြောင့် တဖျတ်ဖျတ် ခါနေသည်။သူ အင်အားစုနှစ်စုကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။


ရုတ်တရက် အေးစက်လှသော လူသတ်ငွေ့များ သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်မိသည်။ပုဖန်လည်း ခံစားလိုက်မိပြီး သူ ခေါင်းမော့၍ အဝေးတစ်နေရာဆီသို့ သင်္ကာမကင်းဟန်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။


ထိုနေရာတွင် ကျောင်းယာက သူ့၏ လေးကြိုးကို နောက်တစ်ကြိမ်ဆွဲတင်းလိုက်သည်။သို့သော်လည်း ဒီတစ်ကြိမ်တွင် ကွဲပြားခြားနားသည်။ဒီတစ်ကြိမ်တွင်သူက နတ်ဘုရားသတ်လေးတွင် အနက်ရောင် မြှားတစ်စင်းကို တပ်ဆင်ထားသည်။၎င်းက တကယ်မြှားအစစ်ဖြစ်ပြီး အလင်းမြှား လုံးဝ မဟုတ်ပေ။


"ငါက ဒီမြှားကို ငရဲကမ္ဘာသက်ရှိတွေအတွက် သိမ်းထားတာ ဒါပေမယ့်လည်း မင်းက ငါ့ကို အောင်အောင်မြင်မြင်ရန်စလိုက်နိုင်ပြီဆိုတော့ သေလိုက်တော့...."


နတ်ဘုရားသတ်လေးမှ ပစ်လွှတ်လိုက်သော နတ်ဘုရားသတ်ဓားက နတ်ဘုရားတစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။ထိုမြှားကို ငရဲကမ္ဘာသက်ရှိများအတွက် အထူးဒီဇိုင်းဆွဲ၍ ပြင်ဆင်ထားခြင်းဖြစ်သည်။


မြှားကို ပစ်လွှတ်လိုက်သည်။သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ကွဲပြားခြားနားစွာ ထိုမြှား၏ ပျံသန်းနှုန်းက နှေးကွေးလှသည်။မျက်စိဖြင့် မမြင်နိုင်သော နှုန်းဖြင့် ပျံသန်းသော အလင်းမြှားနှင့် ယှဉ်လျှင် ပို၍ နှေးကွေးနေသည်။၎င်း၏ ပျံသန်းနှုန်းက နှေးလှသောကြောင့် လူတိုင်း အသာအယာ တိမ်းရှောင်း၍ ရသည်ဟုပင် ထင်ရစေသည်။ငရဲဘုရင် မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်သည်။


"ယနေ့ခေတ် လူငယ်တွေက... အဲ့ဒီလောက်နှေးနေတာ မကောင်းဘူး..."


ကျောင်းယာ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထိုအခိုက်အတန့်တွင် အနက်ရောင်မြှားက လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီး ငရဲဘုရင်နှင့် ၃လက်မ အကွာတွင် ပြန်လည်ထွက်ပေါ်လာ၏။


ငရဲဘုရင် မျက်မှောင်ကြုတ်လိုက်သည်။သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။သူ ထို အနက်ရောင်မြှားက်ို ဖမ်းဆုပ်လိုက်၏။


ရွဲ...ရွဲ...ရွဲ...


အနက်ရောင်အခိုးအငွေ့များ မြင့်တက်လာ၏။ငရဲဘုရင်လက်ထဲမှ မြှားက ပြင်းထန်စွာ တုန်ခါလာသည်။၎င်းက လောင်ကျွမ်းနေသော သံထည်တစ်ခုကဲ့သို့ နီရဲ ကြွပ်ရွလာသည်။


ဝှစ်...


ငရဲဘုရင် တစ်ဖက်သို့ အသာအယာ တိမ်းရှောင်လိုက်သည်။ထိုမြှားတံက သူ့၏ ဆုပ်ကိုင်ထားမှုထဲမှနေ၍ အလင်းကဲ့သို့သော အရှိန်နှုန်းဖြင့် ပြန်ထွက်သွားသည်။


ငရဲဘုရင်၏ မျက်နာက ဖြူဖျော့သွားသည်။ပုဖန်ဘက်တွင်ရပ်နေသော နယ်သာရီ၏ မျက်နာကလည်း ဖြူဖျော့သွား၏။အဘယ့်ကြောင့်ဆိုသော် ထိုမြှားက ပုဖန်ဆီကို ခ်ျိန်ရွယ်၍ လျင်မြန်စွာ ပျံသန်းလာနေသည်။


သူ့လက်ထဲမှ မြှားတံ လွတ်သွားသွားခြင်းပင် သူမကောင်းသည့် စိတ်ခံစားချက်များကို ခံစားလိုက်ရသည်။သူ့၏ အနာဂတ်တွင် အစပ်ချောင်းရှိလာတော့မည်မဟုတ်ပေ။


"သွားပြီ...ငါ့ရဲ့ အစပ်ချောင်း ဇာတ်လမ်းတစ်ခန်းရပ်သွားပြီ..."


နယ်သာရီကလည်း ပထမမြှားတစ်ခုကို ဖမ်းယူခဲ့သည့်အတိုင်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ပုဖန်က သူမကို လှုပ်ရှားခွင့်မပေးပေ။ငရဲဘုရင် သေချာဂရုမစိုက်ခဲ့သောကြောင့် ထိုမြှားလွတ်သွားရသည်ဆိုလျှင်ပင် ပုဖန်က နယ်သာရီကို သူ့အတွက် တားဆီးဖို့ ဘယ်လ်ိုလုပ် ခိုင်းနိုင်ပါမည်နည်း။


ပုဖန် နယ်သာရီ၏လက်ကို ပြန်ဖိချလိုက်သည်။သူ့၏ လက်ကောက်ဝတ်မှ အနက်ရောင်အခ်ိုးအငွေ့များထွက်ပေါ်လာသည်။ကြီးမားလှသော မဟူရာလိပ်ခုံးဒယ်အိုးထွက်ပေါ်လာပြီးနောက် ဒိုင်းကာတစ်ခုအဖြစ်သို့ ပြောင်းသွားကာ သူ့အရှေ့တွင် ကာလိုက်သည်။


အရှိန်ဖြင့်ပျံသန်းလာသော မြှားက မဟူရာလိပ်ခုံးဒယ်အိုးနှင့် တိုက်မိသွားသည်။ထိခတ်လိုက်သော ပြင်းအားကြောင့် ပုဖန် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ထို့နောက် ထ်ိုမြှားက မြေပြင်ပေါ်သ်ို့ ပြုတ်ကျသွားသည်။ကျောင်းယာ ထိတ်လန့်အံ့အာသင့်သွားသည်။


"မယုံကြည်နိုင်စရာပဲ သူတို့ မြှားကို ဘယ်လိုလုပိရပ်တန့်လိုက်တာလဲ..."


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်ရှေ့မှ ပျောက်ကွဲသွားပြီးနောက် သူ့၏ အမူအရာမဲ့ အေးစက်လှသော မျက်နာသေပေါ်လာသည်။သူ စိတ်သက်သာရာရစွာဖြင့် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။


 ထို့နောက် သူ့၏ လက်ထဲတွင် အငွေ့တထောင်းထောင်းထနေသော စပ်ပြဲလန်ခေါက်ဆွဲတစ်ပွဲပေါ်လာသည်။ပုဖန် ထိုခေါက်ဆွဲပွဲကို လေထဲသို့ မြှောက်တင်လိုက်သည်။ထို့နောက် ထိုခေါက်ဆွဲပွဲမှ စွမ်းအင်လှိုင်းများ ပြန့်ကားထွက်လာပြီး မြို့တစ်ဝက်နှင့် လူများ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားလေသည်။


"လျှာကဝေ အစီအရင် ဖွင့်..."