အပိုင်း ၆၁၈
Viewers 53k

အခန်း ၆၁၈

မကြောက်နဲ့...ချ...


"လျာကဝေအစီအရင် ဖွင်..."


သူပြောလိုက်သောစကားက လေသံဖျော့ဖျော့မျှသာ ဖြစ်ပြီး မကျယ်ပေ။


အငွေ့တထောင်းထောင်းထနေသော စပ်ပြဲလန်ခေါက်ဆွဲက လေထဲသို့ မြောက်တက်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။မြူကောင်းကင်မြိ့ရဲ့ ထောင့်မှာ မွှေးပျံ့လှသော ရနံ့များ၏ တိုက်ခိုက်မှုကြောင့် အားလုံး ကြောင်အနေကြသည်။သူတို့ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံနေမိသည်။


မြူကောင်းကင်မြို့အတွင်း၌...

 ကျိုးထုံသည် အနီရောင်မီးဖိုချောင်သုံးဓားကို ကိုင်၍ မြူကောင်းကင်မြို့ ကာကွယ်ရေးအစီအရင်ကို ဖျက်စီးပစ်နေသည်။


သူခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး စိတ်ဝိညာဉ် စွမ်းအားများထုတ်လွင့်နေသည့် မြို့တံတိုင်းရှိရာဆီသို့ ကြည့်လိုက်သည်။မြို့ပေါ်တွင် ပရမ်းပတာ ဖြစ်သွားတော့မည်ကို သူသိနေသည်။သို့သော်လည်း မကြာခင်မှာပင် သူ့ရဲ့ မျက်နာအမူအရာက ပြောင်းလဲသွားသည်။


စွမ်းအားများက သူ့ကို လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။ထိုစွမ်းအင်များက မွှေးပျံ့သင်းကြိုင်လှသော စားစရာရနံ့များကို သယ်ဆောင်လာသောကြောင့် အံ့အားသင့်သွားမိ၏။


ထိုမွှေးရနံ့များက စိတ်ကျေနပ်စရာကောင်းလှသည်။ကျိုးထုံ ဓားကို တင်းတင်းဆုပ်ကိုင်ကာ မွှေးရနံ့များကြားထဲ နစ်မြောနေမိသည်။ထိုမွှေးရနံ့များက ပို၍ သိပ်သည်းပြင်းထန်လာသောကြောင့် သူအားပါးတရ ရှုရှိုက်ထားလိုက်ချင်သည်။သို့သော်လည်း ထိုခဏမှာပင် သတိဝင်လာပြီး သူ့မျက်လုံးများ ပြူးသွားသည်။


"စားစရာရနံ့ ဒါဘယ်လိုလုပ်ဖြစ်နိုင်တာလဲ...ဒီမြူကောင်းကင်မြို့က ဆေးမြို့တော်လေ...စားစရာရနံ့တွေ ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲ ..."


ကျိုးထုံ၏ မျက်နာပေါ်တွင် မယုံကြည်နိုင်မှုများပြည့်နှက်သွားသည်။သူ ခပ်မတ်မတ်ရပ်၍ ပတ်ဝန်းကျင်ကို အကဲဖြတ်ကြည့်ရှုလိုက်လေရာဆန်းကြယ်လှသော အစီအရင်ပုံစံတစ်ခုကို တွေ့လိုက်သည်။ထိုမွှေးရနံ့များက အစီအရင်ပေါ်မှထွက်ပေါလာခြင်းဖြစ်သည်။ထိုခဏ၌ သူထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။


"မြူကောင်းကင်မြို့ရဲ့ ထောင့်မှာ စိတ်ဝိညာဉ် စွမ်းအားတွေ ပြည့်နေတဲ့ ဟင်းပွဲတွေရှိနေတယ် အခုစွမ်းအင်တွေက အဲ့ဒီဟင်းပွဲတွေဆီကနေလာနေတယ်...ဒါကို ဘယ်သူလုပ်ထားတာလဲ..."


ကျိုးထုံသည် အစားကြူးတောင်ကြားမှ ပထမတန်းစား စားဖိုမှူးတစ်ယောက်ဖြစ်သောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုအစီအရင်က လျှို့ဝှက်အစီအရင်တစ်ခုဖြစ်ကြောင်းသိပေသည်။


သူ့၏ အမူအရာက ပြောင်းလဲသွားသည်။ထိုကဲ့သို့သော အရာများကိုဖြစ်ပေါ်လာနိုင်သည်ဆိုလျှင် ထိုအရာက လျှာကဝေမှော်အစီအရင်တစ်ခုဖြစ်ပေလိမ့်မည်။


သူက စွယ်စုံရ ဟင်းပွဲများကို အသုံးပြု၍ လျှာကဝေ အစီအရင်တည်ဆောက်ခြင်းကို လေ့လာသင်ယူနေဆဲဖြစ်သည်။သို့သော်လည်း ယခု မြူကောင်းကင်မြို့ထဲ၌ ထိုအစီအရင်ကို တွေ့မြင် လိုက်ရလေပြီ။


"ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ မြူကောင်းကင်မြို့ထဲမှာ တစ်စုံတစ်ရာထူးခြားနေတဲ့စားဖိုမှူးတွေ ရှိနေတာလား...မဖြစ်နိုင်ဘူး...အဲ့ဒီစားဖိုမှူလေးက ဘယ်လိုဖြစ်ပြီး အဲ့ဒီအစီအရင်ကို လုပ်နိုင်မှာလဲ ထိုအစီအရင်က အလွန်ပင် ခက်ခဲလှ၏ သူ့၏ စွမ်းအင်များ အတူတကွ အလုပ်လုပ်နိုင်စေရန်အစီအရင်မျက်လုံးဟုခေါ်သည့် စွမ်းအင်များကို ထုတ်လွင့်ပေးရန် လိုအပ်သည်။


ထိုမှသာ အစီအရင်က အကောင်းဆုံးအလုပ်လုပ်မည်ဖြစ်သည်။အစားကြူးတောင်ကြားကပင် ထိုအစီအရင်ကို ရှာဖွေ လေ့လာနေတုန်းဖြစ်သော်လည်း ယခုဒီနေရာတွင်တစ်စုံတစ်ယောက်က ဖန်တီပြီးသွားပေပြီ။ ထိုအတွေးကို တွေးလိုက်မိသည်နှင့် ကျိုးထုံစိတ်အားထက်သန် ပြင်းပြလာသည်။သူ မြို့တံတိုင်းဆီသို့ ဦးတည် ပြေးသွားလိုက်သည်။အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ စွမ်းအင်များ စုစည်းနေခြင်းကြောင်းဖြစ်သည်။


မြို့တံတိုင်းပေါ်တွင်ရှိနေသော ပုဖန်က ပြုတ်ကျနေသည့် အနက်ရောင်မြှားကို ကောက်လိုက်သည်။


ငရဲဘုရင် ရှက်ရွံ့စွာဖြင့် ကြည့်နေမိသည်။သူသာ မြှား လွတ်သွားအောင် မလုပ်လိုက်လျှင် ထိုမြှားက ပုဖန်ဆီ ရောက်သွားလိမ့်မည်မဟုတ်ပေ။


မြှား၏ စွမ်းအင်လှုပ်ရှားမှုက သူ့ကို စူးအောင့်စွာ ခံစားလိုက်စေခြင်းကြောင့် ဖြစ်သည်။ထိုမြှား၏ ကြောက်မက်ဖွယ်ကောင်းလှသော အပူရှိန်ကြောင့်သာ မဟုတ်လျှင် သူ့လက်ထဲမှ လွတ်မြောက်သွားလိမ့်မည် မဟုတ်ပေ။


ထိုအတွေးက သူ့ကို စိတ်ဆိုးဒေါသထွက်သွားစေသည်။ထိုမြှားက တကယ့်ကို သူ့က်ို ထိခိုက်နိုင်စေသည်။ထိုမြှား၏ စွမ်းရည်များက သူ့၏ အမှောင်စွမ်းအင်များကို သက်ရောက်မှုရှ်ိလိုက်မည်ဟု မထင်ထားခဲ့မိပေ။အဝေးမှ ကျောင်းယာက ငရဲဘုရင်ကို အေးစက်စွာ ကြည့်လိုက်သည်။


"ဒီတော့ ဒီလူကလည်း ငရဲကမ္ဘာသက်ရှိပဲ...သူ ဒီလောက်ထိ ရဲရင့်နေတာ အံ့သြစရာမရှိတော့ဘူး..."


သူ့လက်ထဲ၌ နတ်ဘုရားသတ်လေးရှိနေသောကြောင့် ထိုငရဲကမ္ဘာသက်ရှိများကို သတ်ပစ်နိုင်လိုက်မည်ဟု အလွန်အမင်း ယုံကြည်မှုရှိနေပေသည်။ဒီနတ်ဘုရားတစ်ပိုင်းလက်နက်က တခြားနတ်ဘုရားလက်နက်များနှင့် ယှဉ်လိုက်လျှင် ထူးကဲမှုရှိမနေသော်လည်း ငရဲကမ္ဘာသက်ရှိများအပေါ်တွင် ထူးခြားသည့် သက်ရောက်မှုရှိပေသည်။


"ဟေး လူငယ်လေး...ဒီတစ်ယောက်က ငါ့အတွက်ပဲ ဒီဘုရင်ထင်တာကတော့ သူက စိတ်ဝင်စားဖို့ကောင်းတယ် အဲ့ဒီတော့ သူ့ကို ငါဖြေရှင်းလိုက်မယ်..."


ငရဲဘုရင်နှာခေါင်းအတွင်းမှ လေမှုတ်ထုတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ပုဖန်က လက်ဝှေ့ယမ်းပြကာ ငြင်းပယ်လိုက်မည်ဟု သူ မထင်ထားခဲ့မိပေ။


"မလိုဘူး...မလိုဘူး ငါပဲ ဖြေရှင်းလိုက်မယ်..."


ငရဲဘုရင်နှင့်အတူ မြို့တံတိုင်းပေါ်တွင်ရှိနေသော တခြားပညာရှင်များအားလုံး ထိတ်လန့်အံ့အားသင့်သွားကြသည်။နန်ကုန်းဝူချယ်က ပုဖန်ကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်သည်။


"ဟေး...ဘော်ဒါပု မင်းပေါက်ကရတွေ လျှောက်ပြောမနေနဲ့ အဲ့ဒီလူတွေက တကယ့်ကို ဖြုံစရာပဲ ..."


မှော်ကဝေအန်းရှန့်နှင့် တခြားသူများက ပုဖန်ကို မွန်းစတား တစ်ကောင်ကို မြင်ရသလို ကြည့်နေကြလေသည်။


"ဒီစားဖိုမှူးလေးက ကိုယ်တိုင်ရင်ဆိုင်ချင်တယ်ပေါ့...သူ့ရဲ့ မသေမျိုးခန္ဓာအဆင့် ကျင့်ကြံဆင့်လေးနဲ့လေ ..."


တကယ်တမ်းဆ်ိုလျှင် ထ်ိုမသေမျိုးခန္ဓာအဆင့်မှာ တစ်ဆင့်တည်းကိုသာ ချိုးဖောက်ထားကြောင်း ထည့်မပြောရသေးပေ။ပုဖန် သူတို့အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတစ်ချက်တွန့်ရုံ ခပ်လှောင်လှောင်ပြုံးလိုက်သည်။သူ စကားတစ်ခွန်းမှမဆိုတော့ပဲ မဟူရာလိပ်ခုံးဒယ်အိုးကို ဆွဲကိုင်ရင်းမြို့တံတိုင်းဆီမှ တစ်လှမ်းခြင်း ထွက်ခွာသွားလေသည်။


အသက်တစ်ချက်ရှုထုတ်လိုက်တိုင်း သိပ်သည်းလှသော စွမ်းအင်များ သူ့၏ ဘေးပတ်လည်တွင် ရစ်ဝဲလာသည်။ကောင်းကင်ယံထက်တွင် မြောက်များ လှစွာသော ဟင်းပွဲပုံရိပ်ယောင်များ လွင့်ပျဲနေ၏


သူ့၏ နီရောင်စားဖိုမှူးဝတ်စုံကလည်း လေအရှိန်ဖြင့် တဖျတ်ဖျတ် လွင့်ခါလာနေသည်။ပုဖန်၏ ပုံသဏ္ဍာန်က ထင်ရှားကျော်ကြားလှသော နတ်ဘုရားတစ်ပါး မြို့ကမ္ဘာပေါ်သို့ ဆင်းသက်လာသည်နှင့်ပင်တူနေလေသည်။


သူ့၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အနက်ရောင်မီးဖိုချောင်သုံးဓား ပေါ်လာသည်။သူ့၏ အစစ်အမှန် စွမ်းအားများကိုထည့်သွင်းလိုက်သည်နှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ အလင်းရောင်များ တောက်ပလာသည်။


ပုဖန် ကြီးမားလှသော ရေနဂါးအရိုးဓားကို ပခုံးပေါ်ထမ်းတင်လိုက်ပြီး တခြားတစ်ဖက်မှ မဟူရာလိပ်ခုံးဒယ်အိုးကို ဆွဲကိုင်ထားသည်။သူ့၏ ပုံစံက ညအမှောင်တွေ လင်းလက်နေသော ကြယ်များကဲ့သို့ တောက်ပလင်းလက်နေသည်။သူတို့ပုဖန်၏ ထိုပုံစံမ်ျိုးကို လုံးဝ မမြင်ဖူးခဲ့ပေ။ငရဲဘုရင်ပင် အံ့အာတသင့်ဖြင့် ရေရွတ်လိုက်သည်။


"လူငယ်လေးက တကယ်သတ္တိရှိတာပဲ..."


နန်ကုန်းဝူချယ်လည်း ဝင်ပြောလိုက်၏။


"ငါကြည့်နေတဲ့ ဘော်ဒါပုက အတုကြီးဆိုတာ တော်တော်လေးသေချာတယ်..."


နယ်သာရီပင်လျှင် ပုဖန်ကို ကြောင်အစွာစိုက်ကြည့်နေပြီး နှုတ်ခမ်းပါးလေးမျာ တင်းတင်းစေ့လိုက်သည်။ပုဖန်၏ မျက်နာက အခါများစွာကကဲ့သို့ပင် တည်ငြိမ်နေတုန်းဖြစ်သည်။လျှာကဝေအစီအရင်၏ ထောက်ပံ့ပေးမှုကြောင့် သူ့၏ အော်ရာများကလည်း အဆုံးအစမဲ့ တိုးမြင့်လာသည်။


ရှုရတပ်မှ သူများကလည်း ထိုမြင်ကွင်းကိုကြည့်၍ ကြောက်ရွံ့တုန်လှုပ်နေကြ၏။ရှုရအရှင်သခင်ပင်လျှင် မျက်မှောင်ကြုတ်နေမိသည်။


ဒီစားဖိုမှူးက သူ့၏ ရှေးဟောင်းရှုရမြို့တော်က သူကို သတ်ရဲခြင်းမှာ အံ့သြစရာမရှိတော့ပေ။


"သူက ဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်ထားကို... အဲ့ဒီပစ္စည်းတွေက သူ့ကို ယုံကြည်မှု ကောင်းကောင်းပေထားတာလား...ဒါကလုံးဝ သာမန်တော့ မဟုတ်ဘူး ဒါမှမဟုတ် အစီအရင်ကြောင့်လား..."


ထိုအစီအရင်က သူတွေ့ကြုံခဲ့ဖူးသည့် အစီအရင်မျိုးနှင့် ကွဲပြားခြားနားနေသည်။ပြောရမည်ဆိုလျှင် ၎င်းက သလင်းကျောက်များအပေါ် မှီခိုနေခြင်းမဟုတ်ပေ။


ကျောင်းယာ လှောင်ပြုံးပြုံးလိုက်သည်။ထိုပုရွတ်ဆိတ်ကောင်က သူ့ကို တကယ်ကို ဆန့်ကျင်ရဲပေသည်။သူ မည်မျှပင်ရဲရင့်သည်ဖြစ်ပစေသူ့၏နတ်ဘုရားသတ်လေး၏ ပစ်ချက်အောက်တွင် သေပွဲဝင်ရပေလိမ့်မည်။


ပုဖန်ကိုကြည့်၍ ကျောင်းယာကသူ့၏ လေးကို မြောက်တင်လိုက်ပြီးလေးကြိုးဆွဲတင်လိုက်သည်။သူ့လက်ထဲ၌ အလင်းမြှားတစ်ခုအဖြစ် စုစည်းလာသည်။မြှားကို ပစ်လွှတ်လိုက်သည်နှင့် လေဟာမယ်ကိုထိုးခွင်း၍ ပုဖန်ဆီသို့ တည့်တည့်ပျံသန်းသွားလေသည်။


ပုဖန်က အမူအရာမပြောင်းပဲ ထိုမြှားကို ကြည့်နေသည်။လျှာကဝေအစီအရင်က လည်ပတ်နေပြီးသူ့၏ ခန္ဓာကိုယ်ထဲ စွမ်းအင်များ အဆက်မပြတ် ဖြည့်ပေးနေသည်။


ယခုအချိန်တွင် ပုဖန်က ကန်ချက်တစ်ချက်ဖြင့် တောင်များမြစ်များကိုပင် ရွှေ့ပြောင်းပစ်နိုင်သည်အထိ စွမ်းအားကြီးနေသည်ဟု ခံစားမိလေသည်။ပုဖန်က ထိုအလင်းမြှားကို မရှောင်ပဲ မဟူရာလိပ်ခုံးဒယ်အိုးနှင့် လွှဲပစ်လိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးက လည်ထွက်ပျံသန်းသွားပြီး ထိုအလင်းမြှားကို ရိုက်ခတ်လိုက်သည်။ကြည့်နေသူများ အားလုံး မှင်သက်နေကြသည်။ခဏအကြာတွင် သူတို့ စိတ်လှုပ်ရှားစွာ အော်ဟစ်ကျုံးဝါးကြလေသည်။


"စားဖိုမှူးက လုပ်နိုင်သွားပြီးသူက တကယ်ကိုကြောက်စရာကောင်းတယ် အဲ့ဒီမြှားက အီးပေါက်သံလောက်တောင်မကျယ်ဘူး...ဆေးနန်းတော် အရှင်သခင်ကိုတောင် ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ မြှားကို သူထုချေလိုက်နိုင်တယ်...သူကဖျက်မြင်းစားဖိုမှူးဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထ်ိုက်တန်တယ်..."


ကြည့်ရှုနေသူများအားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။လော့တန်ချင်းနှင့် ဆေးနန်းတော်မှကျွမ်းကျင်ပညာရှင်များအားလုံး ထိတ်လန့်အံ့အားသင့်နေကြသည်။ပုဖန်တွင် ထိုကဲ့သို့ စွမ်းအားများ ပိုင်ဆိုင်ထားမည်ဟု မထင်ထားခဲ့မိပေ။


မျက်မှောင်ကြုတ်၍ လေထဲမှစွမ်းအင်များကို အာရုံခံကြည့်လိုက်သည်။သူအလွန်အံ့အားသင့်သွားပြီး အာမေဋိတ်ပင်ပြုလုပ်လိုက်မိသည်။ပုဖန်က ထူးခြားသောအစီအရင်မှ စွမ်းအင်များယူသုံးထားသည်ကိုသူသိပေသည်။မည်သို့ပင်ဆ်ိုစေ သူ့လက်ထဲမှ ဒယ်အိုးက သာမန် ပစ္စည်းတစ်ခု မဟုတ်သည်မှာတော့သေချာပေသည်။


 ပုဖန်က မြူကောင်းကင်မြို့၏ ကိုယ်စားပြုတစ်ယောက်ဖြစ်လာပေပြီ။မြို့ကာကွယ်ရေး အစီအရင် ရုတ်တရက် ချိုးဖောက်သွားစဉ်က မြူကောင်းကင်မြို့မှ တိုက်ခိုက်နေသူများအားလုံး၏ အင်အားကို လျော့ကျသွားစေသည်။သို့သော်လည်း ယခုအချိန်တွင် သူတို့ ပြန်၍ စိတ်လှုပ်ရှားတက်ကြွလာကြသည်။သူတို့၏ အော်ရာများက ကောင်းကင်ယံသို့ပင် လွင့်ပျံ နေလေ၏။ကျောင်းယာ၏မျက်ဝန်များ မှေးကျင်းသွားသည်။


"အဲ့ဒီဒယ်အိုးအနက်... ဒါကမှော်ပစ္စည်းပဲ ဖြစ်မယ်..."


ကျောင်းယာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့၏ လေးကြိုးကို နောက်တစ်ကြိမ် ဆွဲတင်လိုက်သည်။ဒီတစ်ကြိမ်တွင် သူ အလင်းမြှား သုံးချောင်းဖွဲ့စည်းလိုက်၏။ချွှန်မြေ့လှသော မြှားသုံးစင်းက လေဟာနယ်ကိုပင် တွန့်လိမ်သွားစေ၏။


လေတိုးသံနှင့်အတူမြှားသုံးစင်းက အနောက်၌ စွမ်းအင်အမျှင်တန်းကျန်ခဲ့ပြီး ပုဖန်ဆီသို့ တ်ိုးဝင်လာသည်။မြှားသုံးစင်းက တြိဂံအစီအရင်ပုံစံဖြင့်ပုဖန်နားသို့ ချဉ်းကပ်လာလေ၏။


ပုဖန်၏ စိတ်ထဲ၌ တစ်ချက်လှုပ်ခါသွားသည်။သူ့၏ ရင်ဘတ်ပေါ်တွင်ရှိနေသော ရှုရမျှော်စင်ကလည်းအလင်းများထုတ်လွင့်ပေးလာလေသည်။


သူ့၏ စိတ်စွမ်းအင်များကို တဖြေးဖြေးချင် ထုတ်လွင့်လိုက်ပြီးမဟူရာလိပ်ခုံးဒယ်အိုးကို ထိန်းချုပ်ကာ မြှားသုံးစင်းနှင့် ရင်ဆိုင်ရန် ထိန်းချုပ်လိုက်သည်။ရိုက်ခတ်သံတစ်ချက်နှင့်အတူ မြှားသုံးစင်းလုံး ပျက်စီးသွားလေသည်။


မဟူရာလိပ်ခုံးဒယ်အိုးက လေထဲ တစ်ပတ်လည်သွားပြီနောက် အနောက်ဘက်ဆီသို့ ပြန်လည်ရွေ့လျားလာကာ ပုဖန်ဆီသို့ ပြန်လည်ရောက်လာသည်။


အကြာကြီး တိတ်ဆိတ်နေပြီးနောက် နောက်တစ်ကြိမ် ဟစ်ကြွေးသံများ ထွက်ပေါ်လာပြန်သည်။ထိုစားဖိုမှူးက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်၏ တိုက်ခိုက်မှုကို နှစ်ကြိမ်တိုင်တိုင်ဖျက်စီးပစ်လိုက်လေပြီ ဖျက်မြင်းစားဖိုမှူးက သူ့၏ ပရိတ်သတ်များကိုစိတ်မပျက်စေခဲ့ပေ။


ငရဲဘုရင်က ပြုံးဖြီးဖြီးဖြင့် ကျောင်းယာကို လက်ညှ်ိုးညွှန်လိုက်ပြီး အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။


"ဒီနေ့ခေတ် လူငယ်တွေက လုံးဝ မစွမ်းဆောင်နိုင်ဘူး...တကယ်ပါပဲ..."


ကျောင်းယာ၏ မျက်ဝန်းများက လေးနက်နေသည်။


"ပုရွတ်ဆိတ်တစ်ကောင်လိုမသေမျိုးခန္ဓာအဆင့်က သူ့ရဲ့ အလင်းများကို ဘယ်လိုလုပ်ပြီး ချိုးဖျက်နိုင်တာလဲ...မဖြစ် မဖြစ်နိုင်လိုက်တာ..."


ပုဖန် သူ့၏ မဟူလိပ်ခုံးဒယ်အိုးကိုအသာအယာမြှောက်လိုက်ပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဖြင့် ကျောင်းယာဆီ ညွှန်လိုက်သည်။သူ့၏ မျက်နာက တည်ငြိမ်အေးချမ်းနေတုန်းဖြစ်သည်။


"ဒီတစ်ကြိမ်ကတော့ ငါတိုက်ရမယ့်အလှည့်ပဲ ...ခံယူဖို့ ပြင်ဆင်ထားလိုက်တော့..."


ပုဖန်၏ တည်ငြိမ်လှသောအသံ က လေထဲ လွင့်ပျံသွားသည်။ပရိတ်သတ်များတောင့်တင်းသွားပြီးနောက် တစ်ခဲနက် အော်ဟစ်ကြလေသည်။


"အရမ်း ရဲရင့်တာပဲ..."


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ပညာရှင်ကို လက်ညှိုးညွှန်၍ ပြောလိုက်ပုံက သူတို့ နှလုံးသားကိုထိမှန်သွားစေသည်။


မသေမျိုးခန္ဓာအဆင့် စွမ်းအားကို အသုံးပြု၍ မသေမျိုးဝိညာဉ် တစ်ယောက်ကိဖိနှိပ်ခြင်း ...


ပုဖန်က သူ့ထက် အဆင့်မြင့်သူများထက် အနည်းငယ်မျှ အားနည်းပုံမပေါ်ပေ။သူက တကယ့်ကို သူ့၏ နာမည်နှင့် ထိုက်တန်လှပေသည်။


"မကြောက်နဲ့ လုံးဝ မကြောက်နဲ့ လုပ်ပစ်လိုက်တော့..."