အပိုင်း ၆၁၉
Viewers 53k

အခန်း ၆၁၉

ခုနှစ်ချက်မြောက်ဓားသခင်...ရွှစ်


"ဘာ အခုက မင်းတိုက်ရမယ့် အလှည့်ဟုတ်လား..."


ကျောင်းယာ ပုဖန်ကိုကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။ပုဖန်၏ လက်ထဲမှ အနက်ရောင်ဒယ်အိုးက သူ့၏ တိုက်ခိုက်မှုကို ရပ်တန့်စေနိုင်ခဲ့သည်။အကယ်၍ သူ့၏ တွက်ချက်မှုသာ မမှားလျှင် ထိုဒယ်အိုးက သာမန် မဟုတ်ပေ။


သူ့၏ အားနည်းလှသော ကျင့်ကြံဆင့်လေးနှင့်ပင် ထိုဒယ်အိုးကို ထိန်းချုပ်၍ နတ်ဘုရားသတ်ဓားအား ရိုက်ချနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူ သတိပြုမိပေသည်။


သို့သော်လည်း ထိုဒယ်အိုးက ခုခံမှု အတွက်သာလျှင် ဖြစ်ပေသည်။ပုဖန်က ထိုဒယ်အိုးကိုသုံး၍ မည်သို့ တိုက်ခိုက်မည်နည်း။


ပုဖန် မော်ကြွားဟန်အပြည့်ဖြင့် ဖြစ်နေသော ကျောင်းယာကို ကြည့်လိုက်သည်။သူ့၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှ အလင်းများ ထုတ်လွင့်လာ၏။


အနား၌ရှိနေသော သူများအားလုံး နဂါးတစ်ကောင်၏ ဟိန်းဟောက်သံမျိုး ကြားလိုက်ရလေသည်။ကျောင်းယာ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ပုဖန်၏ တိုက်ခိုက်မှုကို စောင့်နေလိုက်သည်။


ထိုပုရွက်ဆိတ်ကဲ့သို့ စားဖိုမှူးလေးက သူ့ကို မည်ကဲ့သို့ တိုက်ခိုက်မည်ကို သူတကယ် မြင်ချင်လှသည်။


"သူက အဲ့ဒီ အစီအရင်ကို သုံးပြီး တိုက်ခိုက်နိုင်မယ်လို့ တကယ်ထင်နေတာလား..."


အားလုံးကလည်း ပုဖန်ကိုသာ အာရုံစိုက်ထားလေသည်။


"သူက အဲ့ဒီကျောင်းယာကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းရည်မျိုး ရှိလို့လား....တကယ်ရှိတာလား..."


သူတို့ စိတ်ထဲတွင်သံသယဝင်နေသည်ဆိုသော်လည်း အများစုက ထိုဖျက်မြင်းသူ့၏ တန်ခိုးစွမ်းရည်များကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေကြလေသည်။


မဟူရာလိပ်ခုံးဒယ်အိုးကို ဆုပ်ကိုင်ထားသော ပုဖန်၏ အမူအရာက လေးနက်တည်ကြည်နေသည်။ထို့နောက် သူ့၏ အမူအရာက ပို၍ လေးနက်ကာ ပို၍ တည်ငြိမ်လာသည်။


ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်နှင့် သူ့၏ ခန္ဓာကိုယ်မှ အစစ်အမှန် စွမ်းအင်များ ထွက်ပေါ်လာလေသည်။ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ ပတ်ပတ်လည်တွင်လည်း မွှေးရနံ့များ လွှမ်းခြုံလာသည်။


ပုဖန် လေထဲတွင် မျောလွင့်လိုက်ပြီး သူအောက်တွင်ရှိနေသော ကျောင်းယာကို ရည်ရွယ်၍ တိုက်ခိုက်လိုက်သည်။သူလွှဲခုတ်လိုက်သော ဓားချက်က လေဟာနယ်ကို တုန်ခါသွားစေသည်။


"ပထမဆုံး ဓားအရှင်သခင်..."


ရုတ်တရက် ပုဖန်၏ အော်ရာများက ထူးခြားဆန်းကြယ်စွာ တရိပ်ရိပ် တိုးတက်လာသည်။၎င်းက အထွဋ်အထိပ်ပညာရှင် တစ်ယောက်နှင့်ပင် ဆင်တူနေသည်။အော်ရာများလွှမ်းခြုံခံရသော လူများအားလုံး တုန်ယင်နေကြ၏။


လျှာကဝေအစီအရင်၏ အထောက်အပံ့ဖြင့် ပုဖန်ဓား၏ စွမ်းရည်ကို တိုးမြင့်လိုက်သည်။ထိုအခိုက်အတန့်၌ သူ့စိတ်ထဲမှ ခံစားချက် အရှုပ်အထွေးများက ပြေပျောက်သွားပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။


မြို့တံတိုင်းပေါ်နေ၍ ဓားစွမ်းအင်များက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ကျဆင်းလာသည်။လူအားလုံးက ထိုဓားစွမ်းရည်စီးကြောင်းကို ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်နေကြသည်။


ထိုဓားစွမ်းအင်က ဖျက်မြင်းစားဖိုမှူး ကျောင်းယာကို တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိနေတဲ့ ဝှက်ဖဲလား...


စွမ်းအင်များက သန်မာသည်ဆိုသော်လည်း တခြားသူများ၏ မျက်လုံးထဲတွင်တော့ မသေမျိုးခန္ဓာအဆင့် တစ်ယောက်၏ အားနည်းသော စွမ်းရည်သာ ဖြစ်သည်။၎င်းက အထွဋ်အထိပ်စွမ်းရည်မျိုးတော့ မဟုတ်ပေ။


မည်သူမဆို ထိုဓားစွမ်းအင်ကို အလွယ်တကူ ချိုးဖျက်ပစ်နိုင်ပေလိမ့်မည်။ထို့ကြောင့် ပုဖန်၏ ထိုတိုက်ခိုက်မှုက ကြီးကြီးမားမားတစ်စုံတစ်ရာ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်တော့ပေ။ထို နူးညံ့အားနည်းလှသော တိုက်ခိုက်မှုလေးက ကျောင်းယာနှင့် ဘယ်သူမှ မယှဉ်နိုင်ပေ။လူအားလုံး သူတို့၏ မျက်နာဖြတ်ရိုက်ခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။


သို့သော်လည်း သူတို့ ထိုမြင်ကွင်းကို မြင်လိုက်ကြပေမယ့် ကောင်းသည့်ဘက်ကသာ ခံစားမိကြလေသည်။မည်သို့ပင်ဆိုစေ ပုဖန်က မသေမျိုး ခန္ဓာအဆင့် ၁ တစ်ယောက်သာဖြစ်လေသည်။သူ ထုတ်ပြခဲ့သော စွမ်းရည်များက သူ့၏ ကျင့်ကြံဆင့်ထက်ပင် ကျော်လွန်နေပေပြီ။


"ကောင်းပြီလေ ဒါက သူ့မှာရှိတာ အကုန်ဆိုရင် သူတ်ို့က ဘာများပိုမို ထပ်ပြဖို့ တောင်းဆိုရဦးမလဲ..."


ကျောင်းယာ ထိုဓားစွမ်းအင်စီးကြောင်းကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။သူအနည်းငယ်မျှပင် ထိန်းချုပ်မထားနိုင်တော့ပဲ အထင်အမြင်သေးစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။


"တကယ်ပဲ ဒါက တိုက်ခိုက်မှု တစ်ခုပေါ့လေ ဒီစွမ်းအင်တွေနဲ့ မင်းက ငါ့ကို စိန်ခေါ်တာပေါ့လေ..."


သူ့၏ ကျယ်လောင်လှသော ရယ်သံက မြူကောင်းကင်မြို့မှ လူများ၏ မျက်နာများကို မဲမှောင်သွားစေသည်။


"ဒီကျောင်းယာက တော်တော်လေး မာန်တက်နေတာပဲ..."


ပုဖန်၏ အမူအရာက အေးဆေးတည်ငြိမ်နေတုန်းပင်ဖြစ်သည်။တခြားသူများ၏ လှောင်ပြောင်ရယ်မောမှုကြောင့်လည်း သူ့အမူအရာက ပြောင်းလဲမသွားပေ။


ကျောင်းယာ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး သူ လေးကြိုးကို ဆွဲတင်လိုက်သည်။ထို့နောက် နောက်ထပ် မြှားတစ်စင်းထပ်မံ ပြေးထွက်သွားကာ ပုဖန်၏ ဓားစွမ်းရည်များနှင့် ထိပ်တိုက်တွေ့ဆုံသွားလေသည်။


ကျယ်လောင်လှသည့် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ထိုဓားစွမ်းအင်များက ရုတ်ချမ်း ပျောက်ကွယ်သွားလေသည်။


"အရမ်းအားနည်းတာပဲ..."


ကျောင်းယာ လှောင်ပြုံးပြုံးလိုက်သည်။အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြသည်။ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသော ဓားစွမ်းအင်များကို ကြည့်၍ သူတို့၏ မျက်နာအမူအရာများ တောင့်တင်းသွားကြသည်။


"တကယ်ကြီး ချိုးဖျက်ဖို့ လွယ်တာပဲ..."


ပုဖန်ကမူ ထိုမြှားက သူ့ဓားစွမ်းများအား ဖျက်စီး လိုက်သည်ကို ဂရုမစိုက်သကဲ့သို့ တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သို့သော်လည်း သူ့၏ ဓားစွမ်းအင်များ ပေါက်ကွဲသွားသည့် ခဏ၌ သူနောက်ထပ် တိုက်ခိုက်မှု တစ်ခုကို ထပ်မံ ပြုလုပ်လိုက်သည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ အလင်းများ ဖြာထွက်လာသည်။ဓားထိပ်ဖျားက ကောင်းကင်ယံကို ပွတ်ဆွဲသွားသလို အလင်းများ ဖျက်စီးသွားပြီးနောက် နောက်ထပ် ဓားစွမ်းအင်က တဖြေးဖြေးချင်းကျဆင်းလာလေသည်။


သို့သော်လည်း ထိုဒုတိယဓားစွမ်းအင်က ပထမတစ်ခုထက် မသန်မာပေ။အားလုံး စိတ်မောစွာဖြင့် သက်ပြင်းချလိုက်ကြသည်။မှန်ပေသည်။ထိုသူက ဖျက်မြင်းစာဖိုမှူးဖြစ်သော်လည်း နောက်ထပ် ထူးခြားဆန်းကြယ်မှုများ မဖန်တီးနိုင်တော့ပေ။


သူတို့၏ နှစ်ယောက်ကြားမှ ကျင့်ကြံဆင့် ကွာခြားမှုက ကြီးမားလွန်းလှသည်။


"ဒါက အလုပ်ဖြစ်ပါ့မလား...ဟား...ဟား...မင်းကိုယ်မင်း အက်ျိုးမရှ်ိတာလုပ်ဖို့ တွန်းအားပေးမနေနဲ့ ..."


ကျောင်းယာလှောင်ပြောင်ရယ်မောလိုက်သည်။ကျောင်းယာသူ့၏ လေးကို နောက်တစ်ကြိမ် မြောက်တင်လိုက်သည်။လေးကြိုးကို ပစ်လွှတ်လိုက်သည်နှင့် အလင်းမြှားက မြင်းဇောင်းမှ ပစ်လွှတ်လိုက်သော မြင်းတစ်ကောင်ကဲ့သို့ တရှိန်ထိုးပြေးထွက်သွားလေသည်။


ဓားစွမ်းအင်နှင့် အလင်းမြှားတို့ တိုက်မိပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး စွမ်းအင်များ ပျောက်ကွယ်သွားလေသည်။


အလင်းမြှားက အလွန်လျင်မြန်စွာ ပြောင်းလဲသွားပုံရသည်။အစောပိုင်းက ပုဖန်က ကျောင်းယာ၏ အလင်းမြှားများကို မဟူရာလိပ်ခုံးဒယ်အိုးဖြင့် ခုခံကာကွယ်ခဲ့သည်။


ယခုပုဖန်၏ ဓားစွမ်းအင်များကို ကျောင်းယာက အလင်းမြှားဖြင့် ပြန်လည်ချေမှုန်းခဲ့သည်။ကျောင်းယာ၏ အပြုံးက ပို၍ ကြီးမားပြန့်ကားလာသည်။


"မင်း ဓားချက်ဘယ်နှစ်ချက်ပဲသုံးသုံး အသုံးမဝင်ဘူး...မင်းရဲ့ဓားချက်အားလုံးကို ငါ့ရဲ့ အလင်းမြှားနဲ့ ချိုးဖျက်နိုင်တယ်..."


ကျောင်းယာပုဖန်ကို ကဲ့ရဲ့ လှောင်ပြောင်နေသည်ကို မြင်လိုက်ရသောအခါ အားလုံး မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။သို့သော်လည်း စက္ကန့်ပိုင်းမျှ ခြားပြီးနောက် နောက်ထပ် ဓားစွမ်းအင်တစ်ခု ကျောင်းယာဆီသို့ ကျဆင်းလာပြန်သည်။


"မင်းက ငတုံးပဲ မင်းလ်ိုမ်ျိုးနိမ့်ကျတဲ့ သက်ရှိ တစ်ယောက်က နတ်ဘုရားသတ်လေးရဲ့ သန်မာမှုကို တွေးကြည့်လို့တောင်ရမှာမဟုတ်ဘူး...မင်း ဓားချက်ဘယ်လောက်ပဲ ထုတ်ထုတ် ငါ အားလုံးကို ဖျက်စီးပစ်နိုင်တယ်..."


သူ့ကိုပြန်မတုံ့ပြန်ပေ နောက်ထပ် ဓားချက်တစ်ချက် ကျဆင်းလာသည်။ဓားဆယ့်သုံးကွက် အရှင်သခင်၏ လေး ချက်မြောက် ဓားချက် ...


ရွှစ်...


ဒီတစ်ကြိမ် ဓားစွမ်းအင်က လေဟာနယ်ကို ပေါက်ကွဲသွားစေသည်။လွှဲလိုက်သော ဓားချက်မှ ထုတ်လွင့်လိုက်သော အပူစွမ်းအင်များက လေဟာနယ်ပင် လောင်ကျွမ်းသွားပုံရလေသည်။သူ့၏ ဓားချက်ကို ကြည့်နေသော ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက အပေါ်သို့ ကွေးတက်သွားသည်။


ငရဲဘုရင်နှင့် တခြားသူများ၏ မျက်ဝန်းများကလည်း မှေးကျင်းသွား၏ သူတို့ ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။


"ကြည့်ရတာဒီတစ်ကြိမ်ဓားစွမ်းအင်က ထူးဆန်းနေသလိုပဲ..."


ကျောင်းယာကမူ ဂရုမစိုက်ပေ။သူ နောက်ထပ် အလင်းမြှားတစ်ခု စုစည်းလိုက်ပြီး ပစ်လွှတ်လိုက်သည်။သူ့၏ တွက်ချက်မှုအရ ပုဖန် မည်မျှပင် ကြိုးစားစေကာမူ သူအားလုံးကို ဖျက်စီး ပစ်နိုင်ပေသည်။


သို့သော်လည်း ဒီတစ်ကြိမ်၌သူ မှားယွင်းသွားပေသည်။ဓားစွမ်းအင်များက သူ့၏ အလင်းမြှားနှင့် တွေ့ဆုံသည့်အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်သွားသည်။သို့သော်လည်း ထိုစွမ်းအင်များက သူ့ဆီသို့ ဆက်လက်ကျဆင်းလာတုန်းပင်ဖြစ်သည်။


"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...အဲ့ဒီ ဓားစွမ်းအင်တွေက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက် ပိုသန်မာလာတာလဲ..."


ကျောင်းယာ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ့၏ လေးကြိုးကို နောက်တစ်ကြိမ် ဆွဲတင်းလိုက်ပြီး ဒုတိယမြောက်မြားကို ပစ်လွှတ်လိုက်သည်။သို့သော်လည်း သူ့၏ မြှားက ဓားစွမ်းအင်ဖြင့် ဖျက်စီးခြင်းခံလိုက်ရသောကြောင့် ကျောင်းယာထိတ်လန့်အံ့သြသွားမိသည်။သူမျက် လုံးများ မှေးကျင်း၍ ပုဖန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


ထိုစားဖိုမှူးက လုံးဝသာမန်မဟုတ်ပေ။သူ့ရဲ့ အော်ရာက ပြောင်းလဲသွားပြီ။


ရှုရအရှင်သခင်က ရှူရဓားကို တင်းတင်းဆုပ်ကိုင်ပြီး ပုဖန်ကို မလွှဲတမ်း ကြည့်နေသည်။သူတည်ငြိမ်လေးနက်သောမျက်နာထားဖြင့် ပြောလိုက်သည်။


ရှုရအရှင်သခင်သည် အော်ရာများကို ခွဲခြားစိတ်ဖြာရာ၌ အလွန် ကျွမ်းကျင်ပိုင်နိုင်လေသည်။သူပုဖန်၏ အော်ရာများ တဖြေးဖြေးချင်း မြင့်တက်လာသည်ကိုသိသိသာသာ ခံစားမိလေသည်။


ဓားချက်တစ်ချက် လွှဲခုတ်ပြီးတိုင်း သူ့၏ အော်ရာများက စုစည်းလာပြီး ဓားစွမ်းအင်ကို ပိုမို သန်မာလာစေသည်။၎င်းသည် ရှုရအရှင်သခင် စွမ်းအင်များကို ထိန်းချုပ်ရန်နှင့် အော်ရာများ အသုံးပြုရာတွင် သုံးသည့် ထူးခြားသော နည်းလမ်းတစ်ခုနှင့် တူနေလေသည်။၎င်းကအသုံးပြုသူ၏အော်ရာနှင့် ဓားစွမ်းအင်များ လှည့်ပတ်မှုက ထပ်တူကျ လိုက်ဖက်ညီနေသောကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ထိုဖြစ်စဉ်ကြားထဲတွင်လည်း ပဲ့တင်ရိုက်ခတ်သံတစ်ခုတော့ လိုအပ်သည်။


ပဉ္စမမြောက် ဓားချက်ကို လွှဲခုတ်လိုက်သည်။


ဒီတစ်ကြိမ်တွင်တော့ ကျောင်းယာသတိလက်လွတ်မနေရဲတော့ပေ။


သူအားကုန်သုံး၍ မြှားကို ပစ်လွှတ်လိုက်သည်။သို့သော်လည်း သူ့ရဲ့ မြှား ကျိုးပဲ့သွားတာကို မြင်လိုက်ရသောကြောင့် မျက်ဝန်းများ ပြူးကျယ်သွားလေသည်။


သူ့၏ နတ်ဘုရားသတ်လေးက ထ်ိုစားဖ်ိုမှူး၏။အနိုင်ယူခြင်းကို ထပ်ခါထပ်ခါ ခံနေရလေသည်။ဒါက ခွင့််မလွှတ်နိုင်စရာကောင်းလှသည်။သူ မြှားသုံးချောင်းဆက်တိုက် ပစ်လွှတ်ပြီးမှသာလျှင် ပုဖန်၏ ဓားစွမ်းအင်များက ပျောက်ကွယ်သွားသည် ပုဖန်က ကျောင်းယာ၏ အခြေအနေကို ဂရုမစိုက်ပဲ နောက်ထပ် ဓားချက်တစ်ချက် လွှဲချလိုက်သည်။


ဓားဆယ့်သုံးချက် အရှင်သခင် နည်းလမ်းက တစ်ခုပေါ်တစ်ခု ဆင့်ထပ်နေခြင်းဖြစ်သည်။ဓားကွက်ဆယ့်သုံးကွက်လုံးထုတ်အပြီးတွင် နတ်ဘုရားများ ကောင်းကင်အရှင်များကိုပင် သတ်ဖြတ်နိုင်ပေသည်။


ထို့ကြောင့် ဓားဆယ့်သုံးကွက် အရှင်သခင်၏အစစ်အမှန် စွမ်းအားကို ပြရန်မှာအလွန်ခက်ခဲလှသည်။သူ လွှဲလိုက်သော ဓားကွက်က ခြောက်ချက်မြောက် ဓားကွက်သာဖြစ်သော်လည်း မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲမှုမျိုးဖြစ်ပေါ်လာသည်။လျှပ်စီးများ မိုးခြိမ်းသံများ ခြံရံနေသော ဓားချက်က အသက်ရှိနေသလိုပင် ထင်ရသည်။


ကျောင်းယာ၏ မျက်နာအမူအရာက လေးနက်သွားသည်။သူ ခြေတစ်ချောင်းကို နောက်သို့ ဆုတ်လိုက်ပြီးနောက် အားအပြည့်ဖြင့် လေးကြိုးကို ဆွဲတင်လိုက်သည်။ထို့နောက် မြှားသုံးခုကို တြိဂံ အစီအရင်ပုံသဏ္ဍာန်ဖော်လိုက်ပြီးပစ်လွှတ်လိုက်သည်။


ဘုန်း...ဘုန်း...ဘုန်း...


ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ပြင်းထန်လှသော ဓားစွမ်းအင်များက ကျောင်းယာအနား သို့ ကျဆင်းသွားသည်။သူ့၏ ပတ်လည်တွင် ဖုန်မှုန့်များ တသောသောထသွားသည်။


ကျောင်းယာ၏ မျက်နာက ထိတ်လန့်မှု တစ်ခုကိုတွေ့ကြုံရသကဲ့သို့ မဲမှောင်သွားလေသည်။ ထ်ိုဓားစွမ်းအင်များက သူ့ကို မထိခိုက်စေသော်လည်းအနည်းငယ်တော့ ဒုက္ခများသွားစေသည်။အခြေအနေက နောက်တစ်ကြိမ်ပြောင်းလဲသွားပြန်သောကြောင့် လူအားလုံး မျက်စိကျယ်ကျယ်ဖွင့်၍ ကြည့်နေကြလေသည်။


သူတို့၏ စ်ိတ်အခြေအနေကလည်းရိုလာကိုစတာစီးရသလိုမျိုးအတက်အကျပြောင်းလဒနေပေသည်။ကျောင်းယာ ဒုက္ခရောက်သွားပုံကို မြင်ရသောအခါ၌ သူတို့ မျက်နာပေါ်မှ ထိတ်လန့်အံ့အားသင့်စရာများကို ဖုံးကွယ်မထားနိုင်တော့ပေ။


ရွှေနဂါးအရိုးမီးဖ်ိုချောင်သုံးဓားကိုကိုင်ဆောင်ထားသောပုဖန်၏ မျက်နာက စိတ်အားထက်သန်မှု အပြည့်နှင့် ဖြစ်နေသည်။သူက ခပ်လှမ်းလှမ်းရှ်ိ ကျောင်းယာကိုအေးစက်စွာတစ်ချက်လှမ်းကြည့်လိုက်သည်။


"ကြံ့ကြံ့ခံပြီး ဆက်ရပ်နေလိုက်ဦး...နောက်ထပ် ဓားချက်လာပြီ..."


ပုဖန်က သာမန်ပင်ပြောလိုက်သည်။သူပြော၍ ပြီးသည်နှင့် သူ့လက်ထဲမှ ဓားက အလွန်လျင်မြန်စွာလှုပ်ရှားသွားသည်။ကျယ်လောင်သော တုန်ခါသံများနှင့်အတူနောက်ထပ် ဓားချက်တစ်ချက် ကျဆင်းလာလေသည်။


"သတ္တမမြောက် ဓားချက်..."


"ရွှစ်..."