အခန်း ၆၂၀
အာဟ၏တိုက်ခိုက်မှု ...
ခုနစ်ချက်မြောက် ဓားချက်...
ကျယ်လောင်သောအသံနှင့်အတူ သိပ်သည်းလှသော ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။ထိုဓားစွမ်းအင်များက ကောင်းကင်ကို ဖြတ်ချေလုနီးပါးဖြစ်သွားလေသည်။
မြှားအရှိန်ကို တောင့်မခံနိုင်တော့ပဲ လေထုက အက်ကွဲလာသည်။လေဟာနယ်တွင် အပူလောင်ကျွမ်းမှုအား ဖြစ်ပေါ်လာ၏။ဓားစွမ်းအင်များက ပို၍ပို၍ ပြင်းထန်လာသည်။
ပုဖန် မျက်လုံးဖွင့်လိုက်သောအခါတွင် သူ့၏ မျက်ဝန်းထဲမှ ဓားအလင်းရောင်များ နေရာအနှံ့သို့ ပစ်လွှတ် လိုက်သည်။
ပတ်ပတ်လည်၌ တိမ်များ အခိုးအငွေ့များနှင့် ဖုံးလွှမ်းနေသည် ။သူ့လက်ထဲမှ မီးဖိုချောင်သုံးဓားဆီမှ အလင်းများကလည်း ပို၍ တောက်ပလာ၏။ပုဖန် အစစ်အမှန်စွမ်းအင်များကို သုံးလိုက်ပြီး လေထုတဲတွင် ခြေတစ်လှမ်းထပ်လှမ်း လိုက်သည်။
သူ့၏ ဓားစွမ်းအင်များကြောင့် လူအားလုံး ကြောက်ရွံ့တောင့်တင်းနေကြသည်။လျှာကဝေအစီအရင်၏ ထောက်ပံ့ထားပေးမှုကြောင့် သူဓားဆယ့်သုံးကွက်အရှင်သခင်နည်းလမ်းကို ထုတ်သုံးလိုက်သည့်အချိန်တွင် တကယ့်အစစ်မှန်အရှင်သခင် တစ်ယောက် မသေမျိုးကမ္ဘာကို ဆင်းသက်လာသည်နှင့်တူနေလေသည်။
သို့သော်လည်း ထိုနည်းလမ်းက သူ့၏ စားဖိုမှူး ဓားကိုင်ပညာရပ်နှင့်လည်း ဆင်တူနေလေသည်။
လူအားလုံး ပြောစရာစကားမဲ့နေမိသည်။
"လူတစ်ယောက်က သူ့ရဲ့ မီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်ရုံနဲ့ အရှင်သခင်တစ်ပါးလို ဖြစ်သွားနိုင်တာလား...ဓားစွမ်းအင်တွေက ကောင်းကင်ကို ထိုးဖောက်ဖြတ်သန်းသွားတယ် လေထုနဲ့ တိမ်တွေရဲ့ အရောင်က ပြောင်းလဲသွားတယ်ကျွမ်းကျင်ပညာရှင်များစွာက လည်ပင်းဆန့်ထုတ်၍ ထိုဓားစွမ်းအင်များကို သေချာစွာကြည့်နေကြသည်။
ကျောင်းယာ ထိတ်လန့်မှုဖြင့် အော်လိုက်ပြီး သူ့၏ အော်ရာများက တရှိန်ထိုးမြင့်တက်လာသည်။သူ့၏ အရှေ့မှ ပုရွန်ဆိတ်တစ်ကောင်လို အားနည်းလှသော လူတစ်ယောက်က သူ့နှင့် ယှဉ်ပြိုင်နိုင်ဖို့ အစီအရင်ကို အသုံးပြုလိုက်မည်ဟု မထင်ထားခဲ့ပေ။
သူ့လိုမျိုး လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ပညာရှင်တစ်ယောက်က စိတ်ရှိတိုင်းစော်ကားဖို့ ခွင့်ပြုထားလိမ့်မယ်လို့ ထင်နေသလား...
ခွင့်မလွှတ်နိုင်ပေ။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို စော်ကားသူမှန်သမျှ သေရပေမည်။
ကြယ်ကိုးလုံးခြံရံ ပုလဲမြှား...
ကျောင်းယာ ဟစ်ကြွေးပြီးသည်နှင့် သူ နတ်ဘုရားသတ်လေးကြိုးကို ဆွဲလိုက်သည်။လေးကြိုပေါ်တွင် အလင်းမြှားကိုးခု စုစည်းလာလေသည်။
ရွှစ်...ရွှစ်...
အလင်မြှားများ ပစ်လွှတ်လိုက်သည်နှင့် ဆူညံလှသော လေထုတုန်ခါသံများ ထွက်ပေါ်လာ၏။ထိုအလင်းမြှားများက ကျဆင်းလာသောဓားစွမ်းအင်များနှင့် ထ်ိပ်တိုက်တွေ့ဆုံသွားသည်။ထ်ိုအခိုက်အတန့်၌ ကြောက်မက်ဖွယ်ကောင်းလှသောပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး ကောင်းကင်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာအမွှာ ပြိုကွဲသွားသလိုမျိုး ထင်ရသည်။
ဘုန်း...ဘုန်း .. ဘုန်း...
ပုဖန်က ထိုမျှ စွမ်းဆောင်နိုင်လိုက်မည်ဟု မည်သူမှမထင်ထားကြပေ။မယုံနိုင်စရာကောင်းလှသည်။
ပုဖန်ကောင်းကင်ပော်မှနေ၍ မြို့တံတိုင်းပေါ်သို့ ပြန်လည် ဆင်းသက်လာသည်။သူ့၏ရင်ဘတ်က အပြင်းအထန် လှုပ်ခါနေ၏။
ခုနှစ်ချက်မြောက် ဓားချက်က သူ့၏အကန့်အသတ်ကို ကျော် လွန်နေပေပြီ။အကယ်၍ သူနောက်တစ်ချက် ထပ်မံ ထုတ်ဖော်လ်ိုလျှင်ပင် သူ့၏ ခန္ဓာကိုယ်က ခံနိုင်စွမ်းမရှိတော့ပေ။
တုန်ခါပေါက်ကွဲသံများက လူတိုင်းအားလုံးကို နေရာမှာပင် ကြောင်အရပ်တန့်စေခဲ့သည်။ရှုရအရှင်သခင်က သူ့၏တပ်များကို ရှေ့ဆက်မသွားရန် အမိန့်ပေးလိုက်သည် ။တိုက်ပွဲအစတွင် ခန့်ညားသည့် ပုံစံ ဟန်ဆောင်လှုံ့ဆော်မှုက စိတ်ဓာတ်မြင့်တင်ပေးရန် အရေးကြီးသော်လည်း ခဏခဏ အသုံးပြုပါက အသုံးဝင်မှု လျော့နည်းသွားပေလိမ့်မည်။
ယခုအချိန်တွင် မြူကောင်းကင်မြို့၏ ပညာရှင်များ၏ စိတ်ဓာတ်ရေးရာက မယှဉ်နိုင်လောက်အောင် မြင့်တင်လာပေပြီ။စားဖိုမှူးလေးကသူ့၏ ကိုယ်ပိုင်စွမ်းအားဖြင့် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။
သူကတကယ်ကိုမှော်ဆန်လှသော စားဖ်ိုမှူးတစ်ယောက် ဖြစ်သည်။သူရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်ကို သတ်ရဲခြင်းက အံ့သြစရာမဟုတ်တော့ပေ။ထိုကဲ့သို့သော စွမ်းအားများရှိနေသောကြောင့်ပင် သူ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သော ရှုရမျှော်စင်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်ပေလိမ့်မည်။
ရှုရအရှင်သခင်က သူ့၏ ရှုရဓားကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး မျက်မှောင်ကြုတ်၍ စဉ်းစားနေမိသည်။သူအခုအချိန် ဒီအခွင့်အရေးကို အသုံးချ၍ ထိုစားဖိုမှုးကို သတ်သင့်မသတ်သင့် စဉ်းစားနေမိသည်။
သို့သော်လည်း ဖုန်မှုန့်များ ကွယ်ပျောက်သွားပြီးနောက်... မားမားမတ်မတ်ရပ်နေသည့် ပုံရိပ်တစ်ရိပ်ကို တွေ့လိုက်ရပြီးနောက် သူဒီတိုင်းထားရန်သာ ဆုံးဖြတ်လိုက်သည်။
ရှေးဦးလေးတစ်လက်ကို ကိုင်ဆောင်ထားသော ကျောင်းယာ၏ မျက်နာအမူအရာက လေးနက်နေသည်။သူ့၏ ဆံပင်များကလည်း ရှုပ်ပွနေ၏။သူ့မျက်နာက အနက်ရောင်ကြာပန်းတစ်ပွင့်ကဲ့သို့ မဲမှောင်နေလေသည်။သူ့၏ အကြည့်များက မြို့တံတိုင်းပေါ်ရှ်ိ ပုဖန်ကိုမလွှဲတမ်းစိုက်ကြည့်နေလေသည်။
သူအရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တိုင်း သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စွမ်းအင်အမြောက်အများ စုစည်းလာလေသည်။
"မင်းက ငါ့ကို အောင်အောင်မြင်မြင်ရန်စလိုက်နိုင်ပြီ...လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက လူတွေကို ဘယ်သူမှ စော်ကားလို့မရဘူး...ကောင်စုတ်လေး မင်းသေရမယ်..."
သူ...လေးကို နောက်တစ်ကြိမ် ဆွဲထုတ်လိုက်သည်။ပုဖန်ကိုကြည့်၍ သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွှတ်သွားသည်။ပုဖန်၌ နောက်ထပ် ဓားချက်တစ်ချက်ထုတ်စရာစွမ်းအင်မရှ်ိတော့ကြောင်း သူသိပေသည်။
လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်တစ်ယောက်အနေဖြင့် ပုဖန်မှ ထုတ်လွင့်လိုက်သော ဓားချက်ကိုကြည့်၍ နည်းလမ်းများကို သူခွဲခြမ်းစိတ်ဖြာနိုင်လေသည်။
မည်သို့ပင်ဆိုစေ ပုဖန်က အဆင့်တစ်ဆင့်သာ ချိုးဖျက်ရသေးသည့် မသေမျိုး ခန္ဓာပညာရှင်လေးသာဖြစ်သည်။မသေမျိုးဝိညာဉ် အဆင့်နှင့်တူညီပြီး သူ့အသုံးပြုသော စွမ်းအင်များထွက်ပေါ်လာအောင် အစီအရင်က ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
သူ့၏ ဓားနည်းစနစ်ကလည်း တူတူပင်ဖြစ်သည်။သို့သော်လည်း ယခုအချိန်တွင် ပုဖန်၏ ဟန်ပန်အရ သူနောက်တစ်ကြိမ် ထပ်မလုပ်နိုင်တော့ကြောင်းဖော်ပြနေလေသည်။သူ မလုပ်နိုင်တော့ဘူးဆိုလျှင် သူသေရပေလိမ့်မည်။
ကျောင်းယာ တစ်လှမ်းလျှောက်လိုက်တိုင်း သူ့၏ စွမ်းအင်များက အဆက်မပြတ် မြင့်တက်နေသည်။ထ်ိုအချင်းအရာက လူအားလုံးကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေသည်။ရှုရအရှင်သခင် မျက်ဝန်းများ မှေးကျင်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
"တိုက်..."
ရှုရအရှင်သခင်၏ အမိန့်ဆုံးသည်နှင့် သူ့၏ ရှုရတပ်က ရက်စက်ကြမ်းတမ်းစွာ လှုပ်ရှားလာလေသည်။သူတို့က မြူကောင်းကင်မြို့မှ ပညာရှင်များ၏ တိုက်ပွဲတွင်ပျော်ပျော်ကြီး ဝင်ရောက်ဆင်နွှဲလာလေသည်။
ရှုရအရှင်သခင်က ထိုပရမ်းပတာ အခြေအနေကြားထဲတွင် သူ့၏ ရှုရဓားကို ဆုပ်ကိုင်၍ ရပ်နေလေသည်။သူ လေထဲသို့ ပြန်တက်လိုက်ပြီးနောက် မြို့တံတိုင်းပေါ်ရှိ ပုဖန်ဆီသို့ ဦးတည်လာလေသည်။
သူ့၏ နတ်ဆိုးဆန်လှသော မျက်နာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေသည်။သူ့၏ မျက်ဝန်းများကလည်း နက်မှောင်နေ၏။ကျောင်းယာကလည်း ပုဖန်ဆီသို့ ဦးတည် ပျံသန်းလာလေသည်။
ပုဖန်က လေအရှိန်ကြောင့် တဖျတ်ဖျတ် လွင့်ခါနေသော သူ့၏ နီရောင် စားဖိုမှုးဝတ်စုံကိုပင် ဂရုမစိုက်နိုင်တော့ပေ။သူ တဖြေးဖြေးနီးကပ်လာသော ရှုရအရှင်သခင်နှင့် ကျောင်းယာကိုသာ စူးစိုက်ကြည့်နေသည်။
ပုဖန် သက်ပြင်းအသာချလိုက်သည်။
နယ်သာရီ၏ ချောမောလှပသော မျက်နာလေးက လေးနက်တည်ကြည်နေသည်။သူ ပုဖန်ရှေ့၌ ကာရပ်လိုက်ပြီး ကျောက်စိမ်းတမျှ ချောမွေ့လှသော လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုလူနှစ်ဦး ချဉ်းကပ်လာလျှင် သတ်ဖြတ်ရန် ရည်ရွယ်ထားလေသည်။
ငရဲဘုရင်ကမူ ဘယ်သူမှ မသိလိုက်ခင်မှာပင် နောက်ထပ် အစပ်ချောင်းတစ်ချောင်းကို ထုတ်၍ စားသောက်နေလေသည်။သူက တဖြေးဖြေးနီးကပ်လာသူ နှစ်ယောက်ကိုကြည့်၍ နှာခေါင်းရှုံ့လိုက်လေရာ သူ့နှာခေါင်းမှ အခ်ိုးအငွေ့များပင် ထွက်လာလေသည်။
လေထဲတွင်ရှိနေသော ကျောင်းယာက သူ့၏ နတ်ဘုရားသတ်လေးကြိုးကို နောက်တစ်ကြိမ် ဆွဲတင်းလိုက်သည်။ထိုငရဲကမ္ဘာသက်ရှိက ငရဲဘုရင်ဖြစ်နိုင်ကြောင်း သူသိနေပေသည်။သူ အနည်းငယ်မျှပင် သတိလက်လွတ်မလုပ်ရဲတော့ပေ။
ကျယ်လောင်လှသော မိုးခြိမ်းသံနှင့်အတူ အနက်ရောင်မြှားတစ်စင်း ပြေးထွက်သွားလေသည်။
ထွက်သွားစမ်း...
ကျောင်းယာ၏ မျက်လုံးထဲတွင်တော့ ထိုငရဲကမ္ဘာသက်ရှိက သူ့၏ ရိုက်ခတ်မှုတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ဟု ထင်ပေသည်။ကျောင်းယာ၏ အသံက ငရဲဘုရင်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
သူက ငရဲကမ္ဘာတွင်ပင် စည်းမျဉ်းများကို အုပ်ချုပ်သော ကြီးမြတ်သော ငရဲဘုရင် အာဟဖြစ်သည်။
"တစ်စုံတစ်ယောက်က သူ့ကို ထိုပုံစံမျိုးဖြင့် ပြောရဲသည်လား...သူက ဘယ်ကဘယ်လို ယုံကြည်မှုတွေ ရလာတာလဲ...သူ့လက်ထဲက အမှိုက်သရိုက် လေးဆီကလား..."
ရုတ်တရက် ငရဲဘုရင် ဒေါသထွက်သွားပြီး သူ့ပါးစပ်ထဲမှ အစပ်ချောင်းကို မြိုချလိုက်သည်။သူ့မျက်ဝန်းမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖြာထွက်လာလေသည်။
သူအသက်ပြင်းပြင်းရှိုက်လိုက်သည့်အခါတွင် သူ့ပါးစပ်ထဲတွင်ပြည့်နေသော အစပ်ချောင်း၏ အရသာကို ပြန်လည် အရသာခံမိသွားပြီး ပါးစပ်ထဲ သရေများ ပြည့်လာလေသည်။
သူ လက်သီးတင်းတင်းဆုပ်လိုက်ပြီးနောက် ခြေထောက်တစ်ချောင်းကို နောက်သို့ ဆုတ်လိုက်ပြီး စွမ်းအင်များကို စုစည်းလိုက်သည်။
ကျောင်းယာက အထင်အမြင်သေးစွာ ပြုံးလိုက်သည်။မည်သူပင်ဖြစ်ပါစေ ငရဲကမ္ဘာသက်ရှိဖြစ်လျှင် ထိုမြှားက ဖောက်ထွင်းသွားပေလိမ့်မည်။မည်သည့် ငရဲကမ္ဘာသက်ရှိမှ ထိုနတ်ဘုရားသတ်မြှားကို ခုခံနိုင်ခြင်းမရှိပေ။
ငရဲဘုရင်၏ မျက်လုံးထဲတွင် ထိုမြှားထိပ်ဖူးက ကြီးသထက်ကြီးလာလေသည်။မြှားဖြတ်သန်းလာရာ လေထုကလည်း တွန့်လိမ်လာသည်။အစပ်ချောင်း အရသာထင်ကျန်နေဆဲ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ထို့နောက် အားအပြည့် လက်သီး တစ်ချက် ထိုးချလိုက်သည်။
ဝုန်း...
၎င်းက ရှေးဦး သားရဲကြီးတစ်ကောင် နှိုးထလာသည့် ခံစားချက်မျိုးနှင့်ပင်တူလေသည်။ထိုအခိုက်အတန့်၌ ကမ္ဘာမြေကြီးတစ်ခုလုံး သိမ့်ခနဲ လှုပ်ခါသွားလေသည်။
ကျောင်းယာ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။သူ မျက်လုံးများ ပြူးကျယ်ပြီး တောင့်တောင့်ကြီး ဖြစ်လေသည်။မြူကောင်းကင်မြို့တံတိုင်းက အာဟ၏ လက်သီးဒဏ်ကို မခံနိုင်သလိုမျိုး တုန်ခါသွားပြီး ချက်ချင်း အပျက်အစီးများဖြင့် ပြိုကျသွားလေသည်။
ကြီးမားလှသော လက်သီးပုပ်ကြီးက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး အရာရာအားလုံးကို ဖိနှိပ်ထားလေသည်။နတ်ဘုရားသတ်မြှားမှ အလင်းများ ဖြာထွက်လာသည်။ထ်ိုမြှားက လက်သီးချက်မှ ထွက်ပေါ်လာသော အမှောင်စွမ်းအင်များ၏ ဆွဲဆောင်မှုကို ခံလိုက်ရပုံပေါ်သည်။
ဒီကမ္ဘာကြီး တစ်ခုလုံးကို နက်ရှိုင်းလှသော အမှောင် စွမ်းအင်များက ဖုံးလွှမ်းသွားလေသည်။ကျောင်းယာ၏ မျက်ဝန်းများ ကျုံ့သွားသည်။သူ ပါးစပ်အဟောင်းသားပွင့်နေပြီး ထိတ်လန့်မှုကြောင့် အသက်ရှုသံများပင် နှေးကွေးသွားသည်။
"ဒီစွမ်းအင်က အဲ့ဒီလောက်အားကြီးပြီး ဘယ်လိုတောင် ကြောက်စရာကောင်းနေရတာလဲ အဲ့ဒီ ငရဲကမ္ဘာသက်ရှိက ဘယ်အဆင့်လဲ အဲ့ဒီလောက်ကြောက်စရာကောင်းတဲ ငရဲကမ္ဘာသက်ရှိက နဂါးမြို့ဟောင်းတိုက်ကြီးပေါ်မှာ ဘယ်လိုလုပ်ပြီး ပေါ်လာရတာလဲ
ဝုန်း..."
အလင်းရောင်များ ထုတ်လွင့်နေသော နတ်ဘုရားသတ်မြှားက သူ့၏ ခံနိုင်ရည်နောက်ဆုံးကို ရောက်သွားသလိုမျိုး ထိုလက်သီးချက်ကြောင့် ပဲ့ကျေသွားသည်။ကြောက်မက်ဖွယ်ကောင်းလှသော ထိုးနှက်ချက်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ကျောင်းယာ အနည်းငဟ်မျှပင် တွန့်ဆုတ်နေခြင်းမရှ်ိပဲ ချက်ချင်း လှည့်ထွက်ပြေးတော့သည်။
ထိုကဲ့သို့သော တည်ရှိမှုမ်ျိုးက သူရင်ဆိုင်နိုင်သော အရာမဟုတ်ပေ။လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ သန့်စင်မြင့်မြတ်သော နယ်မြေမှ အစစ်အမှန် ပညာရှင်သာလျှင် ထိုလက်သီးချက်ကို ခုခံနိုင်ပေ လိမ့်မည်။
"ပြေးမယ်ပေါ့...မင်းပဲ ဒီဘုရင်ကို ဖိအားပေးပြီး လှုပ်ရှားချင်ခဲ့တာ မဟုတ်ဘူးလား အခု မင်းက ထွက်ပြေးချင်တယ်ပေါ့..."
ယခုလက်ရှိအချိန်၌ ငရဲဘုရင်က ဒေါသထွက်နေပေပြီ။သူချက်ချင်းပင် နောက်ထပ် ရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်သည်။ကောင်းကင်ယံထက်တွင် မြင့်မားလှသော လက်ဝါးပုံရိပ်တစ်ခု ပေါ်လာသည်။
ကျောင်းယာက လေထဲ ဆွဲမြောက်ခံထားရသလိုမျိုး ဖြစ်နေလေသည်။သူ ဒီနေရာမှ လွတ်မြောက်အောင်ပြေးချင်သည်။သို့သော်လည်း ထိုပုံရိပ်ကြီးက ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသလိုမျိုး သူပြေးစရာနေရာမရှိပေ။ထိုရိုက်ချက်က တဖြေးဖြေးနီးကပ်လာသည်ကို ကြောက်ရွံ့တုန်လှုပ်ဖွယ်တွေ့လိုက်ရသည်။
ဘန်း....
မြေပြင်တုန်ခါသွားပြီး အက်ကွဲကြောင်းများ ပြည့်နှက်သွားလေသည်။ရှုရအရှင်သခင်မှာ နေရာတွင်ပင် ရပ်တန့်နေမိသည်။ထောင်သောင်းချီနေသောရှုရတပ်မှ စစ်သည်တော်များကလည်း အသက်ပင်မရှုပဲ အောင့်ထားမိကြ၏။
အားလုံးက ထိုမြင့်မားတင့်တယ်လှသော ပုံရိပ်ကို လှည့်ကြည့်လိုက်ကြသော်လည်း မည်သူမှ အသက်ရှူသံပင် မထွက်ရဲကြပေ။ရုတ်တရက် မယှဉ်နိုင်လောက်အောင် သန်မာသော တည်ရှိမှု တစ်ခုပေါ်လာသလိုမျိုး အားလုံး တုန်ယင်ကြောက်လန့်နေကြသည်။ပတ်ဝန်းကျင်တစ်ခုလုံး တုန်ယင်ကြောက်လန့်သံများဖြင့် ဆူညံနေလေသည်။ငရဲဘုရင်က သူ့၏ စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ကမ္ဘာလောကတစ်ခုလုံးကို လွှမ်းမိုးနေသော အမှောင်စွမ်းအားများ ပြန်လည် ပျောက်ကွယ်သွားလေသည်။
သူခေါင်းမော့၍ လေဟာနယ်ကိုကြည့်လိုက်သည်။သူ့၏ မျက်ဝန်းအကြည့်များက နက်ရှိုင်းလှသည်။သူ့အမူအရာက တည်ငြိမ်လေးနက်နေပြီး နေ့တိုင်းတွေ့နေကြ အပြောင်းအပျက် ပုံစံနှင့် ကွဲပြားနေလေသည်။
မြေပြင်ပေါ်တွင် လက်ဝါးရာတစ်ခု ထင်ကျန်နေပြီး ထိုအလယ်တွင် သွေးအိုင်တစ်အိုင်ဖြစ်ထွန်းနေလေသည်။ကျောင်းယာ၏ ခန္ဓာကိုယ်က ထိုလက်ဝါးရိုက်ချက်၏ အောက်တွင် အသားပြားပုံသဏ္ဍန်ပြောင်းလဲသွားလေသည်။
ပုဖန် အနည်းငယ် အံ့အားသင့်နေမိသည်။
"ဒါက ငရဲဘုရင်ရဲ့ တကယ့်စွမ်းအား အစစ်အမှန်လား..."
၎င်းက တမူထူးခြားနေလေသည်။အစပ်ချောင်းကို အလွန်နှစ်သက်သော ဟလေးတွင် ထိုကဲ့သို့ စွမ်းအားများရှိလိမ့်မည်ဟု မထင်ထားမိပေ။ရှုရအရှင်သခင်သည်လည်း အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိပဲ ငရဲဘုရင်နှင့် ဝေးရာဆီကိုလှည့်ထွက်ပြေးသွားလေသည်။
ဒီလူက ကြောက်ဖို့ကောင်းလွန်းတယ် သို့သော်လည်း လက်ရှိအချိန်တွင် ငရဲဘုရင်က ရှုရသခင်ကို စိတ်ထဲ ရှ်ိပုံ မပေါ်ပေ။သူက တစ်စုံတစ်ခုကို စောင့်နေသလို သို့မဟုတ် တစ်စုံတစ်ခုကို သိနေသလိုမျိုး လေဟာနယ်ကိုသာ စိုက်ကြည့်နေလေသည် ။အနည်းငယ် ထူးဆန်းမှုကို ခံစားလိုက်ရသည်။
"သူက ငရဲကမ္ဘာရဲ့ဘုရင်ပဲ သူကဒီကုန်းမြေကြီးရဲ့ စည်းမျဉ်းတွေစီက ကန့်သတ်ခြင်းကို ခံထားရတယ်...ဒီကုန်းမြေကြီးကို လာခွင့်မရှိဘူး ပြီးတော့ သူက ဒီနေ့မှာ သူ့စွမ်းအားတွေကို ထုတ်ဖော်ပြသလိုက်တယ်လေ...အဲ့ဒီတော့ စည်းမျဉ်းတွေက သူ့ကို ဆန့်ကျင်ကြတော့မယ်လေ ...အဲ့ဒီတော့..."
နယ်သာရီက ပုဖန်ဘေးနားတွင် ရပ်လိုက်ပြီး အေးစက်စွာဖြင့် ပြောပြလိုက်သည်။သို့သော်လည်း သူမ စကားဆုံးအောင် မပြောလိုက်ရပေ။ငရဲဘုရင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။
"အဲ့ဒီတော့ ငရဲကမ္ဘာက အီးပေါလောကြီးတွေက ဒီဘုရင်က ဒီမှာ ပြဿနာရှာနေတယ်ဆိုတာ သိသွားကြပြီလေ အဲ့ဒီတော့ အခု ငရဲကမ္ဘာကို ပြန်ရတော့မယ်..."
"သူထွက်သွားတော့မယ်လို့ ပြောနေတာလား..."
ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။
"လူငယ်လေး ငါ နောက်တစ်ကြိမ် ထပ်လာတဲ့အချိန်ကျရင် မင်းရဲ့ အရသာရှိတဲ့ အစပ်ချောင်းတွေကို စားနိုင်ဖို့ မျှော်လင့်ပါတယ်...မင်းအသက်ရှည်ရှည်နေရမယ်နော်..."
ငရဲဘုရင် ပြုံး၍ ပြောလိုက်သည်။ထို့နောက် သူ့၏ ခြေဖဝါးအောက်မြေပြင်မှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ထိုအမှောင်စွမ်းအင်များမှနေ၍ ကြီးမားလှသည့် အစီအရင်တစ်ခု ထွက်ပေါ်လာ၏။
ချက်ချင်းဆိုသလိုပင် ထ်ိုအစီအရင်မှ ပုံရိပ်များစွာ ထွက်ပေါ်လာလေသည်။