အပိုင်း ၆၂၁
Viewers 52k

အခန်း ၆၂၁

တချက်ထဲနဲ့သတ်မယ်...


အမှောင်စွမ်းအင်များမှနေ၍ ဖြစ်တည်လာသော အစီအရင်ထဲ၌ ပုံရိပ်များ ထွက်ပေါ်လာသည်။တခြားသူများက ထိုမြင်ကွင်းကိုကြည့်၍ အံ့အားသင့်ထိတ်လန့်နေကြသည်။ငရဲဘုရင်က အစီအရင်၏ အလယ်တွင် ရှိနေပြီး အမှောင်စွမ်းအင်များက သူပတ်ပတ်လည်တွင် ဝေ့ဝဲနေသည်။ထိုအရာက အနက်ရောင်စွမ်းအင်များ တဖျတ်ဖျတ် လက်နေသလိုပင် ထင်ရသည်။နန်ကုန်းဝူချယ် လုံးဝ အံ့အားသင့်နေမိသည်။


"အဲ့ဒါဘာလဲ..."


အမှောင်စွမ်းအင်များ ဖုံးလွှမ်းနေသော ထိုသူက ငရဲသို့ ဆင်းသက်တော့မည့်ပုံပေါ်လေသည်။သူ ထိတ်လန့်နေမိ၏။


"သူက ငါနဲ့ အတူတူ ပိုင်ရှင်ပုဆိုင်မှာ အစပ်ချောင်းတွေကို လာစားနေတဲ့သူလား...သူက နေ့တိုင်း အစပ်ချောင်းကို စုပ်နေရတာကြိုက်တဲ့ ငါတို့ရဲ့ ဟလေးလာ...ဟလေးက သူနဲ့လည်း မတူပါဘူး..."


ငရဲဘုရင်က ထိုစွမ်းအင်များ၏ အလယ်တွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသည်။သူ့၏ ပုံစံက အလွန်ပင် ဆန်းကြယ်လှ၏ အမှောင်စွမ်းအင်များ ဖုံးလွှမ်းနေပုံက သူ့အား တကယ့်အစစ်အမှန် ငရဲဘုရင်ဟု ထင်ရစေသည်။


ငရဲဘုရင် သက်ပြင်းအသာချလိုက်သည်။သူ လက်တစ်ဖက်ကို အင်္ကျီလက်ထဲသို့ ထည့်လိုက်ပြီး အစပ်ချောင်းများကို နှိုက်ထုတ်လိုက်သည်။ထိုအစပ်ချောင်း၏ မွှေးရနံ့များက စွဲဆောင်နိုင်စွမ်းရှိလှသည်။ထို့နောက် သူက ထ်ိုအရိပ်များဆီသို့ သွား၍ အစပ်ချောင်းများ ကမ်းပေးလိုက်သည်။သူ့၏ အမူအရာက အလွန်ပင် အကျွမ်းတဝင်ရှိနေပုံပေါ်လေသည်၏


"သူတို့က ဝိညာဉ် ရွှေ့ပြောင်းအစီအရင်ကို စောင့်ရှောက်ရန် တာဝန်ရှိတဲ့ ငရဲကမ္ဘာက အလောင်းတစ္ဆေ အဖွဲ့ဖြစ်တယ်...ငရဲကမ္ဘာက ဘယ်သက်ရှိမဆို ရွှေ့ပြောင်းအစီအရင်ကို အသုံးပြုချင်ရင် အဲ့ဒီ အလောင်းတစ္ဆေအဖွဲ့ကနေ ခွင့်ပြုချက်ရဖို့လိုတယ်...ပြောရမယ်ဆိုရင်တော့ သူတို့က ငါတို့ ငရဲကမ္ဘာမှာ အရာရာကို ထိန်းချုပ်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ သူတွေပဲ..."


နယ်သာရီ ပြောလိုက်သည်။သူမက ငရဲကမ္ဘာမှ သူဖြစ်သောကြောင့် ငရဲကမ္ဘာ၏ စည်းမျဉ်းများအားလုံးကို နားလည်ပေသည်။ငရဲကမ္ဘာတွင် ထိုကဲ့သို့ ထိန်းချုပ်နိုင်စွမ်းရှိသည့် အဖွဲ့အစည်းဟူ၍ အလောင်းတစ္ဆေအဖွဲ့သာရှိသည်။သူတို့က ငရဲဘုရင်နှင့်ပင် တူညီနေသည်ဟု ဆို၍ ရပေသည် ။


ပုဖန် ခေါင်းညိတ်ပြလိုက်သော်လည်း သူငရဲကမ္ဘာ၏ အကြောင်းကို များများစားစားမသိပေ။သို့သော် ငရဲဘုရင်က အစပ်ချောင်းများကို ထ်ိုသူများအား ပေးလိုက်သောကြောင့် အံ့အားသင့်သွားမိသည်။


ငရဲဘုရင်က အစပ်ချောင်းတွေကို အရူးအမူး ဖြစ်နေတာမဟုတ်ဘူးလား သူက သူ့ရဲ့ ရတနာတွေကို သူများကို ဒီတိုင်းပဲပေလိုက်တယ်ပေါ့ သူ့ရဲ့ စိတ်ထားက ပြောင်းလဲသွားပြီလား ... 


"ဟလေးက ဘာတွေလုပ်နေတာလဲ..."


ပုဖန် နယ်သာရီဘက်သို့လှည့်၍ သံသယမကင်းစွာဖြင့် မေးလိုက်သည်။နယ်သာရီ မျက်မှောင်ကြုတ်လိုက်သည်။သူမ၏ မျက်ဝန်းအကြည့်များကလည်း လေးနက်တည်ကြည်နေ၏။


"ငါလည်း မသိဘူး..."


သူမ တကယ်ကို မသိပေ။


ထိုသို့ဆိုလျှင် ငရဲဘုရင် မည်သည့်ကိစ္စများ ပြုလုပ်နေသည်အား သူမှလွဲ၍ မည်သူမှ သိတော့မည်မဟုတ်ပေ။သူ့၏ အစပ်ချောင်းများကို ထိုပုံရိပ်များအား ပေးလိုက်ရသောကြောင့် သူနှလုံးသားပင် ကွဲကြေမလို ခံစားလိုက်ရသည်။သူက ထိုသူများ၏ ပခုံးကိုပုတ်လိုက်ပြီး တစ်စုံတစ်ရာတီးတိုး ပြောလိုက်သည်။


ထို့နောက် ထိုပုံရိပ်များက အစပ်ချောင်းကို စတင်၍ ဝါးနေလေသည်။သူတို့ စားနေစဉ်အတွင်း ငရဲဘုရင်ကို လက်မထောင်ပြလိုက်၏။အနား၌ရှိနေသော သူများအားလုံး ပြောစရာစကားပင်မဲ့နေမိကြသည်


ငရဲဘုရင်၏ ပုံရိပ်က အလွန်ပင် စွမ်းအားကြီးလာပြီး လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးမှ ပညာရှင်ကိုပင် လက်ဝါးတစ်ချက်တည်းဖြင် အနိုင်ယူခဲ့သူဖြစ်သည်။


သူက ယှဉ်နိုင်စွမ်းပင်မရှိသော ငရဲကမ္ဘာမှ ပညာရှင် ဖြစ်သည်။သို့သော်လည်း ယခုသူ့ကိုကြည့်ပါ သူက ဘယ်ကပေါ်လာသည်မသိသော ပုံရိပ်ယောင်များကို လာဘ်ထိုးနေသည်ပေါ်သော ကလေကချေတစ်ကောင်နှင့်တူနေလေသည်။


ရှုရအရှင်သခင် ထိုမြင်ကွင်းကြောင့် နှုတ်ခမ်းများပင်ရွဲ့သွားမိသည်။ကျောင်းယာသာ အသက်ရှင်လျက်ရှိနေသေးလျှင် ထိုမြင်ကွင်းကြောင့်ပင် သွေးအန်၍ သေရပေလိမ့်မည်။


ခဏအကြာတွင် အလောင်းတစ္ဆေများ အစပ်ချောင်းများစား၍ ပြီးဆုံးသွားပေပြီ သူတို့က မြို့တံတိုင်းပေါ်တွင်ရှိနေသော နယ်သာရီဆီသို့ လှမ်းကြည့်လိုက်ကြသည်။ထိုအလောင်းတစ္ဆေများ၏ အနီရောင်မျက်ဝန်းများကို မြင်လိုက်သူတိုင်း တုန်လှုပ်သွားကြသည်။


"ဒါက ဘယ်လိုမျက်လုံးမျိုးလဲ ..."


ထိုမျက်လုံးများထဲတွင် လူတိုင်းက သွေးပင်လယ်နှင့် အလောင်းတောင်ကို မြင်နိုင်လေသည်။ထိုအကြည့်များကြောင့် နယ်သာရီ၏ ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်သွားသည်။


ပုဖန်လည်း ကြောက်မက်ဖွယ်ရာ ဖိအားများကို ခံစားလိုက်ရသည်။ထိုအလောင်းတစ္ဆေများက တကယ်ကြောက်စရာကောင်းလှသည် ။သူတို့၏ ပစ်မှတ်က နယ်သာရီ ဖြစ်ပုံရလေသည်။သို့သော်လည်း ထို အလောင်းတစ္ဆေများ၏ အကြည့်များ ပို၍ စူးရှလာသည့် အခိုက်တွင် ငရဲဘုရင်က သူတို့၏ မြင်ကွင်းကိုကာ၍ ရပ်လိုက်သည်။


သူ့၏ နှုတ်ခမ်းထောင့်စွန်းလေများ တွန့်ကွေးသွားပြီး ထ်ိုအလောင်းတစ္ဆေများအားလုံးကိုဆွဲကိုင်၍ အစီအရင်ထဲ နစ်မြှုပ်စေလိုက်သည်။သူက နယ်သာရီဆီသို့ လက်တစ်ဖက် ဝှေ့ယမ်းပြလိုက်သည်။အလောင်းတစ္ဆေများအားလုံး အစီအရင်ထဲ ပျောက်ကွယ်သွာသောအချိန်မှသာ အားလုံး စိတ်သက်သာရာ ရသွားကြသည်။


ပုဖန်သည်လည်း နယ်သာရီ၏ ခန္ဓာကိုယ်ကို တောင့်တင်းရာမှ ပြေလျော့သွားသည်ကို မြင်လိုက်ရသည်။ပင့်သက်တစ်ချက်ရှူထုတ်လိုက်သည်။ထို အလောင်းတစ္ဆေဝိညာဉ်ရွှေ့ပြောင်းအစီအရင်က သူမကို ဖိအားပေးနိုင်ကြောင်း သိသာလှပေသည်။


ငရဲဘုရင်က သူမထွက်ခွာခင်ပုဖန်ကို အဓိပ္ပါယ်တစ်ချို့ ပြသသွားပြီး ပုဖန်ကလည်း နားလည်သဘောပေါက်ပုံရလေသည်


သူက နယ်သာရီဆီသို့ လည်းတစ်ချက်ကြည့်၍ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။


ထိုအလောင်းတစ္ဆေများကငရဲကမ္ဘာသက်ရှိများ၏ မူလအစဟုပင် ဆို၍ ရပေသည်။ထိုသူများကို မြင်သည့်ခဏ၌ နယ်သာရီ ကြောက်လန့်သွားသည်မှာ ပုံမှန်ပင်ဖြစ်၏ သူမက လျှို့ဝှက်နယ်မြေကို စွန့်ခွာလာသူဖြစ်သောကြောင့် ထိုအလောင်းတစ္ဆေများက သူမအား လျှို့ဝှက်နယ်မြေထဲသို့ ပြန်ခိုင်းခြင်း သို့မဟုတ် ငရဲကမ္ဘာတွင် ထာဝရ ချုပ်နှောင်ထားခြင်းမျိုး ပြုလုပ်နိုင်သည်။ထိုသို့သာ ဖြစ်လာလျှင် နယ်သာရီက သူမ၏ လွတ်လပ်သော ဘဝကို ဆုံးရှုံးရပေလိမ့်မည်။


သူမက ထိုအခြေအနေမျိုးကို မလိုချင်ကြောင်းလည်း သိသာလှပေသည်။ယခု ငရဲဘုရင်က သူမ၏ ပြဿနာများကို ကူညီပေးခြင်းဖြစ်သွာသောကြောင့် ယခု ပုန်းကွယ်နဂါးတိုက်ကြီးထဲတွင် ဆက်လက်၍ နေထိုင်နိုင်ပေပြီ။


ပုဖန် ဆန်းကြယ်လှသော အစီအရင်ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်မိသည်။


"ဒီငရဲ ကမ္ဘာက လူအိုကြီး...သူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်...ငရဲကမ္ဘာ... ငါ တစ်ကြိမ်လောက်တော့ အဲ့ဒီကို သွားကြည့်ချင်တယ်..."


ပုဖန် တီးတိုရေရွတ်လိုက်သည်။


ထန်...ထန်...ထန်...


ရှုရအရှင်သခင် ခြေလှမ်းကျဲများဖြင့် လှုပ်ရှားလိုက်သည်။သူ ကျိုးပဲ့နေသောကျောက်တုံးများပေါ် နင်းဖြတ်၍ မြေပြင်ပေါ်ကျနေသည့် နတ်ဘုရားသတ်လေးကို ကောက်ယူလိုက်သည်။ထိုနတ်ဘုရားသတ်လေး လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ နွေဦး ကောင်းကင်ဘုံ သန့်စင်နယ်မြေမှ နတ်ဘုရားတစ်ပိုင်းလက်နက်ဖြစ်သည်။ထိုနတ်ဘုရားတစ်ပိုင်းလက်နက်က ငရဲကမ္ဘာသက်ရှိများကို ထိန်းချုပ်ရန် အသုံးပြုခြင်းဖြစ်သည်။ငရဲဘုရင်ပင်လျှင် ထိုမြှားကို လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်စဉ်က သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ ယောက်ယက်ခတ်သွားရသည်။


သ်ို့သော်လည်းယခုအခ်ျိန်၌ ငရဲဘုရင်မရှိတော့ပေ။ရှုရအရှင်သခင်၏ ကြောက်ရွံ့မှုများလည်း ပျောက်ကွယ်သွားပြီး သူ ပြန်လည် စိတ်ငြိမ်သက်သွားသည်။ငရဲဘုရင် ဘာကြောင့်ထွက်ခွာသွားသည်ကို သူမသိပေ။သို့သော်လည်း နတ်ဘုရားသတ်လေးကို ရလိုက်သောကြောင့် သူပျော်ရွှင်နေမိ၏။


မြူကောင်းကင်မြို့မှ ပညာရှင်များကလည်း ရှုရတပ်ကို သတ်ိအပြည့်ဖြင့် စောင့်ကြည့်နေကြသည်။


ဘုန်း...ဘုန်း...


ရုတ်တရက် ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာလေသည်။ရှုရအရှင်သခင်၏ အော်ရာများ မြင့်တက်လာသည်။သူ့၏ နတ်ဆိုးဆန်လှသော မျက်နာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ခု ရှိနေသည်။သူ့၏ ခန္ဓာကိုယ်ကြွက်သားများက နဂားတစ်ကောင်ကဲ့သို့ ကြီးမားဖောင်းကြွလာသည်။


သူနတ်ဘုရားသတ်လေးဆီသို့ သူ့၏ အစစ်အမှန် စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။ထိုခဏတွင် သွေးနီရောင် မြှားတစ်စင်းစုစည်းဖြစ်ပေါ်လာလေသည်။၎င်းက ကြောက်မက်ဖွယ်ရာ စွမ်းအားမျာရှိနေပေသည်။ငရဲဘုရင် ထိုလေးကြိုးကိုဆွဲလိုက်သောအခါ၌ စွမ်းအင်များက ပို၍ ပြင်းထန်လာသည်။


မြူကောင်းကင်မြို့မှ ပညာရှင်များ၏ မျက်နာက ရှုံ့မဲ့ဖြူဖျော့သွားကြသည်။


၎င်းက သူတို့၏ စွမ်းအင်များကိုပင် စုပ်ထုတ်လိုက်ပုံပေါ်လေသည်။ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်းပင်လျှင် တုန်လှုပ်သွား၏။သူ တင်းမာခက်ထန်သော အမူအရာဖြင့် ထိုမြင်ကွင်းကို ကြည့်နေသည်။သူတို့ဘက်မှ မြောက်များလှစွာသော သူများက ထိုနတ်ဘုရားသတ်လေးအကြောင်း မေ့လျော့သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။တကယ်တမ်းတွင် သူတို့က ထိုအရေးပါသော ပစ္စည်းကို ရှုရအရှင်သခင် လက်ဝယ်ကျရောက်သွားအောင်ပင် ခွင့်ပြုပေးလိုက်မိသည်။


နတ်ဘုရားသတ်လေးရရှိသွားသော ရှုရအရှင်သခင်၏စွမ်းအားများက ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင် မြင့်တက်လာသည်။ငရဲဘုရင်သာမရှိလျှင် ပို၍ သန်မာသထက် သန်မာလာသော ရှုရအရှင်သခင်ကို သူတို့ မည်ကဲ့သို့ ချေမှုန်းနိုင်ပါမည်နည်း။


သူတို့ ပိုင်ရှင်ပုကို ဖြေရှင်းပေးဖို့ တောင်းဆိုရမှာလား...


ထိုကိစ္စက မဖြစ်နိုင်မှန်းသေချာလွန်းလှသည်။ခုနစ်ချက်မြောက် အရှင်သခင်ဓားချက်ဖြင့် ကျောင်းယာ၏ နတ်ဘုရားသတ်လေးကို ရပ်တန့်နိုင်စေခဲ့ခြင်းမှာ လျှာကဝေအစီအရင်မှ ထောက်ပံ့ပေးထားသော စွမ်းအင်များနှင့် ဓား နည်းစနစ်တို့ကြောင့်ဖြစ်သည်။


သို့သော်လည်း ယခုလက်ရှိ အခ်ျိန်တွင် ပုဖန်၌ ထိုဓားဆယ့်သုံးကွက်အရှင်သခင်နည်းလမ်းများကို ထပ်မံ သုံးစွဲရန်စွမ်းအင်မရှိတော့ပေ။အစစ်အမှန် စွမ်းအင်များ ခြောက်ခမ်းလုနီးပါးဖြစ်သွားသည့်အပြင် လျှာကဝေ အစီအရင်မှ စွမ်းအားများကိုလည်း အသုံးပြုပြီး ဖြစ်လေသည်။


ထို့ကြောင့် အရူးသွပ်ဆုံး အိပ်မက်ထဲမှာပင် ထိုဖျက်မြင်းစားဖ်ိုမှူး ငရဲဘုရင်ကို အနိုင်ယူနိုင်ဖ်ို့ မဖြစ်နိုင်တော့ပေ။


ဒီလိုဆိုရင် ဆေးနန်းတော်အရှင်သခင် လော့တန်ချင်းကော...


ဒါကလည်း ဖြစ်နိုင်ချေအလွန်နည်းလှသည်။နန်းတော်သခင်က သူ့၏ အထွဋ်အထိပ်အခြေအနေတွင်ပင် ရှုရအရှင်သခင်နှင်က ရင်ဆ်ိုင်ရသောအခါ၌ ၅၀ % သာ နိုင်နိုင်ချေရှ်ိခဲ့သည်။


သို့သော်လည်း ယခုအခါတွင် ရှုရအရှင်သခင်က တောင်ပံတပ်ထားသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်သွားသောကြောင့် နိုင်နိုင်ချေ ပ်ို၍ပင် နည်းပါးသွားလေပြီ။


နတ်ဘုရားသတ်လေးကို ကိုင်ဆောင်ထားသော ရှုရအရှင်သခင်က ရှေးဟောင်းနတ်ဆိုးတစ်ပါးနှင့်ပင် တူညီနေသောကြောင့် သူတို့၏။ မျက်နာများတွင် သွေးရောင်မရှိတော့ပေ။


ပုဖန် ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ရှုရအရှင်သခင်သာ နတ်ဘုရားသတ်လေးကိုအသုံးပြုလာလျှင် သူ့အတွက်အလွန်ခက်ခဲသွားပေလိမ့်မည်။

ငရဲဘုရင်လည်း မရှိတော့လေရာ မည်သူက ရှုရအရှင်သခင်ကို ထိန်းချုပ်နိုင်ပါတော့မည်နည်း။


သွေးနီရောင် မြှားအလင်းကကောင်းကင်ယံတွင် ပြည့်နှက်သွားသည်။မြှားထံမှ လျှပ်စီးလျက်လိုက်သကဲ့သို့ သွေးနီရောင်အလင်းများ ပြန့်ကားထွက်လာ၏။


ကြောက်မက်ဖွယ်ရာ ဖိအားဒဏ်ကို မခံနိုင်တော့ပုံဖြင့် လေဟာနယ်က တုန်ခါလာသည်။ရှုရအရှင်သခင်က မောက်မာဝင့်ကြွားစွာ ရယ်လိုက်သည်။သူရယ်နေရင်းဖြင့် ပတ်ဝန်းကျင်ကိုလည်း အကဲခတ်နေ၏။သူ့၏ မြှားက ပစ်မှတ်ရွေးချယ်နေသလိုမျိုး တစ်ယောက်ချင်းစီသို့ ရွေ့လျားနေသည်။


မြှားဖြင့် အခ်ျိန်ခံလိုက်ရသည့်သူတိုင်း ပြင်းထန်လှသောအန္တရာယ်ကို ခံစားလိုက်မိပြီး ကြက်သီးမွှေးညှင်းများပင် ထလာသည်။ရှုရအရှင်သခင်က ဆက်လက်၍ ရယ်မောနေဆဲဖြစ်သော်လည်း သွေးနီရောင်မြှားက လေကိုခွင်း၍ ထွက်ခွာသွားပေပြီ။


ထ်ိုအလင်းမြှား၏ ဦးတည်ရာက နီရောင် စားဖိုမှုးဝတ်စုံဖြင့်ပုဖန်ဆီကိုသာ ဖြစ်လေသည်။နီရောင် စားဖ်ိုမှုးဝတ်စုံက လေအရှိန်ဖြင့် ဖြေးညှင်းစွာ လွင့်ခါနေသည်။ ထ်ိုအခိုက်အတန့်၌ ကောင်းကင်ပေါ်မှ သွေးနီရောင်များမှနေ၍ သတ်ဖြတ်ခြင်းအငွေ့အသက်ဖ်ိအားများကျဆင်းလာသည်။ထိုရှုရအရှင်သခင်က ပုဖန်ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်လေပြီ။


သူ နတ်ဘုရားသတ်လေးကို ရပြီးနောက် ပထမဦးဆုံး ပစ်မှတ်မှာ ပုဖန်ပင်ဖြစ်သည်။လူအားလုံး ထိတ်လန့်ကြောက်ရွံ့နေသောကြောင့် တောင့်တင်းနေကြသည်။


"ငရဲဘုရင်လည်း မရှိတော့ဘူးဆိုတော့ စားဖိုမှူးလေးက အဲ့ဒီမြှားကို ဘယ်လိုတားန်ိုင်မှာလဲ ဒီတစ်ကြိမ်တော့ ဖျက်မြင်းစားဖ်ိုမှူး သေရတော့မှာလား..."


နယ်သာရီ၏ မျက်နာက ရေခဲတမျှ အေးစက်နေသည်။ထိုအခိုက်အတန့်၌ သူမ၏မျက်ဝန်းများက အနက်ရောင် အဖြစ်လုံးဝ ပြောင်းလဲသွားပေပြီ။သူမက လေကိုခွင်း၍လာနေသောသွေးနီရောင်မြှားကို အကောင်းဆုံးကြိုးစား၍ ရပ်တန့်ပစ်ချင်သည်။


"ရှုရအရှင်သခင်က တစ်ချက်တည်းနဲ့ သတ်မယ်ပေါ့..."


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။သူနယ်သာရီ၏ ခန္ဓာကိုယ်ကို တွန်းဖယ်လိုက်ပြီး ကောင်းကင်ပေါ်မှ အလင်းမြှားဖြင့် မျက်နာချင်းဆိုင်လိုက်သည်။ထို့နောက် သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။သူ့၏ မျက်နာကလည်းရေခဲတမျှ အေးစက်နေပေပြီ။


"တစ်ချက်တည်းနဲ့ သတ်မယ်လား... ရယ်စရာပဲ ..."


နီရောင်စားဖိုမှူဝတ်စုံကို ဝတ်ဆင်ထားသည့် ပုဖန်ကို မည်သည့်အရာမှ မလွှမ်းမိုးနိုင်ပေ။နယ်သာရီက ထိုတိုက်ခိုက်မှုကို ရပ်တန့်နိုင်လိမ့်မည်မဟုတ်ပေ။မည်သို့ပင်ဆိုစေ ဒီနေရာက သူမ၏ လျှို့ဝှက်နယ်မြေအတွင်းတွင်မဟုတ်ပေ။


ဘုန်း...ဘုန်း...


အလင်းမြှားက ပုဖန်နှင့် နီးကပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ စွမ်းအင်များကပို၍ ပြင်းထန်လာသည်။ပုဖန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ဖြတ်သန်းသွားတော့မည့် အလင်းမြှားဆီမှစွမ်းအင်လှိုင်းဂယက်များ ပြန့်နှက်လာသည်။


ရှုရအရှင်သခင်၏ အမူအရာပြောင်းလဲသွားသည်။မြူကောင်းကင်မြို့အတွင်းမှ ပညာရှင်များ၏ ကြောက်ရွံ့ထိတ်လန့်မှုစွမ်းအင်လှိုင်းများကလည်း ကောင်းကင်ယံဆီသို့ လွင့်တက်လာသည်။