အပိုင်း ၆၂၂
Viewers 54k

အခန်း ၆၂၂

ခွေးဘုရင်ကို သတ်မယ်ပေါ့...


မြူကောင်းကင်မြို့အတွင်းမှ ပြင်းထန်လှသော အော်ရာများ မြင့်တက်လာခြင်းက လေထဲတွင်ရှိနေသော ရှုရအရှင်သခင်၏ မျက်နာကို ဖြူဖျော့သွားစေသည်။


"မြူကောင်းကင်မြို့ထဲမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ အော်ရာတွေ ဘယ်လိုလုပ် ရှိနေရတာလဲ ငရဲဘုရင်က ထွက်သွားပြီလေ ဟုတ်တယ်မဟုတ်လား..."


လေကိုထိုးခွင်းလာသော အလင်းမြှားက ပုဖန်ကို ဖြတ်သန်းထိုဖောက်သွားသလိုမျိုး ခြိမ်းခြောက်နေလေသည်။အလင်းမြှား၏ စွမ်းအင်ကြောင့် ဘေးဘက်ရှိ ကျောက်တုံးကျောက်ခဲများနှင့် မြို့တံတိုင်းရှိ ကျောက်တုံးများက လွင့်ပျံ ထွက်သွားသည်။


ပြင်းထန်လှသော လေတိုးအားကြောင့် ပုဖန်၏ ဆံပင်များ လွင့်ပျံနေသည်။ပုဖန်က ခံစားချက်မဲ့လှသော ဗလာမျက်ဝန်းများဖြင့် ထိုအလင်းမြှားကို စိုက်ကြည့်နေသည်။သို့သော်လည်း သူတစ်ကိုယ်လုံး တင်းကျပ်နေသလို ခံစားရပြီး အနည်းငယ် တုန်ရီချင်နေလေ၏။ထိုမြှား၏ စွမ်းရည်က တကယ်ကို ကြောက်ဖို့ကောင်းလှသည်။


ရှုရအရှင်သခင်၏ စွမ်းအားနှင့် နတ်ဘုရားသတ်လေးတို့ ပေါင်းစပ်ရာမှ ထွက်ပေါ်လာသော ထိုမြှားက မသေမျိုး ဝိညာဉ် အဆင့် ပညာရှင်ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်သည်။


အကယ်၍ ပုဖန်နှင့် လျှာကဝေအစီအရင်နှင့် ဓားဆယ့်သုံးကွက် အရှင်သခင်၏ နည်းလမ်း၏ ထောက်ပံ့မှုသာရှိသေးလျှင် သူထိုမြှားကို ရပ်တန့်နိုင်ပေလိမ့်မည်။သို့သော်လည်း သူ့တွင် ခုခံရန် စွမ်းအားကုန်ဆုံးနေပေပြီ။


ဝု...


ထိုအချိန်တွင် မြူကောင်းကင်မြို့ထဲမှ အရှိန်အဝါကြီးမားလှသော အော်ရာများ ထပ်မံ ထွက်ပေါ်လာပြန်သည်။လူတစ်ချို့က တုန်ယင်သွားကြသည်။တစ်ချို့က ခွေးဟောင်သံကိုပင် ကြားလိုက်ရသလို ခံစားလိုက်ရ၏။


ထိုအချိန်တွင် မြူကောင်းကင်မြို့ထဲမှ လျှောက်လှမ်းလာသော ခွေးတစ်ကောင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ခွေးဝတုတ်တစ်လှမ်းလှမ်းလိုက်တိုင်း အဆီပြင်များ တုန်ခါနေလေ၏။


ဘလက်ကီက ကြောင်တစ်ကောင်ကဲ့သို့ တင့်တယ်လှသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လေထဲမှ ဖြတ်လျှောက်လာလေသည်။အသက်နှစ်ရှိုက်စာ အတွင်းမှာပင် သူပုဖန်၏ နောက်နားသို့ ရောက်နေပေပြီ ထိုအခိုက်အတန့်မှာပင် သွေးနီရောင် အလင်းမြှားကလည်း ဆိုက်ရောက်လာပေပြီ။


ခွေးဘုရင်၏ မျက်ဝန်းများက အပြည့်အဝ မပွင့်ပဲ တစ်ဝက်ပိတ်ကျပြီး ငိုက်မြည်းနေပေသည်။သူ့၏ ပုံစံက ဒီနေရာသို့ အလျင်စလို မရောက်လာခင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံ ပေါ်လေသည်။သူပါးစပ်ဖွင့်ဟ၍ အားပါးတရ သန်းဝေလိုက်သည်။ထို့နောက် မနှေးမမြန်လွန်းသော အရှိန်ဖြင့် သူ့၏ လက်ဖဝါးလေးကို မြောက်လိုက်သည်။


သူပုဖန်ရှေ့မှ သွေးနီရောင် အလင်းမြှားကို အသာပုတ်ထုတ်လိုက်သည်။


ဘုန်း...


ထိုမြှားက လေဟာနယ်ကိုပင် ဆုတ်ပြဲသွားစေပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။လူများစွာက ယခုမှသာ သတိပြန်ဝင်လာကြသည်။သူတို့ ခြေလှမ်းတစ်ချို့ နောက်ဆုတ်လိုက်ကြသည်။အဘယ့်ကြောင့်ဆိုသော် ထိုပတ်ဝန်းကျင်တွင် အော်ရာများက မုန်တိုင်းထန်ကဲ့သို့ ပြင်းထန်နေလေသည်။


သူတို့၏ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။သို့သော်လည်း သူတို့၏ရှေ့မှ မြင်ကွင်းကို ကြည်ကြည်လင်လင် မြင်လိုက်ရသောအခါ၌ သူတို့၏ ခံစားမှုများက ကြောက်စရာမြင်ကွင်းကို ကြည့်လိုက်ရသကဲ့သို့ ပြောင်းလဲသွားလေသည်။


ကမ္ဘာမြေတစ်ခုလုံး တုန်ခါသွားသည်။သွေးနီရောင်အလင်းမြှားက ခွေးလက်ဖဝါးလေးကို ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိပေ။ခွေးလက်ဖဝါးက နည်းနည်းမှပင် လှုပ်ရှားခြင်းမရှိပဲ လေထဲတွင် တန့်ရပ်နေသလိုလေး ဖြစ်နေလေသည်။ရှုရအရှင်သခင်၏ မျက်ဝန်းများ မှေးကျင်းသွားပြီး သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။


ခွေးတစ်ကောင်...အစွမ်းရှိတဲ့ ခွေးတစ်ကောင်...ဒီခွေးက စားသောက်ဆိုင်ထဲက ခွေးနက်ကြီးလား...ဒီခွေးက သူ့ရှုရမြို့တော်မှ ပညာရှင်ကို သတ်ခဲ့တဲ့ခွေးလား...ဒီခွေးက အလွန်စွမ်းအားကြီးတဲ့ ဒဏ္ဍာရီလာ ခွေးနက်ကြီးလား...


ခွေးဘုရင်ကို ကြည့်နေရင်း ရှုရအရှင်သခင်၏ မျက်ဝန်းများက တောက်ပလာသည်။ကျောင်းယာက ထိုခွေးကြောင့်ပင် ဒီနေရာသို့ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ထိုခွေးက ငရဲကမ္ဘာမှ ခွေးဖြစ်သော်လည်း ကျောင်းယာက သူ့လက်ထဲတွင် နတ်ဘုရားသတ်လေးရှိနေသောကြောင့် အလွန်ပင် ယုံကြည်မှု ရှိနေခဲ့သည်။


သို့သော်လည်း ယခုတွင်မူ နတ်ဘုရားသတ်လေးက သူ့ လက်ထဲသို့ ရောက်ရှိလာပေပြီ ထို ငရဲကမ္ဘာသက်ရှိကိုသတ်၍ ကျောင်းယာ၏ နောက်ဆုံး ဆန္ဒကို ဖြည့်ပေးနိုင်သည်ဟု တွေးလိုက်မိသည်။ထိုသို့ လုပ်ပေးလိုက်ခြင်းအားဖြင့် လျို့ဝှက်နဂားတော်ဝင်ခုံရုံးမှ အာဏာရှိသူများထံမှ မျက်နာသာ ရနိုင်ပေသည်။


ကျောင်းယာသေဆုံးသွားခြင်းနှင့်ပတ်သတ်၍တော့ သူ ဂရုမစိုက်ပေ။ထိုကျောင်းယာက ကံမကောင်းစွာဖြင့်ပင် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် သူ့ကို အသားပြားဘဝသို့ ပြောင်းပေးနိုင်သော ငရဲဘုရင်နှင့် ကြုံခဲ့ရသည်။ငရဲဘုရင်က တကယ်ကို ကြောက်စရာကောင်းသည်။


ခွေးဘုရင် က စကားတစ်ခွန်းမဆိုပဲ အားပါးတရ သန်းဝေလိုက်သည်။ ထို့နောက် အလင်းမြှား ပြိုကွဲသွားသောကြောင့် အဘက်ဘက်သို့ လွင့်ပျံသွားသော အလင်းမှုန်လေးများကို လက်ဝှေ့ယမ်း၍ ရှင်းထုတ်လိုက်သည်။အားလုံး ပြုလုပ်ပြီးနောက် သူပုဖန်ဘက်သို့ လှည့်လိုက်၏။


"ပုဖန် ကောင်လေး မင်းကလေ ဒီခွေးဘုရင်ကို အမြဲ စိုးရိမ်ပူပန်ရအောင် လုပ်တယ်..."


ခွေးဘုရင်၏ သြဇာရှိလှသော အသံက လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။သူတို့အားလုံးက ထိတ်လန့် နေဆဲဖြစ်သော်လည်း ထိုအသံ ကြားလိုက်ရသည့်ခဏ မျက်နာအမူအရာများက ထူးဆန်းစွာ ပြောင်းလဲသွားလေသည်။


ခန္ဓာကိုယ်ပေါ်မှ တဖျတ်ဖျတ်လွင့်ခါနေသော နီရောင်စားဖိုမှူး ဝတ်စုံက အလင်းဖျော့ဖျော့လေးများ ထုတ်လွင့်နေ၏။ခွေးဘုရင်ကို မြင်လိုက်ရသောကြောင့် ပုဖန် ကြိုတင် မျှော်လင့်ထားသမျှကလည်း ပျောက်ကွယ်သွားလေသည်။


"ငါက အလောင်းတစ္ဆေတွေရဲ့ အော်ရာကို အာရုံခံလိုက်မိတယ်လို့ ထင်နေတာ...ဒါပေမယ့် ငါ ဒီနေရာမှာ အဲ့ဒီ မကောင်းဆိုးဝါး အရုပ်လေးတွေကို မတွေ့ရတာလဲ..."


ခွေးဘုရင် လှမ်းမေးလိုက်သည်။ပုဖန်နောက်တွင် ရပ်နေသော နယ်သာရီက ခွေးဘုရင်၏ တုန်ခါနေသော အဆီများကို ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်၏။


"သူတို့က ရွှေ့ပြောင်းအစီအရင်ထဲကနေထွက်ပေါ်လာပြီး ငရဲဘုရင်ကို ပြန်ခေါ်သွားပြီ..."


"ဟမ်...သူတို့ကဟိုလူပြက်ကောင်ကို ပြန်ခေါ်သွားပြီလား...ဒါဆိုရင် သူတို့က ဘာလို့ နင့်ကိုလည်း မခေါ်သွားတာလဲ ...ငရဲကမ္ဘာအမျိုးသမီး နင့်ကို သူတို့ သိမှာပဲ မဟုတ်လား...ငါသိထားသလောက်ဆို ရင်တော့ သူတို့က နင့်ကိုပါ ကျိန်းသေပေါက်ပြန်ခေါ်သွားမှာပဲ..."


ခွေးဘုရင်က သူ့၏ အမြီးကို လှုပ်ယမ်းရင်း ပြောလိုက်သည်။တကယ်တမ်းဆိုရလျှင် နယ်သာရီလည်း မသိပေ။ထိုအကြောင်းအရာက အစပ်ချောင်းများကြောင့်လည်း ဖြစ်နိုင်ပေသည်။


ငရဲဘုရင်က ထိုအလောင်းတစ္ဆေများကို အစပ်ချောင်စအနည်းငယ်ပေး၍ ညှိနှိုင်းမှု ပြုခဲ့ပုံပေါ်လေသည်။ထို့ကြောင့် သူတို့က သူမကို ပြန်ခေါ်မသွားခြင်း ဖြစ်ပေလိမ့်မည်။နောက်ဆုံးအနေဖြင့် ငရဲဘုရင်က သူ့ကို လက်ဟန်အမူအရာဖြင့် ပြောခဲ့သေးသည်။


ခွေးဘုရင် နယ်သာရီ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို ကြည့်၍ အနည်းငယ် အံ့အားသင့်သွားသည်။ကြည့်ရသည်မှာ ထ်ို အီးပေါလော ငရဲဘုရင်၏ လက်ထဲတွင် ဝှက်ဖဲ တစ်ချို့တော့ ရှိနေပေလိမ့်မည်။


"အဲ့ဒီ ငရဲတစ္ဆေတွေက ရက်စက်ကြမ်းကြုတ်လား..."


ပုဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။တကယ်တမ်းဆိုရလျှင် ငရဲကမ္ဘာမှ ငရဲတစ္ဆေဆိုသည့် အသံဖြင့်ပင် ကြောက်စရာကောင်းနေပေပြီ။ခွေးဘုရင် ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။


"ငါ့ရဲ့ လက်ဖဝါးက ပြင်းထန် ရက်စက်တယ်လို့ မင်းထင်လား..."


"အရမ်းကောင်းတယ် အရမ်းကောင်းတဲ့ မေးခွန်းပဲ..."


ခွေးဘုရင်၏ အသံအနေအထားအရ ထို အလောင်းတစ္ဆေများက ငရဲကမ္ဘာမှအမှိုက်သရိုက်များပင် ဖြစ်ပေလိမ့်မည်။


လေထဲတွင်ရပ်နေသော ရှုရအရှင်သခင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများက ပြောင်းလဲသွားသည်။


ထိုခွေးပေါ်လာထဲက သူ့ကို တစ်ချက်မှ မကြည့်သေးပေ ။သူက ဒီအရှင်သခင်ကို အထင်သေးနေတာလား ...


"ဟိုခွေး... မင်းက အရမ်းရက်စက်ကြမ်းကြုတ်လွန်းတယ် မင်းက ငရဲကမ္ဘာကသက်ရှိဆိုတဲ့ နာမည်နဲ့ ထ်ိုက်တန်တယ်..."


 ရှုရအရှင်သခင် နှုတ်ခမ်းတင်းတင်းစေ့လ်ိုက်သည်။သူ့၏ ခေါင်းထက်၌ ပေါ်နေသော သွေးနီရောင် ဝိညာဉ်လှေကားမှ အလင်းတန်းများ ထုတ်လွင့်လာပြီး ဖိနှိပ်နိုင်စွမ်းသော အော်ရာများ ပြန့်ကားလာသည်။


သူ့အောက်၌ရှိနေသော ရှုရစစ်တပ်ကလည်း ထိုအခိုက်အတန့်၌ စိတ်လှုပ်ရှားလာကြသည်။သူတို့က လက်နက်များကို အသံမြည်အောင်ပြုလုပ်၍ မာန်သွင်းအော်ဟစ်လိုက်ကြသည်။သူတို့၏ အော်ရာများကလည်း ကောင်းကင်ယံထက်သို့ ပြန့်ကားတက်လာသည်။


မြူကောင်းကင်မြို့မှ ပညာရှင်များ၏ မျက်နာက ပြာနှမ်းသွားသည်။ရှုရတပ်မှ ထုတ်ဖော်လိုက်သော အော်ရာများက ပထမလှိုင်းထက်ပင် ပြင်းထန်နေလေသည်။


ရှုရအရှင်သခင်က သူ့၏ စွမ်းအင်များကို လက်ထဲသ်ို့ ဖြတ်သန်းစီးဆင်းစေလိုက်သည်။နတ်ဘုရားသတ်လေးထဲသို့ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ စီးဆင်းသွားပြီးနောက် အလင်းရောင်များ တောက်ပလာလေသည်။


ရှုရအရှင်သခင်၏ လက်မောင်းကြွက်သားများကလည်း နဂါးတစ်ကောင် အမောက်ထောင်လာသကဲ့သို့ပင် ဖောင်းကြွလာ၏ သူလေးကြိုးကို အားအပြည့်ဖြင့် ဆွဲတင်လိုက်ရာ နားကွဲလောက်ဖွယ် အသံပင် ထွက်ပေါ်လာ၏။နတ်ဘုရားသတ်လေးပေါ်တွင် ဖြစ်တည်လာသော အလင်းမြှားက ဒီတစ်ကြိမ်တွင် ပုဖန်ရှေ့၌ ရပ်နေသော ခွေးဘုရင်ဆီသို့ ချိန်ရွယ်ထားလေသည်။


ရှုရအရှင်သခင်က ကြောက်မက်ဖွယ်ရာပြုံးလိုက်ပြီး လူများအား သူတို့ အတွေးများထဲ နစ်မြှုပ်သွားအောင် လုပ်လိုက်သည်။နောက်ဆုံး၌ ခွေးဘုရင်က ရှုရအရှင်သခင်၏ အသံကို ကြားလိုက်ခြင်း သ်ို့မဟုတ် သူ့၏ ပြင်းထန်လှသော အော်ရာကို အာရုံခံမိလိုက်ပုံ ပေါ်လေသည်။သူလေထဲ၌ ရပ်နေသော တိုက်ပွဲဝတ်စုံအပြည့်နှင့် ထိုသူအား မော့ကြည့်လိုက်သည်။


ထို့နောက် ပုဖန်ဘက်သ်ို့ လှည့်၍ မေးလိုက်သည်။


"ပုဖန်ကောင်လေး အဲ့ဒီ အားနည်းလွန်းတဲ့ အရူးက ဘယ်သူလဲ..."


ရှုရအရှင်သခင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ့ဆီမှ သတ်ဖြတ်ခြင်း အော်ရာများက ပို၍ သိပ်သည်းလာသည်။


"ထိုခွေးနက်က အလွန်ရိုင်းစ်ိုင်းပြီး သူ့ကိုတောင် မရိုမသေ ပြောဖို့ သတ္တိရှ်ိတယ်လား...မင်းက ငရဲကမ္ဘာက သတ္တဝါတစ်ကောင်ပဲ မဟုတ်လား ဒီအရှင်က မင်းကို သတ်ပေးပါရစေ..."


ရှုရအရှင်သခင် အေးစက်စွာ ရယ်မောလိုက်သည်။ရှုရအရှင်သခင်က လေးညှို့မှ မြှားကို ပစ်လွှတ်လိုက်သည်။ထိုအလင်းမြှားက လေတိုးသံတစ်ချက်နှင့်အတူ လေဟာနယ်ကို ထ်ိုးဖောက်ဖြတ်သန်းသွားသည်။ထို့နောက် သူ့လက်ထဲတွင် အနက်ရောင်မြှားအချို့ ပေါ်လာလေသည်။ထ်ိုမြှားတံကို လေးကြိုးအတွင်းထည့်လိုက်သည်။


"ဒီခွေးဘုရင်ကို အမဲလိုက်ပြီး သတ်ဖြတ်ချင်နေတယ်ပေါ့...မင်းကို အဲ့ဒီ သတ္တိတွေ ဘယ်သူပေးလိုက်တာလဲ..."


ပထမတစ်ခုတုန်းကလိုပင် ဖိနှိပ်နိုင်စွမ်းသော အလင်းမြှား ရောက်ရှိလာ၏ ဘလက်ကီက တူညီသော နည်းလမ်းနှင့်ပင် အသာအယာ ပုတ်ထုတ်လိုက်သည်။ထို အလင်းမြှားက ရိုးရှင်းစွာပင် ပျောက်ကွယ်သွားလေသည်။


ထို့နောက် တြိဂံပုံစံ ဖွဲ့စည်းထားသော မြှားနက်သုံးချောင်း ခွေးဘုရင်ဆီသို့ ဦးတည်ရောက်ရှိလာလေသည်။ထိုမြှားနက်သုံးချောင်းမှ အနက်ရောင်စွမ်းအင်များကို ထုတ်လွင့်နေသည်။ထိုမြှားများက ငရဲကမ္ဘာသက်ရှ်ိများကို သတ်ဖြတ်ရန် အတွက် အထူးပြုလုပ်ထားသော မြှားများဖြစ်သည်။အလင်းမြှားများက နတ်ဘုရားသတ်မြှား၏ တကယ့် အမဲလိုက်သတ်ဖြတ်ခြင်းကို ဖုံးကွယ်ရန် အယောင်ပြထားခြင်းသာဖြစ်သည်။


နတ်ဘုရားသတ် မြှားသုံးချောင်းအား တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သည့် အဓိပ္ပါယ်က ထိုရှုရအရှင်သခင်သည် ခွေးဘုရင်က်ို ချက်ချင်း သတ်ဖြတ်စေခြင်းဖြစ်သည်။


"ဒီခွေးဘုရင်ကို သတ်မယ်ပေါ့..."


ခွေးဘုရင် ခေါင်းမော့လိုက်သည်။သူ့၏ အမြီးလေးကလည်း လှုပ်ရမ်းနေ၏။သူ မျက်ဝန်းများကျဉ်းမြောင်း၍ နီးကပ်လာသော နတ်ဘုရားသတ် မြှားသုံးချောင်းကို ကြည့်လိုက်သည်။


"ဒီကစားစရာလေးတွေကို အသုံးပြုပြီး ဒီခွေးဘုရင်ကို သတ်မယ်ပေါ့ မင်းက ဒီခွေးဘုရင်ကို စော်ကားတာပဲ ..."


ခွေးဘုရင် ခေါင်းအနည်းငယ်စောင်းလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် ခွေးပါးစပ်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဝါးမြို ပစ်တော့သလိုမျိုး ပွင့်ဟလာလေသည်။