အပိုင်း ၆၂၃
Viewers 53k

အခန်း ၆၂၃...


ကျယ်လောင်လှသော အော်သံတစ်ခု လေထုကို ထွင်းဖောက်ဖြတ်သန်းလာသည်။ခွေးဘုရင်က တစ်ကမ္ဘာလုံးကို မြိုချချင်သကဲ့သို့ ပါးစပ်ကို ဖွင့်ဟလိုက်သည်။


ထိုစွမ်းအင်များက အားလုံး၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေသည်။ပျံသန်းလာနေသော မြှားသုံးစင်း၏ အရှိန်က လေဟာနယ်ကို တွန့်လိမ်သွားစေ၏။ခွေးဘုရင်၏ အမြီးက မိုးထိတော့မတက်ထောင်နေပြီး ပါးစပ်ကျယ်ကျယ်ဖွင့်ဟထားလေသည်။


ကြည့်ရှုနေသူများအားလုံး ကြုံတွေ့နေရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြင့် တောင့်တင်းနေကြသည်။ထို အနက်ရောင်မြှားများက စွမ်းအားပြင်းလှသည်။အရင်က ငရဲဘုရင်ပင်လျှင် ထိုမြှားနက်ကြောင့် အနောက်သို့ ဆုတ်ခဲ့လိုက်ရသည်။ခွေးဘုရင်က ထိုမြှားကို ရင်ဆိုင်နိူင်ပါမည်လား...


မြူကောင်းကင်မြို့တွင် နေထိုင်ကြသူများအားလုံးက ခွေးဘုရင်ကို သိလေသည်။ထို ခွေးက ရှုရအရှင်သခင်၏ ကိုယ်ပွားကိုပင် ဟောင်သံတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့နိုင်သူဖြစ်သည်။


သို့သော်လည်း ယခုလက်ရှိ ရင်ဆိုင်နေရသည်က ရှုရအရှင်သခင် ကိုယ်တိုင်ဖြစ်သည်။ထိုအရှင်သခင်၏ အခြေအနေကလည်း အထွဋ်အထိပ်တွင်ရှိနေလေရာ ကိုယ်ပွားနှင့် နှိုင်းယှဉ်ပြောနိုင်ဖို့ အခြေအနေမျိုးမဟုတ်ပေ။


အားလုံးက ထိုထိပ်တိုက်တွေ့ဆုံမှု၏ ရလဒ်ကို သိချင်နေကြပေပြီ။ရှုရအရှင်သခင်၏ မျက်ဝန်းများက မဲမှောင်သွားသည်။သူ ဘလက်ကီ၏ ပါးစပ်ကို နက်နက်ရှိုင်းရှိုင်းကြည့်နေသည်။နတ်ဘုရားသတ်လေးမှ ပစ်လွှတ်လိုက်သော မြှားများက အားမနည်းသင့်ပေ။


အာရုံခံစားမှုအရ ထိုခွေးနက်က သေချာပေါက် သိပေလိမ့်မည်။သို့သော်လည်း ခဏမျှအကြာတွင် လူတိုင်း ပါးစပ်အဟောင်းသားဖြင့် ကြောင်အနေမိကြသည်။သူတို့၏ ထင်မြင်ချက်များအားလုံးမှားယွင်းသွားလေသည်။


သူက ပါးစပ်ဖွင့်ဟ၍ မြှားများကို မြိုချလိုက်ခြင်းမဟုတ်ပေ။၎င်းက ထက်မြစူးရှလှသော အစွယ်များကို ထုတ်လိုက်လေသည်။ထို့နောက် သူ့၏ ပါးစပ်မှ ထွက်ပေါ်လာသော ဟောင်သံတစ်ချက်က အားလုံး၏ စတ်အာရုံကို လွင့်ထွက်သွားစေသည်။


ထိုဟောင်သံက ပြင်းထန်လှသည့် လေပြင်းများ ဖြစ်ပေါ်လာစေပြီး မြှားများကို လွင့်ထွက်သွားစေသည်။မြှားသုံးစင်း၏ ဖွဲ့စည်းပုံက ပျက်စီးသွားပြီး တစ်ခုနှင့်တစ်ခု တိုက်မိသွားကာ လေထဲတွင် ပဲ့တင်ထပ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။


ပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက ရှုရအရှင်သခင်ဆီသို့ ပြန်လည်ရိုက်ခတ်သွားသည်။ရှုရအရှင်သခင် ချက်ချင်းပင် ထိုလှ်ိုင်းများမှ လွတ်အောင် အလျင်အမြန် ရှောင်တိမ်းလိုက်ရ၏။


"ဒီခွေးက အရမ်းစွမ်းအားကြီးလွန်းတယ် ဟောင်သံတစ်ချက်လေးနဲ့တင် နတ်ဘုရားသတ်မြှားတွေက အနားတောင် မတိုးနိုင်တော့ဘူး..."


ရှုရအရှင်သခင် မျက်မှောင်ကြုတ်၍ ထိုခွေးနက်ကို လေ့လာလိုက်သည်။ထိုခွေးက ပါးစပ်ပြန်လည်ပိတ်လိုက်ပြီး သူ့၏ မူလ ချစ်စဖွယ် ကောင်းသော ဝတုတ်တုတ်ပုံစံ ပြန်လည် ပြောင်းသွားပေပြီ ။


သူက လျှာတစ်လစ်ထုတ်ထားပြီး တခြား သာမန် ခွေးငပျင်းများနှင့် ပုံစံတူဖြစ်နေလေသည်။သူကျယ်လောင်စွာ မာန်သွင်းဟစ်ကြွေးလိုက်ပြီး နတ်ဘုရားသတ်လေးကြိုးကို တင်းနေအောင်ဆွဲထားလိုက်သည်။ထို့နောက် အနက်ရောင်မြှားများ ထပ်မံ ဖြည့်သွင်းလိုက်ပြီး ခွေးဘုရင်ဆီသို့ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်သည်။


အနက်ရောင်မြှားများက လေဟာနယ်ကို ထိုးဖောက်ဖြတ်သန်းသွားပြန်သည်။သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ခွေးဘုရင်က စိတ်မရှည်တော့ပေ။ခွေးတစ်ကောင်နှင့် လူတစ်ယောက်၏ အမူအရာက တစ်ထပ်တည်း တူညီနေသောကြောင့် ရှုရသခင် ဒေါသများလွတ်ထွက်သွားတော့မလိုပင်ထင်ရသည်။


သူတို့နှစ်ယောက်၏ အကြည့်များက သူကို လုံးဝမခန့်လေးစားလုပ်နေပြန်သည်။ရှေးဟောင်းရှုရမြို့တော်၏ အရှင်သခင် တစ်ယောက်အနေဖြင့် သူ့ဘဝတစ်သက်တာလုံးတွင် ထိုကဲ့သို့ အရှက်ကွဲမှုမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ ။သူ့၏ နှလုံးသားထဲမှ ဒေါသများက မြင့်တက်လာပြီး သူ့မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်လာသည်။


သူကျယ်လောင်စွာ မာန်သွင်းဟစ်ကြွေးလိုက်ပြီး နတ်ဘုရားသတ်လေးကြိုးကို တင်းနေအောင် ဆွဲလိုက်သည်။ထို့နောက် အနက်ရောင်မြှားများ ထပ်မံ ဖြည့်သွင်းလိုက်ပြီး ခွေးဘုရင်ဆီသို့ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်သည်။


အနက်ရောင်မြှားများက လေဟာနယ်ကို ထိုးဖောက် ဖြတ်သန်းသွားပြန်သည်။သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ခွေးဘုရင်က စိတ်မရှည်တော့ပေ။သူ့၏ ချစ်စဖွယ်ခွေစလက်ဖဝါးလေးကို မြှောက်လိုက်ပြီး ရှုရအရှင်သခင်ရှ်ိရာဆီသို့ လွှဲယမ်းလိုက်သည်။


ချက်ချင်းပင် ခွေးဘုရင်၏ နောက်ကွယ်၌ ကြီးမားလှသော ခွေးလက်ဖဝါးပုံရိပ်ကြီး ပေါ်လာလေသည်။ထူးခြားဆန်းကြယ်လှသော အော်ရာများကို ပိုင်ဆိုင်ထားသော ထိုလက်ဖဝါးက လေထဲတွင်ရှိနေသော ရှုရအရှင်သခင်ကို ရိုက်ချလိုက်လေသည်။ခွေးလက်ဖဝါးနှင့် တိုက်မိသော မြှားများက ပျက်စီးသွားပြီး စွမ်းအင်များ အဘက်ဘက်သို့ လွင့်စင်သွားသည်။


သို့သော်လည်း ခွေးလက်ဖဝါးက အနည်းငယ်မျှပင် တုံ့ဆိုင်းသွားခြင်းမရှိပဲ ဆက်လက်ကျဆင်းလာနေသောကြောင့် လေဟာနယ်တစ်ခုလုံး တုန်ခါနေသည်။


ရှုရအရှင်သခင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ လေဟာနယ်ထဲတွင် တည်ငြိမ်အောင် ရပ်လိုက်ပြီရှောင်တိမ်းအောင်ကြိုးစားလိုက်သည်။သို့သော်လည်း ထိုအချိန်၌ပင် ခွေးလက်ဖဝါးက သူ့ရှိရာဆီ ရောက်လာပြီဖြစ်ကြောင်း သတိပြုမလိုက်သည်။သူ မရှောင်နိုင်တော့ပေ။


အားလုံး၏ အံ့အားတသင့် အကြည့်များအောက်မှာပင် ရှုရအရှင်သခင်က ကောင်းကင်ပေါ်မှနေ၍ မြေပြင်ပေါ် ပိပြားသွားအောင် ရိုက်ချခံလိုက်ရသည်။မြေပြင်တစ်ခုလုံးလည်း ပြင်းပြင်းထန်ထန် တုန်ခါသွား၏။


"မင်းက အရမ်းကို ဆူညံတာပဲ ..."


ခွေးဘုရင်၏ တည်ငြိမ်အေးဆေးသော်လည်း သြဇာ အာဏာနှင့် ပြည့်စုံသော အသံ ထွက်ပေါ်လာသည်။ခွေးလက်ဖဝါးပုံရိပ်ယောင်က ပျောက်ဆုံးသွားပြီး မြေပြင်ပေါ်၌ တုန်လှုပ်ခြောက်ခြားဖွယ်ရာ လက်ဖဝါးရာသာကျန်ခဲ့လေသည်။


ရှုရအရှင်သခင် ဖြေးညှင်းစွာထရပ်လိုက်သည်။သူ့ခေါင်းပေါ်မှ သူ့ခေါင်းဆောင်ကလည်း ထိုခွေးလက်ဖဝါးထံကြောင့် ကျိုးပဲ့သွားပြီး ဆံပင်များ ရှုပ်ပွနေ၏။


သူ့၏ ပုံပန်းသွင်ပြင်က အနည်းငယ် စိတ်ဓာတ်ကျနေပုံ ဖြစ်ပြီး စွမ်းအင်များကလည်း လျင်မြန်စွာ ယို့ယွင်းနေ၏။သူ နတ်ဘုရားသတ်လေးကို ဆုပ်ကိုင်ထားပြီး အံတင်းတင်းကြိတ်လိုက်သည်။သူ့နှလုံးသားထဲမှ ဒေါသမီးတောက်များကလည်း အဆက်မပြတ် တောက်လေူင်နေတုန်းဖြစ်၏။


"အဲ့ဒီ ခွေးနက်ကြီးက သူ့ကို ယင်ကောင်တစ်ကောင်လို ရိုက်ထုတ်လိုက်တယ်..."


သူပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်ကြည့်လိုက်သည်။သူ့၏ စစ်သည်တော်များ၏ စိတ်အားထက်သန်တက်ကြွမှုများ ပျောက်ဆုံးသွားပြီး ထိုခွေးနက်ကြီးကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြသည်။


ရှုရအရှင်သခင်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ခြင်းက ရှုရတပ်၏ စိတ်ဝိညာဉ်များကို တိုက်ရိုက်ရိုက်ချလိုက်ခြင်းနှင့် မခြားနားပေ။ပြောရမည်ဆိုလျှင် ရှုရအရှင်သခင်က သူတို့အော်ရာများ မြင့်တင်ရာ မူလအစသာဖြစ်သည်။


ရှုရအရှင်သခင်အစွမ်းထက်လျှင် သူတို့၏ တိုက်ပွဲစိတ်ဓာတ်များကလည်း ထက်မြက်နေသည်။ရှုရအရှင်သခင် ရှုံးနိမ့်သွားပြီး သူတို့၏ စိတ်ဝိညာဉ်များကလည်း ကျဆုံးသွားပေလိမ့်မည်။


ရှုရတပ်၏ စိတ်ဓာတ်ကျဆင်းသွားသော ပုံသဏ္ဍာန်က မြူကောင်းကင်မြို့မှ ပညာရှင်များကို စိတ်လှုပ်ရှားတက်ကြွလာစေသည်။သူတို့ တဖြေးဖြေးချင်း တစ်ယောက်ချင်းစီ လှုပ်ရှားလာကြသည်။


ဆေးနန်းတော်၏ အရှင်သခင် လော့တန်ချင်းက မျက်ဝါးထင်ထင် တွေ့လိုက်ရသော ခွေးဘုရင်၏ စွမ်းအားများကြောင့် အနည်းငယ် ထိတ်လန့်သွားမိသည်။


"ဒါက ဘယ်လို နတ်ဘုရားမ်ျိုးလဲ ဘာလို့ အဲ့ဒီလောက်ကြောက်စရာကောင်းနေရတာလဲ..."


ရှုရသခင် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့၏ ရှုရဓားကို ဆွဲထုတ်လိုက်သည်။ရှုရဓားမှ စွမ်းအင်များ စတင်ထုတ်လွင့်လာပြီး အဆက်မပြတ် တုန်ခါလာလေသည်။


သူခွေးဘုရင်ကို စူးစိုက်ကြည့်လိုက်သည်။ငရဲကမ္ဘာသက်ရှိများကို သတ်ဖြတ်ရန် နတ်ဘဘုရားလက်နက်က ထိုခွေးဘုရင်ပေါ်တွင် သက်ရောက်မှုမရှိသောကြောင့် ဖယ်ထုတ်ထားလိုက်တော့သည်။


သူ့၏ အစစ်အမှန် စွမ်းအားကို သူ အသုံးပြုပြီး ထိုခွေးကို ပြင်းထန်စွာ ရိုက်နှက်ရပေလိမ့်မည်။


"ရှုရဓားချက်လာပြီ..."


သူဓားရိုးကို လက်နှစ်ဖက်ဖြင့် ကိုင်၍ လက်ကို အောက်၌ နိမ့်ထားလိုက်သည်။ထို့နောက် ဓားသွားက ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများမှ အလင်းရောင်များ တောက်ပလာသည်။သူ့၏ အော်ရာများကလည်း သက်တန့်ရောင်သဖွယ်ရောင်စုံ တောက်ပလာလေ၏။


ရှုရဓားက ထုတ်လွင့်နေသော စွမ်းအင်များက အရာရာတိုင်းကို ဆုတ်ဖြဲပစ်တော့မလို ခြိမ်းခြောက်နိုင်စွမ်းရှိလေသည်။ထိုမြင်ကွင်းကြောင့် လော့တန်ချင်း၏ မျက်နာက တင်းမာသွားပြီး သူစိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။


ရှုရအရှင်သခင်က သူ့၏ ဂုဏ်သတင်းနှင့် တကယ့်ကို ထိုက်တန်သည်။သူ့၏ ကျင့်ကြံဆင့်က သန်မာလှပြီး သူ့၏ ဓားကလည်း စွမ်းအင်ကြီးလှမည်ဖြစ်ကြောင်း ပြောစရာမလိုပေ။


ရှေးဟောင်းရှုရမြို့တော်၏ အရှင်သခင်က တိုက်ခိုက်ရန် မွေးဖွားလာသူဟုပင် ပြောကြလေသည်။တကယ်တမ်းတွင်လည်းထိုရှုရမြို့မှ သူများက တိုက်ပွဲကို ရူးသွပ်နေကြသူများ ဖြစ်ကြသည်။


ယခင်ရှုရသခင်ကလည်း သူ့၏ ရှုရဓားကို ဆွဲကိုင်ပြီး လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကိုပင် တိုက်ခိုက်ရန် သတ္တိရှိလေသည်။နောက်ဆုံး၌ လျှ်ို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဆိုသော်လည်း သူ့၏ ရဲရင့်လှသော စိတ်ဝိညာဉ်အကြောင်းက နဂါးမြို့ဟောင်းတိုက်ကြီးတစ်ခွင် ပြောစမတ်ပြု ကျန်ခဲ့လေသည်။


ထိုအချိန်မှစ၍ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို အကြီးမားဆုံး အင်အားစုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။သို့သော်လည်း ယနေ့ထိတိုင်အောင် ထိုလျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ တကယ်အအစစ်အမှန်က မည်မျှ သန်မာမည်ကို မည်သူမှ မသိကြပေ။


စူးစမ်းရန်လည်း အလွန်ပင်နက်ရှိုင်းလှကြောင်း သူတို့ သဘောပေါက်ထားပေသည်။နှစ်ပေါင်းများစွာ အတွင်းတွင်လည်း လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက လှုပ်ရှားမှုအနည်းငယ်ကိုသာ ပြုလုပ်ခဲ့သည်။


သို့သော်လည်း ထိုတစ်ကြိမ်ချင်းစီက လူတိုင်းက သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်သော တုန်လှုပ်မှုမျိုး ချန်ရစ်စေနိုင်ခဲ့သည်။သို့သော်လည်း ဒီတစ်ကြိမ်တွင်မူ ကျောင်းယာက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ သိသာထင်ရှားလှသော အစွန်းအထေးတစ်ခု ဖြစ်သွားလေသည်။သူက လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ကျင့်ကြံဆင့် မြင့်လှသော အထွဋ်အထိပ်ပညာရှင်တစ်ယောက်ဖြစ်သည့် အပြင် စွမ်းအားကြီးလှသော နတ်ဘုရားတစ်ပိုင်းလက်နက်ကိုလည်း ပ်ိုင်ဆိုင်ထားခဲ့သည်။


သို့သော်လည်း တစ်စုံတစ်ယောက်က သူ့၌ ဘာမှ မကျန်ရစ်အောင် အနိုင်ယူခြင်းခံလိုက်ရပေသည်။သူ သေဆုံးသွားရသည့် အကြောင်းကိုသာ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးဆီ သတင်းပို့လိုက်ပါက သူတို့ အဖွဲ့အစည်းတစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။


သို့သော်လည်း ဒါက အရေးကြီးဆုံး အပိုင်း မဟုတ်ပေ။ယခုလက်ရှိအခ်ျိန်တွင် ရှုရအရှင်သခင်၏ အော်ရာများက တဖြေးဖြေးဆက်လက် တိုးမြင့်လေသည်။


သူက သူ့၏ ရှုရဓားဖြင့် ထိုခွေးနက်ကြီးကို နှစ်ပိုင်းပိုင်းဖြတ်လိုက်ချင်သည်။ရှုရဓားက လေကို ပိုင်းဖြတ်သွားပြီး ခွေးဘုရင်ဆီသို့ ကျဆင်းလာသည်။


ရွှစ်...


ခဏအကြာတွင် ခွေးဘုရင်က မျက်လုံးပုတ်ခပ်ပုတ်ခပ် လုပ်လိုက်ပြီး သူ့၏ လက်ဖဝါးလေးကို အရှေ့သို့ ပို့လွှတ်လိုက်သည်။ရောက်လာသော ဓားစွမ်းအင်များက ချက်ချင်း ပေါက်ကွဲ သွားသည်။ရှုရအရှင်သခင်၏ စိတ်စွမ်းအင်အပြည့် တိုက်ခိုက်မှုသည် ခွေးလက်ဖဝါးတစ်ချက်တည်းနှင့် ပြိုကွဲပျက်စီးသွားလေသည်။


ဘန်း...ဘန်း...


ရှုရအရှင်သခင် မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ပြုတ်ကျသွားသည်။မြေပြင်က တုန်ခါအက်ကွဲလာလေသည်။လူတိုင်း ပြောစရာစကားမဲ့စွာဖြင့် တိတ်ဆိတ်နေကြ၏။


ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်များ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကလည်း ထိုလက်ဝါးရိုက်ချက်ဖြင့် ဖျက်စီးဖြိုခွဲခံလိုက်ရလေပြီ။


"ဒီခွေးနက်ကြီး...အဲ့ဒီခွေးက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်..."


ရှုရအရှင်သခင် ပျက်စီးနေသော မြေပြင်မှ ပြန်လည်ထရပ်လိုက်သည်။ဒီတစ်ကြိမ်၌ သူ့၏ ချပ်ဝတ်တန်ဆာများအားလုံး ဆုတ်ပြဲသွားလေပြီ ။သူ့၏ မျက်ဝန်းထဲတွင်လည်း ဒေါသမီးလျှံများ တောက်လောင်နေသည်။သူ နားကျဉ်းစွာ ဟစ်ကြွေးလိုက်၏ ထို့နောက် ရှုရဓားကို ဆွဲကိုင်၍ ခွေးဘုရင်ဆီသို့ အညှာတာမဲ့စွာ တိုက်ခိုက်လေသည်။ဘလက်ကီ ခေါင်းအသာ စောင်းငဲ့လိုက်ပြီး နောက်ထပ် လက်ဖဝါးရိုက်ချက်တစ်ချက် ဖြင့် ပုတ်လိုက်သည်။


ကျယ်လောင်လှသည့် ပဲ့တင်ထပ်သံများ လေထဲ အဆက်မပြတ် ပြန့်နှံ့သွားပြီး ရှုရအရှင်သခင် မြေပြင်ပေါ်သို့ နောက်တစ်ကြိမ်ရိုက်ချခံလိုက်ရသည်။


အား...


ယခုအချိန်တွင် ရှုရအရှင်သခင် တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေပေပြီ သူ့၏ ဒေါသများကလည်း ထိပ်ဆုံး အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပေပြီ။


ရှုရဓားစွမ်းအင်များက သူ့၏ဘေးပတ်ပတ်လည်တွင် မုန်တိုင်းတစ်ခု ကဲ့သို့ လှည့်ပတ်နေ၏။သို့သော်လည်း ဘလက်ကီ၏ အမူအရာက တည်ငြိမ်အေးချမ်းနေတုန်းပင်ဖြစ်သည်။သူ့၏ ချစ်စဖွယ်ခွေးလက်ဖဝါးလေးကို နောက်တစ်ကြိမ် ထပ်မြောက်လိုက်ပြီးပုတ်လိုက်ပြန်သည်။


ရှုရအရှင်သခင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူကျယ်လောင်စွာ အော်ဟစ်ပြီးနောက် မြေကြီး ထဲသို့ နောက်တစ်ကြိမ် နစ်ကျွံဝင်သွားပြန်၏ ။ဒီတစ်ကြိမ်၌ သူ့တွင် ခုခံကာကွယ်ရန် စွမ်းအားပင်မရှိတော့ပေ။သူ တစ်ကြိမ်ပိုရိုက်ခံရလေလေ ပိုတုန်လှုပ်လာလေလေပေ။


ဆက်လက်တိုးပွားလာသည့် ကူကယ်ရာမဲ့သော ခံစားချက်က ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ယခုအချိန်၌ သူသည် ထိုခွေးနက်ကြီး၏ ပြိုင်ဘက်မဟုတ်သောကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်သွားပေသည်။သူအမြဲတမ်း ဂုဏ်ယူရသော ရှုရဓားစွမ်းအင်များက ထိုခွေးကို သတ်ဖို့ မဆိုထားနှင့် ခြစ်ရာပင် မလုပ်န်ိုင်ခဲ့ပေ။သို့သော်လည်း သူ့၏ တိုက်ခိုက်ရေး စိတ်ဝိညာဉ်က သူ့နှလုံးသားထဲတွင် ခ်ိုင်ခ်ိုင်မာမာတည်မြဲနေတုန်းပင်ဖြစ်သည်။


မြေပြင်ပေါ်သို့ အကြိမ်ကြိမ်ရိုက်ချခံရပြီးသည့်နောက် သူ့ကို ကာကွယ်ပေးထားသော ချပ်ဝတ်တန်ဆာများကလည်း အပိုင်းပိုင်းကျိုးပဲ့သွားပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပြည့်နှက်နေပေပြီ သူ သွေးအန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကြက်သွေးရောင်ဆိုးထားသလိုမျိုး ရဲရဲနီနေလေသည်။


ရှုရဓားချက် ...


ရှုရအရှင်သခင်က သူ့၏ ရှုရဓားကို မြဲမြဲဆွဲကိုင်ထားပြီး အရှေ့သို့ ဆက်လက်တိုက်ခိုက်နေတုန်းဖြစ်သည်။ဒီတစ်ကြိမ်တွင် သူ မြို့ရိုးတံတိုင်းပေါ်သို့ ခုန်တက်လိုက်သည်။


ထူထဲလှသော မြို့တံတိုင်းက ခြေတစ်ချက်အချတွင်ပင် ပျက်စီးအက်ကွဲပြီး ကျောက်တုံးကျောက်စများ အဘက်ဘက်သို့ လွင့်စင်သွားသည်။လေထဲတွင် ပြန်နှံ့လာသော ရှုရအရှင်သခင်၏ အော်ရာများက လူအားလုံးကို ထိတ်လန့်ကြောက်ရွံ့စေသည်။


ရှုရအရှင်သခင်၏ အော်ရာက တကယ့်ကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စရာကောင်းလေသည်။မှန်ပေသည်။လူများကိုပို၍ ထိတ်လန့်စေခြင်းက ရှုရအရှင်သခင်၏ ဆိုးရွားလှသော အခြေအနေပင်ဖြစ်သည်။ထိုခွေးနက်ကြီးက သူ့ကို မြေပြင်ပေါ်သို့ အကြိမ်ကြိမ်ရိုက်ချခဲ့၏ 


"သေလိုက်တော့..."


 ရှုရအရှင်သခင်၏ သွေးနီးရောင်မျက်ဝန်းများက ဘလက်ကီကို စူးစူးရဲရဲစိုက်ကြည့်နေသည်။သို့သော် တခြားတစ်ဘက်တွင်မူ ဘလက်ကီက ဂရုမစိုက်စွာဖြင့် အေးအေးဆေးဆေး ရပ်နေလေသည်။


ပုဖန် မျက်မှောင်ကြုတ်၍ ရှုရအရှင်သခင်ကို ကြည့်နေလေသည်။နယ်သာရီကလည်း အေးစက်သော အကြည့်များဖြင့် မျက်တောင်မခတ်တမ်းကြည့်နေ၏။နန်ကုန်းဝူချယ်က ကြောက်ရွံ့ထိတ်လန့်နေပြီး သူ့၏ နဖူးမှချွေးများအဆက်မပြတ် စီးကျနေကာ ခြေထောက်များက ဂျယ်လီလို ပျော့ခွေနေလေသည်။


ရှုရအရှင်သခင်က သွေးအန်သည်အထိ ထိခိုက်ဒဏ်ရာရသွားသော်လည်း သူ့၏ စိတ်ဝိညာဉ်က သန်မာအားကောင်းနေတုန်းပင်ဖြစ်သည်။သူရှုရဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်မြောက်လိုက်ပြီး ခွေးဘုရင်ဆီသို့ ပစ်လွှတ်လိုက်သည်။


ရှုရဓားက နူးညံ့လှသော အလင်းရောင်များ တောက်ပနေသည်။၎င်းက ခွေးဘုရင်ကို ထုတ်ချင်းပေါက် ဖြတ်သန်းသွားရန် ရည်ရွယ်ထားလေသည်။လူအားလုံး ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။


ဒီတိုက်ခိုက်မှုက ရှုရအရှင်သခင်၏ သတ်ဖြတ်ခြင်း ဓားကွက်ဖြစ်သည်။ထိုဓားကွက်က ခွေးဘုရင်ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။သူက ခွေးဘုရင်၏ ရိုက်ချက်များကို အကြိမ်အနည်းငယ် ခေါင်းမာစွာဖြင့် ခုခံကာကွယ်ပြီးနောက် သူ့၏ တိုက်ခိုက်မှုကို ပြုလုပ်လိုက်လေပြီ ။


ရှုရအရှင်သခင်၏ စူးရှလှသော မျက်ဝန်းများထဲမှ အလင်းတန်းများပင် ထွက်လာလေသည်။ရုတ်တရက် မလွှဲတမ်းကြည့်နေသော သူ့၏ မျက်ဝန်းများက ပြူးကျယ်လာသည်။


ခွေးနက်ကြီးက ပါးစပ်ဖွင့်၍ သူ့၏ စွမ်းအင်များဖြင့် ပြည့်နေသော ဓားကို ကိုက်ချလိုက်သည်။


ကျွတ်...ကျွတ်...


က်ျိုးကြေသွားသော အသံများကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပြီးနောက် သူ့၏ မျက်ဝန်းများက မျက်ခွံမရှိတော့သလို ပြူးထွက်လာလေသည်။သူ့၏ ရှုရဓားက ကြွပ်ရွလှသော ကွတ်ကီးမုန့်ကဲ့သို့ ဝါးစားခံလိုက်ရသည်။


ထိုခွေးနက်က ခဏမျှ ဝါးပြီးနောက် သံထည်အပိုင်းအစများကိုပြန်လည် ထွေးထုတ်လိုက်သည်။


"ဒီလက်နက်ရဲ့ အရသာက လုံးဝ မကောင်းဘူး...ဒါက နံရ်ိုးချိုချဉ်ကြော်နဲ့တောင် မယှဉ်နိုင်ဘူး..."


ခွေးဘုရင် မှတ်ချက်ပြုလိုက်သည်။ရှုရအရှင်သခင်၏ နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင်ထွက်နေပေပြီ သူ့၏ ရှုရဓား သူ့၏ အသက်ဓာတ်လက်နက် ...


ထိုအခိုက်အတန့်တွင် ခွေးနက်ကြီး၏ အော်ရာများက ရုတ်တရက် တရှိန်ထိုးတိုးတက်လာသည်ကို မြင်လိုက်ရသည်။ထိုအော်ရာများက သူ့အပေါ် ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာသလိုပင်ခံစားလိုက်ရ၏။


သူ့၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားစဉ်မှာပင် ထ်ိုခွေးက တင့်တယ်လှပလှသောခြေလှမ်းများဖြင့် သူ့ရှိရာဆီသို့ လျှောက်လာလေသည်။ထိုခွေး၏ ချစ်စဖွယ်ကောင်းလှသော လက်ဖဝါးလေးက သူ့၏ ခေါင်းပေါ်သို့ တဖြေးဖြေးမြောက်တက်သွားသည်။