အပိုင်း ၆၂၄
Viewers 53k

အခန်း ၆၂၄

ခေါင်းပြုတ် ရိုက်ချက်...


နောက်ဆုံး၌ ရှုရအရှင်သခင်လည်း သေခြင်းတရား နီးကပ်လာသည်ကို ခံစားမိလိုက်သည်။သူ့ကို ဖ်ိနှိပ်ထားသော အဆုံးအစမဲ့လှသည့် စွမ်းအားများက ရုန်းကန်ဖို့ အခွင့်အရေးပင် မပေးတော့ပေ။နောက်ဆုံး၌ ထိုခွေးဘုရင်က မည်မျှ စွမ်းအာကြီးကြောင်းသူနားလည်လိုက်ပေသည်။ထိုခွေးက ငရဲဘုရင်ထက်ပင် သန်မာနေပေသည်။


ငရဲဘုရင်က ကျောင်းယာကို အသားပြားဖြစ်ပြောင်းနိုင်ခဲ့သလို သူ့ရှေ့မှ ခွေးကလည်း သူ့ကို ပြောင်းနိုင်ပေလိမ့်မည်။ထိုခွေးသာ သူ့ကို အသားပြား အဖြစ်ပြောင်းလိုက်လျှင် တွေးကြည့်ရုံဖြင့်ပင် ကြောက်ရွံ့ဖို့ကောင်းလှပြီး ဘယ်လိုမှ လက်မခံနိုင်ပေ။


ရှုရအရှင်သခင်၏ မျက်ဝန်းထဲ ခွေးလက်ဖဝါး၏ ပုံရိပ်က တဖြေးဖြေး ကြီးမားလာသည်။သူ့နဖူးမှ ချွေးများစီးကျနေ၏။ထို့နောက် လူအားလုံး လေအေးတစ်ချက်ရှူရှ်ိုက်လိုက်ကြသည်။မြို့တံတိုင်းနံရံက အက်ရာများဖြင့် ပြည့်နှက်သွားပြီး ကျောက်တုံးများ အဘက်ဘက်သို့ လွင့်ပျယ်သွားပြန်သည်။သို့သော်လည်း ရှုရအရှင်သခင်၏ မျက်ဝန်းထဲ၌ အမှောင်ထုသာ ကြီးစိုးနေလေသည်။သူ့ကို အမှောင်ထုက ဝါးမြိုထားသလ်ို ခံစားရ၏။ရှုရတပ်မှ စစ်သည်တော်များအားလုံးကလည်း ထိတ်လန့် မှုနှင့်နေရာမှပင် မရွှေ့နိုင်ပဲ ကြောင်အနေကြသည် ။


ရှုရမိန်းမပျို၏ မျက်နာက ပြာနှမ်းသွားသည်။သူမ၏ လက်ထဲမှ ဗုံတီးတုတ်ကလည်း အောက်သို့ လွတ်ကျသွားသည်။အဝေးတစ်နေရာတွင်ရှိနေသော မြို့တံတိုင်းက အပျက်အစီးအပုံဖြစ် ပြိုကျသွားသည်ကို မြင်လိုက်ရသည်။သို့သော်လည်း သူမကို အံ့အားသင့်စေသော အရာမှာ အသက်မရှိတော့သော ပုံရိပ်က အပျက်အစီးပုံများကြားထဲ လဲပြိုကျသွားခြင်းပင်ဖြစ်သည်။


ကျယ်လောင်သော အသံနှင်ပအတူ အပျက်အစီးပုံများကြားမှ ဖုန်လုံးများ တသောသောထသွားပြန်သည်။ထိုသူက ရှုရအရှင်သခင်သာဖြစ်သည်။သူတို့ ရှေးဟောင်းရှုရမြို့တော်၏ အရှင်သခင်က ခေါင်းမဲ့ အလောင်းတစ်လောင်းအဖြစ် မပိုတော့ပေ။လက်ဖဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ခေါင်းပြုတ်သွားလေပြီ။


ပို၍ တိတိကျကျဆိုရလျှင် ကြီးမြတ်လှသော ရှုရအရှင်သခင်က ခွေးတစ်ကောင်ကြောင့် သေဆုံးသွားခဲ့ပြီ။


"ဘုရားရေ ..."


 ရှုရတပ်မှ သူများက ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင်း မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ထိုမြင်ကွင်းက အိပ်မက်ဆိုးတစ်ခုကဲ့သို့ သူတို့၏ မှတ်ဉာဏ်ထဲတွင် တဝဲဝဲလည်နေလေသည်။အေးစိမ့်မှုတစ်ခုကလည်းကျောရိုးတစ်လျှောက်ဖြတ်ဆင်းသွား၏။


သူတို့၏ ရင်ဘတ်ပေါ်သို့ ကြီးမားလေးလံလှသော ကျောက်တုံးဖြင့် ဖိထားသလိုမျိုး နစ်နစ်နဲနဲခံစားလိုက်ရပြီး ဝမ်းနည်းမှုများလျှံတက်လာသည်။သူတ်ို့၏ ခေါင်းဆောင်ကျဆုံးသွားခြင်းမှာ သူတို့ ကျဆုံးသွားခြင်းနှင့်ပင်တူသည်။


ရှုရအရှင်သခင်ကျဆုံးသွားလေရာ ရှုရတပ်ကလည်း လဲပြိုသွားလေပြီ။စက္ကန့်ပိုင်းလေးအတွင်းမှာပင် အရာရာအားလုံး ဖြစ်ပွားသွားခဲ့လေသည်။လေထဲတွင်ရှိနေသော ခွေးလက်ဖဝါးလေးက ဖြေးညှင်းစွာပင် အနောက်ကို ပြန်ဆုတ်သွားသည်။


ထိုခွေးနက်ကြီးက ကျောက်ပုံများကြားထဲမှ ခေါင်းမဲ့နေသော ရှုရအရှင်သခင်၏ ရုပ်အလောင်းကိုကြည့်၍ အားပါးတရ တစ်ချက်သန်းဝေလိုက်သည်။


"ဒီခွေးဘုရင်ကို သတ်ချင်တယ်ပေါ့ ဟမ်း...မင်း နုပါသေးတယ် ..."


ခွေးဘုရင်က သူ့၏ လျှာက်ို ထုတ်လိုက်ပြီး လက်ဖဝါးလေးများကို အသာအယာလျက်လိုက်သည်။ထို့နောက် တိမ်ခိုးစားသောက်ဆီသို့ ပြန်လည်လှည့်ထွက်သွားလိုက်သည်


ရုတ်တရက် အပျက်အစီးပုံများကြားထဲမှ ပေါက်ကွဲသံများထွက်ပေါ်လာသည်။တောက်ပသော အလင်းတန်းများကောင်းကင်ယံဆီသို့ ပျံတက်လာသည်။ထိုအလင်းတန်းများက ရှည်လျားလှသော လင်းလေးတစ်လက်ပင်ဖြစ်သည်။


ထိုအပျက်အစီးပုံများအောက်တွင် ရှုရအရှင်သခင်၏ ရုပ်အလောင်းပေါ်ထွက်လာသည်။ရှုရတပ်မှ သူများအားလုံး တ်ိတ်ဆိတ်ငြိမ်သက်နေကြလေသည်။ကျောင်းယာ၏ သေဆုံးမှုနှင့် နှိုင်းယှဉ်လျှင် ခွေးတစ်ကောင်သတ်ဖြတ်ခြင်းခံရသည်က ပို၍ စိတ်မချမ်းမြေ့စရာကောင်းလှသည်။


ရှုရမိန်းမပျို၏ သွယ်လျလှသော ခန္ဓာကိုယ်က ဖျက်ခနဲ ရွေ့လျားသွားပြီး အပျက်အစီးများကြားထဲသို့ ရောက်သွားသည်။သူမ ရှုရအရှင်သခင်၏ မပြည့်စုံတော့သော ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်လာသောကြောင့် အသက်ရှု၍ပင်မရတော့ပေ။သူမရှုရအရှင်သခင်၏ ခန္ဓာကိုယ်ကို ပြန်လည် ရယူလိုက်သည်။သူမ၏ မျက်ဝန်းထဲ၌လည်းမျက်ရည်များ ပြည့်နှက်နေလေသည်။ထို့နောက် အပျက်အစီးများကြားထဲမှ အဝေးသို့ ပျံသန်းသွားလေ၏။


လေထဲမျောလွင့်နေသော နတ်ဘုရားသတ်လေးမှ အလင်းရောင်များကို ထုတ်လွင့်နေသည်။ခဏအကြာ၌ အလင်းရောင်များက ကွဲပြားသွားပြီး အရောင်ခုနစ်ရောင်ရှိသော လက်ဖဝါးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။


ထိုလက်ဖဝါးပုံရိပ်က ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် ခွေးဘုရင်ရှိရာဆီသို့ ကျရောက်လာလေသည်။ထိုလက်ဖဝါး၏ စွမ်းအင်လှိုင်းများက အားလုံးကို တုန်ယင်သွားစေ၏။


"ဒီလောက်ကြောက်စရာ ကောင်းတဲ့ စွမ်းအင် လှိုင်းတွေ ဘယ်ကနေပေါ်လာရတာလဲ...ဒီစွမ်းအင်လှ်ိုင်းတွေက ရှုရအရှင်သခင် ပြုလုပ်လိုက်တဲ့ စွမ်းအင်တွေနဲ့လည်း မတူဘူး... နတ်ဘုရားသတ်လေးရဲ့ ပိုင်ရှင် လျှို့ဝှက်နဂါးတော်ဝင် ခုံရုံးက ကျောင်းယာက သေသွားပြီ မဟုတ်လား..."


ထိုအခိုက်အတန့်တွင် နတ်ဘုရားသတ်လေးမှ စွမ်းအင်များ ထုတ်ဖော်လာလေသည်။ထိုလေးကို ထိန်းချုပ်နေသောသူက လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ အကြီးအကဲ ပညာရှင် တစ်ယောက်ဖြစ်မှန်း သံသယရှိစရာမလိုတော့ပေ။


"ငါတို့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက ပညာရှင်ကို ဘယ်သူသတ်ရဲတာလဲ ...မင်းတို့က ငါတို့ နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေနဲ့ ရန်သူဖြစ်ချင်နေတာလား..."


ထိုလက်ဖဝါး၏ ဖိအားကို မခံနိုင်တော့ပဲ မြို့တံတိုင်းက တဖြေးဖြေးချင်း စတင် ပြိုကျလာသည်။သို့သော်လည်း ခွေးဘုရင်က အမြီးတလှုပ်လှုပ်ဖြင့် ခေါင်းအသာငဲ့ကာ ကြည့်နေလေသည်။


မမြင်နိုင်သော စွမ်းအင်စီးကြောင်းများက ထွက်ပေါ်လာပြီးနောက် မြို့တံတိုင်းကို ကျောက်တိုင်များကဲ့သို့ ပြန်လည် ခိုင်မာသွားစေသည်။


"လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေ ..."


ထိုနာမည်ကို ကြားလိုက်ရသောကြောင့် ပညာရှင်များစွာ၏ အမူအရာက ပြောင်းလဲသွားကြသည်။လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ လက်အောက်၌ အင်အားစုများစွာ ရှိလေသည်။သို့သော်လည်း ထိုထဲမှ အနည်းငယ်ကသာလျှင် သန့်စင်နယ်မြေဟူသည့် နာမည်မျိုး အသုံးပြုထားခြင်းဖြစ်သည်။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ လက်အောက်မှ အစားကြူးတောင်ကြားသည်လည်း သူတို့ကိုယ်သူတို့ မြင့်မြတ်သန့်စင်နယ်မြေဟု မခေါ်နိုင်ပေ။မြင့်မြတ်သန့်စင်ဆိုသည်မှာ မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။


အခြေအနေကို နားလည်လိုက်ကြသော လူတစ်ချို့က ထိတ်လန့်ကြောက်ရွံ့လာကြသည်။ထိုလက်ဖဝါးက ခွေးဘုရင်ဆီသို့ ရည်ရွယ်ကျရောက်လာသောကြောင့် လေဟာနယ်တုနခါသွားပြီး ဆုတ်ပြဲသွားလေသည်။


"နွေဦးကောင်းကင်ဘုံ မြင့်မြတ်သန့်စင်နယ်မြေ...ဟမ်း...ဘယ်လိုတောင် ပေါက်ကရနာမည်လဲ ..."


ခွေးဘုရင်က နှာခေါင်းတစ်ချက်ရှုံ့၍ ပြောလိုက်ပြီးနောက် ဟောင်သံ တစ်ချက်ပြုလုပ်လိုက်သည်။ရှည်လျားလှသောဟောင်သံက လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်လာစေသည်။ခဏမျှအကြာတွင် အသံများ ငြိမ်သက်သွားပြီး လေပြင်းများလည်း ပျောက်ကွယ်သွားသည်။ထို့အတူ အရောင်ခုနစ်ရောင်ရှိသော လက်ဖဝါးကလည်း က်ျိုးပဲ့သွားပြီး နေရာအနှံ့ပြန့်ကျဲသွားသည်။


ကောင်းကင်ယံ၌ လွင့်မျောနေသော နတ်ဘုရားသတ် လေးကလည်း စတင်၍ အက်ကွဲလာသည်။ခဏမျှအကြာ အပိုင်းပိုင်းအစစ ကျိူးပျက်သွားလေသည်။အာဏာရှင်ဆန်လှသော အသံလည်း ပျောက်ကွယ်သွားလေသည်။လေပြင်းမုန်တိုင်းများနေရာတွင် လေပြေလေညှင်းများ အစားထ်ိုးဝင်ရောက်လာပြီး လူတိုင်း၏ ဆံပင်တွင် တွယ်ငြိနေသော အဝါရောင် သဲမှုန်လေးများသာသက်သေအဖြစ် ကျန်နေတော့သည်။သူတ်ို့အားလုံး ရာစုနှစ် နှစ်ခုစာ ဖြတ်သန်းလိုက်ရသလိုပင် ခံစားလိုက်ရသည်။ခွေးဘုရင်က သူ့၏ အဆီအပြည့် ခန္ဓာကိုယ်ကိုလှုပ်ရမ်းရင်း တိမ်ခိုးစားသောက်ဆီသို့ ထပ်မံဦးတည်လိုက်သည်။


လူတိုင်းက ပျောက်ဆုံးသွားသော ပုံရိပ်ကိုကြည့်၍ ထိတ်လန့်မှုနှင့် ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားရလေသည်။ခွေးတစ်ကောင်အပေါ် ကြောက်ရွံ့လေးစားမှုရှ်ိခြင်း...


တခြားသူများသာ ထိုအကြောင်းကို သိသွားခဲ့လျှင် သူတို့ သုံးစားမရသည့်သူများ ဖြစ်သွားပေလိမ့်မည်။ခွေးဘုရင်က သူဌေးကြီးတစ်ယောက်ကဲ့သို့ပင် ရောက်ရှိလာပြီးနောက် အပျက်အစီးများကို ထားခဲ့ကာ သူဌေးကြီးတစ်ယောက်ကဲ့သို့ပင် ပြန်လည်ထွက်သွားလေသည်။


မြူကောင်းကင်မြို့မှ ပညာရှင်များလည်း ထိုအပျက်အစီးပုံကို ခဏမျှ တွေဝေငေးမောနေပြီးနောက်မှသာ သတ်ိပြန်ဝင်လာကြသည်။လော့တန်ချင်း မာန်သွင်းကျုံးဝါးလိုက်သည်။မြူကောင်းကင်မြို့မှ ပညာရှင်များကလည်း အော်ဟစ်မာန်သွင်းလိုက်ကြပြီး မြို့တံတိုင်းအောက်ခြေတွင်ရှိနေသော ရှုရတပ်ဆီသ်ို့ တိုးဝင်သွားကြသည်။


ရှုရအရှင်သခင်ကျဆုံးသွားပြီးနောက် ရှုရတပ်၏ စိတ်ဝိညာဉ်က အောက်ဆုံးထိ နစ်မြှုပ်သွားခဲ့ပေပြီ။သူတို့က စိတ်ဓာတ်တက်ကြွနေသော မြူကောင်းကင်မြို့မှ ပညာရှင်များက်ို ရင်မဆိုင်နိုင်တော့ပေ။


အဂ္ဂိရတ်ပညာရှင်များက မုန်တိုင်းတစ်ခုသဖွယ် တိုးဝင်သွားပြီး ရှူရတပ်မှ စစ်သည်တော်များကို ပုရွတ်ဆိတ်များကို သတ်သကဲ့သို့ သတ်ဖြတ်ကြတော့သည်။အခ်ျိန်အတိုအတွင်းမှာပင် ရှုရတပ်က ဖရိုဖရဲဖြစ်သွား၏။


မြူကောင်းကင်မြို့မှ ပညာရှင်များ၏ အခြေအနေက စိတ်လှုပ်ရှားမှု အမြင့်ဆုံးဖြစ်နေသည်။သူတို့က အမြင့်ဆုံးအသံနှုန်းဖြင့် စကားလုံးတစ်လုံးကိုသာ ဟစ်ကြွေးနေကြ၏။


သတ်...


ထက်မြေ့လှသော လှံဖြားများက ရှုရတပ်မှ စစ်သည်တော်များ၏ ဇီဝိန်က်ို ခြွေသွားပြီး သွေးများ နေရာအနှံ့ လွင့်စင်နေလေသည်။မြို့တံတိုင်းပေါ်တွင်ရပ်နေသော ပုဖန်က တိုက်ခတ်လာသော လေကို ခံစားရင်း ခံစားမှုများ ပြန်လည် မြင့်တက်လာသည်။သူ မြို့တံတိုင်းအောက်ခြေမှ တစ်ဖတ်သတ် အသာစီးရနေသောတိုက်ပွဲကို ကြည့်လိုက်သည်။သူ့၏ မျက်ဝန်းထဲတွင် အဓိပ္ပါယ်ပြည့်ဝသော ခံစားချက်များ နက်ရှ်ိုင်းလာလေသည်။ထို့နောက် သူ့၏ နီရောင်စားဖိုမှူး ဝတ်စုံကို အသာလွှဲခါလိုက်ပြီးစားသောက်ဆိုင်ရှာရဆီသို့ ပြန်လည်ဦးတည်လိုက်သည်။


ရှူရတပ်အတွင်းတွင်ရှိနေသော ရှုရမိန်းမပျိုကလည်း တိုက်ခိုက်ရင်းဖြင့် ဆုတ်ခွာနေသည်။ပုဖန် ထွက်ခွာသွားသည်ကိုကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူမ၏ ရင်ဘတ်ကလည်း ပြင်းပြင်းထန်ထန် တုန်ခါလာသည်။သူမလည်း ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏


သို့သော်လည်း သူမ၏ မျက်ဝန်းများက သူမ၏ စိတ်ဝိညာဉ်ထဲတွင် ပုဖန်၏ ပုံရိပ်ကို ထွင်းထု ထားချင်သလိုမျိူး စွဲမြဲစွာ စိုက်ကြည့်နေခဲ့လေသည်။နောက်ဆက်တွဲဖြစ်ရပ်က ရှုရတပ်ပြိုကွဲခြင်းပင်ဖြစ်သည်။မြူကောင်းကင်မြို့မှ ပညာရှင်များက ထွက်ပြေးသွားသော သူများကို လိုက်လံဖမ်းဆီးကြလေသည်။ရှုရတပ်က တစ်စစီ ပျက်စီးသွားလေ၏


ထိုအရေအတွက်က ဆက်လက်ကျဆင်းနေသော်လည်း မြူကောင်းကင်မြို့မှ ပညာရှင်များ၏ အခြေအနေက အနည်းငယ်မှ အားနည်းသွားခြင်းမရှ်ိပေ။သူတို့က မြူကောင်းကင်မြို့ ပိုင်နက်ကျော်သည်အထ်ိပင် လိုက်လံဖမ်းဆီးနေကြသည်။


နောက်ရက်များတွင် လော့တန်ချင်းက သူ့၏ အဂ္ဂိရတ်ပညာရှင်များကို ထိန်းချုပ်လိုက်ပြီး ကျဆုံးသွားသော တောက်ပကောင်းကင်မြို့တော်နှင့် ဆေးမြို့တော်တို့ကို တန်ပြန်တိုက်ခိုက်၍ ပြန်လည် သိမ်းယူလိုက်သည်။


သို့သော်လည်း သူတို့၏ တန်ပြန်တိုက်ခိုက်မှုက အသီးအပွင့်များကို မခံစားရပေ။ရှုရအရှင်သခင် ကျဆုံးသွားပြီး ရှုရတပ်က တစ်စစီ ပြန့်ကျဲသွားပြီဆိုသော်လည်း သူတို့ ကောင်းကင်ဆေးမြို့တော်ကိုတိုက်ခိုက်သည့်အချိန်တွင် တားဆီးလာသည့် ပညာရှင်များရှ်ိနေသေးသည်။ထိုသူက လော့တန်ချင်းကို လွှမ်းမိုးနိုင်သည့် အစွမ်းအစ ရှ်ိလေသည်။ထို့ကြောင့် လော့တန်ချင်း ပြန်လည်ဆုတ်ခွာရန်သာ ဆုံးဖြတ်ခဲ့ရသည်။


ထွက်ပေါ်လာသော ကျွမ်းကျင်ပညာရှင်များက လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ သူများဖြစ်ကြသည်။ထိုသူများက တောက်ပကောင်းကင်မြို့တော်နှင့် ကောင်းကင်ဆေးမြို့တော်ကို သိမ်းပိုက်ပြီးသည်နှင့် ရောက်လာခဲ့ခြင်းဖြစ်၏။ယ


သူတို့က ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူခဲ့သည်။ထို့အပြင် တခြားမြို့၌ရှိနေကြသော အဂ္ဂိရတ်ပညာရှင်များကို စုဆောင်းသိမ်းသွင်းရန်အတွက်လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးရှိ အဂ္ဂိရတ်ပညာရှင်များကိုပင် စေလွှတ်ခဲ့သည်။


သူ့၌ ရွေးချယ်စရာမရှိတော့သောကြောင့် ရှေးဟောင်းရှုရမြို့တော်မှ သူများကို လိုက်ဖမ်းနေခြင်းအား လက်လျော့လိုက်ပြီး မြူကောင်းကင်မြို့သ်ို့သာ ပြန်လာခဲ့ကြသည်။ယခုအခ်ျိန်တွင် ဆေးနန်းတော်၌ မြူကောင်းကင်မြို့ တစ်မြို့သာ ကျန်တော့သည်။


သို့သော်လည်း သူတို့၏ ကြယ်မျှော်စင်လည်းကျန်ရှိနေသေးသောကြောင့် ဆေးနန်းတော်က ပြန်လည် မြင့်တက်လာရန် အခွင့်အရေးရှိပေသည်။ပုဖန် စားသောက်ဆိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။သူ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေသည်ကို ခံစားလိုက်ရသည်။


သူ ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်ချလိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။ရှစ်လေးက လည်တိုင်ကိုဆန့်ရင်း ကတော်ကတော် အော်မြည်ကာပုဖန်ဆီသို့ လျှောက်လာလေသည်။ရှစ်လေးက မျက်လုံးဝိုင်းလေးများဖြင့် ပုဖန်ကို ကြည့်နေ၏။


"ရည်မှန်းချက်ကြီးတဲ့ ကြက်တစ်ကောင်ကို ပုံမှန်လေး ပွတ်ပေးလို့ မရဘူးလား..."


သို့သော်လည်း သူမည်မျှပင် ဆန္ဒပြဖို့ ကြိုးစားကြိုးစား အသုံးမဝင်ပေ။ခပ်လှမ်းလှမ်းတွင်ရှ်ိနေသော ပုစွန်ပိစိက လေဟုန်စီး၍ ပုဖန်၏ ပခုံးပေါ်သို့ ရောက်ရှိလာသည်။ပုဖန် ပုစွန်ပိစိကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ မီးဖိုခန်းထဲသို့ ဦးတည်လိုက်သည်။


ယန်မိန်ကျီက ဒုတိယထပ်မှနေ၍ ဆင်းလာခဲ့သည်။သူမ ပုဖန်ကို မြင်လိုက်သောအခါတွင် ခဏမျှ တ်ိတ်ဆိတ်ငြိမ်သက်သွား၏ ထို့နောက် သူမ ပုဖန်ကို ခေါင်းတစ်ချက် ဆက်ညိတ်ပြကာ ပြောလိုက်သည်။


"နင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ...ရှုရတပ်ရဲ့ လက်ထဲကနေ မြူကောင်းကင်မြို့ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..."


ပုဖန်၏ အကူအညီသာမရှ်ိလျှင် မြူကောင်းကင်မြို့က ရှုရတပ်၏ ခြိမ်းခြောက်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူမ ကောင်းစွာ သိပေသည်။ယန်မိန်ကျီအတွက် မြူကောင်းကင်မြို့က သူမ၏ အိမ်ပင်ဖြစ်သည်။ထ်ို့ကြောင့် သူမ ပုဖန်ကို အလွန်ကျေးဇူးတင်နေမိ၏။


ပုဖန်အနည်းငယ် အံ့အားသင့်သွားသည်။သူမဆီမှ ထိုသို့ တုံ့ပြန်မှုမျိုးကို မမျှော်လင့်ထားခဲ့မိပေ။သူခေါင်းတစ်ချက်ညိတ်၍ အသိအမှတ်ပြု လိုက်ပြီး မီးဖိုခန်းထဲသို့ ဆက်ဝင်သွားခဲ့သည်။မီးဖိုခန်းထဲ ရောက်ရောက်ချင်းမှာပင် စနစ်၏ တည်ငြိမ်လှသော အသံ ထွက်ပေါ်လာလေသည်။