အခန်း ၆၂၅
နယ်သာရီကို လွှတ်လိုက်...
သူ့ခေါင်းထဲမှ ထွက်ပေါ်လာသော စနစ်၏ အသံကြောင့် ပုဖန်မှင်သက်သွားမိသည်။သူ မျက်မှောင်ကြုတ်လိုက်ပြီး လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။
ယာယီမစ်ရှင်...တစ်လအတွင်းအလုပ်သင်နှစ်ယောက်ရှာပါ...
မစ်ရှင်ဆု ....နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း အပိုင်းအစတစ်ခု
စနစ်က နောက်ထပ် မစ်ရှင်တစ်ခု ပေးအပ်လာလေသည်။နောက်ဆုံးမစ်ရှင်ပြီးဆုံးသွားသည်မှာ အနည်းငယ်ကြာပြီးဖြစ်သောကြောင့် ဒီရက်အတွင်း နောက်ထပ်မစ်ရှင်လာတော့မည်ကို သူသိနေပေသည်။
"အလုပ်သင်ရှာရမယ်..."
ပုဖန် သူ့၏။ ချောမွတ်နေသော မေးစေ့ကို ပွတ်၍ စဉ်းစားနေပြီး နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားသည်။လေအလင်းအင်ပါယာရှိ ဖန်ဖန်စားသောက်ဆိုင်ငဟ်လေးအတွင်းရှိနေစဉ်က စနစ်ပေးခဲ့သော မစ်ရှင်များအကြောင်းကို သူပြန်လည် စဉ်းစားလိုက်သည်။
ယခုစနစ်ပေးလိုက်သောမစ်ရှင်၏ အဓိပ္ပါယ်အရ တိမ်ခိုးစားသောက်ဆိုင်၏ စီးပွားရေးက ကောင်းမွန်စွာ လည်ပတ်နေပြီး သူထွက်ခွာရတော့မည့် အခ်ျိန်ရောက်နေပြီဟု ဆိုလိုခြင်းပင်။သူ့၏ စွမ်းအားတွေ တိုးတက်လာဖို့အတွက် လေ့ကျင့်ခြင်းတစ်ခုတည်းက အပြည့်အဝ အထောက်အကူ မပေးနိုင်ကြောင်း သူကောင်းစွာ သိပေသည်။
သူ့၏ ကျင့်ကြံဆင့် စွမ်းအားများတိုးမြင့်လာရန်အတွက်သူ သလင်းကျောက်များစွာ လိုအပ်ပေသည်။လေအလင်းအင်ပါယာရှိ ဖန်ဖန်ဆိုင်ငယ်လေးမှ ရရှိသော သလင်းကျောက်များက မလုံလောက်ခဲ့ပေ။ထို့ကြောင့်သူ ယခု တိမ်ခိုးစားသောက်ဆိုင်ကို ထပ်မဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ထိုဆိုင်နှစ်ဆိုင်၏ ထောက်ပံ့မှူဖြင့်ပင် သူ့၏ စွမ်းအားများ တိုးတက်နှုန်းက အလွန်နှေးနေသည်ဟု ခံစားမိတုန်းဖြစ်သည်။
မြင့်မားသော ရလဒ်ကို ရဖို့အတွက် ဝင်ငွေပိုမိုမြင့်မားရန် လိုအပ်ပေသည်။ပုဖန်က လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် စနစ်ပေးသော မစ်ရှင်များကို တက်ကြွစွာ လုပ်ဆောင်ပြီး ဆုလာဘ်များကို စုဆောင်းခဲ့သည်။ထိုအရာကလည်း သူ့၏ ကျင့်ကြံဆင်က လျင်မြန်စွာ တိုးတက်လာနိုင်ရန် အထောက်အကူပြုပေသည်။မည်သို့ပင်ဆိုစေ ပုဖန်က သူ့၏ ကျင့်ကြံဆင့်ကို အလျင်အမြန် တိုးတက်လာစေလိုလျှင် သူ့၌ ဝင်ငွေအရင်းအမြစ် ကြီးကြီးမားမားရှိဖို့ လိုအပ်ပေသည်။
ထို့ကြောင့် အနာဂတ်တွင် ဆိုင်ခွဲများစွာကို ဖွင့်ရန် လိုအပ်ကြောင်း သူကောင်းစွာ သဘောပေါက်ထားပေသည်။ဆိုင်ခွဲများစွာကို စီမံထားခြင်းအားဖြင့် သူ့၏ ကျင့်ကြံဆင့်က တည်ငြိမ်ပြီး လျင်လျင်မြန်မြန်ဖြင့် တိုးတက်လာပေလိမ့်မည်။
စနစ်၏ မစ်ရှင်ကိုသိရပြီးနောက် ပုဖန် မီးဖ်ိုခုံရှိရာဆီသို့ လျှောက်သွားလိုက်သည်။သူ့၏ လက်မှ အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။ဓားအလင်းရောင်တစ်ချက်လက်သွားပြီး ပုဖန် ဟင်းသီးဟင်းရွက်များကို စတင်၍ ပြင်ဆင်လိုက်လေပြီ။
သူပထမဦးဆုံးအနေဖြင့် ဓားနည်းစနစ်များကို အရင်ဆုံးလေ့ကျင့်လိုက်သည်။ဓားဆယ့်သုံးကွက်အရှင်သခင်နည်းလမ်းကို နေ့စဉ်မပျက် လေ့ကျင့်ပေးဖို့ အရေးကြီးလေသည်။ထိုဓားကွက်များက အလွန်ပင်ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်လွင့်ပေးနိုင်သည်။
မသေမျိုးဝိညာဉ်အဆင့်နှင့် မသေမျိုးခန္ဓာ အဆင့်တို့ကြား ကွာခြားချက်က အလွန်ပင်ကြီးမားလှသော်လည်း ပုဖန်က ထိုဓားဆယ့်သုံးကွက်အရှင်သခင် နည်းစနစ်နှင့် လျှာကဝေ အခင်းအကျင်းတို့ကြောင့် မသေမျိုးဝိညာဉ်ပညာရှင်၏ တိုက်ခိုက်မှုကိုပင် ခုခံကာကွယ်နိုင်ခဲ့သည်။ထို့ကြောင့် သူ ဓားနည်းစနစ်ကို ပို၍ အာရုံစိုက်ရပေမည်။
တောက်...တောက်...တောက်...
သူ့၏ လက်မျာရွေ့လျားသွားသည်ကို မြင်လိုက်ပြီးနောက် သူ့၏ ဓားချက်အောက်မှ ပါဝင်ပစ္စည်းများအားလုံးက အပိုင်းပိုင်းလေးများဖြစ်သွားလေပြီ ။ထို့နောက် သူ့၏ ဓားက ထပ်မံ လှုပ်ရှားသွားပြီးနောက် လေထဲမြောက်တက်လာသော ပါဝင်ပစ္စည်းများအားလုံး ပိုင်းဖြတ်ပြီးသားဖြစ်သွားလေသည်။ထိုပါဝင်ပစ္စည်းများက သူကြိုတင်ထုတ်ယူထားပြီးသော မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ကျရောက်သွားလေသည်။
ပုဖန် သူ့ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။စွမ်းအားများက မဟူရာလိပ်ခုံးဒယ်အိုးထဲ ဝင်ရောက်သွားပြီးနောက် အိုးထဲရှိ ပါဝင်ပစ္စည်းများအားလုံးကို ထပ်ခါခါ မွှေလိုက်လေသည်။
မီးအပူရှ်ိန်များက မျက်နာကျက်ဆီသို့ အဆက်မပြတ်ရိုက်ခတ်နေပြီး မီးဖိုခန်းတစ်ခုလုံး နွေးထွေးနေလေသည်။ပုဖန် ဒယ်အိုးကို အသာအယာရိုက်လိုက်ပြီး ဒယ်အိုးထဲမှ အရာများအားလုံးကို ကြွေပန်ကန်အပြာထဲ လောင်းထည့်လိုက်သည်။
လေထုထဲတွင် အမွှေးအကြိုင်ရနံ့မျာပြည့်နှက်သွားလေသည်။ပုဖန် နောက်ထပ်အိုးတစ်အိုးကို ဆူပွက်အောင်တည်လိုက်ပြန်သည်။ထို့နောက် ဟင်းချက်ဝိုင်အနည်းငယ်ကို လောင်းထည့်လိုက်၏။မကြာခင်မှာပင် မွှေးပျံ့သင်းကြိုင်လှသော နံရိုးချိုချဉ်ကြော် ချက်ပြုတ်ပြီးစီးသွားလေပြီ။
သူ ဒီတစ်ကြိမ်ပြင်ဆင်သည့်နံရိုးချိူချဉ်ကြော်ဟင်းပွဲကို ပုံမှန်သုံးနေကြထက် ပိုကောင်းသော ပါဝင်ပစ္စည်းများကို အသုံးပြုထားပေသည်။ဟင်းပွဲထဲတွင်ပါဝင်နေသော စိတ်ဝိညာဉ် စွမ်းအင်များက နှိုင်းယှဉ်မရနိုင်သော အဆင့်တစ်ခုပင် ရောက်နေပေပြီ။ပုဖန် ဟင်းပွဲပြင်ဆင်ပေးပြီးသွားပြီးနောက် နောက်ထပ်ဟင်းပွဲတစ်ပွဲကို ထပ်မံ ပြင်ဆင်လိုက်သည်။
နဂါးသွေးထမင်းကို အရသာများသေချာရောနယ်လိုက်ပြီးနောက် အိုးထဲထည့်၍ ကြော်လိုက်သည်။ထမင်းအရောင်က အနီရောင်တောက်ပလာသည်နှင့်အမျှ မွှေးရနံ့လှိုင်းများက ပိုမိုသိပ်သည်းလာသည်။သူပန်းကန်လုံးကြီးတစ်လုံးထဲသို့ ထမင်းများခပ်ထည့်လိုက်သည်။ရှစ်လေးအတွက် နောက်ထပ် ပန်းကနါလုံးလေးအသေးဖြင့် ခွဲထည့်ပေးလိုက်၏။
ပုဖန်မီးဖိုချောင်ထဲမှ ထွက်လာသည့ာ့်အချိန်၌ စားသောက်ခန်းထဲတွင်ထိုင်နေသော ယန်မိန်ကျီကို တွေ့လိုက်ရသည်။ယခုလက်ရှိ၌ စားသောက်ဆိုင်ပိတ်ထားသောကြောင့် ချက်ပြုတ်ပြီးနောက် သူအနားယူရန်ဆုံးဖြတ်လိုက်သည် ။ဒီနေ့ရက်များအတွင်း အရာများစွာ ဖြစ်ပွားခဲ့လေသည်။မြူကောင်းကင်မြို့က ပြန်လည်အခြေကျရန် အတွက် အချိန်ယူရပေမည်။
စားသောက်ခန်းထဲတွင် မွှေးရနံ့မျာလှိုင်လှိုင်ထနေသောကြောင့် ယန်မိန်ကျီ တံတွေးတစ်လုတ်မြိုချလိုက်မိသည်။
"ဒီရနံ့က အရမ်းကောင်းတာပဲ..."
ယန်မိန်ကျီ ခပ်တိုးတိုးရေရွတ်လိုက်ပြီး ပုဖန်လက်ထဲမှ ဟင်းပွဲကို သေချာစွာ စူးစိုက်ကြည့်နေလေသည်။ပုဖန်၏ စားစရာများ အမြဲတမ်းမွှေးကြိုင်ပြီး အရသာကောင်းမွန်လှကြောင်းသူမသိပေသည်။
သို့သော်လည်း ဒီစားသောက်ဆိုင်ထဲတွင် နေစဉ်အချိန်အတွင်း သူမက အဂ္ဂိရတ်ပညာရှင်လေ့ကျင့်မှုကိုသာ အာရုံစိုက်ထားပြီး နေ့တိုင်းမပျက်လေ့ကျင့်နေခဲ့သည်။သူမ အရမ်းအားနည်းသည်ကိုလည် မုန်းပေသည်။သူမ၏ သန့်စင်နိုင်စွမ်းကလည်း မသန်မာသေးသောကြောင့် မြူကောင်းကင်မြို့ ဒုက္ခရောက်နေချိန်တွင် ဝင်ပါနိုင်ခဲ့ခြင်းမရှိပေ။
ရန်သူများဝန်းရံလာခဲ့ခ်ျိန်တွင် သူမ၏ စွမ်းအင်များကဘာမှ မလုပ်နိုင်သော အရှုံးသမားတစ်ယောက်လိုပင် ဖြစ်ခဲ့ရသည်။ယခုရန်သူများကလည်း ထွက်ခွာသွားပြီဖြစ်သောကြောင့် သူမ ပြန်လည် စိတ်သက်သာရာရသွား၏။ထိုမွှေးရနံ့များ ရလာသောအချိန်တွင် အလွန်ဆာလောင်လာပေပြီ။
"ဘလက်ကီ ဒီမှာ မင်းရဲ့ နံရိုးချိုချဉ်ကြော်...နယ်သာရီ ဒီမှာ နင့်အတွက် ..."
ပုဖန်က စားပွဲခုံတွင်ထိုင်နေပြီဖြစ်သော ချောမောလှပသည့် မိန်းမပျိုနှင့် ခွေးဝတုတ်ကို ပြောလိုက်သည်။ရှစ်လေးကလည်း ကတော်ကတော် အော်မြည်၍ ပြေးလာလေသည်။ပုဖန် သူ့၏ခေါင်းလေးကို အသာပုတ်လိုက်ပြီး ပန်းကန်လုံးသေလေးအား ချပေးလိုက်သည်။
ထိုအုပ်စုနှင့် မလှမ်းမကမ်းတွင်ထိုင်နေသော ယန်မိန်ကျီက အစားအစာရသောအချိန်တွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုအပြည့်ဖြစ်သွားသော နယ်သာရီ၏ မျက်နာလေးကို ငေးကြည့်နေမိသည်။
သို့သော်လည်း နောက်စက္ကန့်ပိုင်းအတွင်း သူမက ပန်းကန်လုံးကိုအလျင်စလို ဆွဲယူလိုက်ပြီး အစားအစာများကို ပါးစပ်ထဲ အတင်းသွပ်သွင်းတော့သည်။သူမ၏ စားသောက်ပုံနှင့် သူမ၏ ချစ်စဖွယ်ကောင်းသော အသွင်အပြင်က မိုးနဲ့မြေလို ကွာခြားနေပေသည်။
ယန်မိန်ကျီ မှင်သက်ကြောင်အနေပြီးနောက် သူမ၏ အကြည့်များကို ခွေးဘုရင်ဆီသို့ ပို့လိုက်သည်။ထိုခွေးက အလွန်ပင်စွမ်းအားကြီးလှပြီး ကြောက်စရာကောင်းလှသော ခွေးဘုရင်ဖြစ်သည်။
ဒီခွေးက လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ရှုရအရှင်သခင်အား ခေါင်းပြုတ်အောင် လုပ်လိုက်သည်ကို တွေ့မြင်ပြီးနောက် သူ့၏ စွမ်းအားများကို သူမသတိပြုမိလိုက်သည်။
ယခုအချိန်တွင်မူ ထိုခွေးဝတုတ် အလောတကြီးစားနေသည်ကိုသာ ကြည့်နေရသည်။အကယ်၍ သူမသာ တိုက်ပွဲကို မမြင်ခဲ့လျှင် ထ်ိုခွေးငပျင်းက ရှုရအရှင်သခင်ကိုသတ်လိုက်သည်ဟု လုံးဝ ယုံကြည်လိုက်မည်မဟုတ်ပေ။
ခွေးဝတုတ်က သူ့၏ လျှာကိုထုတ်၍ နံရိုးချိုချဉ်ကြော်များကို လိပ်၍ ပါးစပ်ထဲ ထည့်ယူကာ ဝါး၍ အလျင်အမြန် မြိုချနေသည်။ပါးစပ်အပြည့် အစညများထည့်လိုက်တိုင်းလည်း သူ့၏ မျက်နာပေါ်တွင် စိတ်ကျေနပ်သည့် အပြုံးဖြဲဖြဲ ပေါ်လာသည်။အသားများကို သူ့၏ သွားစွယ်များကြား၌ အားပါးတရ ကိုက်ဝါးနေပုံကို ယန်မိန်ကျီ အံ့သြတကြီးဖြင့် ကြည့်နေမိ၏
ပထမဦးဆုံး အကြိမ်အဖြစ်သူမ၏ ကမ္ဘာကြီးအပေါ် အမြင်များအားလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
"ဒါက ဒဏ္ဍာရီလာကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ အပြုအမူတွေလား..."
ပျော်ရွှင်စွာ စားသောက်နေသော ခွေးဘုရင်က ယန်မိန်ကျီ၏ အကြည့်များကို သတိထားမိသွားပြီး သူ့၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။သူယန်မိန်ကျီကို စူးစူး ရဲရဲ ပြန်လည် စိုက်ကြည့်လိုက်သည်။ထို့နောက် နံရိုးချိုချဉ်ကြော်ပန်းကန်ကို သူ့ရင်ဘတ်နားထိ တိုးကပ်ထားလိုက်သည်။သူ့၏ မျက်နာအမူအရာကလည်း အလွန်အမင်း သတိထားနေသည့်ပုံစံ ဖြစ်နေလေသည်။ယန်မိန်ကျီ နှုတ်ခမ်းများကို ရှုံ့မဲ့သွား၏။
"ဒီခွေးဝတုတ်က သူ့အစာကို ငါ့ဆီကနေ ကာနေတာလား..."
တစ်ခြားတစ်ဘက်တွင် နယ်သာရီက ထမင်းကြော်ကို လက်ဖြင့် ဆုပ်ယူစားသောက်နေ၏။သူမဝါးလိုက်တိုင်းလည်း ထမင်းများ အပြင်သို့ စင်မထွက်စေရန်အတွက် ဂရုစိုက်လိုက်ပြီး သူမ၏ ပါးပြင်လေးမျာကိုလည်း သန့်ရှင်းရေးပြုလုပ်ပေသည်။
သူမ၏ အကြည့်များကမူ ထိုထမင်းပန်းကန်ဆီမှ နည်းနည်းလေးမှ ရွေ့မသွားပေ။ယန်မိန်ကျီ ထိုအဖွဲ့ကိုကြည့်၍ စားချင်သောက်ချင်စိတ်များဖြစ်ပေါ်လာသည်။သူက အသာအယာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ခုံတစ်ခုံကို ဆွဲယူကာခန္ဓာကိုယ်တစ်ခုလုံး ဖြေလျော့၍ ထိုင်လိုက်သည်။
ဒီတစ်ကြိမ် တိုက်ပွဲက သူအလွန်အမင်းပင်ပန်းသွားခဲ့ရသည်။ထို့အပြင် သူ့၏ စွမ်းအင်များအားလုံးကိုလည်း ခြောက်ခမ်းလုနီးပါး သုံးစွဲခဲ့ရသည်။သူ ခေါင်းအနည်းငယ် စောင်းငဲ့၍ ခပ်ဝေးဝေးရှိ နေရာလွတ်ကိုသာ အဓိပ္ပါယ်မဲ့ ငေးကြည့်နေလေသည်။သူ့အတွေးထဲတွင်လည်း မည်သူကို အလုပ်သင်အဖြစ် ခန့်အပ်ရမည်ဟု စဉ်းစားနေမိ၏။
အလုပ်သင်ရှာဖွေပြီးသွားလျှင်လည်း သူတို့ကိုယ်တိုင် စားသောက်ဆိုင်ကို ဦးစီနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေရပေဦးမည်။သို့သော်လည်း တစ်လဆိုသည့်အချိန်က မကြာမြင့်ပေ။
"ငါဘယ်သူကိုများ ရှာဖွေသင့်လဲ...ဟိုလူပြတ်ငတုံးကောင် နန်ကုန်းဝူချယ်ဆိုရင်ကော အာ...ဒါဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး...သူကမိသားစုကြီး တစ်ခုရဲ့ ခေါင်းဆောင်ဆိုတော့ ဒီအချက်အပြုတ်ပညာတွေက်ို လေ့ကျင့်ဖို့အတွက် အချိန်ရှိမှာ မဟုတ်ဘူး..."
ပုဖန် ခပ်တိုးတိုးရေရွတ်လိုက်သည်။ယခုလက်ရှိ၌ အလုပ်သင်နှစ်ယောက်ရှာဖွေရမည့် ကိစ္စကြီးက သူ့ကို ခေါင်းခဲနေစေ၏။သူ့၏ အလုပ်သင်ဖြစ်လာမည့် တစ်စုံတစ်ယောက်ရှာဖွေရမည့် ကိစ္စကလည်း ခက်ခဲသည်။ထို့အပြင် သူ တစ်စုံတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုလျှင်တောင် သူက စနစ်၏ လိုအပ်ချက်များနဲ့ ကိုက်ညီဖ်ို့လည်း လိုအပ်သေးသည်။ထို့အပြင် ထိုသူ၌ သူ့၏ အလုပ်သင်ဖြစ်လာစေရန်အချက်အပြုတ်ပါရမီရှိရန်လည်း လိုအပ်နေသေးသည်။တကယ်ကို မလွယ်သည့် ကိစ္စပင်ဖြစ်၏။
သူမ၏ ထမင်းပန်းကန်ကို ကိုင်မြောက်လိုက်ပြီး ပြောင်စင်သွားအောင်လျက်လိုက်သည်။ဒီတစ်ကြိမ်တွင် ပုဖန်က သူမဘက်သို့ လှည့်ကြည့်လာသောကြောင့် သူမမျက် လုံးလေးမျာ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ပန်းကန်ကို အသာအယာအောက်ပြန်ချထားလိုက်သည်
"ငါနောက်တစ်ခါဘယ်တော့မှ မလျက်တော့ဘူး တကယ်ပြောတာ..."
နယ်သာရီ အလေးအနက် ပြောလိုက်သည်။ပုဖန်၏ မည်သည်ကို ရည်ရွယ်မှန်းမသိသော အကြည့်များက သူမကို စိုရိမ်လာစေသည်။သို့သော်လည်း တကယ်တမ်း ပုဖန်က သူမ၏ ထမင်းကြော်ကို ဖြတ်တောက်ရန်ရည်ရွယ်နေခြင်းမဟုတ်ပေ။
သူ့တွင်အတွေးတစ်ခုရလာသောကြောင့် နယ်သာရီကို ကြည့်လိုက်မိခြင်းဖြစ်သည်။ထိုငရဲကမ္ဘာအမျိုးသမီးက စားသောက်ရခြင်းကို အလွန်နှစ်ခြိုက်၏
"သူမကို အလုပ်သင်အဖြစ် ခန့်အပ်လိုက်မယ်ဆိုရင်ကော...ဖြစ်နိုင်လား..."
နယ်သာရီကိုကြည့်နေသော ပုဖန်၏ မျက်ဝန်းများ တောက်ပလာသည်။သူ့၏စ်ိတ်ကူးက မဆိုးပေ။တကယ်တမ်းတွင်လည်းနယ်သာရီက စားဖိုမှူးကောင်းတစ်ယောက်ဖြစ်လာနိူင်ပေသည်။အစားချစ်သူများက စားဖ်ိုမှူးကောင်း ဖြစ်လာနိုင်ချေရှ်ိလေသည်။
"မဟုတ်ဘူးလား..."
နယ်သာရီက လုံးဝကို အစားသရဲ တစ်ယောက်ဖြစ်သည်။သူမထမင်းအများအပြား စားသည့်ပုံက ပုဖန်ကိုပင် အံ့အားသင့်စေသည်။ထို့နောက် ပုဖန်၏ အကြည့်များက ခွေးဘုရင်တွေဆီ ရောက်သွားသည်။ခန္ဓာကိုယ်တစ်ပြင်လုံး ဖုံးလွှမ်းနေသော အဆီပြင်များက သူ့၏ အမြင်အာရုံထဲ အရင်ဆုံးတိုဝင်လာသည်။
"ထားလိုက်ပါတော့...ဒီတစ်ယောက်က အစားကြူးတဲ့ ခွေးငပျင်းသာသာပဲ...စားမယ် အိပ်မယ် အိပ်မယ် စားမယ်ကလွဲရင် တခြားဘာမှလုပ်လို့ရမှာမဟုတ်ဘူး..."
ထို့ကြောင့် ပုဖန်က နယ်သာရီကိုသာ သူ့၏ အလုပ်သင်လုပ်မည့်အကြောင်းကို ဆက်လက်တွေးတောနေမိသည်။သူ့၏ မျက်ဝန်းများက ကြယ်များကဲ့သို့ လင်းလက်တောက်ပလာပြီး သူ့ထိုင်ခုံမှ ဆက်ခနဲ ထရပ်လိုက်သည်။ထို့နောက် သူ့၏ နီရောင်စားဖိုမှူဝတ်စုံကို ဆင်ယင်လိုက်ကာနယ်သာရီဆီသို့ လျှောက်သွားလိုက်သည်။သူနယ်သာရီဘေးမှ ထိုင်ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်ချလိုက်သည်။သူ့၏ မျက်နာမှလည်း နတ်ဆိုးဆန်သော အပြုံးတစ်ခု ပေါ်လာ၏။
သူ နယ်သာရီဘေးမှ ထိုင်ခုံကိုဆွဲယူ၍ ထိုင်လိုက်သည်။သူ့၏ မျက်နာပေါ်တွင်လည်းနတ်ဆိုဆန်လှသော အပြုံးတစ်ခုပေါ်လာ၏။
"ဟေး...နယ်သာရီ..."
ခပ်လှမ်းလှမ်းတွင်ထိုင်နေသောယန်မိန်ကျီက ထိုမြင်ကွင်းကိုကြည့်၍ မျက်မှောင်ကြူတ်လိုက်သည်။
"ပိုင်ရှင်ပုက ဘာလို့ အဲ့ဒီလိုအပြုံးမျိုး ပြုံးနေတာလဲ...သူက ညီမနယ်သာရီကို ဘာလုပ်ချင်လို့လဲ..."
ယန်မိန်ကျီ စိတ်ရှုပ်ထွေးသွားသော်လည်း သူမ တစ်ခုခု လုပ်ရမည်ဟု ထင်မိသည်။နယ်သူရီက တကယ်ကို လှပလှလေသည်။
"ပိုင်ရှင်ပုက သူ့အပေါ်ကို မကောင်းတဲ့ အကြံအစည်တွေရှိနေတာလား..."
ယန်မိန်ကျီ ချက်ချင်းပင် ထရပ်လိုက်ပြီးပုဖန်ရှိရာဆီသို့ လျင်မြန်စွာလျှောက်သွာလိုက်သည်။တစ်ချိန်ထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများကို ထုတ်လွင့်လိုက်သည်။
"ပိုင်ရှင်ပု နယ်သာရီကို လွှတ်လိုက်..."
သူမကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ထိုအချိန်အတောအတွင်း၌ သူမ၏ နှလုံးသားထဲတွင် တရားမျှတမှုကို ဆာလောင်မှုဖြင့် တောက်ပနေလေသည်။