အခန်း ၆၂၆
နယ်သာရီ၏ မျက်တောင်ရှည်လေးများ တစ်ဖြတ်ဖြတ် လှုပ်ခတ်သွားသည်။ ပုဖန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ယန်မိန်ကျီဆီသို့ လှမ်းကြည့်လိုက်သည်။
ပါးပြင်လေးကလည်း တစ်စုံတစ်ခုကို ဆက်လက်ဝါးနေသည့်ပုံစံဖြင့် အနည်းငယ် ဖောင်းနေပေသည်။
ဂလု...
ထို့နောက် သူမပါးစပ်ထဲမှ ထမင်းကြော်များကိုမြိုချလိုက်ပြီး နှုတ်ခမ်းတွင်ကွက်နေသော ဆီများကို လျှာဖြင့် သပ်လိုက်သည်။
နယ်သာရီဘေးတွင် ထိုင်လိုက်သော ပုဖန် ကလည်း ယန်မိန်ကျီအော်သံကြောင့် အံအားတသင့်ဖြင့် လှည့်ကြည့်လိုက်သည်။ ယန်န်မိန်ကျီ၏ အကြည့်စူးစူးများကြောင့် ထူးဆန်းသွားပြီး မျက်ခုံးပင့်လိုက်မိ၏။
ဒါ ဘယ်လိုအကြည့်မျိုးလဲ...
ပုဖန် အနည်းငယ်ပင်ဇဝေဇဝါဖြစ်သွားသည်။
ယန်မိန်ကျီ ပုဖန် ကိုမကောင်းတဲ့နှာဗူးကောင်လိုစူးစူးရဲရဲစိုက်ကြည့်နေသည်။
ပုဖန်လိုမျိုး ထူးချွန်တဲ့ပါရမီရှင်အချက်ပြုတ်နတ်ဘုရားဖြစ်လာဖို့ ရည်ရွယ်ထားသည့် လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လမ်းမှားရောက်သွားတာလဲ။
ပုဖန် ယန်မိန်ကျီကို ဂရုမစိုက်တော့ဘဲ နယ်သာရီဘက်ကိုသာ အာရုံစိုက်လိုက်သည်။
"နယ်သာရီ ထမင်းကြော်အရသာက ဘယ်လိုနေလဲ "
ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တတ်သွားပြီးမေးလိုက်ပုံက ယန်မိန်ကျီကို တုန်ရီသွားစေ၏။
နယ်သာရီက ခေါင်းညိတ်၍သာတုန့်ပြန်လေသည်။
"အရသာရှိတယ်...ဟုတ်တယ်မဟုတ်လား...အရသာ ရှိတယ်ဆိုရင် နင်ပိုစားသင့်တယ်"
ပုဖန်ကပြောပြောဆိုဆိုနှင့် ရှစ်လေး၏ပန်းကန်လုံးကိုလှမ်းယူလိုက်ကာ နယ်သာရီပန်းကန်ထဲပေါင်းထည့်ပေးလိုက်သည်။
ထမင်းစေ့လေးများကို တစ်တောင့်တောင့် ကောက်နေသော ရှစ်လေးက ဘယ်လိုဖြစ်သွားမှန်းမသိလိုက်ပဲ ခေါင်းလေးထောင်၍ပြူးကြောင်ကြောင်ကြည့်နေလေသည်။
နယ်သာရီက ကျေနပ်ပြုံးကြီးပြုံးလိုက်သည်။ ထို့နောက် သူပျော်ရွှင်စွာဖြင့် ထမင်းကြော်များကိုပါးစပ်ထဲ အပြည့်ဖြည့်လိုက်သည်။
နံရိုး ချိုချဉ်ကြော်များကို အားပါးတရစားနေသော ဘလက်ကီကလည်းပုဖန်တို့နှစ်ယောက်ကိုကြည့်နေလိုက်သည်။
ဒီနေ့ ကောင်လေးပုဖန်ကြည့်ရတာ တစ်ခုခုကြံစည်နေပုံရတယ်....
ပုဖန်က ကြင်နာဟန်ဖြင့် ခေါင်းလေးအသာ စောင်းငဲ့ထားရုံသာမက သူမျက်နှာပေါ်တွင်လည်း အပြုံးအကြီးကြီးရှိနေသည်။ထိုအမူအရာက ခွေးဘုရင်ကို သက်ာမကင်းဖြစ်လာစေသည်။
ပုဖန်၏ အပြုံးကြောင့် သူ့လည်ပင်းမှအမွှေးများပင်ထောင်ထနေ၏။
"နယ်သာရီ...ဒီစားအစာတွေကအရသာရှိတယ်ဆိုတော့လေ နင်ကိုယ်တိုင်ချက်ပြုတ်ချင်လား"
ပုဖန်၏ အပြုံးကပျောက်ကွယ်သွားပြီး လေးနက်အမူအရာဖြင့်မေးလိုက်သည်။
ပုဖန်၏ အမေးကြောင့် နယ်သာရီ ခဏမျှ တုန်သွားသည်။.ထို့နောက် ပုဖန် ကိုကြည့်လိုက်ပြီး ခေါင်းတစ်ဖက်တစ်ချက်စီ ယမ်းခါလိုက်သည်။
"မလုပ်ဘူး ...ငါက စားပဲစားချင်တာ..."
"နင်က စားပဲစားချင်တယ်..."
ပုဖန် သူစကားကို သံယောင်လိုက်၍ ရွတ်လိုက်သည်။ သူနှလုံးသားထဲသို့ မမြင်နိုင်သော မြှားတစ်စင်းဝင်ရောက်စိုက်သွားသလိုပင်ခံစားလိုက်ရသည်။
"နင်ပြောတာ မှန်တယ် နယ်သာရီ...နင်က အရမ်းကို ရဲရင့်တာပဲ..."
ပုဖန် အငြင်းခံလိုက်ရသောကြောင့် ခွေးဘုရင်ပြုံးလိုက်၏။
ပုဖန် သူ၏နှာခေါင်းကို အသာယာပွတ်လိုက်ပြီး ခွေးဘုရင်ဘက်သို့ လှည့်လိုက်သည်။
"မင်းရော.. ဘယ်လိုလဲ...အရသာရှိတဲ့နံရိုးချိုချဉ်ကြော်တွေ ကိုယ်တိုင်ချက်ချင်လား..."
"ဝါသနာမပါဘူး...ဒီဘုရင်ကလည်း စားပဲစားချင်တာ..."
ခွေးဘုရင်က မောက်မာစွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး သူ၏ နံရိုးချိုချဉ် ကြော်တစ်ပိုင်းကိုကောက်ယူလိုက်သည်။
ပုဖန်၏ နှုတ်ခမ်းများရှုံ့မဲ့သွားသည်။
ဘယ်လိုတောင် အပျင်းထူတဲ့ခွေးလဲ...
ယန်မိန်ကျီ စိတ်သက်သာရာရသွားပြီးသူ့ ထိုင်ခုံ၌ပြန်ထိုင်လိုက်သည်။
ဒီတော့...ပိုင်ရှင်ပုက နယ်သာရီ ကိုမေးခွန်းပဲ မေးချင်တာပေါ့ ဘယ်လို ပဲ ဖြစ်ဖြစ်လေ နယ်သာရီ ကအရမ်းလှတာပဲဟာ
သူစားပဲစားချင်တယ်ဆိုလည်း ပြသာနာမရှိပါဘူး။
ယန်မိန်ကျီ တိတ်တဆိတ်တွေးနေမိသည်။
နှစ်ကြိမ်အငြင်းခံလိုက်ရပြီးနောက် ပုဖန် စိတ်ပျက်လက်ပျက်ဖြင့်ထလိုက်သည်။
ယခုလက်ရှိအချိန်တွင်အလုပ်သင်ရှာရခြင်းက တကယ်ကို ခက်ခဲလှပေသည်။
သူ့ စွမ်းရည်များက လုံလောက်အောင် မလွှမ်းမိုးသေးနိုင်သည့်ပုံပေါ်သည်။ သို့သော်လည်း သူက သာမန်စားဖိုမှူးသာဖြစ်သောကြောင့် အပြစ်တင်နိုင်ခြင်းမရှိပေ။ သူက သဘောကောင်းသော စားဖိုမှူး လေးတစ်ယောက်သာဖြစ်၏။
ပုဖန်လက်မလျော့ချင်သော်လည်း သူမတ်တပ်သာထရပ်လိုက်သည်။ထိုနှစ်ယောက်က အသုံးမဝင်သောအစားသရဲများသာဖြစ်လေသည်။
သူဆိုင်ပေါက်ဝသို့သွားလိုက်ပြီးထိုင်ခုံတစ်ခုံယူ၍ထိုင်လိုက်သည်။
ကောင်းကင်က ကြည်လင်နေပြီး အလင်းရောင်လေးများဖြာကျနေသည့် မြင်ကွင်းက နှစ်သက်ဖွယ်ကောင်းလှသည်။
လေနုအေးများတိုက်ခိုက်နေပြီး တိမ်များကလေနှင်ရာ ရွေ့လျားနေသည်။ ထို့အပြင်ဌက်ကလေးများ၏ တေးကျူးသံကိုလည်း ခပ်သဲ့သဲ့ကြားနေရသည်။
မြူကောင်းကင်မြို့ရှိ ပြည်သူများက ကြီးမားသော တိုက်ပဲကြီး အဆုံးသတ်သွားပြီဖြစ်သောကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်လုပ်ဆောင်နေကြသည်။ မြူကောင်းကင်မြို့ကို လွမ်းခြုံထားသော ပြုပြင်ရေးအစီရင်က အပျက်စီးများကို သူဘာသာသူ ပြန်လည်ပြုပြင်နိုင်သည်ဆိုသော်လည်း လူများနှင့်အတူတကွပြန်လည်ပြုပြင်ခြင်းကပို၍မြန်နိုင်ပေသည်။
ပုဖန်အပြင်မြင်ကွင်းကိုခဏမျှ ငေးကြည့်လေပြီးနောက် ပျင်းရိလာသောကြောင့် သူ၏ ဓားလေ့ကျင့်ခန်းသွားလုပ်ရန်မီးဖိုချောင်ထဲသို့ ဝင်ရန်ပြင်လ်ုက်သည်။
သူလှည်လိုက်သည့်အချိန်မှာပင် အနီးကပ်ရောက်နေသည့် ယန်မိန်ကျီကို တွေ့လိုက်ရ၏။
"နင်ကဒီမှာဘာရပ်လုပ်နေတာလဲ"
ယန်မိန်ကျီ ကနှုတ်ခမ်းအသာကိုက်လိုက်၍ သူရဲ့ဗိုက်ကိုပုတ်ပြကာပြောလိုက်သည်။
"ပိုင်ရှင်ပု ငါနည်းနည်းဗ်ိုက်ဆာနေပြီ...စားစရာ မှာလို့ရမလား..."
ယန်မိန်ကျီက သနားစရာပါပီမျက်လုံးလေးများဖြင့် ပုဖန်ကိုကြည့်နေလိုက်သည်။
နံရိုးချိုချဉ် ကြော်မှမွေးရနံများက သူမ၏ နှခေါင်းထဲ အဆက်မပြတ် တိုးဝင်နေသောကြောင့် နှလုံးသားထဲမှပင်ဆာလောင်လာမိသည်။ သူမပုဖန်ကိုပြောလိုက်ပြီးသည်နှင့် ဗိုက်ထဲမှ ကလုန် ကလုန်အသံများ ထွက်ပေါ်လာသောကြောင့်အနည်းငယ် ရှက်ရွံသွားမိသည်။
ပုဖန် လည်းခဏမျှကြောင်အသွားပြီးနောက်ခေါင်းညိတ်ပြလိုက်သည်။
"နင်ဘာစားချင်တာလဲ..ပြောလေ..."
ပုဖန် သူမကို ပြောလိုက်ပြီးနောက်မီးဖိုခန်းဘက်ဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။
ယန်မိန်ကျီ ၏ မျက်ဝန်းလေးများ တောက်ပသွားသည်။ သူစားသောက်ခန်းထဲသို့ အလျှင်မြန် ပြန်ဝင်သွားလိုက်ပြီး မီနူးကိုကြည့်လိုက်၏။
ထို့နောက် အနီရောင်အသားနှပ်ကိုရွေးချယ်လိုက်သည်။
သူမကအသားသည်သာ အကောင်းဆုံးဟု အမြဲတမ်းတွေးထင်တတ်သူဖြစ်သည်။
ထို့အပြင် သူမ၏ ဖခင်ရှိစဉ်ကပင် အကောင်းဆုံးအသားများကို သူမတွက် ချက်ပြုတ်ပေးဖူးလေသည်။ပုဖန်ချက်သော အသားနှပ်ဟင်းပွဲကလည်း သူမ၏ ဖခင်ကို သတိရမိစေသည်။
ပုဖန် မီးဖိုခန်းဝသို့ရောက်သည့်အချိန်၌ တစ်စုံတစ်ခု တွေးမိသွားဟန်ဖြင့် ရပ်တန့်သွားသည်။သူ စားပွဲတစ်ခုတွင် ထိုင်နေပြီဖြစ်သော ယန်မိန်ကျီကို လှည့်ကြည့်လိုက်၏။
ထို့နောက် သူ့မျက်လုံးထဲတွင် အဓိပ္ပ်ပြည့်ဝသော အပြုံးရိပ်တစ်ခုပော်လာပြီး သူ့နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်သွားသည်။
ပုဖန်မီးဖိုခန်းထဲသို့ဝင်ရောက်ပြီးနောက်သူ၏ အနီရောင်စားဖိုမှူး ဝတ်ရုံလက်စကို လိပ်တင်လိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သည်အချိန်၌သူ၏ တကယ် နည်းစနစ်အမှန်များကိုထုတ်ပြုရပေမည်။သူက ယခုတွင် အကောင်းဆုံးသော အနီရောင်အသားနှပ်ဟင်းပွဲကိုချက်ပြုတ်ချင်သည်။
သူကြောင်အိမ်ဆီသို့လျှောက်သွားလိုက်ပြီး ဂရုတစိုက်ဖြင့် ရှာဖွေလိုက်သည်။
ထို့နောက် အဆင့်အရမ်းမမြင့်သော စိတ်ဝိဉာဉ်သားရဲ၏ အသားကိုတွေ့လိုက်သည်။ ထိုအသားက အလွန်ကျော်ကြားခြင်းမရှိသည့် ဒုတိယအဆင့် စိတ်ဝိဉာဉ်သားရဲ၏ အသားဖြစ်သည်။
ရွေနဂါးအရိုး မီးဖိုချောင်သုံးဓားကလေထဲတွင်လှည့်သွားပြီး အလင်းများဖြာထွက်သည်ကိုမြင်လိုက်ရသည်။ ခဏအကြာ၌ သူစတင်ချက်ပြုတ်ဖို့ပြင်ဆင်လိုက်သည်။
တူညီစွာပိုင်းဖြတ်ထားသော အသားလွှာလေးများကိုပန်းကန်ပြား တစ်ချက်ထဲသို့ထည့်ထားလိုက်သည်။
သူ မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူ၍ ဆေးကြောသန့်စင်လိုက်သည်။ သူ၏ ပါးစပ်ထဲမှ ကောင်းကင် ကမ္ဘာမြေမီးလျှံကို ထုတ်လိုက်သည်။မကြာခင်မှာပင် ဒယ်အိုး ၏ အပူရှိန်က မြင့်တတ်လာလေသည်။
ဒယ်အိုး ထဲသို့ဆီအချို့ လောင်းထည့်လိုက်ပြီးသည့်နှင့် စိတ်ဝိဉာဉ်ဆေးပင်အချို့ကို ထည့်ကာ ကြော်လိုက်သည်။
ပြီးသည်နှင့်အသားများထည့်လိုက်သည်။ ဒီတစ်ကြိမ်၌ မီးနူးအသားများ ဟင်းပွဲကိုချက်ပြုတ်ခြင်းမဟုတ်ဘဲ သူ၏ မှတ်ဉာဏ်ထဲတွင်ရှိနေသော အသားနှပ်ဟင်းပွဲကိုပြန်လည် ဆန်းသစ်လိုက်ခြင်းဖြစ်သည်။
ယန်မိန်ကျီ ကိုသိမ်းသွင်းလိုလျှင် အရသာကောင်းကောင်းချက်ပြုတ်ရန်လိုပေသည်။
ထို့ကြောင့် သူက ရိုးရှင်းသည့် အနီရောင်အသားနှပ်ဟင်းပွဲကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ရိုးရှင်းသည့်ဟင်းပွဲများက လူတစ်ယောက်၏ နှလုံးသားကိုဆွဲဆောင်ရန်ပိုလွယ်ပေသည်။
ရွဲ... ရွဲ...
ဒယ်အိုး မှ အခိုးအငွေ့များထွက်ပေါ်လာသည့်နှင့်ပုဖန် နွေဦးစွမ်းရည်များကိုလောင်းထည့်၍ ထပ်မံချက်လိုက်သည်။
အိုးထဲ၌ဟင်းရည်များကပွက်ပွက်ဆူနေသည်။ထွက်ပေါ်လာသော မွှေးရနံလေးများက လည်း ခံတွင်းစိုလာစေသည်။
ထိုအနံအရသာက ရိုးရှင်းစစ်မှန်လှသည်။
စားသောက်ခန်းထဲတွင် ထိုင်နေသောယန်မိန်ကျီက မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေ၏။
ရှစ်လေးက တောင်ပံကို ဖြန့်ကား၍ စားသောက်ဆိုင်ထဲ ပတ်ပြေးနေသည်။
အဘယ်ကြောင့်ဆိုသော် သူနဂါးသွေထမင်းကြော်ကို ပြည့်ပြည့်ဝဝ မစားရသေးခင်မှာပင် ပျောက်ကွယ် သွားသောကြောင့်ဖြစ်သည်။သို့သော်လည်း သူဘာများ လုပ်နိုင်ပါမည်နည်း။ကြက်တစ်ကောင်အနေဖြင့် သူလုပ်နိုင်သည်ဆိုလို့ ဆောက်တည်ရာ မရဆိုင်ထဲပတ်ပြေးခြင်းဖြစ်သည်။
အဲဒီနတ်ဆိုးအမျိုးသမီးက ငါ့စားစရာကိုလုသွားပြန်ပြီ...
နယ်သာရီ ကစိတ်ကျေနပ်သည့်အမူရာဖြင့် မျက်လုံးလေးများမှေးစင်းနေသည်။
ဘလက်ကီက သိမြင်မှု သစ်သီးအပင်အောက်သွား၍ ပြန်လည်အိပ်စက်နေပြီးဖြစ်သည်။ သစ်ရွက်တစ်ရွက် သူ၏နှာခေါင်းပေါ်သို့ ကြွေကျလာသော်လည်းမျက်လုံးပင်ဖွင့်ခြင်းမရှိပဲ နှာမှုတ်၍ ထုတ်လိုက်သည်။
.....
မကြာခင်မှာပင် မီးဖိုခန်းဆီမှ မွှေးပျံသင်းကြိုင်သော ရနံများလွှင့်ပျံထွက်လာသည်။
ပုဖန် ဖြူပြာရောင်ကြွေပန်းကန်လုံးတစ်လုံးကိုကိုင်၍ မီးဖိုခန်းထဲမှ လျှောက်ထွက်လာသည်။
ယန်မိန်ကျီ ၏ မျက်ဝန်းများ တောက်ပသွားသည်။
နောက်ဆုံးတော့ ရောက်လာပြီ...
ပုဖန်ကယန်မိန်ကျီ လျှောက်လာရင်းအပြုံးအကြီးကြီးပြုံးပြလိုက်သောကြောင့် ယန်မိန်ကျီ တုန်ရင်သွားမိသည်။
"မိတ်ဆွေယန်ရေ ငါရဲ့ ဟင်းပွဲကို မြည်းစမ်းကြည့်ပါဦး..."
ပုဖန်က ရင်းနှီး ခင်မင်စွာဖြင့်ပြောလိုက်ပြီး ဟင်းပွဲကို သူမ၏ ရှေ့သို့ချပေးလိုက်သည်။
အနည်းငယ် ထူးဆန်းစွာခံစားလိုက်ရသောကြောင့် ယန်မိန်ကျီ မျက်မှောင်ကျူံ့ လိုက်သည်။သို့သော်လည်း ထိုအတွေးက သူမ၏ စိတ်ထဲ ကြာကြာရှိမနေဘဲ သူမ၏ အကြည့်လေးများက အသားနှပ်ပေါ်သို့ ပြောင်းရွေ့သွားသည်။
သူမ၏ နှာခေါင်း ထဲဝင်လာသော အသားရနံလေးများက ပို၍ဆာလာလောင်အောင် ပြုလုပ်နေပေသည်။
အသား၏ မွှေးရနံပင်မဟုတ်ပဲထိုဟင်းပွဲမှ ရင်းနှီးကျွမ်းဝင်နေသည့် အငွေ့သက်ကိုလည်း ရရှိနေပေသည်။
ထိုခံစားချက်ကြောင့်သူမ တူကိုပင်မကောက်မိပဲ ကြောင်အနေမိသည်။
"ဒီရင်းနှီးမှုက...."
ယန်မိန်ကျီ တီးတိုးရေရွတ်လိုက်သည်။