အပိုင်း ၆၂၇
Viewers 52k

အခန်း ၆၂၇

ပုဖန်၏ဖျားယောင်းသွေးဆောင်မှု...


သင်းပျံ့မွှေးကြိုင်လှသော ရနံ့လေးများ လေထဲရစ်ဝဲနေ၏။ဟင်းပွဲမှ ထွက်လာသော အပူငွေ့လေးများက လူ တစ်ယောက်၏ အမြင်အာရုံကိုပင် ဝေဝါးစေသည်။


ယန်မိန်ကျီ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။သူမ အနည်းငယ်လည်း အံ့အားသင့်နေမိ၏။မွှေးပျံ့လှသော ရနံ့လေးများက သူမ၏ အကြောအချဉ်များအားလုံးကို ပွင့်သွားစေပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေသည်။


"ဒီရင်းနီးနေတဲ့ ရနံ့က..."


ယန်မိန်ကျီ အနံ့ခံလိုက်သည်။သူမ၏ မျက်ဝန်းများက နီရဲလာ၏။ထိုရနံ့မျိုး မရတော့သည်မှာ အချိန်ကြာလှသည်ဖြစ်သောကြောင့် မေ့လုနီးပါးပင်ဖြစ်နေမိသည်။


"သူငယ်ချင်းယန်ရေ ဒါကနင့်ရဲ့ အနီရောင်အသားနှပ်ဟင်းပွဲပဲ မြည်းကြည့်...ငါဒီနေ့ အထူးစပယ်ရှယ်နည်းလမ်းနဲ့ ချက်လာတာ..."


ပုဖန် ထိုင်ခုံ ဆွဲ၍ ဝင်ထိုင်လ်ိုက်ပြီး ဖော်ရွေစွာ ပြောလ်ိုက်သည်။ယန်မိန်ကျီလည်း ပြန်၍ ထိုင်လိုက်ပြီး တူကို ကောက်ယူလိုက်သည်။သူမ အနီရောင် တောက်ပနေသော အသားနှပ်လေးများကို ကြည့်၍ တံတွေးတစ်လုတ်မြိုချလိုက်သည်။


သူမ တူကိုခေါက်လိုက်ပြီး အသားတစ်တုံးကို ကောက်ယူလိုက်သည်။အနည်းငယ်ပျော့ပျောင်းနေသော အသားမှ အနီရောင်ဆီလေးများ စီးကျနေသည်။


လွမ်းဆွတ်သည့်ခံစားချက်ကလည်း ပိုကဲလာသောကြောင့်လက်များပင် တုန်ယင်လာသည်။အသားနှပ်က သူမ၏ ပါးစပ်နားသို့ ကပ်လာလေလေ သူမ၏ စိုးရိမ်ပူပန်သည့် ခံစားချက်မျိုးက ပို၍ လွန်ကဲလာလေလေဖြစ်လေသည်။သူမထိုအသားကို စားလိုက်သည့်အခ်ျိန်၌ သူမမျှော်လင့်ထားခဲ့သော လွမ်းဆွတ်တမ်းတနေရသည့် အရသာနှင့် ကွဲပြားခြားနားနေမည်ကို ကြောက်ရွံ့နေမိသည်။


သို့သော်လည်း ၎င်းက ဆန့်ကျင်ဘက်ရလဒ်ထွက်လာလေသည်။


အသားကို ပါးစပ်ထဲ ထည့်လိုက်ပြီး ကိုက်လိုက်သည်နှင့် နူးအိပြီး အချိုရည်လေးများ စိမ့်ထွက်လာသော အရသာက သူမ၏ ခံစားချက်များကို တုန်ယင်သွားစေသည်။


ထိုခံစားချက်က အလွန် အံ့သြဖို့ကောင်းသည်။ထိုအရသာက လွမ်းမောဖွယ်ကောင်းလှသည်။ယန်မ်ိန်ကျီ အသားကို ဝါးလိုက်ပြီးသည်နှင့် သူမ၏ မျက်ဝန်းမှ မျက်ရည်များ လိမ့်ဆင်းကျလာသည်။သူမ အနည်းငယ် အံ့အားသင့်သွားပြီး ပါးပြင်ကို ပွတ်သုတ်လိုက်သည်။သူမကိုယ်တိုင်လည်း ဘာကြောင့် င်ိုမိမှန်းမသိပေ။ထိုအရသာက သူမမှတ်ဉာဏ်ထဲမှ အရသာနှင့် လုံးဝ တူညီနေသည်။ထိုအရသာက သူမ၏ အတိတ်အမှတ်တရများကိူ ပြန်၍ တူးဖော်လိုက်သလိုမျိူး သူမ၏ စိတ်အာရုံ နစ်မြှုပ်သွားမိသည်။


....


နှင်းမိုးရွာနေသော နေ့တစ်နေ့ ဖြစ်သောကြောင့် ဘယ်နေရာကိုကြည့်ကြည့် ဖြူဖွေးနေသော နှင်းများကိုသာ တွေ့နေရသည်။


 ကျန်းမာပျော်ရွှင်ပုံရသောကလေးမလေးတစ်ယောက်က အဖြူရောင်အခိုးအငွေ့များက်ို မှုတ်ထုတ်လိုက်သည်။သူမ၏ ခြေထောက်သေးသေးလေးများဖြင့် တစ်လှမ်းချင်လှမ်းရင်း အိမ်ရှိရာဆီသို့ ဦးတည်ပြန်လာလေ၏။


သူမ၏ မျက်နာလေးကလည်းအေးစက်လှသော နှင်းဒဏ်ကြောင့် နီရဲနေ၏။သူမ၏ ဆံပင်များက ဖရိုဖရဲဖြစ်နေသော်လည်း သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများကတော့ အလွန်တက်ကြွစွာဖြင့် ဘေးဘယ်ညာကို ကြည့်နေလေသည်။


သူမက တိမ်ခိုးစားသောက်ဆိုင်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။အပြင်ဘက်၌ နှင်းမုန်တိုင်းများ တိုက်ခိုက်နေသောကြောင့် အေးစက်နေသော်လည်း စားသောက်ဆိုင်အတွင်းထဲ၌မူ အလွန်နွေးထွေးနေပုံရ၏။


မွှေးပျံ့လှသော အစားအစာရနံ့များက ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။စားသုံးသူများကလည်း သူတို့၏ စားပွဲပေါ်တွင် ထိုင်နေကြပြီး တစ်ယောက်နှင့် တစ်ယောက် စကားစမြည်ပြောကာ ပျော်ရွှင်စွာစားသောက်နေကြသည်။


နေရာတိုင်းတွင် ဆီငွေ့နှင့် ရေနွေးငွေ့များပြန့်နှံ့နေသည်။ထို နွေးထွေးပြီး တက်ကြွလှသော လေထုက ထိုကလေးမလေးကို အံ့အားသင့်သွားစေပြီး သူမ၏ မျက်နာတွင် အပြုံးလေးတစ်ပွင့် ဖြစ်လာစေသည်။


ထိုအခ်ျိန်တွင် မီးဖိုခန်းကို ကာထားသော လိုက်ကာက ဘေးတစ်ဖက်သို့ တွန်းဖယ်ခံလိုက် သည်။ထို့နောက် ဆီများကွက်နေသော စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသည့် ထွားထွားကြိုင်းကြိုင်းလူတစ်ယောက် ထွက်လာလေ၏။


ထိုခန့်ညားလှသော လူက သူ့လက်မှ ရေများကို သန့်စင်အောင် သုတ်လိုက်ပြီးနောက် ကလေးမလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။ကလေးမလေး၏ မျက်ဝန်းလေးများက ပြုံးသွားပြီး ထိုလူဆီသို့ အလျင်စလို ပြေးသွားကာ သူ့အပေါ်တွယ်တက်၍ ဖတ်ထားလေသည်။ကြမ်းတမ်းခက်ထန်ပုံရသော ထိုလူက ကလေးမလေ၏ ရှုပ်ပွနေသောဆံပင်လေးများကို အသာအယာ သပ်ပေးလိုက်သည်။


ထို့နောက် သူမ၏ ခေါင်းလေးက်ို ပုတ်ကာမီးဖ်ိုခန်းထဲသို့ ပြန်လည်လှည့်ဝင်သွားသည်။


အချိန်တိုအတွင်းမှာပင် မီးဖိုခန်းလိုက်ကာက နောက်တစ်ဖန် မတင်ခံလိုက်ရပြီး ပြင်းထန်လှသော မွှေးရနံ့များ လူများ၏ အနံ့ခံအာရုံကို လာရောက်တိုက်ခိုက်လေသည်။


ခန့်ညားလှသော လူက အငွေတထောင်းထောင်းထနေသည့် အနီရောင် အသားနှပ် ပန်းကန်ကို ကိုင်ထားလေသည်။ကလေးမလေးက တောင်းတမက်မောသောအကြည့်များဖြင့် ထိုဟင်းပွဲကို မလွဲမသွေ စိုက်ကြည့်နေသည်။


ကလေးမလေးက ထိုင်ခုံတစ်ခုစီသို့ အလျင်စလိုသွားလိုက်သည်။ထို့နောက် တူတစ်စုံကိုကောက်ယူပြီးအသားဖတ်လေးကို ပါးစပ်ထဲထည့်လိုက်၏။ခဏအတွင်းမှာပင် သူမ၏ ပါးစပ်က ဆီကွက်အပြည့်ဖြစ်သွားလေသည်။


ပျော်ရွှင်နေသော ကလေးမလေးက သူမ၏ အင်္ကျီလက်စဖြင့် ပါးစပ်တွင်ကွက်နေသော ဆီအနီများကို သုတ်လိုက်သည်။ဆိုးသွမ်းသော ကြောင်ကလေးအဖြစ် ပြောင်းလဲသွားပုံရသော သူမကို ထ်ိုခန့်ညားသော လူက ခပ်ပြုံးပြုံးဖြင့် ကြည့်နေလေသည်။


သူက မီးဖိုခန်းလိုက်ကာကိုတစ်ဖန်မတင်လိုက်ပြီး မီးဖိုခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ကလေးမလေးက ထိုသူကို ခေါင်းအသာစောင်းငဲ့၍ ကြည့်လိုက်ပြီးနောက် သူမ၏ အသားနှပ်ကို ပျော်ရွှင်စွာဖြင့် တစ်ခုပြီးတစ်ခုဆက်လက်စားသောက်နေလေသည်။


...


ယန်မိန်ကျီ တိတ်ဆိတ်စွာ ငိုကြွေးနေလေသည်။သူမ ရှိုက်နေသောကြောင့် သီးနင်မလိုပင် ဖြစ်နေလေသည်။စားရင်းင်ိုရင်းလုပ်နေခြင်းဖြစ်သည်။သူမ၏ မျက်နာပေါ်မှ ပဲစေ့လုံးခန့် မျက်ရည်များလည်း အဆက်မပြတ် စီးကျနေသည်။


အသားတစ်ဖက်က သူမ၏မှတ်ဉာဏ်များကို လှုံ့နှ်ိုးလိုက်သည်။ထိုနှလုံးသားထဲ စွဲမြဲနေသော အမှတ်တရများက ဝမ်းနည်းလာပြီး ငိုကြွေးမိစေသည်။


ပုဖန်က သူမ၏ မျက်နာချင်းဆိုင်တွင် တ်ိတ်ဆိတ်စွာ ထိုင်နေသည်။သူဘာမှမပြောသလိုဘာမှ ပြောချင်စိတ်လည်းမရှိပေ။


သို့သော်လည်း သူရှေ့မှ စိတ်ခံစားချက်ပြင်းထန်နေသည့် အမျိုးသမီးကိုကြည့်၍ သက်ပြင်းအသာချလိုက်သည်။သူမ ဘာကြောင့် ထိုမျှ အရွယ်အစားကြီးမားသည်က မထူးဆန်းတော့ပေ။သို့သော်လည်းသူမ နေ့တိုင်း အသားစားရင်တောင်မှ ဘာကြောင့် အဆီမတက်တာလဲ...


ထိုအမျိုးသမီး၌ နောက်ခံဇာတ်လမ်းရှိနေသည်။


သူ့လက်ကို မြောက်လိုက်သည်။လက်တစ်စုံက သွယ်လျပြီး ကောင်းမွန်စွာ နီမြန်းနေသည်။မြတ်နိုးဖွယ်ကောင်းလှသော သူ့လက်ကိုကြည့်၍ ပုဖန် ပြုံးလိုက်သည်။


၎င်းတို့က မှော်ဆန်သော အရာများကို ဖန်တီးနိုင်ပေသည်။သူတို့က လူတစ်ယောက်၏ နှလုံးသားကို ထ်ိမှန်သွားစေနိုင်သော အရသာရှိသည့် အစားအစာများကို ချက်ပြုတ်နိုင်သည်။


သူတို့က လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်မှုတွင်သာမကပဲ လူတစ်ယောက်၏ နှလုံးသားထဲမှ လိုအင်ဆန္ဒများကိုပါ ဖြည့်ဆည်းနိုင်စွမ်းရှိသည်။တကယ်တမ်းတွင် လူတစ်ယောက်၏ မှတ်ဉာဏ်ထဲတွင် နစ်မြှုပ်နေသော စားစရာများကို တူးဖော်ခြင်းဆိုသည်မှာ မဖြစ်နိုင်လုနီးပါးပင်။


အဘယ်ကြောင့်ဆိုသော် သူတို့၏ မှတ်ဉာဏ်ထဲတွင် ရင်းနီးကျွမ်းဝင်စွဲမြဲနေသောအရသာကို သူတို့၏ ဘဝတစ်လျှောက် နောက်တစ်ကြိမ် ပြန်တွေ့ဖို့ မဖြစ်နိုင်တော့ပေ။တစ်ခါတစ်ရံတွင် ကောင်းမွန်လှသော အစားအစာများက ကောင်းမွန်လှသော ခံစားချက်များကို ယူဆောင်လာပေသည်။ထိုအချိန်တွင် လူတိုင်းက သူတို့ကိုသူတို့ပင် မထိန်းချုပ်နိုင်ဖြစ်ခဲ့ရသည်။


ယနေ့တွင် ပုဖန်က အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ အနီရောင်အသားနှပ်ကို ချက်ပြုတ်လိုက်သည်။အဘယ့်ကြောင့်ဆိုသော် ယန်မိန်ကျီ၏ မှတ်ဉာဏ်များထဲတွင် အနီရောင်အသားနှပ်နှင့် ပတ်သတ်သည့်တစ်စုံတစ်ရာရှိနေမည်ဖြစ်ကြောင်း သူသိပေသည်။


ယန်မိန်ကျီ၏ ပြောစကားများအရ တိမ်ခိုးစားသောက်ဆိုင်၏ ပိုင်ရှင်က သူမ၏ အဖေဖြစ်သည်။ထိုစားဖိုမှုး၏ အနီရောင်အသားနှပ်ဟင်းပွဲကလည်းကျော်ကြားလှသည်။


ထိူအနီရောင်အသားနှပ်က တိမ်ခိုးစားသောက်ဆိုင်၏ အထင်ကရဟင်းပွဲလည်းဖြစ်ခဲ့သည်။ထို့ကြောင့်ပင် ပုဖန်က အနီရောင်အသားနှပ်ဟင်းပွဲကို ရိုးရှင်းစွာပင် အိမ်အရသာမျိုး ဖန်တီးလိုက်ခြင်းဖြစ်သည်။


ထိုအသားနှပ်က ယန်မိန်ကျီ အဖေလက်ရာဖြင့် အနည်းငယ်မျှ ကွာခြားနိုင်သည်ဆိုသော်လည်း သူ့၏ မှတ်ဉာဏ်များကိုတော့ နှိူးဆွပေးနိုင်မည်။


"ဒီအရသာက ဘာလို့ အရမ်းရင်းနီးကျွမ်းဝင်နေရတာလဲ ...ဒါက ငါအဖေရဲ့ လက်ရာတိုင်းပဲ ..."


ယန်မိန်ကျီ မျက်ရည်များကို သုတ်လိုက်သည်။သူမအသားကို မြိုချပြီးနောက် တစ်ချက်ရှိုက်လိုက်၏။ယန်မိန်ကျီက ပုဖန်ကို စိတ်ခံစားချက်များ ရောပြောနေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ထိုအရသာက တူညီသည်ဆိူသော်လည်း သူမအဖေ၏ လက်ရာမဟုတ်ပေ။သူမအဖေ သေဆုံးသွားခဲ့ပြီတည်းက သူမမှတ်ဉာဏ်ထဲမှ အရသာကလည်း ပျောက်ဆုံးသွားပေပြီ။


"ဒါက ရိုးရှင်းတဲ့ ဟင်းပွဲလေးတစ်ခုပါပဲ မင်းအဖေရဲလက်ရာက ဘယ်လိုလဲဆိုတာတော့ ငါတကယ်မသိဘူး..."


ပုဖန် အေးဆေးစွာဖြင့် ပြောလိုက်သည်။ယန်မိန်ကျီ ခေါင်းမော့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။


"ဒါပေမယ့် ဒီအရသာက တကယ့်ကို တူနေတယ် ဒါကအစားအသောက်ကောင်းတွေရဲ့ စွမ်းအားပဲလေ အဲ့ဒါ မှော်ဆန်တယ်လို့ နင်မထင်ဘူးလား..."


ယန်မိန်ကျီက ပန်းကန်ထဲတွင်ရှိနေသော ဆော့စ်များကို လျက်လိုက်ပြီးမှ ခေါင်းမော့ကြည့်လိုက်သည်။ထို့နောက် သူမ အလေးအနက်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်တယ်..."


ပုဖန်၏ မျက်နာပေါ်က အပြုံးက ပို၍ တောက်ပလာသည်။


"ဒီလိုဆိုရင်... အစားအသောက်တွေက ဘယ်လောက်တောင် စွဲဆောင်မှုရှိတယ်ဆိုတာ နင်သိတယ်ဆ်ိုတော့ အဲ့ဒီ သူတို့ကို ဘယ်လိုချက်ရတယ်ဆိုတာကို သင်ချင်လား...နင်ရဲ့ မှတ်ဉာဏ်ထဲမှာ နေ့တိုင်း ရှိနေခဲ့တဲ့ အဲ့ဒီ ကောင်းမွန်နဲ့ အရသာမျိုးကို မလိုချင်ဘူးလား..."


ယန်မိန်ကျီ အံအားသင့်သွားသည်။ ငရဲကမ္ဘာသဘော်ပေါ်တွင်ထိုင်နေသော နယ်သာရီလည်းအနည်းငယ်အံအားသင့်သွား၏။ ဆိုင်တစ်လျှောက်ပတ်ပြေးနေသော ရှစ်လေးပင်ခေါင်းထောင်ကြည့်လိုက်သည်။  


"နင်က ငါကို အချက်ပြုတ်ပညာတွေ သင်ယူဖို့ပြောနေတာလား..."


ယန်မိန်ကျီ မယုံကြည်နိုင်ဟန်ဖြင့်မေးလိုက်သည်။


"ပိုင်ရှင်ပုအဲဒီစိတ်ကူးကိုဘယ်ကများရလာတာပါ့လိမ့်..."


ယန်မိန်ကျီ အံအားသင့်စွာဖြင့်သက်ပြင်းချလိုက်သည်။သူမ၏ အဆင့်ကိုသူမ ကောင်းစွာသိပေသည်။ သူမက ဥထမင်းကြော်ပင်လျှင်ဖြောင့်အောင်မကြော်တတ်လေရာ တစ်ခြားသူများတွက် အစားသောက်ကောင်းများမည်ကဲ့သို့ချက်ပြုတ်နိုင်ပါမည်နည်း။


သူမအချက်ပြုတ်သင်ယူမည်ဆိုလျှင်တောင်သူမကရှိနေသောစားသောက်သူများကို မောင်းထုတ် လိုက်မိပြီး စားသောက်ဆိုင်တွင်ဖောက်သည်နည်းသွားအောင်လုပ်လိုက်မိမည်ကို စိုးရိမ်မိပေသည်။ ယခုလက်ရှိအချိန်၌ ပြန်လည်တည်ဆောက်ထားပြီးပြီဖြစ်သော တိမ်ခိုးစားသောက်ဆိုင်၏ ဂုဏ်သတင်းကတောက်ပနေပေသည်။


 ပုဖန်၏ စကားကိုကြားလိုက်ရသည်နှင့်ချက်ခြင်း ယန်မိန်ကျီ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သည့်အမူရာမျိုးဖြစ်သွားပြီး လက်ကိုခါရယမ်း၍အလျင်စလိုပြောလိုက်သည်။ 


"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး...ငါနဲ့အဆင်မပြေဘူး..."


ပုဖန် သက်ပြင်းအသာချလိုက်သည်။ သူထိုင်ခုံကို မှီလိုက်ပြီး ယန်မိန်ကျီ ၏ ရှုံ့မဲ့နေသည့်မျက်နှာကို စိုက်ကြည့်လိုက်သည်။


"ထူးကဲပြီး အရသာရှိသည့် အစားသောက်တွေကို နင်ကိုယ်တိုင်မချက်ချင်ဘူးလား...နင်က နင်အဖေရဲ့ ဟင်းပွဲတွေကို နှစ်ပေါင်းများစွာတိုင် သတိရလွမ်းဆွတ်နေခဲ့တယ်မဟုတ်ဘူးလား..."


ပုဖန်၏ စကားကိုကြားပြီးနောက် ယန်မိန်ကျီ၏ အမူအရာကပြောင်းလဲသွားသည်။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းသည့် အမူအရာမျိုးပေါ်လာသည်။ မှန်ပေသည်။ သူမ တိမ်ခိုးစားသောက်ဆိုင်ကိုသူမဆက်လက်လုပ်ကိုင်သင့်ပေ၏။


"ဒါပေမယ့် ငါက ငါရဲ့စွမ်းအင်ကို အသုံးပြုပြီး မြို့ကောင်းကင်မြို့တွက် တစ်စုံတစ်ရာလုပ်ပေးချင်တယ်...ငါလုပ်နိုင်တာကလည်းဆေးလုံးသန့်စင်တာပဲရှိတယ်..."


ယန်မိန်ကျီ ပြန်ဖြေလိုက်သည်။သူမက ဆေးလုံးသန့်စင်မှုတွင်သာ ပါရမီတစ်ချို့ပိုင်ဆိုင်ထားခဲ့သည်။ အကယ်၍ တောက်ပသော အနာဂတ်ကိုလိုချင်ရင် ဆေးလုံးသန့်စင်သည့်လမ်းကိုသာ လျှောက်ရပေမည်။


သို့သော်လည်း ယခုလက်ရှိအချိန်၌ မြူကောင်းကင် မြို့ကဆေးနန်းတော်၏ ဗဟိုမြို့တော်ဖြစ်လာခဲ့ပြီး အဂ္ဂရိတ်ပညာရှင်များစွာစုစည်းနေလေသည်။ထိုမဟာသခင် များပါရမီရှင်များကြား၌ ယန်မိန်ကျီ၏ အရည်ချင်းက မတောက်ပတော့ပေ။


ပုဖန်က ထိုအကြောင်းများကိုမသိပေ။သို့သော်လည်းသူက ယန်မိန်ကျီ၏ ငြင်းပယ်မှုကြောင့် ပြာယာခတ်သွားခြင်းမရှိပေ။


"ဟုတ်ပါပြီ...ဆေးလုံးသန့်စင်တဲ့ ပညာရပ်ကလည်း အရမ်းကိုကောင်းမွန်တယ်ဆိုပေမဲ့ နင်ရဲ့ အရည်ချင်းတွေကို ပြုချင်တာက ဆေးလုံးသန့်စင်တာတစ်ခုပဲလုပ်ရမယ်လို့မဆိုလိုဘူးလေ... နင်သာဘယ်လိုချက်ပြုတ်ရမယ်ဆိုတာသင်ယူလိုက်မယ်ဆိုလျှင် နင်ရဲ့ စွမ်းဆောင်ရည်တွေကို ပြလို့ရတာပဲ...ပြီးတော့ မမေ့နဲ့ဦး...ငာက ပဉ္စလက်စုဝေးပွဲရဲ့ ထိပ်သီးချန်ပီယံ လေ..."


ရိုးသားစွာပြောရလျှင် ထို ပဉ္စလက်စုဝေးကြီးရဲ့ ထိပ်သီးချန်ပီယံဆု ဆိုသော် ဂုဏ်ပုဒ်ကိုပုဖန်မကြိုက်ပေ။အဘယ်ကြောင့် သူတွက် ငါအကျိုးကျေးဇူးမှ မရှိသောကြောင့်ဖြစ်သည်။သူရရှိခဲ့သည့် အကျိုးကျေးဇူးဟု၍ ကောင်းကင်ဘုံလျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ပြီး အစားကျူးသည့် ငရဲဘုရင်ကို ခေါ်လာခဲရသည်သာရှိသည်။ မည်သို့ပင်ဆိုစေ ထိုအစားသရဲလူကလည်းပြန်သွားပြီ ဖြစ်သည်။


"ဟုတ်တာပဲ...ပိုင်ရှင်ပု က ပဉ္စလက်စုဝေးပွဲကြီးရဲ့ ချန်ပီယံပဲ..."


 ယန်မိန်ကျီ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။အကယ်၍ သူမသာ အချက်ပြုတ် ပညာကိုသေချာသင်ယူလိုက်မည်ဆိုလျှင် သူမလည်းတောက်ပလာနိုင်တယ်...မဟုတ်လား...


သူမ အဂ္ဂရိတ် ပညာရပ်ကိုလျှောက်ရန် ရွေးချယ်လိုက်ရခြင်းမှာ သူမအချက်ပြုတ်ဖြင့် အနာဂတ်ကောင်းကောင်းမရှိနိုင်ဟုထင်မိသောကြောင့်ဖြစ်သည်။ ထိုအချိန်တုန်းက မြူကောင်းကင်မြို့ရှိစားဖိုမှူးများအားလုံးက သူတို့၏ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းအလုပ်ကိုပင် ပြောင်းလဲခဲ့ကြပြီးဖြစ်သည်။


ပုဖန်က ယန်မိန်ကျီ တွန့်ဆုတ်နေသည့်အမူအရာကိုကြည့်၍ မျက်ခုံးပင့်လိုက်သည်။သူထိရောက်သည့်အချက်လက်တစ်ခုကို ထုတ်ဖော်ရမည်ဟု စဉ်းစားမိလိုက်သည်။ ယန်မိန်ကျီက ထိုအချက်ကိုလုံးဝငြင်းနိုင်မည်မဟုတ်မှန်းသူသိပေသည်။ အကယ်၍ သူမှာသာ တစ်ခြားရွေးချယ်စရာရှိသေးမည်ဆိုလျှင် ထိုဝှက်ဖဲကိုထုတ်မသုံးချင်ပေ။


ပုဖန်ပင့်သက် ရှိုက်လိုက်သည်။ထို့နောက် အလွန်အရေးကြီးသည့်တစ်စုံတစ်ရာကို ဆွေးနွေးမည့်ဟန်ဖြင့်သူ၏ မျက်နှာက တည်ငြိမ်သွားသည်။ပုဖန်၏ အမူအရာကြောင့် ယန်မိန်ကျီလည်းအသက်မရှူပဲအောင့်ထားမိသည်။ သူဖြေးဖြေးခြင်းပြောလိုက်သည်။


"သူငယ်ချင်းယန် နန်ကုန်းဝူချယ်က ဒီမှာနေ့တိုင်းလာပြီးစားတယ်ဆိုတာကို နင်သိသင့်တယ်...နင်သာ ငါဆီက အချက်ပြုတ်ပညာကိုသင်လိုက်မယ်ဆိုရင် နန်ကုန်းဝူချယ်က နင်ချက်ပေးတဲ့အစားသောက်တွေကို စားရတော့မှာပဲ..."


ဟုတ်ပြီလေ...စိတ်ခံစားချက်တွေက သူမကိုကောင်းကောင်းမနှိုးဆော်နိုင်ဘူးဆိုမှတော့ တိုက်ရိုက်ထိမဲ့ အချက်ကိုပဲ သုံးလိုက်ကြတာပေါ့ ...ဘာတွေပဲ ဖြစ်လာဖြစ်လာ နန်ကုန်းဝူချယ် ဒီနေရာလာနေသရွေ့အစဉ်ပြေသွားလိုက်မယ်...


ပုဖန်၏ စကားကိုကြားလိုက်ပြီးနောက် ယန်မိန်ကျီ၏ အကြည့်များကပြောင်းလဲသွားသည်။

သူမ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူမ၏ မျက်ဝန်းများကလည်းစတင်တောက်ပလာသည်။ အလင်းတစ်စက်လေးမှနေ၍ တဖြေးဖြေးကြယ်အစုဝေးကဲ့သို့တောက်ပလာလေ၏။


"ငါ...ငါသင်မယ်..."


ယန်မိန်ကျီ ဆတ်ခနဲထ၍ စားပွဲခုံကိုလက်ဝါးဖြင့် ဘုန်းခနဲရိုက်လိုက်သည်။ ထို့နောက် အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ သူမ၏သဘောတူညီချက်ကိုကြော်ငြာလိုက်သည်။