အပိုင်း ၆၂၈
Viewers 53k

အခန်း ၆၂၈

မြူကောင်းကင်မြို့ထဲမှ ဒုတိယမြောက်စားသောက်ဆိုင်...


ပုဖန်၏ စကားကို ကြားပြီးနောက် ယန်မိန်ကျီ အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်းမရှ်ိပဲ သဘောတူလိုက်၏။ပုဖန်၏ စကားက သူမ၏ နောက်ဆုံးတွန့်ဆုတ်မှုကို ချေဖျက်လိုက်ပုံရလေသည်။သူမ၏ စိတ်အခြေအနေက လုံးဝ လဲပြိုကျသွားလေသည်။


နန်ကုန်းဝူချယ်က သူမချက်ပေးသော ဟင်းပွဲကို စားနေမည့်ပုံကို မြင်ယောင်လိုက်မိသည်နှင့် သူမ၏ နှလုံးသားအရည်ပျော်ကျသွားသလို ခံစားလိုက်ရသည်။


နန်ကုန်းဝူချယ်က သူမ၏ အရသာရှိသော အစားအသောက်များထံတွင် ကျရှုံးသွားပြီးနောက် သူမ၏ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပေလိမ့်မည်။ထို့နောက် ဘဝ၏ ပျော်ရွှင်မှုများဆီသို့ တက်လှမ်းရန် သူမကို တောင်းဆိုပေလိမ့်မည်။ထိုမြင်ကွင်းက စိတ်လှုပ်ရှား စရာကောင်းလှသည်။စက္ကန့်ပိုင်းအတွင်းမှာပင် ယန်မိန်ကျီ၏ မျက်နာအမူအရာက ချက်ချင်းပြောင်းသွားသည်ကို မြင်လိုက်ရသောကြောင့် ပုဖန် နှုတ်ခမ်းတစ်ဖက်တွန့်လိုက်မိသည်။သူ ပြောစရာစကားပင်မဲ့သွားမိ၏။အကယိ၍ နန်ကုန်းဝူချယ်သာ ထိုမျှအသုံးဝင်နေကြောင်း သိခဲ့ပါက သူ ဂရုတစ်ိုက်ဖြင့် အနီရောင်အသားနှပ် ချက်ပြုတ်ခြင်းက လွတ်မြောက်ခဲ့ပေလိမ့်မည်။


"နင် အဲ့ဒါကို နောင်တရမှာမဟုတ်ဘူး..."


ပုဖန် ယန်မိန်ကျီကို ပြောလိုက်သည်။


"နင်ပြောတာက ငါသာတကယ်လို့ ချက်ပြုတ်နိုင်မယ်ဆိုရင် နန်ကုန်းသခင်လေးက ဒီမှာ လာစားလိမ့်မယ်...ဟုတ်တယ်မဟုတ်လား..."


ယန်မိန်ကျီက မျှော်လင့်ချက်များ ပြည့်နှက်နေသော အကြည့်များဖြင့် မေးလိုက်သည်။ပုဖန် သက်ပြင်းအသာချလိုက်၏။


"နင်သာ ငါနောက်ကိုလိုက်ပြီး အချက်အပြုတ်ပညာတွေကို သေသေချာချာသင်ယူမယ်ဆိုရင် နန်ကုန်းဝူချယ်ကို လွှမ်းမိုးနိုင်မယ့် အခွင့်အရေးရှိလာလိမ့်မယ်...ငါနင့်ကို ယုံတယ်..."


မျက်နာအမူအရာပင် တစ်ချက်မပြောင်းပဲ လိမ်ညာပြောလိုက်သည်။သူ့စကားကို ကြားလိုက်သည်နှင့် ယန်မိန်ကျီ သတ္တိများတိုးပွားလာပြီး ချက်ချင်းခေါင်းညိတ်လိုက်သည်။


"ကောင်းပြီ ဒီလိုဆိုရင် နင်အခုအနားယူလိုက်ဦး မနက်ဖြန်ကနေစပြီး ငါတို့ အချက်အပြုတ်ပညာ သင်ကြမယ်...မနက်ဖြန်ကနေစပြီး နင်က တ်ိမ်ခိုးစားသောက်ဆိုင်ရဲ့ အလုပ်သင်စားဖိုမှူး ဖြစ်လာပြီ..."


ယန်မိန်ကျီ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။သူမ၏ ဟင်းပွဲကို စားပြီးသည်နှင့် အပေါ်ထပ်သို့ အလျင်စလို တက်သွားလေရာ တိမ်ခိုးစားသောက်ဆိုင်တစ်ခုလုံးပင် သိမ့်ခနဲ တုန်ခါသွား၏။


ယန်မိန်ကျီ၏ အလွန်ပျော်ရွှင်နေသော အမူအရာကိုကြည့်၍ ပုဖန် ရှုံ့မဲ့သွားမိသည်။သူ ငရဲကမ္ဘာသင်္ဘောပေါ်တွင်ထိုင်နေသော နယ်သာရီဘက်သို့ လှည့်ကြည့်လိုက်သည်။သူကိုယ်သူ ဖိအားပေး၍ ပြုံးလိုက်ပြီးနောက် ငရဲကမ္ဘာသင်္ဘောရှေ့သို့ လျှောက်သွားကာ နယ်သာရီနှင့် မျက်နာချင်းဆိုင်လိုက်သည်။


နယ်သာရီက ပုဖန်၏ အလွန်လင်းလက်တည်ငြိမ်နေသော မျက်နာကိုကြည့်လိုက်သည်။


"နယ်သာရီ ငါဆီကနေ အချက်အပြုတ်ပညာတွေ လာသင်...ဒီလိုဆိုရင် နင်လည်း နန်ကုန်းဝူချယ်ကို အောင်မြင်နိုင်လိမ့်မယ်..."


ပုဖန်၏ မျက်ဝန်းများက တောက်ပနေသည်။သူ နန်ကုန်းဝူချယ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်ပြန်သည်။ဒီတစ်ကြိမ်လည်း အောင်မြင်နိုင်မည်ထင်သည်။


ခြေထောက်များကို လွှဲယမ်းနေသော နယ်သာရီက မပြောင်းမလဲ အမူအရာဖြင့်ပင် ပုဖန်ကို အေးစက်စက်ကြည့်နေသည်။


"မလုပ်ဘူး...ငါ စားပဲစားချင်တယ်..."


နယ်သာရီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ ငြင်းလိုက်၏။ပုဖန် အံ့အားသင့်သွား၏။သူမ၏ အဖြေက ရှင်းလင်းလှလေသည်။သူမက အနည်းငယ်မျှပင် စဉ်းစားမှုမပြုပဲ ငြင်းပယ်လိုက်သည်။တကယ်တမ်းတွင် နန်ကုန်းဝူချယ်က တစ်ခါတစ်ရံ ပေါကြောင်ကြောင် နိုင်လှသည်ဆိုသော်လည်း သူက ချောမောခန့်ညားသော သူတစ်ယောက်ဖြစ်သည်။မြူကောင်းကင်မြို့ထဲမှ မိန်းကလေးများစွာပင် သူကိုကြွေကျသည်။


နယ်သာရီက ပုဖန်ကို စေ့စေ့ကြည့်လိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းပါးလေးများကို တစ်ချက်သပ်လိုက်သည်။


"နန်ကုန်းဝူချယ်ကို လွှမ်းမိုးနိုင်တယ်ပေါ့...အဲ့ဒါ ငါအတွက် ဘာမှ အဓိပ္ပါယ်မရှိဘူး ငါက စားပဲစားချင်တယ်..."


နယ်သာရီ ပြောပြီးသည်နှင့် သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ပြီး ပုဖန်ရှေ့တွင် မတ်မတ်ရပ်ကာ အကြည့်ချင်းဆုံအောင် မော့ကြည့်လိုက်သည်။


"ဟုတ်ပါပြီး ဒီလိုဆိုလည်း စားပဲစားပါတော့...နင်ပဲကောင်းပါတယ်..."


နယ်သာရီ နှုတ်ခမ်းဆူလိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ မျက်နာလွှဲလိုက်သည်။ပုဖန် သက်ပြင်းအသာချလိုက်သည်။ဒီအမျိုးသမီးက တကယ်ကို ဇူစကာပုဏ္ဏားဖြစ်လာပေသည်။သူမက နောက်ထပ် ခွေးငပျင်းတစ်ကောင်လို ဖြစ်မလာဖို့ သူမျှော်လင့်မိသည်။သူမ၏ အသွင်အပြင်က အလွန်ပင် လှပလှသည်။အကယ်၍ သူမသာ ခွေးဝတုတ်ကဲ့သို့ အသွင်အပြင်မျိုး ဆိုလျှင် ဒါက ကြီးမားလှစွာသော အမှားကြီးသာ ဖြစ်လိမ့်မည်။


"ဒီလိုဆိုရင်တော့ ငါ မနက်ဖြန် နယ်သာရီရဲ့ နဂါးသွေးထမင်းကြော်လျှော့လိုက်မယ်..."


ပုဖန်က ဆိုင်တစ်လျှောက်ပတ်ပြေးနေသော ရှစ်လေးကို ကောက်ယူလိုက်ပြီး ခေါင်းလေးကို အသာပွတ်သပ်ပေးလိုက်သည်။ရှစ်လေးက သူ့၏ ခေါင်းသေးသေးလေးဖြင့် အသာအယာ တွေးတောနေမိသည်။


"ဒီလူက ဘာဖြစ်လို့ ငါရဲ့ ခေါင်းကို ပွတ်သပ်နေတာတုန်း ငါ့ရဲ့ ချောမောမှုတွေကို မနာလို ဖြစ်နေတာလား..."


အလင်းရောင်များ ပျောက်ကွယ်သွားပြီး အမှောင်ထုကြီးစိုးလာချိန်၌ ကောင်းကင်ယံထက်တွင် လခြမ်းနှစ်စင်းထွက်ပေါ်လာပြီး ကမ္ဘာမြေပြင်ပေါ်သို့ အေးမြသော အလင်းရောင်များ ထုတ်လွင့်နေသည်။ပုဖန် ဆိုင်တံခါးပိတ်ပြီးသည်နှင့် ဒုတိယထပ်သို့ တက်သွားလိုက်သည်။သူရေနွေးနွေးဖြင့် ရေချိုးသန့်စင်လိုက်၏


ထို့နောက် ပြတင်းပေါက်ဘောင်ကိုမှီ၍ ငြိမ်သက်နေသော ညအလှကို ခံစားနေလိုက်သည်။အေးစက်လှသော ညလေညှင်းများကလည်း သူ့ကို ဖြတ်သန်းတိုက်ခိုက်နေ၏။


စနစ်က သူ့ကို အလုပ်သင်နှစ်ယောက် ရှာဖို့တာဝန်ပေးခဲ့သည်။သို့သော်လည်း ထိုအချက်က သူ့အတွက် မလိုအပ်ပေ။အလုပ်သင်ဖြစ်လာမည့် သူ သ်ို့မဟုတ် သူမက စနစ်၏ လိုအပ်ချက်များနှင့်လည်း ကိုက်ညီနေရန် လိုအပ်ပေသည်။


ထို့ကြောင့် နောက်တစ်နေ့တွင် သူ ယန်မိန်ကျီကို စစ်ဆေးရပေဦးမည်။နောက်ထပ် ဒုတိယမြောက်အလုပ်သင်ကိုလည်း မည်သူကို ရွေးချယ်ရမည်မသိသေးပေ။နန်ကုန်းဝူချယ်ကို ရွေးချယ်ရမလား...ဒါမှမဟုတ် တခြားသူကိုပဲ ရွေးချယ်ရမလား...


တိမ်ခိုးစားသောက်ဆိုင်၏ မျက်နာချင်းဆိုင် လူတစ်စုက သူတို့ ဝါးယူထာသော ဆိုင်ရှေ့၌ အလုပ်များနေကြသည်။ယခုအချိန်တွင် ထ်ိုသူများက ဆိုင်အတွင်းမီးများကို ဖွင့်လိုက်ပြီးနောက် အဝင်အထွက် အလုပ်ရှုပ်နေကြ၏။ညအခ်ျိန်မတော် ဖြစ်နေသည်တောင်မှ မနားနိုင်ပဲ အလုပ်လုပ်နေကြဆဲဖြစ်သည်။


လူတစ်ချို့က ဆိုင်၏ရှေ့တွင် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲနေကြသည်။လက်နှစ်ဖက်နောက်ပစ်ထားသော ပုံရိပ်တစ်ခု လျှောက်ထွက်လာသည်။ကျိုးထုံ၏ ဆံပင်များက ညလေအရှိန်ကြောင့် တဖျတ်ဖျတ်လွင့်ခါနေသည်။သူအနောက်မှ ဆိုင်းဘုတ်ကို စစ်ဆေးရန် လှည့်လိုက်သည်။


"အစားကြူးသော အင်မော်တယ်...မဆိုးဘူး..."


ကျိုးထုံ၏ မျက်နာက စိတ်ပျေနပ်မှုအပြည့်ဖြင့် ဖြစ်နေသည်။သူ့၏ စူးရှထက်မြက်လှသော အကြည့်များကလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။သူ့၏ ရန်သူက စားဖိုမှူးတစ်ယောက်ဖြစ်နေသောကြောင့် ယခုကဲ့သို့ နည်းလမ်းမျိုးဖြင့် ပြဿနာကို ဖြေရှင်းရပေမည်။


"မင်းက မြူကောင်းကင်မြို့ထဲမှာ စီးပွားရေးလုပ်ကိုင်နေတယ်မဟုတ်လား...ဒီတော့ ငါကျိုးထုံကလည်း မြူကောင်းကင်မြို့ထဲမှာ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်လိုက်မယ်...ငါ့ရဲ့ ပထမတန်းစား ပါရမီနဲ့ မင်းရဲ့ စားသောက်ဆိုင် သေးသေးလေးကို မယှဉ်န်ိုင်ဘူးဆိုတာ ငါမယုံဘူး..."


သူက ခွေးနက်ကြီးကို မယှဉ်ပြိုင်နိုင်ဘူးဆိုသော်လည်း ယခုလို စားသောက်ဆိုင်ဖွင့်လိုက်ခြင်းဖြင့် သူတို့ ဘာမှမလုပ်နိုင်တော့ပေ။


"မည်သို့ပင်ဆ်ိုစေ ထိုခွေးနက်ကြီးက သူ့ရဲ့ ဆိုင်ကိုတော့ လက်တစ်ချက်တည်းနဲ့ ပိပြားအောင် မလုပ်နိုင်ဘူး ဟုတ်တယ်မဟုတ်လား..."


ကျိုးထုံက နောက်တစ်နေ့တွင် သူ့၏ အစားကြူးအင်မော်တယ်ဆိုင် ဖွင့်လှစ်နေခြင်းဖြစ်သည်။က်ျိုးထုံသူ့၏ ဟင်းပွဲများစွာကို ပြင်ဆင်ထားပေသည်။သူ့၏ အစားကြူးအင်မော်တယ်ဆိုင်ရှေ့တွင် တန်းစီနေသော လူများကို ဆယ်မိုင်ခန့်ရှည်လျားသော လူတန်းကြီးရှိနေမည်ဟုပင် သူမြင်ယောင်လာသလိုထင်မိသည်။


"သေချာဂရုစိုက် ငတုံးကောင်တွေ သေချာလေးအလုပ်လုပ်ကြ...အဲ့ဒီခုံကို ဟိုနားမှာထားသင့်တာ..."


မနက်ခင်းစောစော၌ တိတ်ဆိတ်ငြိမ်သက်နေသော အနက်ရောင်များကို ထိုးခွင်း၍ ထွက်ပေါ်လာသည့် နေရောင်ခြည်က ကမ္ဘာလောကတစ်ခုလုံးကို နေ့အလင်းရောင်ပေးနေပေသည်။နေအလင်းရောင်က ပုဖန်၏ အိပ်စက်ခြင်းကို လာရောက်နှောင့်ယှက်သောကြောင့် သူမျက်မှောင်ကြုတ်လိုက်မိပြီး မျက်လုံးများ ဖြေးညှင်းစွာ ဖွင့်လိုက်သည်။


ထို့နောက် အကြောအချဉ်ဆန့်၍ အိပ်ယာမှထလိုက်သည်။မနေ့က သူ အလွန်ပင်ပန်းခဲ့သည်ဆိုသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီးသည့်နောက် ပို၍ အဆင်ပြေလာပေသည်။


ပုဖန် သူ့၏ ဆံပင်များကို သိုးမွှေးကြိုးဖြင့် စည်းနှောင်လိုက်သည်။ထ်ို့နောက် ရေချိုးသန့်စင်လိုက်ပြီး သူ့၏ နီရောင်စားဖိုမှူးဝတ်စုံကို ဝတ်ကာ အောက်ဘက်သို့ ဆင်းလာလိုက်သည်။


စားသောက်ခန်းထဲတွင် စိတ်လှုပ်ရှားသည့် အမူအရာဖြင့် ထိုင်နေသော ယန်မိန်ကျီကိုတွေ့လိုက်ရ၏။


"ပိုင်ရှင်ပု မင်္ဂလာနံနက်ခင်းပါ..."


စားပွဲခုံမှာ ထိုင်နေသော သူမ၏ ထွားကြိုင်းသန်မာလှသော ခန္ဓာကိုယ်က ကျားတစ်ကောင်အလားပင် ထင်မှတ်မှားစေသည်။နယ်သာရီနှင့် ခွေးဘုရင်တို့ကလည်း စားပွဲတွင် ထိုင်နေကြပြီဖြစ်သည်။လူတစ်ယောက်နှင့် ခွေးတစ်ကောင်က မျှော်လင့်ချက်များဖြင့် တောက်ပနေသော မျက်ဝန်းများက ပုဖန်ရှိရာဆီသို့ လှမ်းကြည့်လာကြသည်။


"စားချိန်ရောက်ပြီ..."


ပုဖန် ထိုအစားသရဲနှစ်ကောင်ကိုကြည့်၍ တစ်ချက်မဲ့လိုက်မိသည်။ထို့နောက် သူ ယန်မိန်ကျီဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်နှင့် ထိုလူကြီးကြီးက သူဆီသို့ အလျင်အမြန်ရောက်လာလေသည်။


"ဟေး...စနစ် ယန်မိန်ကျီရဲ့ အချက်အပြုတ်ပါရမီက ဘယ်လိုနေလဲ..."


ပုဖန် တိတ်တဆိတ်မေးလိုက်သည် ။ယန်မိန်ကျီရဲ့ အချက်အပြုတ်ပါရမီက အဆင်ပြေပါတယ်...သူ့ကို မင်းရဲ့ အလုပ်သင်အဖြစ် သင်ကြားပေးလို့ရနိုင်တယ်..."


စနစ်၏ အတည်ပြုသံကို ကြားပြီးနောက် ပုဖန်၏ မျက်ဝန်းပါးများတောက်ပလာကာ သူ့၏ အပြုံးက ပိုမို ပီပြင်လာသည်။ယန်မိန်ကျီ၏ ပါရမီက အဆင်ပြေနေသည်မှာ တကယ့်ကို ကောင်းလှသည်။၎င်းက သူအလုပ်ပိုရမည့်အရေးမှ များစွာ ကယ်တင်လ်ိုက်ပေသည်။


"လာ မီးဖိုခန်းထဲကို ငါနဲ့ လိုက်ခဲ့..."


"ငါ မီးဖ်ိုခန်းထဲ ဝင်ရမယ်..."


ယန်မိန်ကျီ မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။


"အဲ့ဒီ မီးဖိုခန်းက အပြင်လူကို တားမြစ်ထားတယ် မဟုတ်ဘူးလား...အခု သူမ ဝင်လို့ရလို့လား..."


သူမက မီးဖိုခန်းဝတွင်ရပ်နေသော ရုပ်သေးရုပ်၏ကြောက်စရာမျက်ဝန်းများကို အမှတ်ရနေသေးသည်။ထိုအကြည့်စူးစူးများက သူမ၏ စိတ်ကို တုန်ယင်ခြောက်ခြားသွားဖို့ လိုအပ်နေပေသည်။


ယန်မိန်ကျီ ပုဖန်နောက်မှ လိုက်၍ မီးဖိုခန်းထဲသို့ ဝင်လိုက်သည်။မီးဖိုခန်းထဲသို့ ခြေချလိုက်သည်နှင့် သူမကြောင်အမှင်သက်သွားမိသည် ။အဘယ့်ကြောင့်ဆိုသော် သူမမျက်စိရှေ့မှ မီးဖိုခန်းမှ သူမ၏ မှတ်ဉာဏ်ထဲမှ မီးဖိုခန်းနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။


ယခု မီးဖိုခန်းက အလွန်ပင် သန့်ရှင်းတောက်ပြောင်လင်းလက်နေသောကြောင့် သူမ၏ အမြင်များပင် ပြောင်းပြန်လန်သွားသလို ခံစားလိုက်ရသည်။သူမ၏ မှတ်ဉာဏ်ထဲမှ မီးဖိုခန်းမှ အမြဲတစေ ဆီနံ့များ ဆီကွက်များ နေရာအနှံ့ပေပွနေပြီး စိုစွတ်လျက်ရှ်ိသည်။


ပုဖန်၏ မီးဖိုခန်းကမူ ဆီကြော်နံ့များအစား မွှေးရနံ့ဖျော့ဖျော့လေးကို ရနေလေသည်။


"ဒါတကယ်ကို မီးဖိုခန်းဟုတ်ရဲ့လား..."


ထို့အပြင် 


"အဲ့ဒီထူးဆန်းတဲ့ အရာတွေက ဘာတွေလဲ...ဒီအရာတွေကို သူဘာလို့ အရင်က မမြင်ဖူးတာလဲ...ကြောင်အိမ် ဗီရိုကလည်း အရမ်းကိုပဲ လှပပါလား...ဒါ့ကြောင့်မလို့ သူမကို မီးဖိုခန်းထဲ ဝင်ခွင့်မပြုခဲ့တာကို အံ့သြစရာမရှိတော့ဘူး..."


မီးဖ်ိုခန်းက သူမ၏ အမြင်များကို ပြောင်းလဲပစ်လိုက်လေသည်။


"ဒီကိုလာ ငါနင့်ကို အားလုံးပြမယ်..."


ပုဖန်က ယန်မိန်ကျီ၏ အံ့အားသင့်နေသော အမူအရာကို စိတ်ထဲ ထည့်မနေတော့ပေ။လေအလင်းအင်ပါယာ၌ ရှိသော ဖန်ဖန်ဆိုင်ငယ်လေးတွင်လည်း ရှောင်ရှောင်လုံနှင့် ယုဖူတို့ ပထမဆုံး မီးဖိုခန်းထဲ ဝင်သည့်အချိန်၌ အမူအရာက ယန်မိန်ကျီနှင့် မထူးခြားပေ။


ပုဖန်က မီးဖိုခန်းထဲတွင်ရှိသော ပစ္စည်းများကို ယန်မိန်ကျီကို ပြောပြပြီးနောက် သူမပို၍ သက်တောင့်သက်သာဖြစ်သွားသလို ခံစားလိုက်ရသည်။


"အခုဒီမှာရပ်ပြီး ငါချက်တာကို ကြည့်နေ...ပြီးတာနဲ့ ...ငါနင့်ကို စစ်ဆေးမယ်...အခုကနေစပြီး နင်က တိမ်ခိုးစားသောက်ဆိုင်ရဲ့ ပထမဆုံး အလုပ်သင်စားဖ်ိုမှူးပဲ..."


ယန်မိန်ကျီ အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။


"နင် ပိုပြီးတော့ အားထုတ်ကြိုးစားရမယ်နော်...နန်ကုန်းဝူချယ်ကို လွှမ်မိုးနိုင်ဖို့ အကောင်းဆုံးကြိုးစားလိုက်..."


ပုဖန်က မျက်နာသေဖြင့်ပင် လက်သီးဆုပ်၍ အားပေးအားမြောက်ပြုလိုက်သည်။ယန်မိန်ကျီ၏ စိတ်ထဲ၌ တောက်လောင်နေသလိုမျိုး ခံစားရပြီး သူမ၏ ခန္ဓာကိုယ်ပင် လှုပ်ခါနေသည်။


ပြီးနောက် ပုဖန်က သူ့၏ မျက်စိမလွှဲချင်စရာ အချက်အပြုတ် စွမ်းရည်များကို ထုတ်ဖော်ပြသတော့သည်။ဒီတစ်ကြိမ်၌ ပုဖန်က သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို အသုံးမပြုပဲ မီးဖိုခန်းထဲတွင်ရှ်ိနေသော ပုံမှန်ဓားတစ်လက်ကိုသာ အသုံးပြုလိုက်သည်။


သူ့လက်ထဲမှ ဓားက လေပေါ်ပျံနေသလိုမျိူး အလင်းရောင်များ အဆက်မပြတ် ထုတ်လွင့်နေပြီး စဉ်းနှီတုံးနှင့် ရိုက်ခတ်သံသာပဲ့တင်ထပ် ထွက်ပေါ်နေ၏။


အခ်ျိန်ခဏအတွင်းမှာပင် ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ပြီးသွားလေပြီ။သူ ပါဝင်ပစ္စည်းများအားလုံးကို အိုးထဲသို့ ထည့်၍ မွှေကြော်လိုက်သည်။ဆီရနံ့သင်းသင်းလေးကလည်း လွင့်ပျံထွက်လာလေသည်။


ယန်မိန်ကျီက ထိုမြင်ကွင်းကို ဘေး၌သာ ရပ်ကြည့်နေသည်။ပါဝင်ပစ္စည်းများကို ကြော်နေသော ပုဖန်၏ ပုံသဏ္ဍာန်က တောက်ပလှသောကြောင့် သူမ ပါးစပ်အဟောင်းသားပင် ဖြစ်နေမိသည်။


တစ်ချိန်တည်းမှာပင် တိမ်ခိုးစားသောက်ဆိုင်၏ မျက်နာချင်းဆိုင်အရပ်၌ ကျိုးထုံ သူ့၏ စားသောက်ဆိုင်တံခါးကို ဖွင့်လိုက်သည်။သူ တိမ်ခိုးစားသောက်ဆိုင်ရှေ့၌ တန်းစီစောင့်နေကြသော လူတန်းရှည်ကိုကြည့်၍ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။


သူ့နောက်မှ လူတစ်စုကလည်း တိတ်တဆိတ်ဖြင့် ကြိုတင် ပြင်ဆင်နေကြသည်။ဆိုင်တံခါးရှေ့၌ ရင်ကော့၍ မတ်တပ်ရပ်လိုက်သည်။ထို့နောက် ဆိုင်းဘုတ်ကို ကာရံထားသော အနီရောင် အဝတ်စကို ဆွဲချလိုက်သည်။


"သူ့ကို အနိုင်ယူဖို့ အစားကြူးသောအင်မော်တယ် ဒီမှာ ရှိနေပြီ..."


ကျိုးထုံ ပြုံးလိုက်သည်။သူလက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ပတ်ဝန်းကျင်မှ ဆူညံသံများ အတွဲလိုက်ထွက်ပေါ်လာသည်။