အပိုင်း ၆၂၉
Viewers 53k

အခန်း ၆၂၉

ကြားဖြတ်မစ်ရှင်...


အနီရောင် အဝတ်စကို ဆွဲချလိုက်သည့်ခဏ၌ အစားကြူးသောအင်မော်တယ်ဆိုသည့် ဆိုင်းဘုတ် ပေါ်လာလေသည်။သူ့၏ နောက်၌ အစောပိုင်းထဲက ပြင်ဆင်ထားခဲ့သော အစီအရင်က ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ မီးရှူးမီးပန်းများ လွင့်တက်သွားသည်။


အနီးနား၌ရှိနေကြသော သူများ အံ့အားသင့်သွားပြီး စပ်စပ်စုစုဖြင့် ဆိုင်ရှိရာဘက်သို့ လှမ်းကြည့်လာကြသည်။


"တစ်စုံတစ်ယောက်က မြူကောင်းကင်မြို့ထဲမှာ လာပြီး စားသောက်ဆိုင် ဖွင့်ရဲတယ်ပေါ့လေ...သူတို့က ပိုင်ရှင်ပုလိုများ ကောင်းလိုက်မယ်လို့ သူတို့ကို သူတို့ ထင်နေတာလား..."


ကျိုးထုံ ဘေးပတ်ဝန်းကျင်ဆီသို့ အကဲခတ်ကြည့်လိုက်သည့်အချိန်တွင် လူအားလုံးက သူ့ကို အတုအပ တစ်ယောက်လို ဝိုင်းကြည့်နေကြသောကြောင့် အနည်းငယ် စိတ်ကသိကအောင့် ဖြစ်သွားသည်။


ငတုံးကောင်တွေ မင်းတို့ ဘာမှလည်း မသိကြဘူး...


ကျိုးထုံက အစားကြူးတောင်ကြားမှ ပထမတန်းစား စားဖိုမှူးဖြစ်သည်။သူတို့ ကံကောင်းထောက်မစွာဖြင့် သူ့၏ ဟင်းပွဲများကို စားသုံးရခြင်းမှာ သူတို့၏ ကြမ္မာကောင်းပင်ဖြစ်သည်။


အကယ်၍ သူသာ ဟိုနတ်ဆိုးစားဖိုမှူးကို ဖြုတ်ချဖို့ မကြံရွယ်ခဲ့ဘူးသာဆိုလျှင် ဒီလိုစားသောက်ဆိုင် သေးသေးလေးဖွင့်၍ သူ့၏ ဂုဏ်သိက္ခာကျဆင်းခံမည်မဟုတ်ပေ။


သို့သော်လည်း ဒီနေ့၌ ထိုသူများက အစားကြူးတောင်ကြား၏ ပထမတန်းစားဟူသော စားဖိုမှူးတစ်ယောက်၏ အဆင့်တန်းကို နားမလည်သောကြောင့် သူ့ကို သံသယဝင်နေကြခြင်းဖြစ်သည်။


ဟမျ့


ကျိုးထုံ အားလုံးကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ့၏ အင်္ကျီလက်ကို ယမ်းခါလိုက်ရင်း ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့သည်။စားသုံးသူများကို ဆွဲဆောင်နိုင်မည့် အရသာရှိသော ဟင်းပွဲတစ်ချို့ ပြုလုပ်ရပေမည်။


သူ့၏ အကောင်းဆုံးသော အစစ်အမှန် အရည်အသွေးများကို ထုတ်မသုံးလျှင် ထိုမျက်နာချင်းဆိုင်က ဆိုင်ကို အနားယူဖို့ ခက်ခဲပေလိမ့်မည်။မည်သို့ပင်ဆိုစေ ထိုပုဖန်၏ ဆိုင်က မြူကောင်းကင်မြို့ထဲတွင် လူကြိုက်များသော နေရာတစ်ခုဖြစ်သောကြောင့် စားသုံးသူများစွာ ရှိသည်ကို သူသိပေသည်။


ကျိုးထုံ မီးဖိုချောင်ထဲမှ ပြန်ထွက်လာသော အခါတွင် အစားကြူးတောင်ကြားမှ ထိပ်တန်းစာဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားပြီဖြစ်သည်။ဒယ်အိုးနှင့် မီးဖိုချောင်သုံးဓားကို သယ်၍ တံခါးနားဆီသို့ ပြန်ထွက်လာခဲ့သည်။ထို့နောက် ဒယ်အိုးကို အပူပေးလိုက်သည်။


သူ့နောက်မှ သူများက ပါဝင်ပစ္စည်းများကို သယ်လာလေသည်။သူ ဒယ်အိုးထဲသို့ ဆီလောင်းထည့်လိုက်ပြီး ဆီပူလာသည်အထိ အပူချိန်မြင့်လိုက်သည်။က်ျိုးထုံ၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက တောက်ပလှသော အမြီးရှိသည့် ငှက်တစ်ကောင်ကဲ့သို့ လှပစွာ ပျံဝဲသွားသည်။


သူ ထိုမီးလျှံဓားဖြင့် ပါဝင်ပစ္စည်းများအားလုံးကို ပိုင်းဖြတ်လိုက်သည်။ကျိုးထုံ၏ စကေးက အလွန်ပင် ပြောင်မြောက်လှသည်။ထို့အပြင် သူ့၏ လှုပ်ရှားမှုများကလည်း ရေအလျင်ကဲ့သို့ ညှင်သာချောမွေ့နေသောကြောင့် ကြည့်ရှုသူများကို ကောင်းမွန်လှပသော မြင်ကွင်းတစ်ခု မြင်ရစေသည်။


ပါဝင်ပစ္စည်းများကို လှီးဖြတ်ပြီးသည်နှင့် ထက်မြေ့လှသော မီးလျှံဓားကို ဘေးတစ်ဖက်၌ထားလိုက်သည်။ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်များပြည့်နှက်နေသည့် ဂျုံမှုန့်များကို ပန်းကန်လုံးကြီးတစ်လုံးထဲသို့ လောင်းထည့်လိုက်ပြီးနောက် ရေနည်းနည်းထည့်လိုက်သည်။


ထို့နောက် သူ့၏ လက်ကို အစစ်အမှန် စွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်ပြီး အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ ဂျုံနယ်လိုက်သည်။သူအသုံးပြုနေသော နည်းလမ်းက ကောင်းမွန်လှသောကြောင့် ကြည့်ရှုသူများအားလုံး တွေဝေငေးမောနေကြသည်။


သူ့၏ ဘေးပတ်ပတ်လည်တွင်လည်း အစစ်အမှန်စွမ်းအင်များက ညင်သာစွာ ကခုန်နေလေသည်။ဒါက အစားကြူးတောင်ကြား၏ အထူးနည်းစနစ် ဂျုံနယ်သည့် နည်းလမ်းဖြစ်သည်။


စားဖိုမှူးများအားလုံးက တင်းကြပ်သော စည်းစနစ်၏ အောက်တွင် အရာအားလုံး သင်ယူခဲ့ရသည်။အစားကြူးတောင်ကြားထဲ၌ စားဖိုမှူးများကို လေ့ကျင့်သင်ကြားပေးသော အချက်အပြုတ် သင်တန်းကျောင်းရှိသည်။စားဖိုမှူးများအားလုံးက ထိုကျောင်းမှ ကျောင်းပြီးဆုံးပြီးသား ဖြစ်ရပေမည်။


ဝမ်ရန်ချုံနှင့် ကျိုးထုံတို့ နှစ်ဦးလုံးက ထိုနေရာမှ ကျောင်းသားများဖြစ်ကြသည်။ထို့အပြင် ထိုကျောင်းသားများကြားထဲတွင် တစ်ချို့က ပထမတန်းစား စားဖိုမှူးများပင်ဖြစ်၏။


ကျိုးထုံ ဂျုံနယ်ပြီးသည်နှင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ထို့နောက် ခေါင်းမော့လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။လူအများအပြားက သူ့အပြုအမူများဖြင့် ဆွဲဆောင်ခြင်းခံလိုက်ရလေပြီ။တစ်ချို့က သူ့၏ ချက်ပြုတ်ခြင်းကို စိတ်ဝင်စားစွာဖြင့်ကြည့်နေကြသည်။


သူလှီးဖြတ်ထားပြီးသား ပါဝင်ပစ္စည်းများအားလုံးကို ရောနှောလိုက်သည်။ထို့နောက် ဂျုံအနည်းငယ်ယူလိုက်ပြီး အသားလုံးအဖြစ် ပြောင်းလိုက်ကာ ဒယ်အိုးထဲသို့ ထည့်လိုက်၏။


ဆီများက ပွက်ပွက်ဆူပြီးသားဖြစ်သောကြောင့် အသားလုံးထည့်လိုက်သည်နှင့် ရှဲခနဲ အသံနှင့်အတူ အခိုးအငွေ့များ ထွက်ပေါ်လာသည်။ထို့အပြင် အရသာရှိလှသော မွှေးရနံ့များကလည်း နေရာတစ်ခုလုံးကို လွှမ်းခြုံလာသည်။


စားသုံးသူများ အံ့အားသင့်သွားပြီး မျက်ဝန်းများ တောက်ပသွားသည်။လူတစ်ချို့က စိတ်ဝင်စားစွာဖြင့် သူ့ဆိုင်ဘက်သို့ လှည့်၍ ကြည့်လာပေသည်။ဒီဆိုင်ကလည်း သာမန်မဟုတ်နိုင်ပေ။


ယန်မိန်ကျီက နံရိုးချိုချဉ်ကြော် ချက်နေသော ပုဖန်ကို စိတ်လှုပ်ရှားမှုအပြည့်နှင့် တလေးတစားကြည့်နေသည်။ပုဖန်ချက်ပြုတ်ရာတွင် အသုံးပြုလိုက်သော အစစ်အမှန်စွမ်းအင်များက ညှင်ညှင်သာသာချောချောမွေ့မွေ့စီးဆင်းနေသည်ကို မြင်လိုက်ရသောအခါ၌ သူမ ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာသည်။


ချက်ပြုတ်ခြင်းက ဆေးလုံးသန့်စင်ခြင်းထက် ပို၍ လွယ်ကူသည်ဟု သူမ အမြဲတမ်းတွေးတော ထင်မြင်ခဲ့မိခြင်းဖြစ်သည်။သို့သော်လည်း ယခု ပုဖန် ချက်ပြုတ်သည်ကို မြင်လိုက်သည့်အခါမှ သူမ ဆေးလုံးသန့်စင်သည်ထက် ပို၍ လေ့ကျင့်ရန် လိုအပ်ကြောင်းသိလိုက်ရသည်။


၎င်းက တကယ့်ကို ကျွမ်းကျင် သူ စစ်စစ်ဖြစ်ရန်အတွက် ဗဟုသုတနှင့် နည်းစနစ်များ နှစ်ခုလုံး လိုအပ်နေပေသည်။တကယ့်ကို ဆေးလုံးသန့်စင်ခြင်းထက် မရိုးရှင်းပေ။


ပုဖန် ယန်မိန်ကျီ၏ စိတ်လှုပ်ရှားနေသော မျက်နာကိုကြည့်၍ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ထို့နောက် ဓား သေတ္တာထဲမှကြီးမားသည့် အနက်ရောင် ဓားတစ်လက်ကို ယူပြီး သူမထဲသို့ ကမ်းပေးလိုက်သည်။


ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ဓား၏ အလေးချိန်က်ို ခံစားလိုက်ရသည့်အပြင် သူမ၏ အစစ်အမှန် စွမ်းအင်များလည်း တနည်းနည်း ဖြင့် ဖိနှိပ်ခြင်းခံလိုက်ရသလို ခံစားလိုက်ရ၏။


"ဒီဓားကို သုံးလိုက်...ဟိုမှာ ပါဝင်ပစ္စည်းတွေ မြင်လား...ဒီနေ့ နင့်အတွက် စမ်းသပ်မှုက အဲ့ဒီ ပါဝင်ပစ္စည်းတွေအားလုံးကို ဖြတ်တောက်ရမယ်..."


ပုဖန် ပြောပြီးသည်နှင့် နံရိုးချိုချဉ်ကြော်နဲ့ ထမင်းကြော်တို့ကို သယ်ဆောင်၍ မီးဖိုခန်းထဲမှ ထွက်သွားလိုက်သည်။ယန်မိန်ကျီ ကြီးမားသော ဓားကို ဆုပ်ကိုင်ထားရင်းဖြင့် သူမ၏ ကြွက်သားများပင် လှုံ့ဆော်ခံလိုက်ရသလို ခံစားရ၏။


ထိုဓားက တစ်နည်းနည်း ကြောက်စရာကောင်းနေသည်ဟု ခံစားရသည်။၎င်းက သူမ၏ စွမ်းအင်များကိုပင် ဆုပ်ယူလိုက်သည်။


"ဒါက ဘယ်လို မှော်ဆန်တဲ့ ဓားလဲ...သူ ငါ့ကို မုန်လာဥတွေ ဖြတ်ခိုင်းတာလား...တစ်နေ့လုံးလား..."


ပုဖန် မီးဖိုခန်းထဲမှ ထွက်လာသည်နှင့် လူတစ်ယောက်နှင့် ခွေးတစ်ကောင်၏ မျက်လုံးများက လင်းလက်တောက်ပသွားသည်။သူ ထိုအစားသရဲ နှစ်ယောက်ရှေ့တွင် ဟင်းပွဲများက်ို ချပေးလိုက်သည်။


သို့သော်လည်း ထိုခဏအတွင်းမှာပင် နယ်သာရီက ကွဲပြားခြားနားမှု တစ်ခုကို ရှာတွေ့သွားလေသည်။သူမ ခေါင်းမော့လ်ိုက်ပြီး ပုဖန်ကို မျက်လုံးသေများဖြင့် ကြည့်လိုက်သည်။


"ပုဖန် ဒီနေ့ ငါ့ရဲ့ ထမင်းကြော်က ဘာလို့ အရမ်းနည်းနေတာလဲ..."


ပုဖန်က သူ့၏ လက်မှ ရေများကို သုတ်ရင်းဖြင့် တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် နွေးထွေးလှသော နေရောင်ခြည်က သူ့အပေါ်သို့ ဖြာကလောလေသည်။ထိုခံစားချက်က အလွန်သက်တောင့်သက်သာရှိလှ၏။နယ်သာရီ အမေးကို ကြားလိုက်သောအခါတွင် သူလှည့်ပင် မကြည့်ပဲ ပြန်ပြောလိုက်သည်။


"နင်က မိန်းကလေးလေ...အရမ်းမစားသင့်ဘူး...နင်သာ ခွေးဘုရင်လို ဝတုတ်လာမယ်ဆိုရင် မကောင်းဘူး..."


နယ်သာရီ မကျေမနပ်ဖြစ်သွားပြီး နှာမှုတ်လိုက်သည်။ဆိုင်တံခါးဖွင့်လိုက်သည့်အချိန်က တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်းကို စတင်ပြီဟု ဆိုလိုလေသည်။


သို့သော်လည်း သူတံခါးဖွင့်လိုက်သည့်အခိုက်အတန့်၌ မွှေးရနံ့တစ်ခုက သူ့ကို လညရောက်တိုက်ခိုက်သောကြောင့် ပုဖန် ဇဝေဇဝါ ဖြစ်သွားသည်။


"ဒီအနံ့က အရမ်းကောင်းတယ် အဲ့ဒါက လူတွေကို ယစ်မူး စေနိုင်တဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားပုံရတယ်..."


အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိပြီး မွှေးရနံ့များကို ရှူရှိုက်လိုက်မိသည်။ဒီနေ့တွင် စားသုံးသူ အရေအတွက်ကလည်း သိသိသာသာ လျော့နည်းနေသည်။ပုဖန် သံသယမကင်းစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။


သူနှင့် ခပ်လှမ်းလှမ်းနေရာတွင် လူစုလူဝေးကို တွေ့လိုက်ရသည်။ထိုနေရာ၌ အပူငွေ့နှင့် အမွှေးရနံ့ကိုလည်း ခံစားမိလေသည်။


"အဲ့ဒီနေရာမှာ တစ်ယောက်ယောက် ချက်ပြုတ်နေတာလား..."


သူထိုနေရာသို့ သေချာစွာ ကြည့်လိုက်သည်။


"အဲ့ဒီမှာ စားသောက်ဆိုင်အသစ် ဖွင့်ထားတာလား..."


မည်သို့ပင်ဆိုစေ ပုဖန်၌ စားသုံးသူ များစွာ ရှိနေသေးသည်။မြူကောင်းကင်မြို့လေးတွင် ဖန်ဖန်ဆိုင်ငယ်လေး၏ ဂုဏ်သတင်းက ကြီးမားနေတုန်းပင်ဖြစ်သည်၏ယခုမှ စဖွင့်လာသောဆိုင်သစ်လေးတစ်ခုက သူ့ကို ထိခိုက်နိုင်လောက်အောင် လုပ်မည်မဟုတ်ပေ။


ထို့ကြောင့် ပုဖန်က ထိုဆိုင်ကို ဂရုမစိုက်တော့ပေ။သူခဏမျှ ရပ်ကြည့်ပြီးသည်နှင့် ဆိုင်ထဲသို့ ပြန်လှည့်ဝင်လာလိုက်သည်။နန်ကုန်းဝူချယ်လည်း ဆိုင်ရှေ့တွင် ရောက်နေပြီ ဖြစ်သည်။သူ သိချင်စိတ် ပြင်းပြသည့် မျက်နာဖြင့် ပုဖန်ဆီသို့ ရောက်လာခဲ့၏။


"ဘော်ဒါပုရေ တစ်ယောက်ယောက်ကတော့ မင်းရဲ့ ဆိုင်ရှေ့မှာ ပြဿနာလာရှာနေပြီ..."


နန်ကုန်းဝူချယ်က လေသံနှိမ့်၍ ပြောလိုက်သည်။


"အော်..."


ပုဖန် အလေးမထားဟန်ဖြင့် တုံ့ပြန်လိုက်၏။ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်များ၏ ထိပ်ဆုံး၌ ရပ်တည်ပြီး အချက်အပြုတ် နတ်ဘုရားတစ်ပါးဖြစ်လာရန် ရည်ရွယ်ထားသော သူ့လို လူတစ်ယောက်အနေဖြင့် ပြိုင်ဘက်များက်ို မကြောက်ပေ။တစ်စုံတစ်ယောက်က ပြဿနာလာရှာရဲလျှင် ပုဖန်က သူတို့ စိတ်ရှ်ိသလို လုပ်ဖို့ ခွင့်ပေးလိုက်နိုင်မည်မဟုတ်ပေ။


"တန်းစီ ငါတို့ ဆိုင်ဖွင့်တော်မှာ မင်းတို့စားချင်တာ ဘာမဆို နယ်သာရီကို ပြောလိုက်..."


ပုဖန်က ပြောပြီးသည်နှင့် မီးဖိုခန်းထဲသို့ ဆက်၍ လျှောက်ဝင်သွားလိုက်သည်။နန်ကုန်းဝူချယ်က ပုဖန်ကို တလေးတစားအမူအရာဖြင့် ကြည့်နေလေသည်။


"ဘော်ဒါပုက အရမ်းသတ္တိရှိတာပဲ...သူက ဘယ်လို ပြိုင်ဘက်မျိူးကိုမှ မကြောက်ဘူး..."


နန်ကုန်းဝူချယ်က ထိုင်ခုံတစ်ခုံတွင်ထိုင်ပြီးသည်နှင့် ပုံမှန်အတိုင်း နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ်ကိုမှာလိုက်သည်။သူ့၌ နေ့စဉ်နေ့တိုင်း နတ်မင်းစွေ့စွေ့ခုန် စွပ်ပြုတ် စားရခြင်းက အလွန် စိတ်ကျေနပ်စရာကောင်းလှသည်။


အပြင်ဘက်တွင် တလှိမ့်လှိမ့်တက်လာသော မွှေးရနံ့များက လူအားလုံးကို ဖုံးလွှမ်းသွားစေသည်။စားသောက်ဆိုင်၏ အပြင်ဘက်တွင် တန်းစီနေကြသော စားသုံးသူများက ထိုမွှေးရနံ့များ၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။သူတို့က ပြန်လှည့်၍ ထိုမျက်နာချင်းဆိုင်ရှိ စားသောက်ဆိုင်ဆီသို့ သွားရောက်ကြလေသည်။


အသစ်ဖွင့်လှစ်လိုက်သော စားသောက်ဆိုင်ကို အစားကြူးသော အင်မော်တယ်ဟု ခေါ်လေသည်။လူတစ်စုက ထ်ိုစားသောက်ဆိုင် အသစ်ရှေ့တွင် ရပ်၍ အဝါရောင်သန်းနေသည့် အသားလုံးလေးများကို စားသောက်နေကြသည်။


အသားလုံးထဲသို့ သွားနစ်အောင် ကိုက်လိုက်သည်နှင့် မွှေးရနံ့များပြန့်ထွက်လာကာ အရသာခံအာရုံများက်ို တုန်ခါသွားစေသည်။မွှေးရနံ့များက သူတို့ ပါးစပ်ထဲတွင် သရေအပြည့်ဖြစ်လာစေပြီး တံတွေးအနိုင်နိုင်မြိုချနေရသည်။ခဏအတွင်းမှာပင် ထိုစားသောက်ဆိုင်ရှေ့တွင် လူများစည်းကားလာလေသည်။ထိုမြင်ကွင်းကို ကြည့်၍ ကျိုးထုံ စိတ်ကျေနပ်နေမိသည်။


တကယ်တမ်းတွင် ကျိုးထုံ ကိုယ်တိုင် ချက်ပြုတ်ခဲ့သည်တောင်မှ ဘာကြောင့် မျက်နာချင်းဆိုင် ဆိုင်က စားဖိုမှူးလေးကို အပြီးသတ် အဆုံးမသတ်နိုင်သေးတာလဲ .. 


သို့သော် ကိစ္စမရှိပေ။သူက အစားကြူးတောင်ကြားမှ ပထမတန်းစား စားဖိုမှူး တစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူ့၏ ကြုံရာ ဟင်းပွဲကပင် ကျော်ကြားဖို့ လုံလောက်နေပေပြီ။


"ဒါက ပထမဆုံးခြေလှမ်းပဲရှိသေးတယ် နောက်ထပ် နောက်ထပ် မင်းအတွက် အံ့သြစရာတွေ အများကြီး ရှိနေဦးမယ်..."


ကျိုးထုံ ခပ်တိုးတိုးရေရွတ်လိုက်ပြီး စားသုံးသုများစွာ လျော့သွားသော တိမ်ခိုးစားသောက်ဆိုင်ကို လှမ်းကြည့်လိုက်သည်။ထို့နောက် သူ စ်ိတ်ကျေနပ်စွာဖြင့် ပြုံးဖြဲဖြဲ ဖြစ်သွားလေသည်။


ပုဖန်၏ ဆိုင်မှ စားသုံးသူတစ်ချို့ ထွက်ခွာသွားသည်ဆိုသော်လည်း တစ်ချို့ရှိနေခဲ့သေးသည်။ကျိုးထုံ၏ ရည်ရွယ်ချက်က ထိုဆိုင်ကို ဖျက်စီးပစ်ရန် ဖြစ်သည်။ထိုအဓိပ္ပါယ်မှာ တိမ်ခိုးစားသောက်ဆိုင်၌ စားသုံးသူများ လုံးဝ သို့်မဟုတ် အနည်းငယ်လေးသာ ရှိရန် ဆိုလိုခြင်းဖြစ်သည်။


ထိုသို့မှမဟုတ်လျှင် ဘယ်လ်ိုလုပ် အနိုင်ရသည်ဟု ခေါ်ဆိုနိုင်တော့မည်နည်း။က်ျိုးထုံ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိပေသည်။သူ သူ့၏ အစားကြူးတောင်ကြားမှ ပြိုင်ပွဲများတွင်လည်း သူ့၏ ပြိုင်ဘက်ကို အဆုံးသတ်ထိ ချေမှုန်းနိုင်ခဲ့သည် ဖြစ်သည်။


ထို့ကြောင့် ထ်ိုစားသောက်ဆိုင်သေးသေးလေးကို ဖျက်စီးရန်မှာ လက်ဖျောက်တစ်ချက် တီးရသလိုမျိုးလွယ်ကူပေသည်။ပုဖန် မီးဖိုခန်းထဲမှ ထွက်လာပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။


အဘယ့်ကြောင့်ဆိုသော် သူ့၏ ပုံမှန်စားသုံးသူများ တစ်ဝက်ခန့်လျော့ကျသွားသည်ကို ရှင်းရှင်းကြီး မြင်နေရလေသည်။ထိုသူများက မျက်နာချင်းဆိုင် ဆိုင်က ဆွဲဆောင်ခြင်းခံလိုက်ရကြောင်း သံသယရှိစရာမလိုပေ။ပုဖန် ခုံတစ်ခုံကို ဆွဲယူ၍ ဆိုင်ရှေ့တွင် ထိုင်လိုက်သည်။


စားသောက်ဆိုင်အသစ်ရဲ့ စည်ကားမှုက အရှိန်မသေသေးပေ။ထိုနေရာ၌ လူများ ဝင်ထွက်သွားလာနေတုန်းဖြစ်သည်။ပုဖန်က ထိုဆိုင်ကို ခဏမျှ ကြည့်နေသော်လည်း သူ့၏ မျက်နာပေါ်တွင်တော့ မည်သည့် ခံစားချက်မှ ရှိမနေပေ။ထိုခဏ၌ နယ်သာရီက ခြေဗလာတည်းဖြင့် လမ်းလျှောက်လာပြီး သူ့၏ နောက်နားတွင်ရပ်လိုက်သည်။


ပုဖန်က သူမကို လှည့်ကြည့်လ်ိုက်၏။နယ်သာရီ ပုဖန်ကို မျက်စိစောင်းကြည့်လိုက်ပြီး နှာခေါင်းရှုံ့၍ လှည့်ထွက်သွားလိုက်သည်။ဒီအမျိုးသမီးက သူ့၏ ထမင်းကြော်ကို လျော့ချခဲ့သောကြောင့် ပုဖန်ကို စိတ်ဆိုးနေသေးသည်။


ပုဖန် နယ်သာရီကို ကြည့်နေသည့် အခိုက်အတန့်မှာပင် သူ့စ်ိတ်ထဲ၌ ရင်းနီးကျွမ်းဝင်နေသော အသံကို ကြားလိုက်ရလေသည်။


"ကြားဖြတ် မစ်ရှင် ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်ပြီး ချက်ပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာရန် ရည်ရွယ်ထားသော လူငယ်တစ်ယောက်အနေနှင့် ဘယ်သူရဲ့ ဖိနှိပ်မှုကိုမှ ခေါင်းငုံ့မခံသင့်ပါ...သင့်၏ ဂုဏ်သိက္ခာကို ကျူးကျော်ရန်စလာသော မည်သူကိုမဆို အပြင်းအထန် တုံ့ပြန်ရမည်...သုံးရက်အတွင်း သင်နှင့် ဆန့်ကျင်ဘက်ဆိုင်က်ို အနိုင်ယူပါ...မစ်ရှင်ဆု ခဲပတ်ငါး ချက်နည်း..."