အပိုင်း ၆၃၀
Viewers 53k

အခန်း ၆၃၀

မင်းပဲအရမ်းတော်ပါတယ်...


စနစ်၏ အသံက သူ့ခေါင်းထဲ ရစ်ဝဲနေသောကြောင့် အနည်းငယ်ပင် မူးနောက် သွားမိ၏။


"နောက်ထပ် မစ်ရှင်တစ်ခုလား..."


သူ့တွင် အရင်က မစ်ရှင်ပင် မပြီးမြောက်သေးပေ။စနစ်က တကယ့်ကို လွန်လွန်းပေသည်။တစ်ခါတစ်ရံတွင် မစ်ရှင်တစ်ခု ပြီးသည်နှင့် နောက်ထပ် မစ်ရှင်တစ်ခု ချက်ချင်းရောက်လာသော်လည်း တစ်ခါတစ်ရံတွင်မူ မစ်ရှင်လုံးဝ မရှ်ိသောကြောင့် သူ့မှာ ပျင်းရိ ခြောက်သွေ့နေရလေသည်။


သို့သော်လည်း ဒီကြားဖြတ်မစ်ရှင်က မဆိုးပေ။၎င်းက စိတ်ဝင်စားဖို့ကောင်းပေသည်။အနည်းဆုံးတော့ သူ့၏ ရရှ်ိမည့်ဆုက စိတ်ဝင်စားစရာကောင်းလှသည်။


"ခဲပတ်ငါး...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ကျော်ကြားတဲ့ ဟင်းပွဲပဲ...စနစ်က ကွဲပြားခြားနားတဲ့ ချက်ပြုတ်နည်းကိုများ ပေးမှာလားလို့ ငါသိချင်လာပြီ..."


ထိုအကြောင်းကို တွေးရင်းဖြင့် အားပါးတရ ပြုံးလိုက်မိသည်။မျက်နာချင်းဆိုင်ဆိုင်ကို အန်ိုင်ယူရမယ်.. ထိုဆိုင်ကလည်း စားသောက်ဆိုင် တစ်ဆိုင် ဖြစ်နေပေသည်။အကယ်၍ ပုဖန်သာ ထိုဆိုင်ကို လုံးဝ ဖျက်စီးမည်ဆိုလျှင် သူချဉ်းကပ်ရမည့် နည်းလမ်းကို သေသေချာချာ စဉ်းစားဖို့လိုပေသည်။


လေထဲတွင် သင်းပျံ့နေသော မွှေးရနံ့များအရ ထိုဆိုင်၏ စားဖိုမှူးကလည်း မဆိုးပေ။ထိုမွှေးရနံ့များက စိတ်ဝိညာဉ် စွမ်းအင်များကိုပင် သယ်ဆောင်လာသောကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိ၏။


တကယ်တမ်းတွင် ယခုလက်ရှိ မစ်ရှင်များက လုံးဝ မလွယ်ကူပေ။ထိုစားသောက်ဆိုင်အသစ်က မြူကောင်းကင်မြို့ထဲတွင်ပင် လာရောက် ဆိုင်ဖွင့်ရဲလေရာ သူတို့တွင် စွမ်းရည်တစ်ချို့ ရှိနေမည်မှာ သေချာပေသည်။


မည်သို့ပင် ဆိုစေ ထိုဆိုင်က တိမ်ခိုးစားသောက်ဆိုင်နှင့် ယှဉ်ပြိုင်ရန်အတွက် မျက်နာချင်းဆိုင်တွင် လာရောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။


ထိုသူများက သူ့ဆိုင်၏ စီးပွားရေးကို ဖျက်လိုဖျက်စီး လုပ်လ်ိုခြင်းမှာ သိသာထင်ရှားလှပေသည်။ထို့ကြောင့်ပင် စနစ်က သူ့ကို ထိုမျှခက်သည့် မစ်ရှင် ပေးခဲ့ခြင်းဖြစ်မည်။


"မင်းတို့က ငါ့ကို ဖျက်စီးချင်တာလား...ငါက မင်းတို့ကို ဖျက်စီးပစ်မယ်..."


ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ယခုအခ်ျိန်၌ သူ့၏ တကယ့်အစစ်အမှန် နည်းစနစ်များကို ပြသဖို့ လိုအပ်ပေသည်။ 


စားသောက်ဆိုင်ထဲတွင်

ယန်မိန်ကျီ မျက်လုံးကျယ်ကျယ်ဖွင့်ထား၏။သူမ၏ မျက်ဝန်းများကလည်း သွေးနီရောင်ကဲ့သို့ ရဲရဲနီနေပေသည်။


သူမကို ကြည့်ရသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။သူမက အင်္ကျီလက်များကို လိမ့်တင်လိုက်လေရာ ကြွက်သားအပြည့်လက်မောင်းပေါ်လာလေသည်။


သူမ မီးဖိုချောင်သုံးဓားကို သေသေချာချာ ကိုင်ထားဆဲဖြစ်သော်လည်း သူမ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေ၏။သူမ၏ ဘေးတွင်လည်း ပိုင်းဖြတ်ထားသော မုန်လာဥ ပုံရှ်ိနေသည်။သူမ မုန်လာဥများကို သေချာစွာ ကြိုးစားဖြတ်ထားသောကြောင့် အခြေအနေ မဆိုးရွာလှပေ။သူမသည် ပုဖန်၏ စားဖိုမှူးအလုပ်သင်အဖြစ် လက်ခံလိုက်ပြီးနောက် ချက်ပြုတ်ရန် အခွင့်အရေးရှိလာပြီဟု ထင်မိသည်။သို့သော်လည်း ပထမဦးဆုံးအနေဖြင့် မုန်လာဥများသာ လှီးဖြတ်နေရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။


ထို့အပြင် သူမ၏ အစစ်အမှန် စွမ်းအင်များကိုယူနေသော ထိုလေးလံကြီးမားလှသည့် ဓားကို သုံးစွဲနေရသေးသည်။ထိုမီးဖိုချောင်သုံးဓားက တကယ့်ကို အဆိပ်အတောက်ပင်။


သူမ၏ လက်မောင်းက သွေးမလျှောက်တော့သလို ခံစားမိလေသည်။တကယ့်ကို လှုပ်ရှားဖို့ရန်ပင် ခဲယဉ်းနေပေသည်။ယခုလက်ရှိတွင် သူမ မုန်လာဥသုံးပုံတစ်ပုံခန့်ကို ဖြတ်တောက်ပြီးပေပြီ။ထပ်မံ၍ လှီးဖြတ်ရလျှင် သေတော့မည်ဟုပင် ခံစားရ၏။


စားဖိုမှူးတစ်ယောက်ဖြစ်လာပြီးနောက် မချက်ပြုတ်ရသေးခင်မှာပင် မုန်လာဥလှီး၍ သေခြင်းဟု ကျော်ကြားမကောင်းဖြစ်ပေတော့မည်။သူမ၏ ပါရမီကို သူမ သံသယဝင်လာမိသည်။


"ပိုင်ရှင်ပုက သူ့ကို လိမ်သွားတာလား..."


ထိုအချိန်တွင် ဆိုင်ရှေ့မှ ခြေသံဖွဖွကို ကြားလိုက်ရသည်။မကြာခင်မှာပင် ပုဖန် မီးဖိုခန်းထဲ ဝင်လာခဲ့သည်။ပုဖန်က မီးဖိုချောင်ထဲ ရောက်သည်နှင့် လှီးဖြတ်ထားသော မုန်လာဥများကို ကြည့်လိုက်၏။ထို့နောက် အချိန်မရွေးသေတော့မလ်ိုပင် ပင်ပန်းနေသော ယန်မိန်ကျီကို ကြည့်လိုက်၏။


"မရပ်နဲ့ အဲ့ဒီ ပါဝင်ပစ္စည်းအားလုံးကို ဆက်ပြီးတော့ လှီးဖြတ်လိုက်..."


ပုဖန် ပြောပြီးသည်နှင့် ဝှိုက်တီနားကို သွား၍ သူ့၏ ဗိုက်ကို ပုတ်လိုက်သည်။ဝှိုက်တီ၏ မျက်ဝန်းမှ ခရမ်းရောင် အလင်းများ ထွက်လာ၏။ဝှိုက်တီ မုန်လာဥပုံ နားသို့ လျှောက်လာလိုက်ပြီး သူ့၏ ဗိုက်ကို ဖွင့်လိုက်သည်။အနက်ရောင်တွင်းပေါက်ကြီးတစ်ခု ပေါ်လာပြီးနောက် ထိုလှီးဖြတ်ထားသော အရာများအားလုံးကို ဆုပ်ယူသွားလေသည်။


ယန်မိန်ကျီ ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားပွင့်သွားသည်။ထ်ိုရုပ်သေးရုပ်၏ မျက်ဝန်းများက ခရမ်းရောင်အလင်း တစ်ချက် ထပ်မံ လည်လာပြီးနောက် သူ့၏ နဂိုနေရာသို့သာ ပြန်သွားရပ်နေလေသည်။ဖြစ်စဉ်အစအဆုံး 

ယန်မိန်ကျီ ကြောင်အ၍ မလှုပ်မယှက်ဖြစ်နေလသည်။


"အဲ့ဒါက သတ္တု မကောင်းဆိုးဝါးလား...သူမ နေ့တစ်ဝက်လောက် ကြိုးကြိုးစားစားလှီးဖြတ်ထားရတဲ့ မုန်လာဥတွေကို အဲ့ဒီလိုပဲ ဆုပ်ယူသွားတယ်လား..."


"သူ့ကို ကြည့်မနေနဲ့ ဒီနေ့ကစပြီးတော့ နင်ဓားကျင့်ကြံမှုကို လုပ်တဲ့ ဘယ် ပစ္စည်းကိုမဆို ဝှိုက်တီက ကူညီပြီး ရှင်းပေးလိမ့်မယ်..."


ပုဖန်၏ စကားကြောင့် ယန်မိန်ကျီ ပြန်အသိဝင်လာသည်။သူမ ပုဖန်ကို လှမ်းကြည့်လိုက်သည့်အခ်ျိန်တွင် သူ့၏ လက်ညှိုးလေးက မြောက်တက်လာပြီး မုန်လာဥပုံကို ညွှန်ပြနေလေသည်။


ယန်မိန်ကျီ ပြောစရာစကားမဲ့နေမိသည်။သူမ၏ ကြီးမားလေးလံလှသော ဓားကိုသာ ထပ်မံ ကိုင်မြောက်လှပြီး မုန်လာဥလှီးဖြတ်လိုက်၏။ပထမတစ်ချက် မုန်လာဥ ထက်ပိုင်းပိုင်းသွားလေ၏။ဒုတိယတစ်ချက် မုန်လာဥများ ဖြတ်တောက်ပြီးသွားလေ၏။


"ကောင်းကောင်းလေ့ကျင့် နင်ခြေတစ်လှမ်းတောင် မလှမ်းနိုင်ဘူးဆိုရင်တော့ ဘယ်လိုလုပ်ပြီး မိုင်တစ်သောင်းကို ရောက်နိုင်မှာလဲ...စားဖိုမှူးကောင်း တစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် လေ့ကျင့်မှုတွေ အများကြီးလုပ်ဖို့ လိုအပ်လိမ့်မယ်...ဒီနေ့အတွက် ဖြတ်တောက်ခြင်းလေ့ကျင့်ခန်းကို ပြီးသွားပြီဆိုရင် မနက်ဖြန်ကျရင် ငါနင့်အတွက် လေ့ကျင့်မှု တစ်ခု ထပ်ပေးမယ်..."


ယန်မိန်ကျီရဲရဲနီနေသော မျက်ဝန်းများကို လှည့်၍ ပုဖန်ကို ကြည့်လ်ိုက်မိသည်။


"နင်.... ငါအရှုံးပေးချင်ပြီ..."


ယန်မိန်ကျီ ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်သည်။သို့သော်လည်း နန်ကုန်းဝူချယ်က သူမချက်ပြုတ်သော အစားအစာများကို လာရောက်စားသောက်မည့်အကြောင်း တွေးလိုက်မိရုံဖြင့် ပြန်လည်၍ တက်ကြွသွားသည်။


ချောမောခန့်ညားလှသော နန်ကုန်းဝူချယ်အတွက်ဆိုလျှင် ဒီအလုပ်များအားလုံးက ထိုက်တန်ပေသည်။


"ယန်မိန်ကျီ အကောင်းဆုံးကြိုးစားထား..."


သူမကိုယ်သူမ အားပေးလိုက်ပြီးနောက် စွမ်းအင်များ ပြန်လည် ပြည့်ဝသွားသလို ခံစားလိုက်ရသည်။


"စိတ်မပူပါနဲ့ နောက်ထပ်လေ့ကျင့်ခန်းတွေက လွယ်ပါတယ်..."


ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။ယန်မိန်ကျီ စိတ်ကုန်စွာဖြင့် တစ်ချက်သာကြည့်လိုက်မိ၏။


နင့်စကားကို သရဲတွေပဲ ယုံလိမ့်မယ်...


ညအခ်ျိန် ကျရောက်လာခဲ့ပေပြီ တောက်ပမှုများ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ပေါ်၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်တစ်ချို့သာ ကျန်ရစ်ခဲ့လေသည်။


တစ်နေ့တာ ပြီးသွားပြီးနောက် အစားကြူးသော အင်မော်တယ်စားသောက်ဆိုင်က လှုပ်လှုပ်ခတ်ခတ်ရှိနေဆဲပင်ဖြစ်သည်။စားသုံးသူများက ပြန်လည်၍ ထွက်ခွာသွားကြပေပြီ။


နောက်ဆုံးစားသုံးသူ ထွက်ခွာသွားသည်ကို မြင်ပြီးမှ ကျိုးထုံ စိတ်သက်သာရာရသွားသည်။ထိုငတုံးတွေနဲ့ ဆက်ဆံရသည်မှာ စိတ်ပျက်စရာကောင်းလှသည်။သို့သော်လည်း ကျိုးထုံ၏ အစီအစဉ်က အောင်မြင်ခဲ့လေသည်။အစားကြူးအင်မော်တယ် စားသောက်ဆိုင်၏ စီးပွားရေးက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။


ထိုအရာက ကောင်းမွန်လှသည်။ပထမတစ်ရက်တည်းနှင့် တိမ်ခိုးစားသောက်ဆိုင်ကို နင်းချေဖို့ မဖြစ်နိုင်သော်လည်း ဖျက်စီးပစ်ဖို့ရာ သိပ်ဝေးတော့မည့်မဟုတ်ပေ။


ကျိုးထုံက စားပွဲထိုးများကို ဆိုင်သန့်ရှင်းရေး လုပ်ခိုင်းလိုက်ပြီးနောက် သူ့၏ စားဖိုမှူးဝတ်စုံကို ချွတ်လိုက်သည်။ထို့နောက် သူ တိမ်ခိုးစားသောက်ဆိုင်ဆီသို့ ဦးတည်လျှောက်သွားလိုက်၏။


ဆိုင်ရှေ့ရှိ ခုံပေါ်တွင် ထိုင်နေသော ပုဖန်က ပျင်းရိစွာ သန်းဝေလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ထို့နောက် သူဆိုင်တံခါးပိတ်ရန် ပြင်လိုက်၏။


"ကလေးလေး မင်းသိလား...အစားကြူးတောင်ကြားက စားဖိုမှူးတိုင်းက အရမ်းကြောက်စရာကောင်းတယ်ဆိုတာကို မင်းသိလား...ဘယ်စားဖိုမှူးမဆ်ို စားသောက်ဆိုင်ဖွင့်လိုက်ပြီး မင်းခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ စားသောက်ဆိုင်ကို ချေမှုန်းပစ်နိုင်တယ်...ဒါက အရမ်း ဝမ်းနည်းစရာကောင်းတယ် ဟုတ်တယ်မဟုတ်လား...ဘာလဲ မင်းစိတ်ဓာတ်ကျနေပြီလား..."


ကျိုးထုံက လက်ပိုက်၍ ပြောလိုက်သည်။ယနေ့က သူ့၏ အစားကြူးအင်မော်တယ် ဆိုင်စဖွင့်သော ပထမဦးဆုံးနေ့ဖြစ်သော်လည်း တိမ်ခ်ိုးစားသောက်ဆိုင်၏ စားသုံးသူ တစ်ဝက်ကို ခိုးယူနိုင်ခဲ့သည်။


အစားကြူးသော အင်မော်တယ်စားသောက်ဆိုင်၏ နာမည်ဂုဿ်သတင်း ပြန့်နှံ့လာသည်နှင့်အမျှ စားသုံးသူ အရေအတွက်လည်း တိုးပွားလာပြီး ပုဖန်၏ ဆိုင်ငယ်လေးကို ချေမှုန်းပစ်နိုင်လိုက်မည်။


ဆိုရမည်ဆ်ိုလျှင် ဒါက ကျိုးထုံ၏ အဓိက ရည်ရွယ်ချက်မဟုတ်သေးပေ။သူ့ရည်ရွယ်ချက်က ထိုစားသောက်ဆိုင်ကို ဖျက်စီးပြီး သူ့၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူလိုခြင်းဖြစ်၏။


ထိုပုဖန်၏ အခြေအနေအစစ်အမှန်ကို သူမသိရသေးသရွေ့ စားဖိုမှူး စိန်ခေါ်ပွဲပြုလုပ်လိုက်မည်မဟုတ်ပေ။သူ့အတွက် ဝမ်ရန်ချုံက အကောင်းဆုံးဥပမာပင်ဖြစ်သည်။ထိုဂျူနီယာက အစားကြူးတောင်ကြားထဲမှ လေ့လာရေးခရီးထွက်လာပြီးနောက် တခြားစားဖိုမှူးကို စားဖိုမှူးစိန်ခေါ်ပွဲဖြင့် စ်ိန်ခေါ်ခဲ့သည်။


ထို့နောက်တွင်တော့ သူ တခြားလူ၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ရလေပြီ။ဒီတစ်ကြိမ်ကျိုးထုံ ရောက်လာခဲ့ရခြင်းမှာ ပုဖန်ကို အနိုင်ရရန် ရည်ရွယ်ပြီး သူ့ကို တိုက်ရိုက်ပင် ဖမ်းဆီးနိုင်လိုက်ရန် ဖြစ်သည်။


တကယ်တမ်းတွင် သူက ပုဖန်ကို တစ်စစီ ဆွဲဆုတ်ပစ်ချင်နေသည်။သို့သော်လည်း ပုဖန်၏ နောက်ခံကို သူမသိသေးရသရွေ့ မည်သည့်အရာမှ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။


"မင်းရဲ့ မလွှမ်းမိုးနိုင်တဲ့ ချက်ပြုတ်အရည်အချင်းတွေကို ထုတ်သုံးပြီးတော့ အစားကြူးတောင်ကြားက စားဖိုမှူးတွေအားလုံးကို အနိုင်ယူလိုက်နိုင်မယ်လို့ မတွေးထားသင့်ဘူး...ဒီတစ်ကြိမ် ငါလာတာက မင်းရဲ့ စားသောက်ဆိုင်ကို လုံးဝ ပိတ်ပစ်ရအောင် လုပ်ဖို့ပဲ...ငါ့ကို ဟိုငတုံးကောင် ဝမ်ရန်ချုံနဲ့ ယှဉ်မနေနဲ့...ငါက မင်းကို စိတ်ဓာတ်ကျတယ်ဆိုတာ ဘယ်လိုအရသာလဲဆိုတာ သိရအောင် လုပ်ပေးလိမ့်မယ်...ဟမ်း..."


သူ့ကိုယ်သူ ဆရာကြီးသဖွယ်ကြိုးစားပြုမူနေသည့် ကျိုးထုံကို ပုဖန် မျက်နာသေဖြင့် စိုက်ကြည့်နေလိုက်သည်။တကယ်တမ်းတွင် အစားကြူးတောင်ကြားမှစားဖိုမှူးများက ထိုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်နိုင်ကြသည်။


ပုဖန် အသက်တစ်ချက်ရှိုက်လိုက်စဉ်တွင် မွှေးရနံ့များဝင်ရောက်လာသောကြောင့် သူအနည်းငယ် စ်ိတ်တိုသွားသည်။အစားကြူးတောင်ကြားမှ သူများက မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြုမူနေရပါသနည်း။


အစောပိုင်းက ဝမ်ရန်ချုံဟူသော လူတစ်ယောက်ပေါ်လာခဲ့သည်။ယခုလည်း ကျိုးထုံဟူသော လူတစ်ယောက် ထပ်ပေါ်လာပြန်သည်။ထိုသူက သူ့၏ မျက်နာချင်းဆိုင်တွင် သားသောက်ဆိုင် ဖွင့်၍ သူ့ကို ချေမွရန်ပင် ကြံစည်နေသေးသည်။


မှန်ပေသည်။တိမ်ခိုးစားသောက်ဆိုင်က ပုဖန်၏ ပထမဦးဆုံးဆိုင်မဟုတ်ပေ။သို့သော်လည်း ထိုကဲ့သို့ လာရောက်စိန်ခေါ်ခြင်းကို သူသည်းမခံနိုင်ပေ။မင်းက ငာတို့နဲ့ မျက်နာချင်းဆိုင်မှာ စားသောက်ဆိုင် လာဖွင့်တယ်ပေါ့...ဟုတ်လား..."


ပုဖန် မေးလိုက်သည်။


"ဒါပေါ့ ဘာလဲ မင်းကြောက်နေပြီလား...အရမ်းမကြောက်ပါနဲ့ဦး ဒီစားဖိုမှုးက မင်းရဲ့ ဆိုင်က်ို တစ်စစီ ချေမွပစ်မှာ..."


" မင်းက အရမ်းကို တော်တာပဲ ..."


ပုဖန်က မျက်နာသေဖြင့်ပင် တုံ့ပြန်လိုက်၏။


"မင်းရဲ့ ဦးနှောက်က အရမ်းကို အံ့သြသင့်စရာကောင်းတယ်..."


ကျိုးထုံ ခဏမျှ ကြောင်အသွားသည်။ထို့နောက် သူ ဒေါသထွက်လာလေသည်။


ဒီကလေးရဲ့ မျက်နာက ဘာကြောင့် ဘာခံစားချက်မှ မရှိရတာလဲ...တခြားတစ်ယောက်ကို စကားနဲ့ တိုက်စစ်ဆင်ရတာ ဘာလို့ အဲ့ဒီလောက် စိတ်ဓာတ်ကျစရာကောင်းရတာလဲ...


ကျိုးထုံ သူ့ဒေါသများကို ပြန်လည် ထိန်းချုပ်လိုက်သည်။ထို့နောက် ပုဖန်ကိုဟအေးစက်စက်တစ်ချက်ပြုံးပြလိုက်ပြီး စကားမဆိုတော့ပဲ လှည့်ထွက်သွားလေသည်။


"ကောင်းပြီလေ သူ့ကို ရက်နည်းနည်းလောက်တော့ မော်ကြွားခွင့် ပြုထားလိုက်ဦးမယ်...အခ်ျိန်ကြာလာပြီဆိုရင် ငါ့ရဲ့ လျှို့ဝှက်ဟင်းပွဲကို ထုတ်သုံးမယ်...အဲ့ဒီအခ်ျိန်ကျရင် မြူကောင်းကင်မြို့ကလူတွေ အကုန်လုံး ဆွဲဆောင်ခံလိုက်ရမယ်...ပြီးတာနဲ့ အစားကြူးသော အင်မော်တယ်စားသောက်ဆိုင်ကလည်း မြူကောင်းကင်မြို့ထဲက နံပတ်တစ် စားသောက်ဆိုင် ဖြစ်လာလိမ့်မယ်...ဒီတိမ်ခိုးစားသောက်ဆိုင်ကတော့ မကြာခင်မှာပဲ ပိတ်သိမ်းရလိမ့်မယ်..."


ကျိုးထုံ၏နောက်ကျောကိုကြည့်၍ ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


"သူတို့က တကယ်ကြီး တိမ်ခိုးစားသောက်ဆိုင်ကို ပိတ်သိမ်းစေချင်နေတာလား...ကောင်းပြီလေ ဒီလိုဆိုတော့လည်း ငါယဉ်ကျေးနေစရာမလိုတော့ဘူး..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူ တံခါးကို အသံမြည်အောင်ပိတ်လိုက်ပြီး မီးဖ်ိုခန်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။


မီးဖိုခန်းထဲတွင် ယန်မ်ိန်ကျီသည် ပင်ပန်းလွန်းသောကြောင့် လဲကျလုမတက်ပင် ဖြစ်နေလေသည်။သူမလှီးဖြတ်ထားသော မုန်လာဥများကလည်း သူမ၏ အရပ်ထက်တောင် မြင့်နေပေပြီ။


မီးဖိုခန်းထောင့်တွင် ရပ်နေသော ဝှိုက်တီက သူ့၏ ဝမ်းဗိုက်ကို ဖွင့်လိုက်ပြီး လှီးဖြတ်ထားသော မုန်လာဥများကို စုပ်သွင်းလိုက်သည်။ဝှိုက်တီ အားလုံး သန့်ရှင်းရေးလုပ်ပြီးနောက် ယန်မိန်ကျီ ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။


သူမ အားအင်ကုန်ခမ်းမောပန်းနေပြီး သူမ၏ လက်မောင်းကလည်း တဆတ်ဆတ် လှုပ်ခါနေသည်။


"နင့်ရဲ့ အဖြတ်အတောက်လေ့ကျင့်ခန်းကို လေ့ကျင့်ပြီးသွားပြီလား...အရမ်းကောင်းတယ်...မနက်ဖြန်အလုပ်က အရမ်းလွယ်တယ်...ထတော့ အခု မနက်ဖြန်သုံးမယ့် စွပ်ပြုတ်ကို ချက်ရလိမ့်မယ်..."


"စွပ်ပြုတ်..."


ယန်မိန်ကျီ၏ မျက်ဝန်းများ တောက်ပသွားပြီး ခုန်ထလိုက်သည်။အကယ်၍ သူမသာ ဒီနေ့ စွပ်ပြုတ်ချက်လိုက်မည်ဆိုလျှင် နောက်တစ်နေ့ နန်ကုန်းသခင်လေး စားသုံးရမှာမဟုတ်လား...သူမချက်ထားတာကို နန်ကုန်းသခင်လေး ပျော်ရွှင်စွာ စားရတော့ပေမည်။အရမ်းကို မြန်လွန်းလှ၏။


ပုဖန် ယန်မိန်ကျီကို မျက်နာသေဖြင့်ပင် စိုက်ကြည့်လိုက်သည်။သူ လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မဟူလိပ်ခုံးဒယ်အိုးပေါ်လာသည်။ထို့နောက် ရွှေဝါရောင်မီးတောက်များပေါ်လာပြီး အခန်းအတွင်းရှိ အပူချိန်က မြင့်တက်လာလေသည်။ပုဖန် မီးဖိုခန်းတွင်းရှိ ကြောင်အိမ်နားသို့ သွားလိုက်ပြီး သူလိုအပ်သော ပါဝင်ပစ္စည်းများကို ထုတ်ယူကာ စားပွဲပေါ်တင်ထားလိုက်သည်။


အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သော ယန်မ်ိန်ကျီက ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် အလွန်ရင်းနီးကျွမ်းဝင်ပေသည်။ပုဖန် ထုတ်ယူလိုက်သော ပစ္စည်းများကို မြင်လိုက်သည့်ခဏ သူမ၏ မျက်နာပေါ်မှ မျှော်လင့်ချက်ပြည့် အပြုံးက အေးခဲသွားလေသည်။


"ဒီ ဒီဆေးပင်တွေနဲ့ ဘယ်လိုလုပ်ပြီး စွပ်ပြုတ်လုပ်မှာလဲ ...သခင်လေး နန်ကုန်းက ဒီလို စွပ်ပြုတ်မျိုးကို ဘယ်လိုလုပ်သောက်ရမှာလဲ..."