အခန်း ၆၃၁
ဒီပုဖန် ပြသနာထပ်ရှာပြန်ပြီလား...
ပုဖန် ရွေးချယ်လိုက်သော ဆေးဘက်ဆိုင်ရာ ပါဝင်ပစ္စည်းများကိုကြည့်၍ ယန်မိန်ကျီ မျက်လုံးပြူးနေမိသည်။အဂ္ဂိရတ်ပညာရှင်ဖြစ်သော သူမအဖို့ ထိုပါဝင်ပစ္စည်းများနှင့် အလွန်ရင်းနီးကျွမ်းဝင်နေပေသည်။ထို့အပြင် ထိုပစ္စည်းများ၏ ဂုဏ်သတ္တိကိုလည်း သေချာစွာ သိပေသည်။
ထိုပစ္စည်းများကို မြင်လိုက်ရသည့်ခဏ သူမ၏ မျက်နာက အနည်းငယ် မဲမှောင်သွားသည်။ပုဖန် ယန်မိန်ကျီဆီသို့တစ်ချက်စောင်းကြည့်လိုက်သည်။
"ဒီပါဝင်ပစ္စည်းတွေနဲ့ နန်ကုန်းဝူချယ်အတွက် စွပ်ပြုတ်ချက်မယ်လို့ ဘယ်သူကပြောလို့လဲ ..."
ယန်မိန်ကျီ ခဏမျှ တောင့်ခဲသွားပြီး ကို့ယို့ကားယား ပြုံးပြလိုက်သည်။
"ဒီဆေးကျိုအိုးကို ကြည့်ထား မီးအေးအေးနဲ့ နှစ်နာရီလောက်ပြုတ်ပြီး ဆူပွက်လာတဲ့အထိ.မွှေပေးရမယ်.နားလည်လား...."
ယန်မိန်ကျီ ခေါင်းအသာ ငြိမ့်လိုက်သည်။ပုဖန် ခိုင်းစေသည့်အရာက အလွန်လွယ်ပေသည်
။ထို့ကြောင့် နောက်တစ်ဆင့်က မခက်ခဲဟု သူပြောနေခြင်းဖြစ်ပေသည်။သူမ၏ အစစ်အမှန် စွမ်းအင်များကို စုပ်ယူသော ဓားဖြင့် မုန်လာဥ လှီးဖြတ်ခဲ့သည်ထက် စာလျှင် ဒီဟာက ပို၍ ရိုးရှင်းလွယ်ကာနေပေသည်။
ယန်မ်ိန်ကျီဆီကို အလုပ်လွှဲပြောင်းပြီးနောက် ပုဖန် ကြောင်အိမ်နားသို့ တစ်ခါထပ်သွားလိုက်ကာ ထိုင်ချလိုက်သည်။အခ်ျိန်အတော်ကြာပြီးနောက် သူ ဗီရိုထဲမှ မြေအိုးတစ်လုံးကို ဆွဲထုတ်လိုက်၏
ယန်မိန်ကျီ ပုဖန်ဆီသို့ လှမ်းကြည့်လိုက်သည်။ထိုမြေအိုးကို သူမ မြင်ဖူးထားသကဲ့သို့ ရင်းနီးနေပေသည်။ပုဖန် ထိုအိုးကို စားပွဲပေါ်တင်လိုက်သည်နှင့် အနည်းငယ် ထူးဆန်းသည့် အနံ့အသက်လှိုင်းတစ်ခု ပြန့်နှံ့လာသည်။ယန်မိန်ကျီ၏ မျက်ဝန်းများက တောက်ပသွားသည်။
"ဒါက တို့ဟူးပုပ်မဟုတ်လား..."
ပုဖန်၏ တို့ဟူးပုပ် ၎င်းသည် မြူကောင်းကင်မြို့ထဲတွင် အကျော်ကြားဆုံး ဟင်းပွဲတစ်ပွဲဖြစ်ပေသည်။ပုဖန် ပဉ္စလက်စုဝေးပွဲကို ယှဉ်ပြိုင်စဉ်အခါထဲက ထိုတို့ဟူးပုပ်၏ ဂုဏ်သတင်းက နေရာအနှံ့သို့ ပြန်နှံ့သွားခဲ့ပြီဖြစ်သည်။
ထိုတို့ဟူးပုပ်၏ ရနံ့ကြောင့် အဂ္ဂိရတ်ပညာရှင်များ မီးဖိုများ ပေါက်ကွဲခဲ့ပါသနည်း။ထို တို့ဟူးပုပ်၏ ရနံ့ကို သူတို့၏ စိတ်ထဲတွင် တံဆိပ်ရိုက်နှိပ်ထားသလို စွဲထင်နေခဲ့လိမ့််မည်။
ပို၍ အရေးကြီးဆုံးအချက်မှာ ထိုတို့ဟူးပုပ်၏ ရနံ့က ဆိုးရွားလှသော်လည်း စားလိုက်သည့်အခါတွင်တော့ အလွန်ပင် အရသာရှိနေပေလိမ့်မည်။
"ပိုင်ရှင်ပုက အခုလည်း တို့ဟူးပုပ်ချက်မလို့လား...ဒါပေမယ့်လည်းအခု တို့ဟူးပုပ်နဲ့ စွပ်ပြုတ်နဲ့က ဘာများ သက်ဆိုင်လို့လဲ ..."
ယန်မ်ိန်ကျီ စိတ်ထဲ၌ ဇဝေဇဝါ အတွေးများ ရှုပ်ထွေးနေလေသည်။သို့သော်လည်း သူမ၏ နားမလည်ခြင်းများကို သိမ်းထားလိုက်ပြီး မမေးမြန်းပဲ စွပ်ပြုတ်အိုးကိုသာ ဆက်လက်ကြည့်ေ နလိုက်သည်။
မီးအပူချိန်နည်းနည်းဖြင့် တော်တော်ကြာ ချက်ပြုတ်ပြီးသည်နောက် စွပ်ပြုတ်ရည်များ စတင်၍ ဆူပွက်လာပြီး စိတ်ဝိညာဉ် စွမ်းအင်များ ပြန့်လွှင့်လာလေသည်။
၎င်းက မသိပ်သည်းသော်လည်း ဟန်မိန်ကျီကိုတော့ အံ့အားသင့်သွားစေသည်။ပုဖန်က ယန်မ်ိန်ကျီကို တစ်ချက်မျှ ကြည့်လိုက်ပြီး သူ့၏ အင်္ကျီလက်ကို ဆွဲတင်ကာ ရေခရားအိုး အဖုံးအားဖွင့်လိုက်သည်။အဖုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော တို့ဟူးပုပ်၏ ရနံ့က တရှိန်ထိုးထွက်ပေါ်လာသည်။ဒါက တကယ့်ကို အနံ့ပြင်းလှသည်။အနီးကပ်ရှိနေသော ယန်မ်ိန်ကျီ၏ မျက်နာက မဲမှောင်သွားလေသည်။
"ပိုင်ရှင်ပု ဘာလို့ တို့ဟူးပုပ်တွေကို သယ်လာတာလဲ...ငါကောင်းကောင်းမွန်မွန်လေး ချက်ခွင့် မပေးန်ိုင်ဘူးလား..."
ရုတ်တရက် ယန်မိန်ကျီ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူမ မကောင်းသည့် အာရုံတစ်ခုကို ခံစားမိလိုက်သည်။ပုဖန်ကို သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။ထို့နောက် ပိုင်ရှင်ပုက ထိုတို့ဟူးပုပ်များကို ဒယ်အိုးထဲ လောင်းထည့်လိုက်သည်ကို တွေ့လိုက်ရလေ၏။
တို့ဟူးပုပ်များအားလုံး ဆေးစွပ်ပြုတ်အိုးထဲ ဝင်သွားပြီးနောက် အပုပ်ရနံ့က ပို၍ ပြင်းထန်လှသည်။ယန်မိန်ကျီ အေးခဲသွားသည်။
ပိုင်ရှင်ပု ငလိမ်ကောင်...နင်ပဲ လွယ်ကူတဲ့ အလုပ်လေးပါလို့ ပြောထားတယ်မဟုတ်ဘူးလား...ဒါကြီးက လွယ်ကူတာလား...
အလွန်ပင် ပြင်းထန်လှသော အနံ့ဆိုးများ ကမ္ဘာကြီးတစ်ခုလုံးက သူမကို ပစ်ပယ်လိုက်သလိုမျိုး ယန်မ်ိန်ကျီ ခံစားလိုက်မိသည်။အရေးကြီးဆုံးအချက်မှာ ထိုတို့ဟူးပုပ်များနှင့် ဆေးရည်များကိုရောနှော ကျိုချက်နေသောကြောင့် ရနံ့က ပို၍ပို၍ သိပ်သည်းလာပြီး ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားတော့မလောက်အောင် ပြင်းထန်လွန်းလှသည် ။
ပုဖန် တို့ဟူးပုပ်များအားလုံးကို ရောနှောပြီးနောက် သူ လေထဲမှ ရနံ့များကို တစ်ချက်အနံ့ခံလိုက်သည်။သူ မထိန်းနိုင်ပဲ နှုတ်ခမ်းများတွန့်ရှုံ့သွားလေ၏။
"နင်လုပ်နိုင်ပါတယ် ငါပြောထားတဲ့အတိုင်း သေချာလေး လိုက်လုပ် ပြီးပြီဆိုတာနဲ့ ဒီနေရာမှာပဲ ထားခဲ့လိုက်..."
ပုဖန် ပြောပြီးသည်နှင့် ယန်မ်ိန်ကျီ၏ မျက်နာအမူအရာကို လျစ်လျူရှုလိုက်ပြီး မီးဖိုခန်းထဲမှ ချက်ချင်းထွက်သွားကာ သူ့အခန်းဆီသို့ ပြန်သွားလေသည်။
မီးဖိုခန်းထဲတွင် အနံ့ဆိုးများက နေရာအနှံ့ တိုးဝင်ပြန့်နှံ့နေပြီး အရာရာအားလုံးကို ဖျက်စီးပစ်ချင်နေသလိုမျိုး နံစော်နေလေသည်။
အစားကြူးတောင်ကြားထဲတွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူကြီး တစ်ယောက် အေးဆေးစွာဖြင့် ရေကန်ဆီ ဦးတည်လျှောက်လာလေသည်။ထိုလူကြီး၏ နောက်တွင် စားဖိုမှူးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ချို့ ပါလာသည်။
သို့သော်လည်း ထိုလူငယ်များက အကြီးအကဲကို ကြောက်ရွံ့ပုံဖြင့် အနား၌ ကပ်လာခဲ့သည့်အကွာအဝေးမှသာ လိုက်ပါလာသည်။ရုတ်တရက် အကြီးအကဲ၏ ခြေလှမ်းများက ရပ်တန့်သွားပြီး ထ်ိုအပြာရင့်ရောင် ရေကန်ကို လှည့်ကြည့်လိုက်သည်။
ထိုရေကန်ထက်တွက် ငှက် အမျိုးအစား စိတ်ဝိညာဉ် သားရဲက သူတို့၏ တောင်ပံများကို ဖြန့်ကား၍ ဟစ်ကြွေးနေလေသည်။နောက်မှလိုက်ပါလာသော လူငယ်များလည်း ရုတ်တရက် အေးခဲသွားပြီး နေရာမှာပင် ရပ်တန့်လိုက်ကြသည်။
သူတို့ အသက်ပြင်းပြင်းပင် မရှူရဲကြတော့ပေ။ထိုအကြီးအကဲက နောက်ထပ် မည်သည့် လှုပ်ရှားမှုမျိုး ပြုလုပ်မည်ကိုလည်း သူတို့ မသိကြပေ။သူတို့အားလုံး မြင်လိုက်ရသည်က ထိုအကြီးအကဲ တစ်ယောက်၏ က်ဖဝါးအသာ ပင့်မြောက်လိုက်သည်။ထိုလက်ဖဝါးမှ အလင်းစီးကြောင်းများထွက်ပေါ်လာပြီးနောက် သူ့၏ ရှေ့၌ ရွှေ့ပြောင်းအစီအရင်တစ်ခု ပေါ်လာလေသည်။
"ရွှေ့ပြောင်းအစီအရင်..."
ထိုလူငယ်များအားလုံး အနည်းငယ်ကြောင်အအဖြစ်သွားကြသည်။နောက်ခဏတွင်းမှ အလွန်သနားစရာကောင်းသော ထိုပုံရိပ်တစ်ခုပေါ်လာသည်။ထိုပုံရိပ်ကို အလွန်ပင်ရင်းနီးနေသောကြောင့် စားဖိုမှူးများအားလုံး မျက်ဝန်းများ ပြူးကျယ်သွားကြ၏။
"စီနီယာ ဝမ်ရန်ချုံ ..."
လူများစွာက အံ့သြတသင့်ဖြင့်ပင် ပြောလိုက်ကြ၏။
"ဒီစီနီယာကဘယ်လိုဖြစ်လို့ အဲ့ဒီလောက် သနားစရာကောင်းနေရတာလဲ..."
စီနီယာဝမ်ရန်ချုံက သူတို့ မ်ျိုးဆက်သစ်များကြားထဲတွင် အသန်မာဆုံးသူ တစ်ယောက်မဟုတ်ပေ။အစားကြူးဘုတ်ပြားပေါ်မှ သူ့၏ အဆင့်ကလည်း အမြင့်မားဆုံး မဟုတ်သော်လည်း တတိယတန်းစား စားဖိုမှူးများနှင့် ယှဉ်လိုက်လျှင်တော့ များစွာသန်မာပေသည်။
ဝမ်ရန်ချုံ၏ မျက်နာတွင် စိတ်ဝိညာဉ် ပျောက်ဆုံးနေသည်။သူ့၏ ပုံပန်းသွင်ပြင်က သန်မာသည်ဆိုသော်လည်း အလွန်ပင် စိတ်ပျက်အားလျော့နေပုံရ၏။သူ့၏ ကြွက်သားများလည်း မလှုပ်ရှားသလို သူ့၏ မျက်ဝန်းများတွင်လည်း စိတ်ဝိညာဉ်မရှိပေ။သူ ရှုံးနိမ့်ခဲ့ရသည်။သူ တကယ်ကို အားလုံး ဆုံးရှုံးခဲ့ရသည်။သူ စားဖိုမှူး စိန်ခေါ်ပွဲကို လုံးဝ ရှုံးနိမ့်ခဲ့ရ၏။
ရေကန်ကို ဖြတ်တိုက်လာသော အေးစက်သော လေအေးများက ဝမ်ရန်ချုံ၏ စိတ်အာရုံကို ပိုမိုကြည်လင်လာစေသည်။သူ မျက်လုံးဖွင့်လိုက်ပြီး သူ့ရှေ့မှ ဆံပင်ဖြူနှင့် အကြီးအကဲပုံရိပ်ကို ကြည့်လိုက်သည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားလေသည်။
"ဆရာ ငါရှုံးလာခဲ့တယ်..."
မြေပြင်ပေါ်၌ရှိနေသော ဝမ်ရန်ချုံ မရပ်မနား တုန်ယင်နေခဲ့သည်။သူ့ဆရာ၏ ဒေါသထွက်နေသော အသံက ပို၍ပင် ကြောက်ရွံ့စေလေသည်။
"ငါ့ကို ဆရာလို့မခေါ်နဲ့တော့ မင်း အပြင်ဘက် ကမ္ဘာက စားဖိုမှူးကို ရှုံးလာတယ်ဆိုတည်းက မင်းက ငါ့တပည့် မဟုတ်တော့ဘူး...ခါးသက်တဲ့ အသီးကို မင်းကိုယ်တိုင် စိုက်ပျိုးခဲ့မှတော့ မင်းကိုယ်တိုင်ပဲ စားရမယ်..."
အကြီးအကဲက အေးစက်စွာ ပြောလိုက်သည်။ဝမ်ရန်ချုံ အေးခဲတောင့်တင်းသွားသည်။သူ့၏ အရိပ်အယောင်များ တဖျတ်ဖျတ် ပြောင်းလဲသွားပြီး သူ့၏ မျက်နာကလည်း သေမတက် ဖြူဖျော့သွားလေသည်။
အကြီးအကဲက ရှည်လျားစွာကျနေသော အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ဝမ်ရန်ချုံ၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်သည်။နောက်ခဏ၌ ဝမ်ရန်ချုံ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ် တုန်ယင်လာလေသည်။
"ဒီနေ့က စပြီး မင်းက ငါတပည့်မဟုတ်တော့ဘူး...ဒါပေမယ့်လည်း ဒီအရှင်က အစားကြူးဘုတ်ပြားပေါ်က ကျိန်စာကို ဖိနှ်ိပ်ထားပြီးပြီဖြစ်လို့ မင်းဆက်လက်ပြီး ချက်ပြုတ်နိုင်တယ်...မင်း က်ျိန်စာကို လုံးဝ ချေဖျက်ချင်တယ်ဆိုရင်တော့ မင်းအစားကြူးလမ်းမကို ဖြတ်သန်းဖို့ လိုတယ်...မင်းအစားကြူးလမ်းက အသက်ရှင်လျက် ပြန်လာနိုင်ပြီး မင်းကို အနိုင်ယူခဲ့တဲ့ စားဖိုမှူးကို အနိုင်ရနိုင်မယ်ဆိုရင်တော့ ကျိန်စာကို လုံးဝ ချိုးဖျက်နိုင်သွားပြီ..."
အကြီးအကဲက ကျိန်စာကို ဆက်ပြောလိုက်သည်။မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဝမ်ရန်ချုံက သူ့၏ ဆရာသခင် သူ့ကို ထိုအခွင့်အရေးမျိုး ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အစားကြူးလမ်းကို ဖြတ်သန်းရမယ်..."
ထိုစကားကို ကြားလိုက်သည့်ခဏ၌ အစားကြူးတောင်ကြား၏ ကြောက်မက်ဖွယ်ကောင်းသော လမ်းအကြောင်းကို သူ သတိရမိသော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။သူ သွားရပေမည်။
"နေဦး သူ အဲ့ဒီလမ်းကနေ ပြန်ထွက်လာပြီလျှင် ပုဖန်ကို အနိုင်ယူရဦးမှာလား..."
"ကောင်းပြီ မင်းအခု သွားနိုင်ပြီ..."
အကြီးအကဲက ပြောပြီးသည်နှင့် ဝမ်ရန်ချုံကို ထပ်ဂရုမစိုက်တော့ပဲ ရေကန်ဘက်သို့ မျက်နာမူထားလိုက်သည်။ကြီးမားလှသော ရေကန်ကြီးအတွင်း၌ တစ်ခါတစ်ရံတွင် ငါးများ ခုန်ပေါက်မြုးတူးနေသောကြောင့် ရေများအဘက်ဘက်သို့ လွင့်စင်နေသည်။
ဝမ်ရန်ချုံ အားတင်း၍ ထရပ်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ဝက်ညွှတ်ကိုင်းသည်အထိ အကြီးအကဲကို အရိုအသေပေးလိုက်သည်။ထို့နောက် သူလှည့်ထွက်သွားပြီး သူ့၏ ပုံရိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။လူငယ်စားဖ်ိုမှူးများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
"အစားကြူးလမ်းမကို ဖြတ်ရမယ်...စီနီယာဝမ်ရန်ချုံက တကယ်ပဲ လုပ်နိုင်ပါ့မလား..."
၎င်းက တကယ့်ကို သေခြင်းတရားလမ်းမဖြစ်သည်။အစားကြူးတောင်ကြားအတွင်းမှ စွမ်းအင်ရှိပြီး ဝင့်ကြွားလှသော စားဖ်ိုမှူးများစွာသည် ထိုလမ်းမထက်တွင် သေဆုံးခဲ့ရသည်။ထိုလမ်းက ပြန်လမ်းမရှိပေ။
သူတို့အားလုံး အကြီးအကဲ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြပေ။ထ်ိုအကြီးအကဲကမူ ရေကန်ဘက်သို့သာ မျက်နာမူ၍ တည်ငြိမ်စွာ ရပ်နေလေသည်။
ပုန်းကွယ်နဂါး တိုက်ကြီး၏ အလယ်ဗဟို လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးအတွင်းကြီးမားလှသော တောင်တစ်တောင်ဆီမှ အလင်းများ ဖြာထွက်လာပြီးနောက် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ခဏမျှ ကြာပြီးနောက် ထိုရောင်စုံလွှမ်းနေသော တောင်ကြီးအတွင်းမှ ပုံရိပ်များလျှောက်ထွက်လာသည်။ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များကလည်း ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားလေ၏။
"ကျောင်းယာသေပြီ...ရှုရတပ်ကလည်း လုံးဝ ဖျက်စီးခံရလုနီးပါးဖြစ်သွားတယ်...ဒီတစ်ကြိမ် ငါတို့ ရဲ့ အစီအရင်က လုံးဝ ပျက်စီးသွားပြီ..."
ရွှေရောင်သရဖူကို ဆောင်းထားသော လူငယ်က တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့ နွေဦးစမ်းရေကောင်းကင်နယ်မြေက ဒီလိုအရှုံးမျိုးနဲ့ မကြုံခဲ့တာ တော်တော်ကို ကြာပြီ...တောါဝင်ဥယျာဉ်က တပည့်တစ်ယောက်က နတ်ဘုရားသတ်လေးကို ကိုင်ဆောင်သွားခဲ့တာတောင်မှပဲ အသတ်ခံခဲ့ရတယ်ပေါ့..."
နောက်ထပ်ပုံရိပ်တစ်ခုက အလွန်လှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။သူမ၏ အသားအရည်က ဖြူစင်ဝင်းမွတ်နေပြီး သူမ လက်ကလေးမြှောက်လိုက်သည့်ပုံကပင် ရှုချင်စဖွယ်ကောင်းလှသည်။
"သူကျောင်းယာကို ငရဲကမ္ဘာသက်ရှိတွေကို အမဲလိုက်ဖို့ စေလွှတ်လိုက်တာ...သူက ဒီလိုမ်ျိုး ကံမကောင်းမှုကြီးနဲ့ တွေ့ဆုံသွားရတယ်...ဒါက လုံးဝ ကိစ္စကြီးတစ်ရပ်ပဲ...ငါတို့ အဲ့ဒါကို လျစ်လျူရှုလို့မရဘူး...အဲ့ဒါထက် ငါတို့ လျှ်ို့ဝှက်နဂါး တော်ဝင်ခုံရုံးက ဆေးနန်းတော်တစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့တယ် အခုဆိုရင် သူတို့မှာ မြူကောင်းကင်မြို့ တစ်ခုပဲရှိတော့တယ်...အဲ့ဒီမောက်မာ ထောင်လွှားတဲ့ အဂ္ဂိရတ်ပညာရှင်တွေအပေါ်မှာ ငါတို့ အချိန်ကြာကြာနေနိုင်ပြီ..."
လှပသော အမျိုးသမီးက သူမ၏ အစိမ်းရောင်အင်္ကျီလက်စကို ဆွဲတင်လိုက်ပြီး ဒေါသထွက်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့ လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံးက လူကို သတ်လိုက်တာ သူတို့ အဲ့ဒီအကြွေးကိုသေချာပေါက် ပြန်ဆပ်ရမယ်..."
"အလျင်မလိုပါနဲ့ ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ အစားကြူးနတ်ဘုရား စားသောက်ပွဲက စတင်တော့မယ်လေ အဲ့ဒီကို သွားကြပါစေဦး...နှစ်တိုင်း ငါတို့က တော်ဝင်တရားရုံးကို ထိုးဖောက်လာတဲ့ မျိုးဆက်သစ်တွေကို ကြောက်နေခဲ့ရတယ်...အဲ့ဒီအဆိုအရ အာကာသအာနမ်နှင့် ကောင်းကင်ဘုံဗဟို သန့်စင်နယ်မြေက ကောင်းမွန်တဲ့ အရည်အချင်းရှိတဲ့သူတွေကို ပျိုးထောင်ထားတယ်လို့ ဆိုတယ်...ပြီးတော့လအာကာသအာနမ်နဲ့ ကောင်းကင်ဘုံဗဟိုသန့်စင်အဘိုးကြီးတွေက မကြာသေးခင်ကပဲ အဆင်အခြင်မဲ့ လှုပ်ရှားမှုတွေကို ထုတ်ပြလာကြတယ်ဆိုတော့ သူတို့ ဒီတစ်ကြိမ် အဲ့ဒီအရည်အချင်းရှ်ိတဲ့သူတွေကို ပို့လွှတ်လိုက်မှာမျိုး ငါကြောက်မိတယ်...ငါတ်ို့ သူတို့ကို ရှုံးလို့မရဘူး..."
ထ်ိုခရမ်းရောင်ဝတ် လူငယ်က ပြောလိုက်သည်။လှပသောမိန်းမပျိုက ခဏမျှ စဉ်းစားလိုက်သည်။
"ဒီလိုဆိုရင်လည်း သူသွားပါစေ ဒီတစ်ကြိမ်က သူအပြင်ကို ခဏထွက်ရမယ့်အခ်ျိန်ပဲ...ဒီလ်ိုမှ မဟုတ်ရင် တခြားနယ်မြေတွေက ငါတို့ နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက သူတော်စင်ကို ကြောက်ရွံ့ဖို့ မေ့နေလိုက်ကြမယ်..."
"ဟာ...ဟုတ်တယ် နင်ပြောတာမှန်တယ်သူ့ကို အရင်သွားခွင့်ပြုလိုက်မယ်...အဲ့ဒါထက် အရိပ်နတ်ဆိုးကို နတ်ဘုရားသတ်လှံတံကိုင်ဆောင်ပြီး မြူကောင်းကင်မြို့ကို လွှတ်လိုက်...မြင့်မြတ်တဲ့ နယ်မြေတွေရဲ့ အခွင့်အာဏာကို စိန်ခေါ်လို့မရဘူး အဲ့ဒီ ငရဲကမ္ဘာကသက်ရှိတွေက ငါတို့ရဲ့ လူကို သတ်ရဲတယ်ဆိုမှတော့ သူတို့ အပြစ်ဒဏ်ကို လက်ခံရမယ်...အရိပ်နတ်ဆိုးရဲ့ စွမ်းအင်အဆင့်နဲ့ဆိုရင် သူတိုကို ရင်ဆောင်ဖို့လိုအပ်ပြီ..."
နောက်တစ်နေ့မနက်တွင် နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ကျော်၍ တိုးဝင်လာသည်။တိမ်ခိုးစားသောက်ဆိုင်၏ မျက်နာချင်းဆိုင်ရှိ အစားကြူးအင်မော်တယ်စားသောက်ဆိုင်က ဖွင့်လှစ်နေပေပြီ။က်ျိုးထုံ အချက်အပြုတ်ပစ္စည်းများကို ပြင်ဆင်လိုက်ပြီး သူ့၏ ဟင်းပွဲကို စတင်ချက်ပြုတ်နေပေပြီ။အစားအသောက်များ၏ မွှေးရနံ့က ပတ်ဝန်းကျင်ကို ပြန့်လွှင့်လာပေသည်။ပုဖန် သူ့၏ အခန်းထဲမှ ထွက်လာပြီးနောက် မီးဖိုချောင်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။
မီးဖိုခန်းထဲတွင် မဟူရာလိပ်ခုံးဒယ်အိုးအောက်မှ မီးတောက်က ငြိမ်းသက်သွားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။မီးဖိုခန်းအတွင်းတွင်လည်း ထူးဆန်းသောရနံ့များ လွင့်ဝဲနေသည်။
ပုဖန်ဒယ်အိုးထဲမှ ပါဝင်ပစ္စည်းများကို မွှေလိုက်သည်။ဒယ်အိုးထဲတွင် တို့ဟူးပုပ်လေးများက ပေါလောမျောနေသည်။သူမွှေလိုက်တိုင်း ပြင်းထန်လှသော ရနံ့များပို၍ ထွက်ပေါ်လာသည်။ဆေးပင်များ၏ ရနံ့နှင့် ထိုတို့ဟူးပုပ်၏ ရနံ့ ရောစပ်မှုက ပို၍ ထူးဆန်းသော အနံ့များကို ထုတ်လွင့်နေလေသည်။
သူက လေးလံလှသော မဟူရာလိပ်ခုံးဒယ်အိုးက်ို လက်တစ်ဖက်တည်းဖြင့် အသာအယာ မလိုက်ပြီး ဆိုင်ရှေ့သို့ လျှောက်သွားလေသည်။ယခုမှ နှိုးထလာသော ယန်မ်ိန်ကျီက သူမ၏ ငိုက်မြည်းနေသော မျက်ဝန်းများကို ပွတ်သပ်လိုက်သည်။သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။
"ပိုင်ရှင်ပု နင်ဘာတွေ လုပ်နေတာလဲ..."
ယန်မိန်ကျီ တွေးမရအောင်ပင်ဖြစ်နေသည်။ဆိုင်ငယ်လေးထဲတွင် နယ်သာရီနှင့် ခွေးဘုရင်တို့ကလည်း သူတို့ကို သူတို့ ပြင်ဆင်မှုများ ပြုလုပ်ပြီး စားပွဲတွင် ထိုင်စောင့်နေကြပေပြီ။
သူတို့က ဒယ်အိုးကိုကိုင်ဆောင်၍ ထွက်လာသော ပုဖန်ကိုသာ မြင်လိုက်ရလေသည်။ထိုဒယ်အိုးထဲမှ ပြန့်လွှင့်လာသော အနံ့အသက်များကို ရှူရှိုက်လိုက်ပြီးနောက် သူတို့လူတစ်ယောက်နှင့်ခွေးတစ်ကောင်မျက်လုံးလှန်လိုက်လေသည်။
"ဒီပုဖန်တော့ ပြဿနာထပ်ရှာတော့မလို့လား..."