အခန်း ၆၃၂
အဆင့်မြင့်တို့ဟူးပုပ်...
ကျွီခနဲမြည်သံနှင့်အတူ ဆိုင်တံခါးပွင့်သွားသည်။မဟူလိပ်ခုံးဒယ်အိုးကို ပေါ့ပါးစွာ သယ်ဆောင်၍ ပုဖန် ဆိုင်ထဲမှ လျှောက်ထွက်လာခဲ့သည်။တန်းစီနေသော စားသုံးသူများက ပုဖန်ကို ငေးကြည့်နေမိကြသည်။ဒီတစ်ကြိမ်၌ ပုဖန် ဘာလုပ်ဖို့ ကြိုးစားနေသည်ကို သူတို့ မသိကြပေ။
ပုဖန် အစားကြူးသော အင်မော်တယ်စားသောက်ဆိုင်ရှေ့တွင် မွှေးပျံ့ကြိုင်လှိုင်သည့် ဟင်းပွဲများကို ကြော်လှော်နေသည့် ကျိုးထုံဆီသို့လျှောက်သွားသည်ကို မြင်လိုက်ရသည်။
ကျိုးထုံက မျက်လုံးပြူးဖြင့် ပုဖန်ကို ကြည့်နေလေသည်။သူ ထိတ်လန့်မှုနှင့် အံ့အားသင့်မှုနှစ်ခုလုံးကို ခံစားနေရသည်။
"ဒီစားဖိုမှူးက ဘာလုပ်ချင်နေတာလဲ..."
ရုတ်တရက် ပုဖန် ဘန်းခနဲမြည်အောင် ပစ်ချလိုက်သော ဒယ်အိုးကိုကြည့်၍ ကျိုးထုံ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ပုဖန် သက်ပြင်းအသာချလိုက်သည်။ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးအောက်ထဲသို့ ရွှေဝါရောင်မီးတောက်ကို မှုတ်ထုတ်လိုက်ပြီး လောင်ကျွမ်းစေလိုက်သည်။
ကောင်းကင်ကမ္ဘာမြေမီးလျှံ...
ကျိုးထုံ၏ မျက်ဝန်းများ ကျုံ့သွားသည်။
"ထိုစားဖိုမှူးက ကောင်းကင်ကမ္ဘာမြေမီးလျှံကို တကယ်ကြီး ချက်ပြုတ်ဖို့ သုံးရဲတယ်ပေါ့..."
ထိုစားဖ်ိုမှူးလေးတွင် စွမ်းရည်တစ်ချို့တော့ရှိနေပေသည်။သို့သော်လည်း သူ့၏ ဆိုင်ရှေ့တွင် လာရောက်၍ ချက်ပြုတ်နေခြင်းက အင်မော်တယ် စားသောက်ဆိုင်ကို လာရောက်စိန်ခေါ်ခြင်းလား...
သူကိုယ်တိုင်ပင် ထ်ိုစားဖ်ိုမှူးလေးကို ရင်ဆိုင်ဖို့ အရင်ဆုံးမလှုပ်ရှားရသေးပေ။ထိုသူက သူ့အခေါင်းကို မြင်ရန် မစောင့်နိုင်တော့သည်နှင့် တူနေလေသည်။အခြေအနေက ထိုသို့ဖြစ်နေလေရာ သူ ထိုစားဖ်ိုမှူးကို နင်းချေရပေမည်။အစားကြူးတောင်ကြားထဲမှ စားဖိုမှုးများက မည်မျှသန်မာကြောင်း ပြသရပေမည်။သူတို့က အသုံးမကျသော ဝမ်ရန်ချုံနှင့် မတူပေ။
ကျိုးထုံ လက်ဖဝါးမြောက်၍ ဖြန့်ပြလိုက်သည်နှင့်အစစ်အမှန်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။အိုးထဲမှ သေချာကြော်နေသော စားစရာများမှ မွှေးရနံ့များ ကြိုင်လှိုင်စွာ ထွက်ပေါ်လာသည်။
တစ်ခုပြီးတစ်ခုကြော်ပြီးနောက် ထ်ိုအကြော်လေးများက ပန်းကန်ပြားပေါ်သို့ ကျရောက်သွားသည်။သိပ်သည်းလှသော မွှေးရနံ့များထဲတွင် ဂျုံနံ့အသားနံ့နှင့် ဆေးဖက်ဝင်အနံ့များ ပါဝင်နေပေသည်။
ထိုထူးခြားသော ရနံ့များ အားလုံး ပွင့်ဟသွားပြီးနောက် နောက်ထပ် စားစရာတစ်မျိုး ဖြစ်ပေါ်လာလေသည်။၎င်းအနံ့များအရ ဟင်းပွဲက တော်တော်လေးကောင်းမွန်သည်ဟု ပြောနိုင်ပေသည်။
ပုဖန်နှာခေါင်းရှုံ့၍ အနံ့ခံလိုက်ပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ အသာအယာ ကွေးညွှတ်သွားသည်။ဘေးပတ်ဝန်းကျင်ရှိ စားသုံးသူများကလည်း သူတို့ နှစ်ယောက်ကို ငေးမောကြည့်ရှုနေကြသည်။
"အစားကြူးသော အင်မော်တယ်စားသောက်ဆိုင်ရဲ့ ရန်စမှုကို ပိုင်ရှင်ပု သည်းမခံနိုင်တော့ဘူးလား...သူနောက်ဆုံးတော့ လှုပ်ရှားတော့မှာလား...တစ်ခု တစ်ခုမြည်းကြည့်လိုက်..."
ကျိုးထုံ လက်ညှိုးညွှန်လိုက်သည်နှင့် ရွှေဝါရောင်သန်းနေသော အသားလုံးလေးက ပုဖန်ဆီသို့ ပျံ့လွှင့်သွားလေသည်။ပုဖန် မျက်ခုံးပင့်လိုက်ပြီး ထိုအသားလုံးကို အသာအယာဖမ်းယူလိုက်သည်။
ပူပူနွေးနွေး အသားလုံးလေးမှ သိပ်သည်းလှသောအမွှေးအကြိုင်ရနံ့များ ထုတ်လွင့်နေပြီး အပူငွေ့များ လွှမ်းခြုံနေပုံက မြင်ကွင်းကို ပို၍ လှပနေစေသည်။
ထိုအသားလုံးကို ပါးစပ်ထဲထည့်လိုက်ပြီးနောက် ချက်ချင်းကိုက်လိုက်သည်။သွားနစ်ဝင်သွားသည်နှင့် အသားလုံးထဲမှ ဆီများ စိမ့်ထွက်လာသည်။ပူနွေးနွေးဆီအရသာက အပူငွေ့နှင့်အတူ ရောစပ်၍ ပြန့်နှံ့သွားသည်။ထိုအသားလုံး၏ အရသာက မဆိုးလှသောကြောင့် ပုဖန် မျက်ခုံးပင့်လိုက်မိသည်။
သူက်ျိုးထုံကို အံ့အားတသင့်ဖြင့် ကြည့်လိုက်သည်။ထိုလူ၏ ချက်ပြုတ်ခြင်းအနုပညာက မဆိုးလှပဲ ဝမ်ရန်ချုံထက်ပို၍ သာလွန်နေပေသည်။ထို့ကြောင့်ပင် ထို သူက သူ့၏ မျက်နာချင်းဆိုင်တွင် စားသောက်ဆိုင်လာဖွင့်ပြီး တိမ်ခိုးစားသောက်ဆိုင်ကို ပြဿနာရှာရန် ကြံစည်ရဲခြင်းဖြစ်ပေလိမ့်မည်။
အသားလုံးအကုန်လုံးကို ပါးစပ်ထဲထည့်၍ ဝါးစားလိုက်ပြီးနောက် ရပ်ကြည့်နေသော ယန်မိန်ကျီဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။ယန်မိန်ကျီ၏ အမူအရာက ရှုပ်ထွေးသွားသည်။
"သူက ဘာကြောင့် ငါ့ကို ခေါ်ပြန်တာလဲ..."
"ဒီကိုလာ...နင့်အတွက် လွယ်ကူတဲ့ တာဝန်လေးရှိတယ်..."
ပုဖန်၏ အေးဆေးလှသောအသံကို ကြားလိုက်သည်နှင့် ယန်မိန်ကျီ ကျောရိုးတစ်လျှောက်စိမ့်တက်သွားပြီး သူ့ခန္ဓာကိုယ်ကို တောင့်တင်းသွားသလ်ို ခံစားလိုက်ရသည်။
"နောက်ထပ်လွယ်ကူတဲ့ အလုပ် ပိုင်ရှင်ပု ဒီလူလိမ်ကောင်ကတော့ သူက သူကိုယ်သူ ယုံကြည်ဖို့ ထိုက်တန်တဲ့ လူလို့ ထင်နေသေးတာလား..."
သို့သော်လည်း ယန်မိန်ကျီက ထိုနေရာသို့ သွားလိုက်သည်။အဘယ့်ကြောင့်ဆိုသော် ခပ်လှမ်းလှမ်းဆီမှနေ၍ နန်ကုန်းဝူချယ်က လူအနည်းငယ်နှင့်အတူ လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
"မနေ့ကအတိုင်းပဲ ဒါကို မွှေပေးနေ...ခဏကြာလို့ တစ်ယောက်ယောက်က ဒါကို စားချင်တယ်ဆိုရင် တစ်ခုကို သလင်းကျောက် ငါးခု တောင်းလိုက်...ဒါက အများကြီး စျေးလျှော့ထားတာပဲ...တကယ်လို့ သူတို့ စားချင်တယ်ဆိုရင်လည်းစား...သူတို့မစားချင်ဘူးဆိုရင်လည်း မစားနဲ့..."
ပုဖန် ထိုသို့ ပြောပြီးသည်နှင့် ကျိုးထုံကို အဓိပ္ပါယ်အပြည့်ပါသော အကြည့်နှင့် ကြည့်လိုက်ပြီး တိမ်ခိုးစားသောက်ဆိုင်ဘက်သို့ ပြန်ထွက်သွားလိုက်သည်။ကျိုးထုံ ကြောင်အသွားသည်။
"ဒါက ဘာအဓိပ္ပါယ်လဲ...သူက ငါ့ကို အထင်သေးနေတာလား...သူက ဆ်ိုင်ရှေ့မှာ ဒယ်အိုးတစ်အိုးလာပစ်ချသွားတယ်...ပြီးတော့ အဲ့ဒီလိုပဲ ထွက်သွားတယ်လား...ဒီစားဖ်ိုမှုးလေးက ပြဿနာရှာတာလား..."
အထူးသဖြင့် သူမသွားခင် ကြည့်သော အဓိပ္ပါယ်ပါသော အကြည့် ..ထိုအကြည့်က ဘာအဓိပ္ပါယ်လဲ ဘာကြောင့် ပြာယာခတ်အောင် လုပ်နိုင်တာလဲ..."
ယန်မိန်ကျီ သူမ ရင်ဘတ်ပင် မြင့်တက်သည်အထိ အသက်ဝဝရှိုက်လ်ိုက်သည်။ထို့နောက် သူမရှေ့မှ ဒယ်အိုးကို စိတ်ပိုင်းဖြတ်ထားသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
"မင်းသားလေးနန်ကုန်းအတွက် သူမ ဒါတွေ အားလုံးကို လုပ်ရမယ်..."
သူမ ဒယ်အိုးကို ဖြေးဖြေးချင်းမွှေလိုက်သည်နှင့် ည်ိုမှောင်နေသည့် စွပ်ပြုတ်ရည်များက လှည့်လည်သွားသည်။ထ်ို့အတူ ငြိမ်သက်နေသော ရနံ့ဆိုးက အုံကြွလာလေသည်။
မူလက စားသုံးသူ လူများစွာသည် ပိုင်ရှင်ပုဂရုတစ်ိုက်ပြင်ဆင်ခဲ့သော ဟင်းပွဲကို သိချင်ကြသောကြောင့် လည်ပင်းဆန့်၍ စပ်စုနေကြသည်။
အဆုံး၌ အပုပ်ရနံ့များ ထွက်ပေါ်လာသောသောကြောင့် သူတို့၏ မျက်နာများမဲမှောင်သွားလေသည်။
ထိုရနံ့က အလွန်ပင် ရင်းနီးကျွမ်းဝင်နေသည်။လူများစွာက ထိုအနံ့နှင့် ဝေးရာဆီသို့ ဆုတ်ခွာသွားကြသည်။ထိုရနံ့များက လူတစ်ယောက်၏ နောက်တွင် လိုက်ပါလာသော အရိပ်တစ်ခုကဲ့သို့ ကျိုးထုံ၏ နှာခေါင်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသောကြောင့် ကျိုးထုံ နေရာမှာပင် တောင့်ခဲသွားလေသည်။
"အပုပ်နံ့ အနံ့ဆိုး...ဒီအနံ့က ဘာလဲ အဲ့ဒီစားဖိုမှူးက ပစ္စည်းမှားပြီးများ ထုတ်လာတာလား..."
ထိုအပုပ်နံ့က အလွန်ပင်ပြင်းလှသည်
"အဲ့ဒီ ပစ္စည်းက ဘာလဲ အဲ့ဒီဟာက စားလို့ကော ရသေးရဲ့လား..."
"ဝါး...ဒီအပုပ်နံ့လား...ဒီအနံ့က အရင်ကနဲ့ တူတူပဲ ဒီတော့ ချက်ပြုတ်နည်းကလည်း အရင်အတိုင်းပဲ တူလိုက်မယ်...ပိုင်ရှင်ပုက ဒါကို အရမ်းကြိုက်..."
"မဟုတ်ဘူး မင်းမှားနေပြီ ဒီတစ်ကြိမ်အနံ့က ပိုပြီးအနံ့ဆိုးတယ်.."
အနံ့ဆိုးများ၏ ရိုက်ခတ်မှုကြောင့် စားသုံးသူများ၏ မျက်နာတွင် အနက်ရောင်လှိုင်းများပင် ပေါ်နေပေပြီ။သူတို့ တစ်ယောက်တစ်ပေါက် ဆူညံအော်ဟစ်နေကြသည်။
ပိုင်ရှင်ပု၏ အထူးလက်ရာ တို့ဟူးပုပ် ထိုရနံ့က ကောင်းကင်ဘုံထ်ိတိုင်အောင်ပင် အနံ့ဆိုးများဖုံးလွှမ်းသွားအောင် လုပ်နိုင်ပေလိမ့်မည်။ထိုဟင်းပွဲက ပဉ္စလက်စုဝေးပွဲကြီး၏ အစဦးပိုင်းတွင်ပင် သူမတူအောင် ဖွင့်လှစ်ခဲ့သည့် ဟင်းပွဲဖြစ်သည်။
ယခုအချိန်၌ ပိုင်ရှင်ပု၏ ဟင်းပွဲကို သူတို့အားလုံ မြင်ရပေပြီ။ထိုအနံ့က တောင့်ခံနိုင်ဖို့ခက်ခဲသော်လည်း မြင်ရသည်မှာ ရှားပါးလှ၏။ထို့ကြောင့် သူတို့ အဝေးကြီးသို့ မဆုတ်သွားပေ။တကယ်တမ်းပြောရလျှင် သူတို့ မျက်ဝန်းထဲ၌ ၎င်းကို မြည်းကြည့်ချင်စိတ်ဖြင့် စိတ်အားထက်သန်နေသည်ကိုပင် တွေ့ခဲ့ရသည်။
မှန်ပေသည်။ကျိုးထုံဟအတွက်မူ တို့ဟူးပုပ်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။အဆင့်မြင့်ထားသော တို့ဟူးပုပ်၏ ရနံ့က က်ျိုးထုံ စိတ်ကူးထားသမျှနှင့် ဝေးကွာလွန်းလှသည်။
"ဒါက်ို စားစရာဟုပင် ခေါ်နိုင်ပါရဲ့လား...ဒါက မစင်တွေကို ချက်ပြုတ်နေတာမဟုတ်ဘူးလား..."
အစားကြူးတောင်ကြားမှ ကိုယ်စားပြုစားဖိုမှူးဖြစ်သော ကျိုးထုံအနေဖြင့် ထိုရနံ့မျိုးကို လက်မခံနိုင်ပေ။သူ့၏ အမြင်မှာမူ ဟင်းပွဲတစ်ပွဲ၏ အရိုးရှင်းဆုံး ကိုယ်စားပြုရနံ့သည် မွှေးရနံ့သာဖြစ်သည်။
မွှေးကြိုင်သော ရနံ့များကို ရှူရှိုက်၍ ပျော်ရွှင်စွာ စားသုံးနိုင်မှသာလျှင် စစ်မှန်သော ဟင်းပွဲတစ်ခု ဖြစ်ပေသည်။ယခုအဖြစ်အပျက်ကို ကြည့်လိုက်ပါက ကောင်းကင်ထ်ိတိုင်အောင် ထ်ိုးတက်နေသော အပုပ်ရနံ့များဒါက ဟင်းပွဲနှင့် မည်သို့မှ မသက်ဆိုင်ပေ။
နန်ကုန်းဝူချယ်နှင့် လူအနည်းငယ်လည်းလျှောက်လှမ်းလာနေ၏။မျက်နာကာ ကာထားသောနန်ကုန်းဝမ်၏ အမူအရာက အလွန်ပင် ငြင်သာနူးညံ့နေသည်။
ရင်းနီးကျွမ်းဝင်နေသော အပုပ်ရနံ့ကို ရလိုက်သောကြောင့် သူမ မျက်မှောင်အသာကြုတ်လ်ိုက်မိသည်။ထ်ို့နောက် ချက်ချင်းပင် သက်တောင်သက်သာဖြစ်သွား၏။
အန်းရှန့်လည်း ထိုရင်းနီးနေသည့် ရနံ့ကို ရပြီးနောက် သူမ၏ မျက်နာတွင် စွဲလမ်းယစ်မူးသည့် အမူအရာမျိုးဖြစ်သွားသည်။သူမ၏ ဖွံ့ဖွံ့ထွားထွားရင်ဘတ်မို့မောက်သွားသည်ထိပင် အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ထိုဒယ်အိုးရှိရာဆီသို့ မြန်မြန်ပြေးသွားလိုက်လေသည်။
"တို့ဟူးပုပ် ဒါတကယ်ပဲ တို့ဟူးပုပ်ပဲ..."
အန်းရှန့် အလွန်ပင် စိတ်လှုပ်ရှားသွားမိသည်။
"ဒါက ပိုင်ရှင်ပု ချက်တဲ့ တို့ဟူးပုပ် ဟင်းပွဲ ဒါက အဂ္ဂိရတ်ပညာရှင်များ၏ ဆေးမီးဖိုအမြောက်အများကို ပေါက်ကွဲစေခဲ့သော အနံ့ဆိုးဟင်းပွဲ..."
နန်ကုန်းဝူချယ်လည်း ဒယ်အိုးရှေ့သို့ ရောက်လာသည်။သူ ယန်မိန်ကျီကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
"မိတ်ဆွေကြီးယန်...နင်က ပိုင်ရှင်ပုကို တို့ဟူးပုပ် ကူရောင်းပေးနေတာလား...ဒီတို့ဟူးပုပ်က တကယ့်ကို အနံ့ဆိုးတာပဲ တစ်ခုဘယ်လောက်နဲ့ရောင်းတာလဲ ဒီမင်းသားကို တစ်ခုပေး..."
နန်ကုန်းဝူချယ်၏ စကားကို ကြားပြီးသည်နှင့် ကျွက်ထွက်မတက် ပြူးကျယ်သွားလေသည်။
"ဒီကောင်က ရူးနေတာလား...ဒီလို နံ့စော်နေတဲ့ ဟင်းပွဲကိုတောင် သလင်းကျောက်သုံးပြီး ဝယ်ချင်သေးတာလား..."
ယန်မိန်ကျီ နန်ကုန်းဝူချယ်ကို ကြည့်လိုက်ပြီး သူမ၏ မျက်နာက အလွန်လျင်မြန်လှသော အရှိန်ဖြင့် အနီရောင်ပြောင်းသွားလေသည်။
"ရမယ် ရမယ်...တစ်ခုကို သလင်းကျောက် ငါးတုံး..."
ယန်မိန်ကျီ အလျင်အမြန်ပင် ပြန်တုံ့ပြန်လိုက်၏။နန်ကုန်းဝူချယ်က ယန်မိန်ကျီကို ညှင်သာနူးညံ့စွာ ကြည့်လိုက်ပြီး ခပ်ဖွဖွပြုံးပြလိုက်သည်။ထိုချောမောခန့်ညားလှသော မျက်နာက သူမ၏ မျက်ဝန်းထဲတွင် တောက်ပလင်းလက်နေပြီး သူမ အသက်ရှုကျပ်သွားတော့မလိုပင် ခံစားလိုက်ရသည်။
သူ တို့ဟူးပုပ်တစ်တုံးကိုခပ်ယူ၍ နန်ကုန်းဝူချယ်ကို ပေးလိုက်သည်။နန်ကုန်းဝူချယ်က ထိုတို့ဟူးပုပ်ကို ယူပြီးသည်နှင့် ပါးစပ်ထဲသို့ တန်းထည့်လိုက်လေသည်။တစ်ကိုက်ကိုက်ပြီးသည်နှင့် သူ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီအနံ့ ဒီအရသာ..."
ရုတ်တရက် ခန္ဓာကိုယ်ထဲမှ အကြောအချဉ် အားလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။၎င်းက ပထမတစ်ခုထက်ပို၍ အရသာရှိနေပေသည်။
ကျိုးထုံက နန်ကုန်းဝူချယ် တို့ဟူးပုပ်စားလိုက်ပုံကိုကြည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ လေအေးများရှိုက်လိုက်မိသည်။သူ့၏ နှာခေါင်းထဲ အပုပ်နံ့များ ပြည့်နှက်သွားသောကြောင့် သူ့မျက်နာက မဲသဲသွားလေသည်။
"ဘာလို့ အဲ့ဒီလောက်ထ်ိ နံနေရတာလဲ..."
ထိုစားဖိုမှူး ဘာလုပ်ချင်သည်ကို သူမတွေးတက်တော့ပေ။အစပိုင်းက ထ်ိုအပုပ်ရနံ့က သိပ်မသိသာသေးပေ။သို့သော်လည်း မွှေလိုက်သည်နှင့် အနံ့များက ကောင်းကင်ထိတိုင်အောင်ပင် မြောက်တက်သွားစေကာ ပတ်ဝန်းကျင်တစ်ခုလုံး အနံ့ဆိုးပင်လယ်ကြီး ဖြစ်သွားလေသည်။သူချက်ထားသော မွှေးပျံ့သည့်ရနံ့ပင် တုနှ်ိုင်းမဲ့သော အနံ့ဆိုးများအဖြစ်သို့ ပြောင်းလဲသွားသည်ဟု ခံစားမိလေသည်။
"အဲ့ဒါက အစာမစားချင်စိတ်ကို မဖြစ်စေဘူးလား..."
အန်းရှန့်ကလည်း တို့ဟူးပုပ်တစ်တုံးဝယ်လ်ိုက်သည်။ထို့နောက် က်ျိုးထုံ၏ စူးရှလှသော အကြည့်များအောက်မှာပင် ထိုတို့ဟူးပုပ်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် စားသောက်နေလေသည်။
ကျိုးထုံ၏ မျက်လုံးထဲတွင် ဒီအုပ်စုသည် စိတ်ဖောက်ပြန်နေသည်ဟု ထင်မြင်နေမိသည်။ရုတ်တရက် ကျိုးထုံ၏ အမူအရာက အေးခဲသွားသည်။နန်ကုန်းဝူချယ်က စားလက်စ တို့ဟူးပုပ်က်ို ကိုင်ဆောင်ပြီး သူ့ဆီသို့ လျှောက်လာသည်က်ို တွေ့လိုက်ရသည်။ကျိုးထုံ၏ မျက်နာက အစိမ်းရောင်ပြောင်းသွားသည်။
"မလာနဲ့ ဒီနားကို မလာနဲ့..."
ကျိုးထုံ၏ မျက်လုံးများက ကျွတ်ထွက်တော့မကဲ့သို့ ပြူးကျယ်နေလေသည်။ခြေလှမ်းကျယ်ကျယ်လှမ်းလာသော နန်ကုန်းဝူချယ် နေရာမှာတင် တောင့်တင်းသွားလေသည်။
"ဘာလို့ ငါက လာလို့မရတာလဲ...မင်းက စီးပွားရေးလုပ်နေတာမဟုတ်ဘူးလား...ငါ့ကို တားဖို့ ဘယ်လို အခွင့်အာဏာများရှိနေလို့လဲ ..."
နန်ကုန်းဝူချယ် အနည်းငယ်ဒေါသထွက်သွားသည်။
"ဒီလူက ဒီမင်းသားကို အထင်အမြင်သေးနေတာလား...မင်းက ဒီမင်းသားရဲ့ ချောမောခန့်ညားမှုကို မနာလို ဖြစ်နေတာလား..."
နန်ကုန်းဝူချယ်က ပြောရင်းဖြင့် တို့ဟူးပုပ်ကို ပါးစပ်ထဲ ထည့်လိုက်ပြန်သည်။အပုပ်ရနံ့များက ကျိုးထုံ၏ မျက်နာဆီသို့ လွင့်ပျံသွားလေသည်။က်ျိုးထုံ၏ မျက်နာက ပို၍ပင် စိမ်းဖန့်သွားလေသည်။
သူ အနောက်သ်ို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။သူ့၏ မျက်နာကလည်း သရဲကားတစ်ကားကို ကြည့်ထားရသလို ရှုံ့မဲ့နေ၏။
"ဒီအနံ့က တော်တော်ကို ဆိုးလွန်းတယ်..."
နန်ကုန်းဝူချယ် သူ့ပါးစပ်ထဲသို့ တို့ဟူးပုပ်ကို ထည့်လိုက်ပြီးသည်နှင့် ကောင်းမွန်လှသော အရတစ်ခု ပေါက်ကွဲထွက်လာသောကြောင့် သူ အနည်းငယ် ထုံမိတော့မလိုပင်ဖြစ်သွားသည်။
နန်ကုန်းဝူချယ်က မျက်ဝန်းများမှေးစင်းလိုက်ပြီး ပါးစပ်ဖွင့်ဟ၍ ထိုတို့ဟူးပုပ်၏ ရနံ့များကို ထုတ်လွင့်လိုက်သည်။သူ့၏ မျက်နာတွင်လည်း ယစ်မူးပျော်ဝင်နေမှု အထင်းသားပေါ် လွင်နေသည်။တို့ဟူးပုပ်ကို မစားဘူးသောသူက သူ့၏ အရသာကို နားလည်နိုင်ဖို့ အလွန်ခက်ခဲပေလိမ့်မည်။
အစားချစ်သူတစ်ယောက်အနေဖြင့် အစားအသောက်တွေက်ို မစားကြည့်ပဲ အပေါ်ယံဆုံးဖြတ်ဖို့လ်ိုပေသည်။အန်းရှန့်ကလည်း တို့ဟူးပုပ်ကို ဝါးရင်းဖြင့် ကျိုးထုံရှေ့သ်ို့ ရောက်လာပြီး စပ်စပ်စုစုကြည့်လိုက်သည်။
"သူဌေး ဒီအသားလုံးတစ်ခုကို ဘယ်လောက်လဲ ငါကို တစ်ခုပေး..."
ကျိုးထုံ၏ မျက်နာက အလွန်ပင် ရှုံ့မဲ့နေပြီး ထိတ်လန့်မှုလည်း အထင်းသားပေါ်လွင်နေသည်။
"ဒီလူတစ်စုလုံးက ရူးနေကြတာပဲ..."
မလှမ်းမကမ်းရှိ မဟူရာလိပ်ခုံးဒယ်အိုးရှေ့တွင် လူအုပ်ကြီး ပြည့်ကျပ်တန်းစီနေလေသည်။သူတို့အားလုံးက တို့ဟူးပုပ်ကို ပထမဦးစွာ ဝယ်ယူချင်နေကြသည်။ပိုင်ရှင်ပု၏ တို့ဟူးပုပ်ကို စားရဖို့က မလွယ်ကူပေ။
ပြောရမည်ဆိုလျှင် ပိုင်ရှင်ပုက တို့ဟူးပုပ်ကို စိတ်ကူးပေါက်မှသာ ချက်ပြုတ်ခြင်းဖြစ်သည်။ထို့နောက် ကျိုးထုံ၏ ဆိုင်ရှေ့တွင် တို့ဟူးပုပ်ကို က်ိုင်၍ ပျော်ပျော်ရွှင်ရွှင်စားနေသော လူတစ်စုရှိနေလေသည်။
အပုပ်ရနံ့များက ဆိုင်တစ်ခုံလုံးကို လွှမ်းခြုံသွားသလို ထင်ရသည်။ကျိုးထုံ ရင်ဘတ်ပင်မောက်သည်အထိ အသက်ရှိုက်ထုတ်လိုက်သည်။သူသွေးအန်ချင်စိတ်ပင်ပေါက်လာမိ၏။
ဒီလူများက မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ အထူးတလည် ပြုလုပ်နေကြမှန်း သူမသိတော့ပေ။ထိုသူများက တို့ဟူးပုပ်ကို စားပြီးသည်နှင့် သူ့၏ ဆိုင်ရှေ့သို့ အလျင်အမြန်ပြေးလာကာ အသားလုံးတစ်လုံး ဘယ်လောက်လဲဟုမေးကြလေသည်။
သူတို့၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် အပုပ်ရနံ့များက သူ့ဆီသို့ ပက်ဖြန်းလာလေသည်။ထိုလူစုက ရည်ရွယ်ချက်ရှိရှိလုပ်နေကြပုံပေါ်လေသည်။
ဆိုးဝါးလှသောအာပုပ်နံ့များ ဖုံးလွှမ်းနေလေရာ သူ ဆက်လက်၍ သည်းခံနိုင်တော့မည်မပေါ်ပေ။ကျိုးထုံ၏ နှလုံးသားထဲတွင် ပြိုကွဲလုနီးနီးဖြစ်နေလေပြီ ။ပုဖန်က ထိုကဲ့သို့သော နည်းလမ်းမျိုး အသုံးပြုနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ဒါက သူမျှော်မှန်းထားနိုင်သည်ထက် ကျော်လွန်နေပေပြီ။
"တရားမျှတတဲ့ ယှဉ်ပြိုင်မှုက ဘယ်မှာလဲ..."