အပိုင်း ၆၃၃
Viewers 53k

အခန်း ၆၃၃

ပြိုင်ကြမယ်...


ထိုကဲ့သို့သော အနံ့မျိုးကို တခါမှ မကြုံခဲ့ဖူးပေ။


"ဒီလိုအနံ့ဆိုးထုတ်လွင့်နေတဲ့ ဟင်းပွဲမှာ ဘာတွေများ ထူးခြားကောင်းမွန်နေတာရှိလို့လဲ ..."


ကျိုးထုံ သူ့ဘေးပတ်ပတ်လည်မှ တို့ဟူးပုပ်စားနေကြသော သူများအား ဝေ့ဝဲ အကဲခတ်လိုက်သည်။ထိုသူများ၏ မျက်နာတွင်လည်း နှစ်သက်သည့် အမူအရာမျိူးထင်ဟပ်နေသည်။ကျိုးထုံ တကယ့်ကို ဇဝေဇဝါဖြစ်နေမိသည်။


"ကမ္ဘာကြီးတစ်ခုလုံးကိုတောင် အနံ့ဆိုးသွားအောင်ပြုလုပ်နိုင်တဲ့ဟင်းက တကယ်ကိုပဲ အရသာရှိလို့လား..."


သူ့နှလုံးသားကတော့ ထိုအချက်အပြုတ်က ရွံစရာကောင်းကြောင်း ပြောနေပေသည်။အစားကြူးတောင်ကြားမှ စားဖိုမှူးတစ်ယောက်အနေဖြင့် ထိုကဲ့သို့သောဟင်းပွဲအမျိုးအစားများကို တခါမှ မကြုံခဲ့ဖူးပေ။ထို့အပြင် အနံ့ဆိုးလှသော စားစရာတစ်ခုက အရသာကောင်းမွန်သည်ဟုလည်း တခါမှ မကြားဖူးခဲ့ပေ။


မီးဖိုခန်းဆီမှ ပုဖန် လက်မှရေများကို သုတ်၍ ထွက်လာခဲ့သည်။သူ မီးဖိုချောင်ဘက်သို့ ပြန်သွားခဲ့ပြီး ဘလက်ကီနှင့် နယ်သာရီတို့အတွက် မနက်စာသွားပြင်ပေးခြင်းသာဖြစ်သည်။


တို့ဟူးပုပ်၏ ရောင်းအားအခြေအနေက သူမျှော်လင့်ထားသည်နှင့် မခြားနားပေ။မြူကောင်းကင်မြို့ထဲတွင် တို့ဟူးပုပ်က ထူးခြားသည့် စားစရာတစ်ခုဖြစ်သည်။၎င်းကို မသိသည့်သူ ဘယ်သူမှ မရှိပေ။


အရေးကြီးဆုံးအချက်မှာ တိမ်ခိုးစားသောက်ဆိုင်တွင်ပင် ထိုတို့ဟူးပုပ်ကို ချက်ခဲလှလေသည်။ထို့ကြောင့် တို့ဟူးပုပ်စားချင်သူများအတွက် စားခွင့်ရနိုင်သည့် အခွင့်အရေးမှာရှားပါးလှသည်။


ဒီတစ်ကြိမ်တွင် တိုက်တိုက်ဆိုင်ဆိုင် တို့ဟူးပုပ်စားသုံးရသောကြောင့် သူတို့ အံ့အားသင့်နေကြသည်။ထို့အပြင် မြူကောင်းကင်မြို့ထဲမှ သူများက အရူးမဟုတ်ပေ။


ကျိုးထုံ ပုဖန်၏ စားသောက်ဆိုင်ရှေ့တွင် စားသောက်ဆိုင် တစ်ဆိုင်လာဖွင့်ကတည်းက ပြဿနာလာရှာခြင်းဖြစ်ကြောင်း သူတို့ သိထားပြီးပေပြီ ။သို့သော်လည်း သူတို့ ဂရုမစိုက်ပေ။မည်သူ၏ ဟင်းပွဲက ကောင်းမွန်ပြီး ဘယ်ကိုသွားရမည်ကို သူတို့ သိထားပြီးပေပြီ။


ပြောရမည်ဆိုလျှင် စားသောက်ဆိုင်များ မှိုလို ပေါက်လာခဲ့လျှင်တောင် ဂရုစိုက်လိုက်မည်မဟုတ်ပေ။သူတို့က တကယ့်အစစ်အမှန်အစားအသောက်ကောင်းများကိုသာ ဂရုစိုက်ပေသည်။ပြောရမည်ဆိုလျှင်ထိုအချက်က ပိုင်ရှင်ပု၏ တို့ဟူးပုပ်ကဲ့သို့ပင်။ဒီတစ်ကြိမ် တို့ဟူးပုပ်ကို စားရခြင်းက သူတို့၏ စိတ်ခံစားချက်များကို ပျော်ရွှင်စေသည်။


ထိုတို့ဟူးပုပ်က အလွန်အနံ့ပြင်းလှသော်လည်း သူ့၏ အရည်အသွေးကလည်း မြင့်မားလှ၏။သူတို့ ထိုကျိုးထုံကို တကယ့်ကို ကျေးဇူးတင်မိကြလေသည်။အကယ်၍ သူကြောင့်သာမဟုတ်လျှင် ပုဖန်က ပဉ္စလက်စုဝေးပွဲတစ်ခုလုံးကိုပင် လွှဲကျင်းနိုင်ခဲ့သော ထိုဟင်းပွဲကို နောက်တစ်ခေါက် ထပ်ချက်လာမည်မဟုတ်ပေ။


သူတို့က ကျိုးထုံကို ကျေးဇူးတင်ကြောင်းပြချင်သောကြောင့် အထူးတလည်ပင် ကျိုးထုံ၏ ဆိုင်ကိုသွားပြီး ထိုအသားလုံးများ ဘယ်လောက်လဲ ဟု မေးခဲ့ခြင်းဖြစ်သည်။သူတို့က ကျေးဇူးတင်မှုကြောင့် ဝယ်ယူချင်ခြင်းဖြစ်သည်။


သူတို့အတွေးက ထိုမျှသာဖြစ်ပြီး ထိုကျိုးထုံက သူတို့ကို အရူးများကဲ့သို့ ကြည့်လိုက်မည်ဟု မထင်ထားခဲ့မိပေ။ပုဖန်က လက်ပိုက်၍ ယန်မိန်ကျီ၏ ဘေးနားသို့ လျှောက်လာလိုက်သည်။အိုးထဲတွင် တို့ဟူးပုပ် များများစားစားမကျန်တော့ပေ။ဟင်းရည်များက ဆူပွက်နေတုန်းဖြစ်ပြီး အငွေတထောင်းထောင်းထနေလေ၏။


ယန်မိန်ကျီ၏ မျက်နာက နီရဲနေပြီး စိတ်လှုပ်ရှားနေမှုအထင်းသားပေါ်လွင်နေသည်။သူမ၏ လက်ထဲမှ ရောင်းထွက်သွားသော တို့ဟူးပုပ်များကိုကြည့်၍ ပျော်ရွှင်ခြင်း အနှစ်သာရထဲ နစ်မြှုပ်နေမိသည်။


အဂ္ဂိရတ်ပညာတွင်ပင် မတွေ့ကြုံနိုင်ခဲ့သော အောင်မြင်ခြင်းတစ်ခု ရလိုက်သလိုပင်။ရူတ်တရက် သူမ ပုဖန်ဆီမှ ပညာသင်ယူခြင်းက မဆိုးလှဟု ခံစားလိုက်မိသည်။ပုဖန်အိုးထဲမှ တို့ဟူးပုပ်တစ်တုံးကို ကောက်ယူလိုက်သည်။အနက်ရောင်အရည်များက တို့ဟူးပုပ်မှ တစ်စက်စက်စီးကျနေသည်။နေရောင်အောက်တွင် ထိုတို့ဟူးပုပ်လေးက တောက်ပနေ၏။


ပြင်းထန်လှသော အနံ့ဆိုးများကြောင့်သာ မဟုတ်လျှင် ထိုပုံသဏ္ဍာန်က လူအများ၏ စားချင်စိတ်ကို ဆွဲဆောင်သွားနိုင်ပေလိမ့်မည်။ပုဖန်က စိမ်းဖန်ါနေပြီဖြစ်သော ကျိုးထုံ၏ မျက်နာကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့လက်ထဲမှ တို့ဟူးပုပ်ကို က်ျိုးထုံဆီသို့ လွှဲပစ်လိုက်လေသည်။


"ငါမင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့ မင်းရဲ့အသားလုံးကိုလည်း ငါ့ကို မြည်းခိုင်းတယ်မဟုတ်လား...အခုလည်း ငါ့ရဲ့ တို့ဟူးပုပ်ကို မင်းမြည်းဖို့အတွက်ပေးတာ..."


ကျိုးထုံ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူလက်ကို အသာမြောက်၍ တို့ဟူးပုပ်ကို ဖမ်းယူလိုက်သည်နှင့် အနံ့ဆိုးများက သူ့နှာခေါင်းထဲ တိုးဝင်သွားကြသည်။


ကျိုးထုံ ကြောက်စရာအရာတစ်ခုကို ကြည့်ရသကဲ့သို့ တို့ဟူးပုပ်ကိုကြည့်လိုက်၏။တို့ဟူးပုပ်၏ မျက်နာပြင်ပေါ်တွင် အလင်းရောင်ဖျော့ဖျော့လေးများ တောက်နေပြီး စိတ်ဝိညာဉ် စွမ်းအင်လှိုင်းလေးများထွက်ပေါ်နေလေသည်။


ကျိုးထုံ၏ နှလုံးသားမှာ တောင့်တင်းသွားလေသည်။၎င်းက တကယ့်ကို သာမန်မဟုတ်ပေ။သို့သော်လည်း


"ဒါက တကယ်စားလို့ရရဲ့လား...ဒီလောက်အနံ့ဆိုးနံနေတာကလေ..."


ဒါကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်နှင့် စားချင်သောက်ချင်စိတ်များ ပျောက်ကွယ်သွားပေလိမ့်မည်။ကျိုးထုံ ဘေးမှ ပျော်ရွှင်နေသော သူများ၏ မျက်နာကို တစ်ချက်ကြည့်လိုက်ပြန်သည်။ထို့နောက် သူ့၏ နှလုံးသားထဲတွင် တွန့်ဆုတ်မှုနှင့် တုန်ယင်လာမိသည်။


"ဒါက တကယ်ပဲ အရသာရှိတာ ဖြစ်နိုင်လို့လား..."


၎င်းက အမှန်တရားဖြစ်လောက်ပေသည်။အဘယ့်ကြောင့်ဆိုသော် ပုဖန်က ဝမ်ရန်ချုံကိုပင် အနိုင်ရရှိခဲ့သော စားဖိုမှူးဖြစ်၏။ထို့ကြောင့် ထ်ိုတို့ဟူးပုပ်က အနံဆိုးနေခြင်းသာဖြစ်ပြီး တကယ်ရွံစရာကောင်းနေခြင်းတော့ မဖြစ်လောက်ပေ။


ကျိုးထုံ ပါးစပ်အသာဟလိုက်ပြီး တွန့်ဆုတ်ဆုတ်ဖြင့် အသာအယာကိုက်လိုက်သည်။သူ့၏ သွားက တို့ဟူးပုပ်ထဲ နစ်မြှုပ်သွားသည်နှင့် ခပ်ရှရှအရာတစ်ခုကို ပွတ်တိုက်ဆွဲသွားသလိုမျိုးခံစားချက်မျိုးခံစားလိုက်ရသည်။


ထိုခံစားချက်မျိုးက ထူးဆန်းသည်ဟု ဆိုရပေမည်။သူကိုက်ဝါးလိုက်သည်နှင့် အပုပ်ရနံ့ကလည်း သူ့၏ ပါးစပ်ထဲ တိုးဝင်သွားသည်။သို့သော် ထိုအနံ့က ရွံစရာခံစားချက်မျိုးဖြစ်ပေါ်မလာပေ။


တကယ်တမ်းတွင် ၎င်းက ဆန့်ကျင်ဘက်ကျိုးသက်ရောက်မှုပင် ရှိနေပြီး မွှေးပျံ့သည့် လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသလိုပင် ဖြစ်နေသည်။


"ဒါက နံလွန်းတော့ မွှေးတယ်ဆိုတဲ့ သဘောတရားမျိုးများ ဖြစ်နေမလား..."


ကျိုးထုံ အသာဝါးလိုက်သည်။ထိုအရသာက အလွန်ပင်အ လွန်ပင်အရသာရှိကြောင်းသိလိုက်ရ၏။


သူတို့ဟူးပုပ်ကို စားပြီးနောက် ပတ်ဝန်းကျင်တွင်ပြန့်နှံ့နေသော အပုပ်ရနံ့များက သူ့အပေါ်မသက်ရောက်နိုင်ပေ။သူတို့ဟူးပုပ်တစ်ခုလုံးစားပြီးနောက် ငြိမ်ကျသွားလေသည်။


နောက်ခဏအကြာ၌ အားလုံး၏ ကြောင်အနေသော အကြည့်များအောက်မှာပင် သူအကြော်အိုးကို အဝေးသို့ တွန်းပို့လိုက်သည်။သူက မည်သည့်စကားမှမဆိုသာပဲ ပုဖန်ကို နက်ရှိုင်းစွာ ကြည့်နေလိုက်၏


သူ့နောက်မှ အလုပ်သမားများကို ဆိုင်တံခါးပိတ်ရန် ပြောလိုက်သည်။ဒီနေ့အတွက် သူ့၏ စီးပွားရေးရပ်နားလိုက်လေပြီ။ထိုတို့ဟူးပုပ်နှင့် ဆိုလျှင် ဒီနေ့ ပုဖန်၏ စီးပွားရေးကို မနှောက်ယှက်နိုင်ကြောင်း သူသိလိုက်ပေသည်။


ထို့အပြင် တို့ဟူးပုပ်ကို စားပြီးနောက် သူ့၏ စီးပွားရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန်လည်း စိတ်မပါတော့ပေ။တို့ဟူးပုပ်များလည်း ရောင်းကုန်သွားပြီ ဖြစ်သလို ကျိုးထုံ၏ ဆိုင်လည်း ပိတ်သွားလေပြီ။ပုဖန်က ထိုမြင်ကွင်းကို မထူးဆန်းသလို ကြည့်နေရင်း နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။


သူမဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်တည်းဖြင့် ကောက်မလိုက်ပြီး တိမ်ခိုးစားသောက်ဆိုင်ဆီသို့ ပြန်လှည့်သွားလိုက်သည်။စားသောက်ဆိုင်ထဲတွင် နယ်သာရီနှင့် ဘလက်ကီတို့က သူတို့၏ စားစရာများကို စားပြီးသွားလေပြီ။သူမ၏ ထမင်းကြော်ပွဲက ထပ်မံ၍ လျော့သွားသဖြင့် နယ်သာရီ ပုဖန်ကို အလွန်စိတ်ဆိုးနေလေသည်။


"ပုဖန်က ပြောင်းလဲသွားပြီ အရင်လို မဟုတ်တော့ဘူး..."


နယ်သာရီ မတရားခံရသလိုမျိုး ခံစားနေမိသည်။


"ယန်မိန်ကျီ ဒီကိုလာခဲ့ နင့်ရဲ့ ဓားလေ့ကျင့်ရေးကို ဆက်လုပ်ရမယ်..."


ပုဖန်၏ အသံကို ကြားလိုက်သည်နှင့် ယန်မိန်ကျီ၏ မျက်နာက ချက်ချင်းပင်မဲ့ကျသွားလေသည်။ထိုဓားလေ့ကျင့်ခန်းလုပ်ရသည်က အလွန်ပင်ပင်ပန်းလှသည်။


စားသောက်ဆိုင်၏ အပြင်ဘက်တွင် လူတန်းရှည်က ပိုမို များပြားလာပေသည်။ဆိုင်၏ စီးပွားရေးလုပ်ငန်းက တစ်ဖန် ပြန်လည် စည်းကားသိုက်မြိုက်လာပေသည်။သို့သော်လည်း ပုဖန် မျက်မှောင်ကြုတ်ထားဆဲဖြစ်သည်။စနစ်မှ ယာယီမစ်ရှင်ပြီးဆုံးသွားပြီဆိုကြောင်း အဆုံးဖြတ်မှု မထွက်လာသေးပေ။


"ဒီအဓိပ္ပါယ်က ကျိုးထုံက အရှုံးမပေးသေးဘူးလား..."


နောက်တစ်နေ့ ပုဖန် ဆိုင်တံခါးဖွင့်လိုက်ခ်ျိန်တွင် ဆိုင်၏ရှေ့၌ လူများအုံခဲနေသည်ကို တွေ့လိုက်ရ၏။သူတို့က တိမ်ခိုးစားသောက်ဆိုင်၏ ရှေ့တွင် ဒယ်အိုးတစ်အိုးကိုဆွဲကိုင်၍ မတ်တပ်ရပ်နေသော ကျိုးထုံအား စူးစမ်းစွာ အကဲခတ်နေကြသည်။က်ျိုးထုံက ပုဖန်ကို မြင်သည်နှင့် ပြုံး၍ ပြောလိုက်သည်။


"ဒီနေ့က ငါအလှည့်ပဲ..."


မီးလျှံတောက်ပလာပြီး ဒယ်အိုးကို အပူပေးလိုက်သည်။


ဘုန်း...ဘုန်း...ဘုန်း...


သူ့၏ မီးဖိုချောင်သုံးဓားတွင်လည်း မီးလျှံများလည်ပတ်နေသည်။ပါဝင်ပစ္စည်းများအားလုံးလည်း လေထဲတွင် လွင့်မျောနေ၏။ပုဖန်တောင့်တင်းသွားသည်။သူ ထင်ထားသည့်အတိုင်း ကျိုးထုံက လက်မလျော့သေးပေ။


ပလောက် ပလောက် ပလောက်...


ပါဝင်ပစ္စည်းများအားလုံး အိုးထဲသို့ ဝင်သွားသည်နှင့် ကျိုးထုံက သတ္တုယောင်းမကိုကိုင်ဆွဲလိုက်ပြီး ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေလိုက်သည်။ချက်ချင်းဆိုသလိုပင် သိပ်သည်းလှသော အမွှေးအကြိုင်ရနံ့များထွက်ပေါ်လာသည်။ထို့အပြင် မွှေကြော်ရာမှ ထွက်ပေါ်လာသောအသံက ကောင်းကင်ကိုပင် ကွဲကြွေသွားစေတော့မလို ထင်ရသည်။၎င်းက အားလုံးကို အံ့အားသင့်ထိတ်လန့်သွားစေသည်။


"ကြော်လှော်တဲ့ အသံက ဘာလို့ အဲ့ဒီလောက်ကျယ်လောင်နေရတာလဲ .."


ပုဖန်က က်ျိုးထုံ၏ လှုပ်ရှားမှုတိုင်းကို သိချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်။သူ့၏ ဒီနည်းစနစ်က တကယ့်ကို ကောင်းမွန်လှသည်။ထို့အပြင် သူက ပါဝင်ပစ္စည်းများထဲမှ စိတ်ဝိညာဉ် စွမ်းအင်များကို ထူးခြားဆန်းကြယ်သော နည်းလမ်းတစ်ခုဖြင့် ထိန်းချုပ်ထားပုံရလေသည်။


ထွက်ပေါ်လာသော မွှေးရနံ့များကြောင့် စားသုံးသူများ၏ မျက်နာပေါ်တွင် ယစ်မူးပျော်ဝင်နေသည့် အမူအရာမျိုး ပေါ်လာသည်။ ပထမနေ့က ပုဖန်၏ တို့ဟူးပုပ်နှင့် ယှဉ်နိုင်ရန်အတွက် ကျိုးထုံက သူမတူအောင်မွှေးပျံ့လှသော ဟင်းပွဲတစ်ခုကို ရွေးချယ်ခဲ့လိုက်သည်။


တဖြေးဖြေး ပြန့်နှံ့လာသော မွှေးရနံ့များက တကယ်အစစ်အမှန် ကျားတစ်ကောင် ပုံသဏ္ဍာန်ပေါ်လာသည်။ထိုကျားက လူတိုင်းဆီသို့ ရှေးရှုကာ ဟိန်းဟောက်လိုက်လေသည်။ထိုအသံက အားလုံး၏ စိတ်အာရုံကို လှုပ်ခါလိုက်သလို ဖြစ်သွားသည်။


"ဒီချက်ပြုတ်ခြင်းနည်းလမ်းက အစားကြူးတောင်ကြားက နည်းလမ်းပဲ မွှေးရနံ့များကို ထိန်းချုပ်ခြင်း ..."


ကျိုးထုံပြောလိုက်သည်။ပုဖန် မျက်ဝန်းများ မှေးကျင်းလိုက်ပြီးကျိုးထုံ ချက်ပြုတ်နေခြင်းကို သေသေချာချာကြည့်နေလိုက်သည်။ရုတ်တရက် စိတ်ဝင်စားစရာတစ်စုံတစ်ခုကို ရှာတွေ့လိုက်ရသလိုမျိုး ပုဖန်၏ မျက်ခုံးများ ပင့်တက်သွားသည်။


က်ျိုးထုံ၏ စိတ်စွမ်းအင်လှိုင်ူများက အလွန်မသန်မာကြောင်း သူသတိပြုမိလ်ိုက်သည်။ထိုစွမ်းအင်များက ချက်ပြုတ်သည့်နည်းလမ်းကို ကူညီရုံသာရှိနေသည်။


ပုဖန်၏ အချက်ပြုတ်ခြင်းနည်းလမ်းများက က်ျိုးထုံနှင့် တူညီကောင်းတူညီနိုင်သော်လည်း ပုဖန်က သူ့၏ စိတ်စွမ်းအင်ကို ချက်ပြုတ်တဲ့နေရာတွင် သုံးခြင်းဖြစ်သည်။သူက ဟင်းပွဲမှ စိတ်ဝိညာဉ် စွမ်းအင်များကို ထ်ိန်းချုပ်ပြီး အတွင်းထဲ၌ ပါဝင်သော စွမ်းအင်လှိုင်းများကို ထိန်းချုပ်ရာ၌ က်ျိုးထုံထက်ပို၍ သန်မာပေသည်။


၎င်းက နည်းစနစ်ဖြင့် ချက်ပြုတ်ခြင်းနှင့် စိတ်စွမ်းအင်ဖြင့် ချက်ပြုတ်ခြင်း ကြားမှ ကွာခြားချက်ဖြစ်နိုင်သည်။


"တစ်ဖက်လူက သူ့ကို မွှေးရနံ့နှင့် ယှဉ်ပြိုင်ချင်နေမှတော့ ပြိုင်ကြမယ်..."


ပုဖန် ပင့်သက်အသာရှိုက်လိုက်သည်။သူ့၏လက်ကောက်ဝတ်မှ အခိုးအငွေ့များထွက်ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာ၏။ဒယ်အိုးက ဆိုင်ရှေ့မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။သူ ရွှေရောင်မီးလုံးတစ်လုံးကို မှုတ်ထုတ်လိုက်ပြီး ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။


ထို့နောက် ဒယ်အိုးပေါ်တွင် သံဇကာကွက်တစ်ခုကို တင်လိုက်သည်။ထို့နောက် သူ စနစ်၏ သိုလှောင်နယ်မြေထဲမှ ပါဝင်ပစ္စည်းများစွာကို ထုတ်ယူလိုက်သည်။ပါဝင်ပစ္စည်းများ ပျံသန်းထွက်လာသည်နှင့် သူ့လက်ထဲမှ မီးဖိုချောင်သုံးဓားက အလင်းအရှိန်ဖြင့် လှုပ်ရှားသွားလေသည်။


တစ်ဖက်က တိုက်ခိုက်ချင်နေသည်ဆိုလျှင် ပုဖန်ကလည်းသူနှင့် ကောင်းကောင်းယှဉ်ပြိုင်ပေးရပေမည်။ရွှေနဓါးအရိုးမီးဖိုချောင်သုံးဓားထဲသို့ အစစ်အမှန် စွမ်းအင်များစီးဝင်သွားသည်နှင့် ရွှေရောင်တောက်ပလင်းလက်လာသည်။


ဝါး...


နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ လေထဲတွင် ထွက်ပေါ်လာသည်။က်ျိုးထုံ သူ့၏မျက်လုံးလုံးဆီသို့ ရွှေရောင်အလင်းတန်းတစ်ခု လာရောက်တိုက်ခတ်သည်ကို သတိပြုမိလိုက်ပြီးနောက် လေထဲမှ ပါဝင်ပစ္စည်းများစွာ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။ပုဖန်၏ လက်ထဲတွင် သံချောင်းလေးများကို ကိုင်ထားသည်။လေထဲမှ ကျလာသော ပါဝင်ပစ္စည်းများက သံချောင်းလေးများထဲသို့ စိုက်ဝင်သွားလေသည်။ညီညာစွာ ပိုင်းဖြတ်ထားပြီးသော ပါဝင်ပစ္စည်းများအားလုံး သံချောင်းလေးထဲတွင် ထ်ိုးသီသွားပြီးသောအခါ၌ သီတံများကို မဟူရာလိပ်ခုံးဒယ်အိုးပေါ် တင်လိုက်သည်။


ထို့နောက် ပုဖန်ဆီမှ စိတ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ထိုကြောက်မက်ဖွယ်ကောင်းလှသော စိတ်စွမ်းအင်လှိုင်းများက အားလုံးကို ဖိနှ်ိပ်ထားလေသည်။ပုဖန်၏ ကျင့်ကြံဆင့်က ကြည့်ရှုနေသူများနှင့် မယှဉ်နိုင်သေးသော်လည်း သူ့၏ စ်ိတ်စွမ်းအင်ကမူ အလွန်အားကြီးလှသည်။


က်ျိုးထုံ၏ ရင်ထဲတွင် ပြင်းထန်လှသော စွမ်းအင်လှိုင်းများ လှည့်ပတ်နေသလိုပင်ထင်ရသည်။သူအေးတေးတည်ငြိမ်နေသော ပုဖန်ကို ကြည့်လိုက်မိ၏ 


ဒါက စားဖိုမှုးစိန်ခေါ်ပွဲမဟုတ်ပေ။သို့သော်လည်း တူညီနေသလို ဖြစ်နေ၏။၎င်းက စားဖ်ိုမှူးနှစ်ယောက်ကြားမှ အသံတိတ် စားဖိုမှူးစိန်ခေါ်ပွဲလိုဖြစ်နေသည်။


မည်သူပင်ရှုံးပါစေ သူတို့၏ စားသောက်ဆိုင်က နိဋိတံသွားပေလိမ့်ည်။ဒါက သူတို့နှစ်ယောက်ကြားထဲမှ ပထမဦးဆုံး အချက်အပြုတ်ပြိုင်ပွဲဖြစ်သည်။


က်ျိုးထုံက ပုဖန်သည် သူနှင့် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်မည်ဟု မထင်ထားခဲ့မိပေ။အပုပ်နံ့အကြောင်းပြောမည်ဆိုလျှင် က်ျိုးထုံ၏ ဟင်းပွဲက ပုဖန်ကို လုံးဝ မယှဉ်နိုင်ပေ။သို့သော် မွှေးရနံ့များအကြောင်း ပြောမည်ဆိုပါက အစားကြူးတောင်ကြားမှ လာသောသူက ပုဖန်က်ို လုံးဝ မကြောက်ပေ။


ပထမတန်းစားစားဖိုမှူးတစ်ယောက်ဖြစ်သောသူက ပထမတန်းစားစားဖိုမှူးတစ်ယောက်၏ ယုံကြည်ချက်မ်ျိူး အပြည့်အဝရှိနေပေသည်။ထိုအခိုက်အတန့်၌ မွှေးရနံ့များက ဧရိယာတစ်ခွင်လုံးကို ဖုံးလွှမ်းနေပေပြီ။ပုဖန်က ခံစားချက်မဲ့လှသော မျက်နာအမူအရာဖြင့် က်ျိုးထုံကို တစ်ချက်ငဲ့ကြည့်လိုက်သည်။


ပုဖန်၏ စိတ်စွမ်းအင်များကလည်း ပါဝင်ပစ္စည်းများအားလုံးကို လွှမ်းခြုံသွားပြီး ပြောင်းလဲမှု တစ်ခုစီတိုင်းကို အာရုံစိုက်ထားပေသည်။


ရွဲ...


သီတံမှ အဆီအရည်လေးများ တစ်စက်စက်ကျလာသည်။ထိုအခိုက်အတန့်၌ မီးအလင်းရောင်က နဂါးတစ်ကောင် အော်မြည်လိုက်သကဲ့သို့ အသံနှင့်အတူ တောက်ပလာသည်။


က်ျိုးထုံနှင့် စားသုံးသူများအားလုံးက ငေးမောကြည့်ရှုနေကြသည်။နန်ကုန်းဝူချယ်နှင့် အလျင်စလ်ို လာနေကြသူအားလုံးက တွေဝေငေးမောနေကြ၏။


ရုတ်တရက် ထိုအချက်အပြုတ်ပညာနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက သူတို့ကို သတိအပြည့်ဖြစ်သွားစေသည်။


"စားဖ်ိုမှုးနှစ်ယောက်ကြားက ပြိုင်ပွဲက အဂ္ဂိရတ်ပညာရှင်တွေထက် ဘာလို့ ကြောက်ဖို့ကောင်းနေရတာလဲ..."


သို့သော်လည်း ထိုကြောက်လန့်မှုမှ ပြန်လည် လွတ်မြောက်လာပြီးနောက် သူတို့ ပို၍ စိတ်လှုပ်ရှားလာကြသည်။ဒီလ်ို စိတ်ဝင်စားစရာကောင်းသော ပြိုင်ပွဲများက လူတိုင်း မျှော်လင့်စောင့်ဆိုင်းနေသော အရာဖြစ်သည်။