အခန်း ၆၃၄
ငါသေချာပေါက် သွားရမယ်...
ငရဲကမ်ဘာ...
စိုစွတ်မှောင်မိုက်နေသော ကုန်းမြေပေါ်တွင် ဓားဖြင့်ပိုင်းဖြတ်ထားသလိုမျိုး ကြီးမားလှသော အက်ကွဲကြောင်းတစ်ခုရှိနေသည်။ထိုနေရာတွင် ကောင်းကင်ကိုပင် ထိုးဖောက်တော့မတက်မြင့်မားလှသော အနက်ရောင် သတ္တုနန်းတော်တစ်ခုရှိနေသည်။
နန်းတော်ပေါ်တွင် ဆိုးရွားလှသော ကြောက်စရာကောင်းလှသော အချွှန်အတက်များ ပြည့်နေသည်။ရေခဲတမျှအေးစက်လှသော သတ္တုတိုင်များက ကောင်းကင်ကို ထိုးဖောက်တော့မည့် လူသတ်ဓားသွားကဲ့သိုပင်။
အစွန်းတစ်ခုစီက အေးစက်လှပြီး တစ်ခုနှင့်တစ်ခု ကြားထဲ၌လည်း အနက်ရောင်ကြိုးများဖြင့် ဆက်သွယ်ထားသည်။ထိုသံကြိုးများ တစ်ခုနှင့်တစ်ခု တိုက်ခိုက်မိသောအခါ၌လည်း အသံများ ခေါင်းလောင်းသံ သကဲ့သို့ ဆူညံသံများထွက်ပေါ်လာသည်။
ထိုအရာက ငရဲနန်းတော်ဖြစ်သည်။၎င်းက ငရဲဘုရင်၏ နန်းတော်ဖြစ်၏ တခြားသော ဇိမ်ခံအဆောက်အဦးများနှင့် ကွဲပြားခြားနားစွာပင် အေးစက်တိတ်ဆိတ်လှသော နေရာတွင်တည်ရှိနေသည်။
ကြီးမားလှသော နန်းတော်ကြီးအတွင်းတွင် ပုံရိပ်အနည်းငယ်သာရှိနေသည်။အဓိကခန်းမတစ်ခုထဲတွင် အမြင့်ဆုံးထိုင်ခုံပေါ်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ပျင်းရိပျင်းတွဲ အကြည့်များဖြင့် ထိုင်ခုံတွင် မှီ၍ ထိုင်နေလေသည်။
ထိုလက်ထဲတွင် ဆန်းကြယ်သော စိတ်ဝိညာဉ် စွမ်းအင်တစ်လုံးရှိနေပြီး တစ်ခါတစ်ရံ ကိုက်စားနေလေသည်။ကြမ်းပြင်တစ်ခုလုံးတွင်လည်း သစ်သီးအပိုင်းအစ များဖြင့် ပြည့်နှက်နေ၏။
အဓိက ခန်းမတစ်ခုက ရှုပ်ပွနေပြီး စိတ်ဝိညာဉ် သားရဲများ၏ အရိုးများကလည်း နေရာအနှံ့ ပြန့်နှံ့နေသည်။အကယ်၍ တစ်စုံတစ်ယောက်သာ ဒီနေရာသို့ ရောက်လာခဲ့လျှင် ငရဲဘုရင်၏ ခန်းနားထည်ဝါလှသော နန်းတော်ဟု မြင်မိမည်မဟုတ်ပဲ စားသောက်ပွဲတစ်ပွဲပြီးစီးသော ကျန်ရစ်ခဲ့သော အကြွင်းအကျန်တစ်ခုသာ ထင်မြင်မိလေသည်။
ငရဲဘုရင်၏ ဆံပင်များက ပြေလျော့နေသည်။သူလက်ထဲမှ သစ်သီးကို တစ်ကိုက်ကိုက်လိုက်၏။ချိုချဉ်အရသာတစ်ခုက သူ့၏ လည်ချောင်းထဲ ဝင်သွားလေသည်။သို့သော်လည်း သူ့မျက်နာပေါ်တွင် ကျေနပ်သွားသည့် အရိပ်အယောင်တစ်စွန်းတစ်စမှရှိမနေပေ။
"ဒါဘယ်လိုဟာမျိုးလဲ ဘာလို့ အရသာအဲ့ဒီလောက်တောင် ဆိုးနေရတာလဲ ငါ အစပ်ချောင်းပဲ စားချင်တယ်...ငါတော့ အဲ့ဒီအစပ်ချောင်းလို့ ခေါ်တဲ့ အဆိပ်ရဲ့ ဖိစီးနှိပ်စက်မှုကို ခံနေရပြီ..."
ငရဲဘုရင်တုန်လှုပ်သွားသည်။သူ ခတ်မတ်မတ်ပြန်ထ်ိုင်ကာ ခေါင်းကိုအသာ လှုပ်ခါလိုက်၏။သို့သော်လည်း သူကိုယ်သူ မထိန်းချုပ်နိုင်ပဲ အစပ်ချောင်း၏ ခပ်ဝါးဝါးပုံရိပ်ကိုသာ မြင်ယောင်လေ၏။
"အဆွေထျဲ ဒီကို မြန်မြန်လာ..."
ငရဲဘုရင်၏ လက်မှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ့လက်ထဲမှ သစ်သီးကို ပြင်းထန်စွာ ညှစ်လိုက်၏။သစ်သီးက တမဟုတ်ချင်း ပြာအဖြစ် ပြောင်းသွားလေသည်။ထ်ို့နောက် သူ ခန်းမ အပြင်ဘက်ဆီသို့ ကြည့်၍ အော်ခေါ်လိုက်သည်။
ပုံရိပ်တစ်ခု လျင်မြန်စွာပျံသန်းလာပြီး ငရဲဘုရင်၏ ရှေ့တွင် လေးစားမှုအပြည့်ဖြင့် ပေါ်လာသည်။ထိုသူက တစ်ခေါင်လုံး ဖြူဖွေးနေသော ဆံပင်များနှင့် ကလေးတစ်ယောက်ဖြစ်သည်။ထ်ိုကလေး၏ မျက်ဝန်းများက ကြီးမားလှ၏။သူမျက်တောင်တစ်ချက်ခတ်လိုက်တိုင်း မျက်လုံးထဲတွင် စိတ်ဝိညာဉ် စွမ်းအင်များ လှည့်လည်နေသလို ထင်ရသည်။ငရဲဘုရင်က သူ့၏နေရာမှနေ၍ ထိုလူရှိရာဆီသို့ လျှောက်လာခဲ့သည်။သူ့၏ အမူအရာကလည်း ပြောမပြနိုင်လောက်အောင် တည်ငြိမ်နေ၏။
ဖတ်...
ငရဲဘုရင် ထိုကလေး၏ ခေါင်းကို ပုတ်လိုက်သည်။ထို့နောက် သူ့၏ မျက်လုံးများ မှေးကျင်းလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကွေးလိုက်၏။
"မိတ်ဆွေကြီးထျဲ ငါအစပ်ချောင်းစားချင်တယ်..."
ငရဲဘုရင် အလေးအနက်ပြောလိုက်သည်။ထျဲ၏ မျက်နာပေါ်တွင် စိတ်ကျေနပ်မှုများပြည့်သွားသည်။
"အရှင်သခင် အစပ်ချောင်းဆိုတာဘာလဲ..."
အခြေအနေက ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။အချိန်ခဏမျှကြာပြီးနောက် ငရဲဘုရင် သူ့၏ ဆံပင်များကို ဆုတ်ဆွဲလိုက်သည်။သူ့၏ ချောမောခန့်ညားလှသော မျက်နာတွင်လည်း ကြေကွဲဝမ်းနည်းမှုများ ပြည့်နှက်နေသည်။
"အစပ်ချောင်းစားဖို့မရှိတာ သူ့ကို အရမ်းဒေါသထွက်စေတယ်...ဟိုအသုံးမကျတဲ့ အလောင်းတစ္ဆေအဖွဲ့က ဒီဘုရင်ဖွက်ထားတဲ့ အစပ်ချောင်းတွေကို စားပစ်ခဲ့တယ် အခုတော့ အထီးကျန် အေးစက်မှုကို ခံစားနေရပြီ။
သူ့၏ ဒေါသများ ပေါက်ကွဲထွက်တော့မလို ဖြစ်နေလေသည်။ခဏမျှကြာပြီးနောက် သူထိုကလေးငယ်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး လျှပ်စီးလက်သလို အလင်းဖြင့် သူ့၏ ခေါင်းကို ပြန်ရောက်သွားလေသည်။
ထို့နောက် သူ့၏ ခုံပေါ်တွင်ပြန်၍ ပျင်းရိစွာမှီထိုင်လိုက်သည်။သူ့၏ မျက်နာကလည်း ကမ္ဘာပေါ်တွင် မည်သူမှ ချစ်ခြင်းမခံရသလို ပုံစံဖြစ်နေလေသည်။
"ထျဲ ငါ့ရဲ့ ကမ္ဘာနှစ်ဖက်မှန်ကို ယူလာခဲ့ ...ငါ အစပ်ချောင်းကို မစားနိုင်ဘူးဆိုပေမယ့် အနည်းဆုံးတော့ အဲ့ဒါကို ကြည့်လို့ရသေးတယ် ဟုတ်တယ်မဟုတ်လား...အဲ့ဒီအလောင်းတစ္ဆေအဖွဲ့ကိုတော့လား ...တစ်နေ့ ကျရင် ဒီဘုရင်က သူတို့ရဲ့ အရေပြားတွေ ချွတ်ပြီးတော့ အမှုန့်ချေပစ်မယ်..."
ဆံပင်ဖြူနှင့် ကလေး၏ မျက်နာက နီရဲနေပေသည်။ဆွေထျဲဟုခေါ်သောသူက ငရဲဘုရင်၏ လက်ထောက် တမန်တော်ဖြစ်သည်။နန်းတော်တစ်ခုလုံးတွင် သူနှင့် ငရဲဘုရင်သာလျှင် ရှိနေ၏။
ငရဲဘုရင်၏ အမိန့်ကို ကြားသည်နှင့် ထိုကလေး၏ ခြေထောက်တိုတိုလေးများက လျင်မြန်စွာ ပြေးထွက်သွားလေသည်။ခဏမျှကြာပြီးနောက် သူက သူ့၏ ခန္ဓာကိုယ်ထက်ပင် ကြီးမားနေသော မှန်တစ်ချပ်ကို ပိုက်၍ ပြန်ပြေးလာသည်။ထို့နောက် ထိုမှန်ကို ငရဲဘုရင်၏ ရှေ့တွင် ချပေးလိုက်ပြီးနောက် ဟောဟဲလိုက်နေလေ၏။
"ဆွေထျဲ မင်းလည်း ငါနဲ့ အတူတူလာကြည့်လိုက် ...မင်းလုပ်တဲ့ အစားအစာတွေက တော်တော်လေးကို ဆိုးဝါးနေတယ်...အခု ဒီကိုလာပြီး ပိုင်ရှင်ပုဆီကနေ လာသင်လိုက်...ငရဲဘုရင် လက်ဝှေ့ယမ်း၍ ပြောလိုက်သည်နှင့် ထို ကလေးက ငရဲဘုရင်၏ ဘေးနားသို့ ချက်ချင်းရောက်လာပြီး ထိုင်ချလိုက်သည်။
ကမ္ဘာနှစ်ဖက်မှန်ပေါ်တွင် ရေလှိုင်းများ ဖြစ်ပေါ်နေသည်။ခဏအကြာ၌ အနည်းငယ်မှုန်ဝါးနေသော မြင်ကွင်းတစ်ခု ပေါ်လာလေသည်။
"အိုး...ကြည့်ပါဦး ဒီစည်းမျဉ်းတွေကို ဂရုမစိုက်တဲ့ ပိုင်ရှင်ပုကတော့ ပြဿနာထပ်ရှာနေပြန်ပြီ ..."
ငရဲဘုရင်၏ လက်ထဲတွင် နာမည်မသိသော စိတ်ဝိညာဉ် သစ်သီးတစ်လုံး ပေါ်လာသည်။သူ မှန်ပေါ်မှ မြင်ကွင်းကို ကြည့်၍ စိတ်လှုပ်ရှားစွာဖြင့် သစ်သီးကို က်ိုက်ဝါးနေလေသည်။မှန်ထဲရှိ မြင်ကွင်းအတွင်း၌ မီးတောက်များက ကောင်းကင်ထိတိုင်အောင် ထိုးတက်နေပြီး ဆီများနေရာအနှံ့သို့ လွင့်စင်နေလေသည်။
ပုဖန်လက်တစ်ဖက်ထဲဖြင့် သီတံငါးချောင်းကို ကိုင်ထားသည်။သူ့၏ စိတ်စွမ်းအင်လှိုင်းများကလည်း ထိုသီတံများကို ဖုံးလွှမ်းထားသည့်အပြင် မီးတောက်များက်ိုပါ ထိန်းချုပ်နေလေသည်။မဟူရာလိပ်ခုံးဒယ်အိုးဆီမှ ဆီတစ်စက်စက်ကျသည့် တရှဲရှဲအသံ ထွက်ပေါ်နေလေသည်။ဆီကျလိုက်တိုင်း မီးတောက်တစ်ခုက ဟုန်းခနဲ ထတောက်လာလေ၏
ပတ်ဝန်းကျင်တွင်လည်း မွှေးရနံ့လှိုင်းလုံးများ ပြည့်နှက်လာလေသည်။ပုဖန်က ဒီတစ်ကြိမ်တွင် အသားကင်လုပ်ဖို့ ရွေးချယ်လိုက်သည်။အသားကင်က စိတ်ဝိညာဉ် စွမ်းအင်များအလွန်များလေသည်။ထို့အပြင် အရည်အသွေးမြင့်လှသော ပါဝင်ပစ္စည်းအသားအမျိုးမျိုးကို အသုံးပြုထားသောကြောင့် သူ့၏ မွှေးရနံ့ကလည်း သိပ်သည်းလာသည်။
ခပ်လှမ်းလှမ်းရှိ ကျိုးထုံ၏ ချက်ပြုတ်မှုကလည်း အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ သူ့၏ ပတ်ဝန်းကျင်မှ မွှေးရနံ့များလှိုင်းများက သားရဲတစ်ကောင်ပုံစံမျိုး ဖြစ်တည်နေသည်။ကျိုးထုံ၏ နည်းလမ်းများက ကျွမ်းကျင်မှုရှိပြီး ဆန်းကြယ်လှလေသည်။သူက ကြော်လှော်နေခြင်းကို အဘက်ဘက်မှ ကောင်းစွာ တည်ဆောက်ထားပေသည်။
အစားကြူးတောင်ကြားမှ ပိုင်ဆိုင်ထားသော ထိုချက်ပြုတ်ခြင်းနည်းလမ်းက ဟင်းပွဲတစ်ပွဲ၏ အနံ့အရသာကို အပြည့်အဝ ဆောင်ယူလာပေးနိုင်ပေသည်။
ထိုနှစ်ယောက်၏ အနုပညာမြောက်လှသောချက်ပြုတ်မှုကို မျက်လုံးပေါင်းများစွာ စိုက်ကြည့်နေကြသည်။
"အရမ်းကို မွှေးပျံ့တာပဲ ငါ ဒီလို မွှေးပျံ့တဲ့ အနံ့မျိုးကို ပထမဦးဆုံးအကြိမ် ရဖူးတာပဲ မြည်းကြည့်ဖို့ မစောင့်နိုင်တော့ဘူး...သူတို့နှစ်ယောက်က စားဖိုမှူးတွေကော ဟုတ်ရဲ့လား...ဒီတော့ စားဖိုမှူးတစ်ယောက်က အဲ့ဒီလိုမျိုး ခန့်းထည်ဝါနိုင်တယ်ပေါ့ ..."
ပုဖန်နှင့် ကျိုးထုံတို့၏ ကျွမ်းကျင်ပိုင်နိုင်မှုများက ပတ်ဝန်းကျင်ရှိ စားသုံးသူအားလုံးကို လွှမ်းမိုးသိမ်းပိုက်လိုက်လေသည်။လေထဲမှ အမွှေးနံ့စွမ်းအင်များက သားရဲကောင်များ ဟိန်းဟောက်နေသလို အဆက်မပြတ် တုန်ခါမြည်ဟီးနေသည်။ထိုမွှေးရနံ့လှိုင်းများကြောင့် ဘေးရှိလူများပင် မသက်မသာ ခံစားမိလေ၏။
မွှေးရနံ့လှိုင်းများ ထိပ်တိုက်တွေ့ဆုံသွားလေတိုင်း စားသုံးသူများ၏ နှလုံးသားက အထွဋ်အထ်ိပ်သို့ ရောက်ရှိလာလေသည်။သူတို့ ထိုမွှေးရနံ့များကို တောင့်မခံနိုင်တော့ပဲ အားပါးတရ ရှူရှိုက်မိကြသည်။
ကြမ်းတမ်းခြင်းတစ်သောင်း မီးလျှံက ပို၍ ပြင်းထန်လာသည်။ဒယ်အိုးပေါ်မှ အသားကင်လေးများက တဖြေးဖြေးဖြင့် ပြီးပြည့်စုံလာလေ၏မျက်စိမလွှဲချင်လောက်အောင် တောက်ပြောင်လှပလှသော အရောင်ကြောင့် ကြည့်ရှုနေသူများ၏ မျက်ဝန်းတွင် မျက်ရည်များစို့လာသလိုပင်ခံစားရသည်။
ကျိုးထုံ၏ ချက်ပြုတ်ခြင်းကလည်း ပြီးစီးတော့ပေမည်။သူ သန့်ရှင်းတောက်ပြောင်နေသော ပန်းကန်တစ်ချပ်ကိုယူ၍ မီးဖိုခုံပေါ်တင်လိုက်သည်။အိုးထဲမှကြော်လှော်ထားသော ပါဝင်ပစ္စည်းများအားလုံးကို ဇွန်းဖြင့် ခပ်ယူလိုက်ပြီး ပန်းကန်ထဲ ထည့်လိုက်သည်။
သူ့၏ ဟင်းပွဲမှ အငွေ့တထောင်းထောင်းထနေသည်။ကောင်းစွာ ကြော်လှော်ထားသော အသားဖတ်လေးများကလည်း ပန်းရောင်အဝါရောင် အစိမ်းရောင် စသည်ဖြင့် အရောင်မျိုးမျိုးရောစပ်ထားမှုကလည်း မျက်စိပဓာသရှိလှသည်။
ဟင်းပွဲ၏ အသွင်အပြင်က အလွန်ဆွဲဆောင်မှုနှင့် ပြည့်စုံသောမွှေးရနံ့နှစ်မျိုးလုံးရှိနေပေသည်။အားလုံးပြီးစီးသွားပြီးနောက် ကျိုးထုံ သူ့၏ ဟင်းပွဲကို ကိုင်ထားလိုက်ပြီး ပုဖန်ကို လှမ်းကြည့်လိုက်သည်။
ပုဖန်ကလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပေပြီ။သူအသားကင်များကို ပန်းကန်လုံးတစ်ခုထဲသို့ ထည့်လိုက်ပြီးနောက် အပေါ်မှနေ၍ အရသာမှုန့်အနည်းငယ်ဖြူးလိုက်သည်။
ထို့နောက် သူ့၏ ဟင်းပွဲကလည်း အားလုံး ပြီးပြည့်စုံသွားလေပြီ။ပုဖန် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူဖြူပြာရောင်စုံ ပန်းကန်လုံးက ကျိုးထုံရှိရာဆီသို့ ပျံဝဲသွားပြီး သူ့၏ ရှေ့လေးထဲတွင် ရပ်တန့်နေလေသည်။
ကျိုးထုံ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ့၏ ဟင်းပွဲကိုလည်း ပုဖန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။သူတို့နှစ်ယောက်က ဟင်းပွဲအချင်းချင်းလဲလှယ်၍ မြည်းကြည့်ကြပေမည်။ထို့နောက် မည်သူက ရှုံး၍ မည်သူက နိုင်သည်ကို သိကြပေလိမ့်မည်။
ကျိုးထုံ သူ့လက်ထဲမှ လောင်ကျွမ်းမှု ကင်းစင်နေသည့် အသားကင်များကို ကြည့်လိုက်သည်။သူ့မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ချက်ဖြတ်သွားသည်။
အသားကင် ...
ကျိုးထုံ၎င်းကို အရင်ကမမြင်ဖူးပေ သို့သော်လည်း ပုဖန်၏ ချက်ပြုတ်ခြင်းနည်းလမ်းအရ ပြောရလျှင် ပါဝင်ပစ္စည်းများကို မီးပေါ်တိုက်ရိုက်တင်၍ ချက်ပြုတ်ခြင်းဆိုသည်က ရှေးဦးထဲက အသုံးပြုသည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။
ထိုနည်းလမ်းကို အသုံးမပြုသင့်သော်လည်း ပုဖန်က ထိုနည်းလမ်းကိုအသုံးပြု၍ မွှေးပျံ့သောဟင်းပွဲတစ်ပွဲကိုပင် ချက်ပြုတ်နိုင်ခဲ့သည်။ထို့အပြင် ပုဖန်၏ မီးတောက်များက်ို ထိန်းချုပ်နိုင်မှုကလည်း လူအများကို အံ့အားသင့်စေခဲ့သည်။
ထိုအသားကင်များတွင်လည်း မီးလောင်ကျွမ်းထားသည့်အရာအနည်းငယ်မျှပင် မရှိပေ။အကယ်၍များတစ်ခုတစ်လေ မီးလောင်ထားမည်ဆိုလျှင် ဒီတစ်ကြိမ်သည် သူ့၏ ပွဲပင်ဖြစ်သည်ဟု သူရဲရဲကြီးပြောနိုင်လေသည်။
ချို့ယွင်းချက်တစ်ခုတစ်လေမှ ရှာမရသည်မှာ နှမြောစရာကောင်းလှသည်။သူသီတံဆီမှ အသားကင်တစ်ဖက်ကို ဖြုတ်ယူလိုက်သည်။တောက်ပသော ဆီစက်လေးများကျနေသည့် အသားကင်ပေါ်တွင် အမွှေးအကြိုင်အမှုန့်လေးများ ကပ်ညှိနေတုန်းပင်ဖြစ်သည်။
မွှေးရနံ့ကလည်း မယှဉ်နိုင်အောင် သင်းပျံ့လွန်းလှသည်။ကျိုးထုံ အသက်ပြင်းပြင်းတစ် ချက်ရှိုက်လိုက်သည်နှင့် မွှေးရနံ့များက မြွေတစ်ကောင်အလား သူ့၏ နှာခေါင်းထဲ တိုးဝင်သွားလေသည်။
အသားကင်သူ့ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ကျိုးထုံ၏ မျက်ဝန်းများက ချက်ချင်းပြူးကျယ်သွားသည် ။သူ့၏ မျက်ဝန်းထဲတွင်လည်း မယုံကြည်နိုင်မှုများ ပြင်းထန်နေလေသည်။
အသားက နူးညံ့လှသည် ။အသား၏ရနံ့နှင့် အသီးအရွက်များ၏ မွှေးရနံ့က လိုက်ဖတ်ညီစွာ ရောစပ်နေပေ၏။ပို၍ အရေးကြီးဆုံးအချက်မှာထိုအရာများအားလုံးထဲမှ ထူဆန်းသည့် အရသာတစ်ခုကို သူခံစားမိလေသည်။
ပြောရမည်ဆိုလျှင် ထိုအရသာက မီးနှင့် တိုက်ရိုက်ထိတွေ့ခြင်း၏ အရသာပင်ဖြစ်သည်။စားဖိုမှူးတစ်ယောက်ဖြစ်သော ကျိုးထုံပင်လျှင် ထိုအရသာပေါ် ကျဆုံးသွားမိသည်။
"ဒါက မင်းဘယ်လိုများလုပ်လိုက်တာလဲ ဒါက ကောင်းကင်ကမ္ဘာမြေမီးလျှံရဲ့ အရသာပဲ..."
က်ျိုးထုံ၏ ပါးစပ်တွင် ဆီများကွက်နေသည်။သူ့၏ မျက်နာက ထိတ်လန့်အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသည်။သူနှင့် မျက်နာချင်းဆိုင်တွင်ရှိနေသော ပုဖန်ကလည်း တူတစ်ချောင်းကို ယူ၍ စိတ်ဝိညာဉ် အသားကြော်ကို ကောက်ယူလိုက်သည်။သူ့၏ မျက်နာတွင် အနည်းငယ်မျှ ပြောင်းလဲမှုမရှိပေ။သို့သော်လည်း သူ့၏ မျက်ဝန်းများကို သေချာကြည့်မည်ဆိုပါက ထိတ်လိန့်အံ့အားသင့်မှုတစ်ချို့ကို တွေ့နိုင်ပေသည်။
"ဒီကျိုးထုံရဲ့ အချက်အပြုတ်စွမ်းရည်က ဝမ်ရန်ချုံထက်ကို မြင့်မားတာပဲ..."
မည်သို့ပင်ဆိုစေ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ အသာ ကော့ကျသွားပြီးနောက် သူ့၏ တူကို ပြန်ချထားလိုက်သည်။သူ နောက်ထပ်ထပ်မြည်းစရာမလိုတော့ပေ။မည်သူက အနိုင်ရရှိသူဆိုသည်ကို သိနေပေပြီ။ကျိုးထုံလည်း ထိုအခြေအနေကို အလွန်ပင်ရှင်းလင်းနေသည်။
"ရှေးအကျဆုံးနည်းလမ်းကိုအသုံးပြုထားတဲ့ အရသာကသာ အမွှေးအကြိုင်ဆုံးအရသာပဲ ...အဲ့ဒါကမှ သဘာဝအကျဆုံး အရသာ စွဲမက်ဖွယ်အကောင်းဆုံးအရသာ..."
ပုဖန်၏ စကားကို ကြားသည်နှင့် ကျိုးထုံ အေးခဲသွားသည်။ထို့နောက် သူ စတင်တုန်လှုပ်လာသည်။သူ အသားဖတ်တစ်ဖတ်ကို ထပ်ယူလိုက်ပြီး ဝါးလိုက်သည်။ကောင်းမွန်လှသောအရသာကို ပျော်ပျော်ကြီး ခံစားနေမိ၏။ထို့နောက် သူသက်ပြင်းတစ်ချက်ချလိုက်သည်။ဒီတစ်ကြိမ် သူရှုံးသွားပေပြီ။
ဝမ်ရန်ချုံ ပုဖန်ကို ရှုံးခဲ့သည်မှာအံ့သြစရာမဟုတ်တော့ပေ။အစားကြူးတောင်ကြားမှ မဟုတ်သော ထ်ိုစားဖိုမှူးက တကယ်ကို နတ်ဆ်ိုးဆန်လှသည်။
ပုဖန်ဆီမှ မြင်နေရသော ဖိအားမ်ျိုးကို အစားကြူးတောင်ကြားထဲမှ စားဖိုမှူးအနည်းငယ်သာ ပိုင်ဆိုင်ထားပေသည်။ထ်ိုလူအနည်းငယ်ကလည်း နတ်ဆိုးအဆန်ဆုံးသော နံပါတ် ၁ စားဖ်ိုမှုးများ ဖြစ်ကြသည်။တစ်ခ်ျို့ဆိုလျှင် အထူးစားဖိုမှူးအဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းမျှသာလိုတော့သည်။
ယခုမူ သူက ပြင်ပကမ္ဘာတွင်ပင် ထိုကဲ့သို့ ဖ်ိအားပိုင်ဆိုင်ထားသည့် စားဖိုမှူးတစ်ယောက်ကို တွေ့နေရပေသည်။အကယ်၍ ထိုသူသာ အစားကြူးတောင်ကြားထဲ ဝင်ရောက်ခဲ့လျှင် မည်မျှ ကြောက်စရာ ကောင်းလိမ့်မည်နည်း။
သူရှုံးသွားပြီဖြစ်သောကြောင့် က်ျိုးထုံအနေဖြင့် ဘာမှ ပြောစရာမရှိတော့ပေ။သ်ို့သော်လည်း ယခုပွဲက စားဖ်ိုမှူးစိန်ခေါ်ပွဲမဟုတ်သောကြောင့် သူတို့နှစ်ယောက်အနေဖြင့် ထုတ်ဟပြောစရာမလိုတော့ပေ။
သူ့၏ ပစ္စည်းများကို သိမ်းလိုက်ပြီး အစားကြူးအင်မော်တယ်ဆိုင်ဘက်သို့ ပြန်လျှောက်သွားလိုက်သည်။ဆိုင်ရှေ့သို့ ရောက်သောအခါတွင် ခေါင်းပင် မော့မကြည့်ပဲ လက်ဖဝါးကိုသာမှောက်၍ ဆိုင်းဘုတ်ကို မှောက်ချလိုက်သည်။
ဘန်း...
ရွှေရောင်အလင်းတန်းများဖြင့် တောက်ပစွာ ပြင်ဆင်ထားသော အစားကြူးသော အင်မော်တယ်ဆိုင်းဘုတ်က ထိုလက်ဖဝါးရိုက်ချက်ကြောင့် ပျက်စီးသွားပြီး တစ်စစီ ကျိုးပဲ့သွားလေသည်။
"အစားကြူးသော အင်မော်တယ်...ထင်ထားတဲ့အတိုင်းပဲ ဒီနာမည်ကို ငါ အသုံးပြုလို့မရနိုင်ဘူး..."
ကျိုးထုံ ခေါင်းအသာခါယမ်းလိုက်သည်။
"ပုဖန် ဟုတ်ပြီ ငါမင်းကို အစားကြူးတောင်ကြားထဲမှာ စောင့်နေမယ်...အချိန်ကျလာရင် မင်းကို ချက်ပြုတ်ခြင်းလမ်းမပေါ်မှာ ငါမင်းကို ရိုက်ချပစ်မယ်..."
ပြောပြီးသည်နှင့် က်ျိုးထုံ၏ ပုံရိပ်က တဖြေးဖြေးဝေးဝေးသွားပြီး ပျောက်ကွယ်သွားလေသည်။က်ျိုးထုံက ပုဖန် အစားကြူးတောင်ကြားထဲ လာလိမ့်မည်ဟု ယုံကြည်ထားပေသည်။အကယ်၍ သူသာ နောက်ထပ် ချက်ပြုတ်ခြင်းလမ်းစဉ်တစ်ခုကို ချိုးဖောက်လ်ိုလျှင် သေချာပေါက် အစားကြူးတောင်ကြားထဲသို့ လာရပေမည်။
ပုဖန်က ကျိုးထုံ၏ ပုံရိပ်ပျောက်ကွယ်သွားသည်အထိ အေးဆေးစွာ ကြည့်နေလေသည်။သို့သော် က်ျိုးထုံ၏ စကားများက သူ့၏ နှလုံးသားကို အနည်းငယ် လှုပ်ရှားသွားစေသည်။
"အစားကြူးတောင်ကြား...ငါသေချာပေါက် အဲ့ဒီကို သွားရမယ်..."
သူတီးတိုးရေရွတ်လိုက်သည်။ထိုအခိုက်အတန့်တွင် သူ့၏ စိတ်ထဲ၌ စနစ်၏ တည်ကြည်လေးနက်သောအသံ ထွက်ပေါ်လာလေသည်။