အခန်း ၆၃၅
အရိပ်နတ်ဆိုး
"ကြားဖြတ်မစ်ရှင်ပြီးမြောက်သွားတဲ့တွက်ဂုဏ်ယူပါတယ်ပိုင်ရှင်...အခုမစ်ရှင်ဆုကို ထုတ်ပေးပါမယ် လက်ခံပေးပါ..."
စနစ်၏ အသံကရုတ်တရက်ထွက်ပေါ်လာသောကြောင့် ပုဖန်ခဏမျှတောင့်တင်းသွားသည်။ထို့နောက်သူ၏နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး သူ၏မျက်ဝန်းများထဲတွင်မျှော်လင့်စောင့်စားသည့် အရိပ်အယောင်များပေါ်လာလေည်။
စနစ်၏ မစ်ရှင်ကြောင့်သာမဟုတ်ရင် သူ၏ဆိုင်ရှေ့တွင် ကျိုးထုံ စားသောက်ဆိုင်လာဖွင့်ခြင်းအားပုဖန်ဂရုစိုက်မည်မဟုတ်ပေ။ယခုမစ်ရှင်ပြီးမြောက်သွားပြီဖြစ်သောကြောင့်အချိန်မရွေးပေါ်လာတော့မည် ခဲပတ်ငါးချက်နည်းကိုပုဖန်မျှော်လင့်နေပေသည်။
ခဏမျှကြာပြီးနောက် သူ၏စိတ်ထဲတွင် ငါးချက်နည်း အညွှန်းပေါ်လာလေသည်။ အချက်လက်များကိုကြည့်ပြီးနောက်ပုဖန်၏မျက်ဝန်းများတောက်ပသွားသည်။သို့သော်လည်း ပုဖန်က ထိုဟင်းပွဲကိုချက်ချင်းချက်ပြုတ်ရန်မရွေးချယ်ပဲ တစ်နေ့တာတွက် စီးပွာရေးလုပ်ငန်းများကိုစရန်သာပြင်ဆင်လိုက်သည်။
အစားကြူးသော အင်မော်တယ်စားသောက်ဆိုင်က ဒုဓလီ ပန်းပွင့်လေးကဲ့သို့လေနှင်ရာလွှင့်သွားလေသည်။ စားသုံးသူများကလည်း ထိုဆိုင်အတွက် ဝမ်းနည်းနေကြ၏။ သို့သော်လည်း ထိုဝမ်းနည်းမှုများကဖြတ်ခနဲသာ ခံစားလိုက်ရခြင်းဖြစ်ပြီးမကြာခင်မှာပင် စားသုံးသူများကအားလုံးက စားသောက်ရန်ပုဖန်ဆိုင်တွင် တန်းစီနေပြီဖြစ်သည်။
ပုဖန်၏ အချက်ပြုတ် စွမ်းရည်ကပို၍သာကြောင်း သက်သေပြပြီးသားဖြစ်သွားသောကြောင့် သူတို့ တိမ်ခိုးစားသောက်ဆိုင်မှ ဟင်းပွဲများကို စားသောက်ရန် ပို၍ထက်သန်နေပေသည်။
ကျရှူံးသွားသော ကျိုးထုံက ဤနေရာမှ လုံးဝထွက်ခွာသွားပြီး သူက အစာကြူးတောင်ကြားထဲသို့ပြန်လိုက်ပြီး လေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန် လုပ်ကာ သူ၏အချက်ပြုတ်စွမ်းရည်ကို မြင့်တင်ရန်ပြင်ဆင်ထားပေသည်။
ပုဖန်နှင့်ယှဉ်ပြိုင်ပွဲတွင်သူ၏ ချို့ယွင်းချက်အများအပြားကို ရှာဖွေ တွေ့ရှိခဲ့သည်။
သူက ဝမ်ရန်ချုံ ကဲ့သို့အရူးမဟုတ်သောကြောင့် စားဖိုမှူးစိန်ခေါ်ပွဲကို မရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တောင်ကြားအပြင်ဘက်မှ စားဖိုမှူးစိန်ခေါ်ပွဲ သူရှူံးသွားခဲ့လျှင် ဘယ်လိုလုပ်မလဲ..
ထိုထွက်လာမည့် ရလဒ်များက သူကိုင်တွယ်နိုင်သော အရများမဟုတ်ပေ။ မှန်ပေသည်။
ထိုသင်ခန်းစာများကလည်း အရူးဝမ်ရန်ချုံ သူကိုလမ်းပြသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့မှမဟုတ်လျှင် တောင်ကြားအပြင်ဘက်မှ သာမန် စာဖိုမှူးတစ်ယောက်သည် လက်ရွေးစင်စားဖိုမှူး များကိုရိုက်ချနိုင်သည်ဆိုသည်ကားသူယုံလိမ့်မည်မဟုတ်ပေ။
ယခုသူ၏စိတ်ထဲတွင် အနည်းငယ် ကံကောင်းသလို ခံစားရပြီး ဝမ်ရန်ချုံကိုပင် ကျေးဇူးတင်နေမိသည်။အခုက ပြင်ပြီးသတင်းပို့ရမဲ့အချိန်ပဲ
ဒီလိုမှ မဟုတ်ရင် ဆရာငါ့ကို ထပ်ပြီးဒေါသထွက်နေဦးမယ်။သို့သော် သက်ပြင်းအသာချလိုက်ပြီး သူ၏လက်ကိုအသာလှုပ်ရမ်းလိုက်သည်နှင့် ကျောက်စိမ်းအဆောင်ပြားတစ်ခုပေါ်လာသည်။
၄င်းမှ အစီရင်တစ်ခုထွက်ပေါ်လာသည်။
ခဏမျှ အကြာ၌အစီရင်မှ တောက်ပလှသော အလင်းရောင်များ ပျံ့နှံ့ထွက်ပေါ်လာ၏။စွမ်းအင်လှိုင်းများ ပျံ့နှံထွက်ပေါ်လာပြီးနောက် လေထုတုန်ခါသံများ ထွက်ပေါ်လာခါ ကျိုးထုံ၏ ပုံရိပ်ကပျောက်ကွယ်သွားသည်။ သူအစာကြူးတောင်ကြားသို့ ပြန်သွားပေသည်။
မြူကောင်းကင်မြို့ ကြယ်မျှော်စင်...
တောက်ပကောင်းကင်မြို့မှ မငြိမ်မသက်မှုများကြောင့် ကြယ်မျှော်စင် အားမြို့ကောင်းကင်မြို့ထဲသို့ ရွေ့လာခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် ကြယ်မျှော်စင် ကမြို့ကောင်းကင်မြို့၏ အထင်ကရအဆောက်အဦးတစ်ခုဖြစ်လာပေသည်။
မြို့ကောင်းကင်မြို့၏ ဆေးအဆောက်အဦးက ဒုတိယအဖွဲ့စည်း အဖြစ်သို့ ကျဆင်းသွားခဲ့သည်။
၄င်းတို့က ဆေးအဆောက်အဦးက ထိပ်တန်းအဂ္ဂိရတ်ပညာရှင်များကို မွေးထုတ်ပေးနေဆဲဖြစ်သောလည်း သူတို့၏ ထိပ်တန်းနေရာကို ကြယ်မျှော်စင်ကယူသွားခဲ့ပြီဖြစ်သည်။
အိုးတစ်ခုထဲအတွင်းတွင် လော့တန်ချင်း ကထိုင်နေသည်။
သူ၏ ပတ်လည်တွင် ကြယ်အလင်းရောင်များ လှည့်ပတ်နေပြီးစွမ်းအားများ သူ ခန္ဓာကိုယ် ထဲတိုးဝင်နေကြသည်။ရုတ်တရက် လော့တန်ချင်း မျက်လုံးများဆတ်ခနဲဖွင့်လိုက်သည်။သူမျက်မှောင်ကျုံ့လိုက်၏။သူ၏ပါးစပ်ထဲမှ လေငွေ့တစ်ခုမှုတ်ထုတ်လိုက်သည်။
သူလက်ဆန့်ထုတ်လိုက်သည်နှင့် ကြယ်အလင်းရောင်များနှင့် ရစ်ပတ်ထားပုံပေါ်သော ကြည်ပြာရောင် ကျောက်စိမ်းပြားတစ်ခုပေါ်လာသည်။၄င်းစီမှ စိတ်စွမ်းအားလှိုင်းများထွက်ပေါ်လာ၏။
လော့တန်ချင်း၏ မျက်နှာတွင် လှောင်ပြောင်သည့်အရိပ်ရောင်ပေါ်လာသည်။ သူ၏မျက်နှာထားက ပြုံးမပြနိုင်လောက်အောင် အေးစက်နေပေသည်။လျို့ဝှက်နဂါး တော်ဝန်ခုံရုံးက ရှုရတပ် ကို နောက်ကွယ်မှ ပံပိုးနေခြင်းကြောင့်သာမဟုတ်လျှင်သူတို့၏ ဆေးနန်းတော်က ယခုလိုမျိုး ကျရှုံးခဲ့မည်မဟုတ်ပေ။
သူတို့ကနောက်ဆုံးကျန်သော ဆေးမြို့တော်တစ်ခုကိုသာ ကာကွယ်နိုင်ခဲ့ပြီး တစ်ခြားမြို့တော်များကို လျို့ဝှက်နဂါးတော်ဝန်ခုံရုံးက သိမ်းပိုက်သွားခဲ့သည်။ ယခုမူ ထိုလူစုက သူကိုစားသောက်ဖွယ် တတ်ဖို့ဖိတ်ခေါ်နေလေသည်။အစာကြူးနတ်ဘုရားစားသောက်ပွဲဆိုသည်မှာ အစာကြူးတောင်ကြား၏စားသောက်ပွဲတစ်ခုဖြစ်သည်။
ကြီးကျယ်ခမ်းနားသော အခါသမရ တစ်ခုဖြစ်သောကြောင့် လျို့ဝှက်နဂါးတော်ဝင်ခုံရုံးက အင်အားကြီးအဖွဲ့စည်းတိုင်းကို ဖိတ်ခေါ်လိုက်မည်။သို့သော်လည်း ယခုလိုဆိုးရွားသော အခြေနေမျိုးမှာတောင် သူတို့ကို ဖိတ်ခေါ် ထားလေသည်။
ထိုအချက်က လော့တန်ချင်း၏ နှလုံးသားထဲမှ ဒေါသများကို မီးထိုးလိုက်သလိုပင်ဖြစ်သွားသည်။တကယ်တမ်းတွင်လည်းထိုတော်ဝင်ခုံရုံး၏စွမ်းအားများက ကြောက်စရာကောင်းလှသည်။ လော့တန်ချင်းမကျေလည်မှုကိုခံစားရသည်ဆိုသော်လည်း သူသွားရပေမည်။
ဒီတစ်ကြိမ် ဆေးနန်းတော်ကိုတိုက်ခိုက်လာသည်က ရှေးဟောင်းရူရမြို့တော်သာဖြစ်သည်။အကယ်၍ လျို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ လက်အောက်မှ သန့်စင်နယ်မြေများသာတိုက်ခိုက်လာမည်ဆိုလျှင် သူတို့တောင့်ခံနိုင်မည်မဟုတ်ပေ။
လော့တန်ချင်း၏ အဆင့်မျိုးရောက်မှသာလျှင် ထိုတော်ဝင်ခုံရုံးက မည်မျှကြောက်စရာကောင်းကြောင်းသိနိုင်ပေလိမ့်မည်။သူတို့သည် ကုန်းမြေတိုက်ကြီး၏ တကယ်အစစ်မှန်ခေါင်းဆောင်များပင်ဖြစ်သည်။
ထိုနေရာတွင် ရူရတပ်ကို ကူညီခဲ့သော အကြောင်းအရာကဲ့သို့ သန်မာသည့် ပညာရှင်များစွာရှိနေသည်။အကြောင်းအရာက အရံဇာတ်ကောင်လေးတစ်ဦးထက်မပိုပေ။
ထိုကဲ့သို့ သေးငယ်သော ဇာတ်ကောင်လေးတစ်ကောင်ကပင် လော့တန်ချင်းကျရှုံးသွားလောက်အောင် အန္တာရယ် များလှသည်။ ထိုအကြောင်းကိုတွေးမိလိုက်တိုင်း လော့တန်ချင်း၏မျက်နှာတွင် စိတ်ဓာတ်ကျသော အရိပ်ယောင်များပေါ်လာသည်။
"ဟား.. ဟား...ငါအစားကြူးနတ်ဘုရား စားသောက်ပွဲကို ရှောင်လွဲလို့မရဘူး...သူတို့က ငါရဲ့ ဆေးနန်းတော်ကို မညှာမတာဆက်ဆံမှာတောင်ကြောက်ရတယ်..."
လော့တန်ချင်းသက်ပြင်းအသာချလိုက်သည်။
ရှစ်...
မြို့အပြင်ဘက်တွင် အပြာရောင်အလင်းတန်းများပေါက်ကွဲထွက်ပေါ်လာသည်။၎င်းက သစ်တောတစ်ခါကိုပြာဖြင့် ပြောင်းသွားစေပြီး လောင်ကျွမ်းသည့် ညှော်နံများ လွှင့်ပျံသွားစေသည်။
ထိုနေရာရှိ မီးခိုးကြားထဲမှ နေ၍ ပုံရိပ်နှစ်ခုလျှောက်ထွက်လာသည်။ ၄င်းက လူတစ်ယောက်နှင့် သားရဲတစ်ကောင်ဖြစ်၏။၄င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင်ဖြင့် လွှမ်းခြုံထားပြီးမျက်နှာကို သဲသဲကွဲကွဲမမြင်ရပေ။ထို့ကြောင့် လူ ခန္ဓာကိုယ် တစ်ခုလုံးက အရိပ်တစ်ခုကဲ့သို့ပင်ဖြစ်နေလေသည်။
ထိုလူ၏ ပုံရိပ်ကသစ်တောငယ်အတွင်းမှ လျှောက်ထွက်လာပြီးနောက် မြင့်မားကျယ်ပြန့်လှသော မြို့ကောင်းကင်မြို့၏ တံတိုင်းရှေ့တွင်ရပ်လိုက်သည်။ထိုလူက မြို့တံတိုင်းကို မော့ကြည့်လိုက်ပြီးနောက် ကြောက်စရာကောင်းသော စွမ်းရည်များကို ထုတ်လွှင့်လိုက်သည်။ထိုသူ၏ ခြေရင်းတွင် ကြီးမားလှသော အနက်ရောင်ခွေးနက်ကြီး တစ်ကောင်ရှိနေသည်။
ထိုခွေးက တကယ်ကိုကြီးမားလှသည်။ သူ၏ဦးခေါင်းတွင်လည်းထက်မြက်လှသော ဓားတစ်ချောင်းနှင့်တူသည့် ချိုတစ်ခုရှိနေသည်။ ထိုဦးချို၏ အရှိန်အဝါ ကအရိုးထဲထိပင် စိမ့်အေးသွားစေသည်။ထိုခွေး၏ အမွှေးများက နက်မှောင်နေပြီး မျက်ဝန်းများက ရဲရဲနီနေသည်။ သူ၏ အစွယ်များကလည်းကြောက်မက်ဖွယ်ကောင်းလှ၏။ သူလမ်းလျှောက်လိုက်တိုင်းမြေပြင်က သိမ့်သိမ့်တုန်ခါသွားသည်။
"မြို့ကောင်းကင်မြို့ကိုရောက်ပြီ... သခင်ချီကိုယ်တိုင်တောင် ပါဝင်လှုပ်ရှားရတယ်ဆိုတော့ ဒီတစ်ကြိမ်ပြိုင်ဘက်က တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ...ကောင်းပါတယ်
အဲဒီလိုဆိုတော့ ငါရဲ့အနားယူမှုတွေ ကုန်ဆုံးသွားပြီ ...ငါရဲ့စိတ်တိုနေတဲ့ နှလုံးသားလေးကိုထွက်ပေါက်ပေးဖို့ပဲလိုတော့တယ်...အဲဒါက ငါကိုစိတ်မပျက်စေဖို့မျှော်လင့်တယ်..."
ထိုအနက်ရောင် ပုံရိပ်ကပြောလိုက်ပြီးနောက် သူ၏ဝမ်းဗိုက်အတွင်းသို့လက်နှိုက်လိုက်ခါ တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်သည်။ထိုအရာက တဖြေးဖြေးရှင်းလင်းလာသောအခါတွင် ရှည်လျားလှသော လှံတစ်ချောင်းဖြစ်နေလေသည်။
လှံရှည်က ငွေရောင်ဖြစ်သည်။ ကိုယ်ထည်တစ်ခုလုံးတွင် ထူးခြားဆန်းကျယ်သော အက္ခရာများကို ရေးထိုးထားလေသည်။ရှည်လျားပြီး ကြီးမားလှသော လှံက လွှမ်းမိုးနိုင်စွမ်းရှိပြီးဖိအားတစ်ချို့ကိုသယ်ဆောင်လာသည်။ အနက်ရောင်ပုံရိပ်က သူ၏လက်နက်ကိုအလွန်ချစ်မြတ်နိုးပုံဖြင့်အသာအယာ ပွတ်သပ်နေသည်။
ထိုသူကလှံရှည်ကိုလက်တစ်ဖက်ထဲဖြင့်ကိုင်၍ ပုခုံးပေါ် လှမ်းတင်လိုက်သည်။ နောက်လက်တစ်ဖက်ဖြင့် သူဘေးမှခွေးနက်ကြီးကိုထိလိုက်သည်။ ထို့နောက်သူမြို့ကောင်းကင်မြို့ ဂိတ်တံခါးဆီသို့ရောက်လာ၏ ။မြို့တံခါးက တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားသောလည်း သူထိုက ရပ်တန့်မည့်အရိပ်ယောက်မရှိပေ။
သို့သော် မြို့တံတိုင်းနံရံနှင့်ထိတွေ့လိုက်သည့်ခဏ၌ ခိုင်ခံ့လှသော တံတိုင်းကရေပြင်ကဲ့သို့ဖြစ်သွားပြီး သူအလွယ်တကူ ဖြတ်ကျော်သွားလေသည်။ သူအတွက် တံခါးဖွင့်စရာပင်မလိုလိုက်ပေ။ခွေးနက်ကြီးကလည်း ထိုသူ၏နည်းလမ်းတိုင်းတံတိုင်းကို ကျော်ဖြတ်၍ဝင်လာသည်။
"ဂျိုလေး ပစ်မှတ်ကိုရှာ...ငါတို့ ဒီကိစ္စကို မြန်မြန်ဖြေရှင်းရမယ်...ပြီးရင်ငါတို့အစားကြူးတောင်ကြားထဲက အစာကြူးနတ်ဘုရားစားသောက်ပွဲကိုသွားတက်ရဦးမယ်..."အဲ့ဒီ အချိန်ရောက်ရင် ငါနတ်ဘုရားတစ်ပိုင်း အဆင့် သားရဲကောင်ရဲ့ အရိုးကို ရှာပြီး မင်းကို ပျော်ပျော်ကြီးစားခွင့်ပေးမယ်..."
ထိုအနက်ရောင်ပုံရိပ်က ညှင်သာစွာပြောလိုက်သည်။သူ့ပခုံးပေါ်တွင် တင်ထားသော လှံရှည်က ကြည့်မိလ်ိုက်သူများကို ထိတ်လန့်အံ့သြသင့်သွားစေပြီး နှလုံးသားများ တုန်ယင်သွားစေ၏။
ကောင်းကင်၏ အရောင်ကလည်း တဖြေးဖြေးအမှောင်ဘက်သန်းလာပြီး နေဝင်ဆည်းဆာ အခ်ျိန်သို့ ရောက်ရှိနေပေပြီ။ဂ်ျိုတစ်ချောင်းပါသော ခွေးက ထိုအနက်ရောင်ပုံရိပ်ဆီမှ အမိန့်ကို ရလိုက်သည်နှင့် ဟိန်းသံတ်ိုးတိုးတစ်ချက်ပြုလုပ်လိုက်ပြီး အဝေးသို့ ထွက်သွားလေသည်။
အနက်ရောင်ပုံရိပ်က သူ့နောက်မှနေ၍ ခြေလှမ်းကျဲကျဲဖြင့် လိုက်ပါလာသည်။ခဏမျှအကြာ၌ သူတို့ ကြယ်မျှော်စင်အရှေ့သို့ ရောက်လာလေ၏။ခွေးနက်ကြီးကလျှာတစ်လစ်ထုတ်၍ အမောပြေနေလေသည်။
"ဂျိုလေး...မင်းခေါင်းပေါ်က ဂျိုက ကြီးထွားလာပြီးတော့ မင်းရဲ့ ဉာဏ်ရည်ကတော့ သာမန်ခွေးတစ်ကောင်ထက်ကို နိမ့်ကျသွားပြီလား...ဒါက ကြယ်မျှော်စင် ငါကို ဒီကိုခေါ်လာပြီး ဘာလုပ်ဖို့လဲ..."
ထိုအနက်ရောင်ပုံရိပ် ပြောစရာစကားမဲ့နေပေသည်။ကြယ်မျှော်စင်သည် ဆေးနန်းတော်၏ အသဲနှလုံးဖြစ်သည်။သူတို့၏ ပစ်မှတ်က ဒီနေရာတွင် မည်ကဲ့သို့ရှိနေပါမည်နည်း။သူတို့ ရထားသော သတင်းအချက်အလက်များအရ ပစ်မှတ်က စားသောက်ဆိုင်ထဲတွင် နေပေသည်။
"အိုး...ထားလိုက်ပါတော့ ငါတို့ ဒီကို ရောက်နေပြီဆိုမှတော့ အထဲကို လျှောက်ကြည့်ကြတာပေါ့...ငါကြားထားတာတော့ ဆေးနန်းတော်ရဲ့ အရှင်သခင်က ငါတို့ ကောင်းကင်ဘုံ နွေဦးသန့်စင်နယ်မြေကို တော်တော်နာကျင်းခဲ့ပုံရတယ်..."
အနက်ရောင်အရိပ်က ခပ်ပေါ့ပေါ့ရယ်မောရင်း ကြယ်မျှော်စင်ရှိရာဆီသို့ လျှောက်သွားလိုက်သည်။အဆောက်အဦးတစ်ခုလုံးတွင် စူးရှထက်မြက်လှသော ကြယ်အလင်းရောင်များ ထုတ်လွင့်တောက်ပလာပြီး သူ့၏ ပုံရိပ်ကို ပိတ်ဆို့လိုက်လေသည်။
ကြယ်မျှော်စင်အတွင်းရှိ လူများစွာ ထိတ်လန့်အံ့အားသင့်မှုဖြင့် နှ်ိုးထလာကြသည်။လော့တန်ချင်း မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ မျက်ဝန်းမှ အလင်းများ တောက်ပလာသည်။ထို့နောက် သူ့၏ ပုံရိပ်က ကြယ်မျှော်စင်အရှေ့ဆီသို့ အလျင်စလို ဦးတည်လိုက်လေသည်။နတ်ဘုရားသတ်လှံတံကို ကိုင်ဆောင်ထားသောအနက်ရောင်ပုံရိပ်က တီးတိုးရေရွတ်လိုက်သည်။
"ထင်ထားတဲ့အတိုင်းပဲ ...ဆေးနန်းတော်ရဲ့ နတ်ဘုရားတစ်ပိုင်းလက်နက် ကြယ်မျှော်စင်က တော်တော်လေးစိတ်တိုစရာကောင်းတယ်..."
ထိုအနက်ရောင်ပုံရိပ်က အေးစက်စွာရယ်မောလိုက်ပြီးနောက် သူလက်ထဲမှ လှံရှည်က်ို ဝှေ့ယမ်းလိုက်ကာ ကြယ်မျှော်စင်ဆီသို့ ရိုက်ချလိုက်သည်။လှံရှည်ဆီမှ မျက်စိကျိန်းလောက်စရာအလင်းတန်းများက ထွက်ပေါ်လာပြီးနောက် ကျယ်လောင်လှသော အသံများထုတ်လွင့်လာလေသည်။
ဘန်း...ဘန်း...ဘန်း...
ကြီးမားလှသော အသံလှိုင်းများကပင် ကြယ်မျှော်စင်ကို လွင့်ထွက်သွားလုနီးပါးဖြစ်သွားစေသည်။လော့တန်ချင်း ဒေါသထွက်စွာ ကြုံးဝါးလိုက်ပြီးနောက် ရန်သူလက်အတွင်းမှ မျှော်စင်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။ထို့နောက် အနက်ရောင်ပုံရိပ်၏ တိုက်ခိုက်မှုကလည်း ရပ်တန့်သွားလေ၏။
"နောက်ဆုံးတော့ ထွက်လာပြီပေါ့...ဒီကြယ်မျှော်စင်က တော်တော်လေးကို မာကြောတာပဲ...ဒီစီနီယာရဲ့ တိုက်ခိုက်မှုတစ်ချက်က သူ့ကို မချေမှုန်းနိုင်ဘူး..."
အနက်ရောင်ပုံရိပ်က ပြောလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ ဘာလို့ ငါတို့ ကြယ်မျှော်စင်ကို လာတိုက်ခိုက်တာလဲ ..."
အနက်ရောင်ပုံရိပ်ကို မြင်လိုက်သည်နှင့် လော့တန်ချင်း၏ စိတ်ထဲတွင်တောင့်တင်းသွားပြီးနောက် သူ သ်ိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ငါလား...ငါက ကောင်းကင်ဘုံ နွေဦးသန့်စင်ဘုံနယ်မြေက အရိပ်နတ်ဆိုးပဲ..."
အရိပ်နတ်ဆိုးက နတ်ဘုရားသတ်လှံတံကို ပခုံးပေါ်ပြန်လွှဲတင်ရင်း အေးဆေးစွာ ပြောလိုက်သည်။
"လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ပညာရှင်ပဲလား..."
လော့တန်ချင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ့၏ နှလုံးသားထဲတွင်လည်း ဒေါသများ ဆူပွက်လာလေသည်။
"လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ဆေးနန်းတော်ကို ဒီလောက်မြန်မြန်ချေမှုန်းချင်နေတာလား..."
"ကျောင်းယာကို သတ်လိုက်တဲ့ သူက ဘယ်မှာလဲဆိုတာကို ငါကိုပြော...ဒါဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်...ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ မင်းသိပါတယ်...
အရိပ်နတ်ဆိုး၏ စကားသံက အေးဆေးသော်လည်း သူ့၏ စကားလုံးများကမူ တင်စီးလှသည်။သူ့မျက်လုံးထဲတွင် လော့တန်ချင်း၏ ကျင့်ကြံမှုအဆင့်က အားမနည်းသလို သန်လည်းမသန်မာပေ။သူ့စကားဆုံးသွားသည်နှင့် အရိပ်နတ်ဆိုး၏ ခေါင်းထက်တွင် အဆင့် ၄ဆင့် ဝိညာဉ်လှေကားပေါ်လာသည်။
ထိုဝိညာဉ်လှေကားက ထုထည်အခိုင်အမာဖြစ်နေပြီး အလွန်ပင် စွမ်းအင်သိပ်သည်းနေကာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များကို ထုတ်လွင့်နေသည်။လော့တန်ချင်း၏ ခန္ဓာကိုယ်ပင် ရေခဲတမျှအေးစက်သွားလေ၏
အဆင့် ၄ဆင့်ထိ ရောက်နေသော လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ မသေမျိုးဝိညာဉ် ပညာရှင်တစ်ယောက် ထို့အပြင် ထိုကဲ့သို့သောတည်ရှိမှုများအား လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ နတ်ဘုရားတစ်ပိုင်းလက်နက်ကိုပင် ကိုင်ဆောင်ထားသေးသည်။ဒီလိုပေါင်းစပ်မှုမျိုးက သာမန် မသေမျိုးဝိညာဉ် အဆင့် ငါး ပညာရှင်ကိုပင် ချေမှုန်းနိုင်ပေ၏။
"သူက စားဖိုမှူးလေးကို ရှာနေတာလား...ကြည့်ရတာတော့ ဒီတစ်ကြိမ် စားဖိုမှူးလေး လွတ်မြောက်ဖို့ ခဲယဉ်းသွားပြီ..."
လော့တန်ချင်း စိတ်ထဲမှကြိတ်၍ သက်ပြင်းချလိုက်သည်။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက တကယ့်ကို လွှမ်းမိုးနိုင်စွမ်းရှ်ိပေသည်။