အပိုင်း ၆၃၆
Viewers 53k

အခန်း ၆၃၆

ခွေးချင်း ခွေးချင်း တိုက်မယ်...


ညအချိန်တွင် မဟူရာကောင်းကင်ယံထက်၌ တောက်ပနေသော လခြမ်းကွေးလေးနှစ်ခုရှိနေလေသည်။အေးမြနေသော လရောင်များက ကမ္ဘာမြေတစ်ခုလုံးပေါ်သို့ ခြုံလွှာတခုအလား ဖုံးလွှမ်းထားပေသည်။


လရောင်အောက်တွင်

 တိမ်ခိုးစားသောက်ဆိုင်က အလင်းတန်းများ ထုတ်လွင့်နေသလိုပင် ထင်ရသည်။အဝေးကကြည့်လိုက်မည်ဆိုလျှင် ထိုမြင်ကွင်းက အလွန်ပင် သာယာလှပလှ၏။


ရှပ်...ရှပ်...


ခြေသံများထွက်ပေါ်လာသည်။အရ်ိပ်နတ်ဆိုးက ကြီးမားလှသော လှံရှည်ကိုထမ်း၍ လျှောက်လာသည်။အေးမြလှပလှသော ပုံရိပ်က ပျက်စီးသွားလေ၏။


"ဒီနေရာက လော့တန်ချင်း ငါ့ကို ညွှန်ပြလိုက်တဲ့နေရာလား...ဒီစားသောက်ဆိုင်က ကျင့်ကြံသူလက်ထဲမှာကျောင်းယာသေဆုံးခဲ့တာလား..."


အနက်ရောင်အဝတ်ဖြင့် လွှမ်းခြုံထားသော အရိပ်နတ်ဆိုး၏ သွင်ပြင်ကို မမြင်ရပေ။သူ့၏ မျက်လုံးလေးတစ်လုံးတောင်မှ တွေ့မြင်နိုင်ခြင်းမရှိပေ။သူ့၏အသံက သံလိုက်ဆွဲအားကဲ့သို့ အသံမျိုးဖြစ်သော်လည်း စူးရှထက်မြက်မှုများလည်း ပါဝင်နေသည်။စားသောက်ဆိုင်ကို မျက်ဝန်းများ မှေးစင်း၍ ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။


"ငရဲကမ္ဘာသက်ရှိက ဒီစားသောက်ဆိုင်မှာ နေနေတာလား...ဒီစားသောက်ဆိုင်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ...သူတို့က ငရဲကမ္ဘာသက်ရှိကိုတောင် ထိန်းသိမ်းထားရဲတယ်..."


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးက ငရဲကမ္ဘာကို ဆန့်ကျင်နေသည့်ပုံပေါ်သည်။သူတို့က ငရဲကမ္ဘာသက်ရှိများကို အမဲလိုက်နေသည့်အကြောင်း ကြေငြာထားခဲ့သေးသည်။


သို့သော်လည်း ဒီစားသောက်ဆိုင်က ငရဲကမ္ဘာသက်ရှိကို တကယ်ကြီး ဖုံးကွယ်ထားပေးနေလေသည်။


"ဘယ်လောက်တောင်ရဲတင်းလိုက်သလဲ အဲ့ဒီငရဲကမ္ဘာသက်ရှိက ဘယ်လိုအဆင့်မျိုးပဲဖြစ်ဖြစ် ငါ့ကို ဒေါသထွက်စေတယ်..."


အရိပ်နတ်ဆိုးက စားသောက်ဆိုင်ရှိရာဆီသို့ ဆက်လျှောက်သွားလိုက်သည်။ဒီတာဝန်ကို သူ့အားအရှင်သခင်ချီက ပေးခဲ့ခြင်းဖြစ်သည်။သူ့၏ ကျင့်ကြံဆင့် အဆင့်နှင့်ဆိုလျှင် ဒီတာဝန်က အပျော်ခရီးထွက်သလောက်သာရှိသည်။


ဒီတာဝန်ကို သူ အမြန်လက်စသတ်ရပေမည်။မည်သည့် စိတ်ဝင်စားစရာမှ မတွေ့ရှိသောကြောင့် သူ့၏ စားသောက်ဖို့ အရေးက်ို လက်လွတ်ခံ၍ မရပေ။


သူ ခြေတစ်လှမ်းနှစ်လှမ်းမျှ လျှောက်ပြီးသည်၌ သူ့၏ ဘေးမှ ခွေး ပါမလာသည်ကို သတိပြုမိလိုက်သည်။ဂျိုတစ်ချောင်းခွေးက သူ့၏ နေရာတွင်ပင် ရှိနေသေးပြီး ခြေထောက်နှစ်ချောင်းအပေါ်သို့ အားယူကာ ဟောင်လိုက်ပြီးနောက် အရှေ့သို့ ပြေးထွက်သွားလေသည်။


ဝုတ် ...


လရောင်က သူ့၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသောကြောင့် အမွှေးများက တောက်ပြောင်နေလေသည်။ငွေရောင်ဦးချိုကလည်း ပို၍ပင် တောက်ပနေ၏။သူ့၏ အသွင်အပြင်က မြင့်မြတ်သည် အထက်တန်းကျလှသည်ဟုပင် ထင်ရလေသည်။


ထိုဂျိုတစ်ချောင်းခွေးက ဆိုင်တံခါးဝဆီသိုပြင်းပြင်းထန်ထန် ပြေးသွားလေရာ တိုက်မိသည့်အသံကျယ်များထွက်ပေါ်လာမည်ဟုပင်ထင်ရလေသည်။


သို့သော် အားလုံး မျှော်လင့်ထားသည်နှင့် ခြားနားလှစွာပင် မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။ထိုခွေး၏ ခန္ဓာကိုယ်က ဆိုင်တံခါးကို ဖြတ်ကျော်သွားပြီး ဆိုင်ထဲသို့ ရောက်သွားလေသည်


မီးဖိုခန်းထဲတွင်ရှိနေသော ဝှိုက်တီ၏ မျက်ဝန်းများက တောက်ပသွားသည်။သူ စားသောက်ခန်းဆီသို့ လှမ်းကြည့်လိုက်သည်။


ဂျိုတစ်ချောင်းခွေးက အထက်တန်းစား ခွေးတစ်ကောင်အနေဖြင့် တင့်တယ်လှသော ပုံရိပ်များကို ထိန်းသိမ်းလိုက်ပြီး သူက စားသောက်ဆိုင်ထဲသို့ တဖြေးဖြေးလှမ်းဝင်လာလေသည်။


ညအမှောင်ထဲတွင် ဂျိုတစ်ချောင်းခွေး၏ သွေးနီရောင်မျက်လုံးနှစ်လုံးက မီးအလင်းတစ်ချို့ တိုးဝင်လာသလို ရှင်းလင်းစွာမြင်နေရလေသည်။ရုတ်တရက် ဂျိုတစ်ချောင်းခွေး၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သူ တစ်စုံ တစ်ခုခံစားရာနေရာဆီသို့ လှည့်ကြည့်လိုက်လေသည်။


နေရာတွင် စိမ်းညှို့နေသော သိမြင်မှု သစ်သီးပင်ရှိနေသည်။တကယ်တမ်းတွင် ထိုသစ်ပင်ဆီ၌ ငွေရောင်လိုင်း ခုတစ်လိုင်းရှိနေ၏။ထိုသစ်ပင်၏ ပတ်ပတ်လည်၌လည်း သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအားများ ဝန်းရံနေသည်။ထိုသစ်ပင်၏ အောက်တွင် ပုံရိပ်တစ်ခု လွှဲရောက်နေသည်။


"ခွေးတစ်ကောင်...သောက်ကျိုးနဲ ခွေး...ဒီစားသောက်ဆိုင်မှာ တကယ်ကြီး ခွေးတစ်ကောင်ရှိနေတယ်လား..."


ဂျိုတစ်ချောင်းခွေးအံ့အားသင့်သွားသည်။သူ နှာခေါင်းမှ အဖြူငွေ့များ ထွက်ပေါ်အောင်ပင် မှုတ်ထုတ်ပြီး အိပ်မောကျနေသော ထိုခွေးကို ကြည့်လိုက်သည်။


သူထိုခွေး၏ ဝတုတ်နေသော ခန္ဓာကိုယ်ကို ကြည့်လိုက်၏ ထို့နောက် သူ့၏ ပိန်သွယ်ခန့်ညားလှသော ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်သည်။ထို့နောက် သူ့၏ ခေါင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့ကြည့်လိုက်သည်။


"ဒီခွေးက အရမ်းကို ချောမောခန့်ညားတဲ့ ခွေးတစ်ကောင်ပဲ...ဒီခွေးက ဂျိုတစ်ချောင်းရှိတဲ့ ထိပ်တန်းခွေးတစ်ကောင်ပဲ...ခေါင်းပေါ်က ဦးချိုကို မင်းမြင်လား...အဲ့ဒါက မတောက်ပဘူးလား...အဲ့ဒါက ထိပ်တန်းခွေးဖြစ်တဲ့ သက်သေပဲ..."


ဂျိုတစ်ချောင်းခွေးက ဂုဏ်ယူဝင့်ကြွားမှုအပြည့်ဖြင့် ခွေးဟောင်သံ တိုတို ထုတ်လိုက်သည်။ခွေးဝတုတ်နားသို့ သွား၍ တစ်ပတ်လျှောက်လိုက်သည်။ကြည့်လေလေ ထိုခွေးက ပိုဝလာလေလေဖြစ်လေ၏။


"ဘယ်လိုဖြစ်ပြီး ခွေးနှစ်ကောင်ကြားမှာ ဒီလောက် ကြီးကြီးမားမား ကွဲပြားနေရတာလဲ..."


သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်ပျော်နေသော ခွေးဘုရင်၏ မျက်ဝန်းများ အနည်းငယ်လှုပ်ခါသွားသည်။သူ့၏ မျက်လုံးဖွင့်လိုက်သည်နှင့် အလင်းရောင်များ ထွကိပေါ်လာသည်။မျက်တောင်တစ်ခက်အတွင်းမှာပင် စားသောက်ဆိုင် တစ်ခုလုံး လင်းထိန်သွားလေ၏။


ဂျိုတစ်ချောင်းခွေးက သူ့၏ အသွင်အပြင်ထဲတွင် နစ်မြောနေပြီးဂုဏ်ယူဝင့်ကြွားမာန်တက်နေတုန်းဖြစ်သည်။သူပတ်ဝန်းကျင်၌ ဖြစ်နေသော တခြားအရာများကို သတ်ိမပြုမိခဲ့ပေ။ရုတ်တရက် သူ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ကြောက်မက်ဖွယ်ရာ ကောင်းလှသောစွမ်းအင်များ နှိုးထလာသကဲ့သို့ သူ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာလေသည်။ထိုခံစားမှုက သူ့ကို ရေခဲကန်ထဲ ပစ်ချလိုက်သလိုမျိုး ခံစားရစေသည်။ဂျိုတစ်ချောင်းခွေး၏ အမူအရာက သတိအပြည့်ဖြင့် ဖြစ်သွားသည်။


သူ့၏ ဦးချိုထိပ်မှ အလင်းရောင်များ စတင်ထုတ်လွင့်လိုက်သည်။ထ်ိုအလင်းရောင်များကို ဆိုင်တစ်ခွင် ပြန့်နှံ့စေလိုက်ပြီး ထိုလွှမ်းမိုးနိုင်စွမ်းသော ကြောက်စရာကောင်းလှသည့် စွမ်းအင်များ မည်သည့်နေရာမှလာသည်ကို ရှာဖွေလိုက်သည်။


သို့သော်လည်း သူဘာမှ ရှာမတွေ့နိုင်သေးခင်မှာပင် ခံစားမှုအားလုံးက ပျောက်ကွယ်သွား၏


"ငါမှားယွင်းသွားတာများလား...မင်းက ဘယ်လိုခွေးမျိုးလဲ ညသန်းခေါင်ကြီး ဒီခွေးဘုရင်ရှေ့မှာ ဟိတ်ကြီး ဟန်ကြီး လာလုပ်နေတယ်..."


ခွေးဘုရင် သူ့၏ ရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ဂျိုတစ်ချောင်းခွေးကို ကြည့်၍ ပြောစရာစကားမဲ့သွားသည်။


"ဒီခွေးက ညသန်းခေါင်ကြီး ပေါ်လာပြီးတော့ ရှိုးလျှောက်ချင်နေတာလား ...ပြီးတော့ မင်းကြောင့် ဒီခွေးဘုရင်ရဲ့ ခန္ဓာကိုယ်တောင်မှပဲ နည်းနည်းတင်းကျပ်သွားတယ်...သူက ဘာလုပ်ဖို့ ရည်ရွယ်နေတာလဲ..."


ခွေးဘုရင်၏ အသံကြောင့် ဂျိုတစ်ချောင်း၏ ခန္ဓာကိုယ်အေးခဲသွားလေသည်။ထို့နောက် သူ တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ဟန်ဖြင့် လှည့်ကြည့်လာ၏


"ဒီခွေးဝတုတ်ကြီးက စကားပြောတက်တယ်လား..."


ဂျိုတစ်ချောင်းခွေး၏ သွေးနီရောင်မျက်ဝန်းများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားလေသည်။ခွေးဘုရင် ဖြေးညှင်းစွာ ထရပ်လိုက်လေရာ သူ့၏ အဆီပြင်တစ်ခုလုံး လှုပ်ခါနေ၏။သူက မျက်လုံးများ မှေးကျင်းလိုက်ပြီး ဂျိုတစ်ချောင်းခွေးကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


ထပ်...ထပ်...ထပ်...


ဂျိုတစ်ချောင်းခွေး၏ ခန္ဓာကိုယ်မှ အမွှေးအမျှင်များအားလုံး ထောင်ထသွားသည်။သူအနောက်သို့ တစ်လှမ်းချင်း စပ်ဆုပ်နေမိ၏။သူ့၏ ဂျိုပေါ်မှ အလင်းမှပင် မှိန်လိုက်ပျောက်လိုက် ဖြစ်နေပေသည်။


"ပြောစမ်း ညသန်းခေါင်းအချိန်မှာတောင် ဒီခွေးဘုရင်ကို ကောင်းကောင်းပေးမအိပ်နိုင်ဘူးလား..."


ခွေးဘုရင် အသာအယာမေးလိုက်သည်။ဂျိုတစ်ချောင်းခွေး၏ မျက်နာက အီးမှန်သလို ရှုံ့မဲ့သွားသည်။


ပြောရမယ်...ခွေးတိုင်းက သူ့လိုမျိုး စကားပြောတက်တယ်လို့ ထင်နေတာလား...


ဂျိုတစ်ချောင်းခွေးက ဟန့်ခနဲ နှာမှုတ်လိုက်ပြီး ရင်ဘတ်ကိုကော့လိုက်သည်။


ဘာလို့ ငါက ကြောက်ရမှာလဲ...တခြားခွေးက လူစကားပြောတတ်လို့လား...လူစကားပြောတတ်တာ အရမ်းအံ့သြစရာကောင်းလို့လား...


ဂျိုတစ်ချောင်းခွေး၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ခွေးဘုရင်ကို အစွယ်ဖြဲပြလိုက်သည်။ခွေးဘုရင် ပြောစရာစကားမဲ့သွားသည်။


"ဒီခွေးက ညသန်းခေါင်လည်း ငါဆီလာသေးတယ်...ပြီးတော့ ငါရှေ့မှာလည်း ကြီးကြီးကျယ်ကျယ်လာလုပ်ပြနေတယ်..."


ခွေးဘုရင်က ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် ရှေ့သို့ လျှောက်လာလိုက်သည်။သူ့၏ အရှိန်အဝါက အလွန်ပင် တင့််တယ်လှလေ၏ ဂျိုတစ်ချောင်းခွေး နေရာမှာပင် ကြောင်အနေမိသည်။


ဂျိုတစ်ချောင်းခွေး သူအနောက်သို့ ခြေလှမ်းအနည်းငယ်ထပ်ဆုတ်လိုက်ပြန်သည်။သူ ခွေးဘုရင်၏ ခြေလှမ်းများကို အံ့အားသင့်စွာ ကြည့်နေလေ၏။ဒီခွေးဝတုတ်ကြီးက လူစကားလည်း ပြောတက်တယ်...ကြောင်တွေလိုလည်း လျှောက်တက်တယ်...ဒါဘယ်လိုသန္ဓေပြောင်း သတ္တဝါမျိုးလဲ..."


ဆင်မယဉ်သာလျှောက်လာသော ခွေးဘုရင်က ဂျိုတစ်ချောင်းခွေးရှေ့သ်ို့ ရောက်လာသည်။ဂျိုတစ်ချောင်းခွေးပင် ကြောင်အနေရာမှ သတ်ိဝင်လာပြီး ဟောင်သံ တစ်ချက်ပြုလိုက်သည်။


သူ့၏ ခွေးဟောင်သံက တိုးသော်လည်း ခြိမ်းခြောက်မှုအပြည့် ပါဝင်နေသည်။သူ့၏ ဟောင်သံကို သူယုံကြည်မှုအပြည့်ရှ်ိသည်။သူ့၏ ရှေ့မှ ခွေးဝတုတ်က ထိုဟောင်သံကြောင့် တုန်ယင်သွားပေလိမ့်မည်။

သို့သော်လည်း သူ့၏ ထင်မြင်ယူဆချက်က မှားယွင်းသွားခဲ့သည်။


ခွေးဘုရင် ထ်ို ဂျိုတစ်ချောင်းခွေးကို ပြောစရာစကားမဲ့စွာ ကြည့်လိုက်သည်။ထို့နောက် သူ့၏ ချစ်စဖွယ်ကောင်းလှသော လက်ဖဝါးလေး မြောက်တက်လာလေသည်။


ဟမ်း...


ထိုဂျိုတစ်ချောင်းခွေးက မည်သို့ ဖြစ်သွားလိမ့်မည်ပင်မသိသော အူကြောင်ကြောင် မျက်နာဘေးဖြင့် ကြမ်းပြင်ပေါ် ပိပြားသွားလေသည်။


အူ...အူ...အူ......


ထိုဂျိုတစ်ချောင်းခွေးက စိတ်ဝိညာဉ် စွမ်းအင်များအပြည့် ပါဝင်သည့် အူသံရှည်တစ်ခု ပြုလုပ်လိုက်သည်။ကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအင်လှိုင်းများ၏ အောက်မှ လေထုပင် တုန်ခါသွားသည်။ထိုဂျိုတစ်ချောင်းခွေးကလည်း ကြောက်စရာကောင်းလှ၏။


အခြားတစ်ဖက်တွင်မူ ခွေးဘုရင်က တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူက စွမ်းအင်များစုစည်းနေသော ဂ်ျိုတစ်ချောင်းခွေးကို ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ဖဝါးလေးကို နောက်တစ်ဖန် ထပ်မြောက်လိုက်ပြီး ဦးခေါင်းကို ရိုက်ချလိုက်သည်။


ဘန်းခနဲ အသံကျယ်ကျယ်နှင့်အတူ ထ်ိုခွေး ကြမ်းပြင်ပေါ် လဲကျသွားပြန်သည်။သူ့၏ ပါးစပ်မှ စွမ်းအင်များလည်း ပျောက်ကွယ်သွား၏။ဂျိုတစ်ချောင်းခွေးသည်။တုန်ယင်ကြောက်ရွံ့နေပေသည်။


"ဒီခွေးဝတုတ်က အရမ်းများသွားပြီ..."


သူကြမ်းပြင်ပေါ်မှ တုန်တုန်ယင်ယင်ဖြင့်ဖြင့် ထရပ်လိုက်သည်။သူ့ခေါင်းပေါ်မှ ငွေရောင်ဂျိုကလည်း မှိန်ဖျော့နေပေပြီ။ခွေးဘုရင် မျက်ခုံးပင့်လိုက်သည်။


"မင်းက ဂျိုတစ်ချောင်းခွေးလေ...မင်းက ဒီခွေးဘုရင်ကို စိုက်ကြည့်ရဲတယ်လား..."


ဟမ့်...


"မင်းက ညသန်းခေါင်အချိန်ကြီး ဒီခွေးဘုရင် အိပ်စက်နေတာကို နှောက်ယှက်ရဲတယ်လား...ဘန်း..."


ခွေးဘုရင်၏ ချစ်စဖွယ်ကောင်းလှသော လက်ဖဝါးလေး မြောက်တက်သွားလိုက်သည်နှင့် ကျယ်လောင်သော အသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ထိုဂျိုတစ်ချောင်းခွေးက ရူးသွပ်လုမတက် ကြောက်ရွံ့နေပေသည်။


"ဒီခွေးက ဘာလို့ အရမ်းအကြမ်းဖက်ရတာလဲ..."


ခွေးဘုရင် သူ့၏ လက်ဖဝါးကို နောက်တစ်ကြိမ် မြောက်လိုက်ပြန်သည်။ဒီတစ်ကြိမ်၌ အလွန်ကြောက်ရွံ့နေပြီဖြစ်သော ဂျိုတစ်ချောင်းခွေးက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး ခွေးလက်ဖဝါးလေးနှစ်ခုကို ပူးယှက်ထားပေသည်။


သူ့၏ အပြုအမူအရ အကိုကြီး ငါမှားသွားပါပြီဟု ပြောနေသလို ထင်ရသည်။ခွေးဘုရင် ခေါင်းစောင်းငဲ့၍ ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်ပြီး နောက်တစ်ချက်ထပ်ရိုက်လိုက်ပြန်သည်။


"အိုး...မင်းအကြည့်တွေကို ကြည့်စမ်းပါဦး...ဘာလဲ ဒီခွေးဘုရင်ရဲ့ ပြည်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်ကို မနာလို ဖြစ်နေတာလား..."


ဂျိုတစ်ချောင်းခွေး င်ိုချင်သော်လည်း ငိုမရဖြစ်နေပေသည်။သူက တင့်တယ်လှသော ဂုဏ်သရေရှိသည့် ခွေးဖြစ်သည်။ယခုတော့ ကြမ်းပြင်ပေါ်တွင် ဝပ်၍ ခွေးနက်ကြီး၏ စောင့်ကြည့်ခြင်းကို ခံနေရပေပြီ။သူပြန်လည် တိုက်ခိုက်ချင်သော်လည်း မလုပ်နိုင်ကြောင်း သိနေပေသည်။သူ့၏ ပြိုင်ဘက်ခွေးနက်ကြီးက လူစကားလည်း ပြောတက်သလို ကြောင်တစ်ကောင်ကဲ့သိူ့လည်း လျှောက်နိုင်သည့် အစွမ်းရှိနေပေသည်။


ငါတို့ နှစ်ကောင်လုံးက ခွေးလေကွာ ဘာလို့ တစ်ယောက်ကို တစ်ယောက် ပြဿနာရှာဖို့လိုတာလဲ..."


ခွေးဘုရင် လှောင်ပြုံးပြုံးလိုက်သည်။သူ တခြားတစ်ဘက်ကို ကျေနပ်အောင် ရိုက်နှက်ပြီးပုံပေါ်လေသည်။ထို့နောက် ချာခနဲ လှည့်၍ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းမျိုးဖြင့် သစ်ပင်ဆီသို့ ပြန်သွားလိုက်ကာ လှဲချအိပ်စက်လိုက်သည်။


သူ့၏ လင်ဖဝါးနှစ်ဖက်က်ို အဆက်မပြတ်ပွတ်ပြနေသော ဂျိုတစ်ချောင်းခွေး၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။နောက်ဆုံးတော့ ပြီးဆုံးသွားပေပြီ။သူ့၏ ခေါင်းပေါ်မှ လှပလှသော ငွေရောင်ဂျိုကလည်း ထိုခွေးဝတုတ်၏ ရိုက်ချက်ကြောင့် တိမ်းစောင်းနေပေပြီ။သူ ဟောင်သံတစ်ချက်ပင်မပြုနိုင်တော့ပဲ ဆိုင်အပြင်ဘက်သို့ ပြေးထွက်သွားလိုက်၏။သူစားသောက်ဆိုင်ထဲမှ ထွက်ပြေးလာပုံမှာ ငရဲမှ ထွက်ပြေးလွတ်မြောက်လာသည်နှင့်ပင် တူနေလေသည်။


"ဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ် အရမ်းပျော်ဖို့ကောင်းတယ်..."


သူ့၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုများ ပြည့်နှက်နေပေသည်။ဆိုင်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန်ပြင်နေသော အရိပ်နတ်ဆိုးက ဂျိုတစ်ချောင်းခွေး အလျင်စလို ပြေးထွက်လာသောကြောင့် လန့်ဖြန့် ခုန်လိုက်မိသည်။


"ဒီခွေးစုတ်ကတော့ ပိုပိုပြီး အဆင်အခြင်မဲ့လာတယ် မင်းမှာ သုံးစားလို့ရတာဘာရှိသေးလဲ..."


အရိပ်နတ်ဆိုးက ဂျိုတစ်ချောင်းခွေးအားလှည့်၍ မာန်မဲလိုက်ကာ စိတ်ပျက်လက်ပျက်ခေါင်းခါလိုက်သည်။ထို့နောက် သူ့၏ လှံရှည်ကို ပခုံး၌ ထမ်း၍ ရင်ကော့ကာ ဆ်ိုင်၏ နံရံကို ဖြတ်ကျော်ဝင်ရောက်သွားလေသည်။