အပိုင်း ၆၃၇
Viewers 53k

အခန်း ၆၃၇

သနားစရာ အရိပ်နတ်ဆိုး ...


ခွေးဘုရင်က ထိုဂ်ျိုတစ်ချောင်းခွေးထွက်ပြေးလွတ်မြောက်သွားသည်ကို ဂရုမစိုက်ပေ။သူသစ်ပင်အောက်တွင်သာ လှဲ၍ အိပ်စက်နေသည်။


မီးဖိုခန်းထဲမှနေ၍ ကြည့်နေသော ဝှိုက်တီက သူ့၏ ခေါင်းကိုအသာ ပွတ်သပ်လိုက်ပြီးနောက် နေရာမှာ ပြန်နေလိုက်သည်။


ဟမ်...


တစ်စုံတစ်ခုနှင့် ထ်ိခိုက်ရိုက်ခတ်သံလိုမျိုး ထွက်ပေါ်လာပြီးနောက် ဆိုင်တွင်း၌ လူတစ်ယောက်၏ ပုံရိပ်ပေါ်လာလေသည်။ထိုသူ၏ ပခုံးပေါ်မှ လှံရှည်က ဖိနှိပ်နိုင်စွမ်းသော အော်ရာများကို ထုတ်လွင့်နေလေသည်။


"စားသောက်ဆိုင်ရဲ့ အတွင်းပိုင်းက ဒီလိုလား...တော်တော်လေးသပ်ရပ်ပြီးတော့ သက်တောင့်သက်သာရှိတယ်..."


အရိပ်နတ်ဆိုးက ခပ်တိုးတိုးရေရွတ်လိုက်သည်။အတွင်းပိုင်းက တကယ့်ကိုသက်တောင့်သက်သာရှ်ိသောပတ်ဝန်းကျင်ဖြစ်နေသည်။ဂျိုတစ်ချောင်းခွေးက ဘာကြောင့် တစ္ဆေသရဲ တွေ့ခဲ့ရသလို မျက်နာမျိုးဖြစ်နေသနည်း။


မှောင်မဲနေသော ဆိုင်ထဲတွင် အနက်ရောင်ပုံရိပ်က ကိုယ်ပျောက်လူသားလို ဖြစ်နေလေသည်။သို့သော်လည်း ရုတ်တရက် လရောင်က ဆိုင်အတွင်းသို့ ထိုးဖောက်ဖြာကျလာသည်။


ရုတ်တရက် အနက်ရောင်ပုံရိပ်၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။သူခုနစ်ကြောင်း သိမြင်မှု သစ်သီးပင်ကို တွေ့လိုက်ရသည်။ထိုကဲ့သို့သော သစ်ပင်မျိုးက ဆိုင်ငယ်လေးအတွင်းတွင် မည်ကဲ့သို့ ရှင်သန်နေပါသနည်း။ထိုသစ်ပင်ကို နတ်ဘုရားတစ်ပိုင်း အဆင့် စိတ်ဝိညာဉ် သစ်ပင်ဟုပင်ဆိုနိုင်ပေသည်။


သစ်ပင်အောက်တွင်ရှိနေသော ခွေးနက်ကြီးတစ်ကောင်က မျက်လုံးတစ်ဖက်ဖွင့်၍ သူ့ကို ကြည့်နေလေသည်။


"ခွေးလား...ဒီတော့ ဒီစားသောက်ဆိုင်မှာလည်း ခွေးရှိနေတာပေါ့...ဒီခွေးက ငါ့ရဲ့ ဂျိုတစ်ချောင်းခွေးကို ခြောက်လွှတ်လိုက်တာများ ဖြစ်နိုင်မလား...တော်တော်ထူးဆန်းတာပဲ..."


အရိပ်နတ်ဆိုးက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ငရဲကမ္ဘာသင်္ဘောကို တွေ့လ်ုက်လေသည်။ငရဲကမ္ဘာသင်္ဘောမှ အမှောင်စွမ်းအင်များကို ထုတ်လွင်ါနေသောကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။


"ငရဲစွမ်းအင်...ဒီတော့ ငရဲစွမ်းအင်ကို ပိုင်ဆ်ိုင်ထားတာက ငရဲကမ္ဘာသက်ရှ်ိမဟုတ်လား....ငရဲကမ္ဘာကသက်ရှိက ဒီကျိုးပဲ့ ပျက်စီးနေတဲ့ သင်္ဘောထဲမှာ ပုန်းနေတာလား..."


ထို့နောက် သူ့၏ ပခုံးပေါ်မှ လှံရှည်ကို လက်နှစ်ဖက်ဖြင့် မြဲမြဲဆွဲကိုင်၍ လှည့်လိုက်သည်။ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များ ပြန့်နှံ့ထွက်ပေါ်လာ၏။


"ငရဲကမ္ဘာသက်ရှိကို တွေ့ပြီဆိုမှတော့ ဒါကို အခုချက်ချင်းပဲ ဖြေရှင်းလိုက်တော့မယ်..."


အရိပ်နတ်ဆိုးက ပြောလိုက်သည်။ထိုခဏမှာပင် ခွေးနက်ကြီးဆီမှ အကြည့်တစ်ချက်ကို ခံစားလိုက်မိသည်။ထိုခွေး၏ အကြည့်က မင်္သကာစရာကောင်းလှသည်။ထို့အပြင် ထိုခွေးက သူ့ကို ငတုံးတစ်ကောင်ကို ကြည့်နေသည်ကိုပါ သတိထားလိုက်သည်။


"ညအချိန်မတော်ကြီးကို မအိပ်နိုင်ဘူး...မင်းတို့ကောင်တွေက ဒီဆိုင်ကျဉ်းကျဉ်းလေးထဲမှာ မင်းတို့ဆံပင်တွေ ပြန်တန်တန်နှံ့တန့်တန့် ဖြစ်အောင်ကိုပဲ လမ်းသလားနေကြတယ်...မင်းတို့ကောင်တွေက စားသောက်ပြီးတဲ့နောက်မှာ ဘာမှ လုပ်စရာမရှိတော့ဘူးလား..."


ခွေးဘုရင်၏ အသံကြောင့် အရိပ်နတ်ဆိုးအေးခဲသွားလေသည်။


"ဒီခွေးက စကားပြောတက်တယ်...ဂျိုတစ်ချောင်းခွေးက သရဲတစ္ဆေတွေ့ခဲ့ရသလို ဖြစ်နေ တာအံ့သြစရာမရှိတော့ဘူး...ဒီခွေးနက်ကြီးက ခြောက်လွှတ်လိုက်တာပဲဖြစ်မယ်..."


အရိပ်နတ်ဆိုး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် နတ်ဘုရားသတ်လှံကို အသင့်ပြင်ထားလိုက်သည်။


"ခွေးကိုရိုက်ချင်ရင် ခွေးပိုင်ရှင်ကို အရင်ကြည့်ရတယ်...ခုဏက ဂျိုတစ်ချောင်းခွေးကို မင်းခြောက်လွှတ်လိုက်တာလား..."


အရိပ်နတ်ဆိုးက လှံရှည်ဖြင့် ခွေးဘုရင်ကို ချိန်ရွယ်လိုက်ပြီး ခွေးဘုရင်ကို အေးစက်စွာ မေးလိုက်သည်။ခွေးဘုရင် နောက်တစ်ကြိမ် ထရပ်လိုက်သည်။


"ငါ့က်ို တစ်ယောက်ယောက်က လက်နက်နဲ့ ချိန်တာမျိုးကို ငါတကယ်ကို မုန်းတယ်..."


ခွေးဘုရင်က ပြောပြီးသည်နှင့် ကြောင်တစ်ကောင်ကဲ့သို့ ခြေလှမ်းများဖြင့် တစ်လှမ်းချင်းတစ်လှမ်းတိုးလာပြီး လှံရှည်၏ ထ်ိပ်နားတွင် ရပ်လိုက်သည်။ထို့နောက် သူ့၏ ခွေးလက်ဖဝါးကို မြောက်လိုက်ပြီး လှံရှည်၏ ထိပ်ကို ဖိချ၍ မြေပြင်ပေါ်သို့ ရောက်အောင်ဖိချလိုက်သည်။အရိပ်နတ်ဆိုး၏ စိတ်ထဲတွင် မကောင်းသော စိတ်ခံစားမှုများ လွှမ်းမိုးသွားသည်။


"ဟိုအသုံးမကျတဲ့ ခွေးစုတ် ထွက်ပြေးသွားတာ အံ့သြစရာမဟုတ်တော့ဘူး...ဒီခွေးဝတုတ်က သာမန်မဟုတ်ဘူးပဲ...ဖြစ်နိုင်တာက ဒီခွေးက ကျောင်းယာကို သတ်လိုက်တဲ့ ငရဲကမ္ဘာသက်ရှိဖြစ်မယ်...ဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီခွေးဘာကြောင့် အဲ့ဒီလောက်စွမ်းအားကြီးနေတယ်ဆိုတာကို ပြောစရာအကြောင်းပြချက်မရှ်ိတော့ဘူး..."


အရိပ်နတ်ဆိုးက ကျောင်းယာမဟုတ်ပေ။ထိုခွေးက ငရဲကမ္ဘာသက်ရှိဖြစ်လျှင်ဆိုလျှင်တောင်မှ သူ့၌ နတ်ဘုရားသတ်လေးထက် စွမ်းအားကြီးသော နတ်ဘုရားသတ်လှံရှိနေသောကြောင့် မကြောက်ပေ။


အရိပ်နတ်ဆိုး၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ထိုးထွက်လာသည်။သူ့လက်ထဲမှ နတ်ဘုရားသတ်လှံကလည်း အသက်ဝင်လာသကဲ့သို့ ထင်ရသည်။နတ်ဘုရားသတ်လှံပေါ်မှ အက္ခရာများက လှုပ်ခါလာပြီးနောက် စွမ်းအင်များထွက်ပေါ်လာကာနဂါးဟိန်းသံ သဲ့သဲ့ ထွက်ပေါ်လာသည်။စွမ်းအင်များက နဂါးတစ်ကောင်ကဲ့သို့ အရိပ်နတ်ဆိုး၏ လက်မောင်းတွင် ရစ်ခွေနေလေ၏။


ခွေးဘုရင်က ထ်ိုမြင်ကွင်းကို အေးဆေးစွာ ကြည့်နေပြီးနောက် နှုတ်ခမ်းတစ်ချက်တွန့်လိုက်သည်။


"နောက်ထပ် လူပြက်တစ်ကောင်လား..."


လက်ဖဝါးလေး နောက်တစ်ကြိမ်မြောက်တက်သွားပြီးနောက် အသာအယာကျဆင်းလာလေသည်။


ဘန်း...


အရိပ်နတ်ဆိုး၏ လှံရှည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။အရိပ်နတ်ဆိုး အသက်ပင်မရှူနိုင်တော့ပဲ ကြမ်းပြင်ပေါ်မှ လှံရှည်က်ို ကြောင်အစွာကြည့်နေမိသည်။သူ့၏ နှလုံးခုန်နှုန်းများ မြန်ဆန်သွားလေသည်။


သူသေချာမကိုင်ထားမိလို့ မဟုတ်လား...ဟုတ်တယ် ငါ သေချာ မကိုင်ထားလိုက်မိလို့ ...


သူတံတွေးတစ်မြိုချလိုက်ပြီးနောက် ခြေထောက်နှင့် ကြမ်းပြင်ပေါ်မှ လှံကို ထိုးတင်လိုက်သည်။လက်တစ်ဖက်တည်းဖြင့် လှံရှည်ကို သေချာစွာ ကိုင်ထားပြီး လှည့်လည်လိုက်၏။


တောင်တစ်လုံးကဲ့သို့ ပြင်းထန်လှသော အရှိန်အဝါများက ခွေးဘုရင်ဆီသို့ လွှမ်းမိုးလာလေသည်။သို့သော်လည်း ထ်ိုခဏအတွင်းမှာပင် အရိပ်နတ်ဆိုး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။


ထို့နောက် ကွဲကြေသွားသည့် အသံ တစ်သံ ထွက်ပေါ်လာ၏။ခွေးဘုရင်၏ လက်ဖဝါးက သူ့၏ နတ်ဘုရားသတ်လှံက်ို ထက်ပိုင်း ချိုးချလိုက်လေသည်။


"သောက်က်ျိုးနဲ ဘာတွေဖြစ်သွားတာလဲ...ဒါက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်...ဒါက နတ်ဘုရားသတ်လှံလေ ...လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ လက်အောက် သန့်စင်နယ်မြေက နတ်ဘုရားသတ်လှံ...လမ်းဘေးမှာ ရောင်းတဲ့ အကြွေစေ့ တစ်စေ့နဲ့ ဝယ်လို့ရတဲ့ လှံမဟုတ်ဘူး...ဘယ်လိုဖြစ်လို့ အလွယ်တကူ ကျိုးပဲ့သွားတာလဲ...အိုး...အခုတော့ ဟိုဂျိုတစ်ချောင်းခွေး ဘာကြောင့် ထွက်ပြေးသွားလဲဆ်ိုတာ သူသိပြီ..ဒီခွေးဝတုတ်က အရမ်းကြောက်ဖို့ကောင်းတယ် ...ငရဲ ကမ္ဘာရဲ့သက်ရှ်ိ ဒါ ငရဲကမ္ဘာရဲ့ ဘယ်အဆင့် ရှိနေတဲ့ သက်ရှိများဖြစ်နိုင်မလဲ...သေစမ်း..."


သူမနိုင်နိုင်တော့ပေ။ထို့ကြောင့် သူပြေးရပေမည်။အရိပ်နတ်ဆိုးက စကားတစ်ခွန်းမျှပင် မဆ်ိုတော့ပဲ ထက်ပိုင်းကျိုးသွားသော လှံကို တစ်ချက်သာကြည့်၍ ချာခနဲ လှည့်ထွက်ပြေးလိုက်သည်။သူမပြေးလျှင် သူငတုံးတစ်ကောင်ဖြစ်သွားပေလိမ့်မည်။


တစ်လှမ်း...

နှစ်လှမ်း... သုံးလှမ်း...


ဘန်း...


သောက်ကျိုးနဲ ဒီလူက ကြောက်ရွံ့နေတာနဲ့ သူ့မှာနံရံဖြတ်နိုင်တဲ့ စွမ်းအင်တွေရှိတယ်ဆ်ိုတာမေ့သွားတယ်...


အရိပ်နတ်ဆိုး ဖင်ထိုင်လျက်ပြုတ်ကျသွားတောင်မှ ထရပ်လိုက်ပြီး စတင်ထွက်ပြေးလေသည်။သူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ထိုသို့ ကြောက်ရွံ့နေရမည်မဟုတ်ပေ။


အကယ်၍ ကြောက်ရွံ့မှုသာမရှိလျှင် သူထွက်ပြေးစရာလည်းမလိုပေ။သို့သော်လည်း နတ်ဘုရားသတ်လှံ ကျိုးပဲ့သွသည်က ကြောက်စရာကောင်းလှသည်။အကယ်၍ သူမပြေးလျှင် သူက ဂျိုတစ်ချောင်းခွေးထက်ပင် မိုက်မဲရာ ကျသွားပေလိမ့်မည်။သူက ဘယ်လိုလုပ်ပြီး ခွေးထက်မိုက်မဲရမှာလည်း ထို့ကြောင့် သူပြေးရပေမည်။


အေးမြလှသော လရောင်အောက်တွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် ကျားလိုက်လာသလိုမျိုး မှုန်နေအောင် ပြေးသွားကြလေသည်။


ခွေးဘုရင်က အသဲအသန်ပြေးသွားသော နှစ်ယောက်ကိုကြည့်လိုက်ပြီး ပျင်းရ်ိစွာ သန်းဝေလိုက်သည်။ထို့နောက် ကြမ်းပြင်ပေါ်ကျနေသော နတ်ဘုရားသတ်လှံကို ကောက်ယူ၍ မြိုချလိုက်သည်။


သူတစ်ချက်နှစ်ချက်မျှ ဝါးလိုက်ပြီးနောက် ထ်ိုအပိုင်းအစများကို ပြန်လည်၍ ထွေးထုတ်လိုက်သည်။


"ဟမ်း...ဒီအရသာက နံရိုးချိုချဉ်ကြော်နဲ့ လုံးဝ မယှဉ်န်ိုင်ဘူး..."


ခွေးဘုရင်က ကြမ်းပြင်ပေါ် အပိုင်းအစများကို အထင်အမြင်သေးစွာစိုက်ကြည့်လိုင်သည်။ထို့နောက် မီးဖိုချောင်ထဲမှ ကြည့်နေသော ဝှ်ိုက်တီရှိရာဆီသို့ လက်ဝှေ့ယမ်းပြလိုက်၏။


ဝှိုက်တီ ပြူးကြောင်ကြောင်ဖြင့် သူ့ကို ပြန်ကြည့်နေလေသည်။


ခွေးဘုရင်က ကြမ်းပြင်ပေါ်မှအပိုင်းအစများကို လက်ညှိုးညွှန်ပြလိုက်ပြီးနောက် သိမြင်မှု သစ်သီးပင်နားသို့ သွား၍ အိပ်စက်လိုက်သည်။မကြာခင်မှာပင်ဟောက်သံများ ထွက်ပေါ်လာ၏။

သူ နေစောစော ထွက်လာဖို့ မျှော်လင့်နေမိသည်။ထိုမှသာလျှင် အရသာရှိ မွှေးပျံ့လှသောနံရိုးချိုချဉ်ကြော်ကို စားရပေမည်။


..


အရိပ်နတ်ဆိုးက နာရီ အနည်းငယ်ကြာသည်ထိ ရူးသွပ်စွာပြေးထွက်သွားလေသည်။ထို့နောက် နံရံက်ိုမှီ၍ အမောဖြေလေ၏။သူ့ဘေးနားမှ ဂျိုတစ်ချောင်းခွေးက လျှာတစ်လစ်ထုတ်နေသည်။သူ့၏ မျက်နာက အသဲကွဲထားသော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေလေသည်။၎င်းက အရိပ်နတ်ဆိုး၏ မျက်နာကိုကြည့်၍ ဟန့်ခနဲနှာမှုတ်လိုက်သည်။


"မင်းလည်း အသက်ရှင်လျက် ပြေးလာနိုင်တာလား.."


အရိပ်နတ်ဆိုး ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သည်ဟု ခံစားရလေသည်။သူက လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံး၏အဆင့်မြင့် ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် သာမန် တပည့်ဖြစ်သော ကျောင်းယာထက် ငရဲကမ္ဘာသက်ရှိများအကြောင်းကို ပိုသိပေသည်။


ငရဲကမ္ဘာသက်ရှိများကို သိမ်းကျုံး၍ ခေါ်ဝေါ်ကြသော်လည်း တကယ်တမ်းတွင် အဆင့်အတန်းများတင်းကျပ်စွာ ခွဲခြားထားပေသည်။ထ်ိုအချင်းအရာက ပုန်းကွယ်နဂါးတိုက်ကြီး၌ အဆင့်အတန်းနှင့် ခွန်အားအလိုက် တင်းကျပ်စွာခွဲခြားထားခြင်းနှင့် တူနေလေသည်။


မသေမျိုးနယ်ပယ်ကိုမသေမျိုးခန္ဓာနှင့် မသေမျိုးဝိညာဉ်ဟူ၍ ခွဲခြားထားသလို ငရဲကမ္ဘာသက်ရှိများ၌လည်းတူညီသည့် အဆင့်များရှိသည်။ဒီနေရာသို့ မရောက်ခင်က အရိပ်နတ်ဆိုးသည် သူရင်ဆိုင်ရမည်က သာမန်သက်ရှ်ိတစ်ကောင်ဟု ထင်ထားခဲ့သည်။သို့သော်လည်းသူ့၏ ထင်မြင်ချက်က အကြီးအကျယ် မှားယွင်းသွား၏ အခုငရဲကမ္ဘာသက်ရှ်ိက သူ့ကိုပင် အသက်ရှုကျပ်စေလောက်အောင် လွှမ်းမိုးန်ိုင်စွမ်းရှိပြီးနတ်ဘုရားတစ်ပိုင်းလက်နက်ကို ပျက်စီးသွားစေခဲ့လေသည်။


နတ်ဘုရားတစ်ပိုင်းလက်နက်ကိုပင် ပျက်စီးသွားစေနိုင်သော စွမ်းအားက ငရဲကမ္ဘာ၏ ပကတိအဆင့် ရှိနေပြီဖြစ်ကြောင်းမေးခွန်းထုတ်စရာပင်မလိုတော့ပေ။ထိုအဆင့်က မသေမျိုးဝိညာဉ်အဆင့်၏ ဝိညာဉ်လှေကား ငါးဆင့် တည်ဆောက်ပြီးသည်နှင့် တူသည်ဟုဆိုနိုင်ပေသည်။


ထိုထက်မြင့်သည့်အဆင့် မဟာပကတိ အဆင့်ဆ်ိုလျှင်... အရိပ်နတ်ဆိုး အနည်းငယ်တွေးလိုက်မိသည်။သို့သော်လည်း ထ်ိုကဲ့သို့ တည်ရှိမှုမ်ျိုးက ပုန်းကွယ်နဂါးတိုက်ကြီးတွင် ပေါ်လာစရာအကြောင်းမရှိပေ။


"ဂ်ျိုလေး ငါ့ကိုပြော ငါတို့အခုဘာလုပ်သင့်လဲ...ဒီတာဝန်ကကျဆုံးသွားပြီလို့ သတ်မှတ်လိုက်ရမလား..."


အရိပ်နတ်ဆိုးက နံရံကို မှီနေရင်းပြောလိုက်သည်။ဂျိုတစ်ချောင်းခွေးကလည်း ဟောဟဲဟောဟဲ အသံများ ထွက်နေပေသည်။


"ငါတို့ ဘာမှ မလုပ်နိုင်တော့ဘူး...အခု နတ်ဘုရားသတ်လှံကလည်း ပျက်စီးသွားပြီ...ငါတ်ို့ ဒီတ်ိုင်းသာပြန်သွားမယ်ဆိုရင်တော့အရှင်သခင်ချီက ငါ့ကို ဝက်လှောင်အိမ်ထဲ ထည့်ထားလိုက်တော့မယ်..."


အရိပ်နတ်ဆိုး၏ အသံတွင် ဝမ်နည်းကြေကွဲမှုများပြည့်နေလေ၏။သူ့၏ အလည်အပတ် ခရီးစဉ်လေးက အစောကြီးအဆုံးသတ်သွားခဲ့လေပြီ။လွယ်ကူသောတာဝန်ဟု တွေးခဲ့မိသော်လည်းနောက်ဆုံး၌ ငရဲကမ္ဘာမှ ပကတိ အဆေင့်ရှိ သက်ရှိတစ်ကောင်နှင့်တွေ့ဆုံရခြင်းဖြင့်အဆုံးသတ်သွားလေသည်။


ဒီလ်ိုတာဝန်မျိုးသူ့ကို မပေးသင့်ဘူး...အမှန်ဆိုရင် သူတော်စင်နယ်ပယ်က တစ်ယောက်ယောက်ကိုပို့လိုက်သင့်တယ်...အရှင်သခင်ချီက စိတ်မပျော်တော့ဘူးဆိုတော့ သူ့ကို ဝက်လှောင်အိမ်ထဲပဲ ပိတ်ထားတော့မှာလား...ဒါတော်တော်ကိုများသွားပြီ ...


သူအတွေးများကို တွေးလေလေအသဲနှလုံးထဲမှပင် နာကျင်လာမိသည်။ထို့နောက် စိတ်ဆိုးဒေါသထွက်စွာဖြင် မြေပြင်ကို ဗြန်းခနဲ ရိုက်ချလိုက်၏။


"ဟမ်း...ငရဲကို သာသွားလိုက်တော့...ဂ်ျိုလေး ငါတို့ပြေးကြစို့ ဒါပေမယ့် ငါတို့တော်ဝင်ရုံးကို မပြန်သေးဘူး...ဒီအရှုပ်အထွေးတွေ ပြီးသွားတဲ့အထ်ိ စောင့်မယ် ပြီးတော့မှ ငါတို့ တော်ဝင်ရုံးကိုပြန်ပြီးတော့ ဒီငရဲကမ္ဘာသက်ရှိနဲ့ အကြိမ်သုံးရာလောက် တိုက်ခဲ့တယ် ဒါ့ကြောင့် ငါတို့ ဒဏ်ရာအပြင်းအထန်ရသွားပြီးတော့ပြန်လည် သက်သာလာတဲ့အချိန်ကို စောင့်နေရတယ်လို့ ပြောလိုက်မယ်..."


အရိပ်နတ်ဆိုးက လေးနက်လှသောအမူအရာဖြင့် သူ့၏ အစီအစဉ်ကို ပြောလိုက်သည်။ဂျိုတစ်ချောင်းခွေးကလည်းစိတ်အားထက်သန်စွာဖြင့် သူ့၏ ရှေ့ခြေနှစ်ချောင်းကိုပင် လေထဲ ရပ်ပြလိုက်သေးသည်။လူတစ်ယောက်နှင့် ခွေးတစ်ကောင်က မျက်လုံးချင်းဆိုင်လ်ိုက်သည်။ထို့နောက် မြူကောင်းကင်မြို့တံတိုင်းကို ကျောမှီနေရာမှ ထလိုက်ပြီးနောက်ကျယ်ပြောလှသောအရပ်ဆီသို့ ဦးတည်ထွက်သွားလေသည်။


ထိုသတင်းက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးဆီသို့ရောက်ရန် အချိန်အတော်ကြာ ကြာအုံးမည်ဟု တွေးကြည့်န်ိုင်ပေသည်။ထ်ိုအခ်ျိန်ကာလအတွင်းအနည်းဆုံး တိမ်ခိုးစားသောက်ဆိုင်ကအေးချမ်းနေပေလိမ့်မည်။


....


မနက်ခင်းနေမင်းထွက်ပေါ်လာပြီးနောက် တောက်ပလှသော နေရောင်ခြည်လေးများဖြာကျလာ၏။ပုဖန် သန့်ရှင်းရေးလုပ်ပြီးသည်နှင့် အောက်ဘက်သို့ ဆင်းလာခဲ့သည်။


သူတံခါဝသို့ သွားရန်ပြင်ဆင်လိုက်မှာပင် ရုတ်တရက် အေးခဲသွားသည်။လှည့်ကြည့်လိုက်သည့်အချိန်တွင် ဆန့်ဆန့်ကြီးလှဲနေသော ဝှ်ိုက်တီကို တွေ့ လိုက်ရသည်။


"ဒါ ဘာအခြေအနေလဲ ဝှ်ိုက်တီက ဘယ်လိုဖြစ်လို့ လှဲအိပ်နေတာလဲ..."


ပုဖန်အနည်းငယ် သံသယဝင်သွားပြီး ကျန်သူများကို ဝေ့ဝဲကြည့်လိုက်သည်။ယန်မိန်ကျီကလည်းဘာမှမသိသူဖြစ်သောကြောင့် အပြစ်ကင်းစွာဖြင့် ကြည့်နေလေသည်။


ခွေးဘုရင်နှင့် နယ်သာရီ... အစားသရဲ နှစ်ယောက်ကမူ ထမင်းစားပွဲရှေ့တွင်ထိုင်၍ သူ့ကို မျှော်လင့်စောင့်ဆိုင်းသည့် အကြည့်များဖြင့် ကြည့်နေပေပြီ။


ပုဖန် မျက်တောင်တစ်ချက်ခတ်လိုက်မိပြီး ဝှိုက်တီဆီသို့ ပြန်ကြည့်လိုက်သည်။ထိုအခိုက်အတန့်မှာပင် စနစ်၏ တည်ကြည်လေးနက်နေသော အသံ ထွက်ပေါ်လာလေသည်။