အခန်း ၆၃၈
ဒုတိယမြောက် အလုပ်သင်စားဖိုမှူး...
"ဝှိုက်တီက မှားယွင်းစွာနဲ့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ နတ်ဘုရားသတ်လှံက်ိုစားလိုက်မိပါတယ်...အခု ၎င်းရဲ့ ဆင့်ကဲဖြစ်စဉ် စတင်နေပါပြီ...အဲ့ဒါက အချိန်တစ်ခုလောက်ကြာမှာ အသေအချာပါပဲ မကြာခင် ပြီးသွားမယ့်အရာမဟုတ်ပါဘူး...ဒါကြောင့်မလို့ အခု ဝှိုက်တီက ကိုမာ ဝင်နေတဲ့ အချိန်မျိုး ဖြစ်သွားတာပါ...ပိုင်ရှင် စိုးရိမ်စရာမလိူပါဘူး အဆင်ပြေသွားပါလိမ့်မယ်..."
စနစ်၏ သတင်းအချက်အလက်များကြောင့် ပုဖန် ကြောင်အသွားမိသည်။
"ဒီတော့ ဝှိုက်တီရဲ့ ဗိုက်က ပျက်စီးသွားစေတယ်လား....ဆင့်ကဲဖြစ်စဉ်က အခုစတင်နေပြီ ...ကာလတစ်ခုအကြာထ်ိ ဝှိုက်တီက နိုးထမှာ မဟုတ်သေးဘူး....နိုးထမယ့် အချိန်ကို ဘယ်သူမှ မသိဘူး...ဒါက ဘာအဓိပ္ပါယ်လဲ..."
ပုဖန် သူ့၏ မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိသည်။ဒီပုံတိုင်းဆိုလျှင် အဝတ်ချွတ် နတ်ဆိုး ဝှိုက်တီက မကြာခင်အတောအတွင်း ပေါ်လာသေးမည့်ပုံမပေါ်ပေ။
သူ သက်ပြင်းဖွဖွ အသာချလိုက်မိသည်။စနစ်၏စကားဆုံးသည်နှင့် ဝှိုက်တီ၏ ခန္ဓာကိုယ်ကသာမန် မျက်စိဖြင့်ပင် မြင်နိုင်သော နှုန်းဖြင့် တဖြေးဖြေး မှိန်ဖျော့လာသည်။ထို့နောက် အားလုံး၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားလေသည်။
ယန်မိန်ကျီ၏ မျက်လုံးများ ထိတ်လန့်အံ့အားသင့်မှုဖြင့် ပြူးကျယ်နေလေသည်။
"ဘယ်လိုဖြစ်လို့ ဝှိုက်တီက ပျောက်သွားတာလဲ...ပိုင်ရှင်ပု ဘာလုပ်လိုက်တာလဲ...ဒီလောက် ကြီးမားတဲ့ သံပုံကြီးက ဒီတိုင်းပျောက်ကွယ်သွားတယ်လား..."
ဝှိုက်တီ၏ ခေါင်းပေါ်တွင် အမြဲတစေ အိပ်ပျော်နေသော ပုစွန်ပိစိက ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သူ့၏ပုံစံက ဝှိုက်တီ ဘယ်ရောက်သွားလဲမသိသလို ဖြစ်နေလေသည်။ပုဖန် ပုစွန်ပိစိကို ကောက်ယူ၍ ပခုံးပေါ်တင်လိုက်ပြီး ယန်မိန်ကျီကို လှမ်းကြည့်လိုက်သည်။
"နင်ဘာလို့ မီးဖိုခန်းထဲ သွားပြီးတော့ ဓားလေ့ကျင့်ရေး မလုပ်သေးတာလဲ..."
မာမာထန်ထန် အသံကြောင့် ယန်မိန်ကျီ သူ့အဂ္ဂိရတ်ပညာရှင် ဆရာသခင်ကိုပင်သတ်ိရသွားစေသည်။
ယန်မိန်ကျီ မီးဖိုခန်းထဲ ဝင်သွားသည်နှင့် ပုဖန် ဆိုင်တံခါးကို သွားဖွင့်လိုက်သည်။သူတောက်ပလှသော နေရောင်ခြည်က သူ့၏ ခန္ဓာကိုယ်ပေါ်မှ ဖြာကျလာလေရာ စိတ်ခံစားချက်များကို ပို၍ကောင်းမွန်သွားစေသည်။
ဒီနေ့ရာသီဥတု အခြေအနေက တော်တော်လေးကောင်းမွန်နေပေသည်။ဆိုင်ရှေ့မှာရပ်၍ မျက်လုံးမှိတ်လိုက်ပြီး မနက်ခင်းလေနုအေးလေးများကို ရှုရှိုက်လိုက်သည်။
ပြီးသည်နှင့် မီးဖိုခန်းထဲသို့ ပြန်လာလိုက်ပြီး သူ့၏ လုပ်ရိုးလုပ်စဉ်အတိုင်း နယ်သာရီတို့အတွက် မနက်စာပြင်ပေးလိုက်သည်။ယန်မိန်ကျီ ချိုမြသော မွှေးရနံ့များကို လောဘတကြီး ရှုရှိုက်လိုက်ပြီး တံတွေးတစ်လုတ် မြိုလိုက်မိသည်။
စားစရာများကို စားပွဲပေါ်တင်ပေးလိုက်ချိန်တွင်ပင် ဆိုင်အပြင်ဘက်၌ အံ့အားသင့်စရာအရှိန်နှုန်းဖြင့် လာနေသော အရိပ်နှစ်ခုကို သတိပြုမိလိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ ပိုင်ရှင်ပု..."
နန်ကုန်းဝမ်က သူမ၏ မျက်နာကာကို ချွတ်လိုက်ပြီး လှပသည့် မျက်နာလေးကို ထုတ်ဖော်လာလေသည်။နောက်ထပ် တစ်ယောက်က မှော်ကဝေအန်းရှန့်ဖြစ်သည်။သူမ၏ ကြီးမားလှသောရင်သားများက လှုပ်ရှားလ်ိုက်သည့်အတိုင်း အရပ်မျက်နာဘက်သို့လိုက်၍ ယိမ်းခါနေပေသည်။သူမက ပုဖန်ကို ခပ်ကြီးကြီးပြုံးပြလိုက်ပြီး နှုတ်ဆတ်လိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ ပိုင်ရှင်ပု..."
ပုဖန်၏ မျက်နာပေါ်တွင် သံသယမကင်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်သွားသည်။
ဒီအမျိုးသမီး နှစ်ယောက်က ဘာဖြစ်ချင်နေတာလဲ...သူတို့က ငါ့ကိုဘာကြောင့် ထူးထူးဆန်းဆန်း အကြည့်နဲ့ ကြည့်နေကြတာလဲ...
သူတို့နှင့် မလှမ်းမကမ်းဆီမှ နန်ကုန်းဝူချယ်က ပျင်းရ်ိလေးတွဲစွာဖြင့် ဖြေးဖြေးချင်းလျှောက်၍ ဝင်လာခဲ့သည်။နန်ကုန်းဝူချယ်က ပုဖန်ကို စပ်ဖြဲဖြဲ ပြုံးပြလိုက်သည်။ထိုအပြုံးက သူ့၏ ကျောရိုးကိုပင် အေးစိမ့်သွားစေသည်။
ပုဖန် အံ့အားတကြီးဖြင့် ပြန်ကြည့်လိုက်သည့်အချိန်မှာပင် နန်ကုန်းဝမ်နှင့် မှော်ကဝေအန်းရှန့်တို့က သူ့၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ရောက်လာလေသည်။ပုဖန် လန့်ဖြန့်သွားမိသည်။
ဒီအမျိုးသမီးနှစ်ယောက်က ဘာလုပ်ဖို့ ကြံနေတာလဲ ..
"ပိုင်ရှင်ပု နင်အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ထားရပြီဆိုတော့ မရမ်းကို ပင်ပန်းနွမ်းနယ်နေမှာပဲ လာ...ဒီမှာလာထိုင်..."
မှော်ကဝေအန်းရှန့်က ပုဖန်၏ လက်က်ို ဆွဲ၍ ထိုင်ခုံတစ်ခုံဆီ ဆွဲခေါ်လိုက်သည်။ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ခွေးဘုရင်နှင့် နယ်သာရီတို့က ဖြစ်ပျက်နေသမျှကို လျစ်လျူရှုပြီး သူတို့၏ အစားကိုသာ အာရုံစိုက်၍ စားနေကြသည်။
နန်ကုန်းဝူချယ်ကလည်း ရက်စက်ကြမ်းကြုတ်ဟန်အပြုံးတစ်ခုကို ဆင်မြင်ထားသည်။သူထိုခုံတစ်ခုံကို ဆွဲယူလိုက်ပြီးနောက် ရိုင်းစိုင်းသော အမူအရာဖြင့် ဝင်ထိုင်လိုက်ပြီး ပုဖန်ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။နန်ကုန်းဝမ်ကလည်း တည်ကြည်သော မျက်နာထားဖြင့် ပုဖန်ကို မာမာထန်ထန် စိုက်ကြည့်နေသည်။မှော်ကဝေအန်းရှန့်ကလည်း ပုဖန်ကို စူးစူးဝါးဝါစိုက်ကြည့်နေ၏။
"မင်းတို့တွေ ဘာလိုချင်တယ်ဆိုတာသာ ပြောလိုက်..."
ပုဖန် ထိုအမျိုးသမီးနှစ်ယောက်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် အေးဆေးစွာပင် ပြောလိုက်သည်။အမျိုးသမီးနှစ်ယောက် မျက်ဝန်းချင်းဆုံသွားသည် သူတို့၏ အကြည့်များထဲ၌ မီးပွားများ လွင့်စင်လာသလိုပင်ထင်ရသည်။
နောက်ခဏများအကြာ၌ နန်ကုန်းဝမ်က သက်ပြင်းအသာချလိုက်ပြီးနောက် ပြောလာလေသည်။
"ပိုင်ရှင်ပု နင်အလုပ်သင်ရှာနေတယ်လို့ ငါကြားတယ်...ငါ့ကို နင့်အလုပ်သင်အဖြစ် ခန့်ထားလိုက်မယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ..."
ပုဖန် ကြောင်အသွားမိသည်။ထိုအမျိုးသမီးနှစ်ယောက်က ဒီလိုကိစ္စလေးနှင့် မနက်အစောကြီး သူ့ဆီ အပြေးအလွှာလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
မှော်ကဝေအန်းရှန့်၏ မျက်နာကလည်း စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး သူ့မျက်ဝန်းထဲတွင် မျှော်လင့်စောင့်ဆိုင်းမှုများ ထင်ဟပ်နေသည်။ဆိုတော့ ဒီအမျိုးသမီးနှစ်ယောက်က သူတို့ကို သူတို့ တပည့်ခံဖို့ အတွက် သူတို့ကိုယ်သူတို့ တံခါးရှေ့အရောက်လာပို့တာပေါ့ ပုဖန် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။
ကံမကောင်းစွာဖြင့်သူက အလုပ်သင်တစ်ယောက်သာလိုတော့သည်။ထို့အပြင် ဒီအမျိုးသမီးနှစ်ယောက်ထဲ၌ မည်သူက ပို၍ သင့်လျော်သည်ကိုလည်း မသိသေးပေ။
သူ့၏ အလုပ်သင်ဖြစ်ဖို့ ဆန္ဒရှ်ိခြင်းကို သူကြိုဆိုပေသည်။သို့သော်လည်း သူတို့၌ ချက်ပြုတ်ခြင်းပါရမီ မည်မျှပါသည်ကိုတော့ စစ်ဆေးကြည့်ရပေဦးမည်။
"ငါက တစ်ယောက်ပဲလိုတော့တာ အဲ့ဒီတော့ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးမှရမယ်..."
သူ့၏ စကားဆုံးသည်နှင့် စားသောက်ဆိုင် အတွင်းရှိ လေထုက အခြေအနေပြောင်းလဲသွားသည်။သူတို့၏ ဓားများကို ဆွဲထုတ်၍ ယှဉ်ပြိုင်တိုက်ခိုက်တော့မလိုမျိုး အော်ရာများကို ထုတ်ဖော်လာလေသည်။
နန်ကုန်းဝမ်နှင့် မှော်ကဝေအန်းရှန့်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မမြင်နိုင်သော ရောင်ခြည်များဖြင့် မျက်လုံးအချင်းချင်းတိုက်ခိုက်နေလေသည်။
"ကောင်းပြီ ငါတို့ ဒီလိုလုပ်ကြရအောင် နင်တို့ နှစ်ယောက်လုံး အိမ်ပြန်ပြီးတော့ ဟင်းပွဲတစ်ပွဲစီ ချက်လိုက်...မနက်ဖြန် ကျရင် ငါမြည်းကြည့်ဖို့အတွက် ယူလာခဲ့ ငါ့ရဲ့ အလုပ်သင်က ဘယ်သူဖြစ်လာနိုင်လဲဆိုတာကို ငါဆုံးဖြတ်ပေးမယ်..."
အမျိုးသမီးနှစ်ယောက်လုံးက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကကြသည်။ဒါက ပိုင်ရှင်ပုက သူတို့ကို စစ်ဆေးမှုတစ်ခု ပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုစစ်ဆေးမှုကို သူတို့ အကောင်းဆုံးကျော်ဖြတ်နိုင်အောင်ကြိုးစားရပေမည်။၎င်းသည် အမျိုးသမီးနှစ်ယောက်ကြားထဲက တိုက်ပွဲပင်ဖြစ်သည်။အမျိုးသမီးနှစ်ယောက်က မီးပွင့်မတက် စိုက်ကြည့်လိုက်ပြီးနောက်ခုံတစ်ခုံဆွဲယူ၍ ထိုင်ချလိုက်ပြီး သူတို့၏ စားစရာအချို့များကို မှာယူလိုက်သည်။မလှမ်းမကမ်းတွင်ထိုင်နေသော နန်ကုန်းဝူချယ်က သရော်ဟန်ပြုံးလိုက်လေသည်။
....
ညအချိန်ကျရောက်လာပြီဖြစ်သော်လည်း နန်ကုန်းမိသားစု၏ စားဖ်ိုဆောင်တွင် မီးလင်းထိန်နေတုန်းဖြစ်သည်။အစေခံများစွာက စားဖ်ိုဆောင်ဝန်းကျင်တွင် ဝိုင်းရံနေကြပြီး အထဲကို သိချင်စိတ်ပြင်းပြစွာလှမ်းကြည့်ရင်း တီတိုးပြောဆိုနေကြသည်။
နန်ကုန်းဝူချယ်က တိုင်တစ်တ်ိုင်ကိုမှီ၍ လက်မှိုင်ချကာ စားဖိုဆောင်ဘက်ဆီသ်ို့ ငေးကြည့်နေလေသည်။နန်ကုန်းဝမ် မီးဖိုခန်းထဲရှိနေသည်မှာ တစ်ညလုံး နီးပါးဖြစ်နေပေသည်။သူမ ဘာတွေလုပ်နေသည်ကိုလည်း မည်သူမှ မသိပေ။ပိုင်ရှင်ပုပင် ချက်ပြုတ်ရာတွင် ထိုမျှလောက်အချိန်မသုံးပေ။
"ဒီကောင်မစုတ်လေး ဘာတွေများလုပ်နေပါလိမ့်..."
ဂွမ်...
ထိတ်လန့်စရာအသံတစ်သံ ထွက်ပေါ်လာသောကြောင့် တံခါးဝနားတွင်စုနေကြသော လူတစ်စု အနောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်ကြပြီးအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။နန်ကုန်းဝူချယ် တစ်ချက်မဲ့လိုက်မိသည်။
"ဘာကြောင့် သူက အဲ့ဒီလောက်တုံးအနေရတာလဲ...သူ ဘာတွေများလုပ်နေသေးတာလဲ..."
နန်ကုန်းဝူချယ် ခေါင်းအသာခါယမ်းရင်း မီးဖိုခန်းထဲသို့ သွားရန် ပြင်လိုက်သည်။ထိုနေရာတွင် ဘာတွေ ဖြစ်နေသည်ကို သူအလွန်စိတ်ဝင်စားနေမ်ိသည်။သူမသွားရသေးခင်မှာပင် မီးဖိုခန်းတံခါးပွင့်လာလေသည်။
မီးဖိုခန်းအတွင်းမှ အခ်ိုးအငွေ့များ တိုးထွက်လာပြီး ပတ်ဝန်းကျင်ကိုပင် မှုန်ဝါးသွားစေသည်။ထို့နောက် ထ်ိုအခိုးအငွေ့များကြားထဲမှလှပလှသော ပုံရိပ်လေးတစ်ခု ပေါ်လာသည်။
နန်ကုန်းဝူချယ်နှင့် အစေခံများအားလုံး မျက်လုံးကျယ်ကျယ်ဖွင့်၍ ကြည့်လိုက်မိကြသည်။ထိုမီးခိုးငွေ့များကြားထဲ၌ အငွေ့တထောင်းထောင်းထနေသော ပန်းကန်လုံးကို ကိုင်ဆောင်ထားသောနန်ကုန်းဝမ်၏ ပုံရိပ်က ပို ပီပြင်လာသည်။
"သူမ ပြင်ဆင်ပြီးသွားပြီပေါ့..."
အားလုံးထက် နန်ကုန်းဝူချယ်က ပို၍ အံ့အားသင့်နေသည်။
"အိမ်မှုကိစ္စတွေ တခါမှ မလုပ်ဖူးသေးတဲ့ ဒီကောင်မလေးက ဟင်းပွဲကို ပြင်ဆင်နိုင်တယ်ပေါ့...ဒါက တကယ့်ကို ရှားပါးဖြစ်စဉ်ပဲ..."
နန်ကုန်းဝမ်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် သူမအကိုကို ကြည့်လိုက်သည်။
"အကိုကြီး ဒီကိုလာပြီးတော့ ညီမငယ်လေးရဲ့ အချက်အပြုတ်စွမ်းရည်ကို မြည်းကြည့်စမ်းပါဦး..."
နန်ကုန်းဝူချယ် ကြောင်အသွားပြီး အရိုးအတွင်းမှပင် အေးစိမ့်သွားမိသည်။
"ဒီကောင်မလေးက သူ့ကို တကယ်ကြီး အက်ိုကြီးလို့ခေါ်လိုက်တယ်ပေါ့...တခုခုတော့ မှားနေပြီ..."
....
ကြယ်မျှော်စင်...
မျိုးဆက်သစ်များထဲတွင် ပါရမီရှင်တစ်ယောက်ဖြစ်သော မှော်ကဝေအန်းရှန့်က ကြယ်မျှော်စင်တွင် သူမ၏ ကိုယ်ပိုင်နေရာတစ်ခုကို ပိုင်ဆိုင်ထားပေသည်။
သူမ၏ လျှို့ဝှက်အခန်းတံခါးလေးကို ပိတ်ချလိုက်သည်နှင့် အပြင်လောကနှင့် အဆက်အသွယ်မရှိတော့ပေ။ထိုတံခါး၏ နောက်တွင် မုပိုင်နှင့် ကျန်းလင်တို့ တစ်ယောက်မျက်နာတစ်ယောက် ကြည့်လိုက်ကြသည်။မှော်ကဝေအန်းရှန့်က သူတို့ နှစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့သော်လည်း ဒီနေရာတွင် ဘာကိစ္စရှိသည်ကို သူတို့ နှစ်ယောက်လုံး မသိကြပေ။
အချိန်အတော်ကြာပြီးနောက် သူတို့ နှစ်ယောက်လုံး ပြန်လည် ထွက်ခွာရန် ဆုံးဖြတ်လိုက်စဉ်မှာပင် အခန်းတံခါး ပွင့်လာလေသည်။အထဲတွင် ဖယောင်းတိုင်မီးအလင်းများဖြင့် အလင်းရောင်များ တောက်ပနေသည်။ထို့အပြင် အခန်းတစ်ခုလုံး ဟင်းပွဲ၏ မွှေးရနံ့များ ပြန့်နှံ့နေပေသည်။မုပိုင်နှင့် ကျန်းလင် တစ်ယောက်ကို တစ်ယောက် ထပ်ကြည့်လိုက်ပြန်သည်။
ကြီးကြယ်ခမ်းနားလှတဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က ရုတ်တရက်ကြီး ဘာလို့ ဟင်းချက်နေတာတုန်း...ဒါကိုသာ မဟာသခင်ကုဟယ်သိသွားလျှင် သူသေချာပေါက် ဒေါသထွက်သွားပေလိမ့်မည်...ဒီကောင်မလေးက ချက်ပြုတ်ဖို့အတွက် သူ့ရဲ့ အဂ္ဂိရတ်ပညာ အရည်အချင်းတွေကို စွန့်ပယ်လိုက်ဖို့ တွေးထားတာလား...
"ဒီကိုလာ ဒီအမျိုးသမီးရဲ့ ကျွမ်းကျင်မှုတွေကို လာမြည်းကြည့်ပါလား...လာအကဲဖြတ်ကြည့်စမ်းပါဦး ..."
မှော်ကဝေအန်းရှန့်က သူမ၏ဆံပင်များကို သိမ်းဖယ်လိုက်ပြီး ကျန်းလင်နှင့် မုပိူင်တို့ကို မျက်လုံးဝေ့ကြည့်ကာ ပြောလိုက်သည်။
"ဒီအမူအရာက..."
ကျန်းလင်နှင့် မုပိုင်တို့၏ စ်ိတ်ထဲတွင် နမိတ်မကောင်းသော ခံစားချက်များဖြင့် ပြည့်နှက်သွားလေသည်။
......
ဒုတိယနေ့ တိမ်ခိုးစားသောက်ဆိုင် ...
ပုဖန် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သူရှေ့၌ တက်ကြွနေသော အမျိုးသမီးနှစ်ယောက်ကိုကြည့်လိုက်သည်။သို့သော်လည်း ဒီနေ့တွင် နန်ကုန်းဝူချယ်ပျောက်ကွယ်နေပေ၏
ပုဖန်ခုံပေါ်တွင် တည်ငြိမ်စွာ ဝင်ထိုင်လိုက်သည်။အမျိုးသမီးနှစ်ယောက်လုံးက တစ်စုံတစ်ခုကြောင့် စိတ်တင်းကျပ်နေသလို ပုံစံမျိုးဖြင့် ပုဖန်ကို ကြည့်လိုက်ကြသည်။
သူရှေ့တွင် ဟင်းပွဲနှစ်ပွဲရှိနေ၏။ပုဖန် ထိုဟင်းပွဲများကို နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။စနစ်က အမျိုးသမီး၏ အရည်အချင်းကို ဆုံးဖြတ်ပြီးသွားပေပြီ။
ရလဒ်အရအန်းရှန့်တွင် အားသာချက်အနည်းငယ်ရှိနေပေသည်။ပါရမီနှင့် ပညာ..
နန်ကုန်းဝမ်၏ အရည်အချင်းကလည်း လက်ခံနိုင်စရာရှိသော်လည်း မှော်ကဝေအန်းရှန့်နှင့် ယှဉ်လိုက်ပါက အနည်းငယ်နိမ့်ကျနေသည်။
မည်သို့ပင်ဆိုစေ ပုဖန်က သူတို့နှစ်ယောက်ကို မျှတသည့် အခွင့်အရေးပေးခဲ့ပြီ ဖြစ်သည်။ထို့နောက် ပုဖန်ကတူတစ်စုံကို ကောက်ယူလိုက်ပြီးနန်ကုန်းဝမ်၏ ဟင်းပွဲကို အရင်ဆုံးကောက်မြည်းလိုက်သည်။
သူမ၏ ဟင်းပွဲက အနီရောင်အသားနှပ်ဟင်းပွဲဖြစ်သည်။အသားဖတ်များ လှီးဖြတ်ထားသည့် အရွယ်အစားက တူညီသော်လည်း ဟင်းပွဲ၏ အရောင်ဖြင့် ခြုံငုံပြောရလျှင် တ်ဆတ်ပေသည်။
ပုဖန်အသားတစ်ဖက်ကို ကောက်ယူလိုက်ပြီးနောက် အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။အသားက အကျက်လွန်နေပေပြီ။တစ်ချက်ကြည့်ရုံဖြင့်ပင် ပစ်ချက်အနည်းငယ်ကို ရှာတွေ့လိုက်သည်။သို့သော်လည်းသူပါးစပ်ထဲထည့်၍ တစ်ချက်နှစ်ချက်မျှ ဝါးလိုက်သည်။
သူဝါးနေရင်းဖြင့် ပုဖန်၏ မျက်နာက မထိန်းထားနိုင်စွာ ရှုံ့မဲ့သွားလေသည်။
"ဒီအသားက...အရသာက အဆိပ်လိုပဲ..."
ပုဖန်၏ မျက်နာထားက အချိန်အနည်းငယ်မျှ ရှုံ့တွသွားပြီးနောက် နန်ကုန်းဝမ်ကို အေးစက်စွာကြည့်လိုက်သည်။
"ငါ့ကိုပြောနင်ဒီဟင်းပွဲကို ညက နန်ကုန်းဝူချယ်ကို မြည်းခိုင်းလိုက်တာလား..."
နန်ကုန်းဝူချယ် ဒီဟင်းပွဲကို မြည်းကြည့်လိုက်ခြင်းဖြစ်သည်မှာသေချာသလောက်ပင်။ဒီလိုမှ မဟုတ်လျှင် သူ ဒီနေ့ ပျက်ကွက်နေလိမ့်မည်မဟုတ်ပေ။
ဒီဟင်းပွဲ၏ အရသာကို အချက်တစ်ချက်ဖြင့် ဖော်ပြရလျှင် ဆားပင်လယ်ထဲ ရောက်သွားသကဲ့သို့ပင် ပုဖန် နွေဦးစမ်းရေဖြင့် ပလုတ်ကျင်းလိုက်ရသည်။ထို့နောက် သူ မှော်ကဝေအန်းရှန့်၏ ဟင်းပွဲကို ကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ပုဖန် မျက်မှောင်ထပ်ကြုတ်လိုက်မိပြန်သည်။ဒီအမျိုးသမီးနှစ်ယောက်က ချက်ပြုတ်သည့်နေရာတွင် တကယ့်ကို ရည်မှန်းချက်ကြီးကြသည်။တစ်ယောက်က အနီရောင်အသားနှပ်ဟင်းပွဲကို ရွေးချယ်ခဲ့ပြီး တစ်ယောက်က နံရိုးချိုချဉ်ကြော်က်ို ရွေးချယ်ခဲ့လေသည်။
ထိုဟင်းပွဲနှစ်လုံးက တော်တော်လေးခက်ခဲသည့် အဆင့်မှာရှိနေလေသည်။ပုဖန် မှော်ကဝေအန်းရှန့်၏ ဟင်းပွဲကိုကြည့်၍ နှုတ်ခမ်း တစ်ချက်တွန့်လိုက်မိသည်။ထို့နောက် သူ တူဖြင့် သူ အသားတစ်ဖက်ကို ကောက်ယူလိုက်လေသည်။