အပိုင်း ၆၃၉
Viewers 52k

အခန်း ၆၃၉

ကြားဖြတ်မစ်ရှင်တစ်ခု


နောက်ဆုံးတွင် ပုဖန် မှော်ကဝေ အန်းရှန့်ကို အလုပ်သင်အဖြစ် ရွေးချယ်လိုက်သည်။လူတစ်ယောက်၏ အရည်အချင်းနှင့် ပတ်သတ်၍ စနစ်၏ အကဲဖြတ်မှုမှာ တိကျမှန်ကန်လှသည်။


နံရိုးချိုချဉ်ကြော်က အနီရောင်အသားနှပ်ကို နှာတဖျား အသာဖြင့် ကပ်နိုင်သွားသည်ဆိုသော်လည်း နောက်ဆုံးရလဒ်မှာတော့ ကြေကွဲဖွယ်ကောင်းလှသည်။


နန်ကုန်းဝမ်ဆိုင်မှ စိတ်ပျက်လက်ပျက် ပြန်သွားခဲ့ရသည်။သူမသွားခင် ပုဖန်၏ လက်ရာ အနီရောင်အသားနှပ်ဟင်းပွဲကို မှာစားခဲ့သေးသည်။ပုဖန်၏ လက်ရာ စားပြီးသည်နှင့် သူမ၏ လက်ရာကို ပြန်စားသည့် အခါတွင် မထိန်းနိုင်ပဲ ထွေးထုတ်ခဲ့မိသည်။


"ဘာလို့များ အဲ့ဒီလောက်တောင် ကြီးကြီးမားမားကွဲပြားခြားနာနေရတာလဲ..."


ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုတို့ကြောင့် မှော်ကဝေအန်းရှန့်၏ ရင်ထဲတွင် ကုလားဘုရားလှည့်လည်သလို တုန်ယင်နေလေသည်။နောက်ဆုံး၌ ပုဖန်ဆီက အချက်အပြုတ်ပညာများကို သင်ယူနိုင်ပေတော့မည်။နောင် အနာဂတ်တွင် သူမ ဘာပဲစားချင်ချင် ကိုယ်တိုင် ချက်ပြုတ်နိုင်ပေတော့မည်။သူမ၏ လောဘကြီးသော နှလုံးသားလေးက နောက်ဆုံး၌ ကျေနပ်မှုအပြည့် ရသွားလေသည်။


ပုဖန် မတ်တပ်ထရပ်လိုက်ပြီးနောက် မှော်ကဝေအန်းရှန့်ကို တစ်ချက်ကြည့်ကာ ပျင်းရိစွာပြောလိုက်သည်။


"အခု နင်က ငါ့ရဲ့ အလုပ်သင် ဖြစ်သွားပြီဆိုတော့ ငါနဲ့လိုက်ခဲ့..."


အန်းရှန့်၏ မျက်ဝန်းများ တောက်ပသွားသည်။


"လိုက်ခဲ့ ...ဒီတော့ ပိုင်ရှင်ပုရဲ့ လျှို့ဝှက်မီးဖိုချောင်ထဲကို ဝင်ရတော့မှာလား..."


အန်းရှန့်၏ မျက်နာတွင် အပြုံးကြီးကြီးပေါ်လာသည်။သူမ မျှော်လင့်ချင်အပြည့်ဖြင့် ပုဖန်နောက်မှ လိုက်သွားလေသည်။မီးဖိုခန်းထဲသို့ ခြေချလိုက်သည်နှင့် အံ့အားတသင့်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။


မီးဖိုခန်းတစ်ခုလုံးက ပေါလစ်တင်ထားသလို ဖြူဖွေးတောက်ပြောင် နေသည်။လေထဲတွင်လည်း မွှေးရနံ့သင်းသင်းလေးများ ပြန့်လွင့်နေခြင်းက လူသစ်လေး အန်းရှန့်ကို အံ့အားသင့်သွားစေသည်။ဒါက သူမမျှော်လင့်ထားသည်နှင့် လုံးဝ ကွဲပြားခြာနားနေလေသည်။လေ့ကျင့်ခန်းလုပ်နေသော ယန်မိန်ကျီလည်း အန်းရှန့်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။


အမျိုးသမီးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေမိကြသည်။နောက်ခဏမှာပင် ယန်မိန်ကျီ၏ စိတ်လှုပ်ရှားအော်ဟစ်သံ ထွက်ပေါ်လာသည်။


"မိန်းကလေးအန်းကလည်း ပိုင်ရှင်ပုရဲ့ အလုပ်သင်အဖြစ် အောင်မြင်သွားပြီလား ...အရမ်းကောင်းလိုက်တာ..."


လက်နှစ်ဖက်နောက်ပစ်၍ မီးဖိုခုံနားသို့ လျှောက်လာခဲ့သည်။သူတွေဝေငေးမောနေသော အန်းရှန့်ကို ကြည့်၍ ပြောလိုက်၏။


"အခု မင်းတို့ နှစ်ယောက်လုံးက တိမ်ခိုးစားသောက်ဆိုင်က ငါ့ရဲ့ အလုပ်သင်တွေပဲ...ငါ့ရဲ့ လက်အောက်မှာ အချက်အပြုတ်နည်းစနစ်တွေကို လေ့လာပြီး ချက်ပြုတ်ခြင်းကို လေ့ကျင့်သင်ကြားရမယ်...နောင်အနာဂတ်မှာ မင်းတို့နှစ်ယောက်က ဒီဆိုင်အတွက် တာဝန်ရှ်ိသူတွေ ဖြစ်လာလိမ့်မယ် ..."


ယန်မိန်ကျီနှင့် အန်းရှန့်တို့နှစ်ယောက် ဇဝေဇဝါဖြစ်သွားကြသည်။


"ဒီနေရာနဲ့ အလှမ်းဝေးတဲ့ တောင်ပိုင်းနယ်မြေမှာလည်း ငါ့ရဲ့ စားသောက်ဆိုင်ရှိတယ်...အဲ့ဒီမှာ ငါ့ရဲ့ အလုပ်သင်နှစ်ယောက်က ဆိုင်ကို စီမံခန့်ခွဲပေးနေတယ် ...သူတို့က နင်တို့နှစ်ယောက်ရဲ့ စီနီယာအကိုနဲ့ အမဖြစ်မယ်...နင်တို့မှာ အခွင့်အရေးရှိမယ်ဆိုရင် အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် တွေ့ကြရလိမ့်မယ်...တစ်ခုပြောချင်တာကတော့ သူတို့ရဲ့ အရည်အချင်းက အခုခ်ျိန်မှာဆိုရင် အများကြီးတိုးတက်နေမှာပဲ အဲ့ဒီတော့ နင်တို့ နှစ်ယောက်ကလည်း ကြိုးစားရမယ်..."


"တောင်ပိုင်းနယ်မြေမှာလည်းစားသောက်ဆိုင်ရှိသေးတာလား..."


အမျိုးသမီးနှစ်ယောက်မျက်လုံးချင်းဆုံသွားကြသည်။ထ်ိုလျှို့ဝှက်ချက်ကို သူတို့ တစ်ခါမှ မကြားခဲ့ဖူးပေ။


ဝမ်...


သူတို့အံ့အားသင့်နေသည့်အချိန်မှာပင် မီးဖိုခန်းတစ်ခုလုံး တုန်ခါသွားသည်။မီးဖ်ိုခန်းထဲတွင် မီးဖိုခုံအကြီးနှင့် တစ်ထပ်တည်းကျစွာ တူနေသော ခုံအသေးတစ်ခုပေါ်လာလေသည်။ ထ်ိုကဲ့သို့ ရုတ်တရက်ပေါ်လာခြင်းက အမျိုးသမီးနှစ်ဦးကို အံ့သြဗနန်းဖြစ်သွားစေသည်။


"အခုကနေစပြီးတော့ ဒီမီးဖိုခုံနှစ်ခုက နင်တို့ဟာပဲ...တစ်ယေူက်တစ်ခုစီ ရွေးပြီးတော့ ဓားလေ့ကျင့်ခန်းကို စလုပ်တော့..."


ပုဖန်က နွေးထွေးလှသော လေသံဖြင့် လိုအပ်သည့် အချက်အလက်များကို ညွှန်ကြားလိုက်သည်။ပြီးသည်နှင့် စားသုံးသူများအတွက် ဟင်းပွဲများ ပြင်ဆင်ရန်လှည့်သွားလေသည်။


ပုံမှန်နှင့်မတူသော ချက်ပြုတ်ခြင်းနည်းလမ်းများကြောင့် အန်းရှန့် ထိတ်လန့် အံ့သြနေမိသည်။ယန်မိန်ကျီက ကြောင်အနေသော အန်းရှန့်ကို မီးဖိုခုံရှိရာဆီသို့ ဆွဲခေါ်သွားလိုက်သည်။မီးဖိုခုံတစ်ခုံချင်းစီအပေါ်တွင် ကြီးမားလှသော အနက်ရောင်မီးဖိုချောင်သုံးဓားရှိနေလေသည်။


"ပိုင်ရှင်ပုရဲ့ ဓားလေ့ကျင့်ရေးနည်းလမ်းကတော့ ငါတို့ မုန်လာဥတွေကို လေ့ကျင့်ရမှာပဲ ...ကြိုးကြိုးစားစားလုပ် ပြီးတော့ နင့်မှာ ဘာမေးခွန်းပဲရှိရှိ ငါကို လာမေးနိုင်တယ်..."


ယန်မိန်ကျီ ဂရုတစ်ိုက်ဖြင့် ပြောပြီးသည်နှင့် သူမ၏ မီးဖိုခုံဘက်ဆီသို့ ပြန်သွားကာ လေ့ကျင့်ခန်းများကို စလုပ်လိုက်လေသည်။


"မုန်လာဥတွေ လှီးဖြတ်ရမယ်...ဒါ ဓားကျွမ်းကျင်မှုတွေကို လေ့ကျင့်တဲ့ နည်းလမ်းလား..."


အန်းရှန့် စိတ်ရှုပ်ထွေးသွားပြီးနောက် ခုံပေါ်တွင်တင်ထားသော မီးဖိုချောင်သုံးဓားမကို ကောက်ကိုင်လိုက်သည်။သို့သော်လည်း နောက်ခဏအတွင်းမှာပင် ထိုအလုပ်ကို လုပ်ဖို့ သူမ မည်မျှ အားစိုက်ရမည်က်ို သတ်ိပြုမိသွားလေသည်။သူမ မီးဖိုချောင်သုံးဓားကို ကြွအောင်ပင် မမနိုင်ပေ။


လခွမ်း...


သူမ၏ အစစ်အမှန် စွမ်းအင်များကို နှိုးဆော်လိုက်သည်။ထိုအချိန်မှသာလျှင် မီးဖိုချောင်သုံးဓားကို မယူလိုက်နိုင်သည်။သို့သော်လည်း ထ်ိုဓားက သူမ၏ အစစ်အမှန် စွမ်းအင်များကို လျင်မြန်စွာပင် စုပ်ယူနေကြောင်း သတ်ိပြုမိလိုက်သည်။


"ဒီလို ပုံစံမျိုးနဲ့ သူမဘယ်လိုလုပ် ဓားစွမ်းရည်ကို လေ့ကျင့်ရမလဲ...ဘယ်လောက်မှ မလေ့ကျင့်ရသေးခင်မှာပဲ သူမ စွမါးအင်တွေ အလကားဖြစ်သွားမှာပေါ့..."


သူမ ယန်မ်ိန်ကျီဘက်သို့ လှည့်ကြည့်လိုက်လေရာ ပုံမှန်အတိုင်း မုန်လာဥများကို လှီးဖြတ်နေသည်ကို တွေ့လိုက်ရသည်။


"သူ့ရဲ့ မီးဖိုချောင်သုံးဓားက ထူးခြားမှုရှိမနေဘူးလား..."


အန်းရှန့် အံတင်းတင်းကြိတ်လိုက်ပြီး ဓားကို မကာ မုန်လာဥများကို စတင်လှီးဖြတ်လိုက်လေသည်။ညအခ်ျိန်ကျရောက်လာပြီ ဖြစ်သောကြောင့် ဆိုင်၏ တစ်နေ့တာ စီးပွားရေးလုပ်ငန်းရပ်နားသွားပေပြီ။အန်းရှန့်က သူ့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို တရွတ်တ်ိုက်သယ်၍ စားသောက်ဆိုင်မှ ထွက်ခွာသွားသည်။


သူမ၏လက်ကိုပင် မခံစားမိတော့သလို ထုံကျင်နေလေသည်။အချိန်ခဏလေးအတွင်းမှာပင် သူမ၏ အစစ်အမှန်စွမ်းအားများကုန်ခမ်းသွားသောကြောင့် ခန္ဓာကိုယ်အင်အားကိုသာ အသုံးပြု၍ မုန်လာဥများ ဖြတ်တောက်ခဲ့ရသည်။


အချက်အပြုတ်မာစတာ တစ်ယောက်ဖြစ်လာဖို့ တကယ်ကို မ လွယ်ကူပေ။နောက်တစ်နေ့တွင် ယန်မိန်ကျီနှင့် အန်းရှန့်တ်ို့ နှစ်ယောက်လုံး ပုဖန်၏ ကြီးကြပ်မှုအောက်တွင် ဓားပညာကို လေ့ကျင့်ခဲ့ရသည်။ထပ်တူညီစွာပင် ပုဖန်ကလည်း သူ့၏ နေ့စဉ် လေ့ကျင့်ခန်းများကို လုပ်ကိုင်လေသည်။


အန်းရှန့်က ပုဖန်၏ ရေအလျင်ကဲ့သို့ လှုပ်ရှားမှုများကို ပထမဦးဆုံးအကြိမ်မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားမိသည်။ပုဖန်၏ ဓားကိုင်ပညာက တကယ်ကို ပြီးပြည့်စုံနေပေသည်။


ပုဖန်၏ ကျွမ်းကျင်မှုနှင့် သူမ၏ ကျွမ်းကျင်မှုကြားထဲမှ ကွာခြားချက်များကိုလည်းသတ်ိပြုမိလာသည်။၎င်းက ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင် ကွာခြားနေပေသည်။


အန်းရှန့်က သူ့၏ ဓားလေ့ကျင့်ခန်းကိုသာ ဆက်လက် လုပ်ကိုင်နေရသည်။၎င်းက သူမအရင်က စိတ်ကူးထားသလို အရသာရှိသော ဟင်းပွဲများကို ချက်ပြုတ်ခြင်းနှင့် အလွန်ပင် ကွာခြားနေသောကြောင့် အနည်းငယ်ပျင်းရိလာမိသည်။


ရက်တစ်ချို့ ကျော်ဖြတ်ပြီးသည့်တ်ိုင်အောင် ပုဖန်က ချက်ပြုတ်ခြင်းကို မညွှန်ကြားသေးပေ။သူမတို့ နေ့စဉ်နေ့တိုင်း မုန်လာဥများကိုသာ လှီးဖြတ်ပြီး အခြေခံခိုင်မာအောင် ပြုလုပ်နေရလေသည်။


ဓားကိုင် ကျွမ်းကျင်မှုက စားဖိုမှူးတိုင်းတွက် အရေးကြီးလှသော အခြေခံပင်ဖြစ်၏။တစ်နေ့ခင်းတွင် ပုဖန် ဆိုင်ရှေ့တွင် ထိုင်ခုံတစ်ခုံကို ဆွဲယူလိုက်ပြီး သက်တောင့်သက်သာ ထိုင်ချလိုက်ကာ နေပူတာလှုံနေလိုက်သည်။


အပူချိန်တဖြေးဖြေးကျဆင်းလာပြီဖြစ်သောကြောင့် အေးစက်သောလေအေးတစ်ချို့ကို သယ်ဆောင်လာပေပြီ။ရာသီဥတုက ဆောင်းဦးရာသီသို့ ပြောင်းလဲနေပေပြီ။


နယ်သာရီကလည်း ဇီးဖျော်ရည်ခွက်ကိုကိုင်၍ ပုဖန်ဘေးတွင် ဝင်ထ်ိုင်လိုက်သည်။သူမ၏ မျက်လုံးလေးများက ကျေနပ်မှုဖြင့် တောက်ပနေပြီး ဖျော်ရည်ကို တဖြေးဖြေးချင်း စုပ်သောက်နေလေသည်။


ဒီအမျိုးသမီးက ဖျော်ရည်ကို လုံးဝ စွဲလမ်းနေပုံရလေသည်။ဘလက်ကီက အခါတိုင်းလိုပင် သိမြင်မှု သစ်သီးပင်အောက်တွင် အိပ်မောကျနေသည်။


မူလက ငါးလမ်းကြောင်း သိမြင်မှု သစ်သီးပင်တွင် အားလုံး အံ့အားသင့်ရသော ခုနစ်ချောင်း သိမြင်မှု သစ်သီးပင်အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ရုတ်တရက် ခုံပေါ်တွင် ငြိမ်းချမ်းစွာ မျက်လုံးမှိတ်၍ ထိုင်နေသော ပုဖန်၏ စိတ်ထဲသို့ ကြားဖြတ်မစ်ရှင်တစ်ခု တိုးဝင်လာခဲ့သည်။ဒီ ကြားဖြတ်မစ်ရှင်က ပုဖန်ကို မျက်မှောင်ကြုတ်သွားစေသည်။


"ကြားဖြတ် မစ်ရှင် ပါဝင်ပစ္စည်းဖြစ်သော ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါးကို ရှာဖွေရန်အစားကြူးတောင်ကြားထဲသို့ ဝင်ရောက်ပါ...ခဲပတ်ငါးကို ပြင်ဆင်ပါ...ဟင်းပွဲကို ပြင်ဆင်ပြီးသောအခါတွင် တ်ိုးတက်မှုအတွက် ခွင့်ပြုချက်နှင့် အရည်အချင်းများကို ပေးအပ်မည်...မစ်ရှင်၏ဆု ...အင်မော်တယ် ဝိုင် ပြုလုပ်ခြင်းနည်းလမ်း..."


ကြားဖြတ်မစ်ရှင် ရုတ်ချည်းထွက်ပေါ်လာမှုက ပုဖန်ကို ထိတ်လန့်သွားစေသည်။ထို့အပြင် မစ်ရှင်၏ ဦးတည်ရာအရပ်ကြောင့်လည်း သူ အံ့သြသင့်သွားမိ၏။


"ဒီတစ်ခါနေရာက အစားကြူးတောင်ကြားလား..."


ဒီတစ်ကြိမ် နေရာက အစားကြူးတောင်ကြားဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ထို့အပြင် ထိုနေရာသို့ သွားရမည်မှာကလည်း ပါဝင်ပစ္စည်းဖြစ်သော ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါးကို ရှာဖွေရန်ဖြစ်နေသည်။


အကယ်၍ စနစ်သာ သတိမပေးလျှင် ပုဖန်က ခဲပတ်ငါးအကြောင်းကို မေ့နေပေပြီ။သူ ထိုဟင်းပွဲကို ပြင်ဆင်နိုင်ရန်အတွက် ပါဝင်ပစ္စည်းများကို စိတ်အားတက်ကြွစွာ ရှာဖွေရပေတော့မည်။


ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါးကို အသုံးပြုထားပြီး ပုဖန်၏ အရည်အချင်းကို အကဲဖြတ်သော ဟင်းပွဲဖြစ်သောကြောင့် ခက်ခဲမှုက မြင့်နေသည်မှာလည်း မလွဲပေ။


ပုဖန်ထိုင်ခုံမှ ထလိုက်ပြီး ပျင်းရိစွာပင် ခါးကြောဆန့်လိုက်သည်။စားသုံးသူအရေအတွက်လည်း လျော့နည်းသွားပေပြီ မကြာခင်မှာပဲ တစ်နေ့တာအတွက် ဆိုင်ပိတ်ချိန်ရောက်လာပေတော့မည်။ပုဖန် ထိုင်ခုံကို နေရာတကျ ပြန်ထားလိုက်ပြီး မီးဖိုခန်းထဲသို့ ဝင်သွားလိုက်သည်။


မီးဖိုခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် မှော်ကဝေအန်းရှန့်နှင့် ယန်မ်ိန်ကျီတို့ စကားစပ်မြည်ပြောနေသည်ကို ဖမ်းမိသွားလေသည်။သူတို့ နှစ်ယောက် တုန်လှုပ်သွားပြီးနောက် သက်ဆိုင်ရာမီးဖိုခုံဆီသို့ အလျက်အမြန်ပြေးကာ ဖြတ်တောက်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြသည်။သူတို့နှစ်ယောက်က ပုဖန်ကို မျက်နာခ်ျိုသွေး၍ ပြုံးပြလိုက်သည်။


"ကောင်းတယ် ကောင်းတယ်...မကြာခင်မှာ နင်တို့ရဲ့ ဓားလေ့ကျင့်မှု လုပ်ငန်းစဉ်က ပြီးဆုံးတော့မှာ ငါ သိပ်မကြာခင် ခရီးတစ်ခု ထွက်ဖို့ရှိတယ် အဲ့ဒီအချိန်အတောအတွင်းမှာ နင်တို့ရဲ့ လေ့ကျင့်မှုကို နှစ်ဆမြင့်တင်ထားရမယ် ...ငါပြန်လာတာနဲ့ နင်တို့ နှစ်ယောက်ရဲ့ ဓားစွမ်းရည်ကို စစ်ဆေးမယ်...ကျရှုံးတဲ့လူက အပြစ်ပေးခံရမယ်..."


ပုဖန် သူ့၏ မီးဖိုခုံရှေ့၌ ရပ်လိုက်ပြီး ထိုနှစ်ယောက်ကို ရက်စက်ကြမ်းတမ်းစွာပြောလိုက်သည်။အမျိုးသမီးနှစ်ယောက်လုံးက ပုဖန်ကိုကြောင်အစွာ ကြည့်လိုက်သည်။သူတို့၏ ဓားလေ့ကျင့်ရေးပြီးဆုံးတော့မည်ဟု ကြားလိုက်ရသောကြောင့် နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားကြလေသည်။


သို့သော်လည်း ပုဖန်က ကျွမ်းကျင်မှုကိုစစ်ဆေးမည့်အပြင် ကျရှုံးသူကိုလည်း အပြစ်ပေးမည်ဟု ပြောလိုက်သောကြောင့် တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်မိကြသည်။


သူတို့၏ အမူအရာများကို ဂရုမစိုက်ပဲ သူ့၏ စိတ်ထဲမှ ခဲပတ်ငါးချက်ပြုတ်ခြင်းနည်းလမ်းများကိုသေချာစဉ်းစားတွေးတောရင်း ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။သူခဲပတ်ငါးကို စမ်သပ်ပြုလုပ်ကြည့်ရန် ဆက်လက်လုပ်ဆောင်နေခဲ့သည်။မည်သို့ပင်ဆိုစေ ထိုဟင်းပွဲကလည်း အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသေးသည်။


ခဲပတ်ငါးကို လွယ်ကူသည်ဟုလည်း ပြော၍မရသလို ခက်ခဲသည်ဟုလည်း ပြော၍ မရပေ။ပုဖန်၏လက်မှ အစိမ်းရောင်မီးခိုငွေ့များပေါ်လာပြီးရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။အမျိုးသမီးနှစ်ယောက်က နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ကြားလိုက်ရသောကြောင့် ပုဖန်ကိုကြည့်လိုက်ကြသည်။သူတို့နှစ်ယောက်လုံး၏ အကြည့်များအောက်မှာပင် ပုဖန် များပြားလှစာသော ပစ္စည်းများကို ဆွဲထုတ်ယူလိုက်သည်။


ထိုပါဝင်ပစ္စည်းများက အမျိုးသမီးနှစ်ယောက်က စိမ်းသက်နေသောကြောင့် သူတို့ အံ့အားသင့်သွားကြသည်။


"ပိုင်ရှင်ပုက ဟင်းပွဲအသစ်တစ်ခု လုပ်မလို့လား..."


ပုဖန် မှန်ပုံးတစ်ခုထဲမှ ငါးအရှင်တစ်ကောင်ကို ထုတ်ယူလိုက်သည်။ထိုငါးက အဆီအပြည့်ဖြင့် ဝဖြိုးနေလေသည်။၎င်းက ထိပ်တန်း အဆင့် ပါဝင်ပစ္စည်းတစ်ခုဖြစ်ပုံပေါ်သည်။ထိုငါးဝတုတ်အပြင် စိတ်ဝိညာဉ် သစ်သီးအမျိုးမျိုးနှင့် စိတ်ဝိညာဉ် ဆေးပင်အမျိုးမျိုးကိုပါ ထုတ်ယူလိုက်သည်


မီးဖိုခန်းထဲတွင် သိပ်သည်းလှသောစိတ်စွမ်းအင်မွှေးရနံ့များ ပြန့်နှံ့သွားလေသည်။ထိုပါဝင်ပစ္စည်းများအဖြစ် ပုဖန်က အန်းရှန့်နှင့် ယန်မိန်ကျီတို့ တစ်ခါမှ မမြင်ဖူးသော တခြားပစ္စည်းတစ်ချို့ကိုလည်း ထုတ်ယူလိုက်လေသည်။


ထို့နောက် ပုဖန်က မီးဖိုခန်းထောင့်ဆီသို့ လျှောက်သွားလိုက်ပြီး ဗီရိုကို ဖွင့်လိုက်သည်။တစ်ချိန်တည်းမှာပင် အမျိုးသမီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြပြီး လေအေးတစ်ချက်ရှ်ိုက်လိုက်မိကြသည် ။


ထိုဗီရိုထဲတွင် အလွန်ကြီးမားလှသော ဥတစ်လုံးရှိနေသည်။ထိုဥ၏ အပေါ်ယံလွှာတွင် သိပ်သည်းလှသောစိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ ဖုံးလွှမ်းနေ၏။ထိုဥမှ ဖိနှိပ်နိုင်စွမ်းသော စွမ်းအင်များက ပတ်ဝန်းကျင်ကို ပြန့်နှံ့လာလေသည်။၎င်းက ဖီးနစ်ဥပင်။


"ပိုင်ရှင်ပုက ဖီးနစ်ဥတစ်လုံးကို ဖွက်ထားတာလား..."


သို့သော်လည်း ပုဖန်က ထိုဖီးနစ်ဥကို မယူပဲ လက်ကိုင်ပါသောဝိုင်ဖြူအိုးတစ်လုံးကို ယူလိုက်သည်။ထိုဝိုင်အိုးကို မီးဖိုခုံပေါ်တင်လိုက်ပြီးနောက် ခဲပတ်ငါးအတွက်အရေးကြီးဆုံးပါဝင်ပစ္စည်းကို ထုတ်ယူလိုက်သည်။၎င်းက စနစ်ပြင်ဆင်ပေးထားသော ငါးချက်နည်းအညွှန်းပင်ဖြစ်သည်။