အပိုင်း ၆၄၀
Viewers 53k

အခန်း ၆၄၀

မွှေးကြိုင်လှသော စက္ကူထုပ်ငါး...


ပုဖန် သူ့၏ ပါဝင်ပစ္စည်းများကို စတင်၍ ကိုင်တွယ်လိုက်သည်။ယန်မိန်ကျီနှင့် အန်းရှန်းတို့ နှစ်ယောက်သား ငါးအသားဖတ်လေးများကို လေထဲလွင့်မျောနေအောင် လုပ်ဆောင်နေသော ပုဖန်ကိုကြောင်အစွာကြည့်နေမိကြသည်။


ငါးအသားဖတ်လေးများက လေထဲကွေးကောက်ပျံသန်းသွားသည်။သူ့၏ အကြေးခွံလေးများကလည်း အရင်တိုင်း တောက်ပနေဆဲပင်ဖြစ်သည်။ထိုမြင်ကွင်းက ကြည့်၍ပင် ကောင်းလှသည်။


ရွှေနဂါး အရိုးမီးဖိုချောင်သုံးဓား၏ ရင်သက်ရှုမောဖွယ်ကောင်းလှသော အလင်းတန်းများကလည်း လေထဲ ပျံ့နှံ့နေသည်။


ဓားအလင်းက မျက်စိနှင့် မမြင်နိုင်သော နှုန်းထားဖြင့် ရွေ့လျားနေ၏။ငါအကြေးခွံများကလည်း ကောင်းကငိပေါ်၌ ပန်းပွင့် များကြွေကျလာသလိုမျိုး ပြန့်ကျဲနေလေသည်။


ယန်မိန်ကျီနှင့် အန်းရှန့်တို့က ပုဖန်၏ ကျွမ်းကျင်ပြောင်မြောက်လှသော ဓားပညာရပ်ကိုကြည့်ရင်း သူတို့ ကမ္ဘာသစ်တစ်ခုထဲသို့ လုံးလုံးရှားရှားကျရောက်သွားသလိုမျိုး ခံစားလိုက်ရသည်။


ပိုင်ရှင်ပု၏ ဓားစကေးကအသက်ရှုမှားလောက်အောင် လှပလွန်းလှသည်။မျက်တောင်တစ်ခက်အတွင်းမှာပင် ငါးခေါင်းနှင့် ကိုယ်ထည်သာ ကျန်ခဲ့ပြီး အသားများကို လွှာထုတ်ပြီးသွားလေပြီ။


ပုဖန်က ပထမဦးစွာဖြင့် ဓားပြားလေး ဖြင့် ငါးအသားကို ရိုက်လိုက်သည်။ထို့နောက် သူ့၏ လက်ချောင်းလေးများက ငါးအသား၏ တစ်ဖက်ကို ဖိထားလိုက်ပြီး နောက်တစ်ဖက်ဖြင့် အရိုးများကို လျင်မြန်စွာ ဆွဲထုတ်ပစ်လိုက်သည်။


အရိုးများအားလုံး ရှင်းထုတ်ပြီးသည်နှင့် ဓားသွားကို အသုံးပြုပြီး ငါးအရေခွံနှင့် အသားကို ခွဲခြားလိုက်သည်။ထို့နောက် ထိုအရေခွံကို ဖယ်ရှားလိုက်ပြီး ငါးအသားကို ပန်းကန်လုံးတစ်ခုထဲသို့ ထည့်ထားလိုက်သည်။ပြီးသည်နှင့် တခြားပါဝင်ပစ္စည်းများကို ဆက်လက်ပြင်ဆင်နေလိုက်သည်။


သူစိတ်ဝိညာဉ် အနှစ်သာရများ စီးဆင်းနေသည့် အနီရောင်အဆင့်ရှိသော ပါဝင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။သူ့၏ မီးဖိုချောင်သုံးဓားက လှပစွာ ပျံဝဲသွားပြီး စိတ်ဝိညာဉ် သစ်သီးကို အလယ်မှ ပိုင်းချလိုက်သည်။ထို့နောက် တခြားသော ပါဝင်ပစ္စည်းများအားလုံးကိုလည်း ပြင်ဆင်ပြီး ပန်းကန်ပြားထဲ ထည့်ထားလိုက်သည်။


သူ မီးဖိုမီးကို ဖွင့်လိုက်သည်။အပူချိန်မြင့်လာသည်နှင့် အိုးထဲသို့ ဆီအနည်းငယ်လောင်းထည့်လိုက်၏။ဆီဆူလာသည်နှင့် ရောနှောထားသော အသားများနှင့် စိတ်ဝိညာဉ်ဆေးပင်များကို ထည့်၍ ရောကြော်လိုက်သည်။သင်းပျံ့ကြိုင်လှိုင်လှသော မွှေးရနံ့များ ထွက်ပေါ်လာလေ၏။


ခဏမျှကြော်ပြီးသည်နှင့် ထိုအမယ်များအားလုံးကို ပန်းကန်ပြားတစ်ခုထဲ လှဲထည့်ထားလိုက်သည်။စနစ်၏နည်းအတိုင်းပင် စက္ကူထုပငါးလုပ်ဖို့ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ဆော့စ်များကိုလည်း ပြင်ဆင်ထားလိုက်သည်။


ယခုနောက်ဆုံး ငါးပွဲကို ပြင်ဆင်ရန်သာလိုတော့သည်။ပုဖန် ကြည်လင်လှသော အဖြူရောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ကြည့်ရသည်မှာ သာမန်ဆန်သော်လည်း တမူထူးခြားသော အော်ရာများရှိနေသည်။၎င်းက ဆန်းကြယ်သည့်ခံစားမှုနှင့် သက်တောင့်သက်သာဖြစ်စေသော ခံစားမှုကို ပေးစွမ်းလေသည်။


ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သုံးပြီး စက္ကူကို အသဲပုံ ပုံသဏ္ဍာန်ဖြစ်အောင် လှီးဖြတ်လိုက်သည်။ထို့နောက် ကြော်ချက်ထားသော အသားများကို ထုတ်ပိုးရန် အဆင်သင့် ဖြစ်သွားလေသည်။


စာရွက်ကို ဖြန့်လိုက်သည်။ပထမဦးစွာ ကြော်ထားသော အသားများကို ထည့်လိုက်ပြီး ဆော့စ်အချိုဖြန်းလိုက်သည်။ပြီးသည်နှင့် ဆော့စ်ထဲစိမ်ထားသော ငါးအသားလွှာကို အပေါ်မှ တင်လိုက်သည်။ထို့နောက် ဆေးဖက်ဝင် အပင်ကို အပေါ်မှ နေ၍ ဖုံးကာသွားအောင် အုပ်လိုက်သည်။


အားလုံးပြီးစီးသွားလေပြီ။သို့သော်လည်းပုဖန်က တစ်ခုတစ်ခုကို သတိရသွားဟန်ဖြင့် မီးဖိုခန်းထဲမှ အလျင်အမြန်ထွက်သွားလိုက်သည်။သိမြင်မှု သစ်သီးပင် ဆီမှ သစ်ရွက်နှစ်ရွက်ခူးလာပြီး မီးဖိုခန်းထဲသို့ ပြန်လာလိုက်သည်။


သစ်ရွက်နှစ်ရွက်ကို သေချာ ဆေးလိုက်ပြီးနောက် သေချာစွာ ဖြတ်တောက်ထားသော ဆေးပင်များ အပေါ်တွင်တင်လိုက်သည်။ပြီးသည်နှင် သူ အဖြူရောင်ဝိုင်အိုးပုလင်းကို ဖွင့်လိုက်သည်။သိပ်သည်းလှသော ဝိုင်မွှေးရနံ့က ပြန့်နှံ့ထွက်ပေါ်လာ၏။၎င်းက သူမကြာသေးခင်က သူပြုလုပ်ထားခဲ့သော သိမြင်မှု ရေခံမီးလျံဝိုင်ဖြစ်သည်။


၎င်းကို ဆိုင်အတွင်း၌ရှိနေသော ခုနစ်ကြောင်းဟသိမြင်မှု သစ်သီးပင်မှ ထုတ်လုပ်ထားခြင်းဖြစ်၏။သူ့၏အရသာက အသစ်အဆန်းဖြစ်သည့်အပြင် မွှေးရနံ့ကိုလည်း တစ်မိုင်အကွာအဝေးမှပင် ရနိုင်သည်။


သို့သော်လည်း ၎င်းကို ချက်ပြုတ်ဖို့အတွက်သာ အသုံးပြုခြင်းဖြစ်သည်။ပုဖန်က ကြည်လင်လှသော ဝိုင်ကို ခွက်တစ်ခုထဲသို့ လောင်းထည့်လိုက်သည်။


ယန်မ်ိန်ကျီနှင့် အန်းရှန့်တို့ နှစ်ဦးလုံးက မွှေးပျံ့လှသော ရနံ့များကို မက်မောစွာ ရှုရှိုက်လိုက်ပြီးနောက် တွေဝေငေးမောစွာ ကြည့်နေကြလေသည်။သူတို့ နှစ်ယောက်စလုံး အနံ့အသက်များ၏ ဆွဲဆောင်မှုကို ခံလိုက်ရလေပြီ။


"ဒီဝ်ိုင်ရဲ့ အနံ့က ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် နှစ်သက်စရာကောင်းနေရတာလဲ...ပိုင်ရှင်ပု ဒီလိုဝိုင်မျိုး ထုတ်လာတာကို တစ်ခါမှ မမြင်ဖူးပါလား..."


အမျိုးသမီး နှစ်ယောက်လုံး သူတို့ နှလုံးသားထဲမှာပင် ယားကျိကျိ ဖြစ်လာမိပြီး တံတွေးတစ်လုတ်စီ မျိုချလိုက်ရသည်။ထိုကဲ့သ်ို့သော အရည်အသွေးမြင့်လှသည့် ဝိုင်မျိုးကို ဟင်းချက်သည့်နေရာတွင်ပင် သုံးခြင်းက ဖြုန်းတီးရာကျလွန်းလှသည်။


မှန်ပေသည် ပုဖန်က သူတို့ကို အရေးမစိုက်ပေ။သူငါးအသားပေါ် ဝိုင်ကို လောင်းချလိုက်သည်။ထို့နောက် စက္ကူဖတ်ကို ပြန်၍ ထုတ်လိုက်၏။သူပြီးသည်နှင့် အသင့်ပြင်ထားပြီးသော ကြက်ဥအနှစ်ကို စက္ကူကပ်သွားအောင် သုတ်လိုက်သည်။


သူ နှစ်ထပ်မျှ ထပ်ထုတ်လိုက်ပြီး သေသေချာချာပိတ်ထားလိုက်သည်။၄က စက္ကူဘောလုံးတစ်လုံးလိုပင် ဖြစ်သွားလေသည်။ယန်မ်ိန်ကျီနှင့် အန်းရှန့်တို့ နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။


"လခွမ်း ဒါဘာကြီးလဲ စားလို့ကောရရဲ့လား...ဘာလို့ ငါးအသားတွေကို စက္ကူနဲ့ ထုပ်ထားတာလဲ ငါးအသားဆိုတာ ကြော်ရမှာမဟုတ်ဘူးလား...အဲ့ဒီစက္ကူက စားလို့ရရဲ့လား...ပိုင်ရှင်ပုရဲ့ ဟင်းပွဲက တကယ့်ကိုပဲ ထူးဆန်းလွန်းတယ် ..."


ပုဖန်က ထ်ိုနှစ်ယောက်၏ အကြည့်များကို ခံစားမိလိုက်သောကြောင့် ခေါင်းငဲ့စောင်း၍ ကြည့်လိုက်သည်။ထို့နောက် နက်နဲလှသော အပြုံးတစ်ခုကို လှစ်ဟ၍ ပြောလိုက်သည်။


"နင်တို့ နှစ်ယောက်က ဘာလို့ ဓားလေ့ကျင့်ရေးကို ဆက်မလုပ်ကြတော့တာလဲ...ကြည့်ရတာတော့ ငါ့ရဲ့ စစ်ဆေးမှူအတွက်ကို အသင့်ဖြစ်နေကြပြီထင်တယ်..."


အမျိုးသမီး နှစ်ယောက်လုံး တောင့်တင်းသွားသည်။ထို့နောက် သူမတို့၏ မီးဖ်ိုခုံဘက်ကို ပြန်လှည့်သွားပြီးနောက် ဓားလေ့ကျင့်ရေးကို ဆက်လက်လုပ်ဆောင်ကြလေသည်။


ပုဖန် ငါးထုပ်ကိုကိုင်၍ မီးဖိုချောင်ထောင့်တွင် ထားထားသော မုန့်ဖုတ် စက်ကို ဖွင့်လိုက်ပြီး အတွင်းထဲ ထည့်ထားလိုက်သည်။မုန့်ဖုတ်စက်၏ အပူချိန်ကို ညှိပြီးသောအခါမှသာ သူသက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။


ဒီအဆင့်ထိပြီးသွားလျှင် စက္ကူထုပ် ငါးပြီးပြီဟုပင်ပြောနိုင်ပေသည်။ပုဖန် လက်မှ ရေများကို ခြောက်အောင် သုတ်လိုက်ပြီးနောက် လက်နှစ်ဖက်နောက်ပစ်၍ အမျိုးသမီးနှစ်ယောက်ဆီသို့ လှမ်းကြည့်လိုက်သည်။ယန်မိန်ကျီနှင့် အန်းရှန့်တို့ နှစ်ဦးလုံး ပခုံးပေါ်သို့ ပြင်းထန်လှသော ဖိအားတစ်ရပ်ကျရောက်လာသလို ခံစားလိုက်ရသည်။


မည်သို့ပင်ဆိုစေကာမူ သူတို့ နှစ်ယောက်လုံးက ပုဖန် အသုံးပြုလိုက်သော ဗီရိုနှင့် တူသည့် ကြေးဝါရောင် ပုံးကြီးကို စိတ်ဝင်စားနေကြတုန်းဖြစ်သည်။


"ပိုင်ရှင်ပုက အဲ့ဒီကြေးဝါရောင် ဗီရိုထဲကို ထည့်ပြီးတာနဲ့ ပြီးသွားပြီလို့ ယူဆလ်ိုက်တာလား...ဒါမှမဟုတ် သူက နောက်တစ်ဆင့် ထပ်လုပ်ရဉီးမှာလား ...အဲ့ဒီကြေးဝါဗီရိုကြီးက ဟင်းပွဲတွေရဲ့ အရသာကို ပိုကောင်းအောင်များ ပြုလုပ်ပေးထားတာလား...ပိုင်ရှင်ပုရဲ့ အချက်အပြုတ်ပစ္စည်းတွေ အကုန်လုံးက တော်တော်လေး အဆင့်အတန်း မြင့်တာပဲ..."


အချိန်ခဏမျှကြာပြီးနောက် ပုဖန် ကြေးဝါရောင် ဖုတ်စက်ဆီသို့ ပြန်လည်လျှောက်သွားလိုက်သည်။ငါးကို ပတ်ထားသော စက္ကူ၏ အရောင်က အဝါရောင်အဖြစ်သို့ အနည်းငယ် ပြောင်းလဲနေပေသည်။သူအပေါက်သေးသေးလေးဖောက်လိုက်သည့်အချိန်တွင် မွှေးရနံ့များ ပွင့်ထွက်လာလေ၏။


သို့သော်လည်း ဒီဟင်းပွဲက မကျက်သေးကြောင်းသူသိပေသည်။ထို့နောက် ထိုအပေါက်အတိုင်း ထိုစက္ကူထုပ်ကို မုန့်ဖုတ်စက်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ဒီတစ်ကြိမ်၌ သေချာမည်မဟုတ်ပေ။


မကြာခင်မှာပင် မုန့်ဖုတ်စက်ထဲမှ ထိုစက္ကူထုပ်ကို ပြန်ယူလိုက်သည်။ရွှေရောင်သန်းသွားသော စက္ကူထုပ်ကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားလိုက်၏။


ယန်မိန်ကျီနှင့် အန်းရှန့်တို့ နှစ်ဉီးကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် ထိုစက္ကူဘောလုံးကို ကြည့်နေကြ၏။


"ဒါကိုလည်းဟင်းပွဲလို့ ပြောနိုင်တာလား...ပိုင်ရှင်ပု ဒါကို ငါတို့ ဘယ်လို စားရမှာလဲ ..."


အစားသရဲ ဖြစ်သော အန်းရှန့်က ထိုဟင်းပွဲကို တော်တော်လေးစိတ်ဝင်စားနေပေသည်။ပုဖန်က အန်းရှန့်ကို တစ်ချစ်ကြည့်လိုက်ပြီးနောက် သူမမေးခွန်းကို လျစ်လျူရှူထားလိုက်သည်။


ထို့နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ခေါ်ယူပြီး စက္ကူလုံးကို အသာအယာလှီးဖြတ်လိုက်၏။စက္ကူအတွင်းမှ ပြင်းထန်သော အပူခ်ျိန် ပေါ်ထွက်လာလေသည်။ပုဖန် လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့၏ လက်ထဲတွင် ဝိုင်ဖြူအိုးတစ်လုံးပေါ်လာသည်။


ထို့နောက် ထိုစက္ကူထုပ်ငါးပေါ်သို့ ဝိုင်အနည်းငယ်လောငါးချလ်ိုက်သည် ။စက္ကူဖတ်အတွင်းမှ အပူငွေ့များက တလှပ်လှပ် ထိုးထွက်နေတုန်းဖြစ်သည်။


သင်းပျံ့ကြိုင်လှိုင်လှသော မွှေးရနံ့များကလည်း မီးဖ်ိုခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပေပြီ ။ထိုမွှေးရနံ့များက ပုဖန်၏ နှာခေါင်းထဲ တိုးဝင်သွားသောကြောင့် ကျေနပ်နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။


"ဒီအနံ့က အရမ်းကောင်းတာပဲ ...ဒီအနံ့လေးက ဝ်ိုင်ရဲ့ အနံ့နဲ့ အသားရဲ့ အနံ့ရောစပ်နေတယ် သူအရသာကလည်း တော်တော်လေး ထူးဆန်းလောက်တယ် ...အဲ့ဒီ အနံ့လေးက လူတစ်ယောက်ရဲ့ စိတ်ကို ကြည်လင်လန်းဆန်းသွားစေတယ် ..."


အန်းရှန့်နှင့် ယန်မ်ိန်ကျီတို့ နှစ်ဦးသား မွှေးရနံ့ထဲ နစ်မြှုပ်သွားပြီး ပြန်လည် နှ်ိုးမထတော့ပေ။နောက်ဆုံး၌ စက္ကူလုံးက်ို ဖွင့်ဟလိုက်ပြီး ငါးအသားလေးများကို ဖော်ထုတ်လိုက်သည်။


အသားက လုံးဝ ကျက်နေပေသည်။စက္ကူလုံးအတွင်းမှ ဝိုင်များက ဆူပွက်နေဆဲ ဖြစ်သောကြောင့် ငါးအသားလေးကလည်း တုန်ခါနေသည်။စိတ်ဝိညာဉ် ဆေးပင်များ ဝိုင်းရံထားပုံကလည်း ပွင့်လန်းလာသော ပန်းတစ်ပွင့်ကဲ့သို့ပင် လှပပြီး ချစ်စရာကောင်းလှသည်။


"လာ ...လာမြည်းကြည့်..."


ပုဖန် ယစ်မူးပျော်ဝင်နေသော အမျိုးသမီးနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ပုဖန်ကိုယ်တိုင်လည်း တူတစ်စုံကို ကောက်ယူလိုက်သည်။ထိုနှစ်ယောက်ကို အလေးမထားတော့ပဲ ဟင်းပွဲ၏ အလယ်မှ ငါးအသားကို ယူလိုက်၏။


တောက်ပသော အလင်းရောင်အောက်တွင် နူးညံ့လှသော အသားသည် ဆွဲဆောင်မှု ရှိလှသော အလင်းများဖြင့် လှပနေလေသည်။အသားရနံ့နှင့် ဝိုင်ရနံ့တို့ ရောစပ်ပေါက်ကွဲပြီး ထွက်ပေါ်လာသော ရနံ့ကို သူပြင်းပြင်းထန်ထန် ရှုရှိုက်လိုက်သည်။


ဒါက ကောင်းကောင်းကျက်သွားတာ ပဲ...အနံ့ကလည်း အရမ်းကောင်းတယ်..."


 ပုဖန်ကျေနပ်စွာ ပြုံးလိုက်သည်။သူ ငါးအသားလေးကို ပါးစပ်ထဲ ထည့်လိုက်သည်။ပါးစပ်ထဲရောက်သည်နှင့် အသား၏အရသာက ပေါက်ကွဲထွက်လာပြီး လျှာဖျားထဲ တိုးဝင်သွားလိုက်သည်။


ပုဖန် အနည်းငယ် ဝါးလိုက်သည်။သို့သော်လည်း သူဝါးနေသည်က ငါးအသားမျှသာမဟုတ်ပဲ ရောစပ်ထားသော အသားနှင့် မွှေးရနံ့ ဝိုင်၏ မွှေးရနံ့များအားလုံးက သမမျှတစွာ ရောနှောပါဝင်နေလေသည်။


ဒါကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရလျှင် အရသာရှိသည်။ယန်မိန်ကျီနှင့် အန်းရှန့်တ်ို့ကလည်း ပုဖန်၏ ယစ်မူးပျော်ဝင်နေသော အမူအရာက်ို ကြည့်၍ စိတ်အားထက်သန်လှသည်။သူတို့ တူတစ်စုံဆီ ကောက်ယူလိုက်ပြီး အသားတစ်ဖက်က်ို ပါးစပ်ထဲ ထည့်လိုက်သည်။


"ဟမ်း...ကောင်းလိုက်တာ..."


စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့် အန်းရှန့်၏ မျက်နာပေါ်မှ အရေပြားများပင် တုန်ခါသွားသည်။သူ့၏ မျက်ဝန်းများကလည်း ချက်ချင်းဆိုသလိုပင် သွေးနီရောင်ရဲလာသည်။


သူမ၏ ရင်နှစ်မွှာကလည်း ပျော်ရွှင်မှုဖြင့် သိမ့်သိမ့်တုန်ခါနေလေသည်။ယန်မိန်ကျီ ငါးအသားကို စားလိုက်မိခြင်းပင် အံ့အားသင့်သွားသည်။ပထမဦးဆုံး ထိုမျှ အရသာရှိလှသော ငါးအသားက်ို စားဖူးခြင်းဖြစ်၏။သူမကို သူမ ကျယ်ပြောလှသော ပင်လယ် သမုဒ္ဒရာကြီးထဲတွင် ရေကူးသင်နေသော ငါးလေးတစ်ကောင်အဖြစ်သို့ ခံစားလိုက်မိသည်။


"ဒါက အရမ်းကိုပဲ အရသာရှ်ိလိုက်တာ..."


ဆန်းကြယ်လှသော မွှေးရနံ့များက မီးဖိုချောင်ထဲမှ ပြန့်ထွက်သွားပြီး ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။စားသောက်ခန်းထဲတွင် ရှိနေသော နယ်သာရီက ရုတ်တရက် ပုဖန်၏ နာမည်ကို အော်ဟစ်ခေါ်လာလေသည်။


ပုဖန် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး ထိုစက္ကူထုပ်ငါးကို သယ်၍ စားသောက်ခန်းထဲသို့ ထွက်သွားလိုက်သည်။ခွေးဘုရင်၏ အကြည့်များက စက္ကူထုပ်ငါးပေါ်တွင်သာ ကျရောက်နေသည်။ထိုင်ခုံတွင် ဝင်ထိုင်နေပြီဖြစ်သော နယ်သာရီ၏ အကြည့်များကလည်း လောဘရောင်ဖြင့် တောက်ပနေလေသည်။


"ဒီအစားသရဲ အမျိုးသမီးကတော့ ..."


ဒီတစ်ကြိမ် စက္ကူထုပ်ငါးက်ို အရည်အသွေးန်ိမ့်သော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။သူ အစားကြူးတောင်ကြားထဲသို့ ဝင်၍ ကောင်းကင်ဝါးမြို ဝ်ိညာဉ် စက်ငါးကို ရှာဖွေပြီးလျှင် ပို၍ ကောင်းမွန်သော စက္ကူထုပ်ငါးက်ို ပြုလုပ်ရပေမည်။