အခန်း ၆၄၁
အစားကြူးတောင်ကြားထဲဝင်ရောက်ခြင်း...
နယ်သာရီ ငါးအသားကို ပျော်ရွှင်မြူးတူးစွာ ဆက်လက်စားသောက်နေသည်။သူမ၏ မျက်နာကလည်း အနီရောင်ပြောင်းနေလေသည်။သူမ၏ နှုတ်ခမ်းပါးရဲရဲလေးများကို ဖွင့်ဟ၍ လေတစ်ချက် မှုတ်ထုတ်လိုက်သည်။
ဒီစက္ကူထုပ်ငါး၏ အရသာက မယုံနိုင်စရာကောင်းလှလေသည်။၎င်း၌ ကိုယ်ပိုင်ဆန်းကြယ်သော အရသာအပြင် ဆွဲဆောင်မှုရှိလှသော မွှေးရနံ့များရှိနေလေသည်။
၎င်းအရသာထဲတွင် နယ်သာရီ နစ်မြော ပျော်ဝင်နေမိသည်။သူမပုဖန်၏ အမူအရာတိုင်းလိုက်၍ ခုံပေါ်တွင် ထိုင်လိုက်သည်။သူမ၏ ဖြူဖွေးလှသောခြေထောက် လှလှလေး နှစ်ချောင်းက ဖြားယောင်းသွေးဆောင်နေပေသည်။
ယန်မိန်ကျီနှင့် အန်းရှန့်တို့ နှစ်ဦးသား တစ်ယောက်က်ို တစ်ယောက်ကြည့်လိုက်ကြသည်။ထိုအမျိုးသမီးနှစ်ယောက်ကလည်း ငါးအသား၏ ကောင်းမွန်းလှသော အရသာတွင် ဆွဲဆောင်ခံရပြီဖြစ်သည်။
ပုဖန် လက်နှစ်ဖက်နောက်ပစ်၍ ဆိုင်ထဲတွင် ပတ်လျှောက်နေသည်။ထို့နောက် အမျိုးသမီးသုံးယောက်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကောင်းပြီ အန်းရှန့် နင်ပြန်သင့်ပြီ ...မနက်ဖြန် ကျရင် စောစောလာခဲ့ နင့်ရဲ့ ဓားလေ့ကျင့်ရေးကို ဆက်လုပ်ရမယ်..."
အရသာထဲတွင် ယစ်မူးပျော်ဝင်နေသော အန်းရှန့်က ပုဖန်ဘက်သို့ လက်ဝှေ့ယမ်း၍သာ ပြန်တုံ့ပြန်လိုက်သည်။အန်းရှန့် ပြန်သွားပြီးနောက် နယ်သာရီကလည်း သူမ၏ ငရဲကမ္ဘာသင်္ဘောထဲသ်ို့ ဝင်၍ အနားယူနေသည်။ယန်မိန်ကျီ သူမ၏ အခန်းထဲသို့ သွား၍ တစ်နေ့တာ၏ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်လိုက်သည်။စားသောက်ဆိုင်းအတွင်းက တစ်ဖန်ပြန်လည်၍ ငြိမ်သက်တိတ်ဆိတ်သွားပြန်သည်။
မနက်ခင်းနေရောင်ခြည်များ ပြတင်းပေါက်က ဖြတ်သန်းဝင်လာသည့် အချိန်တွင် ဆောင်းဦးရာသီ၏ အမှတ်အသားဖြစ်သော အေးစက်သည့် လေညှင်းများပါ လိုက်ပါလာလေသည်။ပုဖန် အိပ်ယာမှ ထ၍ ပြတင်းပေါက်နား လျှောက်သွားလိုက်သည်။သူ ပျင်းရိစွာဖြင့် အကြောအချဉ် ဆန့် လိုက်ပြီး အားပါးတရ သန်းဝေလိုက်သည်။
ဒီနေ့သည် သူအစားကြူးတောင်ကြားအတွင်းသို့ သွားရမည့် နေ့ဖြစ်သည်။ကောင်းကင်ဝါးမြို ဝ်ိညာဉ်စက်ငါးကို ရှာဖွေရန် သို့မဟုတ် စနစ်က ပေးအပ်သည့် မစ်ရှင်ကို လုပ်ဆောင်ရန်အတွက် ထိုနေရာသို့ မဖြစ်မနေသွားရပေမည်။
ထိုအစားကြူးတောင်ကြားမှ ဝမ်ရန်ချုံနှင့် ကျိုးထုံတို့နှစ်ဦးကို သူတွေ့ကြုံထားရပြီဖြစ်သည်။ထိုနှစ်ဦး၏ အချက်အပြုတ်ပညာကလည်း အံ့မခန်း စွမ်းရည်ရှိလှသည်။
သူတို့ ပြောစကားများအရ အစားကြူးတောင်ကြားက ပုန်းကွယ်နဂါးတ်ိုက်ကြီးနှင့် ဆက်စပ်နေသော စားဖိုမှူးများအတွက် နတ်ဘုံနတ်နန်း နေရာဖြစ်သည်။ထိုနေရာတွင် စားဖိုမှူးအများအပြားလည်း နေထ်ိုင်ကြသည်။
စားဖိုမှူးများ၏ သုခဘုံ...
ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်ပြီး အချက်အပြုတ် နတ်ဘုရားဖြစ်လာရန် ရည်ရွယ်ထားသော သူ့အနေဖြင့် ထိုနေရာသို့ မသွားဖို့ မဖြစ်နိုင်ပေ။
သို့သော်လည်း သူ ထိုခရီးကို မစတင်ခင် သူ့ခန္ဓာကိုယ်၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိရပေမည်။လမ်းခရီးတစ်လျှောက်တွင် စိန်ခေါ်မှု အနည်းငယ်ကိုလည်း သူရင်ဆိုင်တွေ့နိုင်သည်။ထို့အပြင် စားဖိုမှူး အနည်းငယ်ကလည်း သူ့ကို စားဖိုမှူးစိန်ခေါ်ပွဲအတွင်းသို့ ဆွဲသွင်းနိုင်ပေသည်။
စားဖိုမှူး စိန်ခေါ်ပွဲသည် သူ့အတွက် သာမန်မဟုတ်သော စွန့်စားမှု ခံစားချက်မျိုးကို ပေးစွမ်းလေသည်။အတွေးတစ်ချက်နှင့်ပင် သူ့၏ ရှေ့တွင် ဓားဗီရိုတစ်ခု ပေါ်လာလေသည်။ထိုထဲတွင် အေးစက်လှသော အော်ရာများကို ထုတ်လွင့်၍ ရေခဲဓားတစ်ချောင်းရှိနေသည်။
ဒါက စားဖိုမှူး စိန်ခေါ်ပွဲကို ဆုံးရှုံးလိုက်ရခြင်း၏ ရလဒ်ပင် ဖြစ်သည်။ယခု၌ အနိုင်ရသူက တစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှု အားလုံးကို သိမ်းကြုံးယူသွားနိုင်ပေလိမ့်မည်။ထိုအပြင် သူတို့၏ ချက်ပြုတ်ခွင့်ကိုလည်း ဆုံးရှုံးရပေလိမ့်မည်။
သူ့အတွက်ဖြစ်တည်လာမယ့် စားဖိုမှူးစိန်ခေါ်ပွဲအားလုံးကို သူရှောင်လွဲခွင့် မရဘူးဆိုသည်ကိုလည်း ပုဖန် ရှင်းလင်းစွာ သိနေပေသည်။ပိုဆိုးသည်က သူ အစားကြူးတောင်ကြားသို့ ဝင်လိုက်သည်နှင့် တကယ့်စစ်ပွဲကြှးတစ်ခုအလား ဖြစ်လာမည်ကိုပင် စိုးရိမ်နေမိသည်။
ဒီခရီးစဉ်က သူ့ကိုသူ ကြီးကြီးမားမားအန္တရာယ်ကျရောက်စေနိုင်လိမ့်မည်။သို့သော်လည်း ထိုကဲ့သို့ အန္တရာယ်ရှိမည်ဆိုလျှင်ပင် သူ တက်နိုင်တာမရှိပေ။
ပုဖန် စဉ်းစားနေပြီးနောက် သူ့၏ အခန်းထဲမှ ထွက်လာခါ စားသောက်ခန်းဆီသို့ ဆင်းသွားလိုက်သည်။ယန်မိန်ကျီနှင့် အန်းရှန့်တို့ နှစ်ဦးလုံးက သူတို့၏ ဓားလေ့ကျင့်ရေးကို စတင်နေပြီဖြစ်သည်။ယခင်နေ့က တွေ့ခဲ့ရသော ပုဖန်၏ စွမ်းအင်များက သူတို့ကို လှုံ့ဆော်လိုက်သလိုပင် ခံစားလိုက်ရပြီး ပို၍ ပြင်းပြင်းထန်ထန်လေ့ကျင့်နေကြသည်။
တစ်နေ့နေ့တော့ သူတို့လည်း ပိုင်ရှင်ပု၏ အံ့အားသင့်စရာကောင်းလှသော ဓားစွမ်းအင်အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။
"နောက်ရက်အနည်းငယ်အတွင်း ငါဆိုင်မှာ ရှိမှာ မဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် နင်တို့ရဲ့ ဓားလေ့ကျင့်ရေးကိုတော့ ဆက်ပြီး လေ့ကျင့်ကြရမယ်...ငါဆိုင်မှာ မရှိဘူးဆိုပြီး အချောင်ခိုဖို့ မစဉ်းစားကြနဲ့ ...လေ့ကျင့်ခြင်းကလည်း ချက်ပြုတ်ခြင်းနဲ့ တူတူပဲဆိုတာကို သတိပြုကြရမယ်...ဒီအရာတွေ အားလုံးပေါင်းပြီးတော့မှ ဆုလာဘ်ဆိုတာဖြစ်လာတာ...နင်တို့ ကြိုးစားသမျှအားလုံးကို ရလဒ်ခံစားခွင့်ရှိလိမ့်မယ်..."
ပုဖန် အလေးအနက်ပြောလိုက်သည်။ယန်မိန်ကျီနှင့် အန်းရှန့်တို့ နှစ်ဦးသားလည်း အံ့အားသင့်သွားသည်။ယ
"ပိုင်ရှင်ပုက ဆိုင်က ထွက်သွားတော့မလို့လား..."
ထို့နောက် သူတို့ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဆုလာဘ်အတွက် အလုပ်လုပ်ရလိမ့်မယ်...ဒီအကြောင်းကို ဘယ်သူကမသိလို့လဲ..."
ယန်မိန်ကျီနှင့် အန်းရှန့်တို့ နှစ်ဦးလုံးက အဂ္ဂိရတ်ပညာရှင်များဖြစ်ကြသည်။သူတို့၏ အဂ္ဂိရတ်ပညာရှင်လုပ်ငန်းစဉ်အတွက်လည်း လေ့ကျင့်မှုများစွာ လိုအပ်ပေသည်။
သစ်တောတစ်ခုထဲတွင် အမျိုးအစားကောင်းမွန်သော သစ်ပင်များစွာ ရှိနေသကဲ့သို့ပင် အဂ္ဂိရတ်ပညာရှင်များတွင်လည်း ပါရမီရှိသော အဂ္ဂိရတ်ပညာရှင်များစွာ ရှိလေသည်။
နေ့စဉ်နေ့တိုင်း လေ့ကျင့် ကျင့်ကြံပြီးနောက် ဒီထက်ပို၍ အဆင့် ထပ်မတက်နိုင်တော့သည့် သူလည်း များစွာရှိသည်။ယန်မိန်ကျီနှင့် အန်းရှန့်တို့အတွက် ချက်ပြုတ်ခြင်းဆိုသည်မှာလည်း အဂ္ဂိရတ်ပညာနှင့် ခြားနားမှု မရှိပေ။
ယန်မိန်ကျီနှင့် အန်းရှန့်တို့ အမူအရာက သူမျှော်လင့်ထားသည်နှင့် ကွဲပြားစွာ စိတ်အားထက်သန်နေသောကြောင့် ပုဖန် အနည်းငယ်ပင် အံ့အားသင့်သွားမိသည်။
စားသောက်ခန်းထဲတွင် နယ်သာရီနှင့် ခွေးဘုရင်တို့က စားပွဲတွင်ထိုင်၍ ပုဖန်ကို မျှော်လင့် စောင့်ဆိုင်းစွာ ကြည့်နေကြလေသည်။
"ငါဆိုင်ကနေ ရက်နည်းနည်းလောက် ထွက်သွားရဦးမယ်...အဲ့ဒီတော့ နင်တို့ နှစ်ယောက်လုံး အစားကောင်းကောင်းစားရဖို့အတွက် ပြန်လာတဲ့ထိစောင့်ကြ ဟုတ်တာပေါ့ ငါနင်တို့ အတွက် အစပ်ချောင်းနည်းနည်းတော့ ကြိုပြင်ဆင်သွားပေးမယ် ..."
ပုဖန်၏ စကားကြောင့် နယ်သာရီနှင့် ခွေးဘုရင်တို့၏ မျက်ဝန်းများ ကျုံ့သွားသည်။
"ပုဖန်ကောင်လေး ဒီခွေးဘုရင်က ဗိုက်မဆာပါဘူး...ရက်အနည်းငယ်ဆိုတာက ဘာမှမဟုတ်ဘူး အဲ့ဒါ ငါ့အတွက် မျက်တောင်တစ်ခတ်စာလောက်ပဲရှိတယ်..."
နယ်သာရီကလည်း ခေါင်းညိတ်၍ ဝင်ပြောလိုက်သည်။
"အစပ်ချောင်းတွေ မလိုပါဘူး...ရက်အနည်းငယ်ဆ်ိုတာက ငါ့အတွက်လည်း လက်ဖျောက်တစ်ချက်တီးစာလောက်ပဲ ..."
ပုဖန် သင်္ကာမကင်းဖြစ်သွားမိသည်။
"ဒီလူတစ်ယောက်နဲ့ ခွေးတစ်ကောင်ရဲ့ အပြုအမူက အစပ်ချောင်းလို့ ပြောလိုက်တာနဲ့ ဘာလို့ ထူးထူးဆန်းဆန်း တွေ ဖြစ်နေတာလဲ ..."
ရှစ်လေးက ခွေးဘုရင်နှင့် နယ်သာရီတိုဘ အမူအရာကိုကြည့်၍ ရယ်မောလိုက်သည်။သူ့၏ ရယ်သံက လှောင်နေသည်လား သူ့ကိုယ်သူရယ်နေသည်လား ဘယ်သူမှ မသိနိုင်ပေ။ပုဖန်က သူတို့ သုံးဦးလုံးကို ဂရုမစိုက်တော့ပဲ မီးဖိုခန်းထဲဝင်၍ မနက်စာ ပြင်ပေးလိုက်သည်။ထို့နောက် သူ့၏ အခန်းဆီသို့ ပြန်တက်သွားလိုက်သည်။
"စနစ် အစားကြူးတောင်ကြကို သွားမယ့်ခရီးစဉ်အတွက် ငါပြင်ဆင်ပြီးသွားပြီ ..."
ပုဖန် ခုံတွင် ထိုင်လိုက်ပြီး စနစ်ကို ပြောလိုက်သည်။စနစ်က သူ့ကို ချက်ချင်း တုံ့ပြန်မလာပဲ ခဏအကြာမှသာ ပြန်ပြောလာလေသည်။
"ကြားဖြတ် မစ်ရှင် အသက်ဝင်ခြင်း အစားကြူးတောင်ကြားသို့ ရွှေ့ပြောင်းရန်အတွက် ပြင်ဆင်နေပါပြ..."
ရုတ်တရက် စနစ်၏ အသံက သူ့၏ စိတ်ထဲမှနေ၍ ပို၍ ဝေးဝေးသွားသလိုမျိုး ခံစားလိုက်ရသည်။ထို့နောက် မိုင်အကွာအဝေးတစ်ခုဆီမှ အဖြူရောင်အစက်လေးတစ်စက်က တဖြေးဖြေးနီးကပ်လာသလိုမျိုး ခံစားလိုက်ရပြီး သူ့၏ အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ရင်းနီးနေပြီးသော ရွှေ့ပြောင်းအစီအရင် ထွက်ပေါ်လာလေ၏။အစီအရင်၏ ပြင်းထန်သောလေအားကြောင့် သူ့၏ နှုတ်ခမ်းများပင် ရွဲ့သွားလေသည်။သူ့၏ ခေါင်းအထက်တွင် အဖြူရောင်အလင်းတန်းများ စုစည်းလာပြီး ရွှေ့ပြောင်းအစီအရင်မှ ပြင်းထန်လှသော အရှိန်အဝါများကို ထုတ်လွင့်လာသည်။
သူ့၏ အခန်းထဲတွင်လည်း ဆိုက်ကလုန်းမုန်တိုင်းတိုက်ခိုက်သလို ဗြောင်းဆန်နေလေ၏။ပုဖန်၏ ခန္ဓာကိုယ်က မုန်တိုင်း၏ ဝါးမြိုခြင်းကို ခံလိုကိရသလိုမျိုး တဖြေးဖြေးချင်းပျောက်ကွယ်လာလေသည်။
လေတိုးသံများ ပြန်လည် ငြိမ်ကျသွားပြီး အခန်းထဲ၌ အရာရာက ပြန်လည်အေးချမ်းတိတ်ဆိတ်သွားလေသည်။အောက်ထပ်တွင်ရှိနေသော ဘလက်ကီက ပုဖန် အခန်းရှ်ိရာဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ပျင်းရိစွာ သန်းဝေလိုက်သည်။
"ဟိတ်ကောင်မလေး ကောင်စုတ်လေး ပုဖန်တော့ သွားပြီ ...နင်ဘာလို့ သူနဲ့ မလိုက်သွားတာလဲ...ကောင်စုတ်လေးရဲ့ ဒီတစ်ကြိမ်ခရီးအတွက် ခံစားနေရတဲ့ အေးစက်မှုကို ငါဖယ်ဖျောက်လို့တောင် မရဘူး...ကြည့်ရတာ ဒီခရီးက အန္တရာယ်များပုံပဲ ..."
လျှ်ို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ အလယ် ကောင်းကင်ကိုပင် ထိုးဖောက် ဖြတ်ပိုင်းတော့မကဲ့သို့ ထက်မြေ့လှသော ဓားနှင့် တူညီသည့် ဓားသဏ္ဍာန်ရှ်ိသည့် တောင်ကြီးများတည်ရှိနေသည်။
ထူထပ်လှသော သစ်တောတစ်ခုအတွင်းတွင်လည်း ကောင်းကင်၏ အမြင့်နှင့်ပင် နှိုင်းယှဉ်လောက်အောင် မြင့်မားလှသော သစ်ပင်ကြီးမျာစရှိနေသည်။
၎င်းတို့ဆီမှ ရှေးဟောင်းအငွေ့အသက်များကိုပင် ထုတ်လွင့်နေသေးသည်။သီးပင်စားပင်များနှင့် ပြည့်နှက်နေသော သစ်တောကို ကျော်ဖြတ်၍ ဆက်လက်သွားလိုက်မည်ဆိုလျှင် အံ့သြသင့်စရာကြီးမားလှသော ကြည်ပြာရောင်ရေကန်ကြီးတစ်ခုကို တွေ့ရပေလိမ့်မည်။
ရေကန်၏ ပတ်ပတ်လည်တွင် ရှေးဟောင်းအဆောက်အဦးကြီးများတည်ရှိနေသည်။ထိုအဆောက်အဦးဆီမှ ထွက်ပေါ်လာသော အခိုးအငွေ့များက ကောင်းကင်ပေါ်သို့ တလူလူလွင့်တက်နေလေ၏။
၎င်းက အစားကြူးတောင်ကြား၏ ဆည်းဆာကန်ဖြစ်သည်။
ဒဏ္ဍာရီများအဆ်ိုအရ ထိုကန်၏ အောက်ခြေတွင် ကြောက်မက်ဖွယ်ကောင်းလှသော ရှေးဦးသားရဲကြီးများ နေထိုင်ကြလေသည်။နှစ်စဉ်နှစ်တိုင်း အစားကြူးတောင်ကြားမှ စားဖ်ိုမှူးများက မြောက်များလှစွာသော စားသောက်များကို ချက်ပြုတ်၍ ကန်ထဲသ်ို့ တွန်းချကာ ထိုသက်ရှိများကို ကျွေးမွေးကြလေသည်။
ဆည်းဆာကန်ကို နေအိမ်အဖြစ်ဖန်တီးနေကြသော ရှေးဦးသားရဲကြီးများကို အစားသရဲဟုခေါ်သည်ဟူသော ကောလဟာလများပင်ရှိလေသည်။
မှန်ပေသည် ထိုအရာများအားလုံးက အပြင်လူများ ပြောဆိုနေကြသည့် ကြုံရာကျပန်း ခန့်မှန်းချက်များသာဖြစ်သည်။ရေကန်အောက်တွင် ထိုအရာများရှိနေသည်က်ို ဘယ်သူမှမသိပေ။အစားကြူးတောင်ကြားထဲတွင် နေထိုင်သူများပင်လျှင် ရေကန်အောက်က အရာက်ို ရှင်းရှင်းလင်းလင်းမသိထားကြပေ။
တောင်ကြား၏ အပြင်ဘက် မိုင်တိုင်တစ်ရာဟုခေါ်သော နေရာတွင် အဖြူရောင်အစက်အပျောက်ငယ်လေးများ ပေါ်ထွက်လာသည်။ထို့နောက် ရွှေ့ပြောင်းအစီအရင် တစ်ခုပေါ်လာပြီး တောက်ပလင်းလက်လှသော အလင်းများကို ထုတ်လွင့်ကာ အရှိန်အဟုန်ဖြင့် လည်ပတ်လာလေသည်။
ထိုမုန်တိုင်းအတွင်းမှ ခပ်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ပုဖန် ဝတ်ဆင်ထားသော အနီရောင် စားဖ်ိုမှူးဝတ်စုံက လေအရှိန်ကြောင့် တဖျတ်ဖျတ် လွင့်ခါနေသည်။အဖြူအနီ ရောစပ်ထားသော စားဖိုမှူးဝတ်စုံက ပုဖန်၏ အသွင်အပြင်ကို ပို၍ စူးရှထက်မြက်သွားစေသည်။
လေပြင်းများ ပြန်လည် ငြိမ်သက်သွားပြီးနောက် ပုဖန် တောင်ပေါ်လမ်းကြားသ်ို့ ခြေလှမ်းလိုက်သည်။အေးစိမ့်မှုက်ို သယ်လာသောတောင်လေက ပုဖန်ကို ဖြတ်သန်း တိုက်ခိုက်သွားလေ၏။
ဆောင်းရာသီ၏ ကောင်းကင်ယံက ညှို့မှိုင်းနေပြီး နှင်းများ အဆက်မပြတ် ကျဆင်းနေသည်က်ို မြင်နေရသည်။
"အစားကြူးတောင်ကြားလား..."
ပုဖန် သူ့၏ ပတ်ဝန်းကျင်က်ို ဝေ့ဝဲအကဲခတ်ကြည့်ရှုလိုက်သည်။ပတ်ပတ်လည်တွင် နှင်းများ ပြည့်လွှမ်းနေသော တောင်တန်းများ တိမ်ဖြင့် ဖုံးကွယ်နေသော တောင်ထိပ်များမှ လွဲ၍ ဘာမှမရှိပေ။ဒါက သူမျှော်လင့်ထားသည်နှင့် ကွဲပြားခြားနားနေလေသည်။
ခဏမျှ စဉ်းစားပြီးနောက် ဆက်၍ လျှောက်လာခဲ့သည်။ဒီနေရာတွင် မြူကောင်းကင်မြို့နှင့် နှိုင်းယှဉ်လိုက်ပါက ပို၍ သိပ်သည်းကြွယ်ဝလှသော စိတ်ဝိညာဉ် စွမ်းအင်များ ရှိနေသည်။
တကယ်တမ်းတွင် ဒီနေရာက ပုန်းကွယ်နဂါးတိုက်ကြီး၏ အလယ်ဗဟ်ို စိတ်ဝိညာဉ် စွမ်းအင်များ အသ်ိပ်သည်းဆုံး အကြွယ်ဝဆုံးနေရာတစ်ခုလည်းဖြစ်သည်။ပုဖန် အသက်မှန်မှန်ရှုနေရုံဖြင့် သူ့၏ ခန္ဓာကိုယ်ထဲတွင် သူ စိတ်ဝိညာဉ် စွမ်းအင်များ ဝင်ရောက်လှည့်ပတ်နေသည်ကိုပင် ခံစားရလေသည်။
ဒီနေရာက ကျင့်ကြံသူများအတွက် တကယ့်နိဗ္ဗာန်ဘုံပင် ဖြစ်လေ၏။စိတ်ဝ်ိညာဉ် စွမ်းအားကြွယ်ဝသော ဒီနေရာတွင် အဆင့်အတန်းမြင့်သော စိတ်ဝိညာဉ်စွမ်းအားများရှိမည်မှာ သေချာပေသည်။မှန်ပေသည် စိတ်ဝ်ိညာဉ် စွမ်းအင်ကြွယ်ဝလှသော ပါဝင်ပစ္စည်းအများအပြားလည်းရှိနေပေလိမ့်မည်။
ပုဖန် လက်နှစ်ဖက်ကို နောက်ပစ်၍ ဆက်လျှောက်သွားလိုက်သည်။ရုတ်တရက် ကောင်းကင်ဆီမှ ကျယ်လောင်သောအသံတစ်ခု ကျဆင်းလာလေသည်။မြို့ထက်ဆီ၌ လူစုတစ်စု ဖြတ်သန်းသွားလေသည်။တစ်ယောက်ချင်းစီက ပြင်းထန်လှသော အော်ရာများကို ထုတ်လွင့်နေသည်။သူတို့ ဖြတ်သန်းမှုကြောင့် လေဟာနယ်ပင် တုန်ခါသွား၏။
သူတို့အတွင်း၌ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အေးစက်စက်နှင့် ချောမောခန့်ညားသည့် မျက်နာရှိသော လူတစ်ယောက်က ကြည့်လိုက်ရုံဖြင့် ကြောက်မက်သွားစေမည့် ဖိအားများကို ထုတ်လွင့်နေပေသည်။
ထိုလူငယ်၏ အကြည့်စူးစူးများက ပုဖန်ဆီသို့ ကျရောက်လာသည်။သို့သော်လည်း ထိုသူက ပုဖန်၏ ကျင့်ကြံဆင့်ကို ထွင်းဖောက်မြင်လိုက်ရသောကြောင့် အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"သူတော်စင် ဆရာသခင် နောက်ထပ် မိုင်တစ်ရာက အစားကြူးတောင်ကြားထဲမှာ ဖြစ်လိမ့်မယ်...အရှင်သခင်က ခြေလျှင် ခရီးထွက်မှာပါလား..."
အက်ရှရှအသံတစ်ခု ထွက်ပေါ်လာပြီး ထိုလူငယ်ကို မေးလိုက်သည်။
"ငါက ဘာလို့ ခြေလျှင်သွားရမှာလဲ...အဲ့ဒါက အစားကြူးချိုင့်ဝှမ်းတစ်ခုလေးပဲလေ...တော်ဝင်ခုံရုံးအတွက် ဘာမှမဖြစ်ဘူး ဒီတိုင်းပဲ ဖြတ်မယ်..."
အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်က ခဏမျှ ငြိမ်သက်သွားသည်။ထို့နောက် စစ်ရထားက တုန်ခါလာပြီး လိုက်ပါလာသော အစောင့်များနှင့်အတူ အစားကြူးတောင်ကြားဆီသို့ ဦးတည်ရွှေ့လျားသွားလေသည်။
ပုဖန်က ထိုမြင်ကွင်းကို လက်နှစ်ဖက်နောက်ပစ်၍ အေးဆေးစွာ ကြည့်နေလေသည်။
"အစားကြူးတောင်ကြားက မိုင်တစ်ရာပဲ ဝေးတော့တာလား...ကောင်းပြီလေ ဆက်သွားကြစို့..."
သက်ပြင်းအသာချလိုက်ပြီးဟအေးဆေးစွာပင် ဆက်လက်ထွက်ခွာလာခဲ့သည်။ပုဖန် မိုင်တစ်ရာ ခရီးနှင်လာပြီးနောက် သူခြေတစ်လှမ်းလှမ်းလိုက်စဉ်မှာပင် ရုတ်တရက် သူ့၏ မြင်ကွင်းများပြောင်းလဲသွားလေသည်။