အခန်း ၆၄၂
ရင်းနှီးနေသောပုံရိပ်
ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ပုဖန်ရှေ့မှ မြင်ကွင်းက ရုတ်ချည်း ပြောင်းလဲသွားသည်။ရုတ်တရက် အမြင်အာရုံများ ဝေဝါးလာသည်ဟု ခံစားမိလိုက်ပြီး သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။ထို့နောက် တဖြေးဖြေးချင်း မြင်ကွင်းက ပြန်လည် ကြည်လင်လာ၏။
သူ့၏ ခြေဖဝါးအောက်၌ ကွန်ကရစ်အုတ်လမ်းခင်းထားသော လမ်းတစ်ခုရှ်ိနေသည်။အုတ်ခဲများအကြား၌ ပေါင်းမြစ်များ ပေါက်ရောက်နေ၏။ပကတိ မျက်စိဖြင့် အဝေးက ကြည့်လိုက်ရုံနှင့်ပင် နေရောင်ခြည်မှ အလင်းများ ဖြာထွက်နေသော ရေကန်ကြီးကို တွေ့မြင်နိုင်လေသည်။
ပုဖန် ပတ်ဝန်းကျင်ကို လှည့်လည် အကဲခတ်လိုက်ပြီးနောက် တောင်ခြေမှ ဆက်လျှောက်လာခဲ့သည်။စိမ်းလန်းစိုပြည်နေသော စွဲမက်ဖွယ်မြင်ကွင်းနှင့် ရေကန်ကြီးရှိရာ တောင်ကြားထဲသို့ ဝင်ဖို့ရန် အချိန်ခဏမျှသာ ယူလိုက်ရသည်။
ဒါက အစားကြူးတောင်ကြားဖြစ်နိုင်ပေသည်။အစောပိုင်းထဲက မိုင်တိုင်တစ်ရာ အထက်၌ အစီအရင်ကို ရေးဆွဲထားးခြင်းဖြစ်ပေလိမ့်မည်။အစီအရင်ထဲ ခြေတစ်လှမ်းချလိုက်မိသည်နှင့် အစားကြူးတောင်ကြားထဲသို့ လွှဲပြောင်းပို့ဆောင်ပေးခြင်းဖြစ်ပေမည်။
ပုဖန်၏ လက်ရှိတည်နေရာတွင် နေထိုင်သူ လူအနည်းငယ်သာရှိလောက်သောကြောင့် ကျေးလက်ဒေသငယ်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်လျှင် လူနေထူထပ်သည်ဟု ထင်ရသော အဆောက်အဦး အပိုင်းအစတစ်ချို့ကို မြင်နိုင်ပေသည်။
ထိုအဆောက်အဦးများကို သေချာစွာ တည်ဆောက်ထားလေသည်။အဆောက်အဦးတစ်ခုချင်းစီ၌လည်း မီးဖိုးခေါင်းတိုင်များ ပါရှိနေပြီး မီးခိုးတလူလူ ထွက်နေသည်ကို မြင်နေရ၏။
ဝမ်...
ကောင်းကင်ယံထက်တွင် ငလျင်တစ်ခု လှုပ်ခတ်သွားသလိုမျိုး ထင်လိုက်ရသည်။ထ်ို့နောက် မျက်စိကျိန်းလောက်စရာ အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုနေရာ၌ လူတစ်စု ထွက်ပေါ်လာလေ၏။
သိသာထင်ရှားသည့် အချက်မှု ထိုလူစုကလည်း မိုင်တိုင် တစ်ရာ လမ်းကို ဖြတ်သန်းသွားသော သူများသာဖြစ်သည်။ထိုလူစု၏ အမူအရာများက တင်းမာခတ်ထန်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကို ထုတ်လွင့်နေပေသည်။လူတစ်ချို့က သူတို့၏ နောက်ကျောဘက်တွင် ကျောက်ဓားများကို သယ်ဆောင် ထားကြပြီးတစ်ချို့က လှံရှည်များကို ကိုင်ဆောင်ထားကြသည်။
နဂါးမြို့ဟောင်းတိုက်ကြီးဆီမှ ထင်ရှားသည့် သူများ ဖြစ်ကြပြီး အစားကြူးနတ်ဘုရားစားသောက်ပွဲ အတွက် ဖိတ်ကြားခံရသောကြောင့် ဒီနေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည် ။ပုဖန် ထိုလူစုအတွင်းဤ ရင်းနီးနေသော မျက်နာများကို တွေ့လိုက်ရသည်။
ဥပမာအနေဖြင့် ထိုလူစုထဲတွင် အေးစက်စက်မျက်နာထားဖြင့် ကြီးမားလေးလံလှသော ဓားတစ်ချောင်းကို လွယ်ထားသူသည် ပုဖန်နှင့် အရင်ကဆုံဖူးသော ရှီးမန်ရွှမ်ဖြစ်နေသည်။
သူ့၏ ပုံစံက အေးစက်စက်နှင့် မဖော်မရွေ မျက်နာထားဖြစ်နေသော်လည်း ဦးဆောင်သူ၏ နောက်မှ လေးလေးစားစားအမူအရာဖြင့် လိုက်ပါသွားလေသည်။
ထိုဦးဆောင်သူ၏ အသွင်အပြင်က နဂါးတစ်ကောင်ကဲ့သို့ပင် ကြမ်းတမ်းသန်မာလှသည်။သူ့၏ မျက်ဝန်းများကလည်း အချိန်မရွေး ပစ်လွှတ်ရန် ပြင်ဆင်ထားသောနဂါးငွေ့ အလင်းတန်းများကဲ့သို့ တောက်ပနေလေသည်။
ထိုသူက မဟာဂိုဏ်း၏ ကောင်းကင်ဘုံ အမွေခံ ဆယ်ပါးထဲမှ ခေါင်းဆောင်ဖြစ်သူ ထာပါးရဲ့ ဖြစ်သည်။
ထိုမဟာဂိုဏ်း၏ ခေါင်းဆောင်က အမှန်တကယ်ကိုပင် ကောင်းကင်ဘုံ၏ လက်ဆောင်ရရှိထားသူ တစ်ယောက်ဖြစ်သည်။မဟာဂိုဏ်းပြီးနောက် လေမိုးကြိုး မျှော်စင်ဂိုဏ်း ရုပ်သေးဂိုဏ်းတို့မှ အင်အားကြီးသူများလည်း ရောက်ရှိလာကြသည်။
၎င်းက နဂါးမြို့ဟောင်းတိုက်ကြီး၏ အင်အားကြီး အဖွဲ့အစည်းများ ထိပ်တိုက်တွေ့ဆုံမှု ဟုပင် ဆိုနိုင်ပေသည်။ဆေးနန်းတော်ကို ကိုယ်စားပြုသော အင်အားကြီး ပုဂ္ဂ်ိုလ်များလည်း ရောက်ရှိလာကြသည်။ထိုလူအုပ်ထဲမှ ကျက်သရေရှိစွာ တင့်တယ်လှသော လော့တန်ချင်းကိုကြည့်၍ ပုဖန်ပင် အံ့အားသင့်သွားမိသည်။
သူ မယုံကြည်နိုင်မှုကြောင့် ခဏမျှ ငြိမ်သက်နေမိသည်။လော့တန်ချင်းက ပုဖန်၏ တည်ရှိမှုကို သတ်ိမထားမပြုမိပဲ အခြားသူများနှင့် စကားပြောဆိုရင်းဖြင့် သူ့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ရွှစ်...
တုန်ခါသံတစ်ခုကို ကြားလိုက်ရသည်။ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ်ကောင်းလှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ထိုဓားအလင်းက ကောင်းကင်ယံထက်၌ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်သကဲ့သို့ပင် ရှိသည်။ထို့နောက် မြောက်များလှစွာသော ပုံရိပ်များ ထွက်ပေါ်လာလေ၏။
ထိုသူများက ချည်ထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့၏ ဓားပျံများပေါ်၌ စီးနင်းလိုက်ပါလာကြသည်။သူတို့၏ အမူအရာများကလည်း အလွန်တည်ငြိမ်နေ၏။
သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်မှ အလွန် ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကို ထုတ်လွင့်နေသည်။အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူထံမှ အော်ရာများက ပြင်းထန်လှသည်။ရုတ်တရက် ပုဖန် ထိုဓားပျံ စီးနင်းလာသော လူစုကို ကြည့်လိုက်၏။ထိုလူစုထဲမှ ရင်းနီးနေသော ပုံရိပ်ကို မြင်လိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ထို ဓားပျံပေါ်မှ ခါးကုန်းကုန်းနှင့် ပုံရိပ်ကလည်း ပုဖန်၏ အကြည့်များကို ခံစားမိပုံဖြင့် လှည့်၍ ကြည့်လာပြီး အကြည့်ချင်းစုံသွားလေသည်။ထိုလူ၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ခပ်တိုးတိုးရေရွက်လိုက်သည်။
"ပိုင်ရှင်ပုလား..."
အစားကြူးတောင်ကြား၏ ဂုဏ်သတင်းက တကယ့်ကို မြင့်မားလှသည်။ပုဖန် ကူရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရေကန်ဘေးမှ လမ်းတစ်လျှောက်ဆက်လျှောက်လာခဲ့သည်။
စွမ်းအားကြီးသူများက ကောင်းကင်ယံပေါ်တွင် တည်ရှိနေသော ကြယ်များကဲ့သို့ အများအပြားရှိနေကြသည်။ထိုအကြောင်းကြောင့်ပင် ပုဖန် အစားကြူးတောင်ကြားကို စတင်၍ စိတ်ဝင်စားစပြုလာမိသည်။ထိုကဲ့သို့သော အင်အားကြီးသူများကို ဆွဲဆောင်နိုင်ခြင်းက သူ့ကိူ ထူးထူးခြားခြား တစ်ခုခုရှိနေပေလိမ့်မည်။
မှန်ပေသည် သူအစားကြူးတောင်ကြားကို ဝင်လာရသည့် ရည်ရွယ်ချက်က သူ့၏ မစ်ရှင်ကို လုပ်ဆောင်ဖို့သာ ဖြစ်သည်။သူက ဆည်းဆာရေကန်အတွင်းတွင် နေထိုင်သော ကောင်းကင်ဝါးမြို ဝိညာဉ်စက်ငါးကို တားဆီးဖို့သာဖြစ်သည်။
ပုဖန် ကျယ်ပြောလှသော ရေကန်ကို စ်ိုက်ကြည့်လိုက်ပြီး သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ရေကန်ထဲတွင်ရှိနေသော ငါးတစ်ကောင်ကို ဖမ်းရန်မှာ လွယ်ကူသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်ပင် ခက်ခဲလှသည်။
ပြောရမည်ဆိုလျှင် ထ်ိုရေကန်က သေမတက် ကျယ်ဝန်းနေပြီး ထိုကောင်းကင်ဝါးမြို ငါးက ဘယ်နေရာတွင်ရှိနိုင်မည်ကို ဘယ်လို သိနိုင်မည်နည်း။ပုဖန် လက်နှစ်ဖက်ကို နောက်ပစ်၍ ရေကန်ဘေး၌ ရပ်နေလိုက်သည်။ရေကန်ကို ဖြတ်၍ တိုက်ခိုက်လာသော လေပြင်းများက သူ့၏ ဝတ်ရုံပေါ်မှ အမွှေးအတောင်လေးများကို လွင့်ခါနေစေသည်။
ရေကန်အတွင်းရှိ ငါးများက ရေမျက်နာပြင်ပေါ်တွင် ကူးခတ်နေကြသည်။နေရောင်အောက်တွင် သူတို့၏ အကြေးခွံများက တောက်ပလင်းလက်နေသည်။
သူတို့၏ ပါးစပ်မှ စိတ်ဝိညာဉ် စွမ်းအင်များကို မှုတ်ထုတ်လေလေ ရေကန်ပတ်လည်ရှိ ဝိညာဉ် စွမ်းအင်များက တိုးတက်လာလေလေပင်ဖြစ်လေသည်။ရုတ်တရက် ကြီးမားလှသော ငါးတစ်ကောင်က ရေကန်မျက်နာပြင်ထက်တွင် ပေါ်လာပြီး နောက်ထပ် ငါးတစ်ကောင်ကို ကိုက်ယူ ဆွဲမြိုသွားသောကြောင့် ရေများဖွားခနဲ လွင့်စင်ထွက်သွားသည်။
ရေမျက်နာပြင်ပေါ်၌ လှိုင်းကျပ်ခွတ်လေးများ ဖြစ်သွားပြီး ပြန်လည် ငြိမ်သက်သွားသည်ကို ပုဖန် အေးဆေးစွာ ကြည့်နေမိသည်။ရုတ်တရက် ရေကန်မျက်နာပြင်အောက်မှ ကြီးမားလှသော ပုံရိပ်တစ်ခု ကူးခတ်လာသည်ကို ပုဖန် တွေ့လိုက်ရသောကြောင့် မျက်ဝန်းများ မှေးကျင်းသွားမိသည်။
တုန်ခါသံများကို ကြားလိုက်ရပြီး ရေမျက်နာပြင်ပေါ်၌ လှိုင်းများ ဖြစ်ပေါ်လာသည်။မကြာခင်မှာပင် ထိုကြီးမားလှသော ပုံရိပ်ကြီးက ရေကန်ထဲမှ တိုးထွက်လာသည်။သူ့၏ ကြီးမားလှသော ပါးစပ်က်ို ဖြဲ၍ ငါးတစ်ကောင်က်ို မြိုချလိုက်လေသည်။
ရေများ ဖွားခနဲ လွင့်စင်သွားပြီးနောက် ထိုပုံရိပ်က ရေကန်ထဲသို့ ပြန်လည် ပြုတ်ကျသွားသည်။ရေကန်ထဲ၌ ဆူနာမီ မုန်တိုင်းတစ်ခုလိုမျိုး လှုပ်ခါသွားလေသည်။
အေးစက်လှသော ရေများက ပုဖန်၏ မျက်နာကိုပင် လာရောက်ထိမှန်လေ၏။ကောင်းကင်ပေါ်၌ရှိနေကြသော လူတစ်ချို့က ထိုမြင်ကွင်းကို ကြည့်၍ ကြီးမားသော ပုံရိပ်ကြီးကို လက်ညှိုးထိုးကာ ရယ်မောနေကြလေသည်။ပုဖန် အသာအယာသာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒါ ငါတ်ို့ ဆည်းဆာရေကန်က ပြန်လည် ပိုင်ဆိုင်ထားတဲ့ စိတ်ဝိညာဉ် သားရဲပဲ အဲ့ဒါက တော်တော်လေး ကြောက်ဖို့ကောင်းတယ်..."
ရုတ်တရက် ပုဖန်၏ ကျောဘက်မှ ညှင်သာပျော့ပျောင်းသော အသံတစ်သံ ထွက်ပေါ်လာသောကြောင့် သူလှည့်ကြည့်လိုက်သည်။သူ့၏ နောက်၌ ရပ်နေသော မိန်းကလေးတစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ထိုမိန်းကလေး၏ ခေါင်းကလေး အသာငဲ့စောင်းထားပြီး မျက်ဝန်းများက ကြယ်ကလေးများကဲ့သို့ တောက်ပလင်းလက်နေပေသည်။
သူမက အနည်းငယ် ညစ်ပတ်နေသော စားဖိုမှူး ဝတ်စုံက်ို ဝတ်ဆင်ထားပြီး သူမ၏ အင်္ကျီလက်များက်ိုလည်း ခေါက်တင်ထားပေသည်။သူမ၏ ဆံပင်များကလည်း ရှုပ်ပွနေကာ သူမ၏ ခန္ဓာကိုယ်အရွယ်အစားထက် အနည်းငယ်ပင်ကြီးနေသည့် အိတ်တစ်လုံးက်ိုလွယ်ထားသည်။
"နင်ကကော အစားကြူးတောင်ကြားရဲ့ အစားကြူးနတ်ဘုရားစားသောက်ပွဲကို လာတာလား..."
ကလေးမလေးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ပုဖန် ထိုကလေးမလေးကို ကြည့်၍ ခဏမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒီလိုပဲ ဆိုပါတော့..."
ပုဖန်ဆီမှ အတည်ပြုစကားကို ကြားပြီးသည်နှင့် ကလေးမလေး၏ မျက်ဝန်းများက ပို၍ တောက်ပသွားသည်။သူမ၏ အင်္ကျီလက်များက်ို ဆွဲဖြန့်လိုက်ပြီးနောက် ပုဖန်ကို ပြုံး၍ ကြည့်ကာ ပြောလာလေသည်။
"ငါနင့်ကို မနာလိုလိုက်တာ...အစားကြူးနတ်ဘုရားစားသောက်ပွဲမှာ ပါဝင်ခွင့်ရတာက အစားကြူးတောင်ကြားမှာ မှတ်တမ်းတင်ထားတဲ့ စားဖိုမှူးတွေရဲ့ လက်ရာကို မြည်းစမ်းခွင့်ရမှာ...အထူးအဆင့်မြင့် စားဖိုမှူးတွေ ချက်ပြုတ်ထားတဲ့ ဟင်းပွဲတွေကိုတောင် မြည်းခွင့်ရကောင်းရနိုင်တယ်...ငါသာ ပထမတန်းစား စားဖိုမှူးရဲ့ လက်ရာကို မြည်းရမယ်ဆ်ိုရင် ဘယ်လောက်များ အံ့သြစရာကောင်းလိုက်လဲ..."
ရုတ်တရက် ကလေးမလေးက တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဝါးလွယ်အိတ်ကို သယ်ဆောင်ကာ ခေါင်းငုံ့ထွက်သွားလေသည်။
ပုဖန် နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။သို့သော်လည်း သူ့စိတ်ထဲတွင်လည်း တူညီသည့် အတွေးမျိုးရှိနေလေသည်။
"တကယ်ပဲအစားကြူးနတ်ဘုရားစားသောက်ပွဲမှာ အဆင့်အတန်းမြင့်တဲ့ စားဖိုမှူးတွေ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးမှာလား..."
အစောပိုင်း သူနဲ့ တွေ့ကြုံခဲ့သော ဝမ်ရန်ချုံက ဒုတိယတန်းစား စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ကျိုးထုံက ပထမတန်းစား စားဖိုမှူးတစ်ယောက်ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံး၏ ချက်ပြုတ်ခြင်းသက်ဆိုင်သော ဗဟုသုတများက အတော်လေး ကျယ်ပြန့်လှလေသည်။ပုဖန်၏ စိတ်ထဲ၌ မျှော်လင့် စောင့်ဆိုင်းမှုများ ပေါ်ထွက်လာလေသည်။
"အွန်း...ကောင်းပြီ ငါအခု သွားမှရတော့မယ်...အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် စားသောက်ဆိုင်က ဦးလေးဝတုတ်က ငါ့ကို ရိုက်လိုက်မယ်...အကိုကြီး ဂရုစိုက်နော် အဲ့ဒီ ဆည်းဆာရေကန်က အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် အဲ့ဒီထဲမှာ စိတ်ဝိညာဉ် သားရဲတွေ အများကြီးပဲ နေတယ်...သူတို့က လူသားတွေ အများကြီးကို အလွယ်တကူလေး သတ်ဖြတ်နိုင်တယ်..."
ကလေးမလေးက ပုဖန်ကိုကြင်နာစွာ သတိပေးလိုက်ပြီးနောက် သူမရဲ့ အိတ်ကို ကောက်၍ ထွက်ခွာရန် ပြင်လိုက်သည်။သူမ၏ ညစ်ပတ်နေသော စားဖိုမှူးဝတ်စုံကလည်း အနောက်တွင် ဖုတ်တိုက်နေသည်။သူမက ထိုဝါးအိတ်ကို မနိုင်မနင်းသယ်နေရပုံပေါ်လေသည်။
ပုဖန် ထိုမြင်ကွင်းကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူ သက်ပြင်းအသာချလိုက်ပြီး ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
"ငါ ဒီအိတ်ကို ကူသယ်ပေးမယ်ဆိုရင်ကော နင်က ငါ့ကို အစားကြူးတောင်ကြားနဲ့ ပတ်သတ်တာလေးတွေ ပြောပြပေါ့..."
ပုဖန် ဝါးအိတ်ကို ဆွဲယူလိုက်ပြီး အထဲသို့ တစ်ချက် ကြည့်လိုက်၏။
"စိတ်ဝိညာဉ် ၊ မီးတောက်မြက်၊ အနက်ရောင် မှင်ငါး ၊ ကြယ်ခုနစ်ပွင့် သစ်သီး...အားလုံးက တော်တော်လေး ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေပဲ ..."
ပုဖန်က တစ်ချက်ကြည့်လိုက်ရုံဖြင့် အိတ်ထဲ၌ ရှိနေသော ပစ္စည်းများကို တိတိကျကျပြောနိုင်ပေသည်။
ကလေးမလေးက ပုဖန်ကိုကြည့်၍ ပြန်လည်ပြောဆိုလိုက်သည်။
"အဲ့ဒီလို လုပ်လို့မရဘူး ငါက ဆိုင်ကို ပြန်မှရမယ်...အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် ဦးလေးဝတုတ်က ငါ့ကို ရိုက်လိုက်မယ်...အကိုကြီး ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ ...အခု ငါတို့ စားသောက်ဆိုင်ကို အရင်ပြန်လိုက်ပြီး ဆိုင်ပိတ်တဲ့ထိ နေလိုက်မယ်လေ ပြီးတော့မှ ဒီ အစားကြူးတောင်ကြားထဲက နေရာထဲကို လိုက်ပြမယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ..."
ကလေးမလေးက ပုဖန်ကို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်၍ ပြောလိုက်သည်။ပုဖန်နားနေရသည်က ပြောမပြတက်နိုင်သော စိတ်သက်တောင့်သက်သာဖြစ်မှုမျိုးကို ခံစားရလေသည်။သူမကိုယ်သူမ မသိလိုက်ခင်မှာပင် ထိုသူနှင့် နီးနီးကပ်ကပ်နေချင်နေမိသည်။
"ကောင်းပြီလေ..."
ပုဖန် အိတ်ကို ပခုံးပေါ်သို့ လှမ်းတင်လိုက်ပြီးနောက် ကလေးမလေးကို ရှေ့မှ လမ်းပြစေလိုက်သည်။ကလေးမလေးက ပျော်ရွှင်သွားပြီး အရှေ့မှနေ၍ ခုန်ပေါက်၍ သွားလေသည်။
"အကိုကြီး ငါ့ကို ရှောင်ယလို့ ခေါ်လို့ရတယ်...ငါ့ရဲ့ အဖိုးကလည်း အဲ့ဒီလိုပဲ ခေါ်တယ်..."
သူကပုဖန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများကလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။
"ဟုတ်ပြီ ငါ့ကိုလည်း ပုဖန်လို့ ခေါ်လို့ရတယ်..."
ပုဖန်က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။သူတို့နှစ်ယောက်သား ရေကန်ဘေးမှ လမ်းတစ်လျှောက် လျှောက်လာသည့် တစ်လျှောက်လုံး ကလေးမလေးက မရပ်မနား စကားပြောလာလေသည်။
သူမ ပင်ပန်းလာသည့် အချိန်တိုင်း သူမ၏ ညစ်ပေနေသော စားဖ်ိုမှူးဝတ်ရုံစကိုယူ၍ မျက်နာတစ်ပြင်လုံးကို သုတ်လေသည်။ထိုပုံစံလေးက သူမကို ညစ်ပေနေသော ကြောင်ကလေးနှင့်ပင် တူနေစေသည်။
အချိန်ခဏမျှလမ်းလျှောက်လာပြီးနောက် ခပ်ဝေးဝေးမှ အဆောက်အဦးများ၏ ပုံသဏ္ဍာန်ကို မြင်လာရလေသည်။
"အဲ့ဒါ ရှောင်ယတို့ နေတဲ့ ရွာပဲ...ဒီအစားကြူးတောင်ကြားထဲမှာ တခြားရွာတွေလည်း အများကြီးရှိသေးတယ်..."
ရှောင်ယက စိတ်အားထက်သန်စွာဖြင့် ရှင်းပြပြောဆိုနေလေသည်။
"ရွာ..."
ပုဖန် မျက်ဝန်းများ မှေးကျင်းသွားမိသည်။
"အစားကြူးတောင်ကြားထဲမှာ အဓ်ိကကျတဲ့ ရွာများစွာ ရှိတယ်...အင်မော်တယ် အစားကြူးရွာဆိုတဲ့ ရွာကြီးတစ်ရွာရှိပြီးတော့ ဘေးပတ်ပတ်လည်မှာ ရွာသေးသေးလေးတွေ အများကြီး ဝိုင်းရံထားတယ်...အဲ့ဒါက မြောက်များလှစွာသော ပါရမီရှင် စားဖိုမှူးတွေ စုစည်းရာ နေရာဖြစ်ပြီးတော့ ငါတို့ ရွာလေးတွေက အဲ့ဒီ စားဖိုမှူးတွေကို မြင့်တင်ပေးတဲ့ နေရာဖြစ်တယ်...ဒီတစ်ခါ အစားကြူးနတ်ဘုရားပွဲတော်ကိုတော့ အင်မော်တယ်ရွာမှ ကျင်းပမှာ ..."
ရှောင်ယက ထပ်မံ၍ ပြောကြားနေပေသည်။ထို့နောက် သူမက ရွာထဲသို့ ဦးဆောင်ဝင်သွားလေသည်။ရွာက အတော်အတန် စည်းကားသည်ဟု ဆိုနိုင်ပေသည်။၎င်းက မြို့ငယ်လေးတစ်ခုအလားပင် ထင်ရသည်။
မည်သို့ပင်ဆိုစေထိုရွာကလေးက မြူကောင်းကင်မြို့နှင့် မယှဉ်နိုင်သော်လည်း လေအလင်းအင်ပါယာထက်တော့ ကြွယ်ဝချမ်းသာမည်မှာ သေချာပေသည်။ရှောင်ယ၏ လမ်းပြမှုဖြင့် မကြာခင်မှာပင် သူတို့ ရည်ရွယ်ရာနေရာသို့ ရောက်လာလေသည်။
"အဲ့ဒီ စားသောက်ဆိုင်က ရှောင်ယ အလုပ်လုပ်တဲ့နေရာပဲ ..."
ရှောင်ယက မလှမ်းမကမ်းမှ လှပစွာ ပြင်ဆင်ထားသော အဆောက်အဦးတစ်ခုကို ညွှန်ပြ၍ ပြောလိုက်သည်။တကယ်တမ်းတွင် ထိုစားသောက်ဆိုင်က ကြီးကျယ်ခမ်းနားလှပေသည်။ပုဖန် လမ်းတစ်လျှောက် မြင်လာခဲ့ရသောစားသောက်ဆိုင်များထဲတွင် အလှဆုံးတစ်ခုဟုဆိုနိုင်ပေသည်။
ပုဖန် သူ့ပခုံးပေါ်မှ အိတ်ကို ကလေးမလေးဆီသို့ လွှဲပြောင်းပေးလိုက်သည်။ရှောင်ယက အိတ်ကိုယူပြီးသည်နှင့် ဆိုင်ထဲသို့ တဟုန်ထိုးတိုးဝင်သွားလေသည်။
ပုဖန် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်လိုက်ပြီး ဆိုင်၏ ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ် ကြည့်ရှုလိုက်သည်။သူ့၏ ပတ်ဝန်းကျင်တွင်လည်း စားကောင်းသောက်ဖွယ်များကို ချက်ပြုတ်ရာမှ ထွက်ပေါ်လာသော မွှေးရနံ့လေးများ ဝေ့ဝဲနေသည်။
"ဒါက တကယ့်ကို စားဖိုမှူးတွေရဲ့ နတ်ဘုံနတ်နန်းပဲ..."
ပုဖန် အံ့သြသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ဟေ့...သူဌေး ဒီမှာ လာစားတာလား...လာပါ ဒီနေရာမှာထိုင်ပါ..."
လှပပြီး စွဲဆောင်မှုရှိလှသော ပုံရိပ်တစ်ခုက ပုဖန်ကို တွေ့မြင်လိုက်ပြီးနောက် မျက်ဝန်းများတောက်ပသွားပြီး နှုတ်ဆတ်စကားဆိုကာချဉ်းကပ်လာလေသည်။သူမက ပုဖန်ကို စားပွဲလွတ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားလိုက်ပြီးနောက် မီနူးစာအုပ်ကို ကမ်းပေးလာလေသည်။
ပုဖန်က တည်ငြိမ်လှသော အမူအရာဖြင့် ထိုင်ခုံတွင် မတ်မတ်ထိုင်လိုက်သည်။သူမီနူးကို ကြည့်တော့မည့် အချိန်မှာပင် ကျိန်းမောင်းဆူပူသံများကို ကြားလိုက်ပြီးနောက် ကလေးမလေး၏ နာကြင်ဝမ်းနည်းဖွယ်အော်သံပါ ထွက်ပေါ်လာလေသည်။