အပိုင်း ၆၄၃
Viewers 53k

အခန်း ၆၄၃

ပြဿနာကောင်ပုဖန်...


"အသုံးမကျတဲ့ ကောင်မစုတ်လေး ဟမ်...နင့်ကို ဘယ်နေရာမှာ သွားသုံးစားလို့ရလဲ နင့်ကိုငါ ပစ္စည်းလေးနည်းနည်းလောက် ဝယ်လာဖို့ ခိုင်းလိုက်တာလေ အချိန်ကြာတာကို ထားလိုက်ဦး...အခုကြည့်လိုက်ဦး နင်ဘာတွေ ဝယ်ပြန်လာလဲဆိုတာ..."


မီးဖိုခန်းဘက်ဆီမှ စူးရှကျယ်လောင်သောအသံ တစ်သံ ထွက်ပေါ်လာသောကြောင့် စားသုံးသူများပင် မျက်ဝန်းများကျဉ်းမြောင်းသွားကြသည်။ထိုအသံက စူးရှပြီး ကျယ်လောင်လှသောကြောင့် သာမန်လူများ၏ နားထဲ၌ပင် မသက်မသာ ခံစားလိုက်ရသည်။


မီးဖိုခန်းနှင့်အတူကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံတစ်သံပါ လိုက်ပါလာလေသည်။ထိုအသံက ပုဖန်နှင့် အလွန်ရင်းနီးနေပေသည်။


"ဒါက ကလေးမရဲ့ အသံ မဟုတ်ဘူးလား...ဒီမှာဘာဖြစ်နေတာလဲ ..."


ပုဖန်က သူ့အတွက် ရေနွေကြမ်း ငှဲ့ပေးနေသော စားပွဲထိုးအမျိုးသမီးကို မေးလိုက်သည်။ထ်ိုစားပွဲထိုးက ခဏမျှကြောင်အသွားပြီးနောက် ချက်ချင်းပင် အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။


"အဲ့ဒါကို ဂရုမစိုက်ပါနဲ့ သူဌေး အဲ့ဒါက ငါတို့ စားသောက်ဆိုင်ရဲ့ စားဖိုမှူးရဲ့ နာခံ မှုမရှိ ဂလန်ဂဆန်လုပ်တက်တဲ့ ကလေးမလေးပါ...သူတို့ကို လျစ်လျုရှုထားပြီးတော့ မှာချင်တာကိုသာမှာပါ..."


"ကလန်ကဆန် လုပ်တယ် ...နာခံမှုမရှိဘူး..."


စားပွဲထိုးအမျိုးသမီး၏ စကားများကို နားထောင်ပြီးနောက် ပုဖန်၏ မျက်နာက အေးစက်သွားသည်။သူ့လက်ထဲမှ မီနူးစာရွက်ကို စားပွဲပေါ် ရိုက်ချလ်ိုက်ပြီးနောက် ပုဖနါ ထရပ်လိုက်ကာအမျိုးသမီးကို ဒေါသဖြင့် ကြည့်လိုက်သည်။


"အဲ့ဒီ ကလေးစုတ်လေးဆ်ိုတာက ငါနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာကိုပြောဖို့မေ့သွားတယ်..."


ပုဖန် အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့၏ ဝတ်ရုံစကို ဝှေ့ယမ်းကာ အော်သံများ ထွက်ပေါ်လာသော နေရာဆီသို့ ဦးတည်လိုက်သည်။သူက ခြေလှမ်းကျယ်ကျယ်ဖြင့်လှမ်းပြီး အမျိုးသမီး၏ ရှေ့မှ အလျင်အမြန် ပျောက်ကွယ်သွားလေသည်။စားပွဲထ်ိုးအမျိုးသမီးက အံ့အားသင့်နေရာမှ ပြန်လည်သတိဝင်လာပြီး သူ့၏ မျက်နာပေါ်မှ နွေးထွေးသော အပြုံးက ပျောက်ကွယ်သွားလေသည်။


"ရှင် ဒီမှာ ပြဿနာလာရှာတာလား...တစ်ယောက်ယောက် သူ့ကို လာတားလိုက်စမ်း..."


အမ်ျိုးသမီးက စူးရှ ကျယ်လောင်စွာ အော်လိုက်သည်။သ်ို့သော်လည်း ပုဖန်က ခြေလှမ်းအနည်းငယ်ဖြင့်ပင် မီးဖိုခန်းထဲသို့ ဝင်ရောက်သွားလေပြီ မီးဖိုခန်းထဲတွင်ရှိနေသော လူတိုင်းက ရုတ်တရက် ဝင်ရောက်လာသော သူကို လှည့်ကြည့်လိုက်ကြသည်။


မြင်လိုက်ရသော မြင်ကွင်းကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူ့၏ မျက်ဝန်းထဲမှ ဒေါသများဆူပွက်လာလေသည်။ဝါးအိတ်က ဘေးတစ်ဖက်တွင် လွင့်စင်ကျနေပြီး ပါဝင်ပစ္စည်းများအားလုံးကလည်း ပြန့်ကျဲနေသည်။


သေးငယ်သော ပုံရိပ်လေးတစ်ခုက သိပ်မဝေးလှသော ထောင့်တစ် နေရာတွင် လှဲလျောင်းနေသည်။ကလေးမလေး၏ မျက်နာလေးက တုန်လှုပ်ခြောက်ခြားမှုများနှင့် မျက်ရည်များ ပြည့်နှက်နေသည်။


သူမ၏ ခန္ဓာကိုယ်ကို သေးငယ်သော လက်ကလေးများဖြင့် ဖုံးကာထားသည်။ဆုတ်ပြဲနေသော စားဖ်ိုမှူးဝတ်စုံ ကြားထဲရှိ ဒဏ်ရာများမှ သွေးများ စိမ့်ထွက်လာသည်ကိုလည်း မြင်နေရသည်။ထ်ိုပုံရိပ်လေးက ပုဖန်ကို ဒီဆိုင်သို့ ဦးဆောင်ခေါ်လာခဲ့သော စကားများလှသော ရှောင်ယပင် ဖြစ်သည်။


သို့သော်လည်း ယခုလက်ရှိ ရှောင်ယ၏ အခြေအနေက အစောပိုင်းကလို တက်ကြွမှု အပြစ်ကင်းစင်မှုများ ရှိမနေတော့ပဲ ကြမ်းပြင်ပေါ်တွင် ကြောက်ရွံ့ ထိတ်လန့်စွာ ကပ်တွယ်နေပေသည်။


သူမ၏ ဆံပင်များကလည်း ဖရိုဖရဲဖြစ်နေကာ ခန္ဓာကိုယ်ပေါ်တွင်လည်း သွေးတစိမ့်စိမ့်ထွက်နေသော ကြာပွတ်ရာများဖြင့် ပြည့်နှက်နေသည်။သူမက ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ ကြာပွတ်ရှည်ကို ကိုင်ဆောင်ထားသည့် ဖေးကျင်းထံမှ ခွင့်လွှတ်မှုရရန် တောင်းခံနေလေသည်။


ဖေးကျင်း၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးမှုများ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။သူ့၏ လက်မှ အစစ်အမှန် စွမ်းအင်လှိုင်းများက စီးဆင်းနေသောကြောင့် ကိုင်ဆောင်ထားသော ကြာပွတ်ရှည်က လေထဲတွင် ဝေ့ဝဲနေသည်။ကြာပွတ်၏အသံက သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီး တုန်ယင်နေစေ၏။


"ငါ့ကို မရိုက်ပါနဲ့တော့...ငါမှားသွားပါတယ်..."


ရှောင်ယက ဝမ်းနည်းကြေကွဲလှသော အသံလေးဖြင့် ခွင့်လွှတ်ဖ်ို့ကို တောင်းဆိုနေလေသည်။သူရှေ့မှ မြင်ကွင်းကိုကြည့်၍ ပုဖန်ရင်ထဲမှ ခံစားချက်များ လှိမ့်တက်လာသေးသည်။အစဉ်သဖြင့် မျက်နာသေဖြင့် ခံစားချက်မဲ့လှသော သူ့၏ မျက်နာပေါ်တွင် ဒေါ်သများထွက်ပေါ်လာသည်။


"မှားသွားတယ် ဟုတ်လား...ဘာမှားတာလဲဆိုတာကိုကော နင်သိလား...နင်က မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေကို ဝယ်လာပြီးတော့ ငါ့ရဲ့ အခွင့်အရေးကောင်းတွေကို ဆုံးရှုံးသွားစေတယ်...သလင်းကျောက်တွေ ဖြုန်းတီးပစ်လိုက်တာကို ငါခွင့်လွှတ်ပေးလိုက်လို့ရတယ်...ဒါပေမယ့် ဒီစားဖိုမှူးရဲ့ အချိန်ကောင်းကို ဖျက်စီးပစ်လိုက်တာမျိုးကို ငါခွင့်လွှတ်ပေးလို့မရဘူး...နင်လုပ်ခဲ့တဲ့ အပြစ်က ဘယ်လောက်တောင်ကြီးလဲဆိုတာကို နငါသိလား..."


ဖေးကျင်း၏ မျက်နာပေါ်မှ သန်မာလှသော ကြွက်သားများပင် ဒေါသကြောင့် တုန်ခါနေသေးသည်။သူလက်ကို အားကုန် လွှဲမြောက်လိုက်ပြီး ရှောင်ယကို နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။


ရှောင်ယဆီမှ စူးရှလှသောအော်သံတစ်သံ ထွက်ပေါ်လာပြန်သည်။သူမ၏ စားဖိုမှူးဝတ်စုံက ဆုတ်ပြဲသွားပြီး သွေးရောင် လွှမ်းသော ဒဏ်ရာတစ်ချက်ပေါ်လာပြန်၏။


သူမ၏ မျက်ဝန်းအိမ်မှလည်း မိုးပေါက်ကြီးများကဲ့သို့ မျက်ရည်စက်များ စီးကျလာလေသည်။ဖေးကျင်း ထ်ိုမျှ ဒေါသထွက်နေရခြင်းမှာ အစားကြူးနတ်ဘုရားစားသောက်ပွဲကို လွဲချော်သွားခြင်းမှ လွဲပြီး မဖြစ်နိုင်ပေ။


အစားကြူးဘုတ်ပြားပေါ်တွင် သူ့၏ နာမည်ကို ရေးထိုးမထားသောကြောင့် အင်မော်တယ်အစားကြူးရွာတွင် ကျင်းပမည့် အစားကြူး နတ်ဘုရားစားသောက်ပွဲတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းက ဝေးကွာသွားပေမည်။


တိုက်ဆိုင်စွာပင် ထိုကံမကောင်းလှသော ကလေးမလေးက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည်။ထို့ကြောင့် သူ့၏ ဒေါသများကို ထိုဆင်းရဲနွမ်းပါးသော ကလေးမလေးအပေါ်တွင် ဖြေဖျောက်ရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။


သူအော်ဟစ်သောင်းကြန်းပြီးနောက် ခံစားချက်များ ပို၍ ကောင်းလာသည်ကို တွေ့လိုက်ရသည်။ထို့ကြောင့်ပင် သူက ဆက်လက်၍ ဒေါသတကြီး ပြုမူနေတုန်းပင်ဖြစ်သည်။


ရှောင်ယ၏ ကိုယ်ပေါ်မှ သွေးချင်းချင်းရဲနေသောဒဏ်ရာများကိုကြည့်၍ သူ့၏ အကြည့်များက ပို၍ပင် ရူးသွပ်လာပေပြီ။


"ဟမ် ကောင်မစုတ်လေး...နင်က ဒီစားဖ်ိုမှုးကို ပြန်ခံပြောရဲတယ်ပေါ့...ရွှစ်..."


သူနောက်ထပ်တစ်ချက် လွှဲရိုက်လိုက်သည်။သို့

သော်လည်း ဒီတစ်ကြိမ်၌ သူ့၏ ရိုက်ချက်ကို ဟန့်တားလိုက်သူ ရှိနေသေးသည်။ဖေးကျင်းမျက်ဝန်းများ မှေးကျင်းလိုက်ပြီး သူ့၏ ကြာပွတ်ကို တားဆီးလိုက်သော ပိန်ပါးပါးပုံရိပ်ကို လှမ်းကြည့်လိုက်သည်။


ကြမ်းပြင်ပေါ်တွင် ပြားဝပ်နေသည့် ကလေးမလေးကလည်းသူ့၏ ခန္ဓာကိုယ်ပေါ်သို့ ရ်ိုက်ချက်မကျလာသောကြောင့် မော့ကြည့်လိုက်လေသည်။မျက်ရည်များကြားမှာပင် ကြာပွတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသောပုဖန်ကို တွေ့လိုက်ရသည်။


"မင်း ဘာလုပ်နေတာလဲ..."


ပုဖန် အေးစက်စွာမေးလိုက်သည်။သူ့၏ လက်များမှ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီးနောက် သူဆွဲကိုင်ထားသောကြာပွတ်ကို စောင့်စွဲလိုက်သည်။ကြောင်အနေသော ဖေးကျင်းက ရုတ်တရက် သူ့၏ အင်အားများကို ဆုံးရှုံးသွားပြီး ထိုစွဲချက်တစ်ချက်တည်းဖြင့်ပင် အရှေ့သို့ ခြေလှမ်း နှစ်လှမ်းသုံးလှမ်းခန့်လိုက်ပါသွားလေသည်။


"မင်း မင်း ကောင်စုတ်လေး...သေချင်နေတာလား..."


ဖေးကျင်းက အရှိန်ထိန်း၍ ပြန်လည်ရပ်တည်လိုက်သည်။သူ့၏ ဒေါသများ ပေါက်ကွဲထွက်ပေါ်လာပြီး ဝတုတ်တုတ်ခန္ဓာကိုယ်က တုန်ခါလာလေသည်။ပုဖန် ကြာပွတ်ရှည်က်ို ဆုပ်ကိုင်ထားရင်း ဖေးကျင်းကို အေးစက်စွာ ကြည့်လိုက်သည်။ထ်ို့နောက် ခြေနှစ်လှမ်းမျှလှမ်းရင်း ကလေးမလေးရှေ့သို့ ရွှေ့လိုက်သည်။


"ဒီလိုကလေးမလေးကိုတောင် ရိုက်နှက်နိုင်တာ ခင်ဗျားက ဘယ်လိုလူမျိုးလဲ..."


"မင်းက ဘယ်သူလဲ...ဘယ်လ်ိုလုပ်ပြီး ငါ့ကိစ္စထဲမှာ လာရှုပ်ရဲတာလဲ ဒီရွာထဲမှာ ငါ့ကို ဘာလုပ်ရမယ် ဘာမလုပ်ရဘူးဆိုပြီး လာပြောနိုင်တဲ့ အခွင့်အရေးမင်းမှားရှိလား..."


ဖေးကျင်းက ဒေါသတကြီးဖြင့် အံကြိတ်လိုက်ပြီး အော်လိုက်သည်။သူ့၏ ကြာပွတ်ကို လုယူသွားသော ကောင်စုတ်လေးက အဆင့်တစ်ဆင့်သာ ချိုးဖောက်ရသေးသူ ဖြစ်နေပေသည်။


"ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ..."


ဖေးကျင်း၏ ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များ စတင် လည်ပတ်လာပြီးနောက် သူ့၏ နောက်ကျောဘက်၌ စိတ်ဝိညာဉ် သုံးချောင်း ထွက်ပေါ်လာလေသည်။


ရွှစ်...


ထိုစိတ်ဝိညာဉ် ကြိုးများက တစ်ခုနှင့်တစ်ခု ရိုက်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသောအော်ရာများကို ထုတ်လွင့်နေပေသည်။ဒေါသထွက်နေသော စားပွဲထိုးအမျိုးသမီးကလည်း လူတစ်စုကို ဦးဆောင်၍ ခေါ်လာလေသည်။ထိုသူများက အဆင့်တစ်ဆင့် သို့မဟုတ် အဆင့် နှစ်ဆင့် ချိုးဖောက်ပြီးသော သူများသာဖြစ်ကြသည်။


အပြစ်ကင်းစင်လှသော ကလေးမလေးက သူ့၏ ပတ်ဝန်းကျင်မှ ကြောက်မက်ဖွယ်ရာကောင်းလှသော လူများကို ဝေ့ဝဲကြည့်လိုက်သည်။


"အကိုကြီး ငါ့ကို ထားခဲ့ပါ...ဒါက ငါ့ရဲ့ အမှားပါ ဒီနေရာကနေ မြန်မြန်လေး ထွက်သွားလိုက်တော့ ..."


သူမက နာကြင်မှုများကို အံကြိတ်၍ တောင့်ခံလိုက်ပြီး ပုဖန်၏ ခြေထောက်ကို တွန်းလိုက်သည်။ပုဖန် မျက်ခုံးပင့်လိုက်မိပြီးနောက် ရှောင်ယ၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။


ဘယ်လ်ိုအခြေအနေမျိုးပဲရှိရှိ ထိုကဲ့သို့ ကလေးမလေးတစ်ယောက်ကို အနိုင်ကျင့်သူမျိုးကို ပုဖန် လုံးဝ သည်းမခံနိုင်ပေ။


"နင် နောက်ဆုတ်နေလိုက်..."


ပုဖန် ညှင်သာစွာပြောလိုက်သည်။ပုဖန်၏ တည်ငြိမ်ပြီး ယုံကြည်မှု အပြည့်ရှိနေသောပုံစံက ရှောင်ယကို ကူးစက်သွားသကဲ့သို့ သူငိုကြွေးခြင်းရပ်တန့်သွားပြီးအနောက်သို့ ဖြေးဖြေးချင်း ဆုတ်လိုက်သည်။


ပုဖန် ဖေးကျင်းကို အေးစက်စွာ ကြည့်လိုက်သည်။ဖေးကျင်း၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားပြီး ရက်စက်လှသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ထိုကောင်စုတ်ကလေးက သူ့ကိုယ်သူ စေတနာရှင်အဖြစ် ကမ်းလှမ်းလာပေသည်။ကလေးမလေးရှောင်ယက သူ့၏ ဒေါသများကို ဖြေရှင်းရန်အတွက် သေးငယ်အားနည်းနေပေသည်။


သူ့၏ ဒေါသများကမူ ပို၍ ထုတ်လွင့်ရန် ကျန်ရှိနေပေသေး၏ ယခုမူ စေတနာ့ဝန်ထမ်း ရောက်လာပေပြီ။


"ကောင်းတယ်...မင်းက သေချင်နေမှတော့ ဒီစားဖိုမှူး မညှာတာဘူးလို့ အပြစ်မတင်နဲ့ ..."


ဖေးကျင်း၏ ခန္ဓာကိုယ်မှ တောက်လောင်နေသော ဒေါသများ ပြန်လည်ထွက်ပေါ်လာသည်။သူရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကြီးမားလှသော သားရဲကောင်ကြီးတစ်ကောင် ပေါ်လာသကဲ့သို့ တစ်စက်စက်တုန်ခါနေသော လက်သီးတစ်လုံး လွင့်ထွက်လာသည်။


စိတ်ဝိညာဉ် သံကြိုးသုံးချောင်းဆီမှလည်း လွှမ်းမိုးနိုင်စွမ်းသော အော်ရာများဖြန့်ကျက်ထွက်ပေါ်လာ၏။ဖေးကျင်း၏ အမူအရာက သူ့ရှေ့တွင် ရှိရှိသမျှ အရာအားလုံးကို ဖျက်စီးပစ်တော့မကဲ့သို့ ရူးသွပ်နေပေသည်။


သူရှေ့မှ အဆင့်တစ်ဆင့်သာ ချိုးဖျက်ထားသောလူငယ်လေးကို အလွန်ပင် အထင်သေးနေပေသည်။ထိုကဲ့သို့သော အဆင့်မျိုးက ပုရွတ်ဆိတ်တစ်ကောင်က်ို နင်းချေသတ်လသလို လွယ်ကူလှပေသည်။


"လခွမ်း ဒါဘာကြီးတုန်း..."


ဖေးကျင်း၏ မျက်နာက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားပြီး ရှုံ့မဲ့သွားလေသည်။သူ ပုဖန်၏ လက်ထဲမှ နက်မှောင်နေသော ဒယ်အိုးကို စိုက်ကြည့်လိုက်သည်။


"ရိုက်ချင်တယ်ဟုတ်လား...ဒီဒယ်အိုးကို ရိုက်လိုက်..."


ပုဖန် အေးစက်စွာ ပြောလိုက်သည်။ထို့နောက် သူ့၏ လက်မှဒယ်အိုးကို လွှဲယမ်းလိုက်ပြီး ဖေးကျင်း၏ မျက်နာနှင့် ပြင်းထန်စွာ မိတ်ဆတ်ပေးလိုက်သည်။


ဖေးကျင်း၏ အော်ရာများက ပြိုကွဲသွားပြီး သူ့ခန္ဓာကိုယ်က အထ်ိန်းအကွပ်မဲ့စွာဖြင့် လွင့်ထွက်သွားလေသည်။ကျယ်လောင်လှသော အသံတစ်သံကို ကြားလိုက်ရပြီးနောက် ဖေးကျင်း ကြမ်းပြင်ပေါ်မှ ကုန်းရုန်း၍ ထလာသည်။


ပုဖန်၏ ရိုက်ချက်ကြောင့် သူ့နှုတ်ခမ်းပင် ပြားမလို ဖြစ်သွားလေသည်။သူ တစ်ဆက်ဆက်တုန်ရီစွာဖြင့် ပုဖန်ကို လက်ညှိုးထိုးလိုက်သည်။ဒေါသထွက်လွန်းသောကြောင့် ပြောစရာစကားများပင် ပျောက်ရှနေလေသည်။


ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားပြီး ဖေးကျင်းကို ခပ်တည်တည်ဖြင့် စိုက်ကြည့်နေလေသည်။ကလေးမလေးအပါအဝင် ရှိနေကြသူများအားလုံးက မယုံကြည်နိုင်စွာဖြင့် ကြောင်ငေးကြည့်နေမိကြ၏။


"အဆင့် ၃ဆင့် ချိုးဖျက်ထားပြီးတဲ့သူကို အဆင့်တစ်ဆင့်တည်း ချိုးဖျက်ထားရသေးတဲ့ သူက ဒယ်အိုးနဲ့ ရိုက်လိုက်တယ်လား...သောက်က်ျိုးနဲ ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်နေတာလဲ...တိုက်ကြ အားလုံးတိုက်ကြ ဒီကောင်စုတ်လေးက ဒီမှာ ပြဿနာလာရှာနေတာ...သူ့ကို ငါ့အတွက်ဖမ်းပေးစမ်း..."


စားပွဲထိုးအမျိုးသမီးက ဖေးကျင်းလွတ်ထွက်သွားသည့် ခဏမှာပင် တစ်စုံတစ်ခု မှားယွင်းနေသလိုမျိုးခံစားလိုက်ရပြီး အသားကုန် အော်ဟစ်လိုက်သည်။


ဖေးကျင်းက သူတို့စားသောက်ဆိုင်၏ ခေါင်းဆောင်စားဖိုမှုးဖြစ်ပြီး အစားကြူးတောင်ကြားထဲမှ တတိယအဆင့် စားဖိုမှူးတစ်ယောက်လည်း ဖြစ်သည်။


ဂုဏ်သိက္ခာရှ်ိသော သူတစ်ယောက်တွင် ထိုကဲ့သ်ို့ မတော်တဆဖြစ်ရပ်များ ဖြစ်ပွားလာ၍ မရပေ။ထို့အပြင် အဓိကအချက်အနေဖြင့် ဖေးကျင်းသာမရှိလျှင် သူတို့၏ စားသောက်ဆိုင်က ထိပ်တန်းစားသောက်ဆိုင်အဖြစ် ရပ်တည်နိုင်တော့မည်မဟုတ်ပေ။


ဒီရွာလေးက ကြီးမားသည်ဟု ယူဆ၍ မရသော်လည်း ဖေးကျင်းရှိနေခြင်းက အားလုံး၏ အာရုံကို ဆွဲဆောင်ထားနိုင်သည့် အမှတ် သင်ညာလို ဖြစ်နေပြီး သူတို့ သက်တောင့်သက်သာရှင်သန်နိုင်လေသည်။


အစောင့်များက ချက်ချင်းပင် ဝိုင်းရံလာပြီးနောက် ကျယ်လောင်သော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။ကွဲပြားခြားနားလှသော အစစ်အမှန် စွမ်းအင်များနှင့် စိတ်ဝ်ိညာဉ်သံကြိုးများကလည်း ပတ်ဝန်းကျင်တွင် ရှုပ်ထွေးလိမ်ယှက်နေပေသည်။


သူတို့အားလုံးက ပုဖန်ဆီသို့ တစ်စုတစ်စည်းတည်း ချီတက်လာပြီး တမူထူးခြားလှသော ဖိနှိပ်နိုင်စွမ်းသော စွမ်းအင်များကို ထုတ်ဖော်လာကြသည်။


ပုဖန်က ထိုလူစုကို အေးစက်စွာဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို အသာအယာမြောက်လိုက်ကာ အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်သည်။


အနက်ရောင် ဒယ်အိုးက အသက်ဝင်လာသလိုမျိုး မျက်စိကျိန်းလောက်ဖွယ် အလင်းတန်းများကို ထုတ်ဖော်လာလေသည်။ထိုဒယ်အိုးက ပြင်းထန်စွာ လည်ပတ်လာပြီးနောက် ဆန်းကြယ်လှသော အသံများကို ထုတ်လွင့်လာသည်။


အစောင့်များက ထိုဒယ်အိုးကို ဂရုမစ်ိုက်ပေ သူတို့ လက်သီးချက်တစ်ချက်ဖြင့်ပင် ထ်ိုဒယ်အိုးကို ရိုက်ချနိုင်သည်ဟု တွေးထင်ထားကြလေသည်။သို့သော်လည်း ထိုဒယ်အိုးနှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်နှင့် သူတို့၏ အမူအရာများပြောင်းလဲသွားသည်။


မြောက်များလှစွာသော ပုံရိပ်များ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ဒယ်အိုး၏ ဖိချေမှုကြောင့် သူတို့ သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။ကြမ်းပြင်ပေါ်မှ ဖေးကျင်းက အံ့အားသင့်စွာဖြင့် ကြောင်အကြည့်နေကြသလို စားပွဲထ်ိုးအမျိုးသမီးကလည်း ထိတ်လန့်မှုဖြင့် ပါးစပ်အဟောင်းသားပွင့်နေလေသည်။


"ဒီလူက သန့်စင်နယ်မြေက တစ်ယောက်ယောက်ရဲ့ ပါရမီရှင် တပည့်များဖြစ်နိုင်မလား...သူက အဆင့် တစ်ဆင့်တည်း ချိုးဖောက်ထားပြီးတော့ သူ့ထက် အားကြီးတဲ့ ရန်သူတွေကို ဖိနှိပ်နိုင်တယ် ဒါမှမဟုတ် ငါတို့ပဲ မျက်စိကန်းနေတာလား..."


ထိုစားပွဲထိုးအမျိုးသမီးက ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေလေသည်။သူမက လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ချေလိုက်ပြီး ပုဖန်ကို လက်ညှ်ိုးညွှန်၍ ပြောလိုက်သည်။


"နင် အကျင့်မကောင်းတဲ့ကောင် အစားကြူးတောင်ကြားထဲမှာရှိနေတဲ့ စားသောက်ဆိုင်မှာ ဘယ်လိုလုပ်ပြီး ပြဿနာလာရှာရဲတာလဲ ငါတို့ရဲ့ ခေါင်းဆောင် စားဖိုမှူး ဖေးကျင်းက အစားကြူးဘုတ်ပြားမှာ ဝင်ရောက်ဖို့တောင် အခွင့်အရေးရှ်ိတဲ့ စွမ်းအားကြီးသူဆိုတာကို မသိဘူးလား..."


"အစားကြူးဘုတ်ပြား အဆင့်သတ်မှတ်ချက် ဟုတ်လား...အဲ့ဒါဘာကြီးတုန်း..."


ပုဖန် ခပ်တိုးတိုးရေရွတ်လိုက်သည်။စားပွဲထ်ိုးအမျိုးသမီး၏ စကားကို ကြားပြီးနောက် ဖေးကျင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကော့လိုက်သည်။သူ့ကို ချီးကျူးပြောဆိုလိုက်မှုကြောင့် သူ့၏ မျက်နာကလည်း မောက်မာမှုအပြည့် ထင်ဟပ်လာလေသည်။


"ဟမ်း...ဒီအမျိုးသမီးပြောတဲ့ပုံအရဆိုရင် ခင်ဗျားက သာမန်ထက် ပိုသန်မာတဲ့ စားဖိုမှူးပေါ့ ဟုတ်လား..."


ပုဖန် ဖေးကျင်းကို အသာစောင်း၍ ကြည့်လိုက်ပြီး မေးလိုက်သည်။


"ကိစ္စတွေက ဒီလို ဖြစ်သွားပြီဆိုမှတော့ ကျုပ်ခင်ဗျားနဲ့ စားဖိုမှူး စိန်ခေါ်ပွဲလုပ်မယ်..."