အခန်း ၆၄၄
အမဲဝမ်းတွင်းသားကြော်...
"ဒီလိုဆိုရင် ငါမင်းနဲ့စားဖိုးမှူး စိန်ခေါ်ပွဲ ယှဉ်ပြိုင်မယ်..."
ပုဖန်က ဖေးကျင်းကို အေးစက်စက်ကြည့်ပြီး ပြောလိုက်သည်။ သူ့၏အမူအရာက အခါများစွာကကဲ့သို့ပင် တည်ငြိမ်နေတုန်းဖြစ်သည်။ သို့သော်လည်း သူ့၏စကားက ကြားလိုက်ရသူအားလုံးကို ကျောစိမ့်သွားစေသည်။
"စားဖိုမှူးစိန်ခေါ်ပွဲ..."
"ဒီကောင်လေးက ဖေးကျင်းနဲ့ စားဖိုမှူး စိန်ခေါ်ပွဲ လုပ်ချင်တယ်ပေါ့လေ...
သောက်ကျိုးနဲ သူက စားဖိုမှူးစိန်ခေါ်ပွဲဆိုတာ ဘာလဲ နားလည်ရဲ့လား...
ဒါမှမဟုတ် အဲ့ဒီရဲ့ အဓိပ္ပာယ်ကိုရောသိရဲ့လား...
ဘာကြောင့် ဒီကောင်လေးက စိန်ခေါ်ပွဲလုပ်ရလောက်အောင် ရဲရင့်နေတာလဲ..."
အစားကြူးတောင်ကြားထဲ၌ ရှိသူအားလုံးက စားဖိုမှူးစိန်ခေါ်ပွဲအကြောင်း မသိသူမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချက်က စားဖိုမှူးတစ်ယောက်အနေနှင့် သိထားသင့်သော အခြေခံအချက်ထဲတွင် ပါဝင်နေပေသည်။ စားဖိုမှူးများ တစ်ယောက်နှင့် တစ်ယောက် ပြဿနာတက်ကြသည့်အခါတိုင်းတွင် စားဖိုမှူးစိန်ခေါ်ပွဲဖြင့် သူတို့၏ပြဿနာများကို ဖြေရှင်းလေ့ရှိတတ်ကြပေသည်။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က စိတ်မပျော်မရွှင် ဖြစ်နေလျှင်လည်း စားဖိုမှူးစိန်ခေါ်ပွဲကို ကျင်းပတက်ကြလေသည်။ စားဖိုမှူးတစ်ယောက်ချင်းစီတိုင်းကလဲ ပြိုင်ပွဲ၏ အခွင့်အာဏာများအားလုံးကို လက်ကိုင်ရရှိမည်ဖြစ်သည်။
ပြိုင်ပွဲကိုစတင်သည့်အခါတွင် စားဖိုမှူးများအားလုံးက ကြမ်းသစ္စာကိုကြိမ်ဆိုထားရ၏။ ရှုံးသွားသည်နှင့်တစ်ပြိုင်နက် သူ့တို့၏ဓားကိုသိမ်းဆည်းခံရမည့်အပြင် ချက်ပြုတ်ပိုင်ခွင့်များလဲဆုံးရှုံးသွားမည် ဖြစ်သည်။ မှန်ပေသည် ရှုံးသွားသူကို ကြမ်းသစ္စာဖြင့်ကူညီသည့် ခြွင်းချက်တစ်ခုလဲရှိနေပေသည်။ ဖေးကျင်းက သူ၏ကြောက်စရာအကောင်းဆုံး အိမ်မက်ထဲတွင်ပင် ထိုကဲ့သို့ စကားကိုကြားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ဒီကောင်လေးက ဦးနှောက်ပျက်နေတာလား..."
ဖေးကျင်းက အစားကြူးဘုတ်ပြားပေါ်တွင်လဲ ပုဖန်၏ နာမည်ကိုမတွေ့ဖူးပေ။ ထို့ကြောင့် အချက်ကျကျ ပြောရမည်ဆိုလျှင် ပုဖန်၏ အချက်အပြုတ်က ကောင်းလိမ့်မည်မဟုတ်ပေ။ ထိုကောင်စုတ်လေး၌ အချက်အပြုတ်စွမ်းရည်သာ မရှိလျှင် ဖေးကျင်းကို မည်ကဲ့သို့ ရင်ဆိုင်နိုင်မည်နည်း။
"သူက ရူးနေတာလား..."
အားလုံးသတိပြန်ဝင်လာကြပြီး ပုဖန်ကိုလှောင်ပြောင်ရယ်မောကြလေသည်။
"ဒီကောင်စုတ်လေးက စားဖိုမှူးစိန်ခေါ်ပွဲကို ယှဉ်ပြိုင်ချင်နေတယ်...
သူက သေတွင်းတူးနေတာပဲ..."
အကယ်၍ ထိုကောင်လေးသာ သူ့၏ဒယ်အိုးနက်ကို အဆက်မပြတ်လွှဲယမ်းနေပါက ထိုနေရာတွင် ရှိနေသောသူများအားလုံး ခုခံကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်းသူက စားဖိုမှူးစိန်ခေါ်ပွဲကို ရွေးချယ်၍ သူ့၏သေရွာသွားမည့်လမ်းကိုဖောက်ခဲ့လေသည်။ စားဖိုမှူးဖေးကျင်းက အစားကြူးဘုတ်ပြားပေါ်တွင် နာမည်ရေးထိုးထားပြီးသော စားဖိုမှူး တစ်ယောက်ပင်ဖြစ်၏။ သူကိုယ်တိုင်က ထိုစားသောက်ဆိုင်၏ အမှတ်သင်္ကေတတစ်ခု ဖြစ်နေသလို ရွာထဲတွင်လဲ နံပါတ်တစ် စားဖိုမှူးတစ်ယောက်ဟုဆိုနိုင်ပေသည်။
ကလေးမလေး ရှောင်ယက ပုဖန်ဤစားဖိုမှူးစိန်ခေါ်ပွဲအကြောင်း ထုတ်ပြောလာမည်ဟု မထင်ခဲ့မိချေ။ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်သွားလေသည်။
"အကိုကြီး စားဖိုမှုးစိန်ခေါ်ပွဲနဲ့ စိန်မခေါ်ပါနဲ့ ..."
ရှောင်ယက ပုဖန်ကို စိုးရိမ်တကြီးပြောလိုက်သည်။ သူမမည်မျှ စိုးရိမ်သောကရောက်နေကြောင်းကို မြင်နိုင်ပေ၏။ ဖေးကျင်းက စောက်ကျင့်မကောင်းသော်လည်း သူ့၏ အချက်အပြုတ်စွမ်းရည်က ဤရွာထဲတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ ထို့ကြောင့် ဖေးကျင်းနှင့်ယှဉ်ပြိုင်ခြင်းက အစ်ကိုကြီးအတွက် ဒုက္ခများစေပေလိမ့်မည်။ စားပွဲထိုးအမျိုးသမီးကလဲ ပုဖန်၏ စကားကြောင့်ရယ်မောလိုက်လေ၏။
"ငါတို့ရဲ့ စားဖိုမှူးဖေးကျင်းကို စားဖိုမှူးစိန်ခေါ်ပွဲပြုလုပ်မယ်ပေါ့
ဒီကောင်လေးက သေလမ်းကိုရွေးနေတာပဲ...
စားဖိုမှူးဖေးကျင်း သူ့ကိုမညှာတာနဲ့ တကယ့်အချက်အပြုတ် အနုပညာဆိုတာဘာလဲ သိအောင် ပြပေးလိုက်..."
စားပွဲထိုးအမျိုးသမီးက အဆုတ်ပင်ကွဲတော့မတတ် အော်ဟစ်ပြောဆိုလိုက်၏။ ဖေးကျင်းက အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်သည်။
"စားဖိုမှူးစိန်ခေါ်ပွဲ သူကတကယ်ဆန္ဒရှိနေတယ် ဆိုတော့လဲ..."
ထိုကောင်လေး၏ ဒယ်အိုးနက်က သူ့ကိုခေါင်းကိုက်စေပြီး အဆင်မပြေမှုကို ဖြစ်ပေါ်စေသည်။ သူနှင့်ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်သော်လည်း စားဖိုမှူးစိန်ခေါ်ပွဲဆိုလျှင် အစားကြူးဘုတ်ပြားပေါ်တွင် နာမည်ရေးထိုးထားပြီးသား ဖေးကျင်းက ဘာကိုကြောက်နေရမည်နည်း။
"လာလေ မင်းဆန္ဒရှိတဲ့အတိုင်း စိန်ခေါ်ပွဲတစ်ခု လုပ်ကြတာပေါ့
ဟက် သေလမ်းရှာတဲ့ ကောင်စုတ်လေး..."
"မင်းကိုယ်တိုင်က သေတွင်းတူးနေပြီဆိုမှတော့ ဒီစားဖိုမှူးက ဘာများခွင့်မပြုပေးနိုင်စရာ အကြောင်းရှိလဲ ဟား ဟား..."
ဖေကျင်းက အားပါးတရ ရယ်မောလိုက်သောကြောင့် သူ့၏ဗိုက်မှ အဆီပြင်များပင် တုန်ခါသွားလေသည်။ ပုဖန်က စိတ်လှုပ်တရှားဖြစ်နေသော ဖေးကျင်းကို ခေါင်းအသာငဲ့၍ကြည့်လိုက်သည်။
“ဘာတွေများပျော်စရာရှိလို့လဲ ဒီဝက်ပုပ်ကအဲ့လောက် အူမြူးနေတာလဲ..."
ပုဖန် ဖေးကျင်းကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ရဲ့ စားဖိုမှူးစိန်ခေါ်ပွဲကို စကြစို့... ခင်ဗျား စည်းမျဉ်းတွေကို သတ်မှတ်လိုက်..."
"ဘာ စည်းမျဉ်းတွေကို သတ်မှတ်နိုင်တယ်
ဒီကောင်က တကယ့်ကို ရူးသွပ်နေတာပဲ...
စောက်ကျိုးနဲ ဒီနို့နံ့တောင်မစင်သေးတဲ့ ကောင်စုတ်လေးက စားဖိုမှူးဖေးကျင်းကို အရင်စိန်ခေါ်ခဲ့ပြီးတော့ စည်းကမ်းတွေကိုလဲ သတ်မှတ်ခွင့်ပြုတယ်...
သူရဲ့အချက်အပြုတ်ပညာက ကမ္ဘာပေါ်မှာပြိုင်ဘက်မရှိတော့ဘူးလို့ အထင်ရောက်နေတာ
လား..."
ဤနေရာက အစားကြူးတောင်ကြားဖြစ်သောကြောင့် ကျွမ်းကျင်လှသော စားဖိုမှူးများမရေမတွက်နိုင်အောင် ရှိပေသည်။ ထို့ပြင်ဖေးကျင်းကလဲ တတိယတန်းစား စားဖိုမှူးတစ်ယောက်ဖြစ်ပေသည်။ ကြုံရာလူတစ်ယောက် လာ၍ စော်ကားနိုင်သောသူမဟုတ်ပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ပုဖန်က အစားကြူးတောင်ကြားထဲမှ စားဖိုမှူးတစ်ယောက်မဟုတ်ကြောင်း ပြောနိုင်ပေသည်။ သူကပြင်ပကမ္ဘာမှ စားဖိုမှူးလေး တစ်ယောက်က အစားကြူးတောင်ကြားထဲမှ စားဖိုမှူးတစ်ယောက်ကို လာရောက်စိန်ခေါ်နေပေသည်။ သူ့ကို ထိုကဲ့သို့သတ္တိမျိုး မည်သူက ပေးသနားလိုက်သနည်း။
ဖေးကျင်း၏ မျက်နှာပေါ်တွင် ရက်စက်ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာပေသည်။ ထိုနောက် အလင်းတချက်လက်သွားပြီး သူ့လက်ထဲသို့ စားဖိုမှူး ဝတ်စုံတစ်စုံရောက်လာ၏။ ဖေးကျင်းက ထိုစားဖိုမှူး ဝတ်စုံကို ဝတ်ဆင်လိုက်သည်။
ထိုဝတ်စုံက တခြားဝတ်စုံများနှင့် ယှဉ်လိုက်လျှင် ကွဲပြားခြားနားနေပေသည်။ သူ့၏ လက်အနားတွင် ရွှေရောင်လိုင်းသုံးလိုင်းရှိနေပြီး အခြားစားဖိုမှူး ဝတ်စုံများထက် ပိုမို၍ သက်တောင်သက်သာရှိကာ ဝံ့ဝံ့ကြွားကြွားလဲ ရှိလေသည်။ ထိုစားဖိုမှူးဝတ်စုံက အစားကြူးတောင်ကြား၏ တတိယအဆင့်ရှိသော စားဖိုမှူးများပိုင်ဆိုင်သည့် ဝတ်စုံဖြစ်သည်။
ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်စုံကလဲ တခြားစားဖိုမှူးဝတ်စုံများနှင့် ကွဲပြားခြားနားပေသည်။ ဖေးကျင်းက ထိုဝတ်စုံကိုကြည့်၍ ပုဖန်၏ အချက်အပြုတ်စွမ်းရည်အဆင့်ကို မဆုံးဖြတ်နိုင်ပေ။ သို့သော်လည်း သူတွက်ယုံကြည်မှုတစ်ချို့ရှိနေပေသည်။ ပုဖန်ကအပြင်ကမ္ဘာမှ လာသည့်သူဖြစ်လေရာသူက မည့်သည့်အတွက်ကြောင့် ကြောက်ရွံရမည်နည်း။ ပြင်ပကမ္ဘာက မည်သည့် စားဖိုမှူးမျိုးကိုမဆို အစားကြူးတောင်ကြားထဲမှစားဖိုမှူးများက နင်းခြေနိုင်ပေသည်။
"အဲ့ဒီတော့လဲ ဒီဆရာသခင်က စည်းမျဉ်းတွေကို ဆုံးဖြတ်ရတာပေါ့
မင်းကရူးသွပ်တဲ့ကောင်ပဲ မင်းငိုရရမယ့်အချိန်ကို စောင့်ကြည့်နေမယ်... "
ဖေးကျင်းက အေးစက်စွာပင် လှောင်ပြောင်လိုက်သည်။ ထိုနောက်လူတစ်စုက မီးဖိုခန်းတွင်းမှထွက်လာပြီး ဒုတိယထပ်ဆီသို့ ဦးတည်လိုက်ကြသည်။ စားပွဲထိုးအမျိုးသမီးက ထိုနေရာရှိ ပရိဘောဂများကို ရွေ့ထားပြီး စားဖိုမှုးစိန်ခေါ်ပွဲအတွက် နေရာလုံလုံလောက်လောက် ရှင်းထားပြီးဖြစ်သည်။ စားဖိုမှူးစိန်ခေါ်ပွဲအကြောင်း ပျံ့နှံသွားသည်နှင့်တပြိုင်နက် လူအများက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် လာရောက်ကြည့်ရှုကြရာ အခန်းထောင့်တိုင်းတွင် လူပြည့်ကြပ်သွားလေ၏။
ကြည့်ရှူသူများအားလုံး ပုဖန်၏ အရှက်ကွဲမှုကို မြင်ရစေရန်အတွက် စားပွဲထိုးအမျိုးသမီးက ထိုပရိတ်သတ်များကို မောင်းမထုတ်ချေ။ စားသောက်ဆိုင် တစ်ခုလုံးငြိမ်သက် တိတ်ဆိတ်သွားပြီး ပြိုင်ပွဲနေရာကိုသာ အာရုံစိုက်နေကြပေသည်။ ဖေးကျင်းက ပုဖန်ဆီသို့ လှောင်ပြောင်သရော်ဟန်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် လေးလံပုံရသော သံထည်ဓားတစ်လက် ပေါ်လာလေသည်။ ဤဓားက အဖိုးတန်သတ္တုများဖြင့် သွန်းလောင်းပြုလုပ်ထားသောကြောင့်တကယ့်ကို လေးလံလှသည်။ ထို့အပြင်၎င်းမှ ထုတ်လွှတ်သော အော်ရာများကလဲ ပြင်းထန်လှ၏။
"စည်းကမ်းချက်တွေနဲ့ ပတ်သတ်ပြီး အများကြီးပြောမနေတော့ဘူး
ဟိုမှာပါဝင်ပစ္စည်းတွေ မင်းလဲမင်းကြိုက်တာ မင်းရွေး၊ ငါလဲ ငါကြိုက်တာ ငါရွေးမယ်...
ငါတို့ရဲ့ ဟင်းပွဲတွေကို ဒီမှာရှိတဲ့အယောက် ငါးဆယ်က ဆုံးဖြတ်ပေးလိမ့်မယ် အမှတ်များတဲ့လူက နိုင်မယ် ဟုတ်ပြီလား..."
ပုဖန်ကတစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာတုန့်ပြန်လိုက်သည်။
"ဘာပဲဖြစ်ဖြစ်ရတယ်..."
သူ့၏အလေးအနက် မထားမှုကြောင့် လူအုပ်ကြီးမှာ လေးအေးတစ်ချက်ရှိုက်လိုက်မိသည်။
"ဒီလူငယ်လေးက တအားကို ဝင့်ကြွားတာပဲ..."
တခြားသူများနှင့် အတူတူရပ်နေသော စားပွဲထိုးအမျိုးသမီးက လက်သီးတင်းတင်း စုပ်လိုက်မိသည်။ ထိုကောင်စုတ်လေး စားဖိုမှူးဖေးကျင်းကို ရှုံးနိမ့်သွားမည်ကို ကြိုတင်မျှော်လင့်ထားပေ၏။
စားဖိုမှူးစိန်ခေါ်ပွဲတွင် ရှုံးနိမ်းပြီးနောက် မည်သူမျှ အေးအေးဆေးဆေး နေနိုင်လိမ့်မည်မဟုတ်ပေ။ သူတို့၏ဆက်လက် ချက်ပြုတ်ပိုင်ခွင့်ကို ဆုံးရှုံးရမည့်အပြင် သူတို့ကိုယ်ပိုင်ဓားကိုပင် သိမ်းဆည်းခံရမည်ဖြစ်သည်။ ဒါကအလွန်ပင်ရက်စက် ကြမ်းကြုတ်လှသောဆိုးရွားသည့်စိန်ခေါ်ပွဲ တစ်ခုပင်ဖြစ်သည်။ စားဖိုမှူးနှစ်ယောက်အတွက် ကျိန်စာဆိုးပင် ဖြစ်လေသည်။
"ကောင်စုတ်လေး မင်းကရဲရင့်ပါလား...
အဆုံးသတ်ကြမှ မင်းအမေဆီပြေးငိုမငို ကြည့်ကြတာပေါ့..."
ပုဖန်၏ တည်ငြိမ်လှသော အခြေအနေကြောင့် ဖေးကျင်းအနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ဖေးကျင်းက ပုန်ဖန်ကိုလျစ်လျူရှုလိုက်ပြီး ပါဝင်ပစ္စည်းများ ထားထားရာနေရာသို့လျှောက်သွားလိုက်သည်။ ထိုပါဝင်ပစ္စည်းများက စားသောက်ဆိုင်ရောင်းချသော ဟင်းပွဲများကို ပြင်ဆင်ရာတွင် အသုံးပြုခြင်းဖြစ်သည်။ သူတို့က အရည်အသွေး မမြင့်မားပေ။ သို့သော်လည်း စားဖိုမှူးစိန်ခေါ်ပွဲဆိုသည်မှာ အချက်အပြုတ်စွမ်းရည်ကို ပြိုင်ခြင်းဖြစ်ပြီး ပါဝင်ပစ္စည်းများ၏ အရည်အသွေးကို ယှဉ်ပြိုင်ခြင်းမဟုတ်သောကြောင့် အဆင်ပြေပေသည်။
ဖေးကျင်းက ကျွဲအမျိုးအစား စိတ်ဝိဉာည်သားရဲ၏ အသားကိုအသုံးပြုလိုက်၏။ ထိုအသားတွင် စိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံနေပေသည်။ ထိုစိတ်ဝိညာဉ်သားရဲကို စားပွဲပေါ်သို့ပစ်တင်လိုက်ပြီးနောက် သူ့၏မီးဖိုချောင်သုံးဓားကို ဆွဲကိုင်လိုက်သည်။ သူကမည်သည့်ဓားရေးမှ ဟန်မပြပဲ ကျွဲသားရဲ၏ခေါင်းကို ခွဲချလိုက်သည်။ ထိုကျွဲခေါင်းက မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။ မြင်ကွင်းကအနည်းငယ် ကြောက်စရာကောင်းပေ၏။ သို့သော်လည်း ထိုသွေးလွှမ်းနေသောမြင်ကွင်းက လူတချို့ကို ပို၍စိတ်လှုပ်ရှားတက်ကြွလာပေသည်။ သူတို့ကဖေးကျင်း၏ လှုပ်ရှားမှုများကို မျှော်လင့်တကြီးဖြင့် ကြည့်နေကြပေသည်။
ပုဖန်က ကြမ်းကြမ်းတမ်းတမ်းပင် ကိုင်တွယ်နေသော ဖေးကျင်းကို အေးစက်စွာပင် ကြည့်နေသည်။ သူ့၏နောက်တွက်ရပ်နေသော ကလေးမလေးက လက်သီးတင်းတင်းဆုပ်၍ ပုဖန်ကိုစိုးရိမ်တကြီးကြည့်နေပေသည်။ သူမက ပုဖန်ကိုစားဖိုမှူးစိန်ခေါ်ပွဲတွင် မယှဉ်ပြိုင်စေလိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုစားဖိုမှူးဖေးကျင်းမည်မျှ သန်မာကြောင်းသူကောင်းကောင်သိပေသည်။ ရွေးချယ်ထားသော ပါဝင်ပစ္စည်းအရ ဖေးကျင်းက သူ့၏ ကိုယ်ပိုင်ဟင်းပွဲတစ်ခုဖြစ်သော အမဲဝမ်းတွင်းသားကို ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုဟင်းပွဲက ဒီစားသောက်ဆိုင်၏ အမှတ်သင်ညှာ တစ်ခုလိုပင် ဖြစ်နေပြီး မြောက်မြားလှစွာသော စားသုံးသူများက ထိုဟင်းပွဲကိုစားနိုင်ရန် ဤဆိုင်သို့တကူးတက လာရောက်လေ့ရှိကြသည်။ ဖေးကျင်း၏ လက်ထဲမှ အနက်ရောင်ဓားက လှုပ်ရှားသွားပြီးနောက် နွားဗိုက်သားက ပွင့်သွားသည်။ သွေးများအဆက်မပြတ် စီးကျလာပြီး မြင်ကွင်းတစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။ ထို့နောက်ဖေးကျင်းက အလျင်အမြန်ပင် နွားအသားများကို ဆက်လက်၍ ဖြတ်တောက်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုနှင့် ရက်စက်သောအပြုံးကလဲ ပို၍ပီပြင်လာသည်။ သူ့၏သွေးများပေကျံနေသော မျက်နှာကိုမော့လိုက်ပြီး ပုဖန်ကို မောက်မာဝင့်ကြွားစွာ ကြည့်လိုက်သည်။
"ဟန်း အသုံးမကျတဲ့ကောင်စုတ်လေး မင်းရှုံးသွားအောင် စောင့်လိုက်အုံး ...
မင်းရဲ့အမေပါ မင်းအတွက်ငိုရအောင်လို့ ငါလုပ်ပစ်မယ်..."
ဖေးကျင်းက လျှာထုတ်၍ သူ့မျက်နှာပေါ်တွင် ပေနေသည့်သွေး စက်များကို မှီသလောက် လှမ်းယက်လိုက်သည်။ သူ့၏ပုံစံက တကယ့်ကို ကြမ်းကြုတ်မှုအပြည့်ဖြင့် ဖြစ်နေပေသည်။ သူမီးမွှေး၍ အိုးကိုအပူပေးလိုက်သည်။ မီးတောက်များလွှင့်တက်လာသည်နှင့် သူပြင်ဆင်ထားပြီးသားပါဝင်ပစ္စည်း တချို့ကိုအိုးထဲသို့ထည့်လိုက်၏။ ထို့နောက်ဇွန်းဖျားကို ကိုင်၍ထိုပါဝင်ပစ္စည်းများကို မွှေလိုက်သည်။
"ရွဲ..."
သူအဆက်မပြတ် မွှေနေသည်နှင့်အမျှ အခန်းထဲတွင် အပူငွေ့များဖြင့်ပြည့်နက်လာပြီး အမဝမ်းတွင်းသား၏ မွှေးပျံ့လှသောရနံ့က လွှမ်းခြုံလာသည်။ လူအုပ်ကြီးက ထိုမွှေးရနံ့များကို ရှူရှိုက်ပြီးနောက် သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာပေါ်လာပေသည်။
"ငါတို့ စားဖိုမှူးဖေးကျင်းရဲ့ အစစ်အမှန်လက်ရာပဲ ဒီစားသောက်ဆိုင်ထဲမှာ ဘယ်သူမှ သူ့ဟင်းပွဲကိုယှဉ်နိုင်မှာမဟုတ်ဘူး..."
စားပွဲထိုးအမျိုးသမီးက စိတ်ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။
"ဒီမာစတာ စားဖ်ိုမှူးဖေးကျင်း သူ့၏လက်ရာဟင်းပွဲကို ဆက်လက်ချက်ပြုတ်နေသရွေ့ သူတို့၏ စားသောက်ဆိုင်ကလဲ ကြီးပွားတိုးတက်နေပေလိမ့်မည်..."
ပြိုင်ပွဲတွင် အနိုင်ရရှိပြီး စားဖိုမှူးဖေးကျင်း၏ နာမည်ကို အစားကြူးဘုတ်ပြားပေါ်ရေးထိုးနိုင်သော အခါတွင် သူတို့၏စားသောက်ဆိုင်ကလဲ ရေပန်းစားလာမည်မှာ သေချာပေသည်။ သူတို့ဆိုင်၏ ဂုတ်ဏသတင်းက အစားကြူး အင်မော်တယ်ရွာတခွင်လုံး ပျံ့နှံ့သွားပေလိမ့်မည်။ အစားကြူးအင်မော်တယ်ရွာတွင် စားသောက်ဆိုင်ဖွင့်ရန် လိုအပ်ချက်များထဲမှတစ်ခုမှာ စားဖိုမှူးက အစားကြူးဘုတ်ပြားပေါ်တွင် အဆင့်သတ်မှတ်ချက်ရှိရင်မည်ဖြစ်သည်။ ထိုစားဖိုမှူးက တတိယတန်းစားအဆင့် စားဖိုမှုးတစ်ယောက်ဖြစ်ရမည်ကို လူတိုင်းသိထားပြီး ဖြစ်၏။
ဖေးကျင်းက တတိယအဆင့် စားဖိုမှူးများတွင် အသန်မာဆုံးသူဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် သူ့၏စားသောင်ဆိုင်က ကျော်ကြားနေခြင်းဖြစ်၏။
"ရွဲ...ရွဲ..."
ဖေးကျင်းက ပုဖန်ကိုကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းများ တွန့်၍ပြုံးလိုက်သည်။ ထို့နောက်သူအရက်ပုလင်းက်ို ကောက်ကိုင်လိုက်ပြီး အဖုံးကိုပါးစပ်ဖြင့် ကိုက်ဖွင့်ကာ တစ်ငုံသောက်လိုက်သည်။ ဖေကျင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ကျန်နေသော အရက်များကို အိုးထဲသို့လောင်းထည့်လိုက်ပြီး မီးတောက်များဖြစ်အောင်ပြုလုပ်လိုက်သည်။ ကြည့်ရှုနေသူများက စိတ်လှုပ်ရှားစွာဖြင့်ပင် သက်ပြင်းတစ်ချက်ချလိုက်ကြသည်။
ပုဖန်၏ အကြည့်များက တည်ငြိမ်နေတုန်းပင် ဖြစ်သည်။ သူက ရူးသွပ်နေသော ဖေးကျင်း၏ လှုပ်ရှားမှုများကို အကြည့်လွှဲလိုက်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။ လက်နှစ်ဖက်ကို နောက်ပစ်၍ ပါဝင်ပစ္စည်းများထားရာ နေရာဆီသို့ လျောက်သွားလိုက်သည်။ ပုဖန်၏ လှုပ်ရှားမှုများက လူများစွာ၏ အာရုံကိုဆွဲဆောင်ထားလေ၏။ ထိုသူများက ဖေးကျင်း၏ အမဲဝမ်းတွင်းသားဟင်းနှင့် ယှဉ်ပြိုင်နိုင်ရန် ပုဖန် မည်သည့်ဟင်းပွဲကို ရွေးချယ်မည်ကို သိချင်နေကြပေသည်။
ကလေးမလေးရှောင်ယကလဲ သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေသည်။ စားပွဲထိုးအမျိုးသမီးကလဲ လက်သီးတင်းတင်းစုပ်ထားလျှက် ပုဖန်ကိုလှောင်ပြောင်ဟန် ကြည့်နေလေ၏။ ဖေးကျင်းကလဲ သူ့၏မီးတောက်များကို ထိန်းချုပ်နေရင်း ပုဖန်ကိုအထင်မြင်သေးစွာဖြင့် စိုက်ကြည့်နေသည်။ အားလုံး၏စူးစမ်းနေသော အကြည့်များအောက်မှာပင် ပုဖန်က တောင်တစ်တောင်ကဲ့သို့ ပုံနေသော ပါဝင်ပစ္စည်းများထဲမှ စိတ်ဝိညာဉ်သားရဲဥ တချို့ကိုရွေးချယ်လိုက်လေသည်။