အပိုင်း ၆၄၅
Viewers 53k

အခန်း ၆၄၅

ခဗျားက ဘာမို့လို့ ဥကို လာအထင်သေးနေတာလဲ...


"စိတ်ဝိဉာဉ်သားရဲဥ..."

သားရဲဥများကိုဖြည်းဖြည်းချင်း ဆွဲယူနေသော ပုဖန်ကိုကြည့်၍ အားလုံး၏ မျက်နှာပေါ်တွင်အံ့အားသင့်သည့် အမူအရာများ ပေါ်လာပေသည်။ 


"ဒီလူငယ်လေးက စားဖိုမှူးဖေးကျင်းကို ဒီဥအနည်းငယ်နဲ့ အနိုင်ယူဖို့စီစဉ်နေတာလား...


ဥနှင့်ပတ်သတ်စပ်နွယ်နေသော ဟင်းပွဲမှန်သမျှက အလွယ်တကူ ပြင်ဆင်ရသော ဟင်းပွဲများသာ ဖြစ်လေသည်။ ထိုဟင်းပွဲများက ကောင်းမွန်သည့် အရသာကို ပိုင်ဆိုင်ထားသည် ဆိုသော်လည်း အမဲဝမ်းတွင်းသားကြော်နှင့် ယှဉ်လိုက်လျှင် အရသာလျော့နည်းနေမည်မှာ ဧကန်ပင်။ 


"ကြည့်ရတာဒီကောင်လေးက အခုလက်တလောမှ စားဖိုမှူးဖြစ်လာတာ ထင်တယ်... 


ဖြစ်နိုင်တာက သူ ဥနဲ့ပတ်သတ်တဲ့ ဟင်းပွဲ တချို့ကိုပဲ ချက်တတ်တာဖြစ်မယ်

ဥပမာ ဥထမင်းကြော် ဒါမှမဟုတ် တစ်ခုခုပေါ့...


ဟီးဟီး အဲ့ကောင်လေးက ကြက်ဥပြုတ်တာပဲ သိတာလား ဆိုတာကိုဘယ်သူသိနိုင်မလဲ..."


လူအုပ်ကြီးက ပုဖန်ကိုထူးဆန်းသော အကြည့်များဖြင့်ကြည့်၍ တီးတိုးပြောဆိုနေကြသည်။ဖေးကျင်းက ခေါင်းအသာ ခါယမ်းလိုက်လေသည်။ သူ့၏စိတ်ထဲတွင်လဲ မယုံနိုင်စရာကောင်းလောက်အောင်ပင် စိတ်သက်သာရာ ရသွားလေ၏။ အစောပိုင်းက ထိုကောင်စုတ်လေးသည် သူ့ကိုပင် အနိုင်ရနိုင်ချေရှိသော ဖြတ်မျဉ်းတစ်ကောင်ဖြစ်မည်ကို ကြောက်ရွံ့နေမိသည်။ 


"သူကဒီစားဖိုမှူးဖေးကျင်းကို စိတ်ဝိညာဉ်သားရဲဥနဲ့ အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်ပေါ့..."


ဖေးကျင်း၏ကိုယ်ပိုင်လက်ရာ ဖြစ်သော အမဲဝမ်းတွင်းသားကြော်က ပါဝင်ပစ္စည်းများပင်ဖြစ်စေ၊ သူ့၏ချက်ပြုတ်သည့် နည်းလမ်းပင်ဖြစ်စေ ဥနှင့်ပတ်သတ်သော ဟင်းပွဲများနှင့် ယှဉ်နိုင်သည်မှာ သိသာလှပေသည်။ ပုဖန်ကဲ့သို့သော သူမျိုးက သူနှင့်ယှဉ်ပြိုင်ဖို့ပင် အရည်အချင်းမရှိပေ။ ထိုအတွေးကိုတွေးလိုက်သည်နှင့် သူ့၏ခန္ဓာကိုယ်တစ်ခုလုံး ယုံကြည့်မှုအပြည့် ဖုံးလွှမ်းသွားလေ၏။ သူ့လက်ထဲမှယောင်းမနှင့် ဒယ်အိုးထိခတ်သံကလဲ ပို၍ပင်ပြင်းထန်လာလေသည်။ 


"အမှိုက်လိုကောင်စုတ်လေး မင်းက မင်းရဲ့ကျွမ်းကျင်မှုနည်းနည်းလေးနဲ့ ဒီစားဖိုမှူးကိုအနိုင်ယူဖို့ အိပ်မက်မက်နေတယ်ပေါ့လေ...


အိုက်ရား... အခုခေတ်လူငယ်တွေကလေ သူတို့အစွမ်းအစကို သူတို့မသိကြဘူး...."


စားပွဲထိုးအမျိုးသမီးက ကျယ်လောင်စွာဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။ ကြည့်ရှူနေသူများ၏ အထင်အမြင်သေးမှုများကလဲ ပို၍ကြီးမားလာသည်။ ပုဖန်ကထိုသူများကို လုံးဝဂရုမစိုက်ပဲ သူ့၏မီးဖိုခုံရှိရာသို့ပြန်လျှောက်လာလိုက်သည်။ သူတို့ရယ်ချက်သလောက် ရယ်နိုင်ပေ၏။ သူတို့ကဘာမှသိကြသည့် သူများလဲမဟုတ်ပေ။ ပုဖန်က သူယူလာသော ဥအနည်းကို သူ့၏မီးဖိုခုံပေါ်သို့တင်လိုက်သည်။ သားရဲအသားနှင့် ပြည့်နက်နေသော ဖေးကျင်းနှင့်ယှဉ်လိုက်လျှင် သူ့၏မီးဖိုခုံက တကယ့်ကိုချို့တဲ့လှပေသည်။


“ဒီဥပဲလား... "


ဒီတစ်ကြိမ်မှာတော့ လူအုပ်ကြီးပို၍ အံ့အားသင့်သွားသည်။ တခြားထမင်း၊ ပါဝင်ပစ္စည်း စသဖြင့်ဘာမှမပါလာပေ။


"ဒီကောင်လေး ဘာလုပ်နေတာလဲ

သူကဥကြော်မှာလား ဒါမှမဟုတ်ဥပြုတ်မှာလား..."


စိုးရိမ်ပူပန်နေသော ရှောင်ယသည်လည်း မည်သည်မျှမတွေးတက်တော့ပဲ ပုဖန်ကိုသာစိုက်ကြည့်နေမိသည်။ သို့သော်လည်း ပုဖန်၏ ယုံကြည်မှုရှိလှသော အမူအရာကိုမြင်ပြီးနောက် သူမနှလုံးသားထဲမှ ပူပန်မှုများက အနည်းငယ်ငြိမ်သက်သွားသည်။


"ကြည့်ရတာတော့ အစ်ကိုကြီးမှာ အစီအစဉ်ရှိနေပုံပဲ ရှောင်ယက အစ်ကိုကြီးကိုယုံကြည်ရမယ်...

မင်းအရှုံးပေးလက်လျော့လိုက်ပြီလား 

မင်းကဒီဥ အနည်းငယ်နဲ့ငါ့ကိုယှဉ်ပြိုင်ချင်တာလား..."


ဖေးကျင်းကသူလက်ထဲမှ ယောင်းမကို ပစ်ချလိုက်သောကြောင့် ကျယ်လောင်သောအသံထွက်ပေါ်လာသည်။ အိုးထဲမှမီးတောက်များကလဲ ငြိမ်သက်သွားပေသည်။ အိုးထဲမှ မွှေးပျံ့ကြိုင်လှိုင်လှသောရနံ့များကလဲ ပျံ့နှံ့ထွက်ပေါ်လာသည်။ ဖေးကျင်းက သစ်သားခြင်းလေးတစ်ခုကို ကောက်ယူလိုက်ပြီး ထိုခြင်းထဲမှအရည်များကို စစ်ထုတ်လိုက်သည်။ သူက ထိုခြင်းလေးထဲမှာ ဆေးကြောသန့်စင်ထားပြီးသော အမဲအူများက်ိုထုတ်လိုက်ပြီး အမဲအူများကို သူ့၏အနက်ရောင်ဓားဖြင့် သေးသေးလေးလှီးဖြတ်လိုက်သည်။ ပြီးသည်နှင့် ထိုအူများအားလုံးကိုအိုးထဲသို့ ပစ်ထည့်လိုက်၏။


"ရွဲ..."


မီးတောက်များတဖန် တောက်လောင်လာပြီး အခိုးအငွေ့များတလူလူ လွင့်တက်လာသည်။ ဝမ်းတွင်းသားနှင့် တခြားပါဝင်ပစ္စည်းများ အားလုံးရောနှောသွားပြီး မွေးရနံ့များက ပို၍သိပ်သည်းလာသည်။ 


"ဒီသားရဲဥတွေကို မင်းက အထင်သေးနိုင်တယ်လို့ ဘာကြောင့်ထင်နေရတာလဲ... "

ပုဖန်က ဖေးကျင်းကိုတည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။ 


"ဥတွေကို အထင်သေးတယ်..."

ဖေးကျင်းကြောင်အ သွား၏။ 


"ငါကဥတွေကိုအထင်သေးတဲ့စကားများ ပြောမိလို့လား..."


သားရဲဥများ၏ အသုံးဝင်ပုံက အကန့်အသတ်ရှိသည်ဟုသာပြောလိုခြင်း ဖြစ်သည်။ သို့သေည်လည်း ပုဖန်က ဖေးကျင်းကိုလျစ်လျူရှုထား လိုက်လေပြီ။ သူ့၏လက်မှအလင်းတန်းများထွက်ပေါ်လာပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးက ပြန့်ကားလာလေသည်။ လေထဲတွင် တရစပ်လည်နေသော ဒယ်အိုးက မီးဖိုခုံပေါ်သ်ို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။ ကျယ်လောင်လှသောအသံက အားလုံး၏အာရုံကိုဆွဲဆောင် လိုက်သောကြောင့် လူတိုင်း၏အကြည့်များ သူ့ဆီရောက်လာပေသည်။ထိုမဟူရာရောင် ဒယ်အိုးကိုမြင်လိုက်သည်နှင့် ဖေးကျင်းနှင့် တခြားသူများ၏မျက်နှာက မည်းမှောင်သွားလေသည်။ 


ဒယ်အိုးက တကယ့်ကို မကောင်းဆိုးဝါးပဲ ကြည့်ရှူသူများကမူ မီးဖိုခုံကို ပြင်းထန်စွာ ဖျက်ဆီးလိုက်သော ဒယ်အိုးကို ကြောင်အ၍ ကြည့်နေမိသည်။ 


"ဒီလိုအသုံးမဝင်တဲ့ မီးဖိုခုံမျိုးကို မည်သူမျှ မသုံးချင်ပေါင်..."


ပုဖန်က တည်ငြိမ်စွာပင်ပြောလိုက်သည်။ ထို့နောက်သူက အတွေးတချက်ဖြင့်ပင် စစ်စတန်၏သိုလှောင်နယ်မြေထဲမှ ပန်းကန်များစွာကိုထုတ်ယူလိုက်သည်။ ထိုပန်းကန်များက လေထဲတွင်လှပသေသပ်စွာလည်နေလေသည်။ ပုဖန်လက်ကို ညင်သာ စွာဝှေ့ယမ်းလိုက်သည်နှင့် ဥအခွံက အလည်မှနေ၍ ကွဲအက်သွားလေသည်။ ထို့နောက် တောက်ပြောင်နေ သော ဥအဖြူအကာနှင့် ဝါနှစ်နေသည့် ဥအနှစ်လေးများပေါ်လာပြီး ပန်းကန်ပြားထဲသို့ကျသွားလေသည်။ 


ပုဖန်က လက်တစ်ဖက်ကို နောက်ပစ်လိုက်ပြီး ထိုဥပန်းကန်ကို လက်ဖဝါးထဲသို့ကျဆင်း စေလိုက်သည်။ ထို့နောက် ထိုပန်းကန်က မယုံနိုင်စရာကောင်းလောက်သော အရှိန်နှုန်းဖြင့် လည်ပတ်နေပြီး အထဲမှ ဥအနှစ်နှင့်အကာများကို ရောသမမွှေလိုက်လေသည်။ 


“နင်ကဘာလို့ ကိုယ့်ဂုဏ်သိက္ခာကို မထိန်းသိမ်းထားချင်ရတာလဲ... 

ငါက နင့်အတွက် မီးဖိုခုံတစ်ခုံ ပြင်ပေးထားတယ်ဆိုထဲပဲ စေတနာကောင်းနေပြီလို့ ပြောလို့ရတယ်..."

 စားပွဲထိုးအမျိုးသမီးက ပုဖန်ကိုကြည့်၍ အေးစက်စွာ လှောင်ပြောင်ရယ်မော လိုက်ပြန်သည်။ မီးဖိုမရှိလျှင် ပုဖန်အတွက် အးအောင်မြင်မှုရရင် ပို၍ခက်ခဲလှပေလိမ့်မည်။ စားဖိုမှူးတစ်ယောက်အတွက် မီးဖိုခုံမှာ အရေးကြီးဆုံ အခန်းကဏ္ဌက ပါဝင်ပေသည်။ ပုဖန်ရင်ဘက်ရှေ့တွက် ကြွေပန်းကန်ပြားက အဆင်မပြတ်လည်ပတ်နေပြီး ရေဝဲတစ်ခုကိုပင် ဖြစ်ပေါ်နေစေသည်။ အားလုံးကလဲ ထိုမြင်ကွင်းကိုကြည့်၍ အံ့အားသင့်လာမိကြသည်။


"ဒီကောင်လေးက ဘာလုပ်ဖို့ကြံစည်နေတာပဲ


လူအုပ်ထဲမှ တစ်စုံတစ်ယောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့်ပြောလိုက်သည်။

"သူ ဥအနှစ်မုန့်လုပ်ဖို့ကြံစည်နေတာလား...

ဥအနှစ်၊ ဒါမှမဟုတ် ဥအစာသွပ်မုန့်..."


မှန်ပေသည်။ သူပြင်ဆင်နေသည့်ပုံက ဥအနှစ်မုန့်နှင့် တူနေပေသည်။ သို့သော်လည်း ထိုမျှပင် ရိုးရှင်းလှသော ဟင်းပွဲတစ်ခုက ဖေးကျင်း၏အမဲဝမ်းတွင်းသားကြော်ကို မည်ကဲ့ယှဉ်နိုင်ပါမည်နည်း။


"သူ့ရဲ့ခေါင်းက ကောင်းကောင်းအလုပ်မလုပ်ဘူးထင်တယ် ..."


ပုဖန်သက်ပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် သူ့၏ ပါးစပ်ထဲမှ ရွှေဝါရောင်မီးတောက်တစ်ခု ပေါ်ထွက်လာသည်။ မီးတောက်ကိုမှုတ်ထုတ်လိုက်ပြီး ဒယ်အိုးကို အပူပေးလိုက်သည်။ ဒါကသူ့၏ ပိုင်ဆိုင်မှုဖြစ်သော ကောင်းကင်ကမ္ဘာမြေမီးလျှံ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ဖြစ်သည်။ ကောင်းကင် ကမ္ဘာမြေမီးလျှံ၏ ဖိနှိပ်မှုကြောင့် ဖေးကျင်း၏မီးတောက်က တုန်ခါသွားလေသည်။ ဖေးကျင်းအံ့အားတသင့် ဖြစ်သွားပြီး ခေါင်းမော့ကြည့်လိုက်လေရာ ပုဖန်၏မီးတောက်ကိုသူမြင်လိုက်ရ၏။ 


"ဒီကောင်စုတ်လေးက အံ့အားသင့်သရာကောင်းတဲ့ ပစ္စည်းတွေကိုပိုင်ဆိုင်ထားတာပဲ...

အဲ့တာက ကောင်းကင်ကမ္ဘာမြေမီးလျှံမဟုတ်လား..."


ဖေးကျင်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုက အထင်သားပေါ်လွင်နေသည်။ ပုဖန်တွင် ကောင်းကင်ကမ္ဘာမြေမီးလျှံရှိနေခြင်းက သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေ၏။ သို့သော်လည်း သူက ကောင်းကင်ကမ္ဘာမြေ နည်းလမ်း၏ ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းရည်များကို ပြန်လည်တွေးတောပြီးနောက် ပုဖန်၏ ရွေးချယ်မှုကို ရယ်ချင်မိသွားသည်။ 


"ဒီကောင်လေးက သေတွင်းတူးရတာကို တော်တော်ကြိုက်တာပဲ... 


ထို့အပြင် ပုဖန်ပြုလုပ်မည့် စားစရာက စိတ်ဝိဉာဉ် စွမ်းအင်းလှိုင်းများနှင့် မီးလျှံကိုတည့်မတ်စွာ ထိန်းချုပ်ဖို့ လိုအပ်ပေသည်။အမှားတစ်ချက် ပြုလုပ်မိလိုက်သည်နှင့် ဟင်းပွဲကပျက်ဆီးသွားပြီး စိတ်ပျက်စရာ ဖြစ်သွားပေလိမ့်မည်။ ဖေးကျင်းကနှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီးနောက် သူ့၏ဟင်းပွဲကိုသာ အာစုံရိုက်လိုက်ပြီး ပုဖန်အရှက်တကွဲ ဖြစ်မည့်အချိန်ကိုသာ စောင့်နေမိသည်။ ပုဖန်ကမူ ဖေးကျင်းကို လုံးဝလျစ်လျူရှုထားလေသည်။ သူ သူ့၏လက်ဖြင့် အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်ပြီးပါးလွှာလှသော ဓားတစ်ချောင်းကို ဖန်ဆင်းလိုက်သည်။ ထို့နောက် ထိုဓားပုံသဏ္ဌာန် အစစ်အမှန်စွမ်းအင်များက ပန်းကန်ပြားထဲမှ ကြက်ဥအမြုပ်များအားလုံးကို သေချာစွာ ဖယ်ရှင်းပေးလိုက်သည်။ 


ထို့နောက်သူ ဟင်းခတ်အမွှေးအကြိုင် အချို့ကို ထည့်ပေါင်းထည့်လိုက်ပြီး အမြုပ်များငြိမ်သက်သွားသည်အထိ စောင့်နေလိုက်၏။ သူသိုလှောင်နယ်မြေထဲမှ ( ) တချို့ကိုထုတ်ယူလိုက်ပြီး ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။ ဥအနှစ်အရည်များက အရောင် အနည်းငယ်ဖျော့သွားသည်။ ပုဖန်က အစစ်အမှန်ဓားပါးကို အသုံးပြု၍ အမြုပ်များကိုဖယ်ထုတ်လိုက်ပြန်သည်။ 


သူအသာအယာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည် ဥအနှစ်အရည်အတွင်း၌ ရှိနေသော စိတ်ဝိဉာဉ် စွမ်းအင်များကို သေချာစွာထိန်းညှိထားရပေသည်။ သူ့၏လက်ကိုအစစ်အမှန်စွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်ပြန်သည်။ ထူထဲလှသော အစစ်အမှန်စွမ်းအင်များဖြင့် ပန်းကန်လုံးကိုအုပ်ကာလိုက်၏။ သူလက်ကိုပြန်လည် ဖယ်လိုက်သောအခါ ပန်းကန်လုံးပေါ်တွင် အမှေးပါးတစ်ခု ဖြစ်ပေါ်နေပေပြီ။ အတွေးတစ်ချက်ဖြင့်ပင် အပ်သေးသေးလေးများပြေးထွက်သွားသကဲ့ ( ) ပေါ်တွင် အပေါက်ကလေးများဖြစ်ပေါ်သွားသည်။ 


ထို့နောက်နူးညံ့ ပျော့ပျောင်းလှသော စိတ်ဝိဉာဉ်စွမ်းအင်တမျိုးက ထိုအပေါက်ကလေးများမှနေ၍ ထိုးထွက်လာလေသည်။ သူအားလုံးပြင်ဆင်ပြီးသည်နှင့် ထိုပန်းကန်လုံးကိုမဟူရာ လိပ်ခုံးဒယ်အိုးအတွင်းသို့ ထည့်လိုက်သည်။ သူ့၏အတွေးတစ်ချက်ဖြင့်ပင် ဒယ်အိုးကို စည်းခတ်ထားပြီးသား ဖြစ်သွားလေသည်။ သူ့၏လက်ကို ဒယ်ယ်အိုးပေါ်တွင် တင်လိုက်ပြီး အိုးထဲမှ စိတ်ဝိဉာဉ်စွမ်းအင် အတက်အကျများကို ခံစားကြည့်လိုက်သည်။ လူများစွာက ပုဖန်၏လှုပ်ရှားမှုများကို မယုံကြည်နိုင်သွာဖြင့်စွာကြည့်နေကြပေသည်။


“ဒီကောင်စုတ်လေးက စားဖိုမှူးဖေးကျင်းနဲ့ ပြိုင်ဖို့အတွက် ဥအနှစ်မုန့်ကို လုပ်ရဲတယ်လား...”


ဖေးကျင်းက လှောင်ပြောင်ရယ်မောလိုက် ပြီး နောက် သူ့၏ ဒယ်အိုးအဖုံးကိုဖွင့်လိုက်သည်။ သင်းပျံ့မွှေးကြိုင်လှသော ရနံ့များကလုံးကနဲ လွှင့်ပြန်လာလေ၏။ 


"အရမ်းမွှေးတာပဲ ဒီအနံ့က စားဖိုမှူးဖေးကျင်းရဲ့ လက်ရာ အမဲဝမ်းတွင်းသားကြော် အစစ်အမှန်ပဲ

 ဒီအနံ့က တခြားဟင်းပွဲတွေနဲ့ ယှဉ်လိုက်ရင် အရမ်းကိုပဲမွှေးတယ်..."


"ငါစားဖိုမှူးဖေးကျင်းရဲ့ အမဲဝမ်းတွင်းသားကြော်ကို မစားရတာအတော်ကြာပြီ ငါ့တကယ့်ကို စားချင်နေပြီ...

ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်အချိန်မှာတော့ ငါမြည်းစမ်းနိုင်ဖို့အခွင့်အရေး ရတော့မှာပဲ..."


လူများစွာက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တီးတိုးပြောဆိုနေကြ၏။ သူတို့က သရေများပင်တမြားမြား ကျနေပြီး တံတွေးအနိုင်နိုင်မြိုချနေရသည်။ ဖေးကျင်းက ဆီရောင်အနည်းငယ် တောက်ပြောင်နေသော မွှေးရနံ့များဖုံးလွှမ်းနေသည့် အမဲဝမ်းတွင်းသားကြော်ကို ကောက်ယူလိုက်ပြီး ပန်းကန်ထဲထည့်လိုက်သည်။ အမဲဝမ်းတွင်းသားက ပန်းကန်ထဲမှခုန်ထွက်လာတော့မလို သင်းပျံ့မွှေးကြိုင်ျသာရနံ့များ လှမ်းခြုံသွားလေရာ အားလုံး အာရုံစိုက်ရာဖြစ်လာလေသည်။


အားလုံး စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြပြီး မရပ်မနားချီးကျူးပြောဆိုကြလေ၏။ ဖေးကျင်းက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ပြီးနောက် သူ့လက်မှအရည်များကို သုတ်လိုက်သည်။ ထို့နောက် ပန်းကန်နားကပ်၍ ဟင်းရနံ့ကိုရှူရှိုက်လိုက်သည်။ စိတ်ကျေနပ်ဖွယ် ကောင်းလှသော မွှေးရနံ့ကြောင့် သူ့၏မျက်ဝန်းများတောက်ပသွားလေသည်။ သူ့၏ မျက်နှာပေါ်မှ အဆီပြင်များပင် ပျော်ရွှင်မှုဖြင့် တုန်ခါနေ၏။ 


"ဟဲဟဲ လုံးဝပါဖက်ပဲ အဲ့ဒီ့ကောင်စုတ်လေးတော့ ရှုံးတော့မယ်...


မင်းမှာ ကောင်းကင် ကမ္ဘာမြေမီးလျှံကို ပိုင်ဆိုင်ထားတယ်ဆိုတော့ရော ဒီစားဖိုမှူးကမင်းကို တစမကျန်အောင် ပျက်ဆီးပစ်မယ် ..." 


ဖေးကျင်းက လက်နှစ်ဖက်နောက်ပစ်၍ ခေါင်းမော့ရင်ကော့ကာ ရပ်လိုက်သည်။ တတိယအဆင့် စားဖိုမှူးဝတ်စုံက သူ့ကိုမောက်မာဝင့်ကြွားမှုများ ပေးစွမ်းနေပေ၏။ သူပုဖန်ကို အထင်မြင်သေးစွာဖြင့် မျက်လုံးများမှေးစင်း၍ ကြည့်လိုက်သည်။ ပုဖန်က ဖေးကျင်းကိုအေးဆေးသွာပင် တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့၏အမူအရာက တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ပုဖန်သူ့လက်တစ်ဖက်ကို ဝှေ့ယမ်း၍ မဟူရာလိပ်ခုံးဒယ်အိုး ဖိလိုက်ပြီး စိတ်ဝိဉာဉ်စွမ်းအင်များကို အလုံးအရင်းဖြင့် ပို့လွှတ်လိုက်သည်။ 


ပုံသဏ္ဌာန်မဲ့လှသော စိတ်စွမ်းအင်မျညးကြောင့် ဖေးကျင်း၏မျက်နှာ အနည်းငယ်ပြောင်းလဲသွားသည်။ သူ့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများပေါ်ပေါက်လာသည်။ သို့သော်လည်းအလျင်အမြန်ပင် တည်ငြိမ်သွား၏။ သူတီးတိုးရေရွတ်လိုက်သည်။


"အဲ့လိုလုပ်နိုင်တော့ရော ဘာဖြစ်သေးလဲ...

အဲ့ကောင်စုတ်လေးရဲ့ ဥအနှစ်မုန့်က ကောင်းကင်ကိုတောင် ထိုးထွက်နိုင်တယ်လို့ ငါ့ကိုလာမပြောနဲ့..."


"သုံး... နှစ်.... တစ်

ဟူး ပြီးပြီ..."


ပုဖန်သူ့စိတ်ထဲမှနေ၍ ရေတွက်လိုက်ပြီး သက်ပြင်းအသာ မှုတ်ထုတ်လိုက်သည်။ သူ့၏နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး နောက် သူ မဟူရာလိပ်ခုံး ဒယ်အိုးကို အသာအယာထိတွေ့လိုက်သည်။ တင်းတင်းကြပ်ကြပ် ဖိပိတ်ထားသောအဖုံးက ပန်းတပွင့်လန်းလာသကဲ့သ်ို့ ပေါက်ကွဲသွားလေသည်။