အပိုင်း ၆၄၆
Viewers 53k

အခန်း ၆၄၆

တန်းစီ...ဖြေးဖြေးလုပ်၊မလုကြနဲ့...


ဒယ်အိုးအဖုံးက ကြည့်ရှုနေသူများ၏ မျက်လုံးအောက်မှာပင် ပန်းတစ်ပွင့် ပွင့်ဖွားလာသည့်အလား ဖြစ်ပေါ်လာသည်။ထိုမြင်ကွင်းက မျက်စိမလွှဲနိုင်လောက်အောင် လှပလွန်းလှသည်။


ပွင့်ချပ်တစ်ချပ်စီ ပွင့်ဖူးလာသလိုမျိုး အလင်းတန်းများက ကောင်းကင်ယံထက်သို့ ပျံတက်နေသည်။လှပလှသော မြင်ကွင်းကြောင့် ကြည့်ရှုနေသူများအားလုံး အသက်ရှူမှားသွားမိသည်။


"ဟင်းပွဲတစ်ပွဲက အဲ့ဒီလောက်တောင် တောက်ပနိုင်တာလား..."


အားလုံးက မျက်လုံးကျယ်ကျယ်ဖွင့်၍ အသက်ပင်မရှုပဲ ထ်ိုမြင်ကွင်းကို ကြည့်နေကြသည်။


ဖေးကျင်းလည်း အိုးထဲမှ ထွက်လာဆသာ အပူငွေ့များနှင့် အလင်းတန်းများကိုကြည့်၍ သူ့စိတ်ထဲသို့ ထူးဆန်းသော ခံစားချက်တစ်ခု တိုးဝင်လာလေသည်။


ပုဖန် ဖေးကျင်းဘက်သို့ အေးစက်စွာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဒယ်အိုးထဲမှ ဥပေါင်းကို ထုတ်ယူလိုက်သည်။အားလုံးကလည်း ပုဖန်၏ လက်ထဲမှ ပန်းကန်ကိသြာ ရင်သပ်ရှုမောစွာဖြင့် အံ့သြတကြီး ကြည့်နေကြသည်။


"ဟင်းပွဲတစ်ခုက အဲ့ဒီလောက်တောင် တောက်ပတယ်... အဲ့ဒါကို ကြည့်ရတာက မျက်လှည့်ပညာလို့တောင် ထင်မိတယ်..."


"ငါ အဲ့ဒီလောက် တောက်ပတဲ့ ဟင်းပွဲမျိုးကို မမြင်ဖူးဘူး ဒီလိုအခြေအနေနဲ့ဆိုရင် ဒါ အရသာအရမ်းကောင်းတဲ့ ဟင်းပွဲ ဖြစ်နိုင်တယ်...စားဖိုမှူးဖေးကျင်းက ဒီနေ့ရှုံးတော့မှာလား ဒါပေမယ့် သူက တတိယအဆင့် စားဖိုမှူးပဲလေ..."


စားသုံးသူများက သူတို့၏ ထင်မြင်ချက်များကို ပြောဆိူနေကြသည်။သူတို့၏ ဖေးကျင်းအပေါ် ယုံကြည်မှုများက အလင်းတန်းများကို မြင်လိုက်စဉ်ကပင် မသိလိုက်စွာပျောက်ကွယ်သွားပေပြီ။ထိုကဲ့သို့ အံ့အားသင့်စရာ ခံစားမှုမျိုးကို သူတို့ကိုယ်သူတို့ပင် ရှင်းမပြနိုင်ပေ။


ကလေးမလေး ရှောင်ယက ပုဖန်က်ို တွေဝေငေးမောစွာဖြင့် စိုက်ကြည့်နေမိသည်။သူမက ပုဖန်နှင့် အနီးဆုံးဖြစ်နေသောကြောင့် ဥအနှစ်မုန့်ဆီမှ ထွက်ပေါ်လာသောမွှေးရနံ့များကို အရင်ဆုံးရရှိလိုက်လေသည်။


သူမ၏ မျက်ဝန်းလေးများက တောက်ပသွားပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။


စားပွဲထိုးအမျိုးသမီးက သူမ၏ နေရာတွင်ပင်ရပ်၍ ပုဖန်ကို ဆက်လက်လှောင်ပြောင်သရော်လေသည်။


ကလေးစုတ်လေး ရှောင်ယ ကို ကယ်တင်ဖို့ ထွက်ပေါ်လာသော ကြုံရာ ကောင်စုတ်လေးတစ်ယောက်က သူတို့၏ စားသောက်ဆိုင်မှ စားဖိုမှူးကို အနိုင်ရလိမ့်မည်ဟု မယုံကြည်ပေ။


အားလုံး၏ အကြည့်များအောက်မှာပင် ပုဖန် ဥအနှစ်မုန့်ကို စားပွဲပေါ် တင်လိုက်သည်။ အံ့အားသင့်စွာဖြင့် အာမေဋိတ်သံများပင် ထွက်ပေါ်လာလေ၏။


ပန်းကန်က ဖန်အကြည်စ တစ်စ ဖြစ်သွားသလိုမျိုး...ပန်းကန်လုံး၏ ပတ်ပတ်လည်တွင် ထွင်းထုထားသော ရုပ်ပုံများက အလင်းများ၏ စီးဆင်းမှုအောက်တွင် အသက်ဝင်လှုပ်ရှားလာသလိုမျိုး ထင်မြင်ရသည်။


ထိုမြင်ကွင်းက အလွန်ပင်လှပလှသည်။သို့သော်လည်း ပန်းကန်၏ စွဲမက်ဖွယ်ရာအကောင်းဆုံးအပိုင်းမှာ ပန်းကန်အတွင်းရှိ ဥ အနှစ်မုန့်သာဖြစ်လေသည်။


ဥအနှစ်မုန့်က လုံးဝ ပြစ်ချက်ကင်းလှသည်။မျက်နာပြင်ကလည်းမှန်တစ်ချပ်လို ကြည်လင်ချောမွေ့နေ၏။တငွေ့ငွေ့ထွက်နေသော အပူငွေ့လေးများနှင့်အတူ သင်းပျံ့သော ရနံ့များက စီးဆင်းလိုက်ပါနေသည်။


သိပ်သည်းကြွယ်ဝလှသော မွှေးရနံ့များက အားလုံး၏ မျက်ခုံးများကိုတွန့်ကွေးသွားစေပြီး သူတ်ို့ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။


"မွှေးလိုက်တာဘယ်လိုဖြစ်လို့ အဲ့ဒီလောက် မွှေးရတာလဲ..."


လူအုပ်ကြီးက သူတို့၏ နှာခေါင်းကိုပင် သူတို့ မယုံနိုင်ဖြစ်နေမိကြသည်။


"မင်း... မင်း..... ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်မွှေးနေရတာလဲ..."


ဖေးကျင်း၏ မျက်နာက မယုံကြည်နိုင်မှုဖြင့် တုန်ယင်နေသည်။


"ဒါက ဥအနှစ်မုန့်မဟုတ်ဘူးလား...ဒါက ကောင်းကင်ကိုဖြတ်ကျော်မယ့် ဟင်းပွဲမဟုတ်ဘူးလေ ဒါက အိမ်တိုင်းအိမ်တ်ိုင်းလွယ်လွယ်ကူကူချက်နိုင်တဲ့ ဟင်းပွဲတစ်ပွဲ မဟုတ်ဘူးလား ..."


ထိုအကြောင်းကြောင့်ပဲ ပုဖန်က သူတို့၏ စားဖိုမှူးစိန်ခေါ်ပွဲတွင် ဥအနှစ်မုန့်ကို လုပ်မည်ဟုသိလိုက်ရတုန်းက သူလှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ပုဖန် ပြုလုပ်လိုက်သည့် ဟင်းပွဲက သူ့ကို စွံ့အမှင်သက်သွားစေသည်။


"ဒါတကယ်ကိုပဲ ဥအနှစ်မုန့် ဟုတ်ရဲ့လား...ဒါက လုံးဝ ဥအနှစ်မုန့်မဟုတ်ဘူး..."


ဖေးကျင်း ကျယ်လောင်စွာအော်လိုက်သည်။


"ခင်ဗျား စိတ်ကောမှန်ရဲ့လား...ဒါက ဥအနှစ်မုန့် တစ်ပွဲပဲ ...တကယ်လို့ မဟုတ်ခဲ့ဘူးဆိုရင် ဒါကို ကျုပ်ရဲ့ အရှုံးလို့ သတ်မှတ်နိုင်တယ်..."


ပုဖန် လှောင်ပြုံးပြုံး၍ ပြန်ဖြေလိုက်သည်။ပုဖန်၏ အကြည့်များကြောင့် ဖေးကျင်း၏ မျက်နာက လုံးဝ စိမ်းဖန့်သွားလေသည်။


"သွားသေလိုက်စမ်း...မင်း ဥအနှစ်မုန့် ချက်နိုင်တယ်ဆိုတော့ကော ဒီစားဖ်ိုမှူးက မင်းရှေ့မှာအမြီးကုပ်နေလိမ့်မယ်လို့ ထင်နေတာလား...မင်းမှာ ဥအနှစ်မုန့် ချက်နိုင်စွမ်းရှိတော့ကောငါကဘာလုပ်ရမှာလဲ..."


ဖေးကျင်း၏ ဒေါသများ ပေါက်ကွဲထွက်သွားပြီး သူ့မျက်နာပေါ်ရှိ သွေးကြောများပင် ထောင်ထလာလေသည်။


စားပွဲထိုးအမျိုးသမီးက တစ်စုံတစ်ယောက်အား ပုဖန်နှင့် ဖေးကျင်းတို့ကြားထဲ စားပွဲတစ်ခု ထားခိုင်းလိုက်သည်။


ဖေးကျင်းက သူ့၏ အမဲဝမ်းတွင်းသားကြော်ပွဲကို စားပွဲပေါ်သို့ ပြင်းထန်စွာချလိုက်သည်။အလွန်မွှေးကြိုင်သော ဟင်းပွဲသည် နေရောင်ခြည်၏ ထွေးပွေ့မှုအောက်တွင် အလွန်သွက်လက်တောက်ပနေသည်။


ဟင်းအဆီများက အလင်းရောင်၏ ဖေးမမှုအောက်တွင် အရောင်အသွေးစုံလင်လှသော အရောင်များအဖြစ်သို့ အဘက်ဘက်ဖြာထွက်နေသည်။၎င်းက အားလုံး၏မျက်လုံးများရှေ့တွင် ဆွဲဆောင်မှုရှိလှသောအကအလှသမားများ ရပ်နေသကဲ့သို့ ထင်ရစေသည်။


တခြားတစ်ဘက်တွင်မူ ပုဖန်က သူ့၏ ဟင်းပွဲကို စားပွဲပေါ်သို့ ဖြေးညှင်းစွာတင်လိုက်သည်။ကြက်ဥပောင်း၏ အဝါရောင်ဖျော့ဖျော့လေးက တောက်ပလှသော အပူငွေ့များကြားထဲတွင် ရောယှက်နေသည်။၎င်း၏ အသွင်အပြင်က ပြီးပြည့်စုံလှသော ရောင်ပြန်မှန်တစ်ချပ်အလား အလင်းတန်းများကို ပို၍ လှပစေပြီး မျက်စိအမြင်ကို ဖမ်းစားထားလေသည်။


ထိုဟင်းပွဲက အရောင်တင်ထားသော ကျောက်မျက်ရတနာအလား စွဲမက်ဖွယ်ကောင်းလှသည်။၎င်း၏ ပုံစံက လေညှင်းသတသုန်သုန်တိုက်ခတ်နေသော ဝါးတောထဲတွင် အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသောမိန်းမပျိုလေးတစ်ယောက်က ဝါးပလွေကို ညှင်သာစွာ မှုတ်နေသည်နှင့်ပင် တူနေသည်။


ဥအနှစ်မုန့် တစ်ပွဲက ထိုမျှကြည့်ကောင်းပါသည်လား...


၎င်းတို့က လုံးဝ ကွဲပြားခြားနားနေသော ဟင်းနှစ်ပွဲဖြစ်လေသည်။ကြည့်ရှုနေသူများအားလုံး ကြောင်အ မှင်သက်နေကြသည်။စားဖိုမှူးစိန်ခေါ်ပွဲတွင် ထိုကဲ့သို့ မတူညီသည့် ဟင်းပွဲနှစ်ပွဲ ပြုလုပ်သည်ကို သူတို့ တစ်ခါမှမမြင်ဖူးကြပေ။


"သူတို့ ဘယ်ကနေ အရင်စသင့်လဲ...အရမ်းစွဲဆောင်မှုရှိလွန်းတဲ့ အမဲဝမ်းတွင်းသားကြော်ကလား...ဒါမှမဟုတ် တင့်တယ်လှပလွန်းတဲ့ ဥအနှစ်မုန့်လား..."


ဟင်းပွဲနှစ်ပွဲက စွဲဆောင်မှုအားကောင်းလွန်းလှသောကြောင့် သူတို့ မည်သည်ကို ရွေးချယ်ရမှန်းမသိ ခက်ခဲနေကြလေသည်။


"နင်တို့တွေ ဘာကို တွန့်ဆုတ်နေကြတာလဲ...စားဖိုမှူးဖေးကျင်းက အရင်ဆုံးပြီးတာဆိုမှတော့ သူ့ရဲ့ အမဲဝမ်းတွင်းသားကြော်ကို အရင်ဆုံးမြည်းစမ်းကြည့်ရမှာပေါ့..."


စားပွဲထ်ိုးအမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။သူမ၏ မြေခွေးမျက်လုံးလေးများကလည်း ပုဖန်ကို သရော်လှောင်ပြောင်စွာ ကြည့်နေလေသည်။


မတူညီသော ဟင်းပွဲနှစ်ပွဲကြားတွင် စားသုံးသူများ၏ ပထမဦးဆုံး အမြင်က ဆုံးဖြတ်ပေးနိုင်ကြောင်း သူမကောင်းစွာသိပေသည်။အကယ်၍ သူတို့သာပုဖန်၏ ဟင်းကို အရင်ဆုံးမြည်းကြည့်လျှင် စားဖိုမှူးဖေးကျင်းက ရှုံးကောင်းရှုံးနိုင်ပေသည်။


သို့သော်လည်း စားဖိုမှူးဖေးကျင်း၏ ဟင်းပွဲကို အရင်ဆုံးမြည်းကြည့်လျှင်တော့ ထိုကောင်စုတ်လေးနိုင်ဖို့ အခွင့်အရေးမရှိတော့မှာ သေချာပေသည်။


အမဲဝမ်းတွင်းသားကြော်မှ ထွက်ပေါ်လာသော အရသာနှင့် အံ့အားသင့်စရာ ကောင်းလှသော စိတ်ကျေနပ်မှုမျိုးက ဥဟင်းပွဲတစ်ပွဲယှဉ်နိုင်သော အရာမျိုးမဟုတ်ပေ။


ပုဖန်နောက်တွင်ရပ်နေသော ရှောင်ယက စိုးရိမ်ပူပန်လာပြီး သူမ တစ်စုံတစ်ခုကိုပြောချင်ဟန်ဖြင့် ပါးစပ်ဖွင့်ဟလိုက်သည်။သို့သော်လည်းပုဖန်က သူမ၏ ခေါင်းလေးကို အသာအယာပုတ်လိုက်ပြီး ရပ်တန့်စေလိုက်သည်။


"ဒါက အဆင်ပြေပါတယ် သူတို့ကို အမဲဝမ်းတွင်းသားကြော် အရင်ဆုံးပေးမြည်းခိုင်းလိုက်ပါ အဲ့ဒါက ငါ့အတွက် ဘာမှမဖြစ်ပါဘူး..."


ပုဖန်၏ စကားကြောင့် အားလုံးသူ့ကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။


"ဒီကောင်စုတ်လေးက တကယ့်ကိုပဲ သဘောထားကြီးမြတ်တာလား..."


ထိုကောင်လေးက အမဲဝမ်းတွင်းသားကြော်ကို ယှဉ်ပြိုင်ဖို့ ဥတစ်လုံးရွေးချယ်ခဲ့ခြင်းအား သူတို့နားလည်ပေး၍ ရသေးသည်။သို့သော်လည်း ပြိုင်ဘက်၏ ဟင်းပွဲကို အရင်မြည်းခိုင်းစေခြင်းက ဒါဘယ်လ်ိုတောင် ရူးသွပ်မှုမ်ျိုးလဲ...


"ဟေးကောင်စုတ်လေး မင်းက တအားကို မိုက်မဲတာပါပဲလား...မင်းရဲ့ စွမ်းအင်တွေက မင်းရဲ့ မိုက်မဲမှုကို ထောက်ကန်ပေးနိုင်ပါ့မလား..."


ဖေးကျင်းက သူ့၏ အဆီပြင်များဖြင့် ပြည့်နေသော ဝမ်းဗိုက်ကို ရိုက်လိုက်သည်။


ထိုအခိုက်အတန့်တွင် စားသုံးသူများက စနစ်တကျ တန်းစီနေလိုက်ပြီး သူတို့၏ တူများကို ကောက်ယူ၍ အမဲဝမ်းတွင်းသားကြော်ကို စတင် စားသောက်ရန် ပြင်လိုက်ကြသည်။


အမဲဝမ်းတွင်းသားကြော် တစ်လုတ်က သူတို့ကို ကောင်းကင်ဘုံကို ဆောင်ကြဉ်းသွားသလိုပင်။သူတ်ို့အားလုံး ကျေနပ်နှစ်သိမ့်စွာဖြင့် ခေါင်းတစ်ဆက်ဆက်ဖြင့် ညိတ်လိုက်မိကြသည်။ပါးစပ်ထဲမှ ဟင်းများကို မြိုချလိုက်ပြီးနောက် မထိန်းနိုင်စွာဖြင့် နှုတ်ခမ်းများ သပ်လိုက်မိကြသည်။


ထိုဟင်းတစ်လုတ်စာက သူတ်ို့၏ မျက်နာများကိုပင် နီရဲသွားစေ၏။ထိုဟင်းအရသာကစပ်သော်လည်း စားသုံးသူများက ခံနိုင်ရည်ရှိနေဆဲဖြစ်သည်။


ထ်ိုကဲ့သို့ တိကျလှသော အရသာမျိုးရရန်မှာ အလွန်ပင်ခက်ခဲသည်။ထို့ကြောင့်ပင် အမဲဝမ်းတွင်းသားကြော်က ဒီဆိုင်၏ စားသုံးသူများကြားထဲတွင် ကျော်ကြားလှသော ဟင်းပွဲတစ်ပွဲဖြစ်နေကြခြင်းဖြစ်သည်။သူတို့ ဖေးကျင်း၏ ဟင်းပွဲကို မြည်းစမ်းပြီးနောက် ပုဖန်၏ ဟင်းပွဲပေါ်တွင် မျှော်လင့်ချက် သိပ်ထားပုံမရတော့ပေ။


ထ်ိုအချက်ကပင် ရှောင်ယစိတ်ပူမိခဲ့သော အကြောင်းအရာဖြစ်သည်။သို့သော်လည်း သူမ ပုဖန်ကို ကြည့်လိုက်မိသည့်အခါတိုင်းတွင် ထိုသူက အေးဆေးငြိမ်သက်စွာပင် ရှိနေတုန်းဖြစ်သည်။ပုဖန်က ခုံတစ်ခုံကို ဆွဲယူ၍ မှီထိုင်လိုက်ပြီးနောက် လေတစ်ချက်မှုတ်ထုတ်လိုက်သည်။


"ကောင်းပြီ ခင်ဗျားတို့ အမဲဝမ်းတွင်းသားကြော်ကို မြည်းပြီးပြီဆိုတော့ အခု ကျူပ်ရဲ့ ဥအနှစ်မုန့်အလှည့်ပဲ ...လာကြ ဒီနေရာမှာ သေချာတန်းစီကြ... မမေ့ကြနဲ့နော်... ဒီအတွက်မလုရဘူး..."


"ဘာ မလုနဲ့ ..."


ထိုစကားလုံးက အားလုံးကို ကြောင်အသွားစေသည်။လှောင်ပြုံးမှုအပြည့်ဖြင့် ကြည့်နေသော စားပွဲထိုးအမျိုးသမီး၏ မျက်နာပင် ရုပ်ဆိုးသွားလေသည်။သူမ ထိုကဲ့သို့ အရှက်မဲ့လှသော လူမျိုးကို တစ်ခါမှမတွေ့ဖူးပေ။


"ဘယ်သူက နင့်ရဲ့ ဥအနှစ်ပောင်းကို လုနေမှာလဲ နင့်ရဲ့ ဥ အနှစ်ပောင်းကို ဘယ်သူမှ ကြည့်မနေဘူး...သောက်ခွေး ဒီကောင်က တကယ့်က်ို ရူးသွပ်နေတာပဲ..."


ဖေးကျင်း ပုဖန်၏ စကားများကြောင့် ချောင်းသီးမတက်ဖြစ်သွားပြီး သူ့ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။


"မင်းရဲ့ ဟင်းပွဲအတွက်ကိုပဲ တိုက်ခိုက်ရဦးမယ် ဟုတ်လား ..အဲ့ဒီလောက် ယုံကြည်မှုတွေ ဘယ်နေရာက ထွက်လာတာလဲ..."


"မြန်မြန်လေး ဒီဟင်းပွဲကို လာစားကြ..."


ပုဖန်က ခုံပေါ်တွင် အသာမှီထိုင်နေပြီး သူ့၏ ဖြူဖွေးနေသော လက်ချောင်းများကို ဆော့ကစားကာ ခေါင်းပင်မော့ မကြည့်ပဲ ပြောလိုက်သည်။


ဒေါသထွက်လွန်းသောကြောင့် ဖေးကျင်း၏ကြွက်သားများပင် တုန်ခါနေလေသည်။စားသုံးသူများ၏ မျက်နာတွင်လည်း လှောင်ပြုံးများပေါ်လာကြသည်။


လူအုပ်ကြီးက ဇွန်းတစ်ယောက်တစ်ချောင်းစီကိုင်၍ တန်းစီလိုက်ကြသည်။ဟင်းပွဲရှေ့တွင် ပထမဆုံးရပ်နေသော သူက သူ့ပါးစပ်ထဲမှ အမဲဝမ်းတွင်းသားကြော်၏ အရသာကို ခံစားမိနေတုန်းဖြစ်သည်။


"မြည်းကြည့်..."


ပုဖန်က ထိုသူကို တစ်ချက်မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။


ဟင်းပွဲအား ကိုယ်ဗလာဖြင့် အလှလေးတစ်ယောက်ကို စိုက်ကြည့်နေသလို ကြောင်ကြည့်နေသည့်သူက ချက်ချင်းသတိဝင်လာလေသည်။


နူးညံ့လှသော မှန်ပြင်ကဲ့သို့ တည်ရှိမှုက ခပ်ယူလိုက်မှုကြောင့် အသာအယာ ပြိုကွဲသွားလေသည်။ထိုအက်ကွဲသွားသော နေရာမှ သင်းကြိုင်လှသောမွှေးရနံ့များက အလုအယက်တိုးထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။


အပူငွေ့လေးများက ထိုစားသုံးသူ၏ မျက်နာကို ရိုက်ခတ်သွားသည်။သူ့၏ ပုံစံက သောက်စားထားသူ တစ်ယောက်ကဲ့သို့ ယစ်မူးသွားပြီး သူ့၏ မျက်နာပင် နီရဲလာလေသည်။


သိပ်သည်းလှသော မွှေးရနံ့များက အားလုံးမျှော်လင့်ထားသည်ထက် ကျော်လွန်နေပေသည်။မည်သို့ပင်ဆိုစေကာမူ ထိုဥအနှစ်ပောင်းက်ို ခပ်လိုက်သည်နှင့် ရနံ့ပြင်းပြင်းများထွက်လာလိုက်မည်ဟု ဘယ်သူမှ မထင်ထားပေ။ဖေးကျင်း၏ မျက်ဝန်းများက မှေးကျင်းသွားသည်။


ဥအနှစ်ပေါင်းလေးက ဂျယ်လီကဲ့သို့ တုန်ယင်နေ၏။ စားသုံးသူ၏ နှာခေါင်းက ပြန့်ကားလာပြီး မျက်ဝန်းက လောဘတကြီး ဖြစ်လာသည်။သူ တံတွေးတစ်လုတ်မျိုချလိုက်သည်။


ဥအနှစ်၏ အရသာက ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် သူ့၏ မျက်ဝန်းများက လင်ကွင်းလောက်ပြူးကျယ်လာပြီး အံ့အားသင့်မှု အမြင့်ဆုံး ဖြစ်သွားလေသည်။


သူ့၏ နှာခေါင်းမှ အငွေ့များထွက်လာပြီး ဥအနှစ်မုန့်လေးက သူ့၏ လျှာဖျားပေါ်တွင် ကခုန်နေသလ်ိုမျိုး အာရုံကြောများ စိမ့်တက်သွားလေသည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း မထိန်းနိုင်စွာ တုန်ယင်လာ၏။


ဘာ နူးညံ့ပြီး သန့်ရှင်းတယ်ဟုတ်လား...အဝတ်မပါတဲ့ အလှလေးလိုပဲ ဟုတ်လား...ဒါတွေအားလုံးက လိမ်နေတာပဲ...ဒီဥအနှစ်ပောင်းရဲ့ အရသာက လုံးဝကို ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်တယ်...


ထိုစားသုံးသူက သူကြက်ဥအခွံတစ်ခုလုံးကို မျိုချလိုက်သလိုမျိုးခံစားလိုက်မိသည်။ပါးစပ်ထဲ၌ ထ်ိုဥခွံက ကွဲအက်သွားပြီးနောက် ကြက်ပေါက်စလေးတစ်ကောင်ထ်ိုးထွက်လာကာ ကမ္ဘာမြေပြင်ပေါ်သို့ ခြေလှမ်းတော့မလိုမ်ျိုးခံစားလိုက်ရ၏။


"ပြီးသွားပြီ နောက်တစ်ယောက်လာ...ဖြေးဖြေးလုပ်..မလောနဲ့... မလုနဲ့..."


ပုဖန်က ယစ်မူးပျော်ဝင်နေသော စားသုံးသူကို ဘေးသို့ တွန်းဖယ်၍ ပြောလ်ိုက်သည်။ထိုသူက သတ်ိပြန်ဝင်လာပြီး သူ့၏ မျက်နာပေါ်တွင် စိုးရိမ်သောကများပေါ်လာလေသည်။


"ခဏနေပါဦး ငါနောက်ထပ် တစ်ဇွန်းလောက် ထပ်စားပါရစေ...တစ်ဇွန်းထဲပါ..."


သူ့၏ နောက်တွင်တန်းစီနေသော သူက ထိုသူ၏ မျက်နာကို ရိုက်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်သည်။


"မင်းညီမကို သွားလုလိုက်မယ်ဆိုရင်ကော ဘယ်လိုနေမလဲ..."


စားသုံးသူက ပြောလိုက်ပြီးနောက် သူ့လက်ထဲမှ ဇွန်းဖြင့် ဥအနှစ်ကို တစ်ဇွန်းခပ်လိုက်သည်။ဥအနှစ်လေးက တုန်ခါသွားပြီးနောက် ဆွဲဆောင်မှုရှိလှသော မွှေးရနံ့များကို ထုတ်လွင့်လာပြန်သည်။


......


"ရူးသွပ်သွားပြီ...အဲ့ဒီလူတွေက ရူးသွားပြီ..."


ဖေးကျင်းက ကြက်ဥပေါင်းတစ်ပွဲအတွက် သားရဲကောင်များကဲ့သို့ တ်ိုက်ခိုက်နေသော လူစုကို ကြည့်၍ သူ့နဖူးတွင်ချွေးများစိုလာလေသည်။သူ့၏ မျက်လုံးများကို မယုံကြည်နိုင်ပေ။သူ ယုံလည်းမယုံချင်ပေ။


ဘယ်လ်ိုလုပ်ပြီး ဒီလူတွေက သူ့ရဲ့ အမဲဝမ်းတွင်းသားကြော်ကို စားပြီးတာတောင်မှပဲ ဘာမှမပါတဲ့ ဥအနှစ်တွက် တ်ိုက်ခိုက်နေသေးတာလဲ...ဥပေါင်းတစ်ပွဲက ဘယ်လ်ိုလုပ်ပြီး အဲ့ဒီလောက် ကြီးကျယ်ခမ်းနားမှာလဲ...


"ဘာလဲ ခင်ဗျားက ကျုပ်ရဲ့ဟင်းပွဲကောင်းတယ်ဆိုတာကို မယုံဘူးလား..."


ပုဖန်က ထိုင်ခုံကို မှီထိုင်ရင်း အံ့အားသင့်တုန်လှုပ်နေသော ဖေးကျင်းကို လှောင်ပြောင်ဟန်ကြည့်စွာ ပြောလိုက်သည်။


"ခင်ဗျားမယုံဘူးဆိုရင် လာပြီးတော့ မြည်းကြည့်လိုက်..."


ပုဖန် အေးဆေးစွာ ပြောလိုက်သည်။သို့သော်လည်း သူ့၏ ဟင်းပွဲဆီသို့ လှည့်ကြည့်လိုက်သောအခါတွင် မျက်ခုံးပင့်လိုက်မိသည်။


"အို...သူတို့အားလုံး စားပြစ်လိုက်ပြီ မလုကြပါနဲ့လ်ို့ ငါသေချာပြောထားရဲ့နဲ့..."