အပိုင်း ၆၄၇
Viewers 62k

အခန်း ၆၄၇

ခပ်မိုက်မိုက်သရုပ်ဆောင်ပြီးမှ ထွက်ပြေးဖို့စီစဉ်နေတာလား...


ဖေးကျင်း၏ ခန္ဓာကိုယ်က ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်လာလေသည်။ယခုစားဖိုမှူးစိန်ခေါ်ပွဲအတွက် အနိုင်ရသူကို သတ်မှတ်ပြီးသွားပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။


သူကသာ အကြီးမားဆုံး အရှုံးသမားဖြစ်ကြောင်း သံသယရှိစရာမလိုတော့ပေ။စားသုံးသူများ၏ အမူအရာကို ကြည့်လိုက်ရုံဖြင့် ပုဖန်၏ ဟင်းပွဲက သူ့၏ အမဲဝမ်းတွင်းသားကြော်ကို အနိုင်ရဖို့များနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။


သူမြင်တွေ့နေရသော အမှန်တရားက်ို မယုံန်ိုင်အောင်ပင်ဖြစ်နေမိသည်။အတွေ့အကြုံရှိသော ဝါရင့် စားဖိုမှူးတစ်ယောက်အနေဖြင့် သူက သူ့၏ အမဲဝမ်းတွင်းသားကြော်က စားသုံးသူများ၏ အရသာခံ အာရုံကို လွှမ်းမိုးထားနိုင်ပြီဟု ထင်ထားခဲ့သည်။


သို့သော်လည်း သူ့၏ မျှော်လင့်ချက်များပြိုကွဲသွားခဲ့ရသည်။ပုဖန်၏ ဥပေါင်း၏အရသာက သူ့၏ အသားအရသာကိုပင် လွှမ်းမိုးသွားခဲ့သည်။


စားဖိုမှူးစိန်ခေါ်ပွဲကို သူအလွယ်တကူ အနိုင်ရနိုင်မည်ဟု ထင်ခဲ့ရသော်လည်း ဒီလ်ိုရှုံးနိမ့်သွားခဲ့ရသည်။


ဥပောင်း၏ အရသာတွင် မူးယစ်ရီဝေနေသော စားသုံးသူများက ပြန်လည်သတိဝင်လာကြသည်။


သူတို့အားလုံးက ဖေးကျင်းကို သနားစရာကောင်းသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး ပုဖန်ကိုမူ မယုံကြည်နိုင်သောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။


အစားကြူးတောင်ကြားအတွင်းတွင် စားဖိုမှူးစိန်ခေါ်ပွဲနှင့် ပတ်သတ်သည့် စည်းမျဉ်းစည်းကမ်းများအရ စားသုံးသူများက ၎င်းကို မြည်းကြည့်ပြီး ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ထို့ကြောင့် ထိုစည်းမျဉ်းများနှင့် ပတ်သတ်၍ တရားမျှတမှုကို သံသယဝင်စရာမလိုပေ။


ယခု အစားကြူးကျိန်စာ အသက်ဝင်နေပြီဖြစ်သည်။ဖေးကျင်း၏ မျက်နာက ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ကောင်းကင်ပေါ်၌ အလင်းတန်းတစ်ခု တောက်ပလာပြီး တဖြေးဖြေး သူ့ခန္ဓာကိုယ်ပေါ်သို့ ရွေ့လာသည်။


အလင်းတန်းက သူ့၏ နဖူးပေါ်တွင် စုစည်းသွားပြီး ကြီးမားလှသော သားရဲကြီးတစ်ကောင် ပုံသဏ္ဍာန်ပေါ်လာသည်။ထိုသားရဲကြီးက ကောင်းကင်ကိုပင် ဝါးမြို ပစ်နိုင်စွမ်းရှိပုံပေါ်လေသည်။သူ့ကို စိုက်ကြည့်မိလိုက်သည်နှင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။


အလားတူပင် ပုဖန်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း တောက်ပလှသော အလင်းရောင်တစ်ခု ကျရောက်လာသည်။သို့သော်လည်း ထ်ိုအလင်းတန်းက နွေးထွေးနူးညံ့နေပြီး အနိုင်ရခြင်း၏ အလင်းရောင်အဖြစ် ပို၍ တောက်ပလာလေသည်။


"စားဖ်ိုမှူးစိန်ခေါ်ပွဲ ပြီးဆုံးသွားပြီ ပုဖန်က အနိုင်ရရှိပြီး ဖေးကျင်းက ရှုံးတယ်...အစားကြူးကျိန်စာက အပြစ်ပေးမှု စတင်နေပါပြီ ...အရှုံးသမားဖေးကျင်းရဲ့ ချက်ပြုတ်စွမ်းရည်များအားလုံးကို ဆွဲထုတ်သိမ်းယူမှာဖြစ်ပြီး သူ့၏ ဓားကိုလည်း ပုဖန်ပိုင်ဆိုင်မှာဖြစ်တယ်...သူက ဘယ်တော့မှ စားဖိုမှူးထပ်ဖြစ်မလာနိုင်တော့ဘူး..."


ကြီးမားလှသော ခေါင်းလောင်းသံကဲ့သို့ နားကွဲလောက်စရာ အသံကျယ်ကြီးတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ဖေးကျင်း၏ တစ်ကိုယ်လုံး အေးစက်သွားပြီး မြေပြင်ပေါ် လဲပြိုကျသွားသည်။အစားကြူးကျိန်စာ၏ ကြော်ငြာမှုကို ကြားရပြီးနောက် သူ ကြောက်ရွံ့တုန်လှုပ်နေပေသည်။


ကောင်းကင်ပေါ်မှ အလင်းများက ပြန့်ကားလာပြီးနောက် ဖေးကျင်း၏ နဖူးဆီမှနေ၍ မှတ်ဉာဏ်အလင်းတန်းများကို ဆွဲထုတ်သွားပေသည်။ဖေးကျင်း၏ မျက်ဝန်းများ မဲမှောင်သွားပြီး ပုံလဲကျသွားသည်။


ဖေးကျင်း၏ အကြည့်များက ဝေဝါးတွေဝေနေသည်။သူ စားဖိုမှူးစိန်ခေါ်ပွဲ၏ လုပ်ဆောင်မှု အဆင့်ဆင့်ကို အလွန်တရာ ရင်းနီးပေသည်။သူကိုယ်တိုင်လည်း စားဖိုမှူးစိန်ခေါ်ပွဲ များစွာကို ပါဝင်ခဲ့ဖူးသလို အကြိမ်ပေါင်းများစွာလည်း အနိုင်ရခဲ့ဖူးသည်။သို့သော်လည်း ထိုကဲ့သို့ လူငယ်လေးတစ်ယောက်လက်ထဲတွင် ရှုံးနိမ့်သွားရလိမ့်မည်ဟု ဘယ်တော့ကမှ မတွေးထားခဲ့ဖူးပေ။


သူရှုံးနိမ့်သွားပြီဖြစ်သောကြောင့် ဒီနေ့မှစတင်ပြီး နောင်ဘယ်တော့မှ ချက်ပြုတ်နိုင်တော့မည် မဟုတ်ပေ။သူ့လက်ထဲမှ အနက်ရောင်ဓားက မမြင်ရသောအင်အားတစ်ခုမှ ဆွဲယူခြင်းခံလိုက်ရသလိုမျိုး လွင့်ထွက်သွားပြီး ပုဖန်ဆီသို့ ပျံသန်းသွားလေသည်။


ထိုဓားက ဖေးကျင်း ပိုင်ဆိုင်သမျှထဲတွင် တန်ဖိုးအရှိဆုံးဟု မဆိုနိုင်သော်လည်း သူ့၏ တန်ဖိုးက မသေးကွေးပေ။ထို့အပြင် ထိုဓားက သူ စားဖိုမှူးလမ်းကြောင်းကို စတင်လျှောက်လှမ်းကတည်းက သူနှင့် အတူရှိခဲ့သော ဓားဖြစ်သည်။


ပုဖန် လက်ကို ဆန့်တန်း၍ ဓားကို ဖမ်းယူလိုက်သည်။ထိုမီးလျှံကျောက်ဓားက အလွန်ကြီးမားလေးလံလှသည်။


သို့သော်လည်း ပုဖန်၏ လက်ထဲတွင်တော့ ငှက်မွှေးတောင်လေးအလား ပေါ့ပါးနေသလို ထင်ရသည်။တကယ်တမ်း နှိုင်းယှဉ်၍ အမှန်တိုင်းပြောရမည်ဆိုလျှင်လည်း ထိုမီးလျှံကျောက်ဓားနက်က သူယခင်က သုံးခဲ့ဖူးသော ဓားထက်အများကြီး ပိုပေါ့ပါးပေသည်။


ပုဖန်က မျက်ခုံးပင့်လိုက်ပြီး စိတ်ဓာတ်ကျနေသော ဖေးကျင်းကို ကြည့်လိုက်သည်။ထို့နောက် သူ့လက်ထဲမှ ဓားနက်ကိုကြည့်၍ သက်ပြင်းအသာချလိုက်သည်။ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် သူ့၏ ရှေ့မှောက်၌ သလင်းကြည်ရောင် ဓားဗီရိုပေါ်လာလေသည်။


ပုဖန်က ဖေးကျင်း၏ ဓားနက်ကို ဗီရို၏ အောက်အဆင့်၌ ထားလိုက်သည်။


လူအားလုံးက ပုဖန် ဓားဗီရိုကို ထုတ်လိုက်သည်ကို တွေ့လိုက်သည့်အချိန်၌ အံ့အားသင့်သွားကြပြီး သူ့ဆီသို့ စူးစိုက်ကြည့်ကုန်ကြသည်။


ဓားဗီရို... ထိုအရာက ဒုတိယအဆင့် စားဖိုမှူးများသာ ပိုင်ဆိုင်ထားသောအရာဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် ထိုအဆင့်သို့ရောက်လျှင် သူတို့ အသုံးပြုသော ဓားများ၌ သူတို့၏ စိတ်ဝိညာဉ် သဏ္ဍာန်တစ်ခုခု စွဲထင်နေသောကြောင့် ဖြစ်သည်။


ထိုကဲ့သို့ စိတ်ဝိညာဉ်ပါသော ဓားများသာလျှင် ထိန်းသိမ်းရကျိုးနပ်ပြီး အောင်မြင်သူအား စိတ်ကျေနပ်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ပေးစွမ်းနိုင်မည်ဖြစ်သည်။


ပုဖန်တွင် ထိုကဲ့သို့ ဓားဗီရို တစ်ခုရှိနေမည်ဟု ဖေးကျင်းမထင်ထားခဲ့မိပေ။အကယ်၍ သူစောစောသာသိခဲ့မည်ဆ်ိုလျှင် စားဖိုမှူးစိန်ခေါ်ပွဲအား ရှောင်လွဲမည်ဖြစ်သည်။


သူ့တွင် ဒုတိယအဆင့် စားဖိုမှူးတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်မည့် အစွမ်း လုံလုံလောက်လောက်မရှိသေးပေ။ထိုအတွေးကို တွေးလိုက်မိသည်နှင့် သူ့၏ အကြည့်များက ပို၍ ဆိုးရွားလာလေသည်။


ပုဖန်က သူ့ကို လှည့်စားသွားသည်ဟု ခံစားရလေသည်။အကယ်၍ ပုဖန်သာ သူ့၏ ကျွမ်းကျင်မှုများကို စောစောစီးစီးထုတ်ပြခဲ့လျှင် သူ စားဖ်ိုမှူးစိန်ခေါ်ပွဲတွင် ပါဝင်ဖို့ သတ္တိရှ်ိမည်မဟုတ်ပေ။


ရုတ်တရက် လူအုပ်ကြီး တ်ိတ်ဆိတ်သွားပြန်သည်။သူတို့ ထိုဓားဗီရိုအတွင်း၌ အပြာရောင်ရှိသော ရေခဲဓားတစ်ချောင်းကို တွေ့မြင်ခဲ့ရသည်။ထိုဓားမှ ဖြာထွက်နေသော အေးစိမ့်သည့် စွမ်းအင်လှိုင်းများက သူတို့၏ ခန္ဓာကိုယ်အနှံ့ ကြက်သီးမွှေးညှင်းထသွားစေသည်။


"ဒါက စားဖိုမှူး ဝမ်ရန်ချုံရဲ့ ဓားမဟုတ်ဘူးလား သူက ငါတို့ အစားကြူးတောင်ကြားက စွန့်စားလေ့လာသူတစ်ယောက်အနေနဲ့ အပြင်ဘက်ကမ္ဘာကို ထွက်သွားတဲ့ သူမဟုတ်ဘူးလား...သူ့ရဲ့ ဓားက ဘာကြောင့် ဒီမှာရှိနေတာလဲ မဖြစ်နိုင်လိုက်တာ..."


တစ်စုံတစ်ယောက်က ထိုရေခဲဓားကို ညွှန်၍ အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။အားလုံးလည်း မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်နေသည်။သို့သော်လည်း ပုဖန်က သူတို့ကို မရေးမစိုက်ပဲ လက်တစ်ချက်ဝှေ့ယမ်းပြီး ဗီရိုကို ပြန်သိမ်းလိုက်သည်။


အလင်းရောင်များအားလုံး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံးက တမဟုတ်ချင်း အပ်ကျသံကြားရလောက်အောင် တ်ိတ်ဆိတ်ငြိမ်သက်သွားသည်။ထိုအခိုက်အတန့်၌ လူအားလုံးက အသက်ပင်မရှုမိပဲ ပုဖန်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေကြသည်။


သူတို့ရှေ့မှ လူငယ်လေးက တကယ်တမ်းတွင် ဒုတိယတန်းအဆင့် စားဖ်ိုမှူးတစ်ယောက်ဖြစ်နေပေသည်။သူက အစားကြူးဘုတ်ပြားပေါ်တွင်ပင် အဆင့်သတ်မှတ်ချက် ဝင်နိုင်ပေသည်။ ထိုကဲ့သို့သော အဆင့်မျိုးက အစားပုတ်နတ်ဘုရားမြို့တော်တွင်ပင် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ အရည်အချင်း ပြည့်မီပေသည်။


သူကအဘယ်ကြောင့် သူတို့၏ ရွာငယ်လေးသို့လာ၍ စားဖိုမှူးဖေးကျင်းကို စိန်ခေါ်ရပါသနည်း။လူအားလုံး ကံမကောင်းလှသော ဖေးကျင်းအတွက် စိတ်မကောင်းကြီးစွာ ဖြစ်သွားကြလေသည်။


"ဘာကြောင့်များ ဒီဒုတ်ိယတန်းစား စားဖိုမှူးကို သွားရှုပ်ရတာတုန်း..."


စားပွဲထိုးအမျိုးသမီး၏ မျက်နာက ချက်ချင်းပင် ဖြူဖျော့ ညှိုးလျော့သွားသည်။


"ရှုံးသွားပြီလား..."


စားဖိုမှူးဖေးကျင်းက ကောင်စုတ်လေးကို ရှုံးနိမ့်သွားပြီ ဖြစ်သည်။ထိုအဓိပ္ပါယ်အရ အစားကြူးတောင်ကြားထဲမှ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဦးက အစားကြူးကျိန်စာမှနေ၍ ဖေးကျင်းကို ကာကွယ်ပေးခြင်းမရှိပါက သူဘဝတစ်သက်တာလုံး ချက်ပြုတ်ခွင့် ဆုံးရှုံးသွားပြီ ဖြစ်သည်။


သူ့၏ ဘဝတစ်လျှောက်လုံးကို သာမန်လူတစ်ယောက်အဖြစ်သာ ဖြတ်ကျော်ရတော့မည်ဖြစ်သည်။ထိုကဲ့သို့သော ရိုက်နှက်ချက်က တတိယအဆင့် စားဖိုမှူးဖြစ်သော ဖေးကျင်းကို ပြိုလဲသွားစေသည်။


ပုဖန်က စိတ်ဝိညာဉ် ပျောက်ဆုံးနေသော ဖေးကျင်းကို တစ်ချက်မျှကြည့်လိုက်ပြီးနောက် စားပွဲထိုးအမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ထို့နောက်သူ့ဘေးနားတွင်ရပ်၍ ကြောင်အမှင်သက်နေသော ရှောင်ယကို ခပ်ဖွဖွပုတ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ရှောင်ယလည်း နွေလည်ခင်းအိမ်မက် မက်နေရာမှ သတိဝင်လာပြီး ပုဖန်နောက်သို့ အလျင်စလို လိုက်လာသည်။


ဘေးနားရှိလူအုပ်ကြီးလည်းပြန်၍ သတိဝင်လာကြပြီး သူတို့၏ မျက်နာများက တက်ကြွမှုဖြင့် ပူလောင်လာသည်။သူတို့ရှေ့မှ သူက ဒုတ်ိယအဆင့် စားဖိုမှူးဖြစ်သည်။အကယ်၍ ထိုသူကိုသာ သူတို့ စားသောက်ဆိုင်အတွက် ခေါ်နိုင်မည်ဆိုလျှင် ရွာအတွင်းရှိ သူတို့ဆိုင်၏ အဆင့်အတန်းက ချက်ချင်းပင် မြင့်တက်လာပေလိမ့်မည်။


စားဖိုမှူးတစ်ဦးသည် စားသောက်ဆိုင်တစ်ဆိုင်၏ အသက်သွေးကြောဖြစ်သော အချက်ကို မေ့ထား၍ မရပေ။ထိုသူအားလုံးက ပုဖန်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူ့ကို ဆွဲဆောင်နေကြလေသည်။


ထိုနေရာ၌ စိတ်ဓာတ်ကျနေသော ဖေးကျင်းသာလျှင် ဒူးထောက်၍ ကျန်ရစ်ခဲ့လေသည်။သူ့၏ အချက်အပြုတ်ပညာများဆုံး ရှုံးသွားပြီဖြစ်လေရာ သူ့စားသောက်ဆိုင်အတွက် တန်ဖိုးရှိသော ဒေါင့်တိုင်တစ်တိုင်အဖြစ် ရှိမနေနိုင်တော့ပေ။သူဒေါသတကြီး ကျုံးဝါးလိုက်သည်။


"ဒါတွေအားလုံးက ဟိုကောင်စုတ်လေးကြောင့်ပဲ ..."


အလွန်အကျူးဒေါသထွက်နေသောကြောင့် သူ့၏ ကြွက်သားများပင် လှုပ်ခါနေသည်။သူခပ်လှမ်းလှမ်းတွင် ကြောင်အရပ်နေဆဲဖြစ်သော စားပွဲထိုးအမျိုးသမီးကို လှမ်းကြည့်လိုက်သည်။


"ဒါတွေအားလုံးက အဲ့ဒီ ကောင်စုတ်လေးကြောင့်ပဲ ငါ သူ့ကို သွားသတ်မယ်...နင် ငါကို ကူညီချင်လား ..."

ဖေးကျင်းက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။


ဖေးကျင်း၏ သတ်ဖြတ်ငွေ့များလွှမ်းနေသော စကားသံကြောင့် အမျိုးသမီး ပြန်လည် အသိဝင်လာသည်။သူမ စိုးရိမ်ပူပန်နေသော မျက်နာထားဖြင့် ဆိုင်အပေါက်ဝဆီသို့ အလျင်စလို ပြေးထွက်သွားလေသည်။


"သတ်မယ်ဟုတ်လား...နင့်ရဲ့ သုံးစားလို့မရတဲ့ ခေါင်းကိုပဲ သတ်လိုက်...အဲ့ဒီလူငယ်လေးက ကျော်ကြားတဲ့ ဒုတ်ိယအဆင့် စားဖိုမှူးဟဲ့...ငါသာ သူ့ကို စွဲဆောင်နိုင်မယ်ဆိုလို့ရှိရင် ငါ့ရဲ့ စားသောက်ဆိုင်က ဒီရွာထဲမှာထိပ်တန်းစားသောက်ဆိုင် အဖြစ် ဆက်လက်ရပ်တည်နိုင်လိမ့်မယ်...နင့်လိုမျိုးဖတ်တီးပုပ်အတွက်ကတော့... ငါတို့ စားသောက်ဆိုင်က နင့်ကို အမြဲတမ်းပဲ ကောင်းကောင်းဆက်ဆံခဲ့တာပဲ...နင် စုဆောင်းထားသမျှ တွေကို အသုံးပြုပြီးတော့တောင် ဒီရွာထဲမှာဘဝတစ်လျှောက်လုံး အေးအေးသာသာ နေလို့ရတယ်..."


စားပွဲထိုး အမျိုးသမီးက ဖေးကျင်းကို တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ပုဖန်နောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားလေသည်။ဒုတိယထပ်၌ ဖေးကျင်းတစ်ယောက်တည်းသာလျှင် အထီးကျန်စွာ ကျန်ရစ်ခဲ့လေတော့သည်။


သူဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။ထို့နောက် လက်သီးတစ်ချက်တည်းဖြင့် မီးဖိုခုံကို ဖျက်စီးပစ်လိုက်၏။


"ငါမင်းကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်..."


ဖေးကျင်း၏ အသံထဲ၌ ရက်စက်ကြမ်းကြုတ်မှုများပြည့်နှက်နေလေသည်။


...


ပုဖန်က စားသောက်ဆိုင်များ၏ ဖိတ်ခေါ်မှုကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။သူ့၌ ကိုယ်ပိုင်စားသောက်ဆိုင်ရှိနေပြီဖြစ်လေရာ တခြားစားသောက်ဆိုင်များအတွက် အလုပ်လုပ်ပေးလိမ့်မည်မဟုတ်ပေ။


သူ့၏ ရည်မှန်းချက်က ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားကွင်းဆက်၏ ထိပ်ဆုံး၌ ရပ်တည်ပြီးအချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာရန် ဖြစ်သည်။ထို့ကြောင့် တခြားစားသောက်ဆိုင်များတွင် သူတို့၏ စားဖိုမှူးခေါင်းဆောင်အဖြစ် အလုပ်လုပ်စရာအကြောင်းမရှိပေ။


အစစ်အမှန် စားဖိုမှူးတစ်ယောက်ချက်ပြုတ်သောဟင်းပွဲက စားသုံးသူများအား ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်သည်။ဖေးကျင်း ရှုံးရခြင်းမှာ သူအရသာရှိသော အစားအစာများစွာကို ပုံမှန်လို ချက်ပြုတ်နေရသောကြောင့် ဖြစ်သည်။


သူက စားရခြင်းကို ဝါသနာပါပြီး ဟင်းပွဲ ပြင်ဆင်သည့်နေရာတွင် သူ့အကြောများက ထုံနေပုံရလေသည်။ဒါမှမဟုတ် သူ့၏ ဟင်းပွဲများတွင် စိတ်ခံစားချက်များမပါဘူးဟုပြောလျှင်ပင် သံသယရှိစရာမလိုတော့ပေ။


ရှောင်ယက ပုဖန်ဘေးမှပင် ကပ်လျှောက်လာပြီး သူ့ကိုအစားပုတ်နတ်ဘုရားမြို့တော်ဆီသို့ ဦးဆောင် လမ်းပြနေလေသည်။


ပုဖန်က ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို ဖမ်းရန်လိုအပ်သည်။ရှောင်ယကလည်း ထ်ိုအရည်အသွေးမြင့်လှသော ငါးကို ရွါထဲတွင် ဖမ်းမိရန် မဖြစ်နိုင်ကြောင်းသိပေသည်။ထို့ကြောင့် သူတို့ မြို့တော်ရှိရာဆီသို့ ကျိန်းသေပေါက် သွားရပေမည်။


စိတ်ဝိညာဉ် သားရဲများက ကြီးမားလှသော ဆည်းဆာရေကန်တွင် မကြာခဏ ဆိုသလို စုစည်းတက်ကြသည်။တိုက်တိုက်ဆိုင်ဆိုင်ပင်အစားပုပ်နတ်ဘုရားမြို့၌ စားသောက်ပွဲကို ကျင်းပနေသည်ဖြစ်လေရာ ပုဖန်အနေဖြင့် စားကောင်းသောက်ဖွယ်များကို မြည့်စမ်းနိုင်သည့် အခွင့်အရေးရှိပေသည်။


အစောပိုင်းက ရွာ၏ ဟင်းပွဲများက နှစ်သက်ဖွယ်ကောင်းလှသော်လည်း တစ်ချို့အရာများရှားပါးနေဆဲဖြစ်သည်။ရှောင်ယ၏ ပြောစကားများအရ အစားကြူးတောင်ကြား၏ အစစ်အမှန် အရသာများအားလုံးသည် အစားပုပ်နတ်ဘုရားမြို့တော်တွင်သာ တည်ရှိသည်။


ထ်ိုနေရာတွင် အစားကြူးဘုတ်ပြားပေါ်တွင် အဆင့်သတ်မှတ်ချက်မီသော စားဖိုမှူးများကိုသာ စားသောက်ဆိုင်ဖွင့်ခွင့် ပြုထားပေသည်။


သူတ်ို့နှစ်ယောက်သား ရွာမှထွက်လာပြီးနောက် ရေကန်ဘေးမှ ကျောက်ခင်းလမ်းလေးပေါ်သို့ ဝင်ရောက်လာကြသည်။ထိုကျောက်ခင်းလမ်းလေးက အစားပုပ်နတ်ဘုရားမြို့တော်နှင့် နီးကပ်သွားအောင် ဦးဆောင်နိုင်ပေလိမ့်မည်။ပြောရမည်ဆိုလျှင် အစားကြူးတောင်ကြားထဲတွင် ထ်ိုမြို့က ကြီးကျယ် ခမ်းနားသော မြို့ကြီးတစ်မြို့ ဖြစ်သည်။


ကောင်းကင်ယံထက်တွင် စွမ်းအားကြီးမားလှသော လူများစွာသည် ထက်သန် တက်ကြွစွာဖြင့် ဖြတ်ကျော်ပျံသန်းသွားလာနေကြသည်။သူတ်ို့အားလုံးက ကမ္ဘာကျော် အစားကြူးနတ်ဘုရားစားသောက်ပွဲသို့ တက်ရောက်ရန် လာခဲ့ကြသူများဖြစ်သည်။


ဖြတ်ကျော်သွားကြစဉ်တွင် သူတို့၏ စွမ်းအားကြီးလှသော အစွမ်းများက ကောင်းကင်ယံတွင် လွှမ်းခြုံကျန်ရစ်ခဲ့သည်။တစ်ချို့က ဓားပျံကို စီးနင်းထားကြပြီး တစ်ချို့က လေထဲတွင် လမ်းလျှောက်လာကြသည်။


ထိုလူအုပ်ကြီးက အရှိန်ဖြင့် ဖြတ်ကျော်သွားကြပြီး တမဟုတ်ချင်း အစက်အပျောက်ငယ်လေးများအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။


ကောင်းကင်ယံထက်တွင် ထွန်းလင်းတောက်ပနေသော နေမင်းက မိုးကုတ်စက်ဝိုင်းအတွင်းသို့ တဖြေးဖြေးချင်းတ်ိုးဝင်ပျောက်ကွယ်သွားပြီး ကောင်းကင်ယံက မှိုင်းညို့လာသည်။


ဆည်းဆာနေရောင်က ပုဖန်နှင့် ရှောင်ယတ်ို့ပေါ်သို့ ကျရောက်နေပြီး သူတို့၏ အရိပ်များက ရေကန်မျက်နာပြင်ပေါ်တွင် ထင်ဟပ်နေလေသည်။


ရုတ်တရက် ပုဖန် သူ့၏ ခြေလှမ်းများကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ကြောက်မက်ဖွယ်ရာ လေပြင်းများက ရုတ်တရက် သူ့၏ ပတ်ဝန်းကျင်သို့ တ်ိုးဝင်လာသည်။


"ဘယ်သူလဲ အခုထွက်လာခဲ့ ..."


ပုဖန် အေးစက်စွာ အော်လိုက်သည်။ရှောင်ယ၏ စိတ်ထဲတွင်စိုးထိတ်သွားပြီး ပုဖန်၏ နောက်တွင် ပုန်းကွယ်လိုက်သည်။


ခပ်ဝေးဝေးတွင် ဝဝဖိုင့်ဖိုင့် ပုံရိပ်တစ်ခုက တခြားပုံရိပ်များစွာနှင့်အတူ ထွက်ပေါ်လာလေသည်။သူတ်ို့အကြည့်များက ကောက်ကျစ်ရက်စက်မှုများနှင့် ပြည့်နေသည်။ 


"သူရဲကောင်းဆန်ဆန် သရုပ်ဆောင်ပြီးတော့မှ ထွက်ပြေးလွတ်မြောက်ချင်နေတာလား...ငါ ဖေးကျင်းက မင်းကို စားဖ်ိုမှူးစိန်ခေါ်ပွဲကို လွယ်လွယ်အနိုင်မပေးလိုက်နိုင်ဘူး..."