အခန်း ၆၄၈...
"ဖေးကျင်း..."
ပုဖန် ထွက်ပေါ်လာသော ဖေးကျင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"အားလုံးပြီးဆုံးသွားတဲ့ အချိန်မှာတောင် သူက တစ်ခုခုလုပ်ဖို့ ကြံရွယ်နေသေးတာလား..."
တဖြေးဖြေးနီးကပ်လာသော လူစုကိုကြည့်၍ အသက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။သူမြေပေါ်တွင် မြဲမြဲ မြန်မြန်ရပ်လိုက်ပြီး ရှောင်ယကို သူ့၏ နောက်ကျောဘက်သို့ ပို့လိုက်သည်။သူ့ရဲ့ မျက်ဝန်းထောင့်စွန်းများကလည်း နီးကပ်လာသော ပုံရိပ်များကို စောင့်ကြည့်နေသည်။
ဖေးကျင်း၏ မျက်နာပေါ်တွင် စိုးရိမ်ပူပန်မှု တစ်ချို့ရှိနေသော်လည်း သူ့၏ မျက်ဝန်းအကြည့်များကမူ ရူးသွပ်နေသည်။စားဖိုမှူးစိန်ခေါ်ပွဲကို ရှုံးခဲ့ရခြင်းကြောင့် သူ့၏ အနာဂတ်ကိုဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။သူ့၏ ဓားကိုလည်း ယူဆောင်သွားခြင်းခံလိုက်ရသည်။
ယခုအခိုက်အတန့်တွင် သူ့ဆီ၌ ကျန်ရှိနေတာ ဘာမှမရှိတော့ပေ။မူလက သူ့၏ နာမည်ကို အစားကြူးဘုတ်ပြားပေါ်တွင် ရေချိုးနိုင်ဖို့ အခွင့်အရေးရှိခဲ့သည်။သို့သော်လည်း ပုဖန်ကြောင့် အရာအားလုံး ဆုံးရှုံးခဲ့ရပေပြီ ထို့ကြောင့် သူ ပုဖန်ကို အခုချက်ချင်းပင် သေစေချင်နေပေသည်။
သူ့၏ ရန်သူများအားလုံးထဲတွင် ပုဖန်ကိုသာ အမုန်းဆုံးဖြစ်သည်။သူ့၏ ရန်သူများအားလုံးထဲတွင် ပုဖန်ကိုသာ သူအမုန်းဆုံးဖြစ်သည်။ပုဖန်က သူ့၏ အိုးအနက်ကို ကိုင်ဆောင်ပြီး လူများစွာက်ို ရင်ဆိုင်န်ိုင်သည့် စွမ်းအင်ရှိကြောင်းကိုလည်း သူသိပေသည်။
ထ်ိုကောင်စုတ်လေးက မသေမျိုးခန္ဓာ အဆင့်တစ်ဆင့်ကိုသာ ချိုးဖောက်ထားသူဖြစ်လေရာ သူ့တွင် ဒယ်အိုးနက် ရှိနေနေတောင်မှ မသေမျိုး ခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်က်ို ရင်ဆိုင်နိုင်ဖို့ စွမ်းအားရှိလိမ့်မည်မဟုတ်ပေ။
သူက သူ့တွင်ရှိသမျှ အရာအားလုံးက်ို ပုံအပ်၍ မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်ကိုပင် ရအောင်ခေါ်ဆောင်လာခဲ့သည်။ယခုသူပုဖန်ကို ကြည့်သည့်အကြည့်များက နုတ်နုတ်စင်းပြစ်ချင်သည့် ရက်စက်မှုများဖြင့် ရဲရဲနီနေလေသည်။
"မသေမျိုး ခန္ဓာ အထွဋ်အထိပ်အဆင့် ရန်သူ ..."
ပုဖန်၏ မျက်ဝန်းများ ပို၍ တွန့်ချိုးသွားပြီး သူ့၏ အကြည့်များက လေးနက်လာသည်။အကယ်၍ ဒီနေရာတွင် ဝှိုက်တီ သို့မဟုတ် နယ်သာရီသာ ရှိနေသည်ဆိုလျှင် ထိုအဆင့် ပညာရှင်က ပြဿနာမဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် သူတစ်ယောက်တည်းသာ ရှိနေသည်။ထ်ို့အပြင် သူ ကာကွယ်ပေးရမည့် ကလေးမလေး ရှောင်ယလည်းရှိနေသေးသည်။ပုဖန် ရုတ်တရက် လမ်းပျောက်သလို ဖြစ်သွားသည်။
မှန်ပေသည်။သူလျှာကဝေ အစီအရင်ကိုလည်း အသုံးပြုနိုင်ပေသည်။သို့သော် လျှာကဝေအစီအရင်ကို ပြင်ဆင်ရန်အတွက် အချိန်လိုအပ်ပေသည်။သူ့၏ ရန်သူများက သူ့ကို ထိုကဲ့သို့ ပြင်ဆင်ဖို့ အချိန်ပေးလိမ့်မည်မဟုတ်ပေ။
"သူ့ကိုသတ်..."
ဒေါသတကြီး အော်ဟစ်လိုက်မှုကြောင့် ဖေးကျင်း၏ အဆီအပြည့်ပါးပြင်များက တုန်ခါသွားသည်။သူ့၏ နောက်တွင်ရပ်နေသော ပညာရှင်က စတင် လှုပ်ရှားလာသည်။ထိုသူ့၏ စွမ်းအင်များက ပေါက်ကွဲ ထွက်ပေါ်လာသောကြောင့် လေထုပင် တွန့်လိမ်သွားသည်။သူ့၏နောက်ကျော၌ စိတ်ဝိညာဉ် သံကြိုးများ ထွက်ပေါ်လာသည်။
ချွမ်...ချွမ်...ချွမ်...
ထိုစိတ်ဝိညာဉ်ကြိုးများက တစ်ခုနှင့်တစ်ခု ရိုက်ခတ်နေပြီး ကောင်းကင်ကိုပင် ခွဲခြမ်းတော့မလို ဖြစ်နေသည်။ထိုကျင့်ကြံသူ၏ မျက်နာက အေးစက်နေသည်။သူ့၏ အနီရောင်မျက်ဝန်းများဖြင့် ပုဖန်ကို တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေလေသည်။
ဖေးကျင်းက သူ့အား အဆင့်တစ်ဆင့်သာ ချိုးဖောက်ပြီးသည့် လူငယ်လေးတစ်ယောက်ကိုရင်ဆိုင်ရန် လာခေါ်သောကြောင့် သူရယ်မောခဲ့ရသေးသည်။
ထိုကဲ့သို့ အဆင့်မျိုးကို ဖေးကျင်းကိုယ်တိုင်ပင် ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေပေပြီ။ဖေးကျင်းက သူ့၏ အကူအညီကို အက်ျိုးမဲ့ ဆုံးရှုံးခံလိုက်ခြင်းသာဖြစ်သည်။ဒါက သူ့အတွက် အဆင်ပြေပေသည်။လူတစ်ယောက်၏ အကူအညီကို အလျင်အမြန် ပြန်လည်ပေးလိုက်နိုင်ခြင်းက သူ့၏ စိတ်ကို သက်သာရာရသွားစေသည်။
အစစ်အမှန် စွမ်းအင်များက မုန်တိုင်းတစ်ခုအလား တိုက်ခတ်လာလေသည်။အနားရှိ ဆည်းဆာရေကန်၏ ရေမျက်နာပြင်ပင်လျှင် အသက်ဝင်လာသည့်အလား လှုတ်ခတ်လာသည်။
ပုဖန် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ထိုကဲ့သို့ ပြင်းထန်လှသောအစ်အမှန် စွမ်းအင် လေကြမ်းများအောက်တွင် သူ့၏ ဆံပင်များက မျောလွင့်နေလေသည်။
သူဝတ်ဆင်ထားသော နီရောင်စားဖိုမှူးဝတ်စုံကလည်း လေအရှိန်ကြောင့် အကြမ်းပတမ်း လွင့်ခါနေပြီး အခ်ျိန်မရွေးတောက်လောင်တော့မည့်အလား ဖြစ်နေလေသည်။
ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး လက်ဖဝါးတစ်ဖက်ကို မြောက်တင်လိုက်သည်။သူ့လက်ဖဝါးပေါ်သို့ အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲ တစ်ပန်းကန် ကျရောက်လာလေသည်။သူ့ကို တိုက်ခိုက်ရန် ပြင်နေသော ကျင့်ကြံသူလည်း ကြောင်အသွားသည်။
"ဒီကောင်လေးက တ်ိုက်ခိုက်နေတုန်းမှာ ခေါက်ဆွဲစားမလို့လား ဒါသူကို အထင်သေးနေတာလား..."
ထိုကောင်လေးက ဖေးကျင်းကိုပင် အနိုင်ရခဲ့လေရာသူ့၏ အချက်အပြုတ်စွမ်းရည်က တကယ့်ကို သာမန်မဟုတ်ပေ။ပုဖန်က သူ့ကို စော်ကားလိုက်ကတည်းက မည်သည့် ဂရုဏာတရားမှ မပြနိုင်တော့ပေ။သူ ထိုကောင်လေးကို အမြစ်ပါမကျန် စွဲလှန် ပစ်ရပေမည်။
ယခုအချိန်၌ ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များထွက်ပေါ်လာလေသည်။
ဘုန်း...
အစိမ်းရောင်လမ်းခင်းကျောက်များကလည်း ခြေလှမ်းတစ်လှမ်းတည်းဖြင့် ချေမွ ဖျက်စီးခြင်း ခံလိုက်ရသည်။ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားက ပုဖန်ကို မြေပြင်ပေါ် ပြားကပ်သွားစေရန် ရည်ရွယ်ကျရောက်လာလေသည်။
သူ့နောက်တွင် မဝံ့မရဲရပ်နေသော ရှောင်ယ၏ မျက်နာလေးကလည်း ထိုဖိအားကြောင့် အလွန်အမင်း နီရဲလာလေသည်။ပုဖန်က ဖိအားအများစုကို သူမဆီမရောက်စေရန် ပိတ်ဆို့ထားသည်ဆိုသော်လည်း အနည်းငယ်မျှသော ဖိအားကပင် သူမအတွက် ပြင်းထန်သည့် သက်ရောက်မှုမျိုးဖြစ်ပေါ်နေလေသည်။
ပုဖန်က ခေါက်ဆွဲတစ်ပွဲလုံးကို တစ်လုတ်တည်းဖြင့် စားသောက်လိုက်ပြီးနောက် ခံစားချက်မဲ့လှသော အကြည့်များဖြင့် ကျင့်ကြံသူထံသို့ လှမ်းကြည့်လိုက်သည်။သူ ပါးစပ်ကို သုတ်လိုက်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များက လျင်မြန်လှသော အရှိန်ဖြင့် ထိုးတက်လာလေသည်။
ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို ဆွဲထုတ်လိုက်သည်။ကျင့်ကြံသူနီးကပ်လာသည်နှင့်အမျှ ၎င်းက တဖြေးဖြေးပို၍ ကြီးမားလာပေသည်။ကျယ်လောင်လှသောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ကျင့်ကြံသူ၏ မျက်ဝန်းများထဲ၌ အံ့အားသင့်သည့် အရိပ်ပယောင်သာ ဖြတ်သန်းသွားပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်၏ လက်ဖဝါးထက်တွင် လည်ပတ်နေသည်။သူ့၏ မျက်နာတွင်လည်းမည်သည့်ခံစားချက်မှ ရှိမနေပေ။
သူက အဆင့်တစ်ဆင့်တည်းသာ ချိုးဖောက်ထားသူ တစ်ယောက်ဖြစ်သော်လည်း ယခူလက်ရှိအချိန်တွင် သူ့၏ တိုက်ခိုက်ရေးစွမ်းအားများက မယုံနိုင်စရာကောင်းလှသည်။
လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အပူငွေ့လေးများထွက်နေဆဲဖြစ်သော အမဲသားလုံးလေးများ လေထဲ ပေါ်လာလေသည်။ပုဖန်က ထိုအသားလုံးများကို တစ်ချက်တည်းဖြင့် စားပစ်လိုက်သည်။
အနားပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများ၏ မျက်ဝန်းများက မယုံကြည်နိုင်မှုဖြင် ပြူးကျယ်နေလေသည်။ဖေးကျင်းကိုယ်တိုင်လည်း အလွန်ပင် အံ့သြနေမိသည်။
"ဒီကောင်စုတ်လေးက တ်ိုက်ခိုက်နေတုန်းမှာ စားသောက်ရဲတယ်ပေါ့ သူကအဲ့ဒီလောက်တောင် မောက်မာထောင်လွှားတဲ့လူလား..."
ကြံ့ခိုင်သန်စွမ်းအမဲသားလုံးများ သူ့၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားသည်နှင့် ပုဖန်၏ ခန္ဓာကိုယ်ခြေလက်များဆီသို့ စွမ်းအားများစီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။သူ့၏ မျက်ဝန်းများက တောက်ကလာလေသည်။သူ မြေပြင်ပေါ် မြဲမြံစွာရပ်လိုက်ပြီး ကြီးမားလှသော ဒယ်အိုးကို လက်တစ်ဖက်တည်းဖြင့်ကိုင်ဆွဲထားလိုက်သည်။
ကြီးမားလှသော အနက်ရောင်ဒယ်အိုးက လေထုကို ဖြတ်သန်းလာသည်မှာ ကောင်းကင်ကိုပင် ဖျက်စီးပစ်တော့မလိုပင် ထင်ရသည်။ကျင့်ကြံသူ၏ မျက်နာက မဲမှောင်သွားသည်။သူ့၏ စိတ်ဝိညာဉ် သံကြိုးများကလည်း ပြင်းထန်စွာ လှုပ်ရမ်းလာ၏။သူ့၏ ကြွက်သားများက ကြီးမားလာပြီးနောက် ဝဲပျံလာသော မဟူရာလိပ်ခုံးဒယ်အိုးနှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။
ဘန်း...ဘန်း...ဘန်း...
ပုဖန် သူ့ခန္ဓာကိုယ်ထဲတွင် မကုန်မဆုံးနိုင်သောစွမ်းအားများဖြင့် ပြည့်နှက်နေသလ်ို ခံစားလိုက်ရသည်။မသေမျိုးခန္ဓာအဆင့် ကျင့်ကြံသူက ပုဖန်၏ ဒယ်အိုးရိုက်ချက်အောက်တွင် အနောက်သို့ ဆုတ်ခွာလိုက်ရသည်။
ကြည့်ရှုနေသူများက ပုဖန်ကို နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသည့်အလား ကြည့်နေကြသည်။
"ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှ်ိမှုမျိုးက ဘယ်ကထွက်ပေါ်လာတာလဲ...အဆင့် တစ်ဆင့်ပဲ ချိုးဖောက်ထားတဲ့လူက အထွဋ်အထိပ်ပညာရှင်ကို နောက်ဆုတ်သွားရအောင် ဖိအားပေးနိုင်တယ်..."
ဖေးကျင်းသည် မယုံကြည်နိုင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ ခံစားလိုက်ရပြီး ပြင်းထန်စွာတုန်လှုပ်သွားလေသည်။
"သူ့ကိုသတ်...မဖြစ်နိုင်ဘူး...ဒါ လုံးဝ မဖြစ်နိုင်ဘူး...သူ့ကိုသတ် မင်းသူ့ကို သတ်ရမယ်..."
ဖေးကျင်း အော်ဟစ်လိုက်သည်။ရုတ်တရက် သူ့၏ အကြည့်များက မလှမ်းမကမ်းတွင်ရှိနေသော ရှောင်ယပေါ်သို့ ကျရောက်သွားသည်။စိတ်ပျက် အားငယ်နေသော မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်မှုများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဝှစ်...
သူ့၏ ပုံရိပ်က လေဟာနယ်ကိုဖြတ်သန်းသွားသလိုမျိုး ရှောင်ယ၏ ရှေ့၌ ချက်ချင်းပေါ်လာသည်။ရှောင်ယက သူ့ကိုကြောက်မက်ဖွယ်ကောင်းလှသော အမူအရာဖြင့် ကြည့်နေလေသည်။
ပုဖန်၏ မျက်လုံးထောင့်စွန်းများမှ ထ်ိုအပြုအမူကို မြင်လိုက်ရပြီးသူ့၏ မျက်ဝန်းများအေးစက်သွားသည်။သူအရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီးနောက် ရှောင်ယကို ဖေးကျင်းလက်မှ တားဆီးနိုင်ရန်အတွက် လှုပ်ရှားလိုက်သည်။
ယခုအချိန်တွင် ဖေးကျင်းဖိတ်ခေါ်ထားသော ကျင့်ကြံသူက အလွန်ဒေါသထွက်နေပြီဖြစ်သည်။ပိုးမွှားလို တစ်စုံတစ်ယောက်စီက ဖိနှိပ်ခံရတာကပင် ရှက်စရာကောင်းလွန်းနေပေသည်။ပုဖန်ကို သူ့လက်မှ လွတ်မြောက်ခွင့်သာ ပေးလိုက်လျှင် သူ့ကိုယ်သူ တ်ို့ဖူးနှင့် တိုက်၍ သေဖို့ကောင်းနေပေသည်။
သူ့၏ စိတ်ဝိညာဉ်ကြိုးငါးကြိုးလုံးက အသံထက်မြန်သော နှုန်းထားဖြင့် ယိမ်းနွဲ့နေကြသည်။ထို့နောက် အထွဋ်အထိပ်ကျင့်ကြံသူက ပုဖန်၏ လမ်းကြောင်းတွင်တားဆီးလိုက်လေရာ ပုဖန်၏ မျက်နာက မဲမှောင်သွားလေသည်။
"မင်းရဲ့ တ်ိုက်ပွဲ စွမ်းရည်တွေကို မြင့်တင်ဖို့အတွက် လျှို့ဝှက်နည်းလမ်းတစ်ခုခုကို သုံးထားတာပဲ ဖြစ်ရမယ်...အဲ့ဒီလိုဆိုရင်တောင် ဒီတစ်ကြိမ်ကတော့ သေရမှာပဲ..."
အဆင့် တစ်ဆင့် ချိုးဖျက်ထားသူက အထွဋ်အထိပ်အဆင့်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်အာင် မြင့်တင်ပေးနိုင်သော နည်းစနစ်က သာမန်မဟုတ်သည်မှာသေချာလှပေသည်။
ထိုအချက်အရ ပုဖန်၏ နောက်ခံက သာမန်မဟုတ်နိုင်ပေ။သို့သော်လည်း သူက တစ်စုံတစ်ယောက်၏ ကမ်းလှမ်းမှုကို လက်ခံထားပြီးပြီဖြစ်လေရာ ရွေးချယ်စရာမရှိတော့ပဲ သူ့ကို အဆုံးသတ်ပေးရပေတော့မည်။
သူအနေဖြင့် သဲလွန်စများ ချန်ထားခဲ့၍ မရပေ။ဒီလိုမှမဟုတ်လျှင် ဆိုးရွားသည့် အကျိုးဆက်များ ရောက်လာပေလိမ့်မည်။
"ထွက်သွားစမ်း..."
ပုဖန် ထ်ိုကျင့်ကြံသူကို အေးစက်စွာကြည့်၍ အမူအရာမဲ့စွာဖြင့် အေးစက်စွာကြည့်ပြီး အော်လိုက်သည်။သူ့၏ လက်ပေါ်၌ လက်ကောက်ဝတ်မှ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ရွှေရောင်တောက်ပနေသော ရွှေနဂါးအရိုးမီးဖ်ိုချောင်သုံးဓား ပေါ်လာလေသည်။
သူ မယုံကြည်နိုင်လောက်အောင် ထက်မြေ့လှသော ဓားသွားကို အသုံးပြုပြီး ထိုကျင့်ကြံသူကို လွှဲခုတ်ချလိုက်သည်။ဖေးကျင်း ရှောင်ယကို အေးစက်စွာ စိုက်ကြည့်နေလေသည်။ထိုကလေးမလေးကို ကြည့်နေရင်းဖြင့် သူ့၏ နှလုံးသားထဲမှ ဒေါသများက ပို၍ မြင့်တက်လာသည်။
အဖြစ်အပျက်အားလုံးက ဒီကလေးမလေးကြောင့် ဖြစ်သွားခဲ့ရခြင်းဖြစ်သည်။သူ့ကြောင့်သာ အချက်အပြုတ်ပညာများကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ဒီပြဿနာအားလုံးကို ထိုကလေးမလေးက သယ်ဆောင်လာခြင်းဖြစ်သည်။
ပုဖန် သေရမည်ဖြစ်သလို ဒီကလေးမလေးကလည်း ကျိန်းသေပေါက် သေရပေမည်။ယခုအချိန်၌ ဖေးကျင်းက မည်သည့် သနားညှာတာမှုကိုမှ မပြတော့ပေ။သူ ကလေးမလေးကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အဆုံးသတ်ပေးလိုလှသည်။
သူ့၏ လက်ဖဝါး၌ အစစ်အမှန်စွမ်းအင်များ စုစည်းလာသည်။ထိုစွမ်းအားများက မှုန်ဝါးဝါးသာမြင်ရသော်လည်း သတ်ဖြတ်ခြင်း အငွေ့အသက်များက ပမာဏများများပါဝင်နေပေ၏။
ထိုရိုက်ချက်တစ်ချက်က ကလေးမလေးအား အသားပြားအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။ရှောင်ယကလည်း ထိုအချက်ကို သတ်ိပြုမိပုံရလေသည်။သူမက ငယ်ရွယ်သော်လည်း စိတ်သဘောထားက အလွန်ပင် ရင့်ကျက်လှသည်။သူမ၏ အဖိုးဆုံးပါးသွားပြီး ကတည်းက အတွေ့အကြုံများစွာကို ခံစားခဲ့ရပြီးဖြစ်သည်။
သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်လုံးဝိုင်းကြီးများဖြင့် ဖေးကျင်း၏ သတ်ဖြတ်ခြင်းအငွေ့အသက်များပြည့်နှက်နေသော လက်ဝါးကို စိုက်ကြည့်လိုက်သည်။
ဘုန်း...ဘုန်း...
ထိုအခိုက်အတန့်တွင် ဆည်းဆာရေကန်မှ လှိုင်းများထန်လာပြီးနောက် လှ်ိုင်းလုံးကြီးတစ်လုံးက ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။ရေများက မိုးရေစက်များကဲ့သို့ အားလုံးကို စိုစွတ်သွားစေသည်။ထိုအခြေအနေကြောင့် လူအားလုံး ကြောင်အမှင်သက်သွားကြသည်။
ဖေးကျင်း၏ နှလုံးသားထဲ၌ အေးစက်လှသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။သူ့၏ လက်ဖဝါးက ရှောင်ယ၏ ခေါင်းအထက်တွင်ရှိနေသည်။သူ မည်မျှပင် ကြိုးစားစေကာမူ အောက်သို့ နှ်ိမ့်ချ၍ မရတော့ပေ။ဖေးကျင်း တုန်ယင်သွား၏။
"ဘာတွေ ဖြစ်နေတာလဲ..."
ထ်ို့နောက် သူ့၏ မျက်ဝန်းများနှင့် ရှောင်ယ၏ မျက်ဝန်းများ တွေ့ဆုံသွားလေသည်။သူမ၏ အကြည့်များက ရှောင်ယ၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တုန်ယင်သွားစေသည်။ထိုအကြည့်များက သားရဲကောင်တစ်ကောင်၏ အကြည့်များနှင့် တူလှသည်။
"ကြောက်ဖို့ကောင်းလိုက်တာ ဘယ်လိုလုပ် အဲ့ဒီလောက် ကြောက်ဖို့ကောင်းနေရတာလဲ..."
သူ့ဆီသို့ ထိမှန်လာသော ရေစက်များကလည်း ကြီးမားလှသော လက်ဖဝါးတစ်ခု သူ့၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် လာရောက်ဆုပ်ကိုင်ညှစ်ထားသလိုမျိုးခံစားရစေသည်။သူအသက်ရှူရန်ပင် ခက်ခဲလာမိသည်။
"မင်း..."
တဖြေးဖြေးပြောင်းလဲလာသော ရှောင်ယကိုကြည့်၍ ဖေးကျင်း၏ ခန္ဓာကိုယ်က မြေပြင်ပေါ် ပုံလဲကျသွားလေသည်။ခပ်လှမ်းလှမ်းမှ ပုဖန်ကလည်း ရှောင်ယ၏ ပြောင်းလဲမှုကို မြင်လိုက်ရလေပြီ သူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ဆည်းဆာရေကန်က ရှောင်ယ၏ အသွင်ပြောင်းမှုနှင့် ခ်ျိတ်ဆတ်နေပုံရလေသည်။ကန်အတွင်းမှရေများက သူမ၏ စွမ်းအားများနှင့် အတူတကွ စီးဆင်းနေလေသည်။ကန်အတွင်းမှ ကြောက်စရာကောင်းလှသောအကြည့်များစွာ ပေါ်လာသည်။
၎င်းက ဆည်းဆာကန်အတွင်းမှ အလွန်ပင် စွမ်းအားကြီးလှသော စိတ်ဝိညာဉ် သားရဲများပင်ဖြစ်သည်။သို့သော်လည်း ပုဖန်က ထ်ိုအရာများအားလုံးကို ဂရုမစိုက်ပဲ ရှောင်ယကိုသာ ဆက်လက် စိုက်ကြည့်နေမိသည်။သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
ယခုအခ်ျိန်တွင် ရှောင်ယ၏ အသွင်အပြင်က သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်သည်။သူမက အနက်ရောင်အခိုးအငွေ့များလွှမ်းခြုံနေသော လျှ်ို့ဝှက်ဆန်းကြယ်သည့် စိတ်ဝိညာဉ် သားရဲတစ်ကောင်ဖြစ်လာလေသည်။
သူမ၏ လူသားပုံစံ ရှိနေသေးသောလက်ကလေးကို ဆန့်ထုတ်လိုက်သည်။သို့သော် အရေပြားများက မဲမှောင်နေပြီး ကြည့်လိုက်ရုံဖြင့် အေးစိမ့်သွားစေမည့် အရောင်များ တောက်ပနေလေသည်။
ထိုလက်မဲကြီးက ပြင်းထန်စွာဖြင့် ရိုက်ချလိုက်လေသည်။ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော ဖေးကျင်း၏ မျက်နာက တမဟုတ်ချင်း အသားပြားအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူတ်ို့၏ ရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း ပြင်းထန်လှသော ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ထ်ို့နောက် မြူနက်များ လွှမ်းခြုံနေသည့် သားရဲက ပုဖန်နှင့် တခြားသူများရှိရာဘက်သို့ လှည့်ကြည့်လာလေသည်။
ပုဖန်နှင့် တ်ိုက်ခိုက်နေသော အထွဋ်အထိပ်အဆင့် ကျင့်ကြံသူက ကြောက်ရွံ့တုန်လှုပ်မှုဖြင့် ထ်ိုင်ချလိုက်သည်။လက်တစ်ဖက်က်ို တုန်တုန်ရီရီ ဆန့်ထုတ်ရင်း ထိုသားရဲကို လက်ညိုးညွှန်ပြနေလေ၏။သူ့၏ မျက်နာကလည်း ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။သူ မသဲမကွဲ ပလုံးပထွေးဖြင့် ရေရွတ်လိုက်သည်။