အပိုင်း ၆၄၉
Viewers 53k

အခန်း ၆၄၉

ချိတ်ပိတ်ထားသော ကလေး...


အစားကြူးတောင်ကြား၊ ဆည်းဆာရေကန် တစ်လျှောက် အဆောက်အဦးများကြားထဲတွင် ...လေထဲတွင် သင်းပျံ့မွှေးကြိုင်လှသော ရနံ့ပေါင်းစုံက လှည့်လည်နေလေသည်။


ထိုရနံ့များက အခန်းတစ်ခုအတွင်း ဖုံးလွှမ်းသွားပြီးနောက် တဖြေးဖြေး ပြန့်ကျဲ လွင့်စင်သွားသည်။ကျောက်သားပြင်ထက်သို့ ပုလဲလုံးလေးများ ကျဆင်းသွားသလိုမျိုး ညှင်သာသည့် အသံတစ်ခု ဇီသာ မှ ထွက်ပေါ်လာသည်။


ရှည်လျားသည့် ဝတ်စုံတစ်ခု ဝတ်ဆင်ထားသည့် အကြီးအကဲ တစ်ယောက်က ကြမ်းပြင်ပေါ်တွင် တင်ပျဉ် ခွေ၍ ထိုင်နေသည်။သူ့၏ ရှေ့တွင်ရှိသော အမွှေးတိုင်အိုးက ဖြေးညှင်းစွာ တောက်လောင်နေသည်။ထိုအိုး၏ ဘေးတွင် ပွက်ပွက်ဆူနေသော ခရမ်းရောင် မြေခရားအိုး တစ်အိုးရှိနေလေသည်။


ထိုခရား၏ နှုတ်သီးမှ အခိုးအငွေ့များ ထွက်ပေါ်နေပြီး ဆူညံသံ အချို့နှင့်အတူ တုန်ခါနေသည်။သူ့၏ ကြီးမားလှသည့် အင်္ကျီလက်စကို လက်တစ်ဖက်ဖြင့် သိမ်းကိုင်ထားလိုက်ပြီး ဇွန်းတစ်ဇွန်းဖြင့် လက်ဖတ်ခြောက်များက်ို ခတ်လိုက်သည်။


 ထိုလက်ဖက်ခြောက်များကကြိတ်ခြေထားသော်လည်း တောက်ပနေဆဲ ဖြစ်သည်။ဘေးပတ်လည်တွင်လည်း စ်ိတ်ဝ်ိညာဉ် စွမ်းအင်လှိုင်းများ လွင့်မျောနေလေသည်။ကြည့်လိုက်သည်နှင့် အလွန်အရည်အသွေးကောင်းနေကြောင်းပြောနိုင်ပေ၏။


ခရမ်းရောင်ခရားထဲသို့ လက်ဖတ်ခြောက်များ ထည့်လိုက်ပြီးနောက် အိုးကို မယူလိုက်သည်။ရေနွေးတစ်ခွက်လောင်းထည့် လိုက်သည်နှင့် မွှေးပျံ့လှသော ရနံ့ဖျော့ဖျော့က အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။


အစိမ်းရောင်လက်ဖတ်ရွက်လေးများက ခွက်ထဲတွင် ဝေ့လည်လည်ဖြစ်နေသည်။အကြီးအကဲက ရေနွေးခရားက်ို အသာပြန်ချလိုက်ပြီး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလေ၏။


ဇီသာမှ ညှင်သာစွာ ထွက်ပေါ်လာသည့် အသံများကလည်း အခန်းတစ်ခုလုံးကို လွှမ်းခြုံနေလေရာ အလွန်ပင် သက်တောင့်သက်သာဖြစ်နေစေလေသည်။


ခဏမျှကြာပြီးနောက် သူကလက်ဖတ်ရည်ခွက်ကို ကောက်ယူလိုက်ပြီး အင်္ကျီလက်စနှင့်ကာ ကာ နံပြားကို ရှူသွင်းလိုက်သည်။သူ့၏ မျက်နာတွင် အလွန်ပင် ကျေနပ်သွားသည့် အမူအရာမျိုး ပေါ်လာပြီးနောက် သူ့၏ မုတ်ဆိတ်ဖြူများကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။


သူ ထိုရေနွေးကို သောက်ရန် ပြင်လိုက်သည့်အချိန်၌ ပြတင်းတံခါးဆီမှ တောက်ပလှသော အလင်းရောင်များ ဝင်လာလေသည်။


ဆည်းဆာရေကန်၌ တစ်စုံတစ်ရာ ပြောင်းလဲသွားပုံပေါ်လေသည်။မျက်နာပြင်ပေါ်၌ ကြီးမားလှသော လှိုင်းလုံးများ ဖြစ်ပေါ်လာပြီးနောက် မှောင်မဲသော ပုံရိပ်များ ထွက်ပေါ်လာလေ၏။


ငြိမ်သက်တိတ်ဆိတ်သော နေရာမှ ကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီးများ နိုးထလာသကဲ့သို့ လေထုတစ်ခုလုံးက ကြောက်မက်ဖွယ်ရာ အော်ရာများဖြင့် ပြည့်နှက်နေသည်။


အမှောင်စွမ်းအင်များကလည်း ကောင်းကင်ယံဆီသို့ ထိုးတက်သွားလေသည်။အကြီးအကဲ အနည်းငယ်အံ့အားသင့်သွားပြီး မျက်လုံးပြူးသွား၏ ။သူ့မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်လက်သွားပြီးနောက် ကြောက်ရွံ့မှုတစ်ခုပါ ကပ်လျက် လိုက်ပါလာသည်။


အကြီးအကဲ လက်ထဲမှ ပန်းကန်လုံးက ကွဲကြေသွားပြီး လက်ဖတ်ရည်များ ပြန့်ကျဲသွားလေသည်။အကြီးအကဲက တစ်စုံတစ်ခုကို ခံစားမိပုံဖြင့် ပြတင်းပေါက်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။


"ဒီစွမ်းအင်တွေ.... အဲ့ဒါက ခ်ျိတ်ပိတ်ထားတဲ့ ကလေးမဟုတ်လား..."


......

အစားကြူး...


ပုဖန် ကြောက်ရွံ့တုန်လှုပ်နေသော မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ကျင့်ကြံသူ၏ မျက်နာကို ကြည့်ပြီး မျက်မှောက်ကြုတ်လိုက်မိသည်။ထိုသူရေရွတ်လိုက်သည်က်ို သူသဲသဲကွဲကွဲ မကြားလိုက်ရပေ။


 အဲ့ဒီကလေးမလေးက အစားကြူးနတ်ဘုရား ဟုတ်လား...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


သူခေါင်းမော့၍ ထ်ိုနေရာသို့ လှမ်းကြည့်လိုက်သည်။သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသည့် အကြည့်ကြောင့် သူ ကြက်သီးမွှေးညှင်းများပင် ထသွားမိသည်။


အနက်ရောင်လက်၊ မြင့်တက်လာသော အမှောင်စွမ်းအင်များ ...ထ်ိုအခိုက်အတန့်၌ ကလေးမလေးသည် သတ်ဖြတ်ခြင်းကိုသာ သိသော သားရဲ တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။


ဖေးကျင်းက သေဆုံးသွားခဲ့လေပြီ။သူက ထ်ို မွန်းစတား၏ လက်ဝါးရိုက်ချက်တစ်ချကိတည်းဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။သူ့၏ ဦးနှောက်များ ပေါက်ကွဲ ထွက်သွားပြီး ချက်ချင်းပင် သေဆုံးသွားသောကြောင့် သေဆုံးသွားရသည့် အကြောင်းအရင်းကိုပင် သိလိုက်မည်မဟုတ်ပေ။


တုံးအလှသော ကလေးမလေးက ကြမ်းကြုတ်ရက်စက်လှသော သားရဲကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်ခဲ့ လိုက်မည်မဟုတ်ပေ။


ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများအားလုံးကလည်း သေမင်းနှင့် ရင်ဆိုင်တွေ့ဆုံရသလို ဖြူဖျော့နေလေသည်။မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ကျင့်ကြံသူက ထိတ်လန့် တုန်လှုပ်ရာမှ ပြန်လည် သတိဝင်လာပြီးနောက် ထိုနတ်ဆိုးဆန်လှသော မိန်းကလေးကို ကြည့်လိုက်သည်။


သူ နှုတ်ခမ်းတင်းတင်းပိတ်လိုက်သည်။ထို့နောက် ထိုမွန်းစတားကို တစ်ချက်မျှ ကြည့်လိုက်ပြီး မြန်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် လှည့်ထွက်၍ ပြေးလေသည်။


ကလေးမလေးက ခေါင်းအသာစောင်း၍ ကြည့်လိုက်သည်။သို့သော်လည်း သူမ၏ ပတ်လည်တွင် မြူနက်များ ဖုံးလွှမ်းနေသောကြောင့် မျက်နာအသွင်အပြင်ကို ရှင်းလင်းစွာ မမြင်ရပေ။


သ်ို့သော်လည်း သားရဲတစ်ကောင်ကဲ့သို့ နက်မှောင်နေသည့် အသားအရေကို မြင်လိုက်ထဲက အားလုံး ကြောက်ရွံ့ တုန်လှုပ်နေကြပြီဖြစ်သည်။


ဝှစ်...


လေထုတုန်ခါသံများ ထွက်ပေါ်လာသည်။မွန်းစတားက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ထွက်ပေါ်လာသောကြောင့် လေဟာနယ်ပင် တွန့်လိမ်သွားပုံပေါ်သည်။


ဘန်း...ဘန်း...ဘန်း...


ထို့နောက် အနက်ရောင် လက်ဖဝါးရိုက်ချက်ဖြင့် ခေါင်းများပေါက်ကွဲ ထွက်သွားပြန်သည်။၎င်း၏ အရှိန်က တွေးမနိုင်လောက်အောင်ပင် မြန်ဆန်လွန်းလှသောကြောင့် မည်သူမှ တုံ့ပြန်ချိန်မရလိုက်ပေ။


ထိုမသေမျိုးခန္ဓာ ပညာရှင်များအားလုံး မည်သို့ သေသွားကြောင်းပင် သတိမပြုမိလိုက်ကြပေ။မသေမျိုးခန္ဓာအထွဋ်အထ်ိပ်အဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် အောင်အောင်မြင်မြင် တိမ်းရှောင်နိုင်သွားလေသည်။သူ ပေါက်ကွဲသွားသော အလောင်းများကို ကြည့်၍ တစ်ကိုယ်လုံး ချွေးများဖြင့် အေးစက်သွားလေသည်။


"အဲ့ဒါက တကယ့်ကို မကောင်းဆိုးဝါးပဲ ..."


အထွဋ်အထိပ်ကျင့်ကြံသူလည်း တုန်ရီနေ၏။ သူ သိပ်မဝေးကွာသေးသောကြောင့် အနည်းငယ်မျှပင် တုံ့ဆိုင်းမှုမရှ်ိပဲ အစစ်အမှန် စွမ်းအင်များကို ထပ်မံထုတ်ဖော်လိုက်ကာ လေဟာနယ်ကို ဖြတ်သန်းသွားရန် ကြံရွယ်လိုက်သည်။


သို့သော်လည်း သူ့၏ ပုံရိပ်က ကြားဖြတ် တားဆီးခံလိုက်ရ၏။အနက်ရောင်လက်ဖဝါးတစ်ခုက သူ့၏ ရင်ဘတ်ကိုဖောက်ထွင်းသွားပြီးနောက် သူ့နှလုံးက ပေါက်ကွဲထွက်သွားသည်အထိ ဖျစ်ညှစ်ခံလိုက်ရသည်။ထိုကျင့်ကြံသူ၏ မျက်ဝန်းများ မှေးမှိန်သွားပြီး မြေပြင်ပေါ် ပြိုလဲကျသွားသည်။သူ့၏ နောက်၌ ဝေ့ရမ်းနေသော စိတ်ဝိညာဉ် ကြိုးများကလည်း ကွဲကြေပျက်စီးသွားလေသည်။


ထ်ိုအထွဋ်အထိပ်ကျင့်ကြံသူ၏ အော်ရာများ ပျောက်ဆုံးသွားပြီးနောက် မြူနက်များကြားထဲတွင် ပုန်းအောင်းနေသော ကလေးမလေးက ပုဖန်ဘက်သို့ ခေါင်းလှည့်လာလေသည်။


သူမ၏ ရက်စက်ကြမ်းကြုတ်လှသော အကြည့်များက ပုဖန်ပေါ်သို့ ကျရောက်လာသည်။ပုဖန် မျက်ခုံးပင့်လိုက်မိသည်။သူ့၏ နှလုံးသားကလည်း တင်းကျပ်သွားလေ၏။


"အစားကြူး နတ်ဘုရား... ကလေးမလေးက လူယောင်ဆောင်ထားတာလား...လူယောင်ဆောင်ထားတဲ့ သားရဲလား..."


ဝုန်း....


ထိုအခိုက်အတန့်တွင် ရေကန်၏ အနက်ပိုင်းမှ ကြီးမားလှသော သားရဲတစ်ကောင်ထွက်ပေါ်လာသလိုမျိုး ရေပြင်က ပြင်းထန်စွာ လှုပ်ခါသွားသည်။ကောင်းကင်ပြင်ကိုပင် ဖုံးလွှမ်းသွားစေနိုင်သော ကြီးမားလှသည့် အရိပ်ကြီးတစ်ရိပ်က လူတိုင်းကို တုန်လှုပ်သွားစေ၏။


ရေကန်ထဲတွင် ပုန်းအောင်းနေသော သားရဲ၏ ခေါင်းက ရေမျက်နာပြင်အထက်သို့ တစ်ဝက်ခန့် ပေါ်လာလေသည်။၎င်း၏ ကြီးမားလှသော မျက်ဝန်းများက မြူနက်များကြားတွင် ပုန်းအောင်းနေသော ကလေးမလေးကို စိုက်ကြည့်နေ၏ သူ့၏ ကြီးမားလှသော ပါးစပ်မှလည်း ဆူညံဟိန်းဟောက်သံများ ထုတ်လွင့်နေသည်။


အစားကြူးတောင်ကြားထဲတွင် ရှိနေသော ကျင့်ကြံသူများအားလုံး ထိုသားရဲကို မြင်လိုက်သည့်ခဏ၌ ပါးစပ်အဟောင်းသား မျက်လုံးအပြူးသား ဖြစ်သွားလေသည်။


ထိုသားရဲ၏ပတ်ပတ်လည်တွင် ဖြစ်ပေါ်နေသော ရေလှိုင်းများကြောင့် ကန်အတွင်းမှ ငါးအချို့ ခုန်ထွက်လာလေသည်။ထိုငါးများ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပလှသော အစက်အပျောက်များ ဖုံးလွှမ်းနေလေသည်။


"ဟမ်...ကောင်းကင်ဝါးမျို ဝိညာဉ် စက်ငါး..."


ပုဖန် ထ်ိုငါးများကို မြင်လိုက်သည့်ခဏ၌ အလွန်အံ့အားသင့်သွားသည်။ထိုအရာက သူ အစားကြူးတောင်ကြားထဲသို့ လာရသည့် ရည်ရွယ်ချက် အတိအကျပင် ဖြစ်သည်။


သားရဲကြီးက ကြောက်မက်ဖွယ်ကောင်းသော သူ့၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဝါးမ်ျိုတော့မလိုမျိူး ဟိန်းဟောက်သံ အကျယ်ကြီး ထုတ်လွင့်လာလေသည်။


ကန်ထဲမှ ရေများက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းသလ်ိုမျိုး ပြန်လည်ကျဆင်းလာလေသည်။၎င်း၏ ပါးစပ်ထဲတွင် စူးရှထက်မြလှသော သွားများ အထက်လိုက် ပြည့်နေသည်ကိုလည်း တွေ့မြင်နိုင်၏။


အမှောင်မြူများထဲမှ ကလေးမလေး၏ အကြည့်များက ပုဖန်ဆီမှ နေ၍ သားရဲကြီးဆီသို့ ရောက်သွားလေသည်။သူမ၏ ခြေထောက်များက မြေပြင်ပေါ် ဒေါသတကြီး စောင့်နင်းလိုက်သည်။သားရဲကြီးကို မျက်နာချင်းဆိုင်၍ ပါးစပ်ကို ဖွင့်ဟကာ စူးရှသော အော်သံကို ထုတ်လွင့်လိုက်သည်။


သူမ၏ အော်သံကြောင့် ပုဖန်၏ နားစည်ကို ဓားသေးသေးလေးတစ်ချောင်းဖြင့် ထ်ိုးခွဲလိုက်သလိုမျိုး စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ကလေးမလေး၏ အော်သံနောက်တွင် သားရဲကောင်၏ ဟိန်းဟောက်သံက တဖြေးဖြေးအားနည်းလာလေသည်။


၎င်း၏ ကြီးမားလှသော ပါးစပ်ကို ပိတ်ကာ ရေထဲသို့ အသာအယာပြန်လည် ငုပ်လျိုးသွားလေသည်။ကလေးမလေးက အော်သံကို ထုတ်လွင့်ပြီးနောက် သူမ၏ ပတ်ဝန်းကျင်ရှိ မြူနက်များက တဖြေးဖြေး ကျဲပါးလာသည်။သူမ၏ အနက်ရောင်လက်များကလည်းမူလအရောင်သို့ ပြန်လည်ရောက်ရှ်ိသွားသည်။


ခဏအကြာ၌ သူမပတ်ဝန်းကျင်ရှိ မမှောင်စွမ်းအင်များအားလုံး တစ်စမကျန် ပျောက်ကွယ်သွားပြီး ကလေးမလေးရှောင်ယက မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။ကလေးမလေး၏ စူးရှသောအော်ဟစ်သံကြောင့် ပြင်းထန်သောစွမ်းအင်လှိုင်းတစ်လှိုင်း သူ့ကို ဖိနှိပ်လာသလိုမျိုး ပုဖန်ခံစားခဲ့ရသည်။သို့သော် ယခု ရှောင်ယက မူလအခြေအနေသို့ ပြန်ရောက်သွားသောကြောင့် ထ်ိုဖိအားကလည်း ပျောက်ကွယ်သွား၏ ပုဖန်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


ပုဖန် မြေပြင်ပေါ် လဲကျနေသော ကလေးမလေးဆီသို့ လျှောက်သွားလိုက်ပြီး အသာအယာကောက်ထူလိုက်သည်။ထိုလှုပ်ရှားမှုကြောင့် သူမ အံ့သြသွားပြီး မျက်ဝန်းများ ဖွင့်ကြည့်လိုက်သည်။သူမ၏ မျက်ဝန်းများထဲ၌လည်း ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။အစောပိုင်းက သူမ၏ အပြုအမူများကို မမှတ်မိကြောင်း ထင်ရှားပေသည်။


ဝမ် ...


ကောင်းကင်ယံထက်မှ ဆူညံသံများထွက်ပေါ်လာသည်။စိတ်ဝိညာဉ်မြင်းများ၏ ဟီသံများအပြင် ဘီးလှိမ့်သံများလည်း ပါဝင်နေသည်။ထိုအသံများကြားထဲတွင် တီးတိုးပြောဆိုနေသံများလည်း ကြားနေရသည်။ထိုအချင်းအရာက လူအများအပြား ဦးတည်လာနေကြောင်း ညွှန်ပြနေသည်။


သို့သော်လည်း ယခုအခ်ျိန်တွင် အရာရာအားလုံးက ပြန်လည် တိတ်ဆိတ်သွားပြီ ဖြစ်သည်။ယခင်က လှ်ိုင်းထန်နေခဲ့သော ရေမျက်နာပြင်သည်လည်း လှ်ိုင်းအနည်းငယ်သာရှိနေတော့သည်။ကြောက်မက်ဖွယ်ကောင်းလှသော သားရဲကြီးကလည်း ရေအောက်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။


"ခုဏ ဘာတွေ ဖြစ်သွားတာလဲ..."


အားလုံး၏ မျက်နာပေါ်တွင် သံသယများရှိနေလေသည်။သူတို့၏ အကြည့်များက ဧရိယာတစ်ခွင်ကို ဖြန့်ကျက်လိုက်သော်လည်း သံသယဖြစ်စရာဘာမှမတွေ့ပေ။သူတို့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျွမ်းကျင်ပညာရှင်တစ်ချို့၏ အလောင်းများကိုသာ တွေ့လိုက်ရသည်။


"ကြီးမားတဲ့ သားရဲကောင်ကြီးက ဒီပိုးမွှားလေးတွေကို သတ်ဖို့ပဲ ထွက်လာတာလား..."


ရောက်လာသော ကျင့်ကြံသူများ၏ စိတ်ထဲတွင် ထိုတူညီသော အတွေးရှိနေလေသည်။ပုဖန်နှင့် ယခုမှ ပြန်လည်နိုးထလာသော ရှောင်ယတို့သာလျှင် ထိုကပ်ဘေးဆိုးကြီးမှ လွတ်မြောက်လာခဲ့သော အခြေအနေဖြင့် ရှိနေလေသည်။


ကျင့်ကြံသူများစွာ၏ အကြည့်များက ပုဖန်ဆီသို့ ကျရောက်လာသည်။အဆင့်တစ်ဆင့်သာ ချိုးဖောက်ထားသည့် သူ့၏ ကျင့်ကြံစိတ်ကို တွေ့ပြီးနောက် သူတို့၏ မျက်နာပေါ်တွင် အထင်အမြင်သေးသည့် အပြုံးမျိုးပေါ်လာသည်။


လူတစ်ချို့ကသာလျှင် ပုဖန်နှင့် သူ့၏ လက်များကြားမှ ကလေးမလေးကို သေချာစွာ ကြည့်နေကြသည်။အဖြစ်အပျက်က ရုတ်တရက်ရောက်လာပြီး ချက်ချင်းပင် ပြီးဆုံးသွားလေသည်။


သြဇာကြီးမားလှသည့် အဖွဲ့အစည်းမှ လူများက တခြားမည်သည့် သဲလွန်စမှ မတွေ့သောကြောင့် ပြန်လည်ထွက်ခွာသွားကြသည်။အဆင့်တစ်ဆင့်သာချိုးဖောက်ထားသည့် ပုဖန်က သူတ်ို့၏ အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။


သို့သော်လည်း ထိုအဖွဲ့အစည်းများထွက်သွားပြီးသည့်နောက်တွင် ရှေးကျသော အသွင်အပြင်နှင့် လူတစ်ယောက်ပေါ်လာလေသည်။ခါးကုန်းကုန်းနှင့် ထိုလူ၏ မျက်နာပေါ်တွင် ထင်ရှားလှသော အရေအကြောင်းများ ပြည့်နှက်နေသည်။


ထိုသူက ရှည်လျားလှသော ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ့၏ ခန္ဓာကိုယ်ကလည်း ပေါ့ပါးသွက်လက်နေသလို ထင်ရသည်။သူ့၏ အကြည့်များကလည်း သမုဒ္ဒရာရေပြင်ကဲ့သို့ နက်ရှိုင်းလှ၏။သူသည်လည်း ပုဖန်နှင့် ရှောင်ယကို တွေ့မြင်လိုက်သည်။သို့သော်လည်း သူက တခြားသူများနှင့် ကွားခြားလှပေသည်။


ထိုအကြီးအကဲ၏ အကြည့်များက တခြားနေရာသို့ ရွေ့လျားသွားမည့်အစား ပုဖန်နှင့် ရှောင်ယအပေါ်တွင်သာ စူးစိုက်ကျရောက်နေသည်။


"ဒီကလေးက ချိတ်ပိတ်ခံထားရတဲ့ ကလေး...ပျောက်ဆုံးသွားတဲ့ အစားကြူးနတ်ဘုရား စိတ်ဝိညာဉ်က ဒီကလေးကိုယ်ထဲမှာ နေထိုင်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး..."


သူက သူ့၏ရှည်လျားလှသောဝတ်ရုံကို လွှဲခါလိုက်ပြီး ပုဖန်၏ ရှေ့သို့ ညှင်သာစွာ ဆင်းသက်လာသည်။အဖြစ်အပျက်က သာမန်ဆန်လွန်းလှပြီး ကြောက်မက်ဖွယ်ရာအော်ရာများမရှိပေ။


ကလေးမလေး၏ အမူအရာက ရှုပ်ထွေးနေသည် ။ပုဖန်လည်း ထိုအကြီးအကဲကို မျက်မှောင်ကြုတ်၍ ကြည့်နေ၏။ထို့နောက် သူကလေးမလေးကို သူ့၏ နောက်သို့ အလျင်အမြန် ဆွဲသွင်းလိုက်ပြီး ထိုအကြီးအကဲကို တည့်တည့်စိုက်ကြည့်လိုက်သည်။


အကြီးအကဲက လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေသည်။သူက ကလေးမလေးကို ကြည့်ရမည့်အစား ပုဖန်ကိုသာ ကြည့်နေလေသည်။ထို့နောက် အရေအကြောင်းများဖြင့် ပြည့်နှက်နေသောမျက်နာက အံ့အားသင့်မှုဖြင့် တုန်ယင်သွားသည်။


"အာ...ဒီစွမ်းအင်...မင်းက စိန်ခေါ်ပွဲနဲ့ ဝမ်ရန်ချုံကို အန်ိုင်ယူခဲ့တဲ့ အပြင်ဘက်ကမ္ဘာက စားဖ်ိုမှူးလား..."