အပိုင်း ၆၅၀
Viewers 53k

အခန်း ၆၅၀

 အစားကြူးနတ်ဘုရားမြို့တော်မှ ခေါက်ဆွဲဘုရင်၏ဖန်တီးမှု...


"မင်းက စားဖိုမှူးပြိုင်ပွဲမှာ ဝမ်ရန်ချုံကို အနိုင်ယူသွားတဲ့ အပြင်က စားဖိုမှူး မလား"


ပုဖန် အံ့ဩသွားသည်။ ခဏလောက်စဉ်းစားပီးမှ ဖြစ်နိုင်ချေကို နားလည်သွားခဲ့သည်။သူ့ရှေ့မှာရှိတဲ့လူကြီးဝမ်ရန်ချုံနဲ့ အတော်လေးရင်းနှီးပုံပေါ်သည်။မဟုတ်ရင် သူဒီလိုမျိုးစကားကိုပြောမှာမဟုတ်ပေ။


လူကြီးရဲ့စူးရှတဲ့အကြည့်တွေက ခန့်မှန်းရခက်သည်။သူ ပုဖန်ကို အချိန်အနည်းငယ် လေ့လာပြီးနောက် သူ့အကြည့်တွေက ပုဖန်ရဲ့အနောက်က မိန်းကလေးဆီသို့ ရောက်သွားသည်။


ထို လူကြီးက အသက်ပြင်းပြင်းရှူသွင်းပြီး သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်သည်။မမြင်ရတဲ့စွမ်းအင်လှိုင်းများ စတင် တဟုန်ထိုး ဖြာထွက်လာသည်။ရှေါင်ယ တွေဝေနေတုန်းမှာပဲ သူမကိုယ်က လူကြီးဆီကို လွင့်မြောနေတာကိုသတိထားမိလိုက်သည်။


ထိုအုကီးအကဲက တုန်ရီနေတဲ့ လက်ချောင်းများကို ဖြန့်ကားလိုက်ကာ ရှောင်ယ ရဲ့နဖူးကို ဖြေးညှင်းစွာထိလိုက်သည်။ သူထိလိုက်တဲ့နေရာမှ အားနည်းသောအလင်းတန်းတစ်ခုဖြာထွက်လာခဲ့သည်။ 


"သူကတကယ်ပဲချိတ်ပိတ်ခံထားရတဲ့ကလေးပဲ။ အစားကြူးနတ်ဘုရားရဲ့ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲမှာအိပ်စက်နေတယ်... ဟူးးး.... သူမအတွက်ခက်ခဲခဲ့မှာပဲ။" 


အကြီးအကဲ သက်ပြင်းချလိုက်သည်။ သူ့နှလုံးသားထဲမှာသံသယတစ်ခုရှိနေခဲ့သည်။သူက ဒီစည်းကိုပိတ်ခဲ့သူနဲ့ ရင်းနှီးခဲ့ဖူးပြီး ဒီချိတ်စည်း ကျိုးပေါက်လို့မဖြစ်တာကိုလည်း သူသိသည်။


သို့သော် အစောပိုင်းက အစားကြူးနတ်ဘုရား ဝိဉာဉ်အခိုးအငွေ့တွေ ပေါက်ကွဲထွက်ပော်လာခဲ့သည်။ ဒါကချိတ်အတွင်း ပေါက်ထွက်နေသည့် ရှင်းလင်းတဲ့အရိပ်လက္ခဏာ ဖြစ်သည်။


သူ့ရဲ့ သိနေတဲ့စိတ်က မှားနေခဲ့ရင်တောင်မှ ဆည်းဆာကန် မှာနေထိုင်နေတဲ့ သားရဲများ ကတော့ မမှားနိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် ထို ချိတ်စည်းပေါက်ထွက်ခြင်းဟာ အလွန်သေးငယ်ပြီး ဆည်းဆာကန်ရှိ စိတ်ဝိညာဉ်သားရဲကြီး တစ်ကောင်ထဲသာ ထွက်ပေါ်လာပြီး ပြီးဆုံးသွားခဲ့သည်။


အကယ်၍ ချိတ်အပြည့် ပေါက်ထွက်ခဲ့ပါက သူ ပူပန်နေရသည်ထက် ပိုပြီးကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခု ဆည်းဆာကန်အတွင်း ထွက်ပေါ်လာနိုင်သည်။ အဲ့အချိန်ရောက်ရှိလာခဲ့လျှင် ဖြေရှင်းဖို့ လွယ်ကူမည်မဟုတ်ပေ။ထို့ကြောင့် သူက နောက်ထပ် ချိတ်ပေါက်ထွက်မှုများကို တားဆီးနိုင်ရန် မိန်းကလေးအား အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။


ထို့အပြင် အစားကြူးနတ်ဘုရားဝိဉာဉ်ရဲ့ ပြဿနာက လွဲပြီး ထိုလူကြီးက မိန်းကလေးအတွက် နားလည်ရခက်တဲ့ လေးစားမှုတွေပါ ပေးခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ထိုနတ်ဘုရားဝိဉာဉ် ချိတ်ပိတ်ခံရတဲ့ မည်သည့်ကလေးမဆို မွေးရာပါ ဟင်းချက်တော်ကြသည်။ သူတို့ရဲ့ငုပ်လျှိုးနေသည့်ဟင်းချက်တော်တဲ့စွမ်းရည်ဟာ ကြောက်ဖို့ကောင်းလောက်သည်။ 


"မဖြစ်ဘူး....ငါ ဒီတိုင်း ကလေးကိုမခေါ်သွားနိုင်ဘူး မဟုတ်ရင် တောင်ကြားထဲက နောက်ထပ်တစ်ယောက်ယောက်က ဒီကလေးကိုရှာတွေ့သွားလိမ့်မယ်"


အကြီးအကဲကက မျက်ခုံးတွန့်ကာ မုတ်ဆိတ်မွှေးအား ပွတ်သပ်ရင်း အရေးတကြီး တွေးတောနေခဲ့သည်။နောက်ဆုံး သူခေါင်းမော့ပြီး ပုဖန်ကို ပြုံးပြုံးကြီးစိုက်ကြည့်နေလိုက်သည်။


"မင်းက မိန်းကလေးနဲ့ရင်းနှီးမယ့်ပုံပေါ်လို့ သူမကို မင်းနဲ့ အတူထားခဲ့မယ်။ မှတ်ထားပါ သူမဘယ်သူဆိုတာ ထုတ်မပြောပါနဲ့၊ မဟုတ်ရင် သေစေနိုင်လောက်တဲ့ဘေးဒုက္ခတွေ မင်းဆီ သက်ရောက်လာလိမ့်မယ်..."


အကြီးအကဲကပြောလိုက်ပြီးနောက် ...တန်ဆာဆင်ထားသော လက်ကိုင်အကွေ့အကောက်များပါရှိသည့် ကြွေခရားတလုံး... ပုဖန်ဆီသို့ ပစ်ပေးလိုက်သည်။


ပုဖန် ပုလင်းကို ဖမ်းယူပြီးနောက် နှလုံးခုန်မြန်လာသည်။


"ဒါက အရက်လား..." 


ပုဖန် ပုလင်းအတွင်းမှ အရက်အနံ့ ရလိုက်သည်နှင့် သံသယအကြည့်တွေနဲ့ လူကြီးအား ကြည့်လိုက်သည်။


"ဒါက ဝိဉာဉ်ဖိနှိပ်တဲ့ ဝိုင်ပဲ၊ သူမဆီမှာ ချိတ် ပေါက်ခြင်း ထပ်ဖြစ်လာရင် သူမပေါ် ဝိုင်နဲနဲ ဖြန်းပေးလိုက်ပါ၊ အဆင်ပြေသွားလိမ့်မယ်" အကြီးအကဲ ကရှင်းပြလိုက်သည်။


ပုဖန် ခေါင်းငြိမ့်လိုက်ပြီး ဝိုင်ပုလင်းအားသိမ်းဆည်းလိုက်သည်။


သူတို့ ဆွေးနွေးပြီးနောက် အကြီးအကဲက အိပ်နေတဲ့ ကောင်မလေးကို ပုဖန်အား ပေးလိုက်သည်။ထို့နောက် ရှေ့ကိုတစ်လှမ်း လှမ်းပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

 

ပုဖန် ကလေးမလေးကို ချီထားရင်း ရုတ်တရက် ဘေးပတ်ပတ်လည်သို့ လျှင်မြန်စွာ ကြည့်လိုက်ပြီးနောက် တည်ငြိမ်နေတဲ့ ဆည်းဆာရေကန်ဆီသို့ ကြည့်လိုက်သည်။


 သူ သက်ပြင်းအနည်းငယ်ချလိုက်ပြီး ...

"အစားကြူးနတ်ဘုရား ဝိဉာဉ်တဲ့လား၊ အဲ့တာကဘာလဲ ၊ ကြည့်ရတာ နာမည်ကြီးမယ့် ပုံပဲ” ပုဖန်က ရှောင်ယ ကိုဖျက်ခနဲကြည့်ပြီး တိုးတိုးရေရွတ်လိုက်သည်။


.....


နောက်တစ်နေ့တွင်


အစားကြူးတောင်ကြားတစ်ခုလုံး အုတ်အော်သောင်းနင်း တက်ကြွမှုအပြည့်နှင့်ဖြစ်နေကြသည်။


နေအလင်းက ဆည်းဆာရေကန် မျက်နှာပြင်တွင် လှိုင်းကဲ့သို့ တရွေ့ရွေ့ အလင်းပြန်နေပုံမှာ မျက်စိ ကျိန်းစပ်လောက်အောင် ဝင်းလက်တောက်ပြောင်နေသည်။


အစားကြူးနတ်ဘုရား စားသောက်ဧည့်ခံပွဲကို ဒီနေ့မှာ ကျင်းပမည် ဖြစ်သည်။ အစားကြူး တောင်ကြားတစ်ခုလုံးရှိလူများသည် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် လှုပ်ရှားမှုများ နှင့် များပြားသော ကျွမ်းကျင်မှုများတွင် ပါဝင်ရန် တောင်ကြားကိုကျော်လွန်၍ မြို့ထဲသို့ အစုလိုက်အပြုံလိုက်သွားနေကြသည်။


အစားပုပ်နတ်ဘုရားမြို့တော်သည် ခမ်းနားသောဆည်းဆာရေကန်၏ အစွန်တွင် တည်ရှိသည်။ မြို့နံရံတွေက ရှေးကျပြီး မရေမတွက်နိုင်အောင် မှော်ဆန်သောပုံစံများဖြင့် တည်ဆောက်ထားသည်။ 


မြူကောင်းကင်ြမြို့တော်နဲ့ယှဉ်လျှင်... အုတ်မြစ် ပို ကျစ်လစ်၍ ရှေးဆန်သည်။ မြို့ရဲ့ ရိုးစင်းတဲ့ အရောင်အဝါက မြင်သူတိုင်းကို စိတ်ဝင်စားစေခဲ့သည်။


သို့ပေမဲ့ မြို့က ကြောက်မက်ဖွယ်မကောင်းပဲ အလည်လာသူများအပေါ် နွေးထွေးစွာကြိုဆိုပြီး သဘောကျစရာကောင်းပေသည်။


ပုန်းကွယ်နဂါးတိုက်ကြီးတွင်နေထိုင်ကြသော ကျင့်ကြံသူအများအပြားက အစားပုပ်နတ်ဘုရားမြို့တော်ကို သူတို့၏ နောက်ဆုံးသော ဘုံဗိမ္မာန်အဖြစ် သတ်မှတ်ထားကြသည်။ထို့ကြောင့်ပင် အစားပုပ် နတ်ဘုရားမြို့တော်က ကျော်ကြားနေခြင်းဖြစ်သည်။


အစားပုပ်နတ်ဘုရားမြို့တော်တွင် ကြီးမားကျယ်ပြန့်လှသော မြို့တံခါးတစ်ခု ရှိနေသည်။ထိုအရှေ့တွင် အစောင့်များက အာရုံစူးစိုက်မှုအပြည့်ဖြင့် တန်းစီရပ်နေကြသည်။


ကလေးမကို ခေါ်ဆောင်လာသော ပုဖန်လည်း ထိုမြင်ကွင်းကို မြို့ကိုကြည့်၍ အံ့သြသွားသည်။ထို့မြို့က သူမြင်ခဲ့ဖူးသော မြို့များထဲတွင် ထူးခြားဆန်းကြယ်ဆုံးသော မြို့ဖြစ်သည်။မြို့တွင် နက်နဲသော ခိုင်ခံ့မှုရှိနေသည်။


ရှောင်ယကလည်း အစားပုပ် နတ်ဘုရားမြို့တော်ကို ပထမဦးဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပုံပေါ်လေသည်။သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများက စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေသည်။


"အကိုကြီး ငါ အဖိုးပြောတာ ကြားဖူးတာတော့ ဒီအစားပုတ်နတ်ဘုရားမြို့တော်ထဲမှာ အစားကြူး ဘုတ်ပြားပေါ်မှာအဆင့်ဝင်တဲ့ စားဖ်ိုမှူးတွေပဲ စားသောက်ဆိုင် ဖွင့်နိုင်တာတဲ့...အဲ့ဒါကြောင့် ဒီမြို့ထဲမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ စားဖိုမှူးတွေအားလုံးက ဒုတ်ယအဆင့် စားဖိုမှူးတွေကြီးပဲ ..."


ရှောင်ယပြောလိုက်သည်။ပုဖန် ခေါင်းညိတ်ပြလိုက်ပြီး တိတ်တဆိတ်သာ နေလိုက်၏။ပုဖန်တို့ နှစ်ယောက် မြို့ထဲသို့ ဝင်လာခဲ့ကြသည်။မြို့၏ လမ်းမများက ကျောက်တုံးများ ဆက်ခင်းထားသည့် ကျောက်ခင်းလမ်းများဖြစ်ပြီး လမ်း၏ တစ်ဖက်တစ်ချပ်တွင်လည်း အဆောက်အအုံများ စီတန်းစွာရှိနေသည်။


ဒီမြို့ကြီးထဲတွင် လူများက အဆုံးအစမဲ့သော ပင်လယ်ကဲ့သို့ပင် များပြားလှလေသည်။လူအုပ်ကြီးထဲတွင် တူညီသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့်လလူငယ်တစ်ချ်ို့ကိုလည်း ပုဖန်တွေ့မိသေးသည်။ပုံမှန်အားဖြင့် ထိုသူများက ဂိုဏ်းတစ်ခုထဲမှ လူများဖြစ်နိုင်ပေသည်။


အားလုံးခြုံငုံကြည့်လျှင် ဒီအစားပုပ် နတ်ဘုရားမြို့တော်က ပုဖန်နေထိုင်ခဲ့သော မြို့များနှင့် ကွဲပြားနေပေသည်။ဒီနေရာတွင်အစားကြူးတောင် ကြားထဲမှ စားဖ်ိုမှူးများ ဒါမှမဟုတ် သူတို့၏ တပည့်များဖြင့် လူဦးရေကို ဖွဲ့စည်းထားသည်ဆိုသော်လည်း တကယ်အရေးပါဆုံးသောသူများမှာ ထိုစားဖ်ိုမှူးများကို ထောက်ပံ့ပေးထားကြသူများဖြစ်ကြသည်။


မြို့ထဲသို့ ဝင်လ်ိုက်သည်နှင့် ရှောင်ယက တွေ့ကြုံရသော အသစ်အဆန်းများနှင့် ဆန်းကြယ်မှုများကို ကြောက်ရွံ့နေပုံရလေသည်။သူမက ပုဖန်၏ အင်္ကျီလက်စကို ဆွဲထားပြီး ပတ်ဝန်းကျင်ကို စူးစူးစမ်းစမ်းလိုက်ကြည့်နေသည်။သူမ၏ မျက်နာပေါ်တွင် ကြောက်ရွံ့မှုများရှိနေသည်ဆိုသော်လည်း ကလေးသဘာဝ စူးစမ်းစိတ်များလည်း အပြည့်ရှိနေသည်။


ပုဖန် လမ်းတစ်လျှောက် ဆက်လျှောက်လာခဲ့သည်။လမ်းမတစ်ဖက်တစ်ချပ်တွင်ရှိနေသော တစ်ချို့အိမ်များက တံခါးများတင်းတင်းစေ့စေ့ပိတ်ထားပြီး တစ်ချို့ အဆောက်အဦးများဆီမှ သင်းပျံ့လှသော မွှေးရနံ့များ ထွက်ပေါ်နေသည်။


၎င်းတို့က အစားပုပ်နတ်ဘုရားမြို့တော်မှ ဆိုင်များဖြစ်ကြသည်။ပုဖန်၏ စူးစမ်းလိုစိတ်က လှုပ်ခါသွားလေသည်။သူ ခေါင်းလှည့်လိုက်ပြီး လေထဲတွင်ရှိနေသည့် လတ်ဆတ်လှသော မွှေးရနံ့ကို ရှူရှိုက်လိုက်သည်။သူ့၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားလေ၏


ဤနေရာက စားဖိုမှူးများ၏ အချက်အပြုတ်စွမ်းရည် တိုးတက်လာရန် တကယ့်ကိုပင် သင့်တော်နေပုံရသည်။


"ခေါက်ဆွဲဘုရင်ဆိုင်..."


ပုဖန် သူ့ရှေ့မှ ဆ်ိုင်ကို ကြည့်လိုက်ပြီး ခပ်တ်ိုးတိုးရေရွတ်လိုက်သည်။သူပထမဦးဆုံး မြင်လိုက်ရသည်က ဆိုင်းဘုတ်ပေါ်တွင် မြင်သာအောင် ရေးထိုးထားသည့် ခေါက်ဆွဲဘုရင် အဆောက်အဦးဆိုသည့် စာသားပင်ဖြစ်သည်။တစ်စုံတစ်ယောက်က သူ့ကိုယ်သူ ခေါက်ဆွဲဘုရင်ဟု ခေါ်ရဲသည် ။ဘယ်လောက်တောင်များ မောက်မာလိုက်သလဲ...


ပုဖန်၏ မျက်ဝန်းများက အောက်ဘက်သို့ ရွေ့သွားပြီး ဆိုင်၏ ကျော်ကြားမှုနောက်သို့ ဖမ်းစားသွားလေသည်။သူစိတ်ဝင်စားမိသဖြင့် ရှောင်ယ၏ လက်ကို ဆွဲပြီး ခေါက်ဆွဲဆိုင်သို့ ဦးတည်လိုက်သည်။


"ခေါက်ဆွဲဘုရင်ဆိုင် ဘယ်လိုမျ်ိုးလဲဆိုတာကို ငါ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်တယ်..."


ဒီဆိုင်က စည်ကားလှသော်လည်း ဆိုင်က ကြီးမားကျယ်ဝန်းလှသည်။ထို့ကြောင့် ပုဖန် ဝင်လိုက်ချင်းပင် ထိုင်ခုံရှာတွေ့လိုက်သည်။စားပွဲထိုးက လှပငယ်ရွယ်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမက ဆံပင်ကို ရိုးရှင်းစွာ စည်းနှောင်ထားပြီး ပုဖန်ကို ရင်းရင်းနီးနီး ပြုံးပြနေသည်။


"ဒါက ခေါက်ဆွဲဘုရင်ဆိုင်ရဲ့ မီနူးပါဆရာ ဘာများမှာချင်ပါသလဲ..."


အမျိုးသမီးက အပြုံးလေးဖြင့် စားစရာများရေးထွင်းထားသည့် ကျောက်စိမ်းပြားလေးတစ်ချပ်အား ကမ်းပေးလာလေသည်။ပုဖန်၏ ရှေ့တွင် ကျောက်စိမ်းပြားကို ထောင်လိုက်သည်နှင့် ကွဲပြားခြားနားသော စားစရာများ ရေးထိုးထားသည့် စာကြောင်းများပေါ်ထွက်လာသည်။


ထိုနည်းလမ်းက ပုဖန်ကို အံ့အားသင့်သွားစေသည်။သူတို့ သုံးသည့် နည်းစနစ်က ပုဖန်သုံးသည့် နည်းစနစ်ထက် ပို၍ မိုက်ပေသည်။


"ဒီအတန်းမှာ ရှိတဲ့ ဟင်းပွဲတွေက ငါတ််ို့ ခေါက်ဆွဲဘုရင်ဆိုင်ရဲ့ပထမအဆင့် စားဖိုမှူး ချွီရန်ချန်းဖုန် ကိုယ်တိုင် ပြင်ဆင်ပေးထားတဲ့ ဟင်းပွဲတွေပါ...ဒီဘက်အတန်းက ခေါက်ဆွဲပွဲတွေကတော့ ချွီရန်ချန်းဖုန်ရဲ့ တပည့် ပြင်ဆင်ပေးတာပါ...ကြိုက်တဲ့ဘက်ကနေ မှာလို့ရပေမယ့် ခေါက်ဆွဲ တန်းနှစ်ဘက်ရဲ့ စျေးနှုန်း တော်တော်လေးကွာခြားတာကိုတော့ သတိပြုပေးပါ..."


အမျိုးသမီးငယ်က သေချာစွာ ရှင်းပြနေသည်။ပုဖန် မျက်ခုံးပင့်မိသွားသည်။


"ပထမအဆင့် စားဖ်ိုမှူးလား...ဒါကြောင့် မလို့ သူက သူ့ကိုယ်သူ ခေါက်ဆွဲဘုရင်လို့ ခေါ်ရဲတာကို..."


ပုဖန်နှင့် ယခင်က တွေ့ဆုံခဲ့သော ကျိုးထုံကလည်း ပထမအဆင့် စားဖိုမှူးပင်ဖြစ်သည်။ဒီခေါက်ဆွဲဆိုင်၏ စားဖိုမှူးက ပထမအဆင့် စားဖိုမှူး ဖြစ်နေမည်ဟု သူမထင်ထားမိပေ။


ဒီဆိုင်မှ စားစရာများကို မြည်းစမ်းကြည့်ရပေမည်။ပုဖန် စားပွဲက်ို ခေါက်၍ ခဏမျှ စဥ်းစားနေပြီးနောက် ချွီရန်ချန်းဖုန် ပြင်ဆင်ပေးသည့် ခေါက်ဆွဲပွဲကို ရွေးချယ်ရန် ပြင်လိုက်သည်။


"ငါ့ကို မီးမိုးပွင့်လန်းခြင်း ခေါက်ဆွဲ တစ်ပွဲပေး..."


ပုဖန် ကျောက်စိမ်းပြားပေါ်တွင် လက်ထောက်ပြ၍ မှာလိုက်သည်။


"ဒီလိုဆိုရင် ငါက ဒါကို မှာမယ်..."


ရှောင်ယက ခဏမျှ စဥ်းစားပြီးနောက် ခေါက်ဆွဲပွဲတစ်ပွဲကို ရွေးချယ်ခဲ့သည်။အမျိုးသမီးငယ်က ကျောက်စိမ်းပြားကို တစ်ဖက်တွင် ထားလိုက်သည်။သူခဏမျှ စောင့်ဆိုင်းရန် ယဥ်ယဥ်ကျေးကျေးပြောဆိုပြီးနောက် ထွက်ခွာသွားသည်။


"အကိုကြီး ... ဒီခေါက်ဆွဲဘုရင်ဆိုင်က အစားကြူးတောင်ကြားထဲမှာ အရမ်းနာမည်ကြီးတယ်...ငါကြားဖူးတာတော့လေ ဒီအစားကြူးတောင်ကြားထဲမှာ ဒီစားဖိုမှူးချက်တဲ့ ခေါက်ဆွဲပွဲတွေက အကောင်းဆုံးပဲတဲ့..."


ရှောင်ယက သူမ၏ ထိုင်ခုံပေါ်တွင် သေချာစွာ ပြင်ထိုင်လိုက်ပြီးနောက် ပုဖန်ကို ကြည့်၍ ပြောလိုက်သည်။


"သူသာ ခေါက်ဆွဲပွဲကို ကောင်းကောင်းမချက်နိုင်ရင် ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူ ခေါက်ဆွဲ ဘုရင်လို့ ခေါ်ရဲမှာလဲ..."


ပုဖန် ကလေးမလေး၏ ခေါင်းကို အသာပုတ်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ရုတ်တရက် ပုံရိပ်တစ်ချို့ စားသောက်ဆိုင်ထဲသို့ ဝင်လာလေသည်။ပုဖန်၏ စူးရှထက်မြက်လှသော အကြည့်များက ဆိုင်အပေါက်ဝသို့ ရောက်သွားပြီးနောက် သူ အေးခဲသွားလေ၏။အဘယ့်ကြောင့်ဆိုသော် သူရင်းနီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။


ထိုလူနှင့် ဒီတောင်ကြားထဲတွင် ပြန်၍ တွေ့ဆုံရခြင်းမှာ အလွန်အံ့သြစရာကောင်းလှသည်။


"ပိုင်ရှင်ပု မတွေ့ရတာတောင် အတော်ကြာပြီ..."


စူးရှလှသော အသံပိုင်ရှင်သည် ဆံနွယ်ရှည်များနှင့် ချောမောခန့်ညားသော သူတစ်ယောက်ဖြစ်သည်။ထိုသူ၏ နောက်ကျောတွင်တောက်ပလှသော လှိုင်းများ ထုတ်လွင့်နေသည့် ဓားရှည်တစ်လက်ကို လွယ်ထားသည်။ထိုသူက ပုဖန်ဆီသို့ လျှောက်လာပြီး ထိုင်ခုံတစ်ခုံကို ဆွဲယူ၍ ထိုင်လိုက်သည်။


"ရှောင်ယု ဟုတ်တယ် မတွေ့ရတာတောင် တော်တော်ကြာပြီ..."


ပုဖန် ထိုသူကို တစ်ချက်ကြည့်၍ ခေါင်းညိတ်နှုတ်ဆတ်လိုက်သည်။ထိုသူက သူစိမ်းတစ်ယောက် တခြားဘယ်သူမှမဟုတ်ပေ။သူ လေအလင်းအင်ပါယာတွင် ရင်းနီးခဲ့သော ရှောင်ယုဖြစ်သည်။


လေအလင်းအင်ပါယာ၏ ပြဿနာများပြီးနောက် ရှောင်ယုက အင်ပါယာမှ ထွက်ခွာသွားခဲ့သည်။ဒီနေရာတွင် တွေ့ဆုံရခြင်းမှာ မထင်မှတ်ထားသည့် ကြုံကြိုက်မှုတစ်ခုသာဖြစ်သည်။


ယခုလက်ရှိ ရှောင်ယုကို ကြည့်ရသည်မှာ လုံးဝ ကွဲပြားခြူးနားသွားသည်ဟု ခံစားရလေသည်။သူ့၏ အော်ရာများကလည်း စူးရှထက်မြက်လာသည်။သူ့၏ ပတ်ဝန်းကျင်တွင် ဖုံးလွှမ်းနေသော ဓားစွမ်းရည်များကလည်း ဘယ်သူကိုမဆို ကြက်သီးမွှေးညှင်းထသွားစေနိုင်သည်။


"ပိုင်ရှင်ပု အစားကြူးတောင်ကြားထဲမှာ ဘာလုပ်နေတာလဲ...ပိုင်ရှင်ပုက တောင်ကြားက စားဖိုမှူးလား..."


ရှောင်ယုက အက်ရှရှအသံဖြင့် ပြောလိုက်သည်။သူ့၏ မျက်ဝန်းများက တောက်ပနေသည်။အိမ်နှင့် ဝေးကွာသော အရပ်တွင် အသိအကျွမ်းတစ်ယောက်ကို တွေ့ဆုံရခြင်းကြောင့် သဘာဝကျစွာပင် သူ့၏ ခံစားချက်များ ကောင်းမွန်နေလေသည်။


ပုဖန် ခပ်ဖျော့ဖျော့ပြုံး၍ ခေါင်းခါပြလိုက်သည်။ပုဖန်၏ ငြင်းပယ်မှုကြောင့် ရှောင်ယုအံ့သြသွားလေသည်။ပုဖန်၏ အချက်အပြုတ်စွမ်းရည်က သာမန်မဟုတ်ကြောင်း သူကောင်းစွာသိပေ၏။


ထိုကဲ့သို့သော စားဖိုမှူးတစ်ယောက်က အစားကြူးတောင်ကြားမှ မဟုတ်လျှင် သူ ဘယ်နေရာက ရောက်လာပါသနည်း။


"ပင်ကိုယ် ပါရမီပါတာလား..."


"ငါက အစားကြူးတောင်ကြားနဲ့ ပတ်သတ်မှုမရှိပါဘူး...လျှောက်ခန့်မှန်းမနေနဲ့ ...အော် ဟင်းပွဲတွေတောင် ရောက်လာပြီး စကားမပြောခင် အရင်စားလိုက်ကြစို့ ..."


ပုဖန်က အငွေ့တထောင်းထောင်းထနေသောမွှေးကြိုင်သည့် ပန်းကန်လုံးကို သယ်ဆောင်လာသည့် စားပွဲထိုးမိန်းကလေးကိုတွေ့လိုက်ရသောကြောင့် ပြောလိုက်သည်။


နောက်ခဏမှာပင် ပူပူလောင်လောင်ခေါက်ဆွဲပွဲကြီးက ပုဖန်ရှေ့သို့ ရောက်လာလေသည်။ပန်းကန်လုံးအတွင်း၌ မီးလျှံများတောက်ပနေပြီး မွှေးရနံ့များကလည်း အစိုင်အခဲအဖြစ် သိပ်သည်းနေသည်ဟု ထင်ရလေသည်။