အပိုင်း ၆၅၁
Viewers 53k

အခန်း ၆၅၁

တိုက်ခိုက်နေတာလား...


မီးမိုးပွင့်လန်းခေါက်ဆွဲ...


ခေါက်ဆွဲပွဲက အလွန်ပင် တောက်ပလှသည်။၎င်း၏ မျက်နာပြင်ပေါ်တွင် အလင်းလှိုင်းလေးများ လွင့်လူနေ၏။ခေါက်ဆွဲ၏ ပွက်ပွက်ဆူနေသော ဟင်းရည်ပေါ်တွင် အနီရောင်အလင်းစက်လေးများ ကခုန်နေလေသည်။


ချက်ချင်းဆိုသလိုပင် ထိုအလင်းစက်လေးများက နွေဦး ပန်းပွင့်လေးများ ပွင့်ဖူးလာသကဲ့သို့ ပြန့်ကျဲသွားပေသည်။


"ဒီခေါက်ဆွဲပွဲက တကယ့်ကို အံ့မခန်း..."


ရှောင်ယု အံ့အားသင့်စွာ အော်လိုက်ပြီး ခေါက်ဆွဲပွဲကို စိတ်ဝင်တစား စူးစိုက်ကြည့်နေမိသည်။


"ရှင်က ကောင်းကင်ဗဟိုသန့်စင်နယ်မြေက ဓားပါရမီရှင်ရှောင်ယုလား..."


စားပွဲထိုးအမျိုးသမီးငယ်က ရှောင်ယုကိုကြည့်၍ မေးလိုက်သည်။စားပွဲထိုးအမျိုးသမီးက သူ့ကို မှတ်မိလိုက်မည်ဟု ရှောင်ယု မထင်ထားခဲ့မိပေ။သို့သော်လည်း သူအံ့ားသင့်သွားဆဲ မရှိပဲ အသာအယာပင် ခေါင်းညိတ်ပြလိုက်သည်။


ရှောင်ယု၏ လက်ရှ်ိဆရာသခင်ကို လေအလင်းအင်ပါယာမှ ထွက်လာပြီး မကြာခင်မှာပင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ဆရာသခင်က ကောင်းကင်ဗဟိုသန့်စင်နယ်မြေမှ အကြီးအကဲ တစ်

ယောက်ဖြစ်သည်။သူ့ကို ဂိုဏ်းထဲ ဝင်ရောက်လက်ခံပေးပြီး၌ ဓားတာအို နည်းလမ်းများကို ညွှန်ကြား ပြသပေးခဲ့ပေသည်။


သူက ဓားတာအို လေ့ကျင့်ရာတွင် တုနှိုင်းမရသည့် စွမ်းအင်မျိုးကို ပြသခဲ့သည်။မျိုးဆက်သစ်လူငယ်များထဲတွင် ထွန်းလင်းတောက်ပသော ကြယ်ပွင့်တစ်ပွင့် သတ်မှတ်ခံခဲ့ရသည်။


သိုင်းပညာကို ကျင့်ကြံကြသော သန့်စင်နယ်မြေအတွင်းရှ်ိ သူတော်စင်များနှင့် မယှဥ်နိုငိသော်လည်း သူ့နာမည်ကို ကြားလိုက်သည့်သူတိုင်း အံ့အားသင့် ကြောင်အနေကြဆဲဖြစ်သည်။


ပုဖန်က သူတို့ ပြောဆိုနေသည်များကို ဂရုမစိုက်ပေ။သူ တူတစ်စုံကို ကောက်ယူလိုက်ပြီး စားပွဲပေါ် အသာတောက်လိုက်သည်။ထို့နောက် သူ ဇွန်းကို အသုံးပြု၍ စွပ်ပြုတ်ရည်တစ်ဇွန်း ခပ်လိုက်သည်။စွပ်ပြုတ်ရည်က နီရဲနေ၏။အလင်းတန်းလေးများကိုလည်း ထုတ်လွင့်နေလေသည်။


၎င်းက ပန်းပွင့်ချပ်လေးများ မျောလွင့်နေသကဲ့သို့ မျက်စိပဓာသရှိလှသည်။ပုဖန် စွပ်ပြုတ်ရည်အကုန်ကို သောက်လိုက်သည်နှင့် သူ့၏ ပါးစပ်ထဲတွင် အပူငွေ့များ ပေါက်ထွဲလာသလို ခံစားလိုက်ရသည်။


သူ့၏ မျက်ခုံးများ ပင့်တက်သွားပြီး အမူအရာများ လေးနက်သွားသည်။ဟင်းရည်က အရသာရှိလှသောကြောင့် ပုဖန်စိတ်ထဲမှ ချီးမွှန်းလိုက်သည်။သို့သော်လည်း တစ်ခုခုလွဲနေသည်ဟု ခံစားရလေသည်။


သူဟင်းရည်ဆက်မသောက်တော့ပဲ ခေါက်ဆွဲကို စားရန် ပြင်လိုက်သည်။ခေါက်ဆွဲဟင်းပွဲဆိုမှတော့ အဓိက ဇာတ်ကောင်က ခေါက်ဆွဲသာဖြစ်သည်။


အဝါရောင်မကျ လိမ္မော်ရောင်မကျ ချောမွေ့လှသော ခေါက်ဆွဲပေါ်သို့ အလင်းရောင်များ ထင်ဟပ်နေသောကြောင့် အရောင်များက ပို၍ တောက်ပနေသည်။


အပူငွေ့များ တထောင်းထောင်းထနေသည့် ခေါက်ဆွဲပေါ်တွင် အနီရောင် အစက်အပျောက်လေးများ တွယ်ကပ်နေပုံက မီးမိုးများ ဖြတ်သန်းသွားသလိုပင် ထင်ရသည်။


မီးမိုးပွင့်လန်းလာခြင်းခေါက်ဆွဲ ဆိုသည့်အတိုင်းပင် ခေါက်ဆွဲ၏ ပြင်ဆင်ပုံက သူ့၏ နာမည်ကို ကျဆင်းသွားစေခြင်းမရှိပေ။သို့သော်လည်း ပုဖန်က ထိုအပေါ်ယံ အပြင်အဆင်ကို အထင်ကြီးခြင်းမရှိပေ။သူ ခေါက်ဆွဲမျှင်များကို ကြည့်၍ မျက်ခုံးပင့်လိုက်သည်။


ရှလွတ်...


ပျော့ပျောင်းနူးညံ့လှသော ခေါက်ဆွဲမျှင်လေးများ ပါးစပ်ထဲ ဝင်သွားသည်နှင့် ပုဖန် ချက်ချင်းပင် မှင်သက်သွားသည်။ထိုအရသာလေးက သူ့၏ လည်ချောင်းကို နှစ်သက်စရာကောင်းလှပြီး နှိပ်နယ်ပေးနေသလို ခံစားရသည်။


ခေါက်ဆွဲ၏ နူးညံ့မှုက လုံးဝကို အနေတော်ဖြစ်နေသည်။ထို့အပြင် သူ့အထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အရသာများပါဝင်နေသေးသည်။


ဆေးဖတ်ဝင် ဆေးပင်များ၏ အရသာစိတ်ဝိညာဥ်ပန်းများ၏ ရနံ့ရှားပါးပြီး ထူးခြားဆန်းကြယ်လှသော ပါဝင်ပစ္စည်းအများအပြားလည်း ပါဝင်နေသေးသည်။


ခေါက်ဆွဲတစ်ပန်းကန်ကို ထိုကဲ့သို့ ရှုပ်ထွေးလှသော နည်းလမ်းများဖြင့် အဆင့်ဆင့် ပြုလုပ်ထားခြင်းမှာ လွယ်ကူလှမည်မဟုတ်ကြောင်း ထင်ရှားလှပေသည်။ခေါက်ဆွဲ တစ်လုတ်စားပြီးသည့်အချ်ိန်တွင် ပုဖန်၏ စိတ်ထဲတွင် အံ့အားတုန်လှုပ်မှုများ ပြည့်နေတုန်းဖြစ်သည်။


စားပွဲထိုးမိန်းမငယ်က ရှောင်ယုကိုကြည့်နေခြင်းမှာ သူ့၏ ပုံပန်းသွင်ပြင်ကြောင့် ဖြစ်သော်လည်း မျက်ဝန်းထောင့်စွန်းများမှနေ၍ ပုဖန်၏ အမူအရာကိုလည်း ကြည့်ရှူနေသေးသည်။


စားဖိုမှူး ချွီရန်၏ ခေါက်ဆွဲပွဲကို မည်သူမှ တောင့်ခံနိုင်လိမ့်မည်မဟုတ်ကြောင်း သူမယုံကြည်ပေသည်။ဒီလူငယ်လေးကလည်း စားဖိုမှူး၏ ချွီရန်၏ ခေါက်ဆွဲပွဲ၏ ဆွဲဆောင်မှုကို ခံလိုက်ရမည်ဖြစ်ကြောင်း သေချာပေသည်။


သို့သော်လည်း သူမ၏ ခန့်မှန်းချက်များက မှားယွင်းသွားခဲ့သည်။ပုဖန်က အခြားစားသုံးသူများကဲ့သို့ အလောတကြီး မစားသုံးပဲ တူကို ပြန်ချလိုက်သည်။ထို့နောက် လက်သုတ်ပဝါကို ယူ၍ ပါးစပ်ထောင့်စွန်းခေးများ သုတ်လိုက်၏။


"ဘာ ဘာဖြစ်သွားတာလဲ ဒီလူငယ်လေးက ထပ်မစားတော့ဘူးလား...သူ ဒီခေါက်ဆွဲကို မကြိုက်ဘူးလား...ဘာလို့ ဆက်မစားတော့တာလဲ စားဖိုမှူး ချွီ ရန်က အလေအလွင့် ဖြစ်တာကို မကြိုက်ဘူး ဒီအကြောင်းကို သူသာသိသွားမယ်ဆိုရင် နောင်အနာဂတ်မှာ ရှင် ဒီခေါက်ဆွဲ ဘုရင်ဆိုင်မှာ လာစားခွင့်ရမှာ မဟုတ်တော့ဘူး..."


စားပွဲထိုးအမျိုးသမီးငယ်က ပုဖန်ကို စေတနာဖြင့် သတ်ိပေးလိုက်သည်။ပုဖန်က အမူအရာကင်းမဲ့စွာဖြင့် သူမကို တစ်ချက်ကြည့်လိုက်သည်။

  

"ဒီခေါက်ဆွဲရဲ့ အရသာက ကောင်းတယ် ဟင်းရည်ကလည်း အံ့အားသင့်စရာပဲ ဒါပေမယ့်လည်း ခေါက်ဆွဲလုပ်တဲ့ နည်းလမ်းက အကောင်းဆုံးတစ်ခု မဟုတ်ဘူး..."


ပုဖန်က ရိုးရှင်းစွာဖြင့် ပြောလိုက်သည်။ပုဖန်၏ စကားကြောင့် အမျိုးသမီးငယ်၏ မျက်နာက တမဟုတ်ချင်း မဲမှောင်သွားလေသည်။ပထမဦးဆုံးအကြိမ်အဖြစ် စားသုံးသူက ခေါက်ဆွဲ၏ အရသာကို သေးသိမ်စွာ အပြစ်ရှာခဲ့ခြင်းပင်ဖြစ်သည်။


မှန်ပေသည် သေးသိမ်စွာ အပြစ်ရှာခြင်းပင်။ပုဖန်၏ အပြုအမူအရ သေးသိမ်စွာ အပြစ်ရှာခြင်းပင် သူက ခေါက်ဆွဲကို တစ်လုတ်သာစားပြီး ဟင်းရည်ကိုတစ်ဇွန်းသာသောက်ပြီးသည်နှင့် အပြစ်ရှာ၍ ပြောလေသည်။ဒါက တကယ့်ကို သေးသိမ်စွာ အပြစ်ရှာခြင်းဖြစ်သည်။


"စားသုံးသူ ဒီလိုမျိုးပြောတာက တကယ့်က်ိုမကောင်းပါဘူး...ဒီခေါက်ဆွဲပွဲကို စားဖိုမှူးချွီရန် ကိုယ်တိုင် ပြင်ဆင်ပေးတာပါ...ဂျုံလုပ်တဲ့ နည်းလမ်းကလည်း သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းပါပဲ ရှင်က ဘယ်လိုလုပ်ပြီးတော့ ဒီခေါက်ဆွဲ လုပ်တဲ့ နည်းလမ်းကို အပြစ်ပြောရဲရတာလဲ ပြီးတော့စားသုံးသူ ရှင့်မှာ ဒီလို ပြောဖို့ ဘာအခွင့်အရေးမှ မရှိဘူး..."


စားပွဲထိုးမိန်းမပျိုက ပြင်းထန်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။ပုဖန် အံ့အားသင့်သွားပြီး သူမျက်လုံးစောင်း၍ ကြည့်လိုက်သည်။


"ဒီနေရာမှာ လာစားတဲ့သူတိုင်းက ဒီက အစားအသောက်တွေအားလုံးကို ချီးကျူးရမှာလား...ဒီကမ္ဘာကြီးပေါ်မှာ လုံးဝ ပြီးပြည့်စုံနေတဲ့ ဟင်းပွဲဆို ဘယ်လိုလုပ်ရှိန်ိုင်မှာလဲ..."


ရှောင်ယု၏ မျက်နာကလည်း ရုပ်ဆိုးသွားလေသည်။သူ စားပွဲထိုးအမျိုးသမီးကို ကြည့်လိုက်သည်။


"ပိုင်ရှင်ပုက အချက်အပြုတ်ပညာကြောင်း နားလည်တဲ့သူပဲ သူက အပြစ်ရှာဖ်ို့ အခွင့်အရေးမရှိဘူးဆိုရင် ဘယ်သူမှာမျိုး အခွင့်အရေးရှိသေးလဲ..."


အမျိုးသမီးငယ်က ရှောင်ယုသည်ပုဖန်ဘက်မှ ရပ်တည်၍ လိုက်ပြောလ်ိမ့်မည်ဟု မထင်ထားခဲ့မိပေ။ပုဖန်နှင့် ရှောင်ယုတို့၏ ဆက်ဆံရေးက နက်ရှိုင်းပုံရလေသည်။


သို့သော်လည်း ရှောင်ယုက သူ့ကို ထောက်ခံပေးရုံနှင့် ခေါက်ဆွဲဘုရင်ဆိုင်က သူ့ကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား...


ရှောင်ယုကိုယ်တိုင်ပင် အပြင်လူဖြစ်လေရာ အစားကြူးလာရောက်သော ခရီးစဥ်အတွက် သူ့ကိုယ်သူပင် ခက်ခက်ခဲခဲ ကာကွယ်ရမည်ဖြစ်သည်။


ပထမက ရှောင်ယုကို သူနှင့် ဝေးဝေးနေဖို့ သူမ အကြံပေးချင်ခဲ့သည်။သ်ို့သော်လည်း ယခုအခြေအနေအရ သူမ ဂရုမစိုက်တော့ပေ။အမျိုးသမီးငယ်က ရှောင်ယုကို ခဏမျှ စိုက်ကြည့်နေလေသည်။သူမ၏ မျက်ဝန်းထဲမှ နွေးထွေးမှု အရိပ်ယောင်များလည်း ပျောက်ကွယ်သွားပေပြီ။


"ငါထင်တဲ့အတိုင်းဖြစ်မယ်ဆိုရင် ဒီခေါက်ဆွဲ ပြုလုပ်တဲ့ နည်းလမ်းက ပထမဦးဆုံး ဟင်းရည်ထဲကို ဂျုံမှုန့်လောင်းထည့်မှာ ဖြစ်တယ်...အရသာအားလုံး စိမ့်ဝင်သွားစေပြီးတော့မှ ဂျုံလုံးဖြစ်အောင်လို့ နယ်မှာဖြစ်တယ်...ဒီနည်းလမ်းက တော်တော်လေးကောင်းပေမယ့်လည်း ခေါက်ဆွဲကို အဓ်ိကထားတဲ့ အဖြစ်ကနေ ပြောင်းလဲသွားတယ်..."


အမျိုးသမီးငယ်၏ မျက်ဝန်းများက အေးစက်နေသည်။သူမ၏ မျက်နာထားက စက္ကန့်ပိုင်းအတွင်းမှာပင် ပို၍ အေးစက်လာသည်။ရုတ်တရက် သူမ၏ အမူအရာက ပြောင်းလဲသွားပြီးနောက် မီးဖိုခန်းဘက်သို့ လှည့်ကြည့်၍ လေးစားမှူအပြည့်ဖြင့် ရပ်လိုက်သည်။


ထိုအခိုက်အတန့်၌ စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ခေါက်ဆွဲပွဲကို သယ်ဆောင်၍ လျှောက်လာသည်။ထိုလူက ချောမောကြည့်ကောင်းလှသည်။သူ့၏ ဝတ်စုံဒီဇိုင်းကလည်း အသေးစိတ်ရေးဆွဲထားပြီး ကြည့်လိုက်သည်နှင့် ကြည်လင်တောက်ပမှုကို ခံစား လေသည်။ထိုလူက နှစ်ခြိူက်စွာ ရယ်မော၍ စားသောက်ခန်းထဲသို့ ရောက်လာခဲ့သည်။


"ဒီဆရာသမားက မဆိုးဘူး...ငါလည်းပဲ ခေါက်ဆွဲလုပ်တဲ့ နည်းလမ်းမှာ ချို့ယွင်းချက်တစ်ချက်ရှ်ိတယ်လို့ထင်တယ်...ငါလည်း ခေါက်ဆွဲလုပ်တဲ့ နည်းလမ်းကို မြှင့်တင်ဖို့ နည်းလမ်းတစ်ချို့ရှာဖွေနေတာ...ဒါပေမယ့် အခုကတော့ တစ်စုံတစ်ယောက်က ခေါက်ဆွဲဘုရင်ဆိုင်မှာ အပြစ်ပြောတာကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းပဲ..."


ပုဖန်တို့စားပွဲနားသို့ ရောက်လာပြီးနောက် ခပ်ပြုံးပြုံးဖြင့် ပြောရင်း ဝင်ထိုင်လိုက်သည်။စားပွဲထိုးမိန်းမငယ်က ထိုသူကို မြင်သည်နှင့် လေးစားမှူအပြည့်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ထိုလူက ခေါက်ဆွဲဘုရင်ကို တည်ထောင်သူ ပထမတန်းအဆင့် စားဖိုမှူး ချွီရန်ချန်းဖုန် ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။


"ဆိုတော့ ဒီလူက အစားကြူးတောင်ကြားထဲက ပထမတန်းစားအဆင့် စားဖိုမှူးပေါ့ ..."


ပုဖန် ချွီရန်ချန်းဖုန်ကို ကြည့်လိုက်သည်။ထိုစားဖိုမှူး၏ ပတ်လည်တွင် တမူထူးခြားလှသော အော်ရာများရှိနေသည်ကို ခံစားမိလေသည်။သူထုတ်လွင့်နေသော အော်ရာများက ပုဖန်၏ နှလုံးသားကိုပင် တင်းကျပ်သွားစေသည်။


အလားတူစွာပင် ချွီရန်ချန်းဖုန်ကလည်း ပုဖန်ကို အကဲခတ် ကြည့်ရှုနေရင်း သူ့၏ မျက်နာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာများပေါ်လာလေသည်။ပုဖန်ဆီမှ ထုတ်လွင့်နေသော ဖိအားများကို သူခံစားမိလေသည်။အစားကြူးတောင်ကြားထဲရှိ အထင်ကရ စားဖိုမှူးများသာ သူ့ကို ဖိအားပေးနိုင်လေ၏။


"ဒီလူငယ်က ဘယ်ကရောက်လာတာလဲ...သူက တစ်လုတ်စားကြည့်ရုံနဲ့ သူ့ခေါက်ဆွဲရဲ့ ပြစ်ချက်ကို မြင်နိုင်တယ်လား..."


အမှန်တိုင်းပြောရလျှင် ထိုချို့ယွင်းချက်က အဓိက အရေးကြီးသောအချက်မဟုတ်သော်လည်း ချွီရန်ချန်းဖုန် ကိုယ်တိုင်ပင် သူ့၏ ချို့ယွင်းချက်များကို ပြင်ဆင်လိုပြီး နည်းစနစ်များ တိုးပွားလာအောင် ဆက်လက်ကြိုးစားနေခဲ့သည်။


"ဒီဆရာဆီမှာ အကြံပြုချက်လေးများ ရှိနေမလား..."


ချွီရန်ချန်းဖုန်က ပုဖန်ကို ကြည့်၍ မေးလိုက်သည်။မလှမ်းမကမ်း၌ ရပ်နေသော စားပွဲထိုးအမျိုးသမီး အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။


"ဘာ စားဖိုမှူးချွီက အကြံပြုချက်တောင်းနေတယ်...သူ့မှာ ပထမတန်းစားအဆင့် စားဖိုမှူးကို အကြံပေးရလောက်အောင် ဘယ်လိုအခွင့်အရေးမျိုးများရှိနေလို့လဲ...ချွီရန်ချန်းဖုန်ဆိုတာက ပထမတန်းစား စားဖိုမှူး သူက အစားကြူးတောင်ကြားထဲက ပထမတန်းစားစားဖိုမှူး အစားကြူးတောင်ကြားထဲမှာ ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်တဲ့သူ..."


တခြားတစ်ဘက်တွင်မူ ရှောင်ယုက ထ်ိုကဲ့သို့သော ကိစ္စရပ်များကို မြင်ဖူးပြီးသားဖြစ်သည်။သူပုဖန်၏ လက်ရာကို မစားရသည်မှာ ကြာပြီဖြစ်သော်လည်း ပုဖန်၏ ထင်မြင်ချက်က မမှားယွင်းသလို သူ့၏ လက်ရာများကလည်း အားနည်းသွားမည်မဟုတ်ကြောင်း ယုံကြည်ပေသည်။


စားဖိုမှူး ချွီရန်နှင့် ပုဖန်တို့၏ အပြန်အလှန်ပြောဆိုမှုများက လူများကို စုရုံးသွားစေသည်။စားဖိုမှူးချွီရန်ထွက်လာကတည်းက လူတ်ိုင်း၏ အာရုံက သူ့ဆီသို့ ကျရောက်နေပြီးသားဖြစ်သည်။


ချွီရန်ချန်းဖုန်က ပုဖန်ဆီမှ အကြံပြုချက် တောင်းခံလိုက်ခြင်းက သူတို့၏ အမူအရာကလည်း စားပွဲထိုးအမျိုးသမီးနှင့် တူတူပင်ဖြစ်သည်။ပုဖန်က ချွီရန်ချန်းဖုန်ကို ခဏမျှကြည့်ပြီးနောက် သူမတ်တပ်ထရပ်လိုက်သည်၏


လူအုပ်ကြီးက အံ့အားသင့်သွားပြီးနောက် ပုဖန်ကို စတင်၍ လှောင်ပြောင်သရော်ကြလေသည်။


"ဒီကလေးကတော့ ဆက်ပြီးတော့ ဟန်မဆောင်နိုင်တော့ဘူး...အာ...သရုပ်ဆောင်ပါဦး လုပ်ပါ ဆက်ပြီးတော့ သရုပ်ဆောင်ပါဦး ...မင်းကိုယ်မင်း ကြီးမြတ်တဲ့ စားဖိုမှူးကြီးလို့ ထင်နေတယ်မဟုတ်ဘူးလား...ကြည့်လိုက်စမ်းပါဦး...သူ့ရဲ့ စားဖိုမှူးဝတ်စုံက အစားကြူးတောင်ကြားထဲက ဝတ်စုံတော့ မဟုတ်ဘူး...သူက သူ့ကိုယ်သူ ဘယ်သူလို့များထင်နေတာလဲ မသိဘူး..."


လူများစွာက သူတို့၏ စိတ်ထဲမှနေ၍ ပုဖန်ကို ကျယ်လောင်စွာ ကျိန်ဆဲနေကြသည်။မည်သည့်နေရာကမှန်းမသိသောလူငယ်လေးက သူတို့၏ စားဖိုမှူးကို တိုက်ခိုက်ရဲသောကြောင့် မကျေမနပ်ဖြစ်နေကြလေသည်။သို့သော်လည်း နောက်ခဏတွင် သူတို့၏ ထင်မြင်ယူဆချက်များ မှားယွင်းသွားကြောင်း သိလိုက်ရသည်။


သူတို့ လူငယ်လေးကို လျှော့တွက်မိသွားလေသည်။ထိုသူက ကြီးမြတ်သယောင်ဟန်ဆောင်နေရုံသာမက အကန့်အသတ်ကိုမသိပဲ ဆက်လက်၍ ဟန်ဆောင်နေသေးသည်။


"သွားကြစို့ ငါ မင်းရဲ့ မီးဖိုချောင်ကို သုံးလို့ရမလား..."


ပုဖန်က ထိုင်ခုံတွင် ငြိမ်သက်တ်ိတ်ဆိတ်စွာထိုင်နေသော ချွီရန်ချန်းဖုန်ကိုကြည့်၍ ပြောလိုက်သည်။မျှော်လင့်မထားသောအဖြေကြောင့် ချွီရန်ချန်းဖုန် အံ့အားသင့်သွားမိသည်။သူ အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးမှ ပြန်လည် တုံ့ပြန်လိုက်သည်။စားပွဲထိုးမိန်းမပျို၏ မျက်ဝန်းများက ကျွတ်ထွက်မတက် ပြူးကျယ်လာလေသည်။


"ဘာအဓိပ္ပါယ်လဲ သူက သူကိုယ်တိုင် ခေါက်ဆွဲလုပ်မလို့လား..."


လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။


"ဒီလူငယ်က တကယ်ကြီးကို သတ္တိရှိတာပဲ ..."


စားသုံးသူ တစ်ချို့က တုန်လှုပ်သွားကြသည်။


"ဒီလူငယ်က တကယ်ပဲ အချက်အပြုတ်စွမ်းရည်ရှိနေတာလား...သူက စားဖိုမှူးတစ်ယောက်ဖြစ်တယ်ဆိုရင်ကော ချွီရန်ချန်းဖုန်ထက် သာနိုင်ပါ့မလား ..."


မဖြစ်နိုင်ပေ။အပြင်ဘက်လောကမှ လူတစ်ယောက်က အစားကြူးတောင်ကြားထဲက စားဖိုမှူးထက် မသာနိုင်ပေ။

သူက သူ့ရဲ့ အစစ်အမှန်စွမ်းအင်တွေကို ထုတ်ပြတော့မှာလား ...စိတ်ဝင်စားစရာပဲ ...


"ဆရာသမား ကျေးဇူးပြုပြီး အနောက်က လိုက်ခဲ့ပါ..."


ချွီရန်ချန်းဖုန်က ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။ပုဖန် ရှောင်ယ၏ ခေါင်းလေးကို အသာဖွဖွ ပုတ်လိုက်၏။


"ရှောင်ယ ဒီမှာခဏစောင့်နေနော် ငါ မကြာခင် ပြန်လာခဲ့မယ်...ရှောင်ယု သူ့ကို ခဏလောက်ကြည့်ထားပေးပါ..."


ရှောင်ယုက ခေါင်းညိတ်ပြလိုက်သည်နှင့် ပုဖန် ချွီရန်ချန်းဖုန်၏ နောက်မှလိုက်သွားပြီး အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။


အပြင်ဘက်တွင် မြင်းများနှင့် လူတစ်စုက ခေါက်ဆွဲဘုရင် ဆိုင်သို့ အလျင်အမြန် လာနေကြသည်။စစ်ရထားတစ်စီးရပ်သွားပြီး မြင့်မားကြံ့ခိုင်လှသော လူတစ်ယောက်ခန့်ညားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။


ထိုလူက ရွှေရောင်ဝတ်စုံနှင့် ရွှေရောင်သရဖူကို ဆောင်းထားပြီး သူ့၏ အသွင်အပြင်က ထူးခြားလှသည်။ထိုသူက လက်နှစ်ဖက်ကို နောက်ပစ်၍ ဆိုင်ရှိရာဆီသို့ အေးဆေးစွာ လျှောက်လှမ်းလာလေသည်။


ပါလာသောတပ်စုက သူ့အတွက် လမ်းကြောင်းဖောက်ပေးလိုက်သည်။ထိုသူများက ခေါက်ဆွဲဘုရင် ဆိုင်နားသို့ မည်သူမှ မကပ်နိုင်အောင် တားဆီးပိတ်ဆို့ထားလေသည်။