အခန်း ၆၅၂
စားသောက်ခန်းထဲတွင်ရှိနေသော စားသုံးသူများက အပြင်ဘက်မှ အဖြစ်အပျက်များကိုလှမ်းကြည့်နေကြသည်။ထိုကဲ့သို့ ကြီးမားသော တပ်ဖွဲ့တစ်ခုက အားလုံး၏ အာရုံများကို ဆွဲဆောင်သွားလေသည်။အစားကြူးတောင်ကြားအတွင်းတွင် ကြီးမားပြင်းထန်သည့် အဖွဲ့အစည်းတစ်ခုကို တွေ့ရခြင်းက ရှားပါးလှပေသည်။
ရွှေရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ပုံရိပ်က အတွင်းသို့ လှမ်းဝင်လာသည်။သူက အရပ်ရှည်ရှည်ပြီး သန်မာတောင့်တင်းကာ ရွှေသရဖူကိုဆောင်းပြီး နဂါးသားရေ ဖိနပ်ကိုဝတ်ဆင်ထားသည်။ သူ့တွင် ကျက်သရေရှိပြီး ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါများရှိနေသည်။
သူဆီမှ ကြောက်မက်ဖွယ်ရာ လေထုများကိုလည်း ထုတ်လွင့်နေပြီး ကြည့်ရှုနေသူများကို တောက်လောင်သွားစေနိုင်သော အကြည့်တစ်စုံလည်း ရှိပေသည်။
လူအုပ်ကြီးက ခဏတာ မှိန်းမော တွေဝေနေကြပြီးနောက် ဆလအေးတစ်ချက်ရှူရှိုက်လိုက်ကြသည်။
"ဒါက ကောင်းကင်နွေဦး သူတော်စင်သားတော်ပဲ သူက ကောင်းကင်နွေဦး သန့်စင်နယ်မြေက ထိပ်သီး လူငယ် မျိုးဆက်များထဲက တစ်ယောက်ပဲ...သူ ကောင်းကင် နွေဦးနယ်မြေကနေ ထွက်လာတယ်လား...သူလိုလူမျိုးတစ်ယောက် အစားကြူးနတ်ဘုရား စားသောက်ပွဲမှာ ပေါ်လာတာက သာမန်မဟုတ်ဘူး...ကောင်းကင်နွေဦး သူတော်စင်သားတော်လား...သူက ဝိညာဉ်လှေကားငါးဆင့်ကို စုစည်းပြီးသွားပြီးအဆင့်ခြောက်ကို တက်ရောက်ဖို့ ပြင်ဆင်နေပြီလို့ ငါကြားဖူးတယ်...နောက်ဆုံးတော့ ကောင်းကင်နွေဦး သူတော်စင်သားတော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးပြီ ... သူက လုံးဝကို ခန့်ညားတယ်..."
စားသုံးသူများ ထို သူတော်စင် သားတော်ကို တွေ့လိုက်ရသည့်ခဏတွင် သူတို့၏ ပတ်ဝန်းကျင်၌ ပြင်းထန်လှသော အော်ရာများ တိုးလာသည်ကို ခံစားလိုက်ရသည်။
ထိုသူ ဆိုင်ထဲသို့ ဝင်လာသည်နှင့် သူ့၏အကြည့်များက ရှောင်ယုပေါ်သို့ ကျရောက်နေလေသည်။ သူ့၏ အကြည့်များက ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သလ်ိုမျိုး စူးရှ ထက်မြနေလေသည်။
ရှောင်ယု လည်း မျက်မှောင်ကြုတ်လိုက်၏။သူ့ာ မျက်နှာပေါ်တွင်လည်း လေးနက်သော အကြည့်တစ်ခုရှိနေသည်။ရှောင်ယု ကောင်းကင်နွေဦး သူတော်စင်သားတော်ကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်၏ ကြားထဲတွင် ဖုံးကွယ်ထားသော ဆန့်ကျင်ဘက် အခြေအနေများရှိနေလေသည်။သို့သော်လည်း ကံမကောင်းစွာဖြင့် ရှောင်ယု၏ စွမ်းအင်က ထိုသူအောက် အများကြီး နိမ့်ကျနေလေသည်။
နှိုင်းယှဥ်ရလျှင် တောက်ပနေသော လမင်းကြီးနှင့် မှိန်တုတ်မှိန်တုတ် ပိုးစုန်းကြူးလောက် ကွာခြားပေသည်။၎င်းက မျှတသော နှိုင်းယှဥ်မှု ဖြစ်သည်။ထိုသူတော်စင် သားတော်က မသေမျိုးဝိညာဥ်အဆင့်ဖြစ်ပြီး ဝိညာဥ်လှေကားများကို အောင်မြင်စွာ စုစည်းနိုင်ပြီးသော ထိပ်တန်းမျိုးစေ့တစ်ခု ဖြစ်သည်။
ရှောင်ယုက လူငယ် မျိုးဆက်သစ်များထဲ တွင် ထိပ်တန်းတစ်ဦးအဖြစ် သတ်မှတ်ခံရရုံလောက်သာ ဆွဲဆောင်နိုင်ခြင်းမျိုးမဟုတ်သော်လည်း သဘာဝကျစွာပင် ထိုသူစွမ်းအင်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
သို့သော်လည်း ရှောင်ယု၏ အနာဂတ်တွင် နွေဦးစွမ်းရည် သူတော်စင်သားတော် ကဲ့သို့သော အဆင့်အတန်းမျိုရမည့် အလားအလာရှိသည်ဆိုခြင်းကိုက မည်သူမျှ သံသယရှိလိမ့်မည်မဟုတ်ပေ။
ကောင်းကင်နွေဦး သူတော်စင်သားတော်က ငြိမ်သက်စွာ ရပ်နေသည်။သူ့ဆီမှ ထွက်ပေါ်လာသော စွမ်းအားများကလည်း ကြီးမားလှသော တောင်ကြီးတစ်တောင် ကဲ့သို့ ရှောင်ယုကို ဖိနှိပ်လာလေသည်။
ရှောင်ယု၏ အမူအရာက လေးနက်တည်ကြည်လာ၏။သူကျောပေါ်ရှိ ဓားကအရှိန်ပြင်းပြင်းဖြင့် လှုပ်ခါလာပြီး ဓားစွမ်းအင်များ ထုတ်လွင့်လာကာ သူတော်စင်သားတော်၏ ဖိအားကို ခုခံနေသည်။ လူအားလုံးက ထိုမြင်ကွင်းကို ကြည့်၍ အသက်ရှုပင်အောင့်ထားမိကြသည်။
ကောင်းကင်နွေဦး သူတော်စင်သားတော်က လက်ဖဝါးမြှောက်လိုက်ပြီး ဆတ်ခနဲ လက်ညိုးထိုးလိုက်သည်။ရှောင်ယု၏ မျက်ဝန်းများက ကျဥ်းမြောင်းတုန်ယင်သွားသည်။ သူ့၏ဓားဆီမှ တုန်ခါသံများထွက်ပေါ်လာပြီးနောက် အလင်းများ ဖြာထွက်လာသည်။ စားသောက်ဆိုင်တစ်ခုလုံးကို ဓားစွမ်းအင်များ ဖုံးလွှမ်းသွားလေ၏။
ဓားစွမ်းအင်နှင့် လက်ညှ်ိုးစွမ်းအင်တို့ ထိပ်တိုက် တွေ့ဆုံသွားသည်။သို့သော်လည်း ထ်ိုခဏမှာပင် ဓားစွမ်းအင်များက ချက်ချင်း ပြိုကွဲသွား၏။ရှောင်ယု၏ဓားက သူ့၏ရှေ့တွင် လွင့်မျောနေသည်။ယခုထိတိုင်အောင်တုန်ခါနေပြီး အသံများစွာ ထုတ်လွင့်နေလေသည်။
ကောင်းကင်နွေဦးသူတော်စင်သားတော်က ထောင်လွှားမှုအပြည့်ဖြင့် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်လိုက်သည်။ ကြည့်ရှုနေသူများ အားလုံး သူတို့၏ နှလုံးသားကို လွှမ်းခြုံထားသော အေးခဲမှုကို ခံစားလိုက်ရ၏။
"ကောင်းကင်နွေဦး သူတော်စင်သားတော်က ဒီ ခေါက်ဆွဲဘုရင် ဆိုင်ထဲမှာ လူငယ် ပါရမီရှင်ကို သတ်ပစ်တော့မလို့လား...၎င်းက ကောင်းကင်နွေဦး သန့်စင်နယ်မြေနှင့် ကောင်းကင်ဗဟို သန့်စင်နယ်မြေတို့အကြားစစ်ပွဲကို နှိုးဆော်လိုက်နိုင်သည်။
ကောင်းကင်နွေဦး သူတော်စင်သားတော်က နိုင်ထက်စီးနင်းလုပ်တက်သည်ဟူသော စကားက အမှန်ဖြစ်ပုံပေါ်လေသည်။ရှောင်ယု၏ နှလုံးသားက တုန်ယင်နေသည်။သူက အဆိုးမြင်စိတ်ဖြင့် သူ့၏သေခြင်းတရားကို စောင့်ဆိုင်းနေရုံသာ မဟုတ်ပဲ လက်တုံ့လည်းပြန်ရပေမည်။
ကောင်းကင်နွေဦး သူတော်စင်သားတော်၏ ရုတ်တရက်တိုက်ခိုက်လာမှုကို သူ လုံးဝမထင်ထားခဲ့ပေ။ဒါက တုခားလူတစ်ယောက်၏ သွေးထိုးမှုကြောင့် ဖြစ်နိုင်ပေသည်။ ထိုသူက ဘယ်သူဆိုသည်ကိုလည်း သူရှင်းရှင်းလင်းလင်း သိလိုက်ပေသည် ။ ရှောင်ယု
သူ့၏ဓားကို မြဲမြဲမြံမြံဆုပ်ကိုင်ထား၏။သူ့၏ ဆံပင်များကလည်း ယိမ်းခါနေသည်။သူ့၏ မျက်ဝန်းများက ဓားသွားလို စူးရှ ထက်မြက်နေ၏။
"အိုး... မင်းအရှုံးမပေးသေးဘူး ဆက်ပြီး တိုက်ခိုက်ချင်နေသေးတာလား..."
ကောင်းကင်နွေဦးသူတော်စင်တော်သည် မျက်ဝန်းများအနည်းငယ်မှေးကျင်းလိုက်သည်။ ထို့နောက် သူလက်ဝါးကို မြှောက်လိုက်ပြီး ရှောင်ယု ကို ရိုက်ချလိုက်သည့် ပုံစံအတိုင်း သူ့၏ ဓားကို ဖိအားပေး၍ ကွေးသွားစေလေသည်။
မီးဖိုချောင်ထဲသို့ ချွီရန်ချန်းဖုန် ပြုံးရွှင်စွာဖြင့် ဝင်လာခဲ့သည်။၎င်းက ကြီးမားကျယ်ပြောလှသော မီးဖိုချောင်တစ်ခုဖြစ်သည်။ပုံရိပ်များစွာ ရွေ့လျား လှုပ်ရှားနေကြ၏။မတူညီသော မီးလျှံများကလည်း လင်းထိန် တောက်ပနေစေသည်။အမျိုးမျိုးသော မွှေးရနံ့များကလည်း နှာခေါင်းထဲသို့ တိုးဝင်လာ၏။
စားဖိုမှူးများက စီတန်းထားသော မီးဖိုခုံများ၏ရှေ့တွင် ရပ်နေကြသည်။သူတို့ကြားထဲတွင် ဒုတိယတန်းစားအဆင့် စားဖိုမှူးတစ်ယောင်ပင် ပါနေသေး၏။ မီးဖိုအနီးတွင် ခေါက်ဆွဲပြုလုပ်ရန် အထူးပြုလုပ်ထားသည့် ခုံစ်ခုရှိသည်။ ဂျုံမှုန့်လေးများ လေထဲတွင် ပျံ့နှံ့နေသည်ကို တွေ့မြင်နိုင်ပြီး ဂျုံနယ်သံများကလည်း ပဲ့တင်ထပ်နေသည်။
စားဖိုမှူးများက မီးဖိုခန်းထဲသို့ ဝင်လာသော ချွီရန်ချန်းဖုန်ကို လေးစားမှုအပြည့်ဖြင်ါ နှုတ်ဆက်လိုက်ကြသည်။ ချွီရန်ချန်းဖုန်ကက ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုအဖြစ် ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။
သူက စားဖိုမှူးများအတွက် အားပေးစကားများပြောလိုက်သည်။ပထမတန်းအဆင့် စားဖိုမှူးများဖြစ်သော်လည်း သူ့တွင် ထူးခြားလှသည့် မောက်မာနထောင်လွှားမှု မရှိပေ။ပုဖန်က ချွီရန်ချန်းဖုန်၏ နှစ်သက်စရာ ကောင်းလှသော သဘောထားကြောင့် အံသြသင့်သွားမိသည်။
"ငယ်သူငယ်ချင်းလေး ဒီက်ို လာပါ..."
ချွီရန်ချန်းဖုန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။အလုပ်များနေသော စားဖိုမှူးများအားလုံး အံ့အားသင့် ကြောင်အသွား၏။ ချွီရန်ချန်းဖုန်က ထို လူငယ်လေးအား သူ့၏မီးဖိုချောင်ထဲအတွင်း ဝင်ခွင့်ပြုလိုက်သည်ကို သူတို့ မယုံနိုင်ဖြစ်နေကြသည်။
၎င်းက စားဖိုမှူး ချွီရန်ချန်းဖုန်း၏ မီးဖိုခန်းဖြစ်သည်။အချက်အပြုတ်အတတ်ပညာကို သူ့တပည့်တွေကို အချက်အပြုတ် သင်ပေးချိန်မှလွဲရင် တခြားလူများကို ဝင်ခွင့်မပြုသည့် မီးဖိုခန်းဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် သူတို့ မသိသေးသော သူစိမ လူငယ်တစ်ယောက်အား ထိုမီးဖိုချောင် အသုံးပြုခွင့်ပေးလိုက်သည်။
"သူက ထ်ိုလူငယ်လေးကို တပည့်သစ်အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်တာလား..."
သို့သော် ကြည့်ရသည်မှ ထိုသိုမဟုတ်ပေ။ထိုခဏမှာပင် တစ်စုံတစ်ယောက်က စားသောက်ဆိုင်အပြင်ဘက်တွင် ပုဖန်နှင့်ပြောနေသောမှတ်ချက်များနှင့် သ်ိသွားကြသည်။ စားဖိုမှူးများ အထိတ်တလန့်ဖြစ်သွားကြပြီး သူတို့မျက်ဝန်းများ ပြူးကျယ်သွားကြ၏။
"ဘာ...ဒီကောင်လေးက စားဖိုမှူး ချွီရန်ချန်းဖုန်း ကို ခေါက်ဆွဲလုပ်နည်းသင်ပေးချင်တာလား...ဒီကောင်လေးက အရမ်းမောက်မာလွန်းတယ်...စားဖိုမှူး ချွီရန်ချန်းဖုန်က ပထမအဆင့် စားဖိုမှူးတွေထဲက တစ်ယောက်လေ သူရဲ့ အဲ့ဒီ ယုံကြည်မှုတွေက ဘယ်ကရောက်လာတာလဲ..."
"တိတ်တိတ်လေးပဲနေကြရအောင်... ဒါက ပြဿနာတွေရဲ့ အစပဲလေ..."
စားဖိုမှူးများ ဒေါသစိတ်အပြည့်ဖြင့် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။သလင်း မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားသော ဒုတိယအဆင့် စားဖိုမှူး မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်းရေခဲတမျှ စူးရှအေးစက်နေသည်။
သူက
စားဖိုမှူး ချွီရန်ချန်းဖုန်ကို လေးစားမှုရှိသောကြောင့် အခြားသူများ သူ့ကို နှိမ့်ချခြင်းကို လက်မခံနိုင်ပေ။ထိုလူငယ်က သူတို့၏ စားဖိုမှူးကို စော်ကားခဲ့သည်မှာ သေချာပေသည်။လူအုပ်ကြီးက ရှေ့တိုးလာပြီး မီးဖိုချောင်ထဲသို့ တိုးဝှေ့ကြည့်နေကြသည်။
ပုဖန် မီးဖိုခန်းကို ဖြတ်၍ အတွင်ခန်းတစ်ခန်းထဲသို့ ထပ်လျှောက်သွားလိုက်သည်။ ချွီရန် ၏ မီးဖိုချောင်က အခြားသူများထက် ပိုမိုကောင်းမွန်သော ပစ္စည်းများ တပ်ဆင်ထားသည်။အားလုံးထဲတွင် အထင်ရှားဆုံးမှာ မီးဖိုချောင်၏ အလယ်တွင်သပ်ရပ်လှပစွာထားထားသော မီးဖိုချောင်သုံးဓားများဖြစ်သည်။
ထိုမီးဖိုချောင်သုံးဓားက တခြားဝင့်ကြွားပြီး ထူးဆန်းသော ဓားများနှင့် လုံးဝမတူပေ။၎င်းက အလွန်ကြည်လင်နေပြီး နူးညံ့သိမ်မွေ့သည့်လေထု လွှမ်းခြုံနေ၏။
"ဒါက ကျွန်တော်ရဲ့ ဓားပါ...ကျွန်တော် ပထမတန်းစား စားဖိုမှူး ဖြစ်လာတဲ့ အချိန်မှာ တောင်ကြားထဲမှု အကြီးအကဲတစ်ယောက်ကို ကျွန်တော်အတွက် အထူးဓားတစ်လက် သွန်းလောင်းပေးဖို့ တောင်းဆိုခဲ့တာပါ....ဒါက ပုစဉ်းတောင်ပံဓား..."
ချွီရန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှင်းပြလိုက်သည်။ချွီရန်ချန်းဖုန်က သူ့၏ ဓားကို လက်ချောင်းလေးများဖြင့် အသာအယာပွတ်ဆွဲလိုက်သည်။သူ့လက်ထဲမှဓားက အလင်းများဖြင့် စတင်လည်ပတ်လာပြီး အခြားသူများပင် မမြင်ရလောက်နီးပါးဖြစ်သွားခဲ့သည်။
ပုစဥ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာနေသော တောင်ပံဓား...
ပုဖန် ထိုပုစဥ်းတောင်ပံဓားကို အလွန်ပင်သဘောကျ နှစ်သက်နေမိသည်။၎င်းက သူ့၏ ဓားဗီရိုထဲတွင်ရှိနေသော သလင်းရောင်ဓားထက် အဆင့်မြင့်လှသည်။
"ငါတို့ မီးဖိုခန်းထဲကိုရောက်နေပြီ... အခုကသူငယ်ချင်းလေး ခေါက်ဆွဲ ချက်ပြုတ်တာကို မျက်မြင်တွေ့ရမယ့်အချိန်ပဲ..."
ချွီရန်ချန်းဖုန်က ပေါ့ပေါ့ပါးပါးပြုံး၍ ပြောလိုက်သည်။ ပထမတန်းစားဖိုမှူးတစ်ယောက် အနေဖြင့် သူ့၌ ဂုဏ်ယူစရာများစွာ ရှိလိမ့်မည်။ သူ့၏ ခေါက်ဆွဲ၌ ပြစ်ချက်ရှိသည်ကို သိပြီးသည်နှင့် ပြင်နိုင်ရန်အတွင် မဆုတ်မနစ်ကြိုးစားခဲ့သည်။သို့သော်လည်း ပုဖန် သူ့ကို ပြောင်ပြောင်တင်းတင်း ဝေဖန်လာခြင်းက သူ့ကိုစိတ်မသက်မသာခံစားရစေသည်။
ချွီရန်ချန်းဖုန်ကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားမှ ပြန်မပြောလိုက်ပေ။ပုဖန် အသာဖွဖွ အသက်တစ်ချက်ရှိုက်လိုက်သည်။ထို့နောက်သူ့၏ လက်ကောက်ဝတ်မှ အစိမ်းရောင် မီးခိုးငွေ့နှင့်အတူနဂါးဟိန်းဟောက်သံ တိုးတိုး ထွက်ပေါ်လာပြီး သူ့၏ လက်ထဲ၌ အနက်ရောင် မီးဖိုချောင်သုံး ဓားတစ်လက် ရောက်လာသည်။
ချွီရန်ချန်းဖုန် ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။ ထိုအနက်ရောင်ဓား ပေါ်လာသည့်အခိုက်တွင် သူ့လက်ထဲတွင်မှ ပုစဥ်းတောင်ပံဓားကနစ်မြုပ်သွားသည်။စူးစမ်းလိုစိတ်အပြည့်ဖြင့် သံသယကြီးစွာ ကြည့်လိုက်သည်။
သို့သော်လည်း ပုဖန်က သူကိုင်ထားသည့် ဓားအကြောင်းကို မိတ်ဆက်ခွင့် မပေးပေ။ ဓသူ့ကိုယ်တိုင်တောင်မှ ထိုဓားအကြောင်း သေချာမသိလေရာ မည်ကဲ့သ်ို့ မိတ်ဆတ်ပေးရမည်နည်း။
သူ့လက်ထဲမှ ဓားကို ပေါ့ပေါ့ပါးပါးလှည့်လိုက်သည်။ထို့နောက် ဂျုံမှုန့်အိတ်ကို အပေါ်သို့ မြှောက်တင်လိုက်သည်။ သူ ဓားဖြင့် အသာ ထိုးခွဲလိုက်သည်နှင့် အခန်းအတွင်း အဖြူရောင် ဂျုံမှုန့်များ ပြည့်သွားသည်။သင်းပျံ့လှသော ဂျုံရနံ့နှင့်အတူ လန်းဆန်းလှသော စိတ်ဝိညာဥ် စွမ်းအင်များ လိုက်ပါလာလေသည်။
"အရမ်းကောင်းတဲ့ ဂျုံမှုန့်ပဲ ..."
ပုဖန် သူ့လက်ဖဝါးကို မြှောက်လိုက်သည်။သူ့၏ အစစ်အမှန် စွမ်းအင်များ ထုတ်ဖော်လိုက်သည်နှင့် ဂျုံမှုန့်များက သူ့လက်ဖဝါးဆီသို့ စုစည်းလာလေသည်။အောက်တွင် ဖြူဖွေး နူးညံ့နေသော ဂျုံမှုန့်များက သူ့လက်ဖဝါးပတ်လည်တွင် ကြီးမားလှသော အဖြူရောင်ရစ်ဝဲတစ်ခု ဖြစ်တည်လာလေသည်။
"ဒါက အစားကြူးတောင်ကြားက အရည်အသွေးကောင်းမွန်တဲ့ ဂျုံမှုန့်တစ်ခုပဲ...ထူးကဲတဲ့စိတ်ဝိညာဉ်ဂျုံမှုန့်ကို အသုံးပြုပြီးတော့ ပြုလုပ်ထားတာ..."
ချွီရန်ချန်းဖုန် ရှင်းပြလိုက်သည်။သူက သူ့၏မျက်လုံးနှင့် ပုဖန်ကို ထိုးဖောက်မြင်ရောက်ရန် ကြိုးစားနေပုံရလေသည်။
သူ့ပတ်ပတ်လည်တွင် မြူခိုးတစ်လွှာ ဖုံးအုပ်နေသလိုမျိုး ထွင်းဖောက် မြင်ခွင့်မပေးပေ။ ပုဖန် စတင် လှုပ်ရှားလာသည့်အချိန်တွင် သူ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားလေသည်။
ရွှပ်...
ကြည်လင်လှသောရေစက်ကလေးများ ပြန့်ကျဲလာပြီးနောက် ပုဖန် ၏လက်တွင် မျောလွင့်နေသော ဂျုံမှုန့်များနှင့် ရောနှောသွားလေသည်။
"မင်းက ရိုးရိုးရေကို သုံးနေတာလား..."
ချွီရန်ချန်းဖုန် ကြောင်အသွား၏။ သူက ဂျုံမှုန့်နှင့် ရောနှောရန်အတွက် စိတ်ဝိညာဥ် သားရဲသွေး သို့မဟုတ် စိတ်ဝိညာဥ် သစ်သီးရေကိုသာ အသုံးပြုလေသည်။ သို့မှသာ ခေါက်ဆွဲ ပြုလုပ်ရာတွင် ပို၍အရသာထူးကဲ နေစေမည် ဖြစ်သည်။
ပုဖန် သည် ချွီရန်ချန်းဖုန် ၏အတွေးများကို သိပုံရလေသည်။သူ နှုတ်ခမ်းလေးများ တွန့်ကွေးသွားပြီး
"ရိုးရိုးရေက ဂျုံမှုန့်ရဲ့ထူးကဲတဲ့ရနံ့ကို ဖုံးကွယ်သွားနိုင်မှာ မဟုတ်ဘူး... အဲဒီရနံ့က အရေးကြီးဆုံးပဲ..."
ရွှစ်...
ပုဖန် သူ့၏ လက်ကို ပြန်ရုတ်သည်။မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာလေ၏။ ဂျုံမှုန့်လုံးက အလွန်လျင်မြန်လှသော အရှိန်ဖြင့် ပြန့်ကားလာသည်။ထိုဂျုံမှုန်းလုံးထဲတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသလို ထင်ရသည်။
ပုဖန်၏ အတွေးထဲ နစ်မြုပ်သွားသည်နှင့်အမျှ အကန့်အသတ်မရှိ ခံ့ညားထည်ဝါလှသော စိတ်စွမ်းအင်များ တဟုန်ထိုး တိုးတက်လာသည်။ဂျုံလုံးအတွင်းရှိ ပေါက်ကွဲသံများက အကြိမ်ရေ တိုးလာကာ မိုးခြိမ်းသံများမရပ်တန့်နိုင်တော့ပေ။
ဗြန်း...
ပုဖန် ဂျုံလုံးကို မီးဖိုခုံပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။လူအားလုံး ထိတ်လန့်တကြား ဖြစ်သွားကြသည်။ချွီရန်ချန်းဖုန်က အံ့အားသင့်နေသော အမုအရာဖြင့် ပုဖန် ဆီသို့ လျှောက်သွားလေသည်။
"မင်းက ဂျုံနယ်နေတာလား ဒါမှမဟုတ် ဂျုံထုချေနေတာလား... ဂျုံလုံးကို အဲ့ဒီလောက် ကျယ်လောင်အောင် ထုချေတာက ခေါက်ဆွဲကောင်းတစ်ခု လုပ်နိုင်တာမဟုတ်ဘူး..."
ပုဖန်က သူ့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေသည်အား သတိမမူမိပဲ ဂျုံလုံးကို နောက်တစ်ခေါက် ပြစ်တင်လိုက်ပြန်သည်။
ဖန်း...
သူထိုဂျုံလုံးကို မီးဖိုခုံပေါ်သို့ အားဖြင့် ရိုက်ချလိုက်ပြန်သည်။ ချွီရန်ချန်းဖုန်က ပုဖန်၏ လှုပ်ရှားမှုများကို စေ့စေ့စပ်စပ်ကြည့်နေရင်းမှ သူ့၏အမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။သူ့၏ မျက်ဝန်းထဲ၌ မဖြစ်နိုင်သောအရာများ ဖြစ်သလိုမျိုး မယုံကြည်နိုင်မှုများ ရှိနေလေသည်။