အခန်း ၆၅၃
ဓားဖြင့်လှီးထားသောခေါက်ဆွဲ...
ဘန်း...
ပုဖန်၏အမူအရာက ပြောင်းလဲမှု မရှိပေ။သူ ဂျုံလုံး အတွင်းမှ စွမ်းအင်ပြောင်းလဲမှုများကို ခံစားလိုက်မိသည့်အချိန်၌ သူ့၏ စိတ်စွမ်းအင်များကို တိုးမြင့်လိုက်သည်။
သူ့၏လက်ကောက်ဝတ်က အဆက်မပြတ် လှုပ်ရှားနေသည်။ဂျုံလုံးကို မီးဖိုခုံပေါ်ရိုက်ချလိုက်သည့်အချိန်တိုင်းလည်း ပြင်းထန်သည့်ဆူညံသံများ ထွက်ပေါ်နေ၏။အားလုံးက သူ့ကို မျက်စိများပေါက်တော့မတက် အံ့သြတကြီး ကြည့်နေမိကြလေသည်။
ထိုကဲ့သို့ဂျုံနယ်ခြင်းကို သူတို့ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းရခြင်းဖြစ်သည်။ကြမ်းတမ်းသည့် နည်းလမ်းက တကယ်ကို မျက်လုံးပြူးစေ၏။
မူလက ချွီရန်ချန်းဖုန် သူ့ရှေ့မှ မြင်ကွင်းကို အာရုံစိုက်မထားပေ။ သို့သော်လည်း အချိန်ခဏမျှကြာပြီးနောက် ဂျုံလုံးအတွင်းမှ စွမ်းအင်ပြောင်းလဲမှုများကို ခံစမိလာပြီး သူ့၏ မျက်ဝန်းများ မျက်လုံးများ ပြူးကျယ်လာသည်။
"ဒီဂျုံသားကို ဆေးဖက်ဆိုင်ရာ အပင် ဒါမှမဟုတ် စိတ်ဝိညာဥ်သားရဲတွေရဲ့ သွေးနဲ့လည်း ရောစပ်ထားခြင်းမရှိဘူးလေ ဘယ်လို စိတ်ဝိညာဥ် ပစ္စည်းမှ ရောစပ်ထားခြင်းမရှိဘူး ဘာကြောင့် စွမ်းအင်တွေက အရမ်းသိပ်သည်းနေတာလဲ ...ဂျုံသားကို အကြိမ်အနည်းငယ်လောက် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်လိုက်တာက စိတ်ဝိညာဉ်စွမ်းအင်တွေကို ပိုပြီးတော့မြင့်တက်လာစေတာလား..."
အခြားသူများက ချွီရန်ချန်းဖုန် လောက် အာရုံစူးစိုက်မှု မရှိပေပေ။ထို့ကြောင့် ဂျုံမှုန့်အတွင်းမှ ပြောင်းလဲမှုများကို ခံစားမိကြသည်။သို့သော်လည်း သူတို့ ပုဖန်၏နည်းလမ်းများကို အများကြီး အံ့အားသင့်နေဆဲဖြစ်သည်။
"ဒါက တကယ်ကိုပဲ ချက်ပြုတ်တာဟုတ်ရဲ့လား... ပြောရမယ်ဆိုရင် ဒါက သူ့ရဲ့ ဒေါသတွေကို ပေါက်ကွဲနေတာမဟုတ်ဘူးလား ...ဒါကို ဂျုံနယ်တယ်လို့ ခေါ်တယ်လား...ဒီလိုဆိုမှတော့ ငါလည်း ဒီနည်းလမ်းကို သိတာပဲလေ... ဂျုံနယ်တဲ့နည်းလမ်း တစ်ခုကိုတောင် မသိပဲနဲ့ ဘယ်လိုလုပ်ပြီးတော့ စားဖိုမှူးချွီရန်ကို ဝေဖန်ရဲတာလဲ ဒီလူက တကယ်ကို မောက်မာတာပဲ..."
မီးဖိုခန်းအပြင်ဘက်ရှိ စားဖိုမှူးများက တီးတိုးဆွေးနွေးနေကြသည်။ပုဖန်၏ လှုပ်ရှားမှုများကို ကြည့်နေသောသူတို့၏ မျက်ဝန်းများထဲမှအထင်အမြင်သေးမှုများက ပို၍ ပြင်းထန်လာသည်။ထိုစားဖိုမှူးများက ပုဖန်၏ ခေါက်ဆွဲ နည်းစနစ်ကို လုံးဝဂရုမစိုက်ကြောင်း သိသာလှပေသည်။ မသိနားမလည်သူများရှိလျှင် သိနားလည်သူများလည်း ရှိမည်မှာ သဘာဝပင်။
ရှင်းရှင်းလင်းပြောရလျှင် ထိုတတိယတန်းစားဖိုမှူးများအုပ်စုထဲ၌ ပုဖန် ၏ လှုပ်ရှားမှုကို ထိုးဖောက် မြင်ရသကဲ့သို့ တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေသော ဒုတိယတန်းအဆင့် စားဖိုမှူးတစ်ယောက် ရှိနေပေသည်။သို့သော်လည်း သူက ချွီရန်ချန်းဖုန်၏ မျက်နှာပေါ်မှ အံ့အားသင့်မှု အမူအရာကိုသာခံစားမိခြင်းဖြစ်၏။
"ဒီဂျုံလုံးကို ပြင်းပြင်းထန်ထန် ထုနှက်တဲ့ နည်းလမ်းက တကယ်ပဲ အသုံးဝင်တာများ ဖြစ်နိုင်လား..."
ဖန်း...
ပုဖန် ဂျုံလုံးကို ခုံပေါ်သို့ နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်ပြန်သည်။ဒီတစ်ကြိမ်၌ ဂျုံလုံးမှ စွမ်းအင်များကကြီးမားသော ကျောက်မျက်ရတနာ တစ်ခုလို ပေါင်းစပ်သွားပြီး တောက်ပလှသော အလင်းရောင်များ ထုတ်လွင့်လာလေသည်။
"ဒီဂျုံလုံးလုံးဝကို နုညက်သွားပြီပဲ"
ချွီရန်ချန်းဖုန်က ကျောက်စိမ်းလုံးနှင့်တူသော ဂျုံလုံးကို ကြည့်ပြီးနောက် သူ့၏ နှလုံးစားထဲမှ ပုဖန်ကို စိတ်ရင်းမှန်ဖြင့် မချီးကျူးဘဲ မနေနိုင်တော့ပေ။ဒီဂျုံလုံး၏ အရည်အသွေးအမြင့်ဆုံးပင်။ ထိုကဲ့သို့အကြမ်းပတမ်းနည်းလမ်းဖြင့် အောင်မြင်မယ်ဟု စိတ်ကူးရန်ပင်ခက်လှသည်။
သူ့၏ လက်ချောင်းလေးများဖြင့် ဂျုံလုံးကို အသာပုတ်လိုက်သည်။ပျော့ပျောင်းမှုနှင့် နူးညံ့စိုအ်ိသော အထိအတွေ့ကြောင့် စိတ်ကျေနပ်မှု ရသွားသည်။
အရည်အသွေးမြင့် ဂျုံမှုန့်နှင့်ရိုးရိုးရေကို အသုံးပြု၍ ပြုလုပ်ထားသော ခေါက်ဆွဲကသာ အကောင်းဆုံးဖြစ်လာပေလိမ့်မည်။
ပုဖန်လှည့်ကြည့်လိုက်သည်နှင့် သူ့ကို ကြောင်ငေးစွာ ကြည့်နေကြသောသူများကို သတိပြုမိလိုက်သည်။ထိုသူများ၏ မျက်ဝန်းထဲ၌ ယုံကြည်နိုင်မှုနှင့် သံသယများ ရှိနေလေသည်။
"သူက အဲ့ဒီလိုနည်းနဲ့ တကယ်ပဲ လုပ်နိုင်သွားတယ်ပေါ..."
နူးညံ့နွေးထွေးလှသော ကျောက်စိမ်းတုံးကဲ့သို့သော ဂျုံလုံးကို ကြည့်၍ အားလုံး လေအေးတစ်ချက် ရှိုက်လိုက်မိကြသည်။ချွီရန်ချန်းဖုန်လည်း နူးအိနေသော ဂျုံသားလုံးကို ထိကြည့်ပြီးနောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။
ဂျုံသားက နူးညံ့နေ၏ ထို့အပြင် ဂျုံမှုန့်၏ သန့်စင်လှသော မွှေးရနံ့လေးက သင်းသင်းလေး ပြန့်လွှင့်နေသည်။
"ဒါ တကယ့်ကို မယုံနိုင်စရာပဲ..."
"ဒီနည်းပညာနဲ့ အရည်အသွေးမြင့် ဂျုံလုံးကို ပြုလုပ်နိုင်ပါ့မလား..."
အချိန်အတော်ကြာမှသာ ချွီရန်ချန်းဖုန်သက်ပြင်းအသာချလိုက်သည်။
"ငါ… ခေါက်ဆွဲ ဆက်လုပ်လိုက်ဖို့ အဆင်ပြေမလား"
ပုဖန်က ဂျုံလုံးကိုသာ ဂရုတစိုက်ဖြင့် ထိတွေ့နေသော ချွီရန်ချန်းဖုန်းကို ကြည့်၍ မေးလိုက်သည်။
"သန့်စင်မှု အရည်အသွေးတကယ်ကို ဘာတစ်ခုမှ မှားယွင်းနေနာမရှိဘူး ..မင်းက ဒီနေ့ ငါ့ကို တစ်စုံ တစ်ခု သင်ပေးလိုက်တာပဲ..."
ချွီရန်ချန်းဖုန် ခပ်တိုးတိုးပြောလိုက်သည်။အစောပိုင်းက ပုဖန် ဂျုံနယ်သည့်အချ်ိန်၌ အကြမ်းပတမ်း ရိုက်နှက်နေသည်က်ို ကြည့်၍ သူနောက်ပြောင်နေသည်ဟုသာ တွေးထင်ခဲ့မိသည်။ယခုမူ လှောင်ပြောင်လိုသော သဘောထားများအားလုံး ပျောက်ကွယ်သွားပေပြီ ။
"ရတာပေါ့ မင်းပဲဆက်လုပ်လိုက်လေ..."
ပုဖန်က ခေါက်ဆွဲဆက်လုပ်လိုကြောင်း ပြောလိုက်သည့်အခါ၌ သူပြန်လည် သတိဝင်လာပြီးနောက် သူ့၏မျက်ဝန်းလေးများ တောက်ပသွားသည်။ချွီရန်ချန်းဖုန်က ချက်ချင်းခွင့်ပြုလိုက်သောကြောင့် ပုဖန် မျက်ခုံးပင့်လိုက်မိသည်။
တကယ်တမ်းတွင် ထိုကဲ့သို့ အရည်အသွေးမြင့်လှသော ဂျုံသားကို ပြုလုပ်ခဲ့နိုင်ခြင်းအား သူကိုယ်တိုင်ပင် မယုံနိုင်ဖြစ်နေမိသည်။အဘယ့်ကြောင့်ဆိုသော် အရည်အသွေးမြင့်လှသော ဂျုံမှုန့်များက ပျက်စီးနိုင်ခြေလည်း အလွန်မြင့်မားပေသည်။အခု သူ ဂျုံသား ပြုလုပ်ပြီးနောက် ချက်ချင်းပင် ချက်ပြုတ်ချင်သွားသည်။
သူလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဂျုံမှုန့်အဖြူရောင်လေးများ လေထဲပြန့်ဝဲသွားပြန်သည်။ဒီတစ်ကြိမ်၌ သူမဟူလ်ိပ်ခုံးဒယ်အိုးကို မထုတ်တော့ပဲ အခြားကောင်းမွန်သည့် ဒယ်အိုးတစ်လုံးကိုသာ ရှာဖွေလိုက်သည်။
သူလက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် မီးတောက်များက စတင်တောက်လောင်လာသည်။ထိုမီးတောက်က ကောင်းကင်နှင့် ကမ္ဘာမြေ မီးလျှံ မဟုတ်သောကြောင့် အပူချ်ိန် အလွန်မမြင့်မားပေ။
ဒယ်အိုးကို စတင် အပူပေးလိုက်သည်။သူ့လက်ချောင်းများကို ပွတ်သပ်လိုက်ရာ ထို့နောက် သူ့၏ အကြည့်များက ခပ်လှမ်းလှမ်းတွင် ပုံထားသော ပါဝင်ပစ္စည်းများပေါ်သို့ ကျရောက်သွားသည်။
"ငါ ပါဝင်ပစ္စည်းတွေသုံးလို့ရမလား..."
ပုဖန်မေးလိုက်၏။
"ရတာပေါ့ မင်း ကြိုက်သလိုသုံးလို့ရတယ်..."
ချွီရန်ချန်းဖုန်က ပုဖန်မည်သည့် ခေါက်ဆွဲအမျိုးအစား ပြုလုပ်မည်ကို တကယ့်ကို သိချင်နေမိသည်။ပုဖန် ခေါင်းညိတ်လိုက်ပြီးနောက် ပါဝင်ပစ္စည်းပုံထဲမှ သူလိုပ်သော ပါဝင်ပစ္စည်းအမျိုးမျိုးကို ရွေးချယ်လိုက်သည်။
နွားဝိညာဥ်သားရဲ၏ အရိုးကို ခုတ်ထစ်လိုက်သည်။အနည်းငယ်လောက် အားစိုက်လိုက်ရုံဖြင့် အရိုးက အက်ကွဲသွားလေ၏။ပုဖန်၏ လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကြည့်၍ ချွီရန်ချန်းဖုန်၏ မျက်နာထားက အမူအရာပြောင်းလဲသွားသည်။
"မီးဖိုချောင်သုံးဓား...စိတ်ဝင်စားစရာပဲ..."
အစားကြူး တောင်ကြားထဲမှ ပထမတန်းစားစားဖိုမှူးတစ်ယောက်အနေဖြင့် ချွီရန်ချန်းဖုန် ၏ အတွေ့အကြုံများကလည်း ထူးထူးခြားခြား ရှိလှပေသည်။ ထို ပုဖန်၏ ဓားက သူ့၏ ပုစဥ်းတောင်ပံဓားနှင့်အဆင့်တူပုံရလေသည်။
ပုဖန်၏ အမူအရာက လုံးဝ ပြောင်းလဲမှုမရှိပေ။သူဓားကို တင်းတင်းဆုပ်ကိုင်ရင်း ထိုအမဲအရိုးကို အသေးလေးများဖြစ်သွားအောင် ခုတ်ထစ်လိုက်၏။ပုဖန် လက်ချောင်းလေး မြှောက်လိုက်သည်နှင့် သူရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လှည့်ပတ်လာပြီး ကျယ်လောင်လှသောအသံများထွက်ပေါ်လာလေသည်။ခဏအကြာတွင်ဓားက စဥ်းနှီတုံးပေါ်တွင် စိုက်နေပြီး ခုတ်ထစ်ထားပြီးသား အရိုးများက ဒယ်အိုးထဲ ရောက်သွားသည်။
ဒယ်အိုးထဲမှ ရေများက ပွက်ပွက်ဆူနေပြီဖြစ်လေရာ အမဲရိုးများ ထည့်လိုက်သည်နှင့် စိတ်ဝိညာဥ် စွမ်းအင်များ ထွက်ပေါ်လာလေ၏။
ထိုအခိုက်အတန့်၌ တံခါးဝ ၌ စုပြုံတိုးဝှေ့နေကြသော စားဖိုမှူးများလည်းအံ့သြတုန်လှုပ်နေကြသည်။ပုဖန် ၏ ဓားနည်းစနစ်များကို အကဲခတ်မှုအရ သူက လုံးဝ သာမန်စားဖိုမှူးတစ်ယောက်မဟုတ်ပေ။ထိုလူငယ်လေးက အလွန်ပင် ပါရမီရှိသော နှိမ့်နှိမ့်ချချ နေတက်သည့် စားဖိုမှူး တစ်ယောက်ဖြစ်ပေမည်။
ပုဖန်က ဒယ်အိုးကို အဖုံးဖုံးလိုက်ပြီး အမဲရိုးများကို ဆက်လက်တည်ထားလိုက်သည်။ထိုနောက် သူ တခြားပစ္စည်းများကို ပြင်ဆင်လိုက်သည်။
ဝှစ်...ဝှစ်...
သူ့၏ လက်က အဆက်မပြတ် လှုပ်ရှားနေပြီး ဓားအလင်းက လေထဲတွင် ပုံစံတကျ ဖြတ်သန်းသွားလေနေသည်။ ထ်ိုလှုပ်ရှားမှုက အားလုံး၏ မျက်ဝန်းများကို တွေဝေငေးမောသွားစေသည်။သူတို့အားလုံး ချက်ပြုတ်ခြင်းက ထ်ုမျှ မိုက်လှမည်ဟုမထင်ထားမိပေ။
ထပ်...ထပ်...ထပ်...
ထို့နောက် ဓားနှင့် စဥ်းနှီတုံးတို့ ထိခတ်နေသော စည်းချက်ကျသည့် အသံလှိုင်းက သူတို့၏ နားထဲသို့ဝင်လာသည်။ခဏအတွင်းမှာပင် ပုဖန်က သူရွေးချယ်ထားသော ပါဝင်ပစ္စည်းများအားလုံးကို ဖြတ်တောက် လှီးချွတ်ပြီးသွားပြီ ဖြစ်သည်။
ပုဖန် တခြားဒယ်အိုးတစ်လုံးကို အပူပေးလိုက်သည်နှင့် မီးတောက်များက အပေါ်ထိတိုင်အောင် လွင့်တက်လာသည်။သူဆီအနည်းငယ်ထည့်လိုက်ပြီးလှီးဖြတ်ထားပြီးသား ပါဝင်ပစ္စည်းများအားလုံးကိူ ထည့်ကြော်လိုက်သည်။
မီးတောက်တစ်ခု လွင့်တက်သွားခြင်းက အားလုံး၏ မြင်ကွင်းကို မှုန်ဝါးသွားစေပြီး တစ်ချို့၏ စိတ်ထဲ၌ တုန်လှုပါခြောက်ခြားသွားကြသည်။
သို့သော်လည်း သူတ်ို့ အံ့အားသင့်၍ မဆုံးခင်မှာပင် ထိုမီးတောက် မြင်ကွင်းက မည်ည့်အရာများ ဖြစ်ပျက်မလာပဲ ပျောက်ဆုံးသွားလေသည်။ထိုကဲ့သို့ မြင်ကွင်းမျိုးကို သူတို့ပင် လုပ်တက်ပေသည်။
ရှဲ...ရှဲ...
ပုဖန် ပါဝင်ပစ္စည်းများကို မွှေကြော်လိုက်သည်။ပါဝင်ပစ္စည်းများ၏ အပေါ်ယံအလွှာကို ဆီများ ဖုံးအုပ်လွှမ်းသွားပြီးနောက်ကြည့်ရသည်မှာ လှပသည့် အပြင် မွှေးပျံ့သည့်ရနံ့လေးများလည်း ထွက်ပေါ်လာသည်။ကြည့်ရှုနေသူများထဲမှ တစ်ချို့က မွှေးရနံ့များကို ရှူရှိုက်လိုက်ပြီးနောက် အံ့အားသင့်သွားမိကြသည်။
လူငယ်လေး ချက်သည့် ဟင်းပွဲက သူတို့ချက်သည့် တစ်ခုထက် ဘာကြောင့် မွှေးပျံ့နေရသည်ကို သိချင်လာမိသည်။ချွီရန်ချန်းဖုန်၏ အမူအရာကလည်း အနည်းငယ်တင်းကျပ်လာလေသည်။သူ ပုဖန်၏ ချက်ပြုတ်မှုကို ကြည့်ရှုနေရင်း သူ့၏ အမူအရာက ဆက်တိုက်ပြောင်းလဲလာလေသည်။
နောက်ဆုံးတော့ ပုဖန်ဆီမှ မူလကရရှိသော ဖိအားများက ဘယ်ကလာသည်ကို သူသိသွားပေသည်။သူ့၏ ကျွမ်းကျင်မှုများကို ကြည့်ခြင်းအားဖြင့် ပုဖန်က လုံးဝအတွေ့အကြုံရင့်ကျက်နေသော စားဖိုမှူးတစ်ယောက်ဖြစ်ကြောင်းပြောနိုင်ပေ၏။
ပုဖန်၏ မီးဖိုချောင်နှင့် ရင်းနီးကျွမ်းဝင်မှု အတိုင်းအတာက သူ့ထက် နည်းလိမ့်မည်မဟုတ်ပေ။ထိုအပြင် ပုဖန်၏ အချက်အပြုတ်ပညာက သူ့ထက်သာလွန်နေသည်ဟုပင် ဆိုနိုင်ပေ၏။
"ဖြစ်နိုင်တာက ဒီလူငယ်လေးက ပထမအဆင့် စားဖိုမှူးများလား... အစားကြူးတောင်ကြား အပြင်ဘက်က ပထမအဆင့် စားဖိုမှူး... ဒီလိုဆိုရင် သူရဲ့ အချက်အပြုတ်ပညာက ဘယ်လောက်တောင်ကြောက်စရာကောင်းလိိုက်လဲ..."
ချွီရန်ချန်းဖုန် တီးတိုးရေရွတ်နေမိသည်။ ချက်ပြုတ်ပြီးစီးသည်နှင့် သူဒယ်အိုးကို ပင့်မြှောက်လိုက်ပြီး ပါဝင်ပစ္စည်းများအားလုံးကို ခပ်၍ ပန်းကန်ထဲ ထည့်လိုက်သည်။
ထို့နောက် သူ အမဲရိုးပြုတ် အိုးအဖုံးကို ဖွင့်လိုက်သည်။စွပ်ပြုတ်ရည်များက အဆက်မပြတ် ဆူပွက်နေ၏။အသားရနံ့မွှေးမွှေးလေးလည်း ထွက်ပေါ်နေ၏။ပုဖန် ဂျုံလုံးကို လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်ပြီး တခြားတစ်ဖက်ဖြင့် မီးဖိုချောင်သုံးဓားကို ကောက်ယူလိုက်သည်။
သူ့၏ လက်ကိုလှုပ်ရှားလိုက်ပြီး ဂျုံလုံးကို အသာအယာလေး လှီးချလိုက်သည်။ဂျုံသားအလွှာလိုက် ပွက်ပွက်ဆူနေသောအမဲရိုးအိုးထဲသို့ ပြုတ်ကျသွားခြင်းက ကြည့်ရှုနေသူများအားလုံးကို အံ့သြမှင်သက်သွားစေသည်။
ထိုခေါက်ဆွဲလွှာထည့်လိုက်သည်နှင့် ပွက်ပွက်ဆူနေသောရေပြင်က ငြိမ်ကျသွားသည်။
"မင်းဘာလုပ်လိုက်တာလဲ..."
ချွီရန်ချန်းဖုန် ၏ မျက်ဝနများ ကျဥ်းမြောင်းသွားသည်။ပုဖန်က ထိုကဲ့သို့ လုပ်လိုက်မည်ဟု မထင်ထားမိပေ။
"အရည်အသွေးမြင့် တဲ့ ဂျုံသားကို ဒီတိုင်း ဖျက်ဆီးလိုက်တယ်လား...ဒီ သေသင့်တဲ့ကောင်စုတ်လေးကတော့ ဒီလို အဓိပ္ပါယ်မရှ်ိတာကို သူဘယ်လိုလုပ် လုပ်ရဲတာလဲ..."
ပုဖန်က သူ့၏ စကားကို မစောင့်နေပဲ နောက်ထပ် တစ်လွှာလှီးလိုက်ပြန်သည်။ခေါက်ဆွဲသားက အသံတစ်ချက်ပင် မမြည်ပဲ စွပ်ပြုတ်အိုးထဲသို့ ကျရောက်သွား၏။
ဓားကို သေချာစွာ ကိုင်လိုက်ကာ ဂျုံစိမ်းလုံးကို စည်းချက်ကျကျ တစ်လွှာချင်း လှီးဖြတ်လိုက်လေသည်။ဓားကို အသုံးပြု၍ ခေါက်ဆွဲ လုပ်နေသည်က ဘယ်သူမ နားမလည်ကြပေ။
"သူရူးများရူးသွားတာလား
...ဒီလိုနည်းလမ်းနဲ့ ပြုလုပ်ထားတဲ့ ခေါက်ဆွဲက ဘယ်လ်ိုလုပ်ပြီး ကောင်းမွန်တဲ့ နူးညံ့မှု ရှိမှာလဲ..."
ချွီရန်ချန်းဖုန်ပင်လျှင် ပုဖန်က ဂျုံသားကို အဆင်အခြင်မဲ့စွာ ဖြုန်းတီးပစ်နေသည်ဟု တွေးမိလေသည်။ထိုကဲ့သို့ အရည်အသွေးမြင့်လှသော ဂျုံသားရနိုင်ဖို့ ခက်ခဲလှပေသည်။
ပုဖန်က ဂျုံသားတစ်ဝက်ခန့်မျှ လှီးဖြတ်လိုက်ပြီးနောက် ကျန်ရှိနေသည့် ဂျုံလုံးကို စားပွဲပေါ်ပြန်တင်ထားလိုက်သည်။
ပုဖန် ဆန်ကာကိုအသုံးပြုပြီး အမဲရိုးအိုးထဲမှ ပါဝင်ပစ္စည်းများကို ဆယ်ထုတ်လိုက်သည်။ဆန်ကာထဲ၌ သိပ်သည်းလှသော မွှေးရနံ့များအပြင် အဆုံးအစမဲ့လှသော စိတ်ဝိညာဥ် စွမ်းအင်များလည်း ပါဝင်လာလေသည်။
အားလုံးက တောက်ပြောင်နေသော ခေါက်ဆွဲလုံးကြီးကို ကြည့်၍ ကြောင်အသွားကြဘေသည်။ချွီရန်ချန်းဖုန် လည်း ခဏမျှမှင်သက်နေပြီးနောက် သူလှောင်ပြောင် ရယ်မောလိုက်၏။
"မင်းက ဂျုံသားနဲ့ တကယ့်ကို ခေါက်ဆွဲ လုပ်ခဲ့တာပဲ... အဲဒါက ငါ အကြမ်းနယ်ထားတဲ့ ဂျုံလုံးနဲ့တောင်တူနေတယ်..."
ပုဖန်က ဘာမှပြန်မပြောပဲ ဖြူပြာရောင်ပန်းကန်လုံးအကြီးထဲသို့ သူဓားဖြင့် လှီးထားသော ခေါက်ဆွဲများကို ထည့်လိုက်သည်။ထိုခေါက်ဆွဲ၏ အပေါ်မှ သူ ကြော်ထားသော ပါဝင်ပစ္စည်းများကို ထည့်လိုက်၏။နောက်ဆုံးပိတ်အနေနှင့် ပွက်ပွက်ဆူနေသော အမဲရိုးစွပ်ပြုတ်ကို လောင်းထည့်လိုက်သည်။
လေထဲတွင် မွှေးကြိုင်သော ရနံ့များ ချက်ချင်းပြည့်နှက်သွားပြီး လူတိုင်း၏ နှာခေါင်းထဲသို့ ဝင်ရောက်သွားလေသည်။သို့သော်လည်း ပုဖန်၏ ချက်ပြုတ်ခြင်းက မပြီးဆုံးသေးပေ။သူနောက်ထပ် ဒယ်အိုးတစ်လုံးဆွဲယူလိုက်ပြီးနောက် ဆီအနည်းငယ်ထည့်လိုက်ကာ အပူပေးလိုက်သည်။ဆီဆူလာသည်နှင့် စိတ်ဝိညာဥ် သားရဲ အိုးတစ်ခုကိုခွဲ၍ ထည့်လိုက်၏။
ပေါက် ...
ချက်ချင်းပင် သိပ်သည်းလှသော မွှေးရနံ့များလွင့်ထွက်လာလေသည်။