ဝမ်မင်ယီသည် ထိုကဲ့သို့သောလူများကို မုန်းရင်းဖြင့် ကြီးပြင်းလာသူဖြစ်သည်။ ရှန့်ချန်ဇီ အနေဖြင့် မည်သို့သောအရည်အချင်းများဖြင့် သူအား ထိုကဲ့သို့ပြောဆိုရပါသနည်း… သူ့လက်ထောက်ကကော ဘယ်လိုမျိုးမို့လို့လဲ… သူ့စိတ်ကိုသာ ထိန်းမထားဘူးဆိုရင် အဲ့ဒီလက်ထောက် ကြောင်လေးကိုကန်လိုက်ကတည်းက သူ သူ့ကိုရိုက်နှက်ပြီး ဖြစ်နေပေလိမ့်မည်။ ဒီလိုလူမျိုးနဲ့ အလုပ်အတူတူ တွဲလုပ်ရန် သူ စိတ်မဝင်စားပေ။
ဝမ်မင်ယီ အပြုံးလေးဖြင့် ပြောလိုက်သည်။
‘’ ရိုက်ကူးရေးအတွက် ဒီမျက်ဝန်းပြာကြောင်လေးနဲ့ အတူတူ ရင်းနှီးဖို့လိုအပ်တယ် မဟုတ်လား… အကိုက သူ့ကိုဒီအတိုင်းပစ်ထားပြီး ကားထဲမှာ ဝင်နေလိုက်တော့ အလကားဖြစ်နေမှာပေါ့…’’
ရှန့်ချန်ဇီ ဝမ်မင်ယီကို ကြည့်လိုက်ပြီး မပြောင်းလဲသည့်လေသံဖြင့် ...
‘’ အဲ့ဒါ မင်းနဲ့ဘာဆိုင်လို့လဲ…’’
‘’တကယ်ကို အကို့လက်ထောက်ဖုန်းကို ကျွန်တော်က ကောက်ပေးရမယ်ဆိုရင် အကို့လက်ထောက်ကလဲ မျက်ဝန်းပြာကြောင်လေးကို တောင်းပန်သင့်တယ်လို့ ကျွန်တော်ထင်တယ်… ဒီကြောင်လေးက ရိုက်ကူးရေးအတွက် ရောက်လာတာနော်… အကို့လက်ထောက် အပျင်းပြေ ဘောလုံးလိုကန်ဖို့ ရောက်နေတာမဟုတ်ဘူး...’’
လက်ထောက်မှာ ချက်ချင်းပင် တုန့်ပြန်လာသည်။
‘’ မင်း ဒါကို တမင်သက်သက်လုပ်တာပေါ့လေ… ‘’
ဝမ်မင်ယီ လက်ထောက်ကိုစောင့်ငဲ့ကြည့်လိုက်ပြီး...
‘’ ဒါဆို မင်း တောင်းပန်မှာလား…’’
‘’ဘာလို့ တောင်းပန်ရမှာလဲ… မင်းလုပ်တာပဲလေ … အဲ့ဖုန်းကို ပြန်ကောက်ပေးစမ်း’’
ဝမ်မင်ယီ အေးစက်စွာ ရယ်မောလိုက်သည်။
ရှန့်ချန်ဇီ ‘’ အဲ့ဒါ ဘယ်လိုအပြုအမူလဲ… တစ်စုံတစ်ယောက်ကိုတိုက်မိရင် ပြန်တောင်းပန်ရမှာကို မင်းမိဘတွေ မင်းကို သင်မပေးထားဘူးလား... ‘’
ဝမ်မင်ယီ အားပါးတရ ရယ်လိုက်ရင်း...
‘’ မင်း မိဘတွေကကော သတ္တဝါတွေအားလုံးကို တန်းတူညီမျှ ချစ်ခင်ပေးရမယ်လို့ သင်မပေးထားဘူးလား… မင်းရဲ့ အသိတရားလား… ၉ နှစ်လောက်ကျောင်းတက်ပြီးတာတောင် ဆရာမတွေက မင်းကို သင်မပေးထားဘူးလား… မင်းရဲ့ အခြေခံသဘောတရားတွေက ဆရာတွေဆီ ပြန်ရောက်သွားတာလား...’’
‘’ မင်း ဘယ်လိုတောင် အကိုရှန့်ကို ပြောရဲတာလဲ…’’
ဝမ်မင်ယီ ပုခုံးတွန့်ပြလိုက်ပြီး ‘’ ငါပြောချင်တာလဲ အဲ့ဒါပဲ… တရုတ်စကားကိုတောင် နားမလည်တော့ဘူးလား… ပိုပြီး အံ့ဩဖို့ကောင်းတာက ၉ နှစ်လောက်စာသင်ပြီးတာတောင် မင်းက ဒါကို နားမလည်သေးတာပဲ’’
ရှန့်ချန်ဇီ လက်ထောက်မှာ ဝမ်မင်ယီကို ရိုက်ရန်ပြင်လိုက်သော်လည်း ဝမ်မင်ယီ ရှောင်တိမ်းလိုက်သည်။
ထိုမြင်ကွင်းကို သူ့အေးဂျင့်မှ မြင်သွားပြီး အနားသို့လျောက်လာကာ...
ရှန့်ချန်ဇီက မခန့်လေးစားလေသံနှင့်ပင်...
‘’ ဘာမှမဟုတ်ပါဘူး… လူသစ်တွေရဲ့ ပြဿနာနည်းနည်းပါ...’’
ရှန့်ချန်ဇီ၏ လက်ထောက်မှာ မယုံနိုင်စွာဖြင့်
‘’ သူငယ်ချင်းလေး… ဒီလောကမှာ ဒီနေ့က မင်းအတွက် ပထမဆုံးနေ့လား… ဒီလောကရဲ့ စည်းမျဉ်းတွေကို သင်ပေးဖို့လိုသေးလား…’’
ဝမ်မင်ယီတို့ကိုတွေ့လိုက်သည့် ချန်လုသည် သူတို့အနားသို့ အပြေးအလွှားရောက်လာပြီး မေးတော့သည်။
ဝမ်မင်ယီ ဘက်မှ ဖြစ်ကြောင်းကုန်စင်ကို အေးအေးလူလူရှင်းပြသော်လည်း ချန်လု တစ်ယောက်မှာတော့ စိတ်ပူလျက်ရှိသည်။
ချန်လု တောင်းပန်ရင်းနှင့်ပင် ပြောလိုက်သည်။
‘’ မင်မင်က ငယ်သေးတယ် ပြီးတော့ ဒီလောကထဲကို ရောက်ခါစပဲရှိသေးတော့ တချို့အရာတွေကို သိပ်နားမလည်သေးလို့ပါ… အကိုရှန့် စိတ်မပူပါနဲ့တော့...’’
‘’ငါ ဂရုမစိုက်ပါဘူး...’’
ရှန့်ချန်ဇီ ပြောရင်းဖြင့် ဝမ်မင်ယီကို ကြည့်လိုက်သည်။
‘’ သူက စကားတော်တော်တတ်ပြီး ငါ့လက်ထောက်ဖုန်းကိုလဲ တိုက်ချလိုက်တယ်လေ… အဲ့ဒီတော့ ငါ့ကိုတောင်းပန်ပြီး ဖုန်းပြန်ကောက်ပေးလိုက် ပြီးရင် ငါ့လက်ထောက်ကိုလဲ တောင်းပန်ရမယ်… ဒါဆို ဖျော်ဖြေရေးလောကထဲကို ဘာမှမသိပဲ ရောက်လာတဲ့ လူသစ်တစ်ယောက်လို့ သတ်မှတ်ပြီး ဒီကိစ္စကိုလဲ ဒီအတိုင်းပဲထားလိုက်တော့မယ်...’’
ချန်လု ပြုံးရင်းဖြင့် ပြောလိုက်သည်။
‘’ ကျွန်မ တောင်းပန်ပါတယ် ဖုန်းကိုလဲ သူ့အစား ကျွန်မပဲ ကောက်ပေးပါ့မယ်...’’
ရှန့်ချန်ဇီ နှာခေါင်းရှုံ့လိုက်ရင်း ‘’ မင်းက ဘယ်သူမို့လို့လဲ… ဖုန်းကောက်ဖို့ မင်းကို ဘာလို့ ခိုင်းရမှာလဲ…’’
ချန်လု ခဏလောက်ရှက်သွားသည်။ ဝမ်မင်ယီက အနောက်မှနေ၍ သူမလက်မောင်းကို တည်ငြိမ်စွာဖြင့် ဆွဲလိုက်ပြီးနောက် ကိုယ်ကိုကိုင်းကာ မြေပေါ်မှ မျက်ဝန်းပြာကြောင်လေးကို ကောက်ချီလိုက်သည်။ ထို့နောက် ကြောင်လေး အကန်ခံရသည့်နေရာတွင် ပြန်ချထားလိုက်သည်။ မျက်ဝန်းပြာကြောင်လေးမှာ သူ၏ကြီးမားသော အပြာရောင်မျက်လုံးများဖြင့် ဝမ်မင်ယီကို အပြစ်ကင်းစင်စွာကြည့်နေသည်။
သူ၏မျက်နှာထက်တွင်လည်း နားမလည်သော မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
ဝမ်မင်ယီ ကြောင်လေး၏မျက်နှာကိုကြည့်လိုက်သည်။
‘အာယား… သနားစာကောင်းလိုက်တာနော်’
‘ဒီအကောင်လေးက သူ့မိသားစုကို ထောက်ပံ့နိုင်ဖို့ ဒီနေရာမှာလာပြီး အကန်ခံရတယ်လို့’
ဝမ်မင်ယီ နွေးထွေးသည့်လေသံဖြင့် ပြောလိုက်သည်။
‘’ ငါ မင်းကို ညစာကျွေးမယ်...’’
ပြောရင်းဖြင့် ချန်လုကိုတချက်လှမ်းကြည့်ကာစကားဆက်လိုက်သည်။
ရှန့်ချန်ဇီ ဝမ်မင်ယီကို စွေစောင်းကြည့်လိုက်ရင်း ‘’ ဝမ်မင်ယီ… မင်း ငါ့ကိုမတောင်းပန်သေးဘူးနော်’’
ဝမ်မင်ယီသည် ဗိုက်ဆာနေသော ကြောင်လေးကို လက်ထဲတွင်ပွေ့ချီရင်း ပွတ်သပ်ပေးကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
‘’ ခင်များပဲ ပြောခဲ့တာမဟုတ်ဘူးလား… ကျွန်တော်က အခြေခံသဘောတရား မရှိဘူးဆိုပြီးတော့လေ… တောင်းပန်ပါတယ်.. ခင်များပြောတာမှန်တယ် … ကျွန်တော့်ဆီမှာ အခြေခံသဘောတရား တကယ်မရှိဘူး’’
သူပြောခဲ့သောစကားဖြင့် သူ့ကိုပြန်ပြောခံရလိမ့်မည်ဟု ရှန့်ချန်ဇီ တစ်ခါမှ မတွေးမိဖူးပေ။
သူ သွားကြိတ်ရင်း ပြောလိုက်သည်။ ‘’ မင်းက အရှက်မရှိပဲ တော်တော် မာနကြီးပြနေတယ်’’
ဝမ်မင်ယီ မျက်တောင်ခတ်လိုက်ပြီး ‘’ ဟုတ်တယ် … အနမ်း … ခင်များမှန်တယ်.. အနမ်းပဲ… ပျော်ရွှင်စရာကောင်းတဲ့ အနမ်းလေးပေါ့’’
(ဒီနေရာမှာ တရုတ်အသံထွက်ကြောင့် အနမ်းဆိုတဲ့စကားလုံးဖြစ်သွားတယ်လို့ထင်ပါတယ် တာတာ ကိုယ်တိုင်လဲ တရုတ်စာလုံးဝမတတ်တဲ့အတွက် မှန်းပြီးရမ်းသမ်းပြန်ထားတာဖြစ်ပါတယ် … နားလည်ပေးကြပါကုန် ..
)တာတာ mean ထွမ်စလိတ်တာ
ရှန့်ချန်ဇီ ရင်ဘတ်ကိုလက်နဲ့ဖိပြီး သူ့ရှေ့မှလူကို ကိုင်ပေါက်သတ်ပစ်ချင်စိတ်များကိုဖိနှိပ်လိုက်သည်။
ချန်လု ဝမ်မင်ယီ၏အကျီစကိုဆွဲပြီး သူမ၏ဘိုးဘေးလေးကို သတိပေးရန် ကြိုးစားမိသည်။
သို့သော်လည်း ဝမ်မင်ယီသည် မွေးကတည်းက ယခုအချိန်ထိ ညှိနှိုင်းခြင်းဆိုသည့် စကားလုံးကို မသိသည့်အတွက် စိတ်လဲမဝင်စားသလို သိချင်စိတ်လဲမရှိချေ။
သူ လိုချင်တာမှန်သမျှ ရခဲ့သည့်ဘဝဖြင့် ကြီးပြင်းလာသူဖြစ်သည်။ သူမဟုတ်လျင်တောင် စစ်ကျွင်းတောက်မှ ကူညီပေးမည်ဖြစ်သည်။
သူ့မိဘများသည် သူ့အားလစ်လျူ ရှုခဲ့ကြသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် မည်သူမှ သူ့ကို သင်မပေးခဲ့ကြပေ။ သူလိုချင်သည့်အရာမှန်သမျှကို လူ့ကျင့်ဝတ်မချိုးဖောက်သရွေ့.... ဥပဒေကိုမကျော်လွန်သရွေ့.... နေရာမရွေ့ဘဲ စွဲစွဲမြဲမြဲရအောင် ကြိုးစားခဲ့သည်။
ထို့ကြောင့် ဝမ်မင်ယီသည် ရှန့်ချန်ဇီကို ဂရုမစိုက်ပေ။ ‘
ရှန့်ချန်ဇီက ဘာမို့လို့လဲ’ တီဗီဒရမ်မာတွေက သူကို ဘယ်လိုခေါ်ပါလိမ့် 'အိမ်မွေးတိရိစ္ဆာန်တွေရဲ့ ထူးခြားတဲ့ ကံကြမ္မာ’ လို့ခေါ်တာလား
သူသာ တကယ်လုပ်ချင်တယ်ဆိုရင် မိနစ်တိုင်းမှာ တီဗီရှေ့ရပ်ပြီး ရိုက်ကူးနိုင်သည်။ သူ့တွင် ငွေမရှားပေ။ သူ၏မိဘများမှာ သူ့ကုမ္ပဏီမပါလျင်တောင် များပြားလှသောငွေများ သူ့အားပေးထားသည်။
တကယ်လို့ ထိုအရာများအားလုံးကို ငွေသားအဖြစ်ပြောင်းလဲမည်ဆိုလျင် ထိုပမာဏဖြင့် ရှန့်ချန်ဇီကို ပေါက်သတ်ပစ်နိုင်သည်။
ထို့ကြောင် ဝမ်မင်ယီ လုံးဝဂရုမစိုက်ချေ။ မျက်ဝန်းပြာကြောင်လေး၏ လက်သည်းလေးကိုမြောက်ကာ ဝှေ့ယမ်းပြလိုက်ရင်း
‘’ ဒီကြောင်လေး ဗိုက်ဆာနေပြီ… ကျွန်တော်အစာကျွေးဖို့ လုပ်လိုက်ဉီးမယ်… ခင်ဗျားကတော့ ခင်ဗျားရဲ့ ယဉ်ကျေးမှုအပြုအမူလောကဝတ်တွေကို ဆရာတွေဆီပြန်ပေးပြီးပြီပဲဟာ… မလိုတော့ပါဘူးနော်…’’
ဝမ်မင်ယီ မျက်ဝန်းပြာကြောင်လေးကို ပိုက်ရင်းထွက်ခွာသွားတော့သည်။
ရှန့်ချန်ဇီ သူ့ကိုယ်သူ မယုံကြည်နိုင်ဖြစ်သွားသည်။ ဝမ်မင်ယီ၏ နောက်ကျောကိုကြည့်ရင်း ရှန့်ချန်ဇီ ကိုယ့်ကိုယ်ကိုလက်ညှိုးထိုးကာ သူ့အေးဂျင့်ကိုမေးလိုက်သည်။
‘’ သူ ငါ့ကို လုံးဝ ဂရုမစိုက်သွားဘူးလား...’’
ပါးစပ်ဟောင်းလောင်းဖြစ်နေသော အေးဂျင့်သည် အလျင်အမြန်သတိဝင်လာပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။
ရှန်ချန်ဇီ တစ်ယောက် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ပြီး...
‘’ သူက လူသစ်ပဲကို … ရူးနေပြီ… အဲ့ကောင်သေချင်နေပြီထင်တယ်...’’
‘’သူက ကျောက်ယန်က လာတာလေ ပြီးတော့ ဒီရိုက်ကူးရေးကလဲ ကျောက်ယန်က ရင်းနှီးမြှပ်နှံထားတာ...’’ ဘေးမှအေးဂျင့်က သတိပေးလိုက်သည်။
‘’ သူ ငါ့ကို ဂရုမစိုက်တဲ့အပြင် ဒီလိုပြောရဲတယ်ပေါ့လေ… ကောင်းပြီ… ဒီနေ့ ငါသူ့ကိုဂရုမစိုက်ပဲထားလိုက်ရင် နောက်နေ့ဆိုရင် လူတိုင်းငါ့ခေါင်းပေါ် တက်လာမှာပေါ့...’’
အေးဂျင့်မှာ ဘာမှမပြောနိုင်ပေ။ ရှန့်ချန်ဇီပြောသည်မှာ မှန်ပေသည်။ ဝမ်မင်ယီသည် ဒီလောကတွင် အသစ်ဖြစ်ပြီး ရှန့်ချန်ဇီကို ပုတ်ခတ်လိုက်ပြီဖြစ်သည်။ သူသာ ဒီကိစ္စကို ဒီအတိုင်းထားလိုက်မည်ဆိုလျင် တခြားသူတွေက အသစ်လေးကိုကြောက်နေသည်ဟု မြင်ကြပေလိမ့်မည်။
‘’ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်.. အကိုရှန့်က ဒီအတိုင်းပဲထားလိုက်ပါ...’’
ရှန့်ချန်ဇီ တုန့်ဆိုင်းစွာဖြင့် ‘’အင်း..’’
ထို့နောက် သူ့လက်ထောက်ကို သတိပေးလိုက်သည်။
‘’ အဲ့ကြောင်ရုပ်ဆိုးကို သွားပြန်ခေါ်လာခဲ့… ‘’
လက်ထောက်မှာ ချက်ချင်းပင် ပြေးထွက်သွားတော့သည်။
ဝမ်မင်ယီ ရိုက်ကူးရေးကွင်းထဲတွင် ကြောင်ကိုပိုက်လျက် ကြောင်စာလိုက်ရှာသော်လည်း မတွေ့ပေ။ ထို့ကြောင့် ဝန်ထမ်းတစ်ယောက်ကိုမေးလိုက်ရာတွင် ထိုဝန်ထမ်းမှ ယန်ဖေးဖေးကိုပေးလိုက်သည်ဟု ပြောလိုက်သည့်အတွက် ယန်ဖေးဖေးဆီသို့ နောက်တစ်ကြိမ်သွားရန် ပြင်လိုက်ပြန်သည်။
လာရာလမ်းအတိုင်း နောက်သို့လှည့်ရန်ပြင်နေသည့် ဝမ်မင်ယီကို ချန်လု အလျင်အမြန်ပြေးတားလိုက်ရင်း
‘’ အမလေး ငါ့ရဲ့ဘိုးဘေးလေးရယ်… နင် ဟိုဘုန်းကြီးရှန့်နဲ့ နောက်တခေါက်ရန်ဖြစ်ချင်နေလို့လား … ဟင် … သူက နင့်ထက်လူကောင်ကြီးတယ်နော်.. ပြီးတော့ နင့်ထက်လဲ စီနီယာကျတယ်...’’
‘’ကျွန်တော်က အစ်မ ယန်ကိုရှာချင်ရုံပါ...’’ ဝမ်မင်ယီ ရှင်းပြလိုက်သည်။
‘’ဒါဆိုလဲ ဒီလမ်းကပဲသွားရအောင်...’’
ချန်လု နောက်ထပ်လမ်းအသစ်ကို ညွှန်ပြလိုက်သည်။
ဘာကိုမှ ဂရုမစိုက်တာကြောင့် ဝမ်မင်ယီသည် ထိုလမ်းအတိုင်းသာ ချန်လုနောက်မှ လိုက်သွားလေသည်။
ချန်လု ရင်တုန်စွာဖြင့် ပြောလိုက်သည်။
‘’ ငါ ရှန့်ချန်ဇီကို သွားတောင်းပန်လိုက်တာကောင်းမယ်ထင်တယ် … မဟုတ်ရင် ဇာတ်ကားရိုက်တဲ့အခါ နင် အခက်အခဲတွေ့နေလိမ့်မယ်...’’
‘’မလိုပာဘူး...’’ ဝမ်မင်ယီ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
‘’စစ်သားတွေက ရေကိုတားပြီး ကုန်းမြေကိုဖုံးအုပ်တယ်… သူလာတဲ့အခါ ကျွန်တော် တခါးပိတ်ပြီး ခွေးကိုရိုက်လိုက်မယ်...’’
ချန်လု အလုပ်မလုပ်ခင် သူမ၏ဘောစ့်ပြောခဲ့သည့် စကားများကို သတိရသွားသည်။
‘’ သူက အသက်ငယ်သေးတယ် ပြီးတော့ မိသားစုနောက်ခံကလဲတောင့်တယ်… သူ ကလေးဘဝကတည်းက လူတိုင်းက သူ့ကိုအလိုလိုက်ထားတာ… မင်းက စိတ်ရှည်လို့ သူကရွေးခဲ့တာပဲ… ဒါကြောင့် သူ့နောက်ကိုလိုက်နေတဲ့အချိန်မှာ သူ မပျော်ရွှင်အောင် မလုပ်မိစေနဲ့...’’
သို့သော်လည်း ယခုပြဿနာက ဝမ်မင်ယီပျော်ရွှင်နေပြီး မပျော်ရွှင်ရသူမှာ ရှန့်ချန်ဇီ ဖြစ်နေသည်။
ရှန့်ချန်ဇီ တစ်ကြိမ်စိတ်မပျော်ဘူးဆိုလျင် နောင်တချိန်တွင် ဝမ်မင်ယီကို စိတ်အနှောက်အယှက်ပေးနိုင်လေသည်။ ထို့ကြောင့် သူမအနေဖြင့် ရှန့်ချန်ဇီ မပျော်ရွှင်ရသည့်ပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။
‘’နင်က မိသားစုကောင်းကောင်းကနေ မွေးဖွားလာတယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း သိပါတယ်.. ဒါပေမယ့် ဒီလောကထဲဝင်လာမှတော့ ဒီလောကမှာလဲ သူတို့စည်းမျဉ်းနဲ့ သူတို့ရှိသေးတယ်လေ…’’
‘’ကျွန်တော်သိပါတယ်… ကျွန်တော့်မှာလဲ ကိုယ်ပိုင်စည်းမျဉ်းရှိပါတယ်… တကယ်လို့ လူတွေက ကျွန်တော့်ကိုမဆန့်ကျင်ဘူးဆိုရင် ကျွန်တော်ကလဲ မဆန့်ကျင်ပါဘူး… တကယ်လို့ သူတိုက ကျွန်တော့်ကို ဆန့်ကျင်မယ်ဆိုရင်တော့ ကျွန်တော့်ဘက်ကလဲ လက်နှေးနေမှမဟုတ်ဘူးလေ… အဲ့ဒီတော့ အစ်မချန် ကျွန်တော်တွေးတာကို သဘောပေါက်ရဲ့လား မသိဘူး… ကျွန်တော် သူ့ကိုကြောက်နေတယ်လို့ ထင်နေတာလား… ဒီနေ့ သူတို့လိုလူမျိုးတွေက လူသစ်တွေနဲ့ ကြောင်လေးတွေကို အနိုင်ကျင့်ကြတယ်… နောက်နေ့တွေဆို လူသစ်တွေကိုလဲ ထပ်အနိုင်ကျင့်နေဉီးမှာပဲလေ… ဒါကြောင့် ကျွန်တော်က သူတို့တွေအတွက် ဖြေရှင်းပေးလိုက်ရုံပါ… ဒါကလဲ လူကောင်းတွေအနေနဲ့ လုပ်ရမယ့်လုပ်ရပ်မဟုတ်လား…’’
ချန်လု ‘’ ဒါဆိုရင်လဲ အဲ့လောက်ထိ ခက်ခက်ခဲခဲလုပ်ဖို့မလိုပါဘူးဟယ်...’’
ဝမ်မင်ယီ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
‘’ကျွန်တော်က အဲ့လိုမျိုးပဲကြီးပြင်းလာခဲ့တာ… ကျွန်တော်က ခက်ခဲမှုတွေကို ခံစားလာရတဲ့သူမဟုတ်ဘူး… တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို အနိုင်လာကျင့်မယ်ဆိုရင် အနိုင်ကျင့်တာဘာလဲဆိုတာ သူတို့ကိုသိအောင်ပြလိုက်မယ်… တစ်ယောက်ယောက်က ကျွန်တော့်မျက်နှာကို လက်သီးနဲ့ထိုးမယ်ဆိုရင် အဲ့လူမျက်နှာကို ကျွန်တော်က ပြန်ထိုးမှာပဲ… အစ်မ ကျွန်တော့်ကိုခေါ်လာရုံနဲ့ ကျွန်တော့်အကျင့်စရိုက်တွေကို မသိသေးပါဘူး… ဒါကြောင့် နောက်ဆို နားလည်လာပါလိမ့်မယ်… ဒါကြောင့် အဲ့အကြောင်းကိုစိတ်ပူစရာမလိုဘူး… ‘’
ချန်လု ရုတ်တရက်ပဲ သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်လေးသည် အလွန်ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်နေရပြီဟု ခံစားလိုက်မိသည်။
ဝမ်မင်ယီ ယန်ဖေးဖေး၏ကားဆီသို့ သွားလိုက်သည်။
ယန်ဖေးဖေးသည် လိမ္မော်ရောင်ကြောင်လေးကို အစာကျွေးနေပြီး မျက်ဝန်းပြာကြောင်လေးကိုမူ သူမလက်မောင်းထဲတွင်ပွေ့ဖက်ထားသည်။
‘’ စားစရာတစ်ခုခုပေးဦး… သူ ဆာနေလောက်ပြီ..."
ယန်ဖေးဖေး ကြောင်စာခွက်ကို မျက်ဝန်းပြာကြောင်လေးရှေ့တွင် ချပေးလိုက်သည်။ ထို့နောက် လိမ္မော်ရောင်ကြောင်လေးမှာ ချက်ချင်းပင် အနားသို့ကပ်သွားသည်။
ယန်ဖေးဖေး လိမ္မော်ရောင်ကြောင်လေးကို ကောက်ယူလိုက်ပြီး ‘’ နင်က စားပြီးပြီလေ… ညီငယ်လေးတွေ ညီမလေးတွေကို ပေးစားလိုက်ပါဦး...’’
သို့သော်လည်း လိမ္မော်ရောင်ကြောင်လေးမှာ သူမ လက်ထဲမှပင် တမြောင်မြောင်အောဟစ်နေသည်။
‘ငါ့ကိုသွားခွင့်ပေး… ငါစားနိုင်သေးတယ်လို့…’
ဝမ်မင်ယီ ‘ လိမ္မော်ရောင်ဝက်က ငါ့ကိုမလိမ်ဘူးပဲ.. လုံလောက်ပါပြီလေ… လိမ္မော်သီးကြီးကသာ အရေးအကြီးဆုံး...
‘’ မျက်ဝန်းပြာကြောင်က နင့် ဆီဘယ်လိုရောက်လာတာလဲ… သူက ရှန့်ချန်ဇီနဲ့ အတူတူရှိနေရမှာ မဟုတ်ဘူးလား… စာအုပ်ထဲမှာ မူခိုင်က မျက်ဝန်ပြာကြောင်ကို ထိန်းသိမ်းထားတာမဟုတ်လား… ဂီတ ရေကန်ထဲမှာ မဟုတ်ဘူးလေ...’’
ဝမ်မင်ယီ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီးနောက် ယန်ဖေးဖေး နေရာမှာတင် အေးခဲသွားသည်။
သူမ၏ သွေးသောက်မောင်ငယ်လေးမှာ အလွန်လက်ပေါက်ကပ်မည်ဟု မထင်ခဲ့မိပေ။ သို့သော်လည်း တွေးကြည့်ရမည်ဆိုလျင် ဝမ်မင်ယီသည် မုကျိအန်း သူငယ်ချင်း၏ညီငယ်လေးဟု သူမ သိထားသည်။ မုကျိအန်း မိသားစု သည် ကျော်ကြားသည့်အတွက် ဝမ်မင်ယီသည်လည်း ကောင်းမွန်သည့် မိသားစုမှလာမည်ကို ခန့်မှန်းနိုင်သည်။
ချမ်းသာသည့် မိသားစုမှ သခင်လေးသည် ရှန့်ချန်ဇီကို ကြောက်မည်မဟုတ်ပေ။ သို့သော်လည်း...
‘’ ရှန့်ချန်ဇီက နင့်ကို ဒုက္ခပေးနေလို့လား...’’
ဝမ်မင်ယီ လုံးဝဂရုမစိုက်ပေ ။
ယန်ဖေးဖေး အပြုံးလေးဖြင့် ‘’ ကိစ္စမရှိပါဘူး.. ငါက နင့်ရဲ့ သွေးသောက်အစ်မပဲဟာ… နင့်ကို ကူညီမယ်...’’
‘’ကျေးဇူးတင်ပါတယ် အစ်မယန်’’
‘’ရပါတယ်…’’ ယန်ဖေးဖေး လိမ္မော်ရောင်ကြောင်လေးလက်ကိုကိုင်၍ ဝှေ့ယမ်းပြလိုက်သည်။