အပိုင်း ၃၃
Viewers 12k

ဝမ်မင်ယီ မျက်ဝန်းပြာကြောင်လေး အစာစားနေသည်ကို ခဏလောက်ကြည့်လိုက်သည်။
ရှန့်ချန်ဇီ၏ လက်ထောက်မှာ သူတို့အားတွေ့သွားပြီး ချက်ချင်းပင် မျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းကာ ယန်ဖေးဖေးကို ပြောလိုက်သည်။
‘’ အစ်မယန်… အကိုရှန့်က ဒီကြောင်လေးကို ပြန်ခေါ်ခိုင်းလိုက်လို့ပါ...’’
ယန်ဖေးဖေး ခေါင်းငြိမ့်ပြလိုက်ပြီး ကြောင်လေးကိုကောက်ယူကာ လက်ထောက်ကို ပေးလိုက်သည့်အပြင့် ကြောင်စာများပါ ထည့်ပေးလိုက်သည်။
‘’ကျေးဇူးတင်ပါတယ် အစ်မယန်...’’
လက်ထောက်က သူမလက်ထဲမှ ကြောင်နှင့်ကြောင်စာကို ယူလိုက်ရင်း ကျေးဇူးတင်စကားပြောလိုက်သည်။
‘’ရပါတယ်… ဒါနဲ့ …. သူက ရှောင်ဝမ်ပဲ… နင်သူ့ကိုတွေ့ပြီးလောက်ပြီထင်တယ်...’’
သူမ ဝမ်မင်ယီကို အပြုံးနှင့်ကြည့်ရင်းပြောလိုက်သည်။
‘’ ရှောင်ဝမ်က ကျွန်မတို့ကုမ္ပဏီရဲ့ လူသစ်ဖြစ်သလို့ ကျွန်မရဲ့ သွေးသောက်မောင်လေးပဲ… သူက ဒီမှာ အသစ်လေးဆိုတော့ ဒီလောကနဲ့ သိပ်မရင်းနှီးသေးဘူး.. တကယ်လို့များတစ်ခုခု အမှားလုပ်ခဲ့ရင် ကျွန်မ မျက်နှာကိုထောက်ပြီးတော့ အပြစ်မယူပါနဲ့… အသစ်လေးတစ်ယောက်အနေနဲ့ ခက်ခဲတဲ့အချိန်တစ်ချို့ကို ရှောင်ရခက်တယ် မဟုတ်လား…’’
လက်ထောက်မှာ မကျေနပ်သော်လည်း ယန်ဖေးဖေး မှ ထိုစကားများကို ပြောလိုက်သည့်အတွက် ခေါင်းငြိမ့်ပြီး သံယောင်လိုက်ရုံသာ တတ်နိုင်တော့သည်။
‘’ အစ်မယန်ပြောတာက ရှောင်ဝမ်က လူသစ်ဖြစ်တဲ့အတွက် ဒီလောကရဲ့ စည်းမျဉ်းတွေကို သင်ယူသင့်တယ်… အကိုရှန့်ကလဲ စိတ်သဘောထားကောင်းတဲ့အတွက် သူ့ကိုဗွေမယူပါဘူး… ဒါပေမယ့် စကားပြောဆိုဖို့မလွယ်တဲ့ သူတစ်ယောက်ယောက်နဲ့သာ တွေ့သွားမယ်ဆိုရင် ရှောင်ဝမ်ပဲ ခံစားရမှာ မဟုတ်လား…’’
‘အကိုရှန့်က စိတ်သဘောထားကောင်းတယ်တဲ့လား…’ ဝမ်မင်ယီ နှလုံးသားထဲတွင် တွေးလိုက်မိသည်။ ‘ မြတ်စွာဘုရားနောက်တကြိမ်ပြန်မွေးဖွားရင်တောင် မဖြစ်နိုင်တဲ့ ကိစ္စကြီးကိုများ ‘
ထိုစကားကြားလိုက်သည်နှင့် ယန်ဖေးဖေးသည် အပြုံးလေးဖြင့်...
‘’ မင်းပြောတာ မှန်ပါတယ်.. ဒါပေမယ့် ရှောင်ဝမ်က ကျောက်ယန်ရဲ့အနုပညာရှင်ပဲလေ.. တစ်ခုခု ဖြစ်မယ်ဆိုရင်လဲ ကျောက်ယန်ကပဲ ဖြေရှင်းပေးပါလိမ့်မယ်… မင်း စိတ်ပူဖို့ မလိုပါဘူး’’
သူမ၏ စကားလုံးများမှာ နူးညံ့သလိုလို ရှိသော်လည်း တကယ်တမ်းတွင် နူးညံ့မနေပေ။ ထိုစကားများကို နားထောင်ရင်း ရှန့်ချန်ဇီ၏လက်ထောက်မှာ သူမ စိတ်ဆိုးနေလား မဆိုးဘူးလား ဆိုသည်ကို မခွဲခြားတတ်တော့‌ပေ။
ရှန့်ချန်ဇီလက်ထောက်မှ ကြောင်လေးပြန်ခေါ်သွားသည်ကို ဝမ်မင်ယီ ကြည့်နေရင်း ထိုကြောင်လေး နောက်ထပ် အနိုင်ကျင့်ခံနေရမည်ကို စိုးရိမ်နေမိသည်။ သို့သော်လည်း ထိုကြောင်လေးကို သူ လုယူ၍ မရပေ။ အကြောင်းမှာ ရိုက်ကူးရေးအဖွဲ့မှ စီစဉ်ထားပေးသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ထိုကြောင်လေး တခြားသူဆီမှ အနိုင်ကျင့်မခံရစေရန် မျှော်လင့်ရုံသာ တတ်နိုင်သည်။
‘’ ကျေးဇူးတင်ပါတယ် အစ်မယန်...’’
ဝမ်မင်ယီ ယန်ဖေးဖေးကို ကြည့်ရင်းပြောလိုက်သည်။
‘’ အဲ့ဒါကို စိတ်အနှောက်အယှက်ဖြစ်နေတာလား…’’
‘’ ရပါတယ်… ငါက နင့်ရဲ့ သွေးသောက်အစ်မပဲ ပြီးတော့ အကိုမူ က နင့်ကိုဂရုစိုက်ပေးဖို့ မှာထားတယ်… တကယ်လို့ ရှန့်ချန်ဇီသာ လက်ရှိအခြေအနေကို နားလည်ရင် သူ နင့်ကို နောက်ထပ် ဒုက္ခပေးတော့မှာ မဟုတ်ဘူး… နှစ်နှစ်အတွင် ဒုတိယလိုင်းသရုပ်ဆောင်အဖြစ်ရှိနေတာ အံ့ဩစရာမရှိပါဘူး’’
ယန်ဖေးဖေး၏ စကားလုံးများသည် အတော်လေးရိုင်းသည်ဟု ဝမ်မင်ယီပြုံးလျက်ပင် တွေးလိုက်မိသည်။
ယန်ဖေးဖေးနှင့် ခဏလောက်စကားပြောပြီးနောက် လက်ထောက်ဒါရိုက်တာမှ ရိုက်ကူးရေးစတော့မည့်အတွက် သူတို့အားလုံးကို ခေါ်လိုက်သည်။
ယန်ဖေးဖေးနှင့် ရှုကျင်းကျဲ တို့အရင်ရိုက်ကူးရေးလုပ်မည်ဖြစ်သဖြင့် ဒါရိုက်တာမှ ရိုက်ကူးရေးကိစ္စများ ပြောနေသည်ကို ဝမ်မင်ယီနှင့် ချန်ဇဲ ဘေးမှနားထောင်နေသည်။ သိပ်မကြာခင်မှာပင် ရိုက်ကူးရေးကွင်းထဲသို့ ရောက်သွားကြပြီး ယန်ဖေးဖေးမှာ မိုမို၏ အပြစ်ကင်းသည့်မုဒ်ဝင်သွားသလို ရှုကျင်းကျဲသည်လည်း ယန်ပေါ်ချွေ့မုဒ် ဝင်သွားကာ သူ၏ နူးညံ့မှုကို ပြသနေသည်။
အိမ်မွေးတိရိစ္ဆာန်လေးများနှင့် ရိုက်ကူးရေးမှာ မကြာခင်မှပင် ပြီးစီးသွားသည်။ ဖျော်ဖြေရေးလောကထဲတွင် ပြောစကားတစ်ခုရှိသည်။ ကလေးများ တိရိစ္ဆာန်များနှင့် ရိုက်ကူးရသည့် အပိုင်းများသည် အခက်အခဲဆုံးဖြစ်ပြီး သင်ပြောသမျှကို သူတို့လေးတွေက နားလည်မှမဟုတ်သည့်အတွက် သူတို့နှင့်ဆက်သွယ်ရာတွင် ကိုယ့်ဘက်မှစပြီး နားလည်ပေးရမည်ဖြစ်သည်။
ယန်ဖေးဖေးနှင့် ရှုကျင်းကျဲသည်လည်း ထိုအဖြစ်အပျက်များနှင့် ရင်ဆိုင်တွေ့နေရပြီဖြစ်သည်။ လိမ္မော်ရောင်ကြောင်လေးသည် မြေပေါ်တွင် ခံစားချက်မဲ့စွာဖြင့် မလှုပ်မယှက်လဲနေပြီး ဝန်ထမ်းမှ မည်သို့ပင် ကြိုးစားစေကာမူ တုတ်တုတ်မျှမလှုပ်ပေ။
‘’ဒါက ဘာဖြစ်နေတာလဲ…’’
ဝန်ထမ်းလေးမှာ စိတ်ပူနေပြီဖြစ်သည်။
‘’ကြောင်ကစားစရာနဲ့ပြကြည့်ပါလား...‘’
တစ်ယောက်ယောက်က အကြံပေးလိုက်သည်။
လိမ္မော်ရောင်ကြောင်လေးမှာ တုတ်ချောင်းလေးကိုမြင်ပြီး လှုပ်ရှားလာကာ ထိုတုတ်ချောင်းလေးနောက်သို့ သူ၏မျက်လုံးလေးများလိုက်ပါသွားပြီး လက်ကလေးမှာလဲ လှုပ်လာသည်။ သို့သော် တုတ်ချောင်းလေး ဖယ်လိုက်သည်နှင့် မြေပေါ်သို့ လှဲချလိုက်ပြန်သည်။ လိမ္မော်ကြောင်လေး မလှုပ်သည့်အတွက် ဘေးတွင်ရှိနေသည့် ကြောင်စုတ်ဖွားလေးသည်လည်း မလှုပ်ရှားရဲသေးဘဲ ယန်ဖေးဖေးခြေထောက်နားတွင် ပျင်းစရာကောင်းစွာ လှည့်ပတ်သွားနေသည်။
‘’ဒါမှမဟုတ် ကျွန်မ ချီထားလိုက်မယ်လေ… ‘’
ယန်ဖေးဖေး အကြံပေးလိုက်သည်။
‘’အဲ့ဒါ အလုပ်မဖြစ်ဘူး...’’
ဒါရိုက်တာက ငြင်းဆန်လိုက်သည်။
‘’ မင်း သူကိုချီထားမယ်ဆိုရင် ဇာတ်ကြောင်းအတိုင်း မဖြစ်တော့ဘူးလေ...’’
ဝန်ထမ်းတစ်ယောက်က ခေါင်းလောင်းလေးလို ပုံ့ပုံ့ကြီးထိုင်နေသည့် လိမ္မော်ရောင်ကြောင်လေးကို ချော့မြူရန်အတွက် ခေါင်းကိုငုံ့လိုက်သည်။ သို့သော်လည်း ကြောင်လေးမှာချော့မြူခွင့်မပေးသည့်အပြင့် အချိန်တိုအတွင်းမှာပင် အိပ်ပျော်မတတ်ဖြစ်နေသည့်အတွက် ဝန်ထမ်း၏ ရုတ်တရပ်အပြုအမူက သူ့ကိုထိတ်လန့်သွားစေသည်။ ဝန်ထမ်းမှာ ထိတ်လန့်နေသော ကြောင်လေး၏လက်သည်းဖြင့် ခြစ်ခံရလုနီးပါး ဖြစ်သွားသည့်အတွက် ဇောချွေးပြန်သွားသည်။
ဝမ်မင်ယီ အားပါးတရ ရေသောက်ရန် ပြင်နေစဉ်မှာပင် လိမ္မော်ရောင်ကြောင်လေးမှ ဝန်ထမ်းအား ကုတ်ခြစ်မိမလို ဖြစ်သွားသည်ကိုမြင်လိုက်ရသည့်အတွက် သူ့ဘေးရှိ ချန်လုဆီသို့ ရေဘူးပေးလိုက်သည်။ ထို့နောက် ဝန်ထမ်းဆီသို့ အမြန်သွားကာ ပြောလိုက်သည်။
‘’ ကြောင်တွေနဲ့ပါတ်သတ်လို့ ချော့မြှုပေးရမယ်ဆိုရင် ကျွန်တော် လုပ်ပေးပါရစေ...’’
ပြောရင်းနှင့်ပင် ထိုင်ချလိုက်ပြီး လိမ္မော်ရောင်ကြောင်လေးကို မျက်လုံးချင်းစုံအောင်ကြည့်ကာ...
‘’ ငါမင်းကို အခုလေးတင် အစာကျွေးထားတာလေ… မမှတ်မိတော့ဘူးလား…’’
လိမ္မော်ရောင်ကြောင်လေးမှာ ဝမ်မင်ယီ၏ ကိုယ်သင်းနံ့ကိုမှတ်မိနေပြီး သူတို့နှင့် အနံ့တူသည်ကိုလဲ သတိထားမိသည်။ ထို့ကြောင့် သူ့ဒေါသကို အဝေးသို့ပို့လိုက်ကာ ...
‘’ မင်း ငါ့ကို မကျွေးပါဘူး… ငါ့ဘာသာ စားလိုက်ရတာပါ...’’
ဝမ်မင်ယီ ပြုံးလိုက်သည်။ လက်ကိုမြှောက်ရင်း သူ့လည်ပင်းအနောက်ကို ပွတ်သပ်လိုက်ပြီး....
‘’ ဗိုက်ပေါ်ဖိပြီး မအိပ်သင့်ဘူးနော်… မင်း ဒီအစ်မနောက်ကို လမ်းလျောက်ပြီးလိုက်ရမှာ...’’
လိမ္မော်ရောင်ကြောင်လေးမှာ မလုပ်ချင်သောလေသံဖြင့်
‘’ ဗိုက်တင်းနေတယ်… မလှုပ်ချင်ဘူး’’
ဝမ်မင်ယီ ‘မင်းဒီလောက်ဝနေတာ အံ့ဩစရာမရှိတော့ပါဘူး..’
ဝမ်မင်ယီ ချောင်းတစ်ချက်ဆိုးလိုက်ပြီး
‘’ မင်း မတ်တပ်ရပ်ပြီး လမ်းလျောက်ဖို့လိုတယ်… ပြီးတော့ ဒီအစ်မနောက်ကိုလဲ လျောက်လိုက်ပေးရမယ်…’’
သူ ခဏလောက်တွေးပြီး ဆက်ပြောလိုက်သည်။
‘’ ပြီးသွားရင် ငါ မင်းကို မုန့်ကျွေးမယ်...’’
မုန့်အကြောင်းကြားလိုက်သည့် လိမ္မော်ရောင်ကြောင်လေး၏ မျက်လုံးများသည် တောက်ပသွားပြီး သံသယဖြစ်စွာဖြင့်
‘’ တကယ်လား…’’
ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်ရင်း...
‘’ အင်း… မင်းသာ ဒီအစ်မကြီးသွားတဲ့နောက်ကို လျောက်လိုက်ပေးမယ်ဆိုရင် မုန့်ကျွေးမယ်’’
‘’ သဘောတူတယ်...’’
‘’သဘောတူတယ်...’’
‘’ လိမ်တဲ့သူက တစ်ဘဝလုံး ငါး မရပါစေနဲ့...’’
လိမ္မော်ရောင်ကြောင်လေးသည် အရက်စက်ဆုံး ကျိန်ဆိုမှုကို ပြုလုပ်လိုက်သည်။
နောင်တရစရာမရှိသော ဝမ်မင်ယီကလည်း အလွန်တည်ငြိမ်စွာဖြင့်သဘောတူလိုက်သည်။
‘’ ဟုတ်ပြီ ‘’
ဘာပဲဖြစ်ဖြစ် သူလဲ အဲ့ဒီငါးတွေကို လိုမှမလိုတာ…
အာမခံချက်ရသွားသည့် လိမ္မော်ရောင်ကြောင်လေးက မတ်တပ်ရပ်ကာ သူ့ခေါင်းကိုယမ်းလိုက်ရင်း အနားတွင်ရှီသည့် ကြောင်စုတ်ဖွားလေးကို ပြောလိုက်သည်။
‘’ သွားရအောင် ညီမလေး … ငါတို့ရဲ့ အစာအတွက်ပေါ့…’’
ကြောင်စုတ်ဖွားလေးက နာခံစွာဖြင့် ‘’ ဟုတ် ‘’
ယန်ဖေးဖေး လှုပ်ရှားလာသော ကြောင်လေးများကိုကြည့်ရင်း အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
‘’ ရှောင်ဝမ်… နင်က အရမ်းတော်တာပဲ… ကြောင်ကိုတောင် ရအောင်ပြောနိုင်တယ်… အိမ်မှာ ကြောင်မွေးထားတာလား…’’
‘’မမွေးပါဘူး … ‘’ သူတစ်ယောက်နဲ့တင် လုံလောက်နေပါပြီ
‘’ဒါနဲ့များ နင်က ကြောင်တွေနဲ့ ညှိတာတော်နေသေးတယ်’’’
ယန်ဖေးဖေး သက်ပြင်းချလိုက်ရင်း ‘’ ငါတော့ မလုပ်နိုင်ဘူး… သူတို့က ငါ့စကားဆို နားမထောင်ကြဘူးလေ’’
‘’ကျွန်တော်က ချစ်ဖို့ကောင်းတဲ့ ဗီဒီယိုလေးတွေကြည့်ထားရုံပါ...’’
ဝမ်မင်ယီ လိမ္မော်ရောင်ကြောင်လေးကိုကြည့်လိုက်ရင်း ...
‘’ လိမော်ရောင်ကြောင်လေး ၁၀ ကောင်မှာ ၉ ကောင်က အစာစားရတာကြိုက်ကြတယ်လေ… အဲ့ဒါကြောင် အစားနဲ့ချော့လိုက်ရင် ရမယ်လို့ထင်တာ...’’
ယန်ဖေးဖေး ခေါင်းငြိမ့်လိုက်ရင်း ‘’ အဲ့လိုကိုး…’’
သရုပ်ဆောင်ကြောင်လေးများ နေရာတစ်ကျဖြစ်သွားချိန်တွင် ဒါရိုက်တာမှ ယန်ဖေးဖေးနှင့် ရှုကျင်းကျဲ တို့ကို ရိုက်ကူးရေးစရန် ပြောလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ လိမ္မော်ရောင်ကြောင်လေးမှာ လုံးဝကို စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်နေပြီး ယန်ဖေးဖေးနောက်မှ တကောက်ကောက် လိုက်နေသည်။ အပြာရောင်ကောင်းကင်အောက်တွင် ခန်ညားသောအမျိုးသားလေးနှင့် လှပသောအမျိုးသမီးလေးသည် ယှဉ်တွဲလျောက်လှမ်းနေပြီး သူတို့၏ နောက်မှ ခွေးလေးတစ်ကောင်နှင့် ကြောင်လေးနှစ်ကောင်မှာ လိုက်ပါလာကြသည်။ ထိုမြင်ကွင်မှာ စာအုပ်ထဲမှကဲ့သို့ပင် အလွန်နွေးထွေးလွန်းလှသည်။
‘’ ငါတော့သေပါပြီ… ငါ့ကို မကယ်ကြပါနဲ့တော့… ရှုကျင်းကျဲ နဲ့ ယန်ဖေးဖေးက တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ’’
‘’ကြောင်လေးကလဲ အရမ်းချစ်ဖို့ကောင်းတာပဲ… ဒီဟာကမှ တကယ့် အလှနဲ့ချိုမြိန်မှုတို့ ယှဉ်တွဲပြနေတဲ့ ရှိုးတစ်ခုပဲ’’
တခြားတဖက်တွင်တော့ ဝမ်မင်ယီပြန်လာပြီးနောက် ချန်လုသည် ဝမ်မင်ယီနှင့်ကြောင်လေးပုံကို ရိုက်ကူးနေလေသည်။ ထို့နောက် ဓါတ်ပုံများကို သူ၏ wechat သို့ပို့လိုက်ပြီး သူ၏ ဘလော့ဒ်အသေးလေးတွင် တင်လိုက်သည်။
Reuters : ‘’ဒီအတိုင်း တင်လိုက်ရုံပါပဲ’’
ဖန်များသည် ရုတ်တရက်ရောက်လာသော ပုံကိုကြည့်လိုက်သည်။ ပုံထဲမှ ဝမ်မင်ယီသည် မြေပေါ်တွင်ထိုင်နေသော ကြောင်လေးကိုချော့မြှူနေသည်။ ရိုးရှင်းသောအဖြူရောင်နှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားပြီး သူ့အရှေ့မှကြောင်လေးကို နူးညံ့စွာဖြင့် ကြည့်နေသည်။ သို့သော်လည်း မြေပေါ်မှကြောင်လေးသည် သူ့အားဂရုမစိုက်ဘဲ အဝေးသို့လှည့်ထွက်သွားလေသည်။ ကောင်လေးမှာ စိတ်ဆိုးခြင်းမရှိဘဲ မျက်လုံးများကွေးသွားသည်အထိ ပြုံးနေသည်။
ဝမ်မင်ယီ၏ ဖန်များသည် သူတို့၏ အိုင်ဒေါလ်မှာ အလွန်ကြည့်ကောင်းလှသည်ဟု နှလုံးသားထဲမှနေ၍ တွေးလိုက်မိကြသည်။ ထိုပုံကို အလျင်အမြန်ပင် ဖိုရမ်ထဲသို့ ပို့လိုက်ကြပြီး
(ဆယ်ကျော်သက်လေးနှင့်ကြောင်များ… ဒီမြင်ကွင်းကတော့ ငါ့ရဲ့အိမ်မက်ထဲကအတိုင်းပဲ… အရမ်းလှတာပဲ’)
ဖြတ်သွားဖြတ်လာများမှာတော့ သူတို့၏မျက်လုံးများကိုဖွင့်ရင်း...
( ဒါဘယ်သူလဲ… အရမ်းခန့်ညားလွန်းတယ်… ပြီးတော့ အရမ်းလည်းနူးညံ့လွန်းတယ်’)
‘(အား… ငါ့ရဲ့ဂီတရေကန်လေးပါနော်’... ငါ့ရဲ့ ဂီတရေကန်လေး ဝမ်မင်ယီက အရမ်းကြည့်ကောင်းတာပဲ)
(Reuters ကတင်ထားတဲ့ ရှုကင်းကျဲ နဲ့ ယန်ဖေးဖေးကိုကြည်ပြီးပြီ ပြီးတော့ လဲ့ချီကိုရောပဲ…strange fate of pets " ရဲ့ သရုပ်ဆောင်တွေက အံ့ဩစရာပဲ …)
မကြာခင်မှာပင် အိမ်မွေးတိရိစ္ဆာန်အကြောင်း၏ ရှာဖွေမှုသည် ထိပ်ဆုံးသို့ ရောက်သွားလေသည်။
ဂီတပရိသတ်များသည် ဝမ်မင်ယီကိုချီးမွမ်းပြောဆိုကြသည်။
( အဲ့ဒါမှ ငါ့ရဲ့ဂီတသံစဉ်လေးပဲ… အခုကစပြီး ငါ့စာအုပ်ထဲက ၁၈ နှစ်ကောင်လေးတွေအကုန် အဲ့မျက်နှာပဲဖြစ်စေရမယ်’)
(ဒါကမှ တကယ့်ရွေးချယ်မှုပဲ… ဝမ်မင်ယီနဲ့ မတွေ့ခင်တုန်းကဆိုရင် ဖျော်ဖြေရေးလောကထဲမှာ ဂီတရေကန်ကို သရုပ်ဖော်နိုင်မယ်လို့ မထင်ခဲ့မိဘူး…. ဝမ်မင်ယီနဲ့ တွေ့ပြီးတဲ့အခါမှာတော့ သူက ငါ့ရဲ့နှလုံးသားထဲက ဂီတရေကန်လေးပဲဆိုတာ သေချာသွားပြီ… )
(အဲ့ဒီ သံစုံတီးဝိုင်းအကြောင်းဖတ်တုန်းကဆို ဒီလောက်ထိ ခံစားချက်တွေ မဖြစ်မိဘူး… ဒါပေမယ့် အခုတော့ ရူးမတတ်ဖြစ်နေပြီဟေ့… ဝမ်မင်ယီရဲ့မျက်နှာလေးက အရမ်းကိုလှည့်စားနိုင်လွန်းတယ်လေ… ဒါကို ဘယ်သူက သည်းခံနိုင်မှာလဲလို့…’)
(ကန့်ကွက်မနေပါနဲ့တော့ အပေါ်ထပ်မှ ညီမငယ်လေးကလည်း ‘’ငါတို့ရဲ့ ကိုကိုမင်ယီက ဆားချိုလေးလို အရမ်းချစ်ဖို့ကောင်းပြီး သန်မာတယ်)
ရှန့်ချန်ဇီသည် ဝမ်မင်ယီ၏ hot search အပေါ်ရောက်လာမှုကိုကြည့်ရင်း မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။
‘’ ဝမ်မင်ယီနဲ့ ယန်ဖေးဖေးကို ကုမ္ပဏီက တော်တော်လေးသဘောကျတယ်ထင်တယ်… ပြီးတော့ ယန်ဖေးဖေးကလဲ ဝမ်မင်ယီကို အရမ်းသဘောကျပုံရတယ်… သူ့ဘက်က တစ်ခုခုလုပ်ရင်တောင် သူမမျက်နှာထောက်ပြီး ခွင့်လွှတ်ဖို့ပြောနေသေးတယ်...’’
ယန်ဖေးဖေး၏ စကားများသည် လုံးဝရှင်းလင်းပြီး သူသည်လည်း တုံးအသည့်သူတစ်ယောက် မဟုတ်သည့်အတွက် စိတ်ထဲမှမကျေနပ်သော်လည်း သူ့စိတ်ကိုထိန်းသိမ်းထားရမည်ဖြစ်သည်။ သို့သော်လည်း hot search ပေါ်ရောက်လာသည့်အတွက် ရန့်ချန်ဇီသည် Reuters သို့စာပို့လိုက်တော့သည်။
သို့သော်လည်း Reuters သို့ပို့ပြီးမကြာခင်မှာပင် စာအုပ်ထုတ်ဝေသူတစ်ဉီးက ဝင်မန့်လာသည်။
(မူခိုင်ရဲ့ မျက်ဝန်းပြာကြောင်လေးက ဘယ်လိုလဲ… မိုမိုရဲ့ ကြောင်နှစ်ကောင်နဲ့ ခွေးတစ်ကောင်က ဒီကိုရောက်နေပြီ… မူခိုင်ရဲ့ ကြောင်လေးက ဘာလို့ရောက်မလာသေးတာလဲ)
ရှန့်ချန်ဇီ ဖန်များက ရှင်းပြကြပြန်သည်။
(ကြောင်မရသေးလို့နဲ့တူတယ်… ငါ့အကိုက ကြောင်တွေကို အရမ်းသဘောကျတာပါနော်… သူသာ မျက်ဝန်းပြာကြောင်လေးကိုမြင်ရင် အရမ်းသဘောကျသွားမှာ သေချာတယ်)
(အဲ့ဒီမျက်ဝန်းပြာကြောင်လေးက ဘယ်လိုနေမလဲမသိဘူး… ငါတွေ့ဖူးချင်လာပြီ… အရမ်းချစ်ဖို့ကောင်းနေမှာပဲ…)