အပိုင်း ၃၄
Viewers 12k

ဆွေးနွေးမှုကိုကြည့်ပြီး လက်ထောက်မှ ရှန့်ချန်ဇီဆီသို့ ဖုန်းပေးလိုက်ရင်းပြောလိုက်သည်။
‘’ အကိုရှန့်… အကို Reuters ဆီကို ကြောင်နဲ့ပုံပို့လိုက်တော့....လူတိုင်းက သဘောကျတယ်နဲ့တူတယ်… ဝမ်မင်ယီတောင် ကြောင်တစ်ကောင်နဲ့တွဲရိုက်လိုက်တာ အခုဆို လိုအပ်တဲ့ပမာဏထပ်ပိုတဲ့ အောင်မြင်မှုကိုရနေပြီ...’’
ရှန့်ချန်ဇီ တုန့်ဆိုင်းစွာဖြင့် မြေပေါ်မှ မျက်ဝန်းပြာကြောင်လေးကို ချီပြီး ဓါတ်ပုံရိုက်လိုက်သည်။
ထို့နောက် သူ၏ဘလောခ့်အသေးတစ်ခုမှာတင်လိုက်သည်။
လူတိုင်းမှာ အပြစ်ကင်းစင်သည့်အပြာရောင်မျက်လုံးလေးများဖြင့် ချစ်စဖွယ်ကောင်းနေသော မျက်ဝန်းပြာကြောင်လေးကိုကြည့်ပြီး အော်ဟစ်နေကြသည်။
ရှန့်ချန်ဇီ ထိုမှတ်ချက်များကိုဖတ်ရန် စိတ်မဝင်စားပေ။ သူ၏အချက်အလက်များ တိုးတက်လာသည်ကိုတွေ့လိုက်သည့်အတွက် ကျေနပ်စွာဖြင့် လက်ထောက်ဆီသို့ ဖုန်းလွဲပေးလိုက်သည်။ ကြောင်လေးအတွက်တွင်မူ ဓါတ်ပုံရိုက်ပြီးသည်နှင့် မြေပေါ်သို့ ပြန်လည်ပစ်ချခြင်းကို ခံလိုက်ရသည်။
‘’ညစ်ပါတ်လိုက်တာ...’’
ရှန့်ချန်ဇီ သူ့လက်ထောက်ဆီမှ wet towel တောင်းယူပြီး လက်များကိုသေချာစွာ သုတ်လိုက်သည်။
မျက်ဝန်းပြာကြောင်လေးမှာ မြေပေါ်တွင်မတ်တပ်ရပ်နေရင်း နောက်တစ်ကြိမ်စွန့်ပစ်ခံလိုက်ရသည်ကို မသိဘဲ သူ၏အမွေးလေးများကို လျှာဖြင်လျက်နေသည်။
ကျန်းဇီမော့တစ်ယောက် ဝမ်ပေါ်နှင့် ညစားစားနေချိန်တွင် သူ၏ဘလောခ့်အသေးမှ ‘’strange fate of pests’’ ခေါင်းစဉ်ဖြင့် hot search ကိုတွေ့လိုက်ရသည်။
ဝမ်ပေါ်သည်လည်း သူ၏မိုဘိုင်းဖုန်းကို တဖက်မှလှမ်း၍ စိုက်ကြည့်နေပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။
‘’ ဘာဖြစ်လို့လဲ… စတိခ်က စားမကောင်းဘူးလား… ပြန်ပြောင်းမှာမလား…’’
‘’မဟုတ်ဘူး...’’
ကျန်းဇီမော့ သူ့ကိုကြည့်ပြီး လေသံနိမ့်ဖြင့် ‘’ အဲ့ဒါက မတရားဘူးလို့ထင်တယ်...ဘာလို့လဲဆိုတာတော့ ငါ မသိဘူး…"
ကျန်းဇီမော့ ပန်းကန်ပြားထဲမှ စတိခ်ကိုကြည့်လိုက်သည်။ ထို့နောက် စတိခ်ကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်လိုက်ပြီးဆက်ပြောလိုက်သည်။
‘’ ငါ့ရဲ့ကြိုးစားမှုတွေက တခြားတယောက်အတွက်တော့ အလကားဖြစ်နေတယ်… ဘယ်လောက်ပဲ ငါကြိုးစားနေပါစေ တချို့သူတွေနဲ့ ယှဉ်လို့မရဘူး…. ငါအများကြီးပေးထားတာတောင်မှ အဆုံးမှာတော့ သူ့ကိုမြင်တွေရုံလေးပဲတတ်နိုင်တယ်… အဓိပ္ပာယ်မရှိလိုက်တာ...’’
သူ ခေါင်းမော့ပြီး ဝမ်ပေါ်ကို ပြုံးပြလိုက်သည်။
‘’ အဲ့တော့ … ဘုရားသခင်က မတရားဘူး… လူတစ်ချို့အတွက်တော့.. စိတ်ထားမကောင်းပဲ ယုတ်မာနေရင်တောင် သူတို့တွေက လိုက်လျောညီထွေနေတတ်တဲ့အတွက် အောင်မြင်မှုကိုရနေပြီး.. တစ်ချို့အတွက်တော့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ ကောင်းမွန်တဲ့မှတ်ချက်တွေ မရတတ်ကြဘူး… လူတွေက တကယ်ကိုပဲ မလွယ်ကူဘူး...’’
‘’ မင်း ဘာကို ဆိုလိုချင်တာလဲ…’’ ဝမ်ပေါ် နားမလည်စွာဖြင့် မေးလိုက်သည်။
‘’ ရပါတယ်… ငါက နည်းနည်းအထွန့်တက်လိုက်ရုံပဲ… အလေးအနက်ထားဖို့ မလိုပါဘူး.. စားကြရအောင်..’’
သို့သော်လည်း ဝမ်ပေါ် မစားနိုင်ပေ။ ကျန်းဇီမော့၏ မျက်နှာကိုကြည့်ပြီး စိုးရိမ်စွာဖြင့် နှစ်သိမ့်လိုက်သည်။
‘’ မင်း အဲ့လိုတွေးဖို့မလိုပါဘူး… သူတို့တွေကို စည်းမျဉ်းစည်းကမ်းတွေက သင်သွားပေးလိမ့်မယ်… တကယ်လို့ မင်းကအရမ်းကောင်းနေရင် သူတို့ထက်ပိုပြီး ကောင်းကောင်းနေရမှာပါ...’’
‘’မဖြစ်နိုင်ဘူး...’’
ကျန်းဇီမော့ သူ့ကိုယ်သူပြောလိုက်သည်။
‘’ သူက ကြယ်ပွင့်တစ်ပွင့်ဖြစ်နေပြီ… ငါကတော့ သာမန်လူတစ်ယောက်သာသာပဲ’’
‘’ ဒါပေမယ့် မင်းက ကြယ်ပွင့်တစ်ပွင့်ထက် မနိမ့်ပါဘူး…. တကယ်တမ်းပြောရမယ်ဆိုရင် မင်းက ကြယ်ပွင့်တွေ အများကြီးထက်တောင် ပိုကြည့်ကောင်းနေပါသေးတယ်...’’
ကျန်းဇီမော့ အပြုံးလေးဖြင့် ‘’ နောက်မနေပါနဲ့…’’
‘’ ငါတကယ်ပြောတာ.. ရှောင်မော့… မင်းသာ တီဗီမှာရိုက်ကူးရေးလုပ်ချင်တယ်ဆိုရင် ငါ့ကိုပြောလိုက်… ငါကူညီပေးမယ်.. ဖျော်ဖြေရေးလောကဆိုတာ အရမ်းရှုပ်ထွေးလွန်းပါတယ်… ငါ့အနေနဲ့ပြောရရင် အဲ့ဘက်အပိုင်းက မင်းနဲ့ မလိုက်ဖက်ပါဘူး.. အဲ့ဒါကြောင့် မင်းကို အဲ့ဘက်မသွားစေချင်ဘူး’’
‘’ဒါပေမယ့် အဲ့ဘက်ကို ဝမ်မင်ယီက ရောက်နေပြီးပြီမဟုတ်လား’’
‘’ သူက မင်းနဲ့မတူဘူးလေ…’’
ဝမ်ပေါ်ဆက်ပြောလိုက်သည်။ ‘’ မင်းကိုယ်မင်း သူနဲ့ဘယ်လိုလုပ်ပြီး သွားယှဉ်နေရတာလဲ…’’
ကျန်းဇီမော့ သက်ပြင်းချလိုက်ပြီး...
‘’ငါ သူနဲ့နှိုင်းယှဉ်နေတာမဟုတ်ဘူး… ဘယ်နေရာက သူနဲ့နှိုင်းယှဉ်လို့ရမှာလဲ… သူဘယ်လောက်ပဲ ဘာတွေလုပ်လုပ် ကျွင်းတောက်က ခွင့်လွှတ်ပေးမှာပဲလေ…ငါက သူတို့ကြားက ဗီလိန်သာသာပါပဲ…’’
‘’ ဝမ်မင်ယီက ငါ့ကိုသဘောမကျဘူး သူငါ့ကိုကြည့်လိုက်တဲ့အချိန်တိုင်း အေးစက်စက်နဲ့ပဲ… အဲ့ဒါကိုချက်ချင်းပဲ ပျောက်သွားစေဖို့ ငါမျှော်လင့်မိတယ်… ‘’
ဝမ်ပေါ် ချက်ချင်းပဲ နှစ်သိမ့်ပေးလိုက်သည်။
‘’ အဲ့ဒါ သူ့ရဲ့မကောင်းတဲ့အကျင့်စရိုက်ကြောင့်ပေါ့… မင်းပြဿနာမဟုတ်ပါဘူး… ဘာလို့အဲ့လောက် စိတ်အနှောက်အယှက်ဖြစ်နေတာလဲ… သူက တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ...’’
‘’ဒါပေမယ့် လူတိုင်းက သူ့ကိုသဘောကျကြတယ်လေ..’’
ကျန်းဇီမော့ ဖုန်းပေါ်က အမည်းရောင်စခရင်ကိုကြည့်ရင်းပြောလိုက်သည်။
‘’ သူ့မှာ အင်တာနက်ပေါ်က ဖန်တွေအများကြီးလဲရှိတယ်… နောက်ဆုံး hot search ဆိုရင် လူတိုင်းက သူ့ကိုသဘောကျနေကြတာ… ‘’
ဝမ်ပေါ် သူ၏အသည်းနှလုံးလေးကိုကြည့်ပြီး စိတ်ရှည်ရှည်ဖြင့် ချော့မော့လိုက်သည်။
‘’ အဲ့ဒါ သူတကယ်ဘာလဲဆိုတာ မသိကြသေးလို့ပါ… သူက ဘယ်လိုလူမျိုးလဲဆိုတာ သိသွားကြရင် ဘယ်သူမှ သဘောကျတော့မှာ မဟုတ်ဘူး’’
‘’ ဒါပေမယ့်… မင်းပြောကြည့်လေ… မင်းတွေ့နေတာပဲ မဟုတ်လား..’’
ကျန်းဇီမော့ စတိခ်တစ်တုံးကိုယူပြီး ဝါးလိုက်သည်။
‘’ သူ့ရဲ့ အကျင်စရိုက်အစစ်အမှန်ကို ဘယ်တော့မှ သိရမလဲဆိုတာ ငါမသိဘူး… အခုတော့ အားလုံးက သူ့ကိုသဘောကျနေတယ်…အဲ့ဒါက ငါ့ကိုအမှားတွေလုပ်နေတယ်လို့ခံစားမိပြီး ရွံဖို့ကောင်းစေတယ်... ‘’
‘’ မဟုတ်ပါဘူး… အဲ့အကြောင်းကိုတွေးမနေနဲ့တော့… မင်းက စိတ်ကောင်းရှိတဲ့သူပဲကို… ဘယ်လိုလုပ်ပြီးစိတ်ရှုပ်ခံနေရတာလဲ… ဝမ်မင်ယီ အကြောင်းတွေးမနေနဲ့တော့… ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိပါတယ်… အခု လူဘယ်နှစ်ယောက်လောက် သူ့ကိုသဘောကျနေပါစေ အနာဂတ်မှာ အဲ့ဒီလူတွေအားလုံးက သူ့ကို စိတ်ရှုပ်စရာလို့မြင်လာကြလိမ့်မယ်… မင်းစောင့်ကြည့်နေရုံပဲ’’
ကျန်းဇီမော့ ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။
‘’ မင်းဘာလုပ်မလို့လဲ...’’
ဝမ်ပေါ် အပြုံးလေးဖြင့်
‘’ မင်း ဂရုစိုက်ဖို့မလိုပါဘူး… အရင်စားလိုက်ပါဉီး… ဒီလိုအရာတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ခံမနေနဲ့....’’
ထိုစကားကို ကျန်းဇီမော့ ကြားသည့်အခါ ဘာမှ ထပ်မမေးတော့ဘဲ အေးအေးဆေးဆေး စားလိုက်သည်။
စားပြီးသည့်နောက် ဝမ်ပေါ်က ကျန်းဇီမော့ကို အိမ်ပြန်ပို့သည်။ သူက ကားပေါ်တွင် ထိုင်ရင်း ဝမ်မင်ယီအကြောင်း တွေးသည်။ အကြာကြီး စဉ်းစားပြီးနောက် သူက ဖုန်းထုတ်ကာ ဆက်လိုက်သည်။
ရှုကျင်းကျဲက ဟိုတယ်တွင် အနားယူနေစဉ် ဖုန်းမြည်သံကို ကြားသည်။ ခေါ်သူနာမည်ကို ကြည့်ပြီးနောက် ဖုန်းလက်ခံလိုက်သည်။
“ဝမ်ရှောင်က ငါ့ကို ဖုန်းဆက်ဖို့ သတိရသေးတယ်ပေါ့...”
ရှုကျင်းကျဲက ဟာသနှောသည်။
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ နှစ်ရက်လောက်နေရင် သွားသောက်ကြရအောင်”
“အင်း” ရှုကျင်းကျဲက ပြောသည်။ “အချိန်ပြောလေ ဝမ်ရှောင်။ ငါလာခဲ့မယ်”
“ဟုတ်ပြီ။ ဒါနဲ့ လတ်တလောမှာ “the fate of pets”ဆိုတဲ့ ပြဇာတ် လုပ်ဖြစ်သေးလား”
“အင်း”
“မင်းအဖွဲ့ထဲမှာ ဝမ်မင်ယီဆိုတဲ့သူ ရှိတယ်မလား...”
ရှုကျင်းကျဲက ပြုံးရင်း ပြောသည်။
“ဝမ်ရှောင်က သူ့ကို စိတ်ဝင်စားနေတာလား...”
ဝမ်ပေါ်က ခပ်သာသာပြောသည်။
“နောက်နေတာလား။ ငါက ကန်းနေလို့လား ငါက အဲလိုလူမျိုးကို စိတ်ဝင်စားလို့”
“ကြည့်ရတာ သူက ငါတို့ကို ဒေါသထွက်အောင် လုပ်ခဲ့တာပဲ...”
ဝမ်ပေါ်က ခေါင်းငုံ့ကာ ရယ်သည်။
“ကျင်းကျဲ၊ ဒါရိုက်ကျန်းရဲ့ ဇာတ်ကားအသစ်မှာ ရိုက်ဖို့ ဆွေးနွေးနေတာမလား။ ငါ့မိသားစုက အဲ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံလိမ့်မယ်။ အဲ့အခါကျ ငါမင်းကို ဖုန်းဆက်လိုက်မယ်လေ...”
ရှုကျင်းကျဲ မျက်ခုံးတွေ မြင့်တက်သွားသည်။ လောကကြီးမှာ အလကားရတာ ဘာဆိုဘာမှ မရှိပါလား။ ဝမ်ပေါ်က သည်လောက်ကောင်းတဲ့ မက်လုံးကို ပေးနေမှတော့ သူ့ဘက်ကတော့ ပြတ်သည်။
“ဝမ်မင်ယီကို နည်းနည်းပါးပါး ဆုံးမပေးရမှာလား...”
“ဟုတ်တယ်”
“ဝမ်ရှောင်က ဘာဖြစ်လို့ ကိုယ်တိုင် မလုပ်တာလဲ...”
“သူ့အတွက်နဲ့ ငါက ကိုယ်တိုင်လုပ်ဖို့ တန်လို့လား...” ဝမ်ပေါ် မဲ့ပြီးဆက်ပြေလိုက့သည်။
“အဲဒါတင်မကသေးဘူး။ ငါက မင်းနဲ့ ပတ်ဝန်းကျင် မတူဘူးလေ။ မင်းက သူနဲ့ တူတူ ရိုက်နေတာမို့လို့ မင်းလုပ်တာက ပိုအဆင်ပြေတယ်လေ...”
“သူက ကျောက်ယန်ကနော်.. ဒီပြဇာတ်က ကျောက်ယန်က ထောက်ပံ့တာ။ ယန်ဖေးဖေးလည်း ပါတယ်”
“အဲဒီတော့...” ဝမ်ပေါ်ကဆက် ပြောလိုက်သည်။
“မပူပါနဲ့ ဒီလိုလူသစ်အတွက်နဲ့ ကျောက်ယန်က မင်းကို ပြဿနာရှာမှာ မဟုတ်ပါဘူး။ ပြီးတော့ မင်းက ပေါ်ပြူလာဖြစ်တာပဲလေ... ဘာကြောက်စရာလိုလဲ မင်းလို စတားတစ်ယောက်က တက်သစ်စ ရှိုးအဆိုတော်ကို ကြောက်တယ်လို့တော့ မပြောနဲ့နော်... အဲလိုဆိုရင်တော့ ကျင်းကျဲက ဒီပြဇာတ်ကို ညွှန်ကြားဖို့ မသင့်တော်ဘူးထင်တယ်...”
ရှုကျင်းကျဲက သတိထားနေခြင်းလျော့သွားသည်။
“မင်း နောက်နေတာ မဟုတ်ဘူးပဲ”
“ဟုတ်တယ်။ မပူပါနဲ့ ကျင်းကျဲ... မင်း ငါ့ကို ကူညီရင် ဒါရိုက်တာကျန်းရဲ့ ရုပ်ရှင်ကျ ငါ ကူညီမယ်။ ဒါတင်မကသေးဘူး... မင်း ကျောက်ယန်နဲ့ ဒီတစ်ခါပဲ တွဲလုပ်ချင်တယ်၊ နောက်တစ်ခါ မလုပ်ချင်တော့ဘူး။ မင်း ကျောက်ယန်ကို ဂရုစိုက်နေစရာ လုံးဝ မလိုဘူးကွာ...”
“ငါသိပါတယ်”
“မင်းဆီက သတင်းကောင်းကို ငါမျှော်နေမယ်...”
ဝမ်ပေါ်က ဖုန်းချလိုက်သည်။
ရှုကျင်းကျဲက ဆိုဖာပေါ်တွင် အကြာကြီး ထိုင်နေပြီးမှ လက်က ဖုန်းကို ချလိုက်သည်။ ရှန့်ချန်ဇီက ဝမ်မင်ယီကို သူ့ရှေ့တွင် အနိုင်ကျင့်သည့်အခါ သူက ဝင်ပြောဖို့ ပျင်းရိနေခဲ့သည်။
သို့သော် ဝမ်ပေါ့်စကားက ရှင်းသည်။ ဒါရိုက်တာကျန်းရဲ့ ဇာတ်ကားတွင် သူက သရုပ်ဆောင်ပေးမည်ဟု ဝမ်ပေါ့်ကို ကတိပေးထားသည်။ ဝမ်ပေါ့်စကားကို သူငြင်းလိုက်ပါက ဝမ်ပေါ် ရန်ရှာမည်မှာ ဝမ်မင်ယီသာမဟုတ်၊ သူပါ ပါသွားမည်။ ရှုကျင်းကျဲက ဝမ်ပေါ်ကို အတိုက်အခံ မလုပ်ချင်သလို လုပ်လည်း မလုပ်ရဲ။ ထို့ကြောင့် သူ့မှာ လုပ်စရာ တစ်ခုတည်းသာရှိသည်။ ဝမ်ပေါ့်စကားကို နားထောင်ရန်ဖြစ်သည်။
“ဝမ်မင်ယီက ငယ်သေးတယ်...ငယ်ပြီး လူတွေနဲ့ အတိုက်အခံလုပ်နေတယ်။ ရှန့်ချန်ဇီလည်း ဘာထူးလဲ....”
သူ့အတွက် အသီးခွဲပေးနေသည့် လက်ထောက် ဝမ်ရန်က ခေါင်းမော့ကာ မေးသည်။
“ဝမ်မင်ယီကို ပြောတာလား။ နေ့လည်တုန်းက ရှန့်ချန်ဇီနဲ့ သူနဲ့ တွေ့သေးတယ်တဲ့။ သူ့ပုံစံက လူတွေနဲ့ ကတောက်ကဆဖြစ်မယ့်ပုံ မပေါ်ပါဘူး...”
“ဟုတ်တယ် သူ့ကို အမှန်တရားသိသွားအောင် နည်းနည်းဆုံးမပေးရမယ်”
လက်ထောက်က ခေါင်းညိမ့်သည်။ “အစ်ကိုရှုပြောတာ မှန်တယ်”
ရှုကျင်းကျဲက ဖုန်းကို ဘေးချကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။ အိပ်ယာမဝင်ခင် သူ့လက်ထောက်ကို မှာသည်။ “ဝမ်မင်ယီရဲ့ နောက်ကြောင်းကို စုံစမ်းလိုက်”
“ဟုတ်ကဲ့” လက်ထောက်က ဖြေသည်။
ညနေတွင် ရှုကျင်းကျဲက လက်ထောက်ဆီမှ အစီရင်ခံစာ ရရှိသည်။ ဝမ်မင်ယီ၏ မိဘများသည် တစ်နှစ်ပတ်လုံး အိမ်တွင် မရှိသောကြောင့် သူသည် အိမ်နီးချင်းအိမ်လက်တွင် ကြီးပြင်းလာရသည်။ သူ အထက်တန်းရောက်သောအခါ အိမ်နီးချင်းအိမ်နှင့် ဆက်ဆံရေးမကောင်းသောကြောင့် တစ်ယောက်တည်း အိမ်ခွဲနေသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အမှတ်ကောင်းကောင်းနှင့် အောင်သည်။ သူ၏ ပွဲဦးထွက် “flying youth”အပြီးတွင် ကျောက်ယန်နှင့် စာချုပ်ချုပ်ပြီး “strange fate of pets”တွင် ပါဝင်မည် ဖြစ်သည်။
သူ့နောက်ကြောင်းတွင် မှတ်သားလောက်စရာ တစ်ခုမှ မရှိ။ အထူးဆုံးကို ပြောရလျှင် “liberal arts champion”ဟူသည့် ဆုဖြစ်သည်။ ၎င်းသည် အနုပညာလောကတွင် အပေါ်ယံသာ ဖြစ်သည်။ ၎င်းမှလွဲ၍ သူ့တွင် ဘာမှမရှိ၊ ဘဝဆိုးသည်ဟူ၍ပင် ပြော၍ရသည်။ မိဘအုပ်ထိန်းမှု မရှိ၍ လျန်ဖုန့်ကို မသိနိုင်။ အနုပညာလောကထဲ ဝင်လာသည်မှာ ပိုက်ဆံကြောင့် ဖြစ်နိုင်သည်။
ဤသို့သော နောက်ကြောင်းမျိုးနှင့်လူကို သူတစ်ခုခု လုပ်လိုက်လျှင်တောင် သူ့မှာ အရှုံးမရှိသည်ကို တွေးကာ ရှုကျင်းကျဲ စိတ်သက်သာရာရသွားသည်။ သူ သေသည်အထိ အလုပ်လုပ်ရင်တောင် ကျောက်ယန်က ကျေနပ်မည်မဟုတ်။ သို့သော် ၎င်းက အရေးမပါ။ ဝမ်ပေါ်ပြောသည်မှာ မှန်သည်။ သူက ဇာတ်လမ်းတိုင်း ကျောက်ယန်နှင့် တွဲလုပ်စရာမလို။ ဟန်ဖေးဖေးက သူ့ကို ဖိအားပေး၍သာ။
သူနှင့် သူ့အေးဂျင့်မှာ စိတ်ပျက်လှပြီ။ အရင်ကတည်းက တွဲမလုပ်တော့ရန် စဉ်းစားဖူးသည်။သူက စိတ်သက်သာသွားပြီး မနက်ဖြန်တွင် ဝမ်မင်ယီကို သတ်ရန်(ဒုက္ခပေး) အစီအစဉ်ကို သူ့လက်ထောက်ပြောတာ နားထောင်လိုက်သည်။
ဤအချိန်တွင် ဝမ်မင်ယီကတော့ ဘာမှ မသိပေ။
သူက စစ်ကျွင်းတောက်လက်ထဲက ကြောင်တုတ်ချောင်းကိုသာ ကြည့်ပြီး သူ့ကြောင်မျက်လုံးများက ဇဝေဇဝါဖြစ်နေသည်။
စစ်ကျွင်းတောက်က သူ့လက်ထဲက တုတ်ချောင်းကို လှုပ်ကာ သူ့ကို ပြောသည်။
“ကြောင်တွေက ဒါနဲ့ ဆော့ရတာ ကြိုက်တယ်လို့ အင်တာနက်မှာ တွေ့တာပဲ”
ဝမ်မင်ယီ:"...." ငါက ကြောင်အစစ်မဟုတ်ဘူး။ ကြောင်တုတ်ချောင်းကို မလိုချင်ဘူး...
စစ်ကျွင်းတောက်က ကြောင်တုတ်ချောင်းကို လှုပ်ပြသည်။ ဝမ်မင်ယီက အေးစက်စက်ကြည့်ပြီး တုတ်ချောင်းထိပ်က ငှက်မွှေးကို ဖမ်းချင်နေသည့် သူခန္ဓာကိုယ်ရဲ့ တောင်းဆိုမှုကို ချုပ်တည်းထားသည်။ သို့သော် တုတ်က လှုပ်လေလေ၊ သူ့ရဲ့ ကြောင်ဗီဇကို မထိန်းနိုင်တော့ဘဲ ငှက်မွှေးကို ဖမ်းရန် ပြေးထွက်လာတော့သည်။