အခန်း ၆၅၅
သဘောထားကွဲလွဲမှု...
ရှောင်ယု၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်များ ထွက်ပေါ်နေလေသည်။သူ့လက်ထဲမှ ဓားမှလည်း ကြယ်တစ်ပွင့် အလားတောက်ပနေ၏။ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက အသက်ရှူများပင် ရပ်တန့်နေမိကြသည်။ရှောင်ယု၏ ပြိုင်ဘက်က သူတော်စင်သားတော် ဖြစ်နေသောကြောင့် ဝင်ရောက်စွတ်ဖတ်သူ တစ်ယောက်မှ ရှိမနေပေ။
ကောင်းကင်နွေဦး သူတော်စင်သားတော်က အဆင့်အတန်း မြင့်မားပြီး သူ့၏ ကျင့်ကြံမှု အဆင့်ကလည်း ထူးခြားလှသည်။သူတို့၏ ပတ်လည်တွင်ရှိနေသော လူအုပ်ကြီးကို မဆိုထားနှင့် တခြား မည်သူမှ သူတော်စင်သားတော်နှင့် ဆက်ဆံမှုလုပ်ရန် စိတ်ကူးမရှိကြပေ။
ဘုန်း...
သူတော်စင်သားတော်က သူ့၏ လက်ဖဝါးကို နိမ့်ချလိုက်သည်နှင့် လေထုတုန်ခါလာပြီး အလင်းများ ပြန့်ကားလာသည်။သူ့လက်ထဲမှ ဓားက တုန်ခါလာသည်ကို ရှောင်ယု ခံစားလိုက်မိပြီး ပြုတ်ကျသွားတော့မလို ဖြစ်သွားသောကြောင့် မျက်ခုံးပင့်လိုက်မိသည်။
လေအလင်းအင်ပါယာမှ ထွက်လာခဲ့ပြီးနောက် ထူးခြားသော စွမ်းအင်များကို ပြသနိုင်ခဲ့သဖြင့် ကောင်းကင်ဗဟို သန့်စင်နယ်မြေမှ အကြီးအကဲက သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်။စွမ်းရည်များက တဖြေးဖြေးမြင့်တက်လာခဲ့ပြီး ကောင်းကင်ဗဟို သန့်စင်နယ်မြေတွင် ထူးချွန်သော လူတစ်ယောက်ဖြစ်လာခဲ့၏။
ကောင်းကင်နွေဦးသူတော်စင်သားတော်က အဆင့်အတန်းမြင့်မားပြီး သူ့၏ ကျင့်ကြံမှု အဆင့်ကလည်း ထူးခြားလှသည်။ထို့အပြင် ကောင်းကင်ဗဟို သန့်စင်နယ်မြေနှင့် နွေဦးကောင်းကင် သန့်စင်နယ်မြေတို့ရှိ သူတော်စင်များကလည်း အချင်းချင်းကောင်းမွန်သည့် ဆက်ဆံရေးရှိကြသည်။
ထိုသို့ဆိုလျှင် ကောင်းကင်နွေဦးသူတော်စင်သားတော်က ကောင်းကင်ဗဟို သန့်စင်နယ်မြေမှ ရှောင်ယုကို ဘာကြောင့်ဖယ်ရှားရန် ကြိုးစားနေသနည်း။ဒါကသာ အမှန်ဖြစ်မည်ဆိုလျှင် ထ်ိုအပြုအမူက အလွန်ပင် အဆင်အခြင်မဲ့သော လှုပ်ရှားမှု ဖြစ်ပေလိမ့်မည်။
ရှောင်ယု၏ အကြည့်များက ဓားသွားကဲ့သို့ စူးရှနေလေသည်။ကောင်းကင်နွေဦး သူတော်စင်သားတော်က မီးဖ်ိုခန်းဘက်ဆီမှ ထွက်ပေါ်လာသောပုံရိပ်များကို မြင်လိုက်မိပြီးနောက် ခဏမျှ ကြောင်အသွားသည်။
"ဘယ်လိုတောင် လွှမ်းမိုးနိုင်ပြီး အထင်ကြီးစရာကောင်းလိုက်တဲ့ တည်ရှိမှုမျိုးလဲ ငါက စီးပွားရေး သေးသေးလေးလုပ်နေတာပါ ဒါ့ကြောင့် ဒီလိုအထင်ကြီးစရာကောင်းတဲ့ စွမ်းအင်မျိုးကို ငါ့ရဲ့ ခေါက်ဆွဲဆိုင်လေး အပြင်ဘက်မှာ ပြသနိုင်မလား..."
ချွီရန်ချန်းဖုန်က လက်နှစ်ဖက်ကို နောက်ပစ်၍ လျှောက်လာသည်။သူ့၏ မျက်နာထားကလည်း တင်းမာခတ်ထန်နေ၏။သူခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း စွမ်းအင်များက ပို၍ တိုးမြင့်လာသည်။
အစားကြူးတောင်ကြား၏ ပထမအဆင့် စားဖိုမှူးတစ်ယောက်ဖြစ်သော ချွီရန်ချန်းဖုန်မှလည်း မြင့်မားသော အဆင့်အတန်းနှင့် စွမ်းအင်များရှိလေရာကောင်းကင်နွေဦး သူတော်စင် သားတော်ကို မကြောက်ရွံ့ပေ။
သူအနည်းငယ် အရိုအသေရှိသည်မှာ သူတော်စင်အဆင့်အတန်းကိုသာဖြစ်သည်။ခန့်ညားထည်ဝါလှသော ချွီရန်ချန်းဖုန် ဝင်ရောက်လာသည်နှင့် ရှောင်ယုပေါ်သို့ ကျရောက်နေသော ဖိအားများက လျော့ကျသွားပြီး သူ့၏ မျက်နာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"စားဖိုမှူး ချွီရန် ငါတို့ နောက်ဆုံးတွေ့ခဲ့တာတောင် တော်တော်ကြာပြီ...ငါ မင်းရဲ့ ကောင်းကင်မြှုပ်နှံခြင်းခေါက်ဆွဲကို တကယ်ကို သတိရနေမိတာ..."
သူတော်စင်သားတော်က ချွီရန်ချန်းဖုန်ကို အေးစက်စွာ လှည်ကြည့်၍ ပြောလိုက်သည်။အစားကြူးတောင်ကြားသည်လည်း လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးလက်အောက်ရှိ တခြားသန့်စင်နယ်မြေများနှင့် တန်းတူ အဆင့်အတန်းရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထို့ကြောင့် ထ်ိုသူက ပထမတန်းစား အဆင့် စားဖိုမှူးဖြစ်နေလေရာ သူ့ကိုလည်း လေးစားသမှု ပြုရပေမည်။
"မဟုတ်တာ ကောင်းကင်နွေဦးသူတော်စင်သားတော်သာ စားချင်တယ်ဆိုရင် ငါအခုချက်ချင်း ချက်ပေးနိုင်တာပေါ့...ဒါပေမယ့် အဲ့ဒီခေါက်ဆွဲကို ချက်ရတာက ရှုပ်ထွေးပြီးတော့ ချက်ရမယ့်အဆင့်တွေကလည်း တော်တော်လေးများတယ်...ကောင်းကင်နွေဦး သူတော်စင်သားတော် စောင့်ရမှာကိုပဲ စိတ်မရှည်ဖြစ်မိမှာ စိုးရွံ့မိပါတယ်..."
သူတော်စင်သားတော်က လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်မတ်ရပ်နေသည်။သူတော်စင်သားတော်၏ ဖိအားများအောက်တွင် သူ့၏ စားဖ်ိုမှူးဝတ်ရုံပင် ခန္ဓာကိုယ်အသားနှင့် ကပ်နေလေသည်။
ချွီရန်ချန်းဖုန်၏ စကားကို ကြားပြီးနောက် ကောင်းကင်နွေဦးသူတော်စင်သားတော်က အနည်းငယ်လှုပ်ရှားသွားသည်။သူ့၏ လက်ကို အသာလေးပင့်မြောက်လိုက်ရုံဖြင့် အားလုံး၏ နှလုံးခုန်သံများ မှားယွင်းသွားလေသည်။
"ကောင်းကင်နွေဦးသူတော်စင်သားတော်က တိုက်ခိုက်တော့မှာလား သူက အဲ့ဒီလိုလုပ်ဖို့ သတ္တိရှိတယ်ပေါ့...ဒါက အစားကြူးတောင်ကြားလေ...ကောင်းကင်နွေဦးသူတော်စင်သားတော်ကလည်း အစားကြူးနတ်ဘုရားစားသောက်ပွဲကို လာခဲ့တာမဟုတ်ဘူးလား...သူကတောင်ကြားရဲ့ ပထမတန်းစား အဆင့် စားဖိုမှူးကို သတ်ပြစ်လိုက်မယ်ဆိုရင် စားသောက်ပွဲကိုဘယ်လိုလုပ် ဆက်ကျင်းပတော့မလဲ..."
လူအားလုံးက ကောင်းကင်နွေဦး သူတော်စင်သားတော်၏ ကြောက်ရွံ့မှုမရှိပုံကို ထိတ်လန့်အံ့သြသင့်နေကြသည်။သူ့၏။လက်ဖဝါးက လျှပ်ပြတ် ကဲ့သို့ ချွီရန်ချန်းဖုန်ဆီသို့ ဝေ့ဝဲလာသည်။
ကောင်းကင်နွေဦးသူတော်စင်သားတော်က စိတ်ဆုံးဖြတ်လိုက်ပုံရသည်။သူသာ ချွီရန်ချန်းဖုန်ကို သတ်ချင်မည်ဆိုလျှင် မည်သူက တားရဲမည်နည်း။ချွီရန်ချန်းဖုန်၏ နှလုံးသားက တုန်ယင်သွားသည်။သူတော်စင်သားတော်က ထိုမျှ ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်လာမည်ကို သူမထင်ထားမိပေ။သူတော်စင်များနှင့် သူတော်စင်သားသမီးများ၏ အပြုအမူက တောင်ကြားထဲတွင် ပို၍ ရိုင်းစိုင်းလာလေသည်။
"တောင်ကြားသခင် အချိန်အတော်ကြာ ပျောက်ဆုံးသွားတာနဲ့ပဲ သူတို့ တောင်ကြားကို အလွယ်တကူ ပြုမူနိုင်ပြီလို့ ထင်နေတာလား..."
သူတော်စင်သားတော်၏ ရိုက်ချက်က သူ့၏ ပစ်မှတ်ကို ထိခံသည်တွင် ဆိုင်အပြင်ဘက်မှနေ၍ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ထိုရယ်သံက တင်းကျပ်နေသော လေထုကို အစိတ်စိတ်အမွှာမွှာပြိုကွဲသွားစေပြီး လူတိုင်း၏ ဝန်ထုပ်ဝန်ပိုးများကို လျော့ကျသွားစေသည်။
"အဲ့ဒါ ဘယ်သူလဲ..."
လူတစ်စု၏ ခေါင်းဆောင်က ခပ်ပွပွ ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ထိုသူက အလွန်တရာ ချောမောခြင်းမရှိသော်လည်း သူ့၏ ခန့်ညား ထည်ဝါလှသော အရှိန်အဝါများက ကြောက်စရာကောင်းလှသည်။
"ကောင်းကင်ဗဟို သူတော်စင်သားတော်က ဘယ်လိုကြောင့် ဒီကိုရောက်နေတာလဲ..."
ထိုသူက သူ့၏ သရုပ်မှန်အား ဖော်ထုတ်လိုက်သော သူအား တစ်ချက်လှမ်းကြည့်လိုက်သည်။ကောင်းကင်နွေဦး သူတော်စင်သားတော်က ကောင်းကင်ဗဟ်ို သန့်စင်နယ်မြေမှ ထိပ်တန်းပါရမီရှင် တစ်ယောက်ကို တိုက်ခိုက်ရန် ကြံစည်နေစဉ်မှာပင် ကောင်းကင်ဗဟ်ို သူတော်စင်သားတော်တစ်ယောက်ထွက်ရှိလာသည်။ကြည့်ရသည်မှာ ထူးခြားသော ဆက်သွယ်မှုမျိုးရှိပုံရလေသည်။
"အော် ညီအကို လျန်ချိမ်ပါလား...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ..."
ကောင်းကင်နွေဦးသူတော်စင်သားတော်က သူ့၏ ထိန်းချုပ်မှုတစ်ခုကို ပြသလ်ိုက်ရုံဖြင့် ရောက်ရှိလာသော ကောင်ကင်နွေဦးသူတော်စင်သားတော်ကို လက်ဖဝါးဆုတ်၍ နှုတ်ဆတ်လိုက်သည်။
လျန်ချိမ်ကလည်း ထိုသူအတိုင်း ပြန်လည် နှုတ်ဆတ်လိုက်သည်။သူတို့တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိပုံရလေသည်။
"ညီအကို လျန်ချိမ် ဒီကို ရောက်လာပြီဆိုမှတော့ ညီအကိုကို မျက်နာသာပေးတဲ့ အနေနဲ့ ဒီကောင်လေးကို ခွင့်လွှတ်လိုက်ပါမယ်..."
ကောင်းကင်နွေဦးသူတော်စင်သားတော်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် ရှောင်ယုကို ဖြတ်လျှောက်သွားလိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများကလည်း အထင်သေးဟန်ဖြင့် ကွေးညွှတ်သွားပြီး ရှောင်ယုကို မျက်လုံးများ မှေးစင်း၍ ကြည့်လိုက်သည်။
ထို့နောက် သူ့၏ အကြည့်များက ထ်ိုနေရာ၌ တိတ်တဆိတ် ထိုင်နေသော ရှောင်ယ ပေါ်သို့ ကျသွားပြီး မျက်မှောင်ကြုတ်သွားသည်။သူရှောင်ယဆီမှ တစ်စုံတစ်ရာကို အာရုံခံမိလိုက်သလိုမျိုး စူးစိုက်၍ ကြည့်နေလေသည်။
"ဒီကလေးမလေးကို ကြည့်ရတာ တခုခု ထူးဆန်းနေတယ်..."
ထိုသို့ ပြောလိုက်ပြီးသည်နှင့် ကောင်းကင်နွေဦး သူတော်စင်သားတော်က ရှောင်ယကို ထိရန် လက်ဆန့်ထုတ်လိုက်သည်။ထ်ိုအပြုအမူကို မြင်လိုက်သည်နှင့် ရှောင်ယု၏ နှလုံးသားက တုန်ယင်သွားပြီး သူ့နောက်ကျောမှ ဓားကို တစ်ဖန် ပြန်ဆွဲထုတ်လိုက်၏။
"ရပ်လိုက်စမ်း..."
ရှောင်ယု ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဝီ...
ရှောင်ယု၏ လှုပ်ရှားမှုက ကောင်းကင်နွေဦး သူတော်စင်သားတော်နောက်တွင် ပါလာသော လူနှစ်ယောက်၏ တားဆီးပိတ်ပင်ခြင်းကို ခံလိုက်ရသည်။
ထိုအကူနှစ်ယောက်က သူတို့၏ ဓားရှည်များမှ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး ရှောင်ယု၏ အရှေ့၌ ပိတ်ဆို့လိုက်သည်။သူတော်စင်သားတော်က ရပ်တန့်သွားခြင်းမရှ်ိပဲ ကလေးမလေးကို ဖမ်းဆီးရန် ဆက်လက် လုပ်ဆောင်လိုက်သည်။
သွယ်လျသော လက်တစ်ဖက်က သူတော်စင်သားတော်၏ လက်ကို လာရောက်တားဆီးလိုက်လေသည်။သူတော်စင်သားတော် အေးခဲသွားပြီး အံ့အားတသင့် မော့ကြည့်လိုက်လေရာ သူရင်းနီးကျွမ်းဝင်နေသော မျက်နာကို တွေ့လိုက်ရသည်။
"ငါ့ကို ဘယ်လိုတောင် နှောက်ယှက်ရဲတာလဲ...မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ..."
သူတော်စင်သားတော်က သူ့ကို အေးစက်စွာ ပြောလိုက်သည်။ပုဖန်က သူ့ကို တစ်ချက်မျှ စောင်းကြည့်လိုက်ပြီးနောက် သူ့၏ အားနေသော လက်တစ်ဖက်ပင် ရှောင်ယ၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်ပြီး သူ့နောက်ကွယ်သို့ ဆွဲသွင်းလိုက်သည်။
"မင်းက ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာလေ...ကိုယ့်ကိုကိုယ် သူတော်စင်သားတော်လို့ ခေါ်နိုင်သေးလား..."
ပုဖန် ထိုသူ၏ လက်ကို ပြန်လွှတ်ပေးလိုက်သည်။သူတော်စင်သားတော်က ပုဖန်ကို အေးစက်စွာ ကြည့်နေလေသည်။
"မင်းက တအားသတ္တိရှိတာပဲ...ဒါပေမယ့် မင်းက ငါ့ကို စကားပြောဖို့ အဆင့်မမီဘူး..."
သူတော်စင်သားတော်က လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်မတ်ရပ်လိုက်ပြီး ပုဖန်ကို အထင်အမြင်သေးစွာကြည့်လိုက်သည်။ထို့နောက် နှုတ်ခမ်းထောင့်စွန်းလေးများ အသာအယာ တွန့်ကွေးသွား၏။
သူပုဖန်ကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး ဆိုင်အတွင်းပိုင်းသို့သာ ဝင်သွားလိုက်သည်။ပုဖန်က ထိုသူ၏ ဇောင့်ကြွားကြွားပုံစံကို တစ်ချက်မျှသာကြည့်လိုက်သည်။သူ့၏ မျက်နာက ခံစားချက်ကင်းမဲ့ဆဲပင်ဖြစ်သည်။သူ ရှောင်ယ၏ ခေါင်းလေးကို အသာအယာပုတ်လိုက်ပြီး သက်ပြင်းအသာချလိုက်သည်။ချွီရန်ချန်းဖုန် ပုဖန်နားသို့ လျှောက်လာလိုက်ပြီး မျက်မှောင်ကြုတ်၍ ခပ်တင်းတင်းပြောလိုက်သည်။
"သူငယ်ချင်းလေး ဆ်ိုင်ထဲက ထွက်သွားတော့ မင်းက သူတော်စင်သားတော်ကို နှောင့်ယှက်လိုက်မိပြီ...ဒီလ်ိုမဟုတ်ဘူးဆိုရင်လည်း မင်း ငါဆိုင်ထဲမှာပဲ နေလိုက်...သူက မောက်မာထောင်လွှားတယ်ဆ်ိုပေမယ့် ငါ့ရဲ့ အရှေ့မှာ တစ်ယောက်ယောက်ကို သတ်လိုက်မယ်မထင်ဘူး..."
ကောင်းကင်နွေဦးသူတော်စင်သားတော်က သူ့ကို ရန်စသည့် မည်သူ့ကိုမဆို လက်မနှေးပဲ လက်စားချေလိုသောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။သူ့လက်အောက်တွင်ရှိနေသော အကူသုံးယောက်ကလည်း ရက်စက်ကြမ်းကြုတ်လှသော ဓားသွားသုံးလက်နှင့် တူသည်။
ထိုသူများက မြောက်များလှစွာသော သူများကို ရက်စက်ကြမ်းကြုတ်စွာ အညှာတာမဲ့သတ်ဖြတ်ခဲ့သည်။ရှောင်ယုပင်လျှင် ထိုသူနှစ်ယောက်၏ သတ်ဖြတ်မှုကို ခံရလုနီးပါးဖြစ်ခဲ့သည်။
"ရပါတယ်...အဲ့ဒီလောက်လည်း မလ်ိုအပ်ပါဘူး..."
ပုဖန်က စားပွဲတစ်ခုတွင်ဝင်ထိုင်နေသော သူတော်စင်သားတော်ဘက်သို့ တစ်ချက်မျှ လှည်ကြည့်လိုက်ပြီးနောက် ရှောင်ယကိုခေါ်၍ ဆိုင်ထဲမှ ထွက်သွားလေသည်။
ချွီရန်ချန်းဖုန်၏ ခေါက်ဆွဲဆိုင်လေးက သူတော်စင်သားတော်၏ သတ်ဖြတ်လိုစိတ်များကို ချေမှုန်းနိုင်ပါမည်လား။သူ့၏ အကြည့်ထဲတွင် မသေချာမရေရာမှုများရှိနေလေသည်။
သို့သော်လည်း ပုဖန် ဆ်ိုင်ထဲမှ ထွက်သွားရန် ရွေးချယ်လိုက်ခြင်းမှာ ချွီရန်ချန်းဖုန်၏ စွမ်းဆောင်ရည်ကို သံသယရှိနေသောကြောင့် မဟုတ်ပေ။ရှောင်ယ၏ ကိုယ်ထဲတွင် ကြောက်စရာကောင်းသော တည်ရှ်ိမှု တစ်ခုရှိနေပြီး သူတော်စင်သားတော် ထွက်ပေါ်လာပါက ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ပေ။
အကယ်၍ သူတော်စင်သားတော်က သူတို့ကို သတ်ဖြတ်ဖို့ ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် လုပ်ပစေ။တံခါးနားတွင် ရပ်နေသော အစောင့်နှစ်ယောက်က ပုဖန်နှင့် ရှောင်ယကို လေးလေးနက်နက် စိုက်ကြည့်နေကြသည်။ပုဖန်လည်း ထိုသူများကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုတော့ပေ။သူတို့နှစ်ယောက်သား လူအုပ်ကြီးထဲသို့ ရောနှောပျောက်ကွယ်သွားလေသည်။
ထို့နောက် လူအုပ်ကြီးထဲမှ လှပလှသော အသွင်အပြင်တစ်ခုထွက်ပေါ်လာလေသည်။၎င်းက မြစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိလှသော ရုပ်ရည်ဖြင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမကို မြင်သည်နှင့် အစောင့်များအားလုံးက အံ့သြသင့်စွာ ကြည့်လိုက်ကြပြီး ဦးညွှတ်လိုက်ကြသည်။
ထိုအမျိုးသမီးက ပုဖန်ထွက်သွားရာသို့ ကြည့်လိုက်ပြီး လှောင်ပြောင်ဟန် ပြုံးလိုက်သည်။
"သူက သူတော်စင်သားတော်ကို နှောက်ယှက်ပြီးတဲ့ နောက်တောင်မှ ထွက်သွားနိုင်သေးတယ်လို့ ထင်နေတာလား...တအားကို နုနယ်တာပဲ... ရွှစ်..."
ထိုအမျိုးသမီး ပြောပြီးသည်နှင့် အစိမ်းရောင်အလင်းတစ်ခုတောက်ပသွားပြီး ထ်ိုအမျိုးသမီး၏ စွမ်းဆောင်မှုရှိသော ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။ရှောင်ယုက ကြင်နာစွာ ပြုံးနေသော ကောင်းကင်ဗဟ်ို သူတော်စင်သားတော်ကို ကြည့်လိုက်သည်။
ထိုသူက ရှောင်ယု၏ ပုခုံးကို ပုတ်လိုက်ပြီး အကြံဉာဏ်ကောင်းများ ပေးရန် ကြိုးစားနေပုံရလေသည်။
"ဂျူနီယာယု အစားကြူးတောင်ကြားက ကျင်းပမယ့် အစားကြူးနတ်ဘုရားစားသောက်ပွဲက မင်းရဲ့ ကျွမ်းကျင်မှု တစ်ချို့ကို ချိန်ညှ်ိနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပဲ...မင်းတခြားသူတွေကို အနှောက်အယှက်မပြုသင့်ဘူး...အထူးသဖြင့် ဆက်ဆံလိုမရေအောင် ဆိုးရွားနေတဲ့ သူတွေကိုပေါ့ ...ဒါက မင်းရဲ့ စီနီယာအနေနဲ့ မင်းကို ပေးနိုင်တဲ့ အကောင်းဆုံး အကြံဉာဏ်ပဲ သတ်ိထားပါ..."
ရှောင်ယုက နှာခေါင်းရှုံ့လိုက်ပြီးနောက် ကောင်းကင်ဗဟို သူတော်စင်သားတော်၏။ လက်မှ တွန့်လိမ်၍ ရုန်းလိုက်သည်။ထို့နောက် ခေါက်ဆွဲဆိုင်ထဲမှ ထွက်ခွာသွားလေသည်။
ကောင်းကင်နွေဦး သူတော်စင်သားတော်က ဆိုင်ထဲသို့ ဝင်လာကတည်းက သူ့ကို အကြောင်းပြချက်မရှိ အပြစ်ရှာနေခဲ့ခြင်းဖြစ်သည်။ထိုအချင်းအရာက လျန်ချိမ်နှင့် ပတ်သတ်နေကြောင်း သံသယရှိစရာ မလိုပေ။
အဘယ့်ကြောင့်ဆိုသော် ထိုလျန်ချိမ်က သူ့၏ သူတော်စင်သားတော် ရာထူးကို သိမ်းပိုက်ခံရမည်အား ကြောက်ရွံ့ပြီး ရှောင်ယု၏ အရည်အချင်းကို မနာလိုခဲ့ပေ။ထိုသူက အမှန်ပင် မရိုးသားပေ။
ထိပ်တန်းအရည်အချင်းရှ်ိသူအဖြစ် အစားကြူးတောင်ကြားမှ ဖိတ်ကြားခြင်းခံထားရသော ရှောင်ယုသည်။ပုံမှန်အားဖြင့် သူနေထိုင်မှုအတွက် တည်းခိုစရာနေရာ ပေးအပ်ခံထားရပြီးဖြစ်သည်။သူ ခေါက်ဆွဲဆိုင်မှ ထွက်လာသည်နှင့် ထ်ိုနေရာသို့ ဦးတည်သွားလိုက်သည်။
သို့သော်လည်း သူသွားနေစဉ်မှာပင် သူ့ပတ်ဝန်းကျင်ရှ်ိ ဆူညံသံများက တိတ်ဆိတ်သွားသည်။လင်းထိန်နေသော ကောင်းကင်ကြီးက မှိန်ဖျော့သွား၏ ဆောင်းလေအေးများ တ်ိုက်ခတ်လာပြီး တဖြုတ်ဖြုတ်ကြွေကျလာသော သစ်ရွက်များက ဝေ့ဝဲသွားကာ မြေပြင်ပေါ်သို့ ဆင်းက်လာသည်။
ရှောင်ယု၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။သို့သော်လည်း သူ့၏ အော်ရာများက ဓားသွားကဲ့သို့ တရှိန်ထိုးထိုးတက်လာ၏။သူ့၏ ဓားသွားကဲ့သို့ စူးရှလာသော မျက်ဝန်းများကလည်း ရှေ့တူရှုသို့ စူးစိုက်ကြည့်နေသည်။
တိမ်မဲများ စုစည်းလာပြီး မိုးဖွဲလေးများ ကျဆင်းလာသည်။မိုးရွာချလ်ိုက်မှုက ပတ်ဝန်းကျင်အနေအထားတစ်ခုကို ပြောင်းလဲသွားစေ၏။ထက်မြေ့လှသော ဓားတစ်စင်းဖြင့် လေထုကို ထိုးမွှေလိုက်သကဲ့သို့ မိုးသံလေသံများ ပဲ့တင်ထပ်နေလေသည်။