အပိုင်း ၆၅၆
Viewers 62k

အခန်း ၆၅၆

ဘော့စ်ပု ငါ့ကိုခေါက်ဆွဲတစ်ပွဲလောက်ပေးပါ...


ပုဖန် ရှောင်ယကို ခေါ်ဆောင်၍ လမ်းမတစ်လျှောက် အေးဆေးစွာ လျှောက်လှမ်းလာခဲ့သည်။ထိုအချိန်တွင် ကောင်းကင်ပေါ်မှ မိုးဖွဲလေးများ ကျဆင်းလာခဲ့သည်။ထိုမိုးက ရုတ်တရက်ဆန်သလိူ ထူးလည်းထူးဆန်းလှ၏။


အခိုက်အတန့်လေးမှာပင် လမ်းမတစ်လျှောက်တိုက်ခတ်နေသော လေများက အရိုးထိ အေးစိမ့်မတက် အေးခဲလာလေသည်။ပုဖန် ရုတ်တရက် ခြေလှမ်းများ ကျဲပစ်လိုက်သည်။သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာသော ရှောင်ယကလည်း အနည်းငယ် ထိတ်လန့်စွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။


မိုးစက်မိုးပေါက်များ၏ အရှိန်က ပို၍ လျင်မြန်စွာဖြင့် တဖြေးဖြေးပို မြန်ဆန်လာပြီး မြေပြင်ပေါ်သို့ ခုန်ပေါက်ကျဆင်းလာကြသည်။ထ်ိုခဏမှာပင် အကွာအဝေးတစ်ခုစီတွင် ခပ်ဖျော့ဖျော့ ပုံရိပ်တစ်ခု ပေါ်ထွက်လာလေသည်။


ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း သူမ၏ အစိမ်းရောင်ဝတ်ရုံက လှုပ်ခါသွားပြီး ဖြူဖွေးလှသောပေါင်သားများကို လှစ်ဟပြလာပုံမှာ မျက်စိမလွဲချင်စရာ ကောင်းလှသည်။


သူမ၏ ဆံနွယ်ရှည်များကလည်း ခန္ဓာကိုယ် တစ်ဝိုက် ဝေ့ဝဲနေ၏ သူမ၏ ပုံသဏ္ဍာန်က မိုးများကြားထဲ၌ ရုတ်တရက် ကျဆင်းလာသလိုပင်။ထိုအမ်ျိုးသမီး၏ ကွေးညွှတ်နေသော ထူပျစ်ပျစ် နှုတ်ခမ်းထက်တွင် အထင်အမြင်သေးမှုနှင့် မထီမဲ့မြင်ဟန်ကို အထင်သားဖော်ကြူးထားပေသည်။


သူမက အစိမ်းရောင်လည်ရှည်ဖိနပ်က်ို ဝတ်ဆင်ထား၏ ထိုဖိနပ်က သူမ၏ ခြေသလုံးသားတစ်ဝက်ခန့်ကို ဖုံးလွှမ်းထားသော်လည်း ကျန်ရှိနေသေးသော အသားတစ်ဝက်မှာ သိသာထင်ရှားလွန်းစွာ တောက်ပနေလေသည်။


သူ့၏ လက်ထဲတွင် ပါးလွှသော ဓားရှည်တစ်ချောင်းကို ဆုပ်ကိုင်ထားသည်။ထိုဓားပျံက အသံမထွက်ပဲ တုန်ခါနေလေသည်။အမျိုးသမီးက မျက်တောင်ရှည်များကို ပင့်မလိုက်ပြီး လမ်းမအလယ်တွင် ရပ်နေသော ပုဖန်ကို ကြည့်လိုက်သည်။


"အရှင်သခင်ကို အနှောက်အယှက်ပေးပြီးတော့မှ ထွက်သွားဖို့ စဉ်းစားနေသေးတယ်ပေါ့..."


အမျိုးသမီး၏ ညှင်သာနူးညံ့လှသောအသံက စီးဆင်းထွက်ပေါ်လာသည်။ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီး သူမကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


"ကောင်းကင်နွေဦး သူတော်စင်သားတော်က တကယ်ပဲ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ်လား...အဲ့ဒီတစ်ယောက်က လက်စားချေနိူင်ဖို့ မျှော်လင့်ထားတယ်လား..."


သို့သော်လည်း သူမဒီနေရာသို့ ရောက်လာပြီဆိုမှတော့ ပုဖန် ထိုအမျိုးသမီးကို သတ်ပစ်ဖို့သာ လိုအပ်ပေသည်။ပုဖန် သက်ပြင်း အသာမှုတ်ထုတ်လိုက်သည်။သူ့၏ လက်ကောက်ဝတ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ရွှေနဂါးအရိုး မီးဖ်ိုချောင်သုံးဓား ပေါ်လာသည်။သူ့၏ အစစ်အမှန် စွမ်းအင်များကို ထည့်သွင်းလိုက်သည်နှင့် နားကွဲလောက်ဖွယ် နဂါးတစ်ကောင်ဟိန်းဟောက်သံမျိုး ထွက်ပေါ်လာ၏။


သေးငယ်သော အနက်ရောင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက ရွှေရောင် အဖြစ်တောက်ပလာပြီးနောက် သူ့ပုခုံးထက် တင်လိုက်သည်။ကလေးမလေးရှောင်ယက ပုဖန်နောက်တွင် ပုန်း၍ တိတ်တဆိတ်သာကြည့်နေလေ၏။


ပတ်ဝန်းကျင်လေထု အခြေအနေက ရုတ်တရက် ပြင်းထန်လာပြီး ရက်စက်ကြမ်းကြုတ်မှုများ လွှမ်းခြုံလာလေသည်။အစိမ်းရောင် အမျိုးသမီးက ပုဖန်၏ လှုပ်ရှားမှုများကို မျက်တောင်မခတ် ကြည့်နေရင်းမှ သူမ၏ နှုတ်ခမ်းလေးများ စုဝိုင်းသွားပြီး အတောမသတ်ရယ်မောလာလေသည်။


"ကောင်လေး နင်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ နင်က တကယ်ကြီး ခုခံချင်နေတာပေါ့ ဒါမှမဟုတ် တခြားအဓိပ္ပါယ်များရှိသေးလား...အဆင့် တစ်ဆင့်ပဲ ချိုးဖောက်ထားတဲ့ စွမ်းရည်ရှိတဲ့လူက ဒီတစ်ကြိမ် တကယ်ပဲ လွတ်မြောက်မယ်လို့ ထင်နေသေးတာလား.."


ထိုအမျိုးသမီး၏ စွမ်းရည်အဆင့်က သူတော်စင်သားတော်နဲ့ မယှဉ်နိုင်သော်လည်း တကယ့်ကို သန်မာလှသည်။သူမကလည်း မသေမျိုးဝိညာဉ်အဆင့် ပညာရှင်တစ်ယောက်ဖြစ်လေရာ လုံးဝ အားနည်းလိမ့်မည်မဟုတ်ပေ။


ပုဖန် စိတ်ထဲ၌ အနည်းငယ် ပူပန်မှုကို ခံစားရသော်လည်း သူ လုံးဝ မကြောက်ရွံ့ပေ။ထိုအမျိုးသမီး၏ စွမ်းအားက သန်မာလှသော်လည်း သူ့ကိုယ်ပိုင်နည်းလမ်းများရှိပေသည်။


အမျိုးသမီးက ပုဖန်နှင့် စကားပြောဆိုခြင်း လုံလောက်သွားပြီဟု တွေးလိုက်ပြီးနောက် သူမ၏ လက်ထဲမှ ဓားသွားက သူမ၏ တင်ပါးလွှဲရာအတိုင်း လွှဲယမ်းသွားလေသည်။


သူမ၏ လှုပ်ရှားမှုများက ကပြနေသလို ထင်ရလေသည်။ရုတ်တရက် သူမက မြေပြင်ကို ခြေထောက်ဖြင့် ထောက်ကန်လိုက်သည်။မိုးရေများက နှစ်ခြမ်းကွဲသွားပြီး ထိုအခိုက်အတန့်လေးမှာပင် အမျိုးသမီး၏ လှုပ်ရှားမှုများက ပို၍ မြန်လာသည်။သူမ၏ ဆံပင်များက လွင့်ခါနေ၏ သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေသော မျက်ဝန်းများက ပုဖန်၏ ခန္ဓာကိုယ်ကို မလွှဲတမ်းကြည့်နေသည်။


ထိုအခိုက်အတန့်တွင် အမျိူးသမီး၏ ဓားသွားက ပုဖန်၏။ရှေ့သ်ို့ ရောက်လာပြီဖြစ်သည်။ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ထမ်းထားဆဲ ဖြစ်ပြီး ပါးလွှာသော ဓားသွားကို သေချာစွာ ကြည့်နေ၏။


သူ့၏ ခံစားချက်မဲ့လှသော တည်ငြိမ်သည့် မျက်နာက အစိမ်းရောင်အမျိုးသမီးကို အနည်းငယ် မသက်မသာ ခံစားသွားရစေသည်။


"ဘယ်လိုဖြစ်ပြီး သူမက စိတ်မသက်မသာ ခံစားရစေတာလဲ..."


သူမ၏ ခံစားချက်က အဓိပ္ပါယ်မရှ်ိသလို ခံစားလိုက်ရသည်။သူမ၏ သန်မာမှုနှင့် ဆိုလျှင် အရှေ့တွင် ရပ်နေသော ပုရွတ်ဆိတ်သာသာ အဆင့်နှင့် ကောင်စုတ်လေးက ဖြေရှင်းရ လွယ်ကူသင့်ပေသည်။


မည်သို့ပင် ဆ်ိုစေကာမူ ပုဖန်က အလွန်တည်ငြိမ်နေလေရာ သူမက သူလက်ထဲတွင် အနိုင်ယူခံလိုက်ရသလို ခံစားမိစေ၏ ။


"သူ့လက်ထဲမှာ ဝှက်ဖဲတွေများရှိနေတာလား...ဒါကြောင့်မလို့ သူက အဲ့ဒီလောက်ကြီး အေးဆေးနေရတာလား...ဒါမှမဟုတ် ဒီကောင်စုတ်လေးမှာ နောက်ခံ အကူအညီများရှိနေတာလား ... ရွှပ်..."


ပါးလွှာသော ဓားသွားလေးက လှုပ်ခတ်သွားပြီးနောက် မိုးရေစက်များကို လွင့်ထွက်သွားစေသည်။အစိမ်းရောင်အမျိုးသမီးက အနောက်သို့ ပြန်ဆုတ်လိုက်ပြီးနောက် ပုဖန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။


"မင်းမှာ အကူရှိနေတာလား..."


ထိုအစိမ်းရောင်အမျိုးသမီးက သူမ၏ ဓားသွားကို မြောက်ကိုင်လိုက်သည်။နီရဲလှသော လျှာဖျားလေးကို ထုတ်ပြီး ဓားသွားတစ်လျှောက်လျက်လိုက်လေသည်။


ထိုမြင်ကွင်းက ဖြားယောင်းသွေးဆောင်မှု အပြည့်ဖြစ်နေလေ၏။ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ထားပြီးတိတ်ဆိတ်စွာသာ ကြည့်နေလေသည်။မိုးရေစက်များက သူ့၏ ခန္ဓာကိုယ်ပေါ်သို့ လွတ်လွတ်လပ်လပ်ခုန်ဆင်းနေကြသည်။ရေစက်လေးများက နီရောင် စားဖိုမှူးဝတ်စုံနှင့် ထွေးပွေ့လိုက်သည့် ခဏတွင် စွမ်းအင်လှိုင်းလေးများ ပြန့်နှံ့လာပြီး ထ်ိုရေစက်များ ချက်ချင်းအငွေ့ပျံသွား၏။


"မှန်းကြည့်လေ ..."


ပုဖန် အသာအယာ ပြောလိုက်သည်။


"မှန်းကြည့်ရမယ်..."


အစိမ်းရောင်အမျိုးသမီး၏ မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။


"ဘာမှ မှန်းကြည့်စရာမလိုဘူး...သတ်လိုက်တာက အကောင်းဆုံးပဲ အရှင်သခင်ကို စော်ကားရဲတဲ့သူ မှန်သမျှ သေရမယ်..."


ထိုကောင်လေး၌ အကူရှိလျှင်လည်း ကိစ္စမရှိပေ။သူမက ဓားတစ်ချောင်းတည်းဖြင့် အားလုံးကို ဖြတ်တောက်ပေမည်။အစိမ်းရောင်အမျိုးသမီး၏ သွယ်လျသော ခြေထောက်များက မြေပြင်ပေါ် နောက်တစ်ဖန် လှုပ်ရှားလာပြန်ရာ မိုးရေစက်များ ကွဲထွက်သွားပြန်သည်။သတ်ဖြတ်ခြင်း အငွေ့အသက်များအားလုံး စုစည်းလာပြီးနောက် ပုံသဏ္ဍန်မဲ့လှသော စွမ်းအင်ဓားတစ်ချောင်းက ပုဖန်ဆီသို့ လွှဲခုတ်ချလာလေသည်။


ထိုဓားခုတ်ချက်က လေဟာနယ်ကိုပင် ဖြတ်တောက်ပစ်လ်ိုက်၏။ပုဖန် မျက်ခုံးများကျုံ့သွားသည်။လွှမ်းမိုးနိုင်စွမ်းသော ဓားစွမ်းအင်များက ပြန့်နှံ့သွားပြီး သူ့နဖူးပေါ်ရှိ ဆံပင်များပင် တဖျတ်ဖျတ် လွင့်ခါသွားသည်။


ပုဖန် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ ခေါင်းအသာငဲ့စောင်းလိုက်ပြီး အစိမ်းရောင်အမျိုးသမီးကို ငတုံးတစ်ယောက်အလားကြည့်လိုက်လေသည်။သူ့၏လက်မှ အစစ်အမှန် စွမ်းအင်များ ပြိုကွဲသွားပြီးနောက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက ပျောက်ကွယ်သွားသည်။ထို့နောက် စွမ်းအင်များ တစ်ဖန် စုစည်းလာပြီး ဓားသွားက နောက်တစ်ကြိမ်ပြန်ပေါ်လာ၏။ပုဖန်သူ့လက်ထဲမှ ဓားက်ို လှည့်ပတ်လိုက်သည်နှင့် ရွှေနဂါးအရိူးမီးဖိုချောင်သုံးဓားက အခ်ိုးအငွေ့များကြား ပျောက်ကွယ်သွားလေ၏


"အခုထ်ိတောင် ဟန်ဆောင်နေတုန်းလား...နင်လွတ်မြောက်နိုင်မယ်လို့ အခုထိတွေးနေသေးတာလား သေလိုက်တော့..."


အစိမ်းရောင်အမျိုးသမီး၏ နီမြန်းသော နှုတ်ခမ်းပါးများက လှောင်ပြောင်ဟန်ဖြင့် တွန့်ကွေးသွားလေသည်။ကောင်းကင်ကိုပင် ဖုံးလွှမ်းနေသော ဓားအလင်းက ပုဖန်ဆီသို့ တ်ိုက်ရိုက်ကျရောက်လာ၏။


ပုဖန်နောက်တွင် ပုန်းနေသော ရှောင်ယက ဓားအလင်းများ နီးကပ်လာသည်နှင့်အမျှ ပုဖန်၏ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ပြီး မျက်လုံးများ မှိတ်လိုက်သည်။


ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင်လုံး လှုပ်ခါသွားပြီး တိမ်များပင် တစ်စစီ လှုပ်ခါသွားသလို ထင်ရသည်။လမ်းမတစ်လျှောက်လုံး ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် သွေးချောင်းဆိုးသံ များပဲ့တင်ထပ်ထွက်ပေါ်လာသည်။


အစိမ်းရောင်အမျိုးသမီး၏ ဓားရှည်က ကျိုးပဲ့နေပြီး သူမ၏ သွယ်လျသောခန္ဓာကိုယ်လေးက မြေပြင်ပေါ် ပြိုလဲကျနေသည်။သူမ၏ မျက်ဝန်းများ၌ ကြောက်ရွံ့မှုများပြည့်နှက်နေသည်။သူမကမသိလိုက်ခင်မှာပင် ပေါ်လာသော မျက်ခုံးမွှေးများ ဆံပင်များ ဖြူဖွေးနေသည့် လူကြီးကို ကြည့်နေသည်။


အကြီးအကဲက လက်ပိုက်၍ ရပ်နေ၏။သူ့၏ ဝတ်ရုံရှည်က လေမတိုက်ခတ်ပါပဲ လှုပ်ရမ်းနေသည်။သူက မသေမျိုးတစ်ပါးအလား ပေါ်ထွက်လာလေသည်။ထ်ိုအကြီးအကဲ၏ အေးစက်လှသော အကြည့်များက မြေပြင်ပေါ်မှ အမျိုးသမီးဆီ ကျရောက်သွားပြီးနောက် သူ့၏ လက်ဖဝါးကို အသာအယာမြောက်လိုက်သည်။


"ရှင် ရှင် ရှင်ကျွန်မကို သတ်လို့မရဘူး...ကျွန်မက ကောင်းကင်နွေဦး သူတော်စင်သားတော်ရဲ့ အကူပဲ ကျွန်မက သူရဲ့ အမျိုးသမီးပဲ..."


"ကောင်းကင်နွေဦး သူတော်စင် အဲ့ဒါ ဘာလုပ်ရမှာလဲ..."


အကြီးအကဲ၏ ပေါ့ပါးသော စကားဆုံးသွားသည်နှင့် အစိမ်းရောင်အမျိုးသမီး၏ မျက်ဝန်းများက အေးခဲသွားလေသည်။သူမ၏ ခန္ဓာကိုယ် ပြိုလဲကျသွား၏။


ပုံသဏ္ဍာန်မဲ့လှသော စွမ်းအင်လှိုင်းများ ပြန့်နှံ့သွားပြီး အမျိုးသမီး၏ ဆံပင်များ ဝဲခါသွားသည်။သူမ မျက်ဝန်းထဲမှ အလင်းရောင်များ တဖြေးဖြေးချင်းမှ်ိန်ဖျော့သွား၏။ခဏအကြာမှပင် သူမ၏ စွမ်းရည်များအားလုံး ပျောက်ကွယ်သွားလေသည်။


ကောင်းကင်နွေဦး သူတော်စင်သားတော်၏ အကူသေဆုံးသွားလေပြီ။အကြီးအကဲက သူယင်ကောင်တစ်ကောင် သတ်လိုက်သည့်အလား မတုန်မလှုပ်ကြည့်နေလေသည်။


ထို့နောက် သူက ပုဖန်နှင့် ရှောင်ယဘက်သို့ လှည့်ကြည့်လိုက်သည်။သူအကြည့်များ ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ပုဖန်၏ ခန္ဓာကိုယ် အေးစက်သွားသလို ခံစားလိုက်ရသည်။


သို့သော်လည်း ထိုလူကြီး၏ အကြည့်များက ရှောင်ယအပေါ်သို့ ကျရောက်သောအခါတွင် ပို၍ နူးညံ့သွားသည်။


"အစားကြူးနတ်ဘုရားစားသောက်ပွဲက မကြာခင်မှာပဲ စတင်တော့မှာ အဲ့ဒီတော့ ကျန်ခဲ့ရက် အတွင်းမှာ တော်ဝင်ခုံရုံးရဲ့ လက်အောက်ခံ နယ်မြေတွေက သူတော်စင်တွေ အများအပြား ရောက်လာကြလိမ့်မယ် သူတို့ကြားထဲမှာ အဆုံးမသတ်နိုင်တဲ့ ကွဲလွဲမှုတွေ ဖြစ်ပေါ်နေလိမ့်မယ်...ဒီအခ်ျိန်က တကယ့်ကို ဆူပူအုံကြွမယ့်အချိန်ပဲ...ငါမင်းကို ဒီကလေးမလေးကို ကြည့်ရှု စောင့်ရှောက်ခိုင်းထားတာပြဿနာရှာခွင့် ပြုထားတာမဟုတ်ဘူး..."


အကြီးအကဲက အေးဆေးစွာပြောလိုက်သည်။အကြီးအကဲကို ကြည့်လိုက်ပြီးနောက် မည်သည့် စကားဆိုရမည်မသိပဲ နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။ထို့နောက် သူ အဓိပ္ပါယ်အပြည့်အဝ ပါဝင်သော အကြည့်များဖြင့် ကြည့်လိုက်ပြီး အသာအယာပြောလိုက်၏။


"သိပြီ ကျုပ်ပြဿနာမရှာဘူး...ဒါပေမယ့် တခြားသူတွေလည်း ကျုပ်ကို ပြဿနာလာမရှာသင့်ဘူးလေ ..."


ထို့နောက် ပုဖန်က ရှောင်ယကို ခေါ်ဆောင်၍ မိုးရေစက်များကြား တဖြေးဖြေးတိုးဝင်ပျောက်ကွယ်သွားလေသည်။အကြီးအကဲက ပုဖန်တို့ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ နေရာမှာပင် မတ်တပ်ရပ်နေလေသည်။သူ့၏ မျက်နာအမူအရာက တည်ငြိမ်နေသောကြောင့် သူ မည်သည့် အကြောင်းမျှ စဉ်းစားနေကြောင်း မပြောနိုင်ပေ။


ခေါက်ဆွဲဘုရင် ဆ်ိုင်ထဲ၌ ကောင်းကင်နွေဦး သူတော်စင်သားတော်က အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပွဲတစ်ပွဲကို ကိုင်ထားသည်။


အဆီဝေ့ဝေ့နှင့် တောက်ပနေသော ဟင်းရည်ထဲတွင် ခေါက်ဆွဲလေးများ လှည့်လည်နေပြီး မွှေးရနံ့လေးများ ထုတ်လွင့်နေပုံက စားပါ စားပါဟု ဖိတ်ခေါ်နေသလိုပင်။


သူပန်းကန်လုံးကို မလိုက်ပြီး ဟင်းရည်တစ်ငုံသောက်ရန် ပြင်လိုက်သည်။သို့သော်လည်းသူမသောက်ခင်မှာပင် သူ့၏ ပုံရိပ်က တုန်ယင်သွားသည်။သူ့၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး ဝမ်းနည်းမှုများ လှ်ိုက်တက်လာလေသည်။


သူ့၏ ဘေးတစ်ဖက်တစ်ချပ်ဆီ၌ တိတ်ဆိတ်စွာ ရပ်နေသော အကူနှစ်ယောက်လည်းတောင့်တင်းသွား၏။


"မြစိမ်း ကိုယ်လုပ်တော် သေပြီ..."


ပန်းကန်လုံးကို ကိုင်ထားရင်းဖြင့် ကောင်းကင်နွေဦး သူတော်စင်သားတော်က ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။သူ့၏ မျက်နာပေါ်တွင်လည်း နာကျင်မှုများ ဖြတ်ပြေးသွား၏။


"သွေးချွေးကို သွေးနဲ့ ပြန်ပေးဆပ်ရမယ်...မြစိမ်းကိုယ်လုပ်တော် ဒီသူတော်စင်က မင်းအတွက် လက်စားချေပေးမယ်..."


ကောင်းကင်နွေဦး သူတော်စင်သားတော်က ပြောလိုက်ပြီးနောက် ဟင်းရည်ပူပူကို တစ်ငုံ သောက်လိုက်သည်။သူတော်စင်၏နောက်ကွယ်မှ လက်ပါးစေ နှစ်ယောက်မျက်နာတွင်လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မြစိမ်းကိုယ်လုပ်တော်က ဟိုပုရွတ်ဆိတ်ကောင်ကို သွားသတ်တာလေ သူက ဘယ်လိုလုပ်ပြီး သေမှာလဲ...တစ်စုံတစ်ခုများ ဖြစ်သွားလို့လား...မသေမ်ျိုးခန္ဓာအဆင့် ပုရွတ်ဆိတ်တစ်ကောင်က သူတို့ ကောင်းကင်နွေဦး သန့်စင်နယ်မြေက တစ်စုံတစ်ယောက်ကို သတ်ရဲတယ်ပေါ့ သတ္တိတွေ သိပ်ရှိနေတယ် သူက သေဖို့ထိုက်တန်တယ်..."


ယခုအခ်ျိန်၌ ထိုလက်ပါးစေ အမ်ျိုးသမီးနှစ်ယောက်၏ မျက်နာပေါ်တွင် သတ်ဖြတ်ခြင်း အရ်ိပ်အယောင်များ ပြည့်နှက်နေလေသည်။အကယ်၍ သူတို့ ထ်ိုစားဖ်ိုမှူးကို တွေ့ခဲ့လျှင် စကားတစ်ခွန်းမှ မဆိုပဲ ချက်ချင်း သတ်ပြစ်ပေမည်။


မိုးရေးစက်များက မြေပြင်ပေါ်သို့ တဖျောက်ဖျောက်ကျရောက်နေသည်။ဓားစွမ်းအင်များက လေထဲသ်ို့ ဖြတ်တောက်သွားပြီးနောက် စူးရှလှသော ရေစက်များကိုသယ်ဆောင်လာသည်။


ရှောင်ယု၏ နောက်ကျောဘက်ရှိ ဓားရှည်က တုန်ခါသွားပြီးနောက် ကောင်းကင်ထိတိုင်အောင် ထိုးတက်သွားပြီး လှည့်လည်နေသော ဓားအလင်းများက ဖြိုပျက်သွားစေသည် ။သူ့၏ အကြည့်များက မယှဉ်နိုင်လောက်အောင် စူးရှလှသည်။ဓားစွမ်းအင်များက သူ့၏ ပတ်ပတ်လည်တွင် လှည့်လည်နေပြီး ဓားရှည်က သူ့ခေါင်းပေါ် မျောလွင့်နေသည်။


မြေပြင်ထက်တွင် ပုံရိပ်တစ်ချို့ လျှပ်တိုက်မျောလွင့်လာပြီးသူတို့၏ ဓားရှည်များနှင့်အတူ သတ်ဖြတ်ခြင်းအငွေ့အသက်များကိုပါ သယ်ဆောင်လာလေသည်။


"လျန်ချိမ်ရဲ့ လက်အောက်ခံ လူသတ်သမား ၆ယောက်လား..."


ရှောင်ယု၏ အကြည့်များက အေးစက်သွားပြီး ထိုလူ ၆ယောက်ကိုကြည့်၍ ပြောလိုက်သည်။အဝေးရှိ စားသောက်ဆိုင်၏ ဒုတိယထပ်တွင် လျန်ချိမ်၏ မျက်နာတွင် နူးညံ့မှုများ ပြည့်နှက်နေသည်။


သူခွက်ထဲသို့ ဝိုင် ညှင်သာစွာ ငှဲ့လိုက်ပြီးနောက် အပြင်ဘက်ရှိ ဝေဝေဝါးဝါးမြင်ကွင်းကိုကြည့်လိုက်သည်။


"ဝိုင်ကောင်းပဲ ..."


လျန်ချိမ် ချီးကျူးလိုက်၏။


"ဝိုင်ကောင်းကောင်းနဲ့ မြင်ကွင်းကောင်းကောင်း ကောင်းမွန်တဲ့ တစ်စုံတစ်ခု ဖြစ်ပေါ်လာဖို့ လိုတယ်...သူ့ကို သတ်လိုက်တော့..."


ရှောင်ယု၏ အကြည့်များက စားသောက်ဆိုင်ရှိ ဒုတိယထပ်ရှိ လျန်ချိမ်ကို ကြည့်လိုက်သည်။သူ့၏ မျက်နာကလည်း ရေခဲတမျှ အေးစက်နေလေသည်။ဓားသမားခြောက်ယောက်က လှုပ်ရှားလာလေ၏။သူတို့၏ ဓားပြားများက ရှောင်ယု၏ အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ရန် ရည်ရွယ်ထားလေသည်။


ရွှမ်...ရွှမ်...


ဓားအရှည်ထိခတ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ဓားအလင်းများက လှည့်ပတ်နေပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များက နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။


လမ်းမရှည်ပေါ်တွင် ပုံရိပ်အနည်းငယ်ရှိနေသော်လည်း တိုက်ခိုက်သံများသာလျှင် ထွက်ပေါ်နေ၏။သူက စွမ်းအားထက်လှသော ဓားသမား ၆ယောက်နှင့် ရင်ဆိုင် တိုက်ခိုက်လာသည်။သူတို့၏ စည်းစနစ်ကျလှသော တိုက်ခိုက်မှုများက ရှောင်ယု၏ နှလုံးသားကို ခုန်လှုပ်သွားစေသည် ။လျန်ချိမ်က လှုပ်ရှားမှု တစ်ခု ပြုလုပ်လိုက်မည်ကို သူသိခဲ့သော်လည်း ထိုကဲ့သို့ ပြင်းထန်လှသော နည်းဖြင့် ဆောင်ရွက်လာမည်ဟု မထင်ထားခဲ့ပေ။


သူက သူ့ကို သတ်ဖြတ်ရန် သူ့၏ လက်အောက်ရှိ ဓားသမား၆ယောက်ကိုပင် စေလွှတ်ခဲ့သည်။ဒီနေရာကို သူ့အတွက် သင်္ချိုင်းအဖြစ် ရွေးချယ်ထားပုံရလေသည်။ရှောင်ယု လက်ချောင်းလေးများကို လှုပ်ခါလိုက်သည်။သူ့၏ ခေါင်းအထက်ရှိ ဓားရှည်က ပုံရိပ်မြောက်များစွာ ကွဲထွက်သွားသည်။


လေတိုးသံများ ထွက်ပေါ်လာပြီးနောက် ဓားအလင်းများက ကောင်းကင်တစ်ခုလုံးကို ဖြန့်ကျက်ဖုံးအုပ်သွား၏။ဓားစွမ်းအင်များက လူသတ်သမားများကို လွင့်ထွက်သွားစေသည်။


ကြီးမားလှသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်များက ပြန့်နှံ့သွားသည်။ရွာသွန်းဖြိုးနေသော မိုးက သည်းသထက် သည်းလာသည်။ရှောင်ယု မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းလာသည်။သူ့၏ မျက်နာပေါ်ရှိ သွေးစက်များကို မိုးရေများက သုတ်သင်ပေးလိုက်လေ၏။


လက်တစ်ဖက်ဖြင့် ဓားရှည်ကို ကိုင်ဆောင်ထားပြီး ဒူးတစ်ဖက်က မြေပြင်ပေါ် ထောက်ကျနေသည်။သူ့၏ တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များ ဖုံးလွှမ်းနေ၏။တစ်ချို့နေရာများတွင် ဓားစွမ်းအင်များ ရှိနေတုန်းပင်ဖြစ်သည်။


သူခေါင်းမော့ကြည့်လိုက်သည်။သူ့၏ မျက်ဝန်းထဲမှ စူးရှလှသော စွမ်းအင်များက မှိန်ဖျော့သွားသည်။သူ ခြောက်ယောက်တစ်ယောက် တ်ိုက်ခိုက်နေဆဲ ဖြစ်သော်လည်း ထွက်ပြေးရန် မရွေးချယ်သေးပေ။


လျန်ချိမ်က ဝိုင်ကို အရသာခံ သောက်ရင်း ဒဏ်ရာများ ဖုံးလွှမ်းနေသော ရှောင်ယုကို ပြုံး၍ ကြည့်နေသည်။သွေးများ စိုရွှဲနေသည်ကို ကြည့်၍ လျန်ချိမ်၏ နှုတ်ခမ်းများက ကျေနပ်မှုဖြင့် တွန့်ကွေးနေသည်။


ရုတ်တရက် မိုးသည်းသည်းအောက်တွင် ခပ်လှမ်းလှမ်းဆီမှ ပုံရိပ်နှစ်ခုက တဖြေးဖြေး လျှောက်လှမ်းလာလေသည်။ထ်ိုလူများ ကိုင်ဆောင်ထားသော ထီးပေါ်သို့ မိုးရေစက်များ ထိခတ်သံ တဖျောက်ဖျောက်အသံများထွက်ပေါ်နေသည်။


ရှောင်ယု သွေးချောင်းတစ်ချက် ဆိုးလိုက်ပြီးနောက် ထီးကိုင်ထားသော လူရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။ပထမဦးဆုံးအနေဖြင့် သူ့၏ အကြည့်များက မှင်သက်တွေဝေသွားပုံပေါ်လေသည်။ထ်ို့နောက် ခဏချင်းမှာပင် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး အပြုံးတစ်ခု ပေါ်လာသည်။


"ဘော့စ်ပု ငါ့ကို ခေါက်ဆွဲတစ်ပွဲလောက် ပေးပါ..."