အပိုင်း ၆၅၇
Viewers 53k

အပိုင်း၆၅၇

မိုးထဲလေထဲ ခေါက်ဆွဲပြုတ်မယ်...


"ပိုင်ရှင်ပု ခေါက်ဆွဲ တစ်ပန်းကန်ပေးပါ..."


ရှောင်ယု ပြုံး၍ပြောလိုက်သည်။ ပုဖန်ထိုကဲ့သို့ ပေါ်ထွက်လာမည်ကို သူ မတွေးထားမိပေ။ဤအခြေနေတွင် ပုဖန်ပေါ်ထွက်လာခြင်းက မထူးခြားသော်လည်း လေအလင်းအင်ပါယာနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ယောက် အနေဖြင့်အံဩမင်သက်စရာပင်ဖြစ်သည်။


 ပုဖန်က အံ့အားသင့်ဖွယ် ဖြစ်ရပ်မှန်သမျှကို ဖန်တီးသူလဲ ဖြစ်ပေ၏။ ပုဖန်၏ အသွင်အပြင်ကို ကြည့်ပြီး သူ့၏အရည်အချင်းကို သာမန်အကဲဖြတ်၍မရချေ။


ရှောင်ယုက ပုဖန်တွင်အစွမ်းထက်လှသော ခေါက်ဆွဲမျိုးရှိသည်ကို သိသောကြောင့် ပြောလိုက်ခြင်းဖြစ်၏။ စပ်ပြဲလန် ခေါက်ဆွဲပွဲက နောက်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာလေ ပုဖန်၏ စွမ်းရည်တဆင့်ခြင်း တိုးလာလေဖြစ်သည်။


မိုးများက ပြင်းထန်စွာဆက်လက် ရွာသွန်းနေဆဲဖြစ်၏။ မိုးစက်များက စည်းချက်ညီစွာပင် ဆီစိမ်စက္ကူထီးပေါ်မှ တစက်စက်ကျဆင်းနေပြီး မိုးသည်းသည့်အရှိန်ကြောင့် ထီးရွက်ပင်လန်တော့ မလိုပင်ဖြစ်နေ၏။

သို့သော်လည်း ထီးကို ကိုင်ထားသည့် လက်တစ်စုံက ခိုင်ခံ့လှသောကြောင့် ဆီစိမ်စက္ကူထီးမှာ မိုးသည်းထန်စွာ ရွာနေသည့်ကြားထဲတွင် ကျောက်တုံးကဲ့သို့ ခိုင်ခံ့နေပေသည်။


ပုဖန်က ရှောင်ယုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူက တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ထွက်နေပြီး ဝမ်းနည်းဖျော့တော့နေပုံရသည့် ရှောင်ယကို မိုးရေထဲတွင် မြင်တွေ့လိုက်ရသည်။


 ထို့နောက် ပတ်၀န်းကျင်ကို စူးစမ်း

ကြည့်ရှုလိုက်သောအခါ လူခြောက်ဦးကဓားရှည်များကို ကိုင်ဆောင်ထားကာ ရှောင်ယုကို ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။ လေထုထဲရှိ ထက်မြည့်ပြင်းထန်လှသော ဓားစွမ်းအင်ကို သူခံစားမိသည်။ ထိုစွမ်းအင်က ပုဖန်ကိုကြက်သီးများပင်ထစေ နိုင်သည်အထိ ပြင်းထန်လှပေသည်။


သို့သော်လည်း ပုဖန်က နောက် ပြန်မလှည့်ပဲ ကလေးမလေးနှင့်အတူ ဆက်လျှောက်လာခဲ့သည်။ ရှောင်ယက ပုဖန်၏နောက်မှ နီးကပ်စွာ လိုက်လာပေသည်။ ထိုမိန်းကလေးက ပုဖန်နှင့်ဆုံခဲ့သည့်နောက်ပိုင်းတွင် သူမတွေ့ကြုံရသမျှအရာများက စိတ်ရှုပ်ထွေးစရာများပင်ဖြစ်သည်။ 


ဓားသမားခြောက်ယောက်၏ မျက်လုံးများက ကျဉ်းမြာင်းလျက် ပုဖန်ဖြတ်သွားသည့် ဦးတည်ရာလမ်းကြောင်းကို မျှော်ကြည့်နေကြ၏။ထို့နောက်တွင် ဓားသမားခြောက်ယောက်က ထူးဆန်းသည့် လှိုင်းတစ်ခုကို ခံစားလိုက်မိသည်။


 "ရှောင်ယုက အရှုံးပေးလိုက်တာလား ...

တစ်စုံတစ်ယောက်က သူ့ကိုဆွဲခော်ပြီး အသက်ကယ်တော့မလို ပြုမူနေတာလား ..."


ရှေ့သို့လျှောက်လာနေသူက အလွန်အားနည်းသော စွမ်းအင်အဆင့်သာဖြစ်လေ၏။


"သူက ရှောင်ယုကို ဘယ်လို ကယ်နိုင်မှာလဲ

ဒါ့အပြင် ခေါက်ဆွဲစားမယ်ဟုတ်လား...

သေဖို့နီးကပ်နေတဲ့ဒီလိုအချိန်မျိုးမှာလေ ဒီရှောင်ယုက တကယ် ခေါက်ဆွဲစားချင်နေတာလား..


ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ကောင်းကင်ဗဟိုသန့်စင်နယ်မြေရဲ့ ပါရမီရှင်ဖြစ်လာရတာလဲ…ဒီလိုတည်ရှိမှုမျိုးက ကောင်းကင်ဗဟို သူတော်စင်ကို အဆုံးမဲ့စိုးရိမ်ပူပန်ရအောင် လုပ်နေတာပဲ...


သူကဒီမှာလာနောက်နေတာ ဟုတ်တယ်မလား..."


ဓားသမားခြောက်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြ၏။

 သူ့တို့၏မျက်နှာပေါ်တွင် နားမလည်နိုင်မှုနှင့်အတူ လှောင်ပြောင်ဟန်လဲရှိနေ၏။


 စားသောက်ဆိုင်၏ ဒုတ်ယထပ်တွင်ရှိနေသော လျန်ချိမ်ကဝိုင်ခွက်ကိုအနည်းငယ်စောင်းငှဲ့၍ အရသာခံလိုက်သည်။ သူလည်းပုဖန်ကို မြင်လိုက်၏။ ခေါက်ဆွဲဘုရင်ဆိုင်ထဲတွင် ကောင်းကင်နွေဦးသူတော်စင် သားတော်ကိုပင် ပြဿနာရှာရဲသည့် ထိုလူငယ်ကို သူမှတ်မိပေသည်။ ထိုခဏမှာပင် သူ့၏ မျက်နှာပေါ်၌ လှောင်ပြောင်ရှုတ်ချဟန်အထင်သားပေါ်လွင်လာသည်။ 


"ရှောင်ယုက အရှုံးပေးလိုက်ပြီလား ကွဲနေတဲ့ အိုးကို ရိုက်ချခြင်း ဒါမှမဟုတ် အသက်ကယ်ရန် သေတော့မယ့်လူကို ရှာနေခြင်းလို့ဆိုရမလား ...သူ့အသက်ကိုတောင် သူမကယ်နိုင်တဲ့သူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ မင်းကိုကယ်နိုင်မှာလဲ... 

ဒီတစ်ကြိမ်တော့ ရှောင်ယု မင်းသေရတော့မယ့် အချိန်ပဲ..."


လျန်ချိမ်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားပြီး အပြုံးတစ်ခုပေါ်လာသည်။ ဝ်ိုင်ခွက်ကိုကိုင်ထားသော သူ့၏လက်များတင်းကြပ်သွားသည်။ ခွက်ကကွဲအက်သွားသာ အမှုန်အမွှားလေးဖြစ်သွားပြီ ဝိုင်များဖြင့်ရောသွားလေ၏။ ဝိုင်နှင့်ခွက်အမှုန့်များက ရောနှောသွားပြီး အရည်အိုင်ကလေး ဖြစ်လာသည်။ လျန်ချိမ်က ထိုအရည်ကို လက်ညှိုးနှင့် ထိုးလိုက်သည်နှင့် အရည်လုံးလေးက လေထဲသို့ပျံသန်းသွားပြီး ပေါက်ကွဲသွားသည်။


 ၎င်းက အချက်ပြလိုက်သည်နှင့် အံ့ဩမှင်သက်နေသော ဓားသမားခြောက်ယောက် ပြန်လည်အသိဝင်လာသည်။


ခဏရပ်တန့်သွားသော ဓားစွမ်းအင်များပြန်လည်ထွက်ပေါ်လာသည်။ ဓားသမားခြောက်ယောက်က ရှောင်ယုကို လွှဲခုတ်ချလိုက်၏။


ထို့အပြင်ထိုလူငယ်ကိုရော ခုတ်ချလိုက်သည်။ သူတော်စင်သားတော်၏ အမိန့်တော်အတိုင်း သူတို့က စကားတခွန်းမှ မဆိုပဲ သတ်ပစ်ဖို့သာ လုပ်ဆောင်လိုက်ကြသည်။ 


"သူတော်စင်သားတော်က သေစေချင်တယ်ဆိုမှတော့ သေသင့်တယ်..."


ပလောက် ပလောက်...


 ရေစက်ကလေးများ လွှင့်စင်နေသည်။


 ပုဖန်နေရာမှာတွင်ရပ်၍ ရှောင်ယုဆီသို့လျင်မြန်စွာ ဦးတည်နေသော ဓားသမားခြောက်ယောက်ကို တည်ငြိမ်စွာကြည့်နေလေ၏။မိုးရေစက်များက ဓားသမားခြောက်ယောက်၏ ဓားစွမ်းရည်များအောက်တွင် လွှင့်စင်နေကာ ပတ်ဝန်းကျင်တစ်ခုလူံးကို အခိုးအငွေ့များအဖြစ် ဖုံးလွှမ်းသွားစေပြီး မှုန်ဝါးဝါးမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ 


"ရှောင်ယထီးကို သေချာကိုင်ထား ရေမစိုစေနဲ့..."


ပုဖန် ဆီိစိမ်စက္ကူထီးကို ရှောင်ယဆီသို့ ကမ်းပေးလိုက်သည်။ ကလေးမလေးက ထီးကို လက်နှစ်ဖက်ဖြင့် သေချာစွာဆုပ်ကိုင်လိုက်ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုပ်ကာ ပုဖန်ကိုကြည့်နေလေ၏။ 


ပုဖန်လက်ထဲ၌ ထီးမရှိတော့သည်နှင့် မိုးရေစက်များက ခန္ဓာပေါ်သို့ အလုအယက်ခုန်ဆင်းလာကြသည်။သို့သော် ပုဖန်၏ နီရောင် စားဖိုမှူး ဝတ်စုံကလေမတိုက်ပဲ လွှင့်ယမ်းနေကာ မိုးရေစက်များကို ဖယ်ရှာပေးနေလေသည်။ 


"ခေါက်ဆွဲတစ်ပွဲ ဟုတ်လား...

ကောင်းပြီ ငါအခုပဲ မင်းအတွက် လုပ်ပေးမယ်..."


ပုဖန်က ပေါ့ပါးစွာ ပြောလိုက်သည်။


 ထိုစကားကိုကြားလိုက်သည်နှင့် ရှောင်ယု ကျယ်လောင်စွာရယ်မောလိုက်၏။သူ့လက်ထဲမှ ဓားစွမ်းအင်များက ပို၍ပင်သန်မာလာလေသည်။ ရှောင်ယုဓားရှည်ကို ဒေါင်လိုက်ပိုင်းဖြတ်ချလိုက်သည်။ လေထုထဲတွင် လက်နက်တိုးသွားသံများ အဆင်မပြတ်ထွက်ပေါ်နေလေ၏။ 


"ဒီလိုဆိုမှတော့ ငါစောင့်နေမယ်..."


ဓားသမားခြောက်ယောက်က ရုတ်တရက် ယုံကြည်မှုများ ပေါက်ကွဲထွက်ပေါ်လာသော ရှောင်ယုကိုကြည့်၍ ထိတ်လန့်တကြားနောက်ဆုတ်လိုက်သည်။ 


ပုဖန်၏ လက်၌အခိုးအငွေ့များနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။ ၎င်းက ကြောက်စရာကောင်းသော ဖိအားများကိုသယ်ဆောင်လာသော်လည်း ရိုးရှင်းလေးလံသော အိုးတစ်လုံးသာဖြစ်သည်။ 


ဓားသမားခြောက်ယောက် ထိုအချင်းအရာကို နားမလည်သော်လည်း သူတို့ဂရုမစိုက်ပေ။ သူတို့၏ တာဝန်က ရှောင်ယုကိုသတ်ရန်ပင်ဖြစ်သည်။ အကယ်၍ သူမသေခဲ့ပဲ ကောင်းကင်ဗဟိုသန့်စင်နယ်မြေသို့ ပြန်ရောက်သွားပါက သူတို့အကြီးအကျယ် ဒုက္ခရောက်ကျလိမ့်မည်။


ရှောင်ယု၏ ပါရမီအရည်အချင်းက ထိတ်လန့်စရာကောင်းလှသည်။ အကယ်၍သူသာ ကြီးထွားလာဖို့ လုံလုံလောက်လောက် အချိန်ရှိခဲ့လျှင် သူတို့သေသည်အထိ ဖိနှိပ်ခံရလိမ့်မည်။ 


တကယ်တမ်းတွင် ရှောင်ယု ကောင်းကင်ဗဟိုသန့်စင်နယ်မြေထဲသို့ စဝင်လာကထဲက သူပြသခဲ့သည့် စွမ်းရည်များက အားလုံးနှလုံးသားထဲသို့ စိမ့်ဝင်သွားစေခဲ့သည်။ သူတို့ရှောင်ယုကို သတ်ဖို့ ကြံစည်လိုက်ကတည်းက ကြင်နာမှု အရိပ်အယောင်များ ပြသ၍မရတော့ပေ။ သူတို့ရှောင်ယုကိုရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်ရပေမည်။


ဓားအလင်းခြောက်သွယ် ထွက်ပေါ်လာပြီးနောက် ရှည်လျားလှသောနဂါးကြီးတစ်ကောင်အသွင် ဖြစ်ပေါ်လာသည်။ နဂါးက ကောင်းကင်ယံတွင် လှည့်ပတ်ဟိန်းဟောက်နေလေသည်။ ရှောင်ယုက သူ့၏ဓားရှည်ကို လက်တစ်ဖက်ထဲဖြင့် ဆုပ်ကိုင်ထားခဲ့သည်။ မိုးစက်များဖြင့် စိုစွတ်နေသော ဆံပင်များက မျက်နှာပေါ်တွင် ကပ်တွယ်နေသော်လည်း သူ့အကြည့်များကမူ စူးရှနေဆဲဖြစ်သည်။ သူ့၏ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ထုတ်ဖော်လိုက်ပြီးနောက် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာလွှဲခုတ်ချလိုက်သည်။


ဓားခြောက်လက်၏ နဂါးစွမ်းရည်များဖြင့် ထိပ်တိုက်တွေ့ဆုံသွားပြီး သူအနောက်သို့လွှင့်ထွက်သွားသည်။ သူခန္ဓာကိုယ်ရှိဒဏ်ရာများက ပွင့်ဟသွားပြီး သွေးများယိုစီးကြလာလေသည်။ သူပါးစပ်အပြည့်သွေး တစ်လုတ် အန်ချလိုက်၏။ သူ့ခန္ဓာကိုယ်က အနောက်ကိုအနည်းငယ် ဆုတ်သွားပြီးမှ ငြိမ်သက်စွာပြန်ရပ်တည်နိုင်ပေသည်။ 


ဓားသမားခြောက်ယောက်၏ အမူအရာများကလဲ ပြောင်းလဲသွားပြီးနောက် သူတို့သွေးတစ်လုပ်ဆီ အန်ချ လိုက်ကြသည်။ 


ဒီတစ်ကြိမ်တိုက်ခိုက်မှုက နှစ်ဖက်စလုံး ဒဏ်ရာရရှိသွားပေသည်။ သို့သော်လည်း ရှောင်ယု၏ စွမ်းရည်များက အကန့်အသတ်သို့ရောက်ရှိနေကြောင်း သူတို့သိပေသည်။ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လျှင် သေချာပေါက်သူတို့ ရှောင်ယုကို သတ်နိုင်ပေလိမ့်မည်။ 


ရှောင်ယုကမူ သူတို့ကို ဂရုမစိုက်ပဲ ပုဖန်ရှိရာဆီသို့သာ လှည့်ကြည့်လိုက်သည်။ 


ပုဖန်ရွှေရောင် မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။ နဂါးတစ်ကောင်သဖွယ်မီးတောက်က ကျဆင်းလာသော မိုးရေစက်များကို အငွေ့ပျံ့သွားစေသည်။


တရှဲရှဲ မြည်သံနှင့်အတူ အပူငွေ့များတက်နေပြီး သူ့၏ ပတ်ဝန်းကျင်ကိုမှုန်ဝါးစေပေ၏။ ထို့နောက် မီးတောက်က ပို၍သေးငယ်လာပြီး မဟူဟာလိပ်ခုံး ဒယ်အိုးအောက်ခြေသို့ဝင်ရောက်သွားလေသည်။ ပုဖန်က အတွေးတစ်ချက်ဖြင့်ပင် စစ်စတန်၏ သိုလှောင်နယ်မြေထဲမှ နွေဦးစမ်းရေကို အိုးထဲသို့လောင်းထည့်လိုက်သည်။ ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အပူချိန်က တကယ့်ကိုပြင်းထန်လှသောကြောင့် ရေများက အလျင်အမြန်ဆူပွက်လာလေသည်။ 


ပုဖန် လက်တစ်ဖက်လှုပ်ရှားလိုက်သည်နှင့် ပါးလွှာသေးမျှင်သော ခေါက်ဆွဲမျှင်လေးများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင့် လွှင့်မြောနေပေသည်။ ၎င်းက လှပလွန်းသောကြောင့် လူများ၏အကြည့်ကို ဆွဲဆောင်ထားနိုင်ပေ၏။ ထိုခေါက်ဆွဲလေးမျာက ဒယ်အိုးထဲသို့ ကျဆင်းသွားပြီးနောက် ရေပူပူထဲနစ်မြုပ်သွားလေသည်။ ဓားသမားခြောက်ယောက် ကြောင်အမှင်သက်သွားလေသည်။ 


"ဒီကောင်က တကယ်ကြီး ခေါက်ဆွဲချက်နေတာလား...

 ဒါပေမယ့် ဒါကလိုအပ်လို့လား ခေါက်ဆွဲတစ်ပွဲက အရာရာကို ကယ်တင်နိုင်မှာလား..."


အစားကြူးတောင်ကြား၏ ပထမအဆင့်စားဖိုမှူး ချွီရန်ချန်းဖုန်ကိုယ်တိုင် ချက်လျှင်ပင်ရှောင်ယုက ဤအခြေနေမှ လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ရှောင်ယုသေရပေမည်။ ခေါက်ဆွဲချက်နေသော လူငယ်လဲ သေရပေမည်။ လျန်ချိမ်ကတဖြည်းဖြည်း မြူဆိုင်းလာသောမြင်ကွင်းကိုကြည့်၍ နှာခေါင်းရှုံ၍လှောင်ပြောင်လိုက်သည်။ 


"ဟမ်း တကယ့်ကို မရင့်ကျက်တာပဲ... "


သူ့၏မျက်လုံးများက တောက်ပလာပြီး ငွေရောင်အလင်းတန်းတစ်ခုက သူ့အရှေ့မှမှုန်ဝါးနေသော မြင်ကွင်းကို ထိုးဖောက်သွား၏။ သူ့၏ရှေ့မှ မြင်ကွင်းက နောက်တဖန် ပြန်လည် ကြည်လင်လာသည်။


 ပုဖန်၏ လက်ဝါးပေါ်တွင် ဖြူပြာရောင်ကြွေပန်းကန်လုံး တစ်လုံမြောလွင့်နေသည်။ သူကလက်ဆန့်ထုတ်၍ ဒယ်အိုးကို အသာအယာထိလိုက်သည်။ မဟူရာလိပ်ခုံး ဒယ်အိုးဆီမှ ပေါက်ကွဲသံကျယ်တစ်ခု ထွက်ပေါ်လာပြီးနောက် ဖြူဖွေးတောက်ပနေသော ခေါက်ဆွဲရှည်များက ပန်းကန်လုံးထဲသို့ ကျရောက်သွားသည်။ 


ပုဖန် ပူစပ်စပ်ငရုတ်ရည် တစ်ဇွန်းခပ်၍ စွပ်ပြုတ်ထဲရောလိုက်ပြီးနောက် ခေါက်ဆွဲထဲလောင်းထည့်လိုက်သည်။ အငွေ့ တထောင်းထောင်းထနေသော စပ်ပြဲလန်ခေါက်ဆွဲပွဲ ပြီးဆုံးသွားလေပြီ။ သူ့၏ အတွေးတစ်ချက်ဖြင့်ပင် စနစ်၏ သိုလှောင်နယ်မြေထဲမှ အသားလုံးလေးများထွက်ပေါ်လာပြီး ခေါက်ဆွဲပန်းကန်ဘေးတွင် လှည့်ပတ်နေလေသည်။ ပုဖန်၏လက်ထဲမှ ရွှေနဂါးရိုးမီးဖို့ချောင်သုံးဓားကိုလှည့်လိုက်ပြီး ကြံခိုင်သန်စွမ်းသော အမဲအသားလုံများကို ထက်ခြမ်းခြမ်း လိုက်သည်။ 


စိုအိနေသော ဆီများစိမ့်ထွက်လာပြီး ခေါက်ဆွဲပွဲပေါ်သို့ကျရောက်သွားသည်။ မြည်သံတစ်ချက်နှင့် အတူ မဟူရာလိပ်ခုံးဒယ်အိုးနှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားများ ပြန်လည်ပျောက်ဆုံးသွားသည်။ ပုဖန်သူ့လက်ပေါ်မှ ခေါက်ဆွဲပွဲကို သေချာစွာကိုင်ထားလေသည်။ မွှေးပျံ့သင်းကြိုင် အသားလုံး စပ်ပြဲလန်ခေါက်ဆွဲ ပြီးသွားလေပြီ။


 လေထဲသင်းပျံ့လာသော မွှေးရနံ့များကို ရရှိလိုက်ရုံဖြင့် ရှောင်ယု၏မျက်နှာပေါ်တွင် နှစ်သက်သည့်အမူအရာများ ပေါ်လာသည်။ ထိုမွှေးရနံများက မိုးရေများ၏ နှောင့်ယှက်မှုကြောင့် အနည်းငယ်ဖျော့တော့နေသော်လည်း သူ့ကို ဆွဲဆောင်နေတုန်းပင် ဖြစ်သည်။ 


"ဒီမှာ မင်းလိုချင်တဲ့ ခေါက်ဆွဲပွဲပြီးသွားပြီ ပုဖန် ပန်းကန်လုံး၏ အစွန်းတဖက်ကို လက်ဖျားလေးဖြင့် ထိတွေ့လိုက်ရုံဖြင့် ခေါက်ဆွဲပွဲက ရှောင်ယုဆီသို့ ပျံသန်းသွားသည်။ 


"ဒါက ဘယ်လိုထူးခြားဆန်းကြယ်တဲ့ ခေါက်ဆွဲမျိုးလဲ..."


ထိုခေါက်ဆွဲပွဲ၌ သာမန်ထက် ထူခြားနေသည်များကို မတွေ့ရပေ။ ဓားသမားခြောက်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


 စားသောက်ဆိုင်၏ ဒုတိယထပ်တွင်ကြည့်နေသော လျန်ချိမ်က အရာအားလုံးကို သိမ်းကြုံးကြည့်နေလေ၏။ သူ့၏စိတ်ဝိဉာဉ်မျက်လုံးများအောက်တွင် ထိုခေါက်ဆွဲပွဲ၌ အံ့အားသင့်စရာ စိတ်စွမ်းအင်များပါဝင်နိုင်ကြောင်း တွေ့မြင်နေသည်။ ထိုစိတ်ဝိဉာဉ်စွမ်းအင်များက နည်းလမ်းတကျလှည့်ပတ်နေပြီး အစီအ

င်တစ်ခုအဖြစ် စုစည်းနေလေသည်။ ထိုအစီအရင်က ထူးခြားဆန်းကြယ်လှသောကြောင့် သူပင် ထိုးဖောက်မြင်နိုင်ဖို့ ခက်ခဲလှ၏။ သို့သော်လည်း ထိုခေါက်ဆွဲပွဲက လုံးဝသာမန်မဟုတ်ကြောင်း မေးခွန်းထုတ်စရာမလိုပေ။ 


"ဒါ့ကြောင့် ရှောင်ယုက ခေါက်ဆွဲပွဲကို လိုချင်နေတာကို... 

စုစည်းနေတဲ့ အစီအရင်က စွမ်းအင်တွေကိုသာ ရှောင်ယု စုပ်ယူသွားနိုင်မယ်ဆိုရင် သူ့ရဲစွမ်းအင်တွေက သေချာပေါက် ကြောက်စရာကောင်းသွားလိမ့်မယ်...”


 သူစားပွဲခုံကို ရိုက်ချလိုက်ပြီးနောက် နောက်ကျောတွင် ဆွဲထားသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ လျန်ချိမ်၏ ဓားရှည်က လေထဲ ဝဲထွက်သွားပြီး ဓားကိုယ်ထည်မှ အလင်းတန်းများတောက်ပလာသည်။ သ်ိပ်သည်းလှသော ဓားစွမ်းအင်များ စတင်လှည့်ပတ်လာပြီးနောက် နေရောင်ကဲ့သို့ စူးရှသည့် ဓားအလင်းမျာက ရှောင်ယုဆီသို့ ဦးတည်သွားလေသည်။ 


"သူ့ကိုသတ် အဲ့ဒီ့ ခေါက်ဆွဲပွဲကိုသူ မထိစေနဲ့..."


လျန်ချိမ်၏ အေးစက်လှသော အသံက ပေါက်ကွဲထွက်ပေါ်လာသည်။ ဓားသမားခြောက်ယောက်၏ နှလုံးသားများ အေးခဲသွားသည်။ သူတို့၏ မျက်ဝန်းများ၌ အံ့အားသင့်မှုများပြည့်နက်နေသော်လည်း ချက်ချင်းပင်သူတို့၏ ဓားရှည်များကို ပစ်လွှတ်လိုက်ကြသည်။


 မြင်ကွင်းက တကယ်ကိုထူးဆန်းလှသည်။ 


ရှောင်ယုက သူ့၏ ဘယ်ဘက်မှ ပျံ့ဝဲလာသော ခေါက်ဆွဲပွဲကို ဖမ်းနေစဉ်တွင် ညာဘက်တွင် စွမ်းအားကြီးမားလှသော ဓားအလင်းက သူ့ဆီဦးတည်လာနေပြီး ဓားသမားခြောက်ယောက်ကလဲ သူ့ဆီ အလျင်စလိုဦးတည်လာနေပေသည်။ 


နှစ်ဖက်လုံး၏ လှုပ်ရှားမှုက အားလုံးတွေးနိုင်သည်ထက် ကျော်လွန်နေပေ၏။ ဒါက အပြေးပြိုင်ပွဲတစ်ခုနှင့်ပင် တူနေလေသည်။ 


ရှောင်ယုက မြောလွင့်လာသော ခေါက်ဆွဲပွဲကိုကြည့်၍ နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ သူက လျန်ချိမ်၏ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နေသော ဓားစွမ်းအင်ကို ဂရုမစိုက်သလို ဓားသမားခြောက်ယောက်ကိုလဲ အဖက်မလုပ်ပေ။ သူခါးကိုဆန့် လက်ကိုဆန့်ထုတ်၍ ခေါက်ဆွဲပွဲကို အမိအရ ဖမ်းယူလိုက်သည်။ ပြီးသည်နှင့် နေအသေးစားလေးကဲ့သို တောက်လောင်နေသော ဓားစွမ်းအင်များနှင့် ဓားသမားခြောက်ယောက်ကို မျက်နှာချင်းဆိုင်လိုက်၏။ သူ့၏နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီးနောက် ခေါက်ဆွဲပွဲတစ်ပွဲလုံးကို ပါးစပ်ထဲ လောင်းထည့်လိုက်သည်။


ထို့အခိုက်အတန့်လေးမှာပင် နေအသေးစားကဲ့သို့ ဓားစွမ်းအင်က သူရပ်တည်ရာနေရာကို လွှမ်းခြုံးဝါးမြိုသွားသည်။ ဓားသမားခြောက်ယောက်၏ ဓားသွားမျာကလဲ ကောင်းကင်ကိုးထပ်မှ ပြုတ်ကျလာသလို လွှဲခုတ်ချလိုက်လေသည်။


 ပုဖန် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီးနောက် သူ့လက်မှရေများကို ခါထုတ်လိုက်သည်။ ထို့နောက်သူ ရှောင်ယဆီသို့လျှောက်သွားလိုက်ပြီး သူမကိုင်ထားသောထီးကို လွှဲပြောင်းယူလိုက်သည်။ 

မိုးရေများက ဆီစိမ်စက္ကူထီးကို ထိတွေ့ပြီးမှမြေပြင်ပေါ်သို့ ခုန်ဆင်းသွားကြသည်။ ပုဖန် မလှမ်းမကမ်းဆီသို့ တည်ငြိမ်စွာ လှည့်ကြည့်လိုက်ပြီးနောက် သူ့၏နှုတ်ခမ်းလေးများ တွန့်ကွေးသွားသည်။ 


"အသားလုံး ထပ်ပေါင်းထည့်ထားတဲ့ ခေါက်ဆွဲတစ်ပွဲ...

ဒါကအဆုံးသတ်ဖို့ လုံလောက်သင့်ပါတယ်..."