အပိုင်း ၆၅၈
Viewers 62k

အခန်း ၆၅၈

အရမ်းစပ်တယ်.... ပိုင်ရှင်ပု


ဝေါ...


မိုးရေများပင် ဆုတ်ဖြဲ ခံလိုက်ရပုံပေါ်သည်။ဓားစွမ်းအင်များက လေဟာနယ်ကို ဖြတ်တောက်သွားပြီး ပြင်းထန်လှသော လေပြင်းများကို ခေါ်ဆောင်လာသည်။


တိမ်မဲများ ပြိုကွဲသွားပြီး မိုးရေများက ဖြိုးဖြိုးဖျောက်ဖျောက်ဖြစ်လာသည်။နေရောင်ခြည်ကဲ့သို့ တောက်ပနေသော ဓားစွမ်းအင်များက မြေပြင်ကို ထ်ိမှန်လာပြီး ရှောင်ယုကို လုံးဝ ဝါးမျိုလိုက်သည်။


ဓားစွမ်းအင်များ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် ပေါက်ကွဲသံများ ပဲ့တင်ထပ်လာ၏။၎င်းက သေစေနိုင်လောက်သော အခြေအနေမျိုးဖြစ်သည်။ကြောက်မက်ဖွယ်ရာ စွမ်းအင်များက လူများကို ဆုတ်ခွာသွားစေသည်။


ရှောင်ယုက ကောင်းကင်ဗဟ်ို သန့်စင်နယ်မြေမှ ထိပ်တန်း ပါရမီရှင် တစ်ယောက်ဖြစ်သောကြောင့် ကောင်းကင်ဗဟို သူတော်စင်သားတော်က သူ့၏ အသက်ကို နုတ်ယူချင်နေလေသည်။


ဒီလိုတိုက်ခိုက်မှုမျိုးက မသေမျိုးဝိညာဉ် အဆင့် ၄ဆင့် ကျော်ဖြတ်ပြီးသည့် သူကိုပင် သတ်ပြစ်နိုင်လေသည်။ရှောင်ယုက မသေမျိုး ဝိညာဉ် လှေကားအဆင့် တစ်ခုထဲကိုသာ ဆုပ်ကိုင်ထားနိုင်သေးသည်။သူ့၏ တိုက်ခိုက်မှု စွမ်းရည်က အံ့မခန်းဖြစ်နေလျှင်တောင် သူ့ခန္ဓာကိုယ် ခုခံအားက မလိုက်နိုင်သေးပေ။ဓားသမား ၆ယောက်က သူနှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာကြသည်။တစ်ဖန် ရွာသွန်းဖြိုးလာသော မိုးရေစက်များက သူတို့အား စိုရွှဲသွားစေ၏။


သူတို့က ရက်စက်ကြမ်းကြုတ်မှုများကို ဆုပ်ကိုင်ထားပြီး သူတို့၏ နှလုံးသားက အဆက်မပြတ် တုန်ယင်နေကြသည်။တကယ်တမ်းတွင် ရှောင်ယုက မဟာအကြီးအကဲကိုယ်တိုင် အခွင့်ထူးပေးထားသော ကောင်းကင်ဗဟို သန့်စင်နယ်မြေက ပါရမီရှင်ဖြစ်သည်။


သူက အလွန်ထူးချွန်ပြောင်မြောက်လှသောကြောင့် သူတော်စင်သားတော် လျန်ခ်ျိမ်၏ နေရာသို့ အစားထိုးလာနိုင်ပေသည်။ထို့ကြောင့်ပင် ဓားသမား ၆ယောက်က သူ့ကို အသဲအသန်သတ်ဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။


အကယ်၍ သူ့ကိုသာ ကြီးထွားခွင့်ပေးလိုက်ပါက သူက အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။သို့သော် အခုတော့ အားလုံး ပြီးစီးသွားပေပြီ။သူတော်စင်သားတော် လျန်ချိမ်ကိုယ်တိုင် လှုပ်ရှားလာပေပြီ။သူ့၏ ဓားစွမ်းအင်များက မယှဉ်နိုင်လောက်အောင်ပင် အစွမ်းထက်လှသည်။


ရှောင်ယုက ထိုဓားစွမ်းအင်များဖြင့် အပိုင်းပိုင်းဆုတ်ဖြဲ ခံရပေလိမ့်မည်။စားသောက်ဆ်ိုင်၏ ဒုတ်ိယထပ်တွင် လျန်ချိမ်က တည့်မတ်စွာ ထိုင်နေသည်။သူ့၏ မျက်ဝန်းများက အရာရာအားလုံးကို နားလည်သဘောပေါက်အောင် ကြိုးစားနေသကဲ့သို့ တောက်ပလင်းလက်နေသည်။


သို့သော်လည်း ရှောင်ယုက ပြင်းထန်ကြမ်းတမ်းလှသော ဓားစွမ်းအင်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသောကြောင့် လျန်ချိမ် သူ့ကို မတွေ့ရပေ။ရုတ်တရက် ဓားစွမ်းအင်များက ပြန့်နှံ့သွားသည်။လျန်ချိမ်၏ ငွေရောင်မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူယုံကြည်လိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။


"ဘာ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


လျန်ချိမ် မတ်တပ်ထရပ်ကာအော်လိုက်၏။သူ့မျက်နာကလည်း မဲမှောင်နေပေပြီ။သူ့ဘေးရှိ ထိုင်ခုံများက ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်း ကျိုးပဲ့သွားလေသည်။


"မင်းအသက်ရှင်နေသေးတယ်...ရှောင်ယု ရှောင်ယု မင်းက တအား ကံကောင်းတာပဲလား..."


လျန်ချိမ် လက်သီးတင်းတင်းဆုပ်လိုက်သည်။သူ့၏ မောက်မာ ဝင့်ကြွားလှသော အပြုံးက ပျောက်ကွယ်သွားပေပြီ သူထင်ထားသည်က သူကိုယ်တ်ိုင် တိုက်ခိုက်လိုက်မှုထဲတွင် ရှောင်ယု လုံးဝ သေဆုံးသွားပြီဟုပင်။


သူနှင့် မဟာအကြီးအကဲ တို့ကြားတွင် သဘောတူညီချက်အချို့ရှိထားသည်။အကယ်၍ သူလှုပ်ရှားလိုက်လျှင် စည်းကမ်းများကို ဖောက်ဖျက်လိုက်ခြင်းဖြစ်ပေမည်။


သူက သူ့၏ ဂုဏ်သိက္ခာကို စွန့်လွတ်ပြီး တိုက်ပွဲထဲ ဝင်သွားခဲ့သော်လည်း ရှောင်ယုကို မသတ်နိုင်သေးပေ။


ပုဖန် ထီးကို ကိုင်ထားတုန်းဖြစ်သည်။သို့သော်လည်း မိုးရေစက်များက ထီး၏ အပေါက်အပြဲများကြားထဲမှ ကျဆင်းလာနေသည်။ရှောင်ယက မျက်လုံးပြူးလေးများဖြင့် ဓားစွမ်းအင်များ ပြည့်နှက်နေသည့် နေရာကိုသာ စူးစိုက်ကြည့်နေမိသည်။ပုဖန်က အလွန် တည်ငြိမ်နေဆဲ ဖြစ်သည်။သူ့၏ အနက်ရောင် မျက်ဝန်းများက ဓားစွမ်းအင်များ ပြည့်နှက်နေသည့် နေရာတွင် ပုံရိပ်တစ်ခုကို ရှာဖွေနေလေသည်။


ရွှစ်....


လွှမ်းမိုးနေသော အော်ရာများက တဖြေးဖြေးချင်း ပြန့်နှံ့သွားသည်။ရုတ်တရက် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဓားစွမ်းအင်များက ကွဲပျက်သွား၏ ။ဓားမြည်ကျွေးသံ တစ်ခုနှင့်အတူ အော်ဟစ်သံတစ်ခုပါ လိုက်ပါလာသည်။


ရုတ်တရက် ဓားစွမ်းအင်များ ပြည့်နှက်နေသည့် နေရာမှ အလင်းတန်းတစ်ခုက လျန်ချိမ် ဆီသို့ ဦးတည်ဝင်ရောက်သွားလေသည်။စားသောက်ဆိုင်၏ ဒုတ်ိယထပ်တွင် ရပ်နေသော လျန်ချိမ်က သူ့၏ လက်ကို ပင့်မြောလိုက်သည်။ဓားအလင်းက သူ့ရှေ့ရှေ့တည့်တည့်တွင် ရပ်တန့်သွား၏။ထ်ို့နောက် အလင်းများ ပျောက်ကွယ်သွားပြီး ဓားပုံသဏ္ဍာန်တစ်ခုကို လစ်ဟလာလေသည်။


၎င်းက ပါးလျသော်လည်း စူးရှတောက်ပသော နတ်ဘုရား တစ်ပိုင်း ဓားဖြစ်သည်။ဓားကို ထိလိုက်သည်နှင့် အလင်းများ စူးရှလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့နောက်ကျောမှ ဓားအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။


"ဘယ်လိုတောင် ကံကောင်းတဲ့ လူလဲ ..."


လျန်ချိမ်က တဖြေးဖြေးထွက်ပေါ်လာသော ပုံရိပ်ကို ကြည့်၍ ပြောလိုက်သည်။ရှောင်ယု၏ မျက်လုံးများက နီရဲနေသည်။သူ့၏ ဆံပင်အဖျားများက ဖြတ်တောက်ခံလိုက်ရပြီး ဖွစာကျဲနေလေသည်။ဖြတ်ခံလိုက်ရသော ဆံပင်အတိုများကလည်း သူ့၏ နဖူးပေါ်တွင် ကျနေသည်။


သူပါးစပ်ဖွင့်ဟ၍ အသက်ပြင်းပြင်းရှိုက်လိုက်သည်။သူ့ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအင်လှိုင်းများ လည်ပတ်နေပြီး သူ့၏ အော်ရာများက အဆက်မပြတ် တိုးမြင့်လာလေသည်။


သူ့၏ နှုတ်ခမ်းများက နီရဲရောင်ယမ်းနေပြီး သူ့၏ မျက်လုံးထဲတွင်လည်း ကြီးမားသည့် အလင်းများ စုစည်းနေပုံရလေသည်။


" အရမ်းစပ်လွန်းတယ် ပိုင်ရှင်ပု..."


ရှောင်ယုအော်လိုက်သည်။သူမျက်ရည်များပင် စီးကျလာတော့မလို ခံစားနေရသည်။


"ဒီစပ်ပြဲလန်ခေါက်ဆွဲက ဘာလို့ အရမ်းစပ်နေရတာလဲ ...ဘာလို့ ငါစားဖူးတဲ့ တစ်ခုနဲ့ မတူရတာလဲ..."


၎င်းက အရမ်းစပ်သော်လည်း သူ့၏ သက်ရောက်မှုကလည်းမယုံနိုင်စရာကောင်းလှသည်။သူ့၏ တိုက်ခိုက်ရေးစွမ်းအားများ တိုးမြင့်လာပြီး သူမမျှော်မှန်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားလေသည်။


ယခုအခ်ျိန်၌ သူက မသေမျိုး ဝိညာဉ် လှေကား သုံးဆင့် ရောက်ရှိထားသူနှင့်ပင် ယှဉ်နိုင်နေပေသည်။အရေးကြီးဆုံးအချက်မှာ သူ့၏ ခန္ဓာကိုယ်က တောက်ပသော အလင်းများဖြင့် ဖွဲ့စည်းထားသလို အနှိုင်းမဲ့သန်မာလှလေသည်။


သူ့၏ ခွန်အားက မယုံနိုင်စရာတိုးပွားလာပြီး လက်သီးတစ်ချက်ဖြင့်ပင် တောင်များ မြစ်များကို ချိုးဖျက်နိုင်သည်ဟု ခံစားရသည်။


"ပိုင်ရှင်ပုရဲ့ ခေါက်ဆွဲက အမြဲတမ်းပဲ စပ်တယ်...ဟား...ဟား...စပ်တာ ကောင်းတယ် ..."


ရှောင်ယု၏ အားပါးတရ အော်သံက ကျဆင်းနေသော မိုးရေစက်များကိုပင် အထက်သို့ ပြန်လည် လွင့်တက်သွားသလို ထင်ရစေသည်။ဓားသမား ၆ယောက်၏ အမူအရာကလည်း ရုတ်တရက် ပြောင်းလဲသွားသည်။သူတို့၏ အော်ရာများက ချက်ချင်း တိုးမြင့်လာလေသည်။


သို့သော်လည်း သူတို့၏ ဓားစွမ်းရည်များက ရှောင်ယုကို မဖိနှ်ိပ်နိုင်တော့ကြောင်း တွေ့လိုက်ရသည်။


"ဒီကောင်က ဘယ်အချိန်တုန်းက အဲ့ဒီလောက် သန်မာလာတာလဲ ..."


သူတို့ နားလည်သဘောပေါက်ရန်ပင် ခက်ခဲသွားရလေသည်။


" ခေါက်ဆွဲ တစ်ပွဲက ဒီလိုသက်ရောက်မှုမျိူးရှိတယ်လား..."


လျန်ချိမ်၏ ငွေရောင်မျက်ဝန်းများက တစ်စုံတစ်ရာကို တွေ့လိုက်ရသလိုမျိုး ဖျက်ခနဲ လင်းလက်သွားလေသည်။လျန်ချိမ် တီးတိုးရေရွတ်လိုက်မိသည်။


"ဒါကြောင့်မလို့ ရှောင်ယုက ဒီလို ကျဉ်းထဲ ကျပ်ထဲ ရောက်နေတဲ့ အခြေအနေမှာတောင် ခေါက်ဆွဲစားချင်နေတာကို ..."


ခေါက်ဆွဲတစ်ပွဲ၏ အကျိုးသက်ရောက်မှုက သူတို့ မျှော်လင့်ထားနိုင်သည်ထက်ပင် ကျော်လွန်နေ၏။ထိုခေါက်ဆွဲက သာမန်မဖြစ်နိုင်ကြောင်း သူ သိထားပြီးပြီ ဖြစ်သည်။သို့သော်လည်း သူ့တွင် ပါဝင်နေသော စိတ်ဝိညာဉ် စွမ်းအင်များက တကယ်ကို ကြောက်စရာကောင်းလှသည်။


"သတ် ...သူ့ကိုသတ်..."


လျန်ချိမ် အော်ဟစ်လိုက်သည်။ရှောင်ယု၏ လက်ရှိ အငွေ့အသက်အော်ရာများ အထွဋ်အထိပ်သို့ မရောက်သေးခင်မှာပင် သူ လက်ဦးမှုရယူ၍ တ်ိုက်ခိုက်ရပေမည်။


ဓားသမား ၆ယောက်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး အော်ဟစ်ကျုံးဝါးလ်ိုက်သည်။သူတို့၏ ဓားကို လွှဲယမ်းလိုက်သည်နှင့် ကျဆင်းနေသော မိုးရေစက်များကိုပင် ဖြတ်တောက်လိုက်သလိုပင် ဖြစ်သွားသည်။


ဘန်း...


ဓားသမား ၆ယောက်က မိုးရေများကို နင်းဖြတ်၍ အလျင်စလို ဦးတည်သွားလိုက်ကြသည်။သေစေနိုင်သော တိုက်ပွဲကြီး ရောက်လာပေပြီ ။သ်ို့သော်လည်း ဒီတစ်ကြိမ်၌ ဘယ်သူက ဘယ်သူကို သတ်ပြီး ဘယ်သူက သေမှာလဲ...


ရှောင်ယု ရက်စက်ကြမ်းကြုတ်မှုများကို ခံစားလိုက်ရပြီး သူတို့ဘက်သို့ လှည့်လိုက်သည်။သူ့၏ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့မျက်ဝန်းများက တောက်ပလာသည်။


ရှောင်ယုက တောက်ပစွာ ပြုံးလိုက်သည်။ထို့နောက် ဓားကို သူ့၏ လက်တစ်ဖက်ဖြင့် ဆွဲကိုင်ရင်း မြေပြင်ကို စောင့်နင်းလိုက်သည်။


ဘန်း...


ချက်ချင်းပင် ရှောင်ယုက ဓားသမား၏ အရှေ့သို့ ရောက်သွားသည်။ဓားသမားများ၏ စိတ်ထဲ၌ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ခံစားလိုက်ရပြီး သူတို့၏ နှလုံးသားများ တုန်ယင်သွားသည်။


ဓားသွားက ပျံလွှားဌက် တစ်ကောင်ကဲ့သ်ို့ ဖြတ်သန်းသွားလေသည်။


"တစ်ကြိမ်တည်းနဲ့ အားလုံးကို ချေမွပစ်မယ် သေပေတော့..."


ရှောင်ယု၏ ကြွက်သားများက ကြီးမားကျယ်ပြန့်လာသည်။သူ့၏ စွမ်းအင်များကလည်း ပေါက်ကွဲ ထွက်ပေါ်လာ၏။သူ့၏ ဓားစွမ်းအင်များကလည်း လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ဓားသမား ၆ယောက်က မည်မျှပင် ကျွမ်းကျင်မှု ရှိစေကာမူ ရှောင်ယုက သူ့ဓားဖြင့် တိုက်ရိုက်ခုတ်ချပစ်လိုက်သည်။


ဓားအလင်းများက ချက်ချင်း ပြိုကွဲသွားသည်။ဓားသမားများ၏ ဓားက လည်ထွက်သွားပြီးနောက် ရှောင်ယု၏ ဓားချက်အောက်တွင် ကျိုးပဲ့ ပျက်စီးသွားလေသည်။သို့သော်လည်း ရှောင်ယု၏ ဓားချက်က ရပ်တန့်မသွားသေးပေ။သူ့၏ ဓားက သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဆက်လက်ကျဆင်းလာလေသည်။


ထိုဓားသမားက ရှောင်ယု၏ ဓားဖြင့် ပိုင်းဖြတ် ခံလိုက်ရသည်။သူ့၏ သွေးများက နေရာအနှံ့ လွင့်စင်သွားလေသည်။ဓားတုန်ခါသံထွက်ပေါ်လာပြီးနောက် ဓားသမား၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။


ရှောင်ယု မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။ရွာသွန်းဖြိုးနေသော မိုးက သွေးမိုးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ပုဖန် ရှောင်ယ၏ မျက်လုံးလေးများကို ကာလိုက်သည်။


"ကလေးတွေက ဒီလိုမြင်ကွင်းမျိုးက်ို မကြည့်သင့်ဘူး..."


ရှောင်ယ နာခံ စွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်၏။ကျန်နေသေးသော ဓားသမား ၅ယောက်က ရှောင်ယုကို ကြည့်လိုက်ကြသည်။သူတို့ အလွန်ပင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။


အစောပိုင်းလေ့းကမှ ဒီလူကို သူတို့ ဝိုင်းပြီး အနိုင်ကျင့်နေတာမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီးရုတ်တရက်ကြီး အဲ့ဒီလို သန်မာလာတာလဲ...သူကဓားချက်တစ်ချက်နှင့်ပင် သူတို့ရဲ့ အဖော်က်ို သတ်ပစ်လိုက်တယ်ပေါ့...


ထို့အပြင် သူတို့ အဖော်၏ ဓားပင် ကျိုးပဲ့သွားခဲ့သေးသည်။


"ဒီလို ကြီးကြီးမားမားပြောင်းလဲမှုမျိုးက ခေါက်ဆွဲ တစ်ပွဲကြောင့်တဲ့လား..."


ရှောင်ယုခေါင်းငှဲ့စောင်းလိုက်သည်။သူ့၏ အေးစက်ကြမ်းတမ်းလှသော အကြည့်များက ခပ်လှမ်းလှမ်းရှိ ဓားသမား ငါးယောက်ပေါ် ကျရောက်သွားသည်။


ထို့နောက် သူ့၏ ဓားထိပ်ဖျားကို မြေပြင်ပေါ်တွင် တရွတ်တ်ိုက်ဆွဲရင်း ရှေ့သို့ လှမ်းလိုက်သည်။မြေပြင်မှ ထွက်ပေါ်လာသော တကျစ်ကျစ်အသံက ခပ်လှမ်းလှမ်းရှိ ဓားငမားများကို ကြက်သီးမွှေးညှင်းထသွားစေသည်။


"မင်းတို့က သတ်ဖြတ်ခြင်း ဓားသမား ၆ယောက်လား...မင်းတို့က သွေးလွှမ်းမှုတွေကို ကြိုက်နှစ်သက်တယ်လား မင်းတို့က ငါ့ကို သတ်ချင်နေတာလား..."


ရှောင်ယုက တစ်လုံးချင်းမေးနေလိုက်သည်။


"ဒီလ်ိုဆိုတော့ မင်းတို့အားလုံး သွားသေလိုက်တော့ ..."


ရှောင်ယု၏ ဖိနှိပ်ထားသော ဒေါသများက ပေါက်ကွဲထွက်လာပြီး သူ့၏ မျက်လုံးများက ရဲရဲနီနေသည်။သူ မြေပြင်ကို တစ်ချက်ထောက်ကန်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။


ဓားစွမ်းအင်များ ကောင်းကင်ယံထက်သို့ ဖြန့်ကျက်သွားပြန်သည်။ဓားစွမ်းအင်များဖြင့် ရိုက်ခတ်ခံလိုက်ရသော မိုးရေစက်များက ချွှန်မြေ့လှသော မြှားများကဲ့သို့ ဓားသမား ငါးယောက်ဆီသို့ တ်ိုးဝင်သွားကြသည်။


ဘန်း...ဘန်း...


ဓားသမားများက သူတို့၏ ဓားရှည်များကို ဝှေ့ယမ်း၍ မိုးရေစက်များကို ဟန့်တားလိုက်သည်။သို့သော်လည်း ခဏချင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွား၏။


ရှောင်ယုက သူ့၏ အနီးရောက်ရှိနေပေပြီ သူ့၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်များက အဆက်မပြတ် တိုးမြင့်နေ၏။သူ့၏ ဓားမှလည်း နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံများ ထုတ်လွင့်နေသည်။


ဓားသမား ၅ယောက်က ဟစ်ကြွေး လိုက်ပြီးနောက် သူတို့၏ စွမ်းအားများကို အလျင်စလို တိုးမြင့်လိုက်သည်။သို့သော်လည်း သူတို့လက်ထဲမှ ဓားများ လွင့်ထွက်သွားပြီးနောက် ပါးစပ်ထောင့်မှ သွေးစီးကြောင်းများ ကျဆင်းလာသည်။သူတို့၏မျက်နာပေါ်၌ စိုးရိမ်ထိတ်လန့်သည့် အမူအ အထင်းသားပေါ်လွင်လာသည်။


နောက်ဆုံး၌ ရှောင်ယုက သူတို့၏ အဖော်ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့ခြင်းအား သဘောပေါက်သွားပေပြီ။ထိုလူ၏ စွမ်းအင်များက အလွန်ကြောက်စရာကောင်းလာသည်။ရှောင်ယုက နဂိုတည်းက သူ့၏ ထူးခြားသော စွမ်းရည်များကြောင့် နာမည်ကြီးပြီးသားဖြစ်သည်။


ယခုအချိန်၌ ရှောင်ယု၏ စွမ်းရည်များက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာလေရာ သူတို့၏ စိတ်ထဲ၌ ထိန်းမရနိုင်အောင် တုန်ရီလာမိသည်။ဒုတိယထပ်တွင် ရပ်နေသော လျန်ချိမ်၏ ငွေရောင်မျက်ဝန်းများက တဖြေးဖြေးပျောက်ကွယ်လာပြီး နက်မှောင်လာလေသည်။


ရှောင်ယုကို သတ်ဖြတ်ချင်နေသော မှိုင်းညှို့နေသည့် မျက်နာထားဖြင့် စိုက်ကြည့်နေလေသည်။ဓားရှည်ကို တရွတ်ဆွဲ၍ သွားနေသော ရှောင်ယုက သူ့ခေါင်းစောင်းငှဲ့၍ လျန်ချိမ်ကို ကြည့်လိုက်သည်။သူ့၏ နှုတ်ခမ်းများက အထင်သေးဟန်ဖြင့် တွန့်ကွေးသွား၏။


"ရှောင်ယု မင်းဘယ်လိုတောင် လုပ်ရဲတာလဲ..."


လျန်ချိမ်က သူ့၏ ဓားစွမ်းအင်များကို ထုတ်ဖော်၍ ဖိနှိပ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ရှောင်ယုက လျန်ချိမ်ကို ကြည့်၍ ရယ်မောလိုက်သည်။သူ့၏ နှုတ်ခမ်းများက နီမြန်းထူအမ်းနေသောကြောင့် သူ့၏ အသွင်အပြင်မှာလည်း ရယ်စရာကောင်းလှသည်။


ရုတ်တရက်ရှောင်ယုက လျန်ချိမ်ဘက်သို့ လက်ညှိုးညွှန်လိုက်သည်။ဓားလွတ်ကျသွားသော ဓားသမား ငါးဦးက ကြောက်ရွံ့ထိတ်လန့်သော အမူအရာများဖြင့် အဝေးသို့ ထွက်ပြေးသွားကြသည်။


လျန်ချိမ်၏ မျက်ဝန်းများက နီရဲလာသည်။သူ့၏ ဓားရှည်က အသံကျယ်များ ထုတ်လွင့်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။သို့သော်လည်း ထိုအခ်ိုက်အတန့်မှာပင် သူ့၏ နောက်ကျောဘက်ဆီသို့ အရိပ်တစ်ခု ကျဆင်းလာပြီး သူ့၏ ဓားရှည်က်ို ဆုပ်ကိုင်၍ ဓားအိမ်ထဲသို့ ပြန်လည် ထည့်လိုက်သည်။


"သူတော်စင် သားတော် လျန်ချိမ် သင်က ဒီတိုက်ပွဲထဲမှာ ဝင်မပါပါဘူးလို့ မဟာအကြီးအကဲနဲ့ သဘောတူညီမှု လုပ်ထားတယ်လေ...ဒါပေမယ့် သင်က အဲ့ဒီစည်းမျဉ်းလေးကို ချိုးဖောက်ပစ်လိုက်ပြီ..."


ထိုအရိပ်၏ ကြည်လင်သာယာသောအသံက ညှင်သာစွာ ဖြတ်သန်းဝင်ရေါက်လါသည်။တကယ်တမ်းတွင် ထိုအသံက သူရဲကောင်းဆန်လှသော အမျိုးသမီးတစ်ယောက်၏ အသံဖြစ်သည်။


ထိုအမျိုးသမီးအသံကို ကြားလိုက်ပြီးနောင် လျန်ချိမ်၏ အော်ရာများက ကျဆင်းသွားသည်။သူ ရှောင်ယုကို ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။


"ရှောင်ယု ညီအကိုက တကယ့်ကို ထူးခြားတာပဲ ဒါပေမယ့် ငါက မင်းကို အထင်အမြင်သေးတယ်...ငါတို့ ပြန်တွေ့ကြတာပေါ့ ..."


လျန်ချိမ်က အပြုံးဖြင့် ပြောလိုက်ပြီးနောက် သူ့၏ နေရာမှ ထွက်ခွာသွားလေသည်။


ရှောင်ယု အနက်ရောင်အရိပ်ကို ရှုပ်ထွေးမှုများဖြင့် ကြည့်နေမိသည်။အနက်ရောင်ဝတ်ရုံက်ို ခြုံလွှမ်းထားသော ထိုအရိပ်ကလည်း သူ့ကို နက်ရှိုင်းစွာ ပြန်လည်ကြည့်နေသေးသည်။ထို့နောက် သူမက သက်ပြင်းအသာချလိုက်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။


ထ်ို့နောက် ရှောင်ယုက ပြုံးဖြီးဖြီးဖြင့် ပုဖန်ဘက်သို့ လှည့်၍ လက်နှစ်ဖက်ဆုပ်ယှက်လိုက်သည်။


"ပိုင်ရှင်ပု မင်းရဲ့ ခေါက်ဆွဲအတွက် အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်...သူ့ရဲ့ အရသာကလည်း အရင်နဲ့ တူတူပဲ ငါ အရမ်းရမ်းကို လွမ်းနေမိတာ..."


ရှောင်ယုက အားပါးတရ ချီးကျူးလိုက်သည်။သူ့၏ နှုတ်ခမ်းများက နီရဲနေဆဲဖြစ်သော်လည်း အသားလုံးစပ်ပြဲလန် ခေါက်ဆွဲ၏ သက်ရောက်မှုများ ပျောက်ကွယ်သွားသည်နှင့် ပြန်လည် သက်သာသွားမည်ဖြစ်သည်။


ထို့အပြင် ရှောင်ယုအနေဖြင့် ထိုကဲ့သို့ အရသာရှိလှသော စားစရာများဆီမှ စွမ်းအင်များ မရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။


ပုဖန် အမူအရာမဲ့စွာဖြင့်ပင် ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်


"မင်းက ဒီတစ်ကြိမ် အစားကြူးနတ်ဘုရား စားသောက်ပွဲမှာ ပါဝင်မလို့ မဟုတ်လား...သွားကြစို့ ငါတို့ တူတူပျော်ပျော်ကြီး သွားစားသောက်ကြတာပေါ့..."


ရှောင်ယုက သူ့၏ ဓားရှည်က်ို သိမ်းလိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ပုဖန် အနည်းငယ် အံ့အားသင့်သွားပြီး ရှောင်ယုကို မျက်လုံးပင့်ကြည့်လိုက်သည်။


"ကောင်းပြီလေ ဒီလိုဆိုရင် ရှောင်ယကို မင်းနဲ့အတူတူ ခေါ်သွားလိုက် သူက အဲ့ဒီစားသောက်ပွဲမှာ ပါဝင်ချင်လို့ စောင့်နေတာ တော်တော်ကြာပြီ..."


ပုဖန်၏ စကားကလည်း ရှောင်ယုကို အံ့အားသင့်သွားစေ၏။


" မင်းက မသွားဘူးလား..."


ပုဖန်က တိတ်ဆိတ်နေလေသည်။သူ မိုးရေကန်လန်ကာ အောက်မှ မြူငွေ့များ ဆိုင်းနေသော ဆည်းဆာရေကန်ရှိရာကို လှမ်းကြည့်လိုက်သည်။


"ငါ့မှာ အရေးကြီးတဲ့ လုပ်စရာတွေ ရှိသေးတယ်..."


.......


ခေါက်ဆွဲဘုရင် ဆိုင်ထဲမှ ကောင်းကင်နွေဦး သူတော်စင်သားတော် ဖြေးညှင်းစွာ လျှောက်ထွက်လာလေသည်။သူ့၏ လက်ပါးစေ တစ်ယောက်က ဆီစိမ် စက္ကူထီးကို ဖွင့်၍ ကမ်းပေးလိုက်သည်။


ကောင်းကင်နွေဦးသာတော်စင်သားတော်က ထီးကို လှမ်းယူလိုက်ပြီးနောက် တည်ငြိမ်သော မျက်နာထားဖြင့်အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။


"လန်ကျီ အဲ့ဒီစားဖ်ိုမှူးကို သွားရှာ သူက ငါတို့ ကောင်းကင်နွေဦး သန့်စင်နယ်မြေက အမျိုးသမီးကို သတ်လိုက်တဲ့အတွက် သွေးကြွေး ပြန်ဆပ်ရမယ်...ရွှေသံချပ်ကာ အစောင့်တပ်ကို မင်းနဲ့ အတူခေါ်သွား အဲ့ဒီ စားဖိုမှူး ခေါင်းကို ငါ့ဆီယူလာခဲ့..."