အခန်း ၆၅၉
ဆည်းဆာကန်မှာငါးဖမ်းမယ်...
"ကောင်းပါပြီ အရှင်..."
ထိုအအမျိုးသမီးက ကြာပန်း ပွင့်ဖူးလာသကဲ့သို့ လှပလှသည်။သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူမ၏ အသားအရည်က ကြွေထည်ကဲ့သို့ ဝင်းမွတ်တောက်ပနေ၏။သူ့၌ ကြည့်ကောင်းလှသော အချိူးအစားနှင့် ဘဲဥပုံ မျက်နာလေးရှိသည်။
သူမက ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ဖြေးညှင်းစွာ အရိုအသေပြုလိုက်ပြီးနောက် မိုးရေထဲသို့ လျှောက်လှမ်းထွက်လိုက်သည်။သူမ၏ နောက်မှ ရွှေသံချပ်ကာ အစောင့်အနည်းငယ်ကလည်း လိုက်ပါသွားလေသည်။မကြာခင်မှာပင် မိုးရေထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ကောင်းကင်နွေဦးသူတော်စင်သားတော်က သူတို့ ပျောက်ကွယ်သွားသည်အထ်ိ ကြည့်နေပြီးနောက် သူ့ဘေးမှ အနီရောင် ဝတ်စုံဝတ် အမျိုးသမီးနှင့်အတူ ထွက်ခွာသွားလေသည်။
ထိုအနီရောင်ဝတ် အမ်ျိုးသမီးကလည်း အလွန်လှပသည်။သူမက အရုပ်လေးတစ်ရုပ်အလား ချစ်စဖွယ်ကောင်းလှ၏။သူမ၏ မျက်ဝန်းများက စကားပြောတက်သော ကြယ်ကလေးများအလား တောက်ပနေလေသည်။
"အမလန်က အဲ့ဒီစားဖိုမှူးကို သတ်နိုင်ပါ့မလား...လုကျီက သေသွားပြီးပြီ ...အရှင် ငါသွားပြီးတော့ ကူညီပါရစေ...ဒီချီကလေးကို သွားခွင့်ပြုပါ..."
ထိုမိန်းကလေးက မျက်တောင်လေးများ အသာဝေ့လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ကောင်းကင်နွေဦး သူတော်စင်သားတော်က နှုတ်မ်းးတွန့်ရုံ ပြုံးလိုက်ပြီး မိန်းကလေး၏ နဖူးကို ပုတ်လိုက်သည်။
"အရူးမလေး...လန်ကျီက မင်းထက်ပိုပြီး ကောင်းကောင်းလုပ်နိုင်ပါတယ်..."
ချီကလေးက နီရဲသွားသော သူမ၏ နဖူးကို ပွတ်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။
"အရှင် ကျွန်မက ရှင့်ကို ကူညီချင်တာပါ...ကောင်းပါပြီ အခူငါတို့ ပြန်ကြစို့ အစားကြူးနတ်ဘုရား စားသောက်ပွဲက မကြာခင်မှာပဲ စတင်တော့မယ်..."
ကောင်းကင်နွေဦး သူတော်စင်သားတော်က ပြောလိုက်သည်နှင့် အနီရောင်ဝတ်မိန်းကလေးက တိတ်ဆိတ်စွာဖြင့်ပင် အနောက်မှ လိုက်ပါသွားလေသည်။ချွီရန်ချန်းဖုန်က ခေါက်ဆွဲဆိုင်၏ အပေါက်ဝတွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေခဲ့သည်။သူရွာသွန်းဖြိုးနေသော မိုးရေးက်များကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။
"အစားကြူးနတ်ဘုရား စားသောက်ပွဲမှာ တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်ပျက်လာမှာကိုပဲ ငါစိုးရိမ်မိတယ်..."
ဆီစိမ် စက္ကူထီးကို ကိုင်ဆောင်ထားသော ပုဖန်က ရှောင်ယနှင့်အတူ လူတစ်စု၏ နောက်မှ လိုက်လာခဲ့သည်။ရှေုင်ယုက လူတစ်ချို့၏ ထောက်ပံ့ ကူညီပေးမှုကြောင့် ဖြေးညှင်းစွာ လျောက်လှမ်းနိုင်ခဲ့သည်။အစားပုပ် နတ်ဘုရားမြို့တော်သည် အလွန်ကြီးမားပြီး လမ်းများကလည်း ရှုပ်ထွေးလှသည်။
ပုဖန် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုနေလေရာ မွှေးရနံ့များ လွင့်ပျံနေသည့် စားသောက်ဆိုင်များစွာကိုလည်း တွေ့လိုက်ရလေသည်။ရှောင်ယက မျက်လုံးဝိုင်းလေးများဖြင့် ပတ်ဝန်းကျင်ကိုလှည့်ပတ်စူးစမ်းနေ၏။
သူမက သူမအဖိုး၏ အိပ်ယာဝင် ပုံပြင်များမှ တစ်ဆင့် အစားပုပ်နတ်ဘုရားမြို့တော်၏ အကြောင်းကို သိခဲ့ရသည်၏သို့သော်လည်း တစ်နေ့တွင် မြို့ထဲသို့ သူမကိုယ်တိုင် ဝင်ရောက်နိူင်လိမ့်မည်ဟု မတွေးထားခဲ့မိပေ။ဒါက သူမ မမျှော်မှန်းနိုင်သည့် အရာပင်။
အဖိုးပြောခဲ့ သလိုပင် ဒီနေရာ၌ နေရာအနှံ့ စားစရာများရှိနေသည်။ရှောင်ယက ခပ်ဝေးဝေးမှ လှပသော စားစရာတစ်ခုကို မြင်လိုက်ရသည်။
"အကိုကြီး ဟိုမှာကြည့်လိုက်...အဲ့ဒါ အဖိုးရှောင်ယကို ပြောခဲ့ဖူးတဲ့ နဂါးအသားစားသောက်ဆိုင်ပဲ...အဲ့ဒီဆိုင်မှာနဂါးဟင်းလျာမျိုးစုံရတယ်..."
ရှောင်ယက ပုဖန်၏ အင်္ကျီလက်ကို ဆွဲရင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။နဂါးအသားစားသောက်ဆိုင်...စိတ်ဝင်စားဖို့ကောင်းလှပေသည်။
နဂါးအသားက ချက်ရတာကောင်းလှပေသည်။တကယ်တမ်းတွင် သူက လေအလင်းအင်ပါယာ၌ နဂါးအသားချက်ပြုတ်ရာတွင်ပင် နာမည်ကြီးလေသည်။
သို့သော်လည်း ပုဖန်နှင့် အခြားသူများက ထိုဆိုင်သို့ မဝင်ပဲ လမ်းမတစ်လျှောက် ဆက်လျှောက်သွားကာ လူနေရပ်ကွက်တစ်ခုသို့ ရောက်လာခဲ့ကြသည်။
၎င်းနေရာက အစားကြူးတောင်ကြားမှ အပြင်ဘက်မှ ဧည့်သည်တော်များအတွက် ပြင်ဆင်ပေးထားသော နေရာဖြစ်သည်။ရှောင်ယုနေထိုင်သောအိမ်က ကြီးမားလှသော အိမ်တစ်လုံးဖြစ်သည်။ထိုနေရာ၌ သူ့လူများက သူ့ကို စောင့်ဆိုင်းနေကြသည်။
ရှောင်ယနှင့် ပုဖန်တို့လည်း အိမ်ထဲသို့ လိုက်ဝင်လာကြသည်။ပုဖန်အတွက် အခန်း ပြင်ဆင်ပြီးသည်နှင့် ရှောင်ယုက သူ့၏ ဒဏ်ရာများကို ကုစားရန်အတွက် သူ့အခန်းသို့ ပြန်သွားခဲ့သည်။
သူတစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နေပြီး နေရာအနှံ့ သွေးများစီးကျနေလေသည်။သွေးများ စိုရွှဲနေသော ပုံစံမှာ ကြောက်စရာကောင်းလှ၏။အကယ်၍ ပုဖန်၏ ကြံ့ခိုင်သန်စွမ်းအမဲသားလုံးနှင့် စပ်ပြဲလန်ခေါက်ဆွဲတို့၏ အကူအညီသာ မရှ်ိပါလျှင် သူ ရက်စက်ကြမ်းတမ်းသော ဓားသမား၆ယောက်၏ လက်ချက်တွင် သေဆုံးသွားခဲ့ပြီးလေပြီ။
သူတော်စင်သားတော် လျန်ချိမ်၏ လက်ထောက် ၆ယောက်နှင့် ကောင်းကင်နွေဦး သူတော်စင်သားတော်၏ အကူမိန်းကလေးသုံးယောက်တို့က အလွန်ပင် စွမ်းအားကြီးကြသည်။
"အစားကြူးနတ်ဘုရား စားသောက်ပွဲက မနက်ဖြန်မှပါ...မင်းအခု အနားယူန်ိုင်တယ် ငါတို့ သခင်လေး ရှောင်ယု သက်သာတာနဲ့ ထွက်ခွာကြမယ်...အစားကြူးနတ်ဘုရား စားသောက်ပွဲက တော်ဝင်နဂါး ခုံရုံးအတွက် အရေးကြီးဆုံး ပွဲပဲ...အဲ့ဒီမှာ အစားသောက်ကောင်းတွေလည်း အများကြီးရှိနေလိမ့်မယ် မင်း စိတ်ပျက်ရမှာမဟုတ်ပါဘူး..."
သက်လတ်ပိုင်းအရွယ် အိမ်တော်ထိန်း လူကြီးက ပြုံး၍ ပြောလိုက်သည်။ပုဖန်က ထိုလူကို အမူအရာမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ထိုသူက ရင်းနီးဖော်ရွေသည်ဟု ထင်ရသော်လည်း ပုဖန်၌ ခံစားချက်ကောင်းများ မခံစားမိပေ။
လက်ရှိအခ်ျိန်၌ ပုဖန်၏ စိတ်စွမ်းအင်က သူနှင့် အဆင့်တူများထက် ကျော်လွန်သန်မာနေခဲ့သည်။ထို့ကြောင့် ဟန်ဆောင်နေသည့် မည်သည့်ကိုမဆို သူသိရှိနိုငိပေသည်။
"အိုး...ကောင်းပါပြီ...ငါ အနားပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်ဦးမယ်..."
ပုဖန် ခေါင်းညိတ်၍ ပြန်တုံ့ပြန်လိုက်သည်။ထို့နောက် ထိုအိမ်တော်ထိန်း၏ အကြည့်များအောက်မှာပင် အိမ်မှ ထွက်ခွာလာခဲ့သည်။ထိုသူက ပုဖန် ထွက်သွားသည်အထိ ပြုံးနေဆဲရှိသော်လည်း ပုဖန်ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် သူ့အပြုံးများပါ ပျောက်ကွယ်သွားလေသည်။
ထို့နောက် သူ့၏ လက်ကို လှုပ်ရှားလိုက်သည်နှင့် ကျောက်စိမ်းဖြူရောင် အဆောင်ပြားတစ်ခု ပေါ်လာသည်။တုန်ခါသံလှိုင်းများက အဆောင်ပြားထဲသို့ ဝင်သွားလေသည်။ထို့နောက် ၎င်းက ကျိုးပဲ့သွားပြီး သတင်းများကို လွှဲပြောင်းပြီးဖြစ်သွားလေသည်။
ထိုအိမ်တော်ထိန်းက မဲ့ပြုံးပြုံး၍ ထွက်ခွာသွားလေသည်။ပုဖန် အိမ်က ထွက်လာသည့်အချိန်၌ မိုးဖွဲလေးများဟကျနေဆဲဖြစ်သည်။တကယ်တမ်းတွင် သူက အစားကြူးနတ်ဘုရားစားသောက်ပွဲကို ဂရုမစိုက်ပေ။သူစဉ်းစားနေသည်က ဆည်းဆာရေကန်ထဲမှာ ကောင်းကင်ဝါးမျိူ ဝိညာဉ် စက်ငါးကို မည်သို့ ဖမ်းရမည်ဆိုသည်ပင်။
ဆည်းဆာရေကန်က အဆုံးအစမဲ့ ကျယ်ဝန်းလှသလို မြောက်များလှစွာသော သားရဲများ နေထိုင်ရာ အိမ်လည်း ဖြစ်သည်။သူ အလိုရှ်ိသော ငါးက မည်သို့ ဖမ်းရမည်ကို စဉ်းစားရခြင်းက တကယ့်ကို ခေါင်းခဲစရာပင်။
အစားပုတ်နတ်ဘုရားမြို့တော်၏တစ်ဖတ်တစ်ချပ်စီတွင် စားသောက်ဆိုင်အမျိုးမျိုး စီတန်းနေသည်။ပုဖန် မျက်ခုံးပင့်လိုက်မိပြီးနောက် ထိုစားသောက်ဆ်ိုင်များကို ကြည့်၍ ဖြတ်ကျော်လာခဲ့သည်။
ထို့နောက် သူ စားသောက်ဆိူင်တစ်ဆိုင်ကို ရွေးချယ်၍ ဝင်ရောက်လိုက်သည်။သူဝင်လိုက်သည်နှင့် ဓားရှည်များကို ဆွဲကိုင်ထားသော အနက်ရောင်ပုံရိပ်တစ်ချို့ ထွက်ပေါ်လာ၏။
ထိုအရိပ်များက အကြည့်ချင်း ဖလှယ်လိုက်ပြီး စားသောက်ဆိုင်၏ ဆိုင်းဘုတ်ကိုကြည့်လိုက်သည်။ထို့နောက် ပြန်လည်၍ ပုန်းအောင်းနေကြလေသည်။ဆိုင်ထဲသို့ ဝင်ရောက်သွားပြီဖြစ်သော ပုဖန်က အပြင်ဘက်မှ အဖြစ်အပျက်များကို မသိတော့ပေ။
စားသောက်ဆိုင်က တိတ်ဆိတ်အေးစက်ပြီးတက်ကြွနေခြင်းမရှိပေ။မြို့တွင်းရှိ လူစည်းကား သိုက်မြိုက်နေသော စားသောက်ဆိုင်များနှင့် ကွဲပြားလှ၏။ထို့အပြင် သက်ဝင်လှုပ်ရှားနေသော တခြားစားသောက်ဆိုင်များနှင့် ယှဉ်လိုက်ပါက အတွင်းပိုင်းနေရာက တကယ့်ကို သေးငယ်ပြီး ခုံအနည်းငယ်သာ ထားရှိထားလေသည်။
သို့သော်လည်း ဆိုင်လေးက သန့်ရှင်းသပ်ရပ်ပေသည်။ပုဖန် ဆိုင်ထဲရောက်သည်နှင့် ဆံပင်တိုနှင့် မိန်းကလေးရှိနေသော ဆိုင်ကောင်တာ သို့ သွားလိုက်သည်။
သူမက ပုဖန်ကို ပြုံး၍ လှမ်းကြည့်နေသည်။သူက စားဖိုမှူးဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော်လည်း ထိုဝတ်စုံက ပထမတန်းအဆင့် စားဖိုမှူးဝတ်စုံတော့ မဟုတ်ပေ။သူမက ဒီစားသောက်ဆိုင်၏ စားဖိုမှူးလည်း မဟုတ်နိုင်ပေ။
"ကြိုဆိုပါတယ်...ဘာစားစရာများ မှာချင်ပါသလဲ..."
မိန်းကလေးက ပြုံး၍မေးလိုက်သည်။
"မင်း ငါကို မီနူးမပေးပဲနဲ့ ငါဘယ်လ်ိုလုပ်မှာရမလဲ..."
ပုဖန်က ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် မိန်းကလေးဘက်သို့ ခေါင်းငှဲ့စောင်းကြည့်ပြီးမေးလိုက်သည်။မိန်းကလေးက သွားများပေါ်အောင်ပင် ပြုံးပြပြီးနောက် ရှင်းပြလိုက်သည်။
"အိုး ဒီမှာ ရှင်မသိတာရှိတယ်...ကျွန်မတို့ စားသောက်ဆိုင်ရဲ့ စားဖိုမှူး ဝမ်ရမ်က မီနူးထားရတာကို မကြိုက်ဘူး ရှင်စားချင်တာဘာမဆိုမှာလိုက်...တကယ်လို့ စားဖိုမှူးဝမ်ရမ်က ချက်နိုင်တယ်ဆိုရင် သူချက်ပေးလိမ့်မယ်...တကယ်လို့ သူမချက်နိုင်ဘူးဆိုရင် မချက်ပေးဘူး..."
"အိုး..."
ပုဖန် အံ့အားတသင့် မျက်ခုံးပင့်လိုက်မိသည်။
"ဒီစားဖိုမှူးက မီနူးထားရတာကို မကြိုက်ဘူး ဟုတ်လား..."
"ရှင်မှာချင်တာကိုသာ မှာလိုက်ပါ...ကျွန်မတို့ စားသောက်ဆိုင်ရဲ့ စားဖိုမှူးက နည်းနည်းလေးရူးသွပ်နေတယ် အင်း ကျွန်မထက် ပိုပြီး ရူးသွပ်တယ်..."
သို့သော်လည်း ထိုကဲ့သို့ ရူးနမ်းသော စားဖိုမှူးကိုသာ ပုဖန် လိုက်ရှာနေခြင်းဖြစ်သည်။ပုဖန် မိန်းကလေးကို ကြည့်လိုက်သည်။ထိုအကြည့်က သူမ၏ စားဖိုမှူး ဝမ်ရမ် အကြည့်နှင့် တူနေသည်ဟု သူမခံစားလိုက်မိသည်။
"ဒါဆိုရင် မင်းတို့ဆီမှာ ကောင်းကင်ဝါးမျို ဝိညာဉ် စက်ငါးကို အသုံးပြုထားတဲ့ ဟင်းပွဲ တစ်စုံတစ်ရာများရှိလား..."
"ကောင်းကင်ဝါးမ်ျို ဝိညာဉ်စက်ငါး ..."
မိန်းကလေးကြောင်အသွား၏ သူမအသက်တစ်ချက်ရှိုက်လိုက်ပြီးနောက် သင်္ကာမကင်းဟန်ဖြင့် ကြည့်လိုက်သည်။
"ဆရာ ရှင်လာနောက်နေတာလား..."
မိန်းကလေးက ပုဖန်ကို မယုံကြည်နိုင်စွာ ပြန်မေးလိုက်သည်။ထိုငါးမျိုးက ဆည်းဆာကန်ထဲတွင်သာ နေထိုင်ခဲ့ခြင်းဖြစ်သည်။ထိုသားရဲက အလွန်ပင် ရက်စက်ကြမ်းကြုတ်၏။
တကယ်တမ်းတွင် ၎င်းက အလွန့်အလွန် ရက်စက်ကြမ်းတမ်းကြောက်ဖို့ကောင်းသော သားရဲ ဖြစ်သည်။ထို့အပြင် ၎င်းကို ဖမ်းဆီးရသည်ကလည်း တခြားအရာများကို ဖမ်းဆီးရသည်ထက် ခက်ခဲသည်။ထို့အပြင် ထ်ိုငါးကို ဖမ်းန်ိုင်လျှင်တောင်မှ သူ့ကို ကိုင်တွယ်ရသည်က ပို၍ ခက်ခဲနေပေသည်။
ပြောရမည်ဆိုလျှင် ထ်ိုငါးကို နည်းလမ်းအမှားဖြင့် ကိုင်တွယ်မိပါက သေစေနိုင်သော အဆိပ်ဖြစ်သွားပေလိမ့်မည်။ထိုအဆိပ်က စွမ်းအားကြီးလှသော သူတော်စင်များကိုပင် သေစေနိုင်သည်အထိ ပြင်းလေသည်။
ထိုကဲ့သို့သော အစားအစာမျိုးကို သန့်စင်နယ်မြေမှ အစားသရဲများပင်လျှင် စားခဲ၏။
"ဒီလူကဘာလို့ အဲ့ဒီလို စားစရာမျိုးကို စားချင်နေလဲ...သူက ပြဿနာရှာချင်နေတာလား..."
"မရနိုင်ဘူးလား..."
ပုဖန် မျက်မှောင်ကြုတ်၍ ထပ်မေးလိုက်သည်။ထ်ိုငါးကို ချက်ပြုတ်ရခြင်းက မည်မျှ ခက်ခဲသည်ကို ပုဖန်မသိပေ။သူက ဒီတိုင်း ထပ်မေးလိုက်ခြင်းဖြစ်သည်။မိန်းကလေးက အနည်းငယ် ကိသိကအောင့် ဖြစ်သွားသည်။
"ကောင်းပြီလေ မင်းတို့ အချက်နိုင်ဘူးဆိုရင်လည်း ထားလိုက်တော့..."
ပုဖန် အနည်းငယ် စိတ်မကောင်းဖြစ်သွားမိသည်။တကယ်တမ်းတွင် ထိုငါးကို မြည်းစမ်းခွင့်ရနိုင်ပြီဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ဒီစားသောက်ဆိုင်ကလည်း သုံးစားမရဘူး...
"အဟမ်း...အဟမ်း...မင်းက ကောင်းကင်ဝါးမျို ဝိညာဉ် စက်ငါးကို စားချင်နေတာလား..."
ရုတ်တရက် မီးဖိုခန်းဘက်ဆီမှ အရပ်မြင့်မြင့်အမျိုးသား တစ်ယောက်ဖြစ်လာလေသည်။ထိုအမျိုးသားက ပိန်သွယ်သော်လည်း ဖြောင့်ဖြောင့်မတ်မတ် ကိုယ်ပိုင်အနေအထားရှိသည်။သူ့၏ မျက်နာက ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။
သူက ချွီရန်ချန်းဖုန်၏ ဝတ်ရုံနှင့်ဆင်တူသော စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားသည်။ထ်ုအမျိုးသားက ပထမအဆင့် စားဖိုမှူးဖြစ်ကြောင်း သိသာထင်ရှားပေသည်။
"ဟုတ်တယ်..."
ပုဖန် ထိုသူကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ထိုသူ၏ လက်ထဲတွင် ဘူးသီးတစ်လုံးကို ကိုင်ထားသည်။ထိုလူက ဘူးသီးခြောက် အဖုံးကို ဖွင့်လိုက်ပြီးနောက် တစ်ငုံစုပ်သောက်လိုက်သည်။ပြန့်လွင့်လာသော ရနံ့က ပုဖန်၏ နှလုံးသားကိုပင် တဖျတ်ဖျတ် လွင့်ခါသွားစေသည်။
"မင်းက ကောင်းကင် ဝါးမျို ဝိညာဉ်စက်ငါးကို စားချင်တယ်ဆို ဖြစ်နိုင်ပါတယ် ဒီကြီးကျယ်မြင့်မြတ်တဲ့ စားဖိုမှူးက အဲ့ဒါကို ချက်နိုင်တယ် ဒါပေမယ့် မင်းစားချင်တယ်ဆိုရင် အဲ့ဒါကို ချက်န်ိုင်တယ်..."
ထိူသူက ပုဖန် ရှိရာဆီသို့ လျှောက်လာပြီးနောက် ခုံကို ဆွဲ၍ ဝင်ထိုင်လိုက်သည်။သူပုဖန်ကို ကြည့်လိုက်ပြီးနောက် အနည်းငယ် တောင့်တင်းသွားသည်။ပုဖန်ဆီမှ အော်ရာများက သူ့ကို အနည်းငယ်တုန်ယင်သွားစေသည်။
"မင်းကလည်း စားဖိုမှူးလား..."
ထိုသူက ဝိုင်တစ်ငုံစုပ်သောက်လိုက်ရင်းမေးလိုက်သည်။
"ဟုတ်တယ် ...မင်း အဲ့ဒီ ငါးကို ဘယ်လိုဖမ်းရမလဲဆိုတာကိုမင်းသိလား...အဲ့ဒီငါးကို ဘယ်လိုချက်ရမလဲဆိုတယကို သိတယ်ဆိုမှတော့ ဘယ်လိုဖမ်းရမယ်ဆိုတာကိုလည်း သိမှာပေါ့...ဟုတ်လား..."
ပုဖန်ထ်ိုသူကို မေးလိုက်သည်။ထိုသူက နှုတ်ခမ်းတစ်ဖက်တွန့် လိုက်သည်။
"မင်းစားချင်တယ်ဆိုမှတော့ ငါးသွားဖမ်း...ငါးဖမ်းရမှာ နားလည်လား...ဆည်းဆာရေကန်ကို သွားပြီး ငါးဖမ်းရမယ်..."
ထိုလူငယ်က ပြောပြီးသည်နှင့် မတ်တပ်ထရပ်လိုက်သည်။သူဘူးသီခြောက်ဘူးက်ို ကိုင်ယူ၍ မီးဖိုချောင်ဘက်ဆီသို့ လျှောက်လှမ်းလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီစားဖိုမှူးမှာတော့ မင်းကို သတိပေးစရာရှ်ိတယ်...မင်း သတိထားရမယ်...ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးစားတာ မခံရစေနဲ့...ငါးအစာ ဖြစ်သွားမယ်ဆိုရင်တော့ အရမ်းစိတ်ဝင်စားဖို့ကောင်းသွားလိမ့်မယ်...ဟား...ဟား...ဟား..."
ထိုလူငယ်က ကျယ်လောင်စွာ ရယ်မောပြီးနောက် မီးဖိုခန်းထဲဝင်၍ ပျောက်ကွယ်သွားလေသည်။ပုဖန်က ထိုသူ၏ စကားများကို တွေးတောနေမိသည်။
"ငါးဖမ်းရမယ်..."
"မှန်တယ်လေ ငါးစားချင်တယ်ဆိုမှတော့ ငါးဖမ်းရမှာပေါ့...ဆည်းဆာရေကန်ကို သွားပြီး ငါးဖမ်းရမယ်..."
ပုဖန် ပြုံးလိုက်ပြီးနောက် မတ်တပ်ထရပ်ကာမီးဖိုချောင်ဘက်သို့ လျင်မြန်စွာ ကြည့်လိုက်သည်။ထိုစားဖ်ိုမှူးက စိတ်ဝင်စားစရာကောင်းပေသည်။ထ်ိုသူ၌ ဇာတ်လမ်းဟောင်းများရှိရပေမည်။
သူငါးဖမ်းပြီးသည်နှင့် ဒီဆိုင်သို့ ပြန်လာပြီး စားဖိုမှူး၏ ဇာတ်လမ်းများကို နားထောင်ရပေမည်။ပုဖန်က မိန်းကလေး၏ ကြောင်အနေသော အကြည့်များအောက်မှာပင် ဆိုင်ထဲမှ ထွက်လာခဲ့သည်။နောက်ခဏအတွင်းမှာပင် သူ့နှလုံးသားက တင်းကျပ်သွားလေသည်။
သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေသော အမှောင်ထုထဲမှ ဓားအလင်းများ ရုတ်တရက် ထွက်ပေါ်လာလေသည်။