အပိုင်း ၆၆၀
Viewers 53k

အခန်း ၆၆၀...


ရုတ်တရက် ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။ဓားစွမ်းအင်များ ကျရောက်ရာ ရေအိုင်ငယ်လေးများပင် ရေများဖွားကနဲ လွင့်စင်သွားသည်။ဓားသွားက လေဟာနယ်ကို ဖြတ်တောက်သွားလေသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများ ထောင်ထသွားလေသည်။အမှောင်ထုထဲမှနေ၍ အနက်ရောင်အရိပ်များ ထွက်ပေါ်လာသည်။၎င်းတို့က ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်း အငွေ့အသက်များကို သယ်ဆောင်လာပေသည်။


ဓားစွမ်းအင်များက သိပ်သည်းလှပြီး အစိုင်အခဲ ဖြစ်လုနီးပါးပင် ၎င်းတို့က ပုဖန်ကို လွတ်မြောက်ရာလမ်းကြောင်းမရှိအောင် အဘက်ဘက်မှ တိုက်ခိုက်လာသည်။


သို့သော်လည်း ပုဖန်က ရပ်တန့်နေတုန်းပင်ဖြစ်သည်။သူ့၏ နီရောင်စားဖိုမှူးဝတ်ရုံက ဓားအရှိန်ကြောင့် ဖြစ်ပေါ်လာသော လေထုကြောင့် တဖျတ်ဖျတ် လွင့်ခါနေသည်။၎င်းမှာ အနီရောင်ဖျော့ဖျော့လေးလည်း ထုတ်လွင့်နေ၏။


"မင်းက ကောင်းကင်နွေဦးသူတော်စင်သားတော်ရဲ့ အလုပ်ကို ဝင်ရှုပ်ခဲ့တယ် အခုသူတော်စင်သားတော်က မင်းရဲ့ ခေါင်းကို ယူလာဖို့ အမိန့်ထုတ်လိုက်တယ်..."


အက်ရှလှသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ဓားစွမ်းအင်က ပို၍ပင် သိပ်သည်းလာသည်။မြေပြင်ပေါ်မှ ဖိအားများက ပေါက်ကွဲသွားပြီး စူးရှလှသော ဓားသဖွယ် ပုဖန်ဆီသို့ တိုးဝင်လာလေသည်။


"သူတော်စင်သားတော်ရဲ့ အမိန့် ..."


ပုဖန် မျက်ခုံးပင့်လိုက်မိသည်။


"ကောင်းကင်နွေဦး သူတော်စင်သားတော် ဟုတ်လား...ဒါပေမယ့် ငါ သူ့ရဲ့ အလုပ်ကို ဝင်မရှုပ်မိဘူးလေ...ဖြစ်နိုင်တာက သူတော်စင်သားတော်လျန်ချိမ်လား..."


ပုဖန် တုန်ယင်သွားသည်။သူ့၏ ပတ်ပတ်လည်မှ ဓားစွမ်းအင်များ နီးကပ်လာသည်ကို ခံစားမိလေသည်။သူ့မျက်နာက မဲသဲသွားပြီးနောက် သူ့လက်ထဲ၌ မဟူရာလိပ်ခုံးဒယ်အိုးတစ်ခုပေါ်လာသည်။


ထို့နောက် ဒယ်အိုးက ပုဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကာလိုက်လေသည်။စွမ်းအင်များက အခ်ျိန်ကိုက် ဒယ်အိုးကို လာရောက်ထိမှန်ကြလေသည်။သို့သော်လည်း ဒယ်အိုးကို အနည်းငယ်မျှ ပျက်စီးသွားအောင် မလုပ်နိုင်ပေ။သူတို့အားလုံးက ဒယ်အိုး အနည်းငယ် လှုပ်ခါသွားရုံသာ တက်နိုင်လေသည်။


တိုက်ခိုက်မှုများကို ခုခံပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးက ပြန်လည်ကျုံ့သွားကာ ပုဖန်၏ လက်ထဲသ်ို့ ပြန်လည်ရောက်ရှိလာသည်။အနက်ရောင်ဓားသမားများကလည်း အနည်းငယ် ထိတ်လန့်သွားသည်။သူတို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်ပြီးနောက် ခပ်ဝေးဝေး ဆီသို့ ခြေချလိုက်သည်။သို့သော် သူတို့ ပုဖန်ကို ဝိုင်းထားလိုက်ပြီ ဖြစ်သည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို ပင့်မြောက်လိုက်ပြီး ထိုသူများကို အေးစက်စွာ ကြည့်လိုက်သည်။မကြာခင်မှာပင် ဓားသမားများက နောက်တစ်ကြိမ်ထပ်မံ တိုက်ခိုက်လာပြန်သည်။ထိုအချိန်၌ ပုဖန်၏ နောက်ကျောဘက်ရှိ စားသောက်ဆိုင်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။


"မင်းတို့ ငါဆိုင်ရှေ့မှာ လာတိုက်ခိုက်နေတာလား...ဘာလဲ ငါဆိုင်မှာ စားသုံးသူ မရှိလို့ အထင်သေးတာလား..."


ပိန်ပါးသော ပုံရိပ်က တံခါးဘောင်ကို မှီလိုက်ရင်းသူ့လက်ထဲမှ ဘူးသီးခြောက်ဘူးအဖုံးကို ဖွင့်၍ ဝိုင်သောက်လိုက်သည်။ထို့နောက် ပါးစပ်ထောင့်စွန်း၌ ပေကျံသွားသော ဝိုင်များကို အင်္ကျီလက်စဖြင့် သုတ်လိုက်သည်။


ပြီးနောက် ထိုသူက ကျူးကျော်လာသူများကို အေးစက်စွာစိုက်ကြည့်လာသည်။


"အဲ့ဒီလူက ပထမအဆင့် စားဖိုမှူး ဝမ်ရမ်ရှန် မဟုတ်လား...သူက ဘယ်လိုဖြစ်လို့ ဆိုင်ထဲက ထွက်လာရတာလဲ အဲ့ဒီ ဝမ်ရမ်ရှန်က တခြားသူတွေရဲ့ အလုပ်ကို ဝင်မလုပ်ချင်ဘူးဆို မဟုတ်ဘူးလား..."


ဓားသမားများက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူတိုအခတ်တွေ့စွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ဝမ်ရမ်ရှန်က ပထမအဆင့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။တောင်ကြားထဲ၌ သူ့၏ ဂုဏ်သတင်းက သိပ်မကောင်းသော်လည်း သူ့၏ အဆင့်အတန်းက ချွီရန်ချန်းဖုနခနှင့် အတူတူရှိနေဆဲပင်။ထို့ကြောင့် ဓားသမားများက အနည်းငယ် စိုးရိမ်သွားကြသည်။


"စားဖိုမှူး ဝမ်ရမ်ရှန် ဒါက သူတော်စင်သားတော်ရဲ့ ကိစ္စပါ ငါတို့ရဲ့ အရှင်ကို မျက်နာသာပေးနိုင်မလား..."


ဓားသမားက အေးစက်စွာ မေးလိုက်သည်။သူ့၏ ဓားပြားကလည်း အနည်းငယ် တုန်ခါနေပေသည်။


"သူတော်စင် သားတော် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှာ သူတော်စင်သားတော်တွေ အများကြီးပဲ မင်းက ဘယ်သူတွက် အလုပ်လုပ်နေတာလဲ ငါမသိတော့ အဲ့ဒီတော့ ဘယ်သူတော်စင်သားတော်လဲ ငါမသိဘူးလေ...အဲ့ဒီတော့ ငါဘယ်သူကို ဂရုစိုက်ရမှာလဲ...ငါ့ရဲ့ ဆိုင်ရှေ့မှာ ပြဿနာလာမရှာနဲ့ ထွက်သွားကြ..."


ဝမ်ရမ်ရှန်က သူ့၏ လက်ကို စိတ်ပျက်လက်ပျက် ဝှေ့ယမ်းရင်း ပြောလိုက်သည်။ထို့နောက် သူ့လက်ထဲမှ ဝိုင်တစ်ငုံကို စုပ်သောက်လိုက်သည်။မွှေးပျံ့သော ရနံ့က သူ့ကို ကျေနပ်စေလေသည်။ဓားသမားများ၏ အကြည့်များက အေးစက်သွားသည်။သူတို့ တစ်ယောက်ကို တစ်ယောက်တီးတိုးပြောလိုက်ကြပြီးနောက် သူတို့၏ တင်းမာခတ်ထန်သော အကြည့်များက ပုဖန်ဆီသို့ ကျရောက်သွားသည်။


"စားဖိုမှူး ဝမ်ရမ် ဒီလိုဆိုရင်တော့ ငါတို့ မင်းကို အပြစ်ပြုမိရတော့မယ်...ဒီလူက သူတော်စင်သားတော်ရဲ့ အလုပ်ကို ဝင်ရှုပ်တယ် ဒါ့ကြောင့် သူတော်စင်သားတော်က သူ့ကို သတ်ဖို့ အမိန့်ပေးလိုက်တယ်..."


ဓားသမားတစ်ယောက်က ဝင်ပြောလိုက်သည်။ထိုသို့ ပြောပြီးသည်နှင့် သူက မယုံနိုင်စရာ အရှိန်နှုန်းဖြင့် ပုဖန်ဆီ တိုးဝင်လာပြီး သူ့၏ ဓားဖြင့် လွှဲခုတ်ချလာလေသည်။


ဓားစွမ်းအင်များက ဝေ့ဝဲကာ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာစေသည်။တစ်ချိန်တည်းမှာပင် တခြားဓားသမားတစ်ယောက်ကလည်း ဝင်ရောက်တိုက်ခိုက်လာလေသည်။တမဟုတ်ချင်းပင် နေရာတစ်ခုလုံးက ဓားစွမ်းအင်များနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်သွားပြန်သည်။


ပုဖန်က သူတို့ ချဉ်းကပ်လာပုံကို အမူအရာမဲ့စွာ ကြည့်နေပြီးနောက် သက်ပြင်းအသာ ချလိုက်သည်။ထိုအခိုက်အတန့်၌ ပုဖန်က ပြန်လည် တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားပြီးပေပြီ။သို့သော်လည်း ဝမ်ရမ်ရှန်က ရုတ်တရက် မတ်မတ်ရပ်လိုက်သည်။


သူ့၏ ဝိုင်ဘူးအဖုံးက ကျွတ်သွားပြီးနောက် ဝိုင်တစ်စက် ထွက်ပေါ်လာသည်။ထိုဝိုင်စက်လေးက ဝမ်ရမ်ရှန်၏ အရှေ့တွင် လွင့်မျောနေလေရာ နီးကပ်လာသော ဓားသမားများဖြင့် တိတ်ဆိတ်စွာ ကြည့်နေကြလေသည်။ရုတ်တရက် သူ့၏ လက်ကို လှုပ်ရှားလိုက်သည်နှင့် ထိုဝိုင်စက်ကလေးက မြောက်များလှစွာသော ဝိုင်မြှားများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ထို မြင်ကွင်းက ပွင့်ချပ်လေးများ ပွင့်ဖူးလာသကဲ့သို့ လှပလှသည်။


ဘန်း...


ကြောက်မက်ဖွယ်ကောင်းလှသော ပေါက်ကွဲအားတစ်ခုနှင့်အတူ ဓားသမားများ ဖိနှိပ်ခံလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားသည်။ဓားသမား၏ အကြည့်က ဝမ်ရမ်ရှန်ဆီသို့ ရောက်သွားပြီး သူ့၏ မျက်နာအမူအရာကလည်း ကြောက်ရွံ့မှုအပြည့်ဖြင့် ပြောင်းလဲသွားလေသည်။


"မင်းက သူတော်စင်သားတော်ရဲ့ အလုပ်ကို ဝင်ရှုပ်ရဲတယ်ပေါ့...မင်း အပြစ်မပြုသင့်တဲ့သူကို အပြစ်ပြုမိပြီ ပြဿနာမရှာမိစေဖို့ ဂရုစိုက်သင့်တယ်..."


တခြားဓားသမားတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။ဝမ်ရမ်ရှန်က မျက်ခုံးပင့်လိုက်ပြီး ထိုဓားသမားကို အေးစက်စွာ ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ဖဝါးပေါ်တွင် အဝါရောင် ဝိုင်စက်ကလေးများ မြောက်များစွာ ပေါ်လာလေသည်။


ဝိုင်စက်ကလေးများက လုံးဝန်း တောက်ပြောင်နေပြီး အတွင်း၌လည်း စွမ်းအင်များ ပြည့်နှက်နေသည်။


"မင်းက ပိုလိုချင်နေရင် သေခြင်းတရားကသာ မင်းကို စောင့်ကြိုနေလိမ့်မယ်..."


ဝမ်ရမ်ရှန်က အေးတိအေးစက်ပြောလိုက်သည်။ ဒယ်အိုးကို ကိုင်ဆောင်ထားသော ပုဖန်က ဝမ်ရမ်ရှန်ကို အံ့အားတသင့် လှမ်းကြည့်လိုက်သည်။ထိုဝမ်ရမ်ရှန်က သတ္တိကောင်းလှသည်။ထိုလူက သူကို ကူညီဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် သူ့စားသောက်ဆိုင်၏ စည်းမျဉ်းကို လိုက်နာဖို့ ကြိုးစားနေသည်လားတော့ မသိပေ။


မည်သို့ပင်ဖြစ်စေကာမူ ပုဖန်က ထိုသူကို ကြည့်၍ ခေါင်းအသာ ညိတ်ပြလိုက်သည်။တခြားတစ်ဘက်တွင်မူ ဓားသမားတို့က ဝမ်ရမ်ရှန်၏ သတိပေးချက်ကို ကြားပြီးနောက် တုန်ယင်သွားလေသည်။


ထိုဝမ်ရမ်ရှန်က နားလည်ရခတ်သူ တစ်ယောက်ဖြစ်သည်။ဓားသမားများက သူ့ရှေ့တွင် ပုဖန်ကို မည်သို့ သတ်ရမည်အား မသိသောကြောင့် ဘေးကင်းလုံခြုံစွာပင် ပြန်လာခဲ့သည်။သူတို့အားလုံး မိုးသည်းသည်းထဲသို့ ပြန်လည် ဆုတ်ခွာသွားလေသည်။


ပုဖန်လည်း ဝမ်ရမ်ရှန်ဘက်သို့ နောက်တစ်ကြိမ် ထပ်မံ ခေါင်းညိတ်ပြလိုက်ပြီးနောက် မိုးရေထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။


"စားဖိုမှူးဝမ်ရမ် ရှင်ဘာကြောင့် သူကို ကူညီလိုက်တာလဲ...သူ ငါတို့ စားသောက်ဆိုင်ကို လာတုန်းက ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို စားချင်တယ်လို့ ပြောပြီး ပြဿနာရှာသေးတယ်လေ..."


ဆံပင်အတိုနှင့် မိန်းကလေးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ဝမ်ရမ်ရှန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီးနောက် ဆိုင်ဘက်သို့ လှည့်ဝင်သွားလေသည်။


"အဲ့ဒီလူက တအားစိတ်ဝင်စားဖို့ကောင်းတယ် တကယ်လို့ သူသာ ခဏအတွင်း သေသွားမယ်ဆိုရင် အစားကြူးနတ်ဘုရားစားသောက်ပွဲက အဓိပ္ပါယ်မဲ့သွားမှာပေါ့..."


ဆံပင်တိုနှင့် မိန်းကလေးက ပို၍ပင် ရှုပ်ထွေးသွားလေသည်။သူပုဖန် ပျောက်သွားရာ နေရာသို့ လှမ်းကြည့်လိုက်သည်။ထို့နောက် ထွက်ခွာသွားသော စားဖိုမှူးကို ကြည့်လိုက်ပြန်၏ သို့သော်လည်း သူမ ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။


ခပ်လှမ်းလှမ်းရှိ ထောင့်တစ်နေရာတွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ပုဖန် ထွက်သွားရာကို ကြည့်နေလေသည်။ သူမ၏ နောက်၌ ရွှေရောင်သံချပ်ကာဝတ်အဖွဲ့ ရှိနေလေသည်။ထိုသူများကို ကြည့်ရသည်မှာ အလွန်ပင် အန္တရာယ်များလှပေသည်။သူတို့က ပို၍ပင် အားကောင်းလှသော သတ်ဖြတ်ခြင်း စွမ်းအင်များကို ထုတ်လွင့်နေသည်။


"မဒမ်လန်ကျီ မဒမ် အခု တိုက်ချင်ပါသလား..."


ရွှေရောင်သံချပ်ကာဝတ် အဖွဲ့တစ်ယောက်က နက်ရှိုင်းကျယ်လောင်သော အသံဖြင့် မေးလိုက်သည်။အပြာရောင် ဝတ်စုံဝတ် မိန်းကလေး၏ အကြည့်များက နက်ရှိုင်းတည်ငြိမ်လှသည်။သူမက မိုးရေထဲ ကြည့်နေရင်းဖြင့် ခေါင်းအသာ ခါယမ်းလိုက်သည်။


"မလုပ်ဘူး ...ဒါက ဝမ်ရမ်ရဲ့ ပိူင်နက်ပဲ...သူငါတို့ကို ဆန့်ကျင်လာရင် ကောင်းမှာ မဟုတ်ဘူး...ပြီးတော့ အဲ့ဒီ ဝမ်ရမ်ရှန်က ပထမအဆင့် စားဖိုမှူးတွေထဲက နားလည်ရအခတ်ဆုံး လူတစ်ယောက်ပဲ ငါတို့ရဲ့ သူတော်စင်သားတော်တောင်မှ သူနဲ့ ပြဿနာတက်ချင်မှာ မဟုတ်ဘူး...ဒါကြောင့် ငါတို့ ပြဿနာမရှာသင့်ဘူး..."


အစောင့်တပ်သားက စကားထပ်မပြောတော့ပဲ အသာခေါင်းညိတ်ပြလိုက်သည်။သူတို့အားလုံးက အမိန့်နာခံဖို့သာ လိုလေသည်။


"အဲ့ဒီစားဖ်ိုမှူး နောက်ကိုလိုက်...အခွင့်အရေးရမယ်ဆိုရင် သူ့ကို သတ်ပြစ်လိုက်..."


ထိုအမျိုးသမီးက နတ်သမီးလေးတစ်ပါးလို လှပချစ်စရာကောင်းသော်လည်း သူမ၏ စကားများကတော့ ကောက်ကျစ်စဉ်းလဲမှုများနှင့် ပြည့်နေလေသည်။


ပုဖန် စားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် အရှေ့သို့ ဆက်လျှောက်သွားလေသည်။သူ ဆည်းဆာရေကန်မှ ဘယ်လိုငါးများ ရမည်ကို တွေးတောနေလေ၏။


"ငါ ငါးမျှားချင်တယ်ဆိုရင် ငါးမျှားဖို့ ပစ္စည်းတွေလိုတယ်လေ ... ငါးမျှားတံ ငါးမျှားချိတ် ငါးစာ..."


သို့သော်လည်း ထိုအရာများကို သူ မည်သည့်နေရာက သွားရှာရမလဲ မသိပေ။ပုဖန်က မိုးထဲရေထဲမှာပင် အစားပုပ်နတ်ဘုရားမြို့တော်မှ ထွက်လာကာ ဆည်းဆာကန်အစွန်းသို့ ဦးတည်သွားနေလေသည်။


ထိုနေရာ၌ စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နေသော မြင့်မားလှသည့် သစ်ပင်ကြီးများစွာ ရှိလေသည်။ထိုနေရာသို့ ရောက်သွားပြီးနောက် ပုဖန် အံ့အားသင့်သွားပြီး သူ့၏ မျက်နာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။


ဝုန်း...


သစ်ပင်တစ်ပင် မြေပြင်ပေါ်သို့ လဲပြိုကျလာပြီးအောက်ခြေရှိ ချုံပင်များစွာကိုပင် ကွဲကြေသွားလေသည်။သူက သစ်ခေါက်များ ကွဲကြေမသွားစေရန်အတွက် ဖြောင့်တန်းလှသော ပင်စည်ကို သူလက်တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး မြေပြင်ပေါ်မှ အသာအယာ ချလိုက်သည်။ထို့နောက် သစ်တောထဲမှ ထွက်ကာ ဆည်းဆာရေကန်ဆီသို့ ဆက်သွားလိုက်သည်။


"ငါ့ရဲ့ သိုလှောင်နယ်မြေထဲက သားရဲ အကြောမျှင်နှင့် အံဝင်ဂွင်ကျ ဖြစ်မယ့် ငါးမျှာတံ တစ်ချောင်းလိုမယ်..."


ပုဖန် သူ့၏ မေးကို ထိရင်း တွေးတောနေသည်။ရုတ်တရက် အစိမ်းရောင်မီးခိုးငွေ့များ ပေါ်လာပြီး တောက်ပြောင်နေသော ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓာ ပေါ်လာသည်။


သူ ဓားသွားထက်မထက် စစ်ဆေးကြည့်လိုက်ပြီးနောက် သိုလှောင်နယ်မြေထဲမှ အစပ်ချောင်းတစ်ချောင်းကို ထုတ်ကာ စုပ်လိုက်သည်။သူ့လက်ထဲမှ ဓားက်ို မြောက်၍ ခုတ်ချလိုက်သည်။မကြာခင်မှာပင် သူ သစ်ပင်ခုတ်၍ ပြီးသွားလေပြီ သို့သော်လည်း သစ်လုံးက ထူထဲနေဆဲပင် ဖြစ်သည်။


ပြီးနောက် သူသိုလှောင်နယ်မြေထဲမှ သားရဲ အရွတ်အကြော တစ်ခုကို ထုတ်ယူလိုက်ပြီး ချည်နှောင်လိုက်သည်။ခဏအကြာ၌ သူ့၏ လက်လုပ်ငါးမျှားတံ ပြီးဆုံးသွားလေပြီ ။၎င်းက အနည်းငယ် ရုပ်ဆိုးနေသော်လည်း လက်တွေ့အသုံးဝင်ပေသည်။


ပုဖန်က အရွတ်အကြော၏ အဖျား၌ ငါးမျှားချိတ်ကို တပ်ဆင်လိုက်ပြီးနောက် ရေကန်ဆီသို့ ဆက်လျှောက်လာခဲ့သည်။ရေကန်အစွန်းသို့ ရောက်သည်နှင့် ကြီးမားလှသော ပင်စည်ကို လွှဲယမ်းလိုက်လေရာ ငါးမျှားချိတ်ပါသော သားရဲ အရွတ်အကြောက ရေထဲသို့ ကျသွားလေသည်။


ရေကန်ဆီမှ ပြင်းထန်လှသည့် ဖိအားကြောင့် သူ့ဝတ်ရုံမှ အမွှေးအတောင်လေးများပင် လှုပ်ခါသွားသည်။သားရဲ အရွတ်ကလည်း လှုပ်ခါသွားပြီး အနည်းငယ် တင်းသွားလေသည်။


ဘာ...


ပုဖန် မျက်တောင်ခတ်လိုက်မိသည်။


"လခွမ်း...ဘာငါးစာမှ မပါပဲနဲ့ ငါးရပြီလား..."


အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပင်စည်ကို ဆွဲတင်လိုက်သည်။သားရဲ အကြောမျှင်က ပြင်းထန်သည့် အားကြောင့် လှုပ်ခါသွားသည်။မကြာခင်မှာပင် ရေကန်ထဲမှ ကြမ်းကြုတ်ရက်စက်သော သားရဲတစ်ကောင်ကို အားနှင့် ဆွဲတင်လိုက်သောကြောင့် ရေများဖွားကနဲ လွင့်စင်သွားလေသည်။


"အဲ့ဒါ ဘာငါးလဲ..."


ပုဖန် ကြောင်အမှင်သက်သွားသည်။ငါးစာမပါပဲ မျှား၍ရသည့်ငါးက ကောင်းသည့်အရာ ဖြစ်နိုင်မည်မဟုတ်ပေ။သူ ဧရာမငါးကြီးကို ဆွဲတင်လိုက်ပြီး မကြာခင်မှာပင် ၎င်း၏ ဆုံလည်ကဲ့သို့ လည်နေသေူ မျက်ဝန်းများက ပတ်ဝန်ကျင်ကို ကြည့်ရှုပြီးနောက် သူ့ဆီသို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။


၎င်း၏ မျက်လုံးများက တဖျတ်ဖျတ် ခတ်နေသည်။၎င်းက ပါးစပ်ကို ဖြေးညှင်းစွာ ဖွင့်လိုက်ပြီးနောက် တောက်ပစွာ စီတန်းနေသော သွားများနှင့် ချွန်ထွက်နေသော သွားစွယ်များကို လှစ်ဟပြလာသည်။


ပြင်းထန်လှသော ဟိန်းဟောက်သံ တစ်ခုက ရေပြင်ကို ဖြတ်သန်းသွားလေသည်။ထို့နောက် ကြောက်စရာကောင်းလှသော သားရဲကြီးက သူ့၏ ပါးစပ်ကို ဖွင့်ဟ၍ ပုဖန်ဆီသို့ ခုန်ဝင်လာလေသည်။ပုဖန် သူ့လက်ထဲမှ ငါးမျှားတံကို မြင့်မြင့်မြောက်လိုက်သည်။ထို့နောက် တခြားလက်တစ်ဖက်တည်းတွင် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာပြီး ထိုငါး၏ ခေါင်းကို ပြင်းထန်စွာ ထုချလိုက်သည်။


ထန်...


ထိုသားရဲငါးက ယိုင်နဲ့သွားပြီး ရေကန်ထဲသို့ ပြန်လည်ပြုတ်ကျသွားသည်။


အိုး...အဲ့ဒါက မြေကမ္ဘာရုပ်ဆိုးငါးမဟုတ်လား...အဲ့ဒါက ကောင်းကင်ဝါးမျို ဝိညာဉ် စက်ငါးရဲ့ အစာပဲ မဆိုးဘူး...ငါ အဲ့ဒါကို ငါးစာအဖြစ် အသုံးပြုလို့ရပြီ..."


ပုဖန် အံ့အားတသင့်ဖြင့် ရေရွတ်လိုက်သည်။ထို့နောက် ပင်စည်ကို ဆွဲမြှောက်လိုက်ပြီး ရေထဲမှ ငါးကို တစ်ဖန် ပြန်ဆွဲတင်လိုက်သည်။ထိုသားရဲကလည်း ပုဖန်ကိုမြင်သည်နှင့် သူ့၏ ပါးစပ်ကို ဖြဲဟကာ အရင်ကထက် ကျယ်လောင်စွာ ဟိန်းဟောက်လာလေသည်။


ပုဖန် မျက်ခုံးပင့်လိုက်သည်။သူ မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်လည် ဆင့်ခေါ်လိုက်ပြီးနောက် ထိုငါး၏ ခေါင်းနှင့် ဘန်းကနဲ နေအောင် မိတ်ဆတ်ပေးလိုက်သည်။၎င်း၏ သွားများပင် နေရာအနှံ့သို့ လွင့်စင်သွားပြီး ကျယ်လောင်စွာ အော်ဟစ်သွားလေသည်။


ထို့နောက် ပုဖန်က ငါးမျှားတံကို ပခုံးထက်တွင် တင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ငါးကို ကိုင်ဆွဲကာ ရေကန်နှင့်ဝေးရာကို လျှောက်သွားလိုက်သည်။အပြာရောင်ဝတ်စုံ ဝတ်မိန်းကလေးက မိုးများကြားထဲမှ လျှောက်လှမ်းလာလေသည်။သူမက ရပ်တန့်မည့်ပုံမပေါ်ပေ။


သူမက ပုဖန်ရှိရာဆီသို့ တည့်တည့်ကြည့်နေသည်။သူမ၏ နောက်မှ လိုက်ပါလာသော ရွှေသံချပ်ကာ အဖွဲ့ကလည်း အေးစိမ့်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ထုတ်လွင့်နေလေသည်။