အပိုင်း ၆၆၁
Viewers 53k

အခန်း ၆၆၁

ဆည်းဆာကန်ထက်ဝယ်... လှေငယ်တစင်းနဲ့ငါးမျှားမယ်....


မြေကမ္ဘာ ရုပ်ဆိုးငါးသည် သူ့၏ နာမည်အတိုင်း ရုပ်ဆိုးလွန်းလှသည်။ သူ့၏ ခန္ဓာကိုယ်သည် ကြွက်နို့များ ပြင်းထန်ချွန်ထက်သော ကျောရိုးများဖြင့် ပြည့်နှက်နေလေသည်။ သူ အသက်ရှုလိုက်တိုင်း သူ့၏ ပါးစပ်ထဲတွင် ပြည့်နေသော အရည်များက စိမ့်ထွက်နေလေသည်။


ပုဖန် သည် ငါးကို အနီးကပ်စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်ခုံး ပင့်လိုက်လေသည်။ထိုငါးသည် ရုပ်ဆိုးလွန်းလှသောကြောင့် မည်သူမှ စားချင်လိမ့်မည် မဟုတ်ပေ။


သို့သော်လည်း ထိုငါးသည် ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါးအတွက် ငါးစာဖြစ်နေသောကြောင့် ၎င်းကို လိုအပ်ပေလိမ့်မည်။


ပုဖန် သည် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်ပတ်လိုက်ပြီးနောက် ရုပ်ဆိုးသောငါးကို အလျင်အမြန် ဖြတ်တောက်လိုက်သည်။  


"သိပ်မဆိုးပါဘူး... ဒီငါးက သူ့အရင်ကမ္ဘာထဲက ငါးတွေနဲ့တူတယ်..."


ငါးသည် ရုပ်ဆိုးသော်လည်း ၎င်း၏အသားသည် အလွန်နူးညံ့သည်။ အနံ့ကလည်း မွှေးလွှန်းလှသည်။ငါး၏အသားနှင့်အရည်အသွေးသည်အလွန်ကောင်းမွန်ပြီး အမှန်တကယ် ကောင်းမွန်သောအစားအစာတစ်ခုဖြစ်လာပေလိမ့်မည်။


ပုဖန်သည် ငါးမျှားချိတ်၏ ထိပ်တွင် အသားအပိုင်းအစကို ချည်ထားခဲ့ပြီးနောက် အသက်တစ်ချက် ညင်သာစွာ ရှူထုတ်လိုက်သည်။ နောက်ဆုံးတော့ သူ ကြိုတင်ပြင်ဆင်ထားမှုများ ပြီးသွားလေပြီ။


ပုဖန်သည် ငါးမျှားတံနှင့် ကျန်ငါးစာတို့ကို သူ့ပခုံးပေါ်တင်လိုက်ပြီး ဆည်းဆာရေကန်ဆီသို့ ပြန်သွားခဲ့သည်။ကောင်းကင်သည် တဖြည်းဖြည်း မဲမှောင်လာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာပြီး ဘယ်အချိန် တိတ်မယ်ဆိုတာ မသိရှိနိုင်ပေ။


ပုဖန် ငါးမျှားတံကိုကိုင်ကာ ကျယ်ပြောလှပြီး လှိုင်းထန်နေသော ရေကန်ကြီးကို မျက်နာချင်းဆိုင်လိုက်သည်။ သူ့၏ ဆံပင်ရှည်နဲ့ အမွေးအတောင်ပါတဲ့ ၀တ်ရုံက လေထဲတွင် လွင့်မျောနေလေသည်။ သို့သော်လည်း ပုဖန်၏ ခန္ဓာကိုယ်သည် ရေမစိုခဲ့ပေ။မိုးရေစက်များသည် သူ့အပေါ်သို့ မဆင်းသက်မီ မမြင်နိုင်သော စွမ်းအားများကြောင့် ရပ်တန့်သွားလေသည်။


သူ့လက်ဝှေ့ရမ်းမှုနှင့်အတူ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။လှိုင်းထန်နေသော ရေကန်၏ မျက်နာပြင်ပေါ်တွင် ရွက်လှေငယ်တစ်စင်း ရှိနေလေသည်။


ပုဖန် ရှေ့တစ်လှမ်းတိုး၍ ငါးမျှားတံကိုကိုင်ဆောင်ကာ လှေငယ်ပေါ်သို့တက်လိုက်သည်။ သူ ကျယ်ပြောလှပြီး အေးစက်နေသော ရေကန်ကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။ ပြင်းထန်သော စိတ်စွမ်းအင်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားသည်။  


သစ်ရွက်လှေသည် ငြိမ်သက်နေသော ရေကန်ပေါ်သို့ ပြုတ်ကျလာသော ကျောက်တုံးနှင့်တူပြီး အပြင်ဘက်သို့ လှိုင်းဂယက်များ ပျံ့နှံ့သွားလေသည်။တဟုန်ထိုး အသံတစ်ခု ပဲ့တင်ထပ်လာလေသည်။


ရုတ်တရက် အမည်မသိ အင်အားတစ်ခုက လှေငယ်လေးကို ရှေ့သို့ တွန်းပို့ခဲ့ပြီး ဖြည်းညှင်းစွာ ရွေ့လျားသွားလေသည်။ပုဖန် ငါးမျှားတံကိုကိုင်ကာ လှေကိုယ်ထည်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။သူ ယခုထိတိုင်အောင် ငါးဖမ်းဖို့ မစတင်ရသေးပေ။အဘယ့်ကြောင့်ဆိုသော် ငါးဖမ်းရန် သင့်တော်သောနေရာသို့ ရောက်သည်ဟု မခံစားရသေးပေ။


မရပ်မနားရွာနေသော မိုးသည် ပိတ်ထားသော ကန့်လန့်ကာနှင့်ပင်တူ၏။ လှေငယ်လေးပေါ်မှ တစ်ဦးတည်းသော ပုံရိပ်လေးက မိုးသည်းထန်စွာရွာသွန်းမှုကို ကြံကြံ့ခံ တွန်းလှန်နေလေသည်။ သူ ဆည်းဆာရေကန်၏ အလယ်ဗဟိုဆီသို့ ဆက်လက် ရွေ့လျားနေ၏။


ထိုအချိန်၌ ကမ်းစပ်တွင် အရိပ်များ ပေါ်လာလေသည်။ ပြင်းထန်သောလေ၏ တိုက်ခတ်သံကြောင့် မိန်းကလေး၏ အပြာရောင် ၀တ်စုံသည် လေထဲတွင် လွင့်ပျံသွားလေသည်။ သူမ၏ သေးသွယ်ကျစ်လစ်လှသော ခန္ဓာကိုယ်လေးသည် လေ၏အောက်တွင် အလွန်ထင်ရှားလွန်းလှသည်။


ပုဖန်သည် မိုးရေထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူမမျက်မှောင်ကြုတ်လိုက်မိသည်။


 "ဒီစားဖိုမှူးက ဘာသွားလုပ်မှာလဲ"  

 

သူမ တိုးတိုးလေးပြောလိုက်သည်။


"မဒမ် လန်ကျီ ဆည်းဆာရေကန်က ငါတို့ရှေ့မှာရှိနေတယ်... မိုးရွာရင် ရေကန်က အရမ်းအန္တရာယ်များတယ်... ငါတို့ရှေ့ဆက်ရမှာလား..."  


ရွှေသံချပ်ကာဝတ်စုံနဲ့ အစောင့်တပ်သားက မေးလိုက်သည်။မိုးရွာသောအခါတွင် ဆည်းဆာရေကန် သည် ပါးစပ်ကျယ်ကျယ်ဖွင့်ဟထားသော ကြောက်စရာကောင်းလှသော သားရဲတစ်ကောင်နှင့် ဆင်တူသည်။ထို့ကြောင့် လူများက ရေကန်ကို ကြောက်ရွံ့ကြပြီး ၎င်းနှင့် အလွန်နီးကပ်စွာ မစွန့်စားရဲကြပေ။


 "သွား... သူတော်စင်သားတော်က အမိန့်ထုတ်တယ်...ဒီစားဖိုမှူးကို ငါတို့သတ်ရမယ်..."


လန်ကျီ၏ မျက်နှာက အေးစက်သွားလေသည်။သူမ၏ လှပသောခြေထောက်များကို မြှောက်လိုက်ကာ ရေကန်၏ မျက်နှာပြင်ပေါ်သို့ လှမ်းတက်ပြီးနောက် အလယ်ဗဟိုဆီသို့ လျှောက်သွားခဲ့သည်။


ရွှေသံချပ်ကာဝတ် အဖွဲ့များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဘာစကားမှမဆိုကြပေ။ လက်နက်ကြီးများကို ကျောပေါ်တင်ကာ ရေကန်၏ လိမ့်နေသော လှိုင်းလုံးကြီးများပေါ်သို့ လျှောက်လာကြလေသည်။


.......


အစားကြူးနတ်ဘုရား မြို့တော်သည် ညမှောင်ချိန်ကတည်းက စိတ်လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။ ရှည်လျားလှသော လမ်းမပေါ်တွင် မအိပ်သေးသောသူများနှင့် ဆူညံစွာ တည်ရှိနေလေသည်။ စားသောက်ဆိုင်များတွင် ပုန်းကွယ်နေသော စားဖိုမှူးများသည် နောက်တစ်ကြိမ် ထွက်လာသလိုထင်ရသည်။ 


ထိုလူများသည် ဖယောင်းတိုင်တစ်တိုင်ကို လက်ထဲတွင်ကိုင်ဆောင်ကာ မိုးရေများမစိုစေရန် မီးတောက်များကို ဂရုတစိုက်ကာကွယ်ကြသည်။ သူတို့သည် အစားကြူးနတ်ဘုရား မြို့တော်၏ အလယ်ဗဟိုဆီသို့ ဖြည်းညှင်းစွာလျှောက်လာကြသည်။


အလွန်ခမ်းနားထည်ဝါလှသော ဗိသုကာမျှော်စင်ကြီးသည် ထိုနေရာတွင် တည်ရှိနေလေသည်။ ထိုမျှော်စင်သည် အမှန်တကယ်မြင့်မားပြီး တောက်ပလှပသော ဆီမီးခွက်များဖြင့် ထွန်းညှိထားသည်။ ဆယ်ထပ်တိုက်ကြီးတွင် အသီးသီး တောက်ပစွာ ထွန်းလင်းခဲ့ကြသည် ။  


မျှော်စင်၏ အလယ်တွင် စတုရန်းပုံသဏ္ဍာန် ကွက်လပ်တစ်ခုရှိပြီး ကျယ်ပြောလှသောစတုရန်းပုံ တည်ဆောက်ထားသည်။ ထိုစတုရန်းတွင် မရေမတွက်နိုင်သော ထိုင်ခုံများနှင့် မြင့်မားပြီး အနက်ရောင်ကျောက်တုံးကြီးတစ်ခုပါရှိသော ဧရာမခြံဝင်းတစ်ခုရှိသည်။


ကျောက်တုံးကြီး၏ ဒီဇိုင်းသည် ရှေးကျပြီး နာမည်များစွာ မှတ်တမ်းတင်ထားသည်။ လျှို့ဝှက်ဆန်းကြယ်သော စိတ်စွမ်းအင်များသည် သံတိုင်တစ်ဝိုက်တွင် လှည့်ပတ်နေလေသည်။ထိုအရာသည် အစားကြူးတောင်ကြား၏ မှတ်တမ်းဖြစ်သည်။  


မှတ်တမ်းတင်ထားသော အမည်များသည် အနည်းဆုံး ပထမတန်းစားဖိုမှူးများဖြစ်သည့် တောင်ကြားရှိ ထိပ်တန်းစားဖိုမှူးများဖြစ်ကြသည်။ဒုတိယတန်းစားဖိုမှူးများသည် ပင်ထိုစာရင်းထဲတွင် ပါဝင်ခွင့်မရှိပေ။


အစားကြူးတောင်ကြားတွင်ရှိသော အစားကြူးနတ်ဘုရား အဆောက်အဦးသည် သံနဲ့ ဆောက်လုပ်ထားပြီး ကြီးမားလှသော မျှော်စင်ကြီးနဲ့ ဆင်တူလေသည်။၎င်းသည် ထိုနေရာတွင် အကြီးမားဆုံး အဆောက်အဦး တစ်ခုဖြစ်သည်။  


ပုန်းကွယ် နဂါးတိုက်ကြီးထဲတွင်တောင် နာမည်ကြီးလှပေသည်။ဆယ်ထပ် အဆောက်အဦးတစ်ခုအနေဖြင့် မျှော်စင်သည် အမှန်တကယ်ကျယ်ဝန်းလှသည်။ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေလေသည်။


ထိုလူများသည် မျှော်လင့်ချက်များဖြင့် မျှော်စင်ထဲသို့ ဝင်ရောက်လာကြပြီး ပွဲတော်ဖွင့်ပွဲကို စောင့်မျှော်နေကြလေသည်။


အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသော ရှောင်ယုကလျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့သည်။သူ့၏ အော်ရာများက အားနည်းနေသေးသော်လည်း သူ့ မျက်နှာက ဖြူဖျော့မနေတော့ပေ။နေ့တစ်ဝက်မျှ အနားယူခဲ့ပြီးနောက်၌ ခွန်အားအနည်းငယ် ပြန်လည်ရရှိလာပြီဖြစ်သည်။


သူ ရှောင်ယု ကိုတွေ့ပေမယ့် ပုဖန် ဘယ်ရောက်နေသည်ကို မသိဖြစ်နေသည်။သို့သော်လည်း ပုဖန် သူ့ကို ပြောထားပြီးသားမလို့ သူအံ့သြမသွားပေ။သို့သော် ပုဖန် စိုးရိမ်နေတက်သော ရှောင်ယ၏ အကြောင်းကိုသာ သိချင်နေလေသည်။


ထို့နောက် သူ ကလေးမလေးကိုခေါ်၍ အိမ်မှထွက်လာပြီး မျှော်စင်ရှိရာဆီသို့ သွားလေသည်။ဒီညတွင် အစားကြူးနတ်ဘူရားစားသောက်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပမည်ဖြစ်သည်။အဆင့်အတန်းမြင့်မားသော ဂုဏ်ဒြပ်ရှ်ိသူ အားလုံးနီးပါး ထိုအခန်းအနားသို့ တက်ရောက်ကြသည်။


ဖွင့်ပွဲ အခမ်းအနားက အစားကြူးနတ်ဘုရားစားသောက်ပွဲ၏ အရေးကြီးဆုံး အစိတ်အပိုင်းမဟုတ်သော်လည်း အများစုက စိတ်ဝင်စားစရာကောင်းလှသည်။


ချွီရန်ချန်းဖုန်၏ ခေါက်ဆွဲဘုရင်ဆိုင်ကလည်း ယနေ့ အစောကြီးပိတ်လေသည်။သူက စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့သော အပြုံးကို ချိတ်ဆွဲထားသည်။ထို့နောက် မျှော်စင်ရှိရာဆီသို့ သွားနေသော လူအုပ်ကြီးနှင့်အတူ လိုက်ပါလာလေသည်။


ဘူးသီးခြောက်ရေဘူးကို ကိုင်ဆောင်ထားသော ဝမ်ရမ်ရှန်ကလည်း ဆိုင်မှ ထွက်ကာ မျှော်စင်ဆီသို့ ဦးတည်သွားလေသည်။သူကလည်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရည်ရွယ်ထားလေ၏။


လမ်းမရှည်တစ်ဖက်တစ်ချပ်ဆီမှ မြောက်များလှစွာသော စားသောက်ဆိုင်များအားလုံး ပိတ်သိမ်းကြလေပြီ။ထိုစားသောက်ဆိုင်များမှ အဆင့်မြင့်မားသော စားဖိုမှုးများအားလုံးက မျှော်စင် ရှိရာဆီသို့ သွားနေကြသည်။


အစားကြူးတောင်ကြား တစ်ခုလုံးအတွင်းရှိ လေထုက ယခု အချိန်တွင် အနည်းငယ် ကွဲပြားခြားနားသွားလေသည်။အစားကြူးနတ်ဘုရားအဆောက်အဦး၏ မြေကွက်လပ်ရှေ့တွင် မြောက်များလှစွာသော စားပွဲများကို ခင်းကျင်းထားသည်။


လေထဲတွင်လည်း ပေါလောပေါ်နေသော စက်ဝိုင်းပုံသဏ္ဍာန် စင်မြင့်များရှိနေသည်။ထိုစင်မြင့်များကိုလည်း သေချာသပ်ရပ်စွာ စီတန်းထား၏။


အဝေးမှ လှမ်းကြည့်လျှင် ၎င်းတို့က မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်ကလေးများကဲ့သို့ပင်။ထိုနေရာများက နဂါးမြို့ဟောင်းတိုက်ကြီး၏ အင်အားစုကြီးများမှ အဆင့်အတန်းမြင့်မားသော သူများ အတွက် ဖြစ်ပြီး အောက်ခြေရှိ နေရာများက ဧည့်သည်တော်များအတွက်ဖြစ်သည်။


ကြီးကျယ်ခမ်းနားလှသော ဧရာမအစားကြူးနတ်ဘုရား အဆောက်အဦးက စိတ်ကူးထားနိုင်သည်ထက်ပင် ကျော်နေပေပြီ။ကောင်းကင်နွေဦး သူတော်စင်သားတော်လည်း အချိန်ကိုက်ရောက်ရှိလာလေသည်။


ထိုသူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်မှ စူးရှလှသော အစစ်အမှန် စွမ်းအင်များက်ို ထုတ်လွင့်နေသည်။သူ့၏ ပုံစံက ကောင်းကင်နှင့် ကမ္ဘာမြေကို ထုတ်ချင်းဖောက်တော့မည့် လှံတစ်စင်းအလား ထင်ရလေသည်။


သူ့၏ နောက်တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် မိန်းကလေးတစ်ယောက်ရှိနေသည်။သူတို့ အစားကြူးနတ်ဘုရားအဆောက်အဦးထဲ ဝင်ရောက်လာပြီးနောက် စားပွဲထ်ိုး၏ လမ်းညွှန်မှုနှင့် မျောလွင့်နေပြီး မြင့်မားသည့် စင်မြင့်များဆီသို့ ဦးတည်သွားလေသည်။


သို့သော်လည်း ထိုနေရာအဖိုးတန် အသီးအနှံများနှင့် စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေသည့် သက်စောင့်ဆေးများလည်းရှိသည်။ထူးကဲစွာ တောက်ပနေသော ဝိုင်ပုလင်းများကိုလည်း သေချာစွာ ပြင်ဆင်ထားသည်။


ကောင်းကင်နွေဦး သူတော်စင်သားတော်က အလွန်ပင် ငြိမ်ချမ်းသော အမူအရာဖြင့် လေပေါ်စင်မြင့်ဆီသို့ ညှင်သာစွာ ဆင်းသက်လာသည်။ထို့နောက် ခန့်ညားစွာလျှောက်သွားလိုက်ပြီးနောက် စားပွဲတစ်ခုံတွင် ခြေချိတ်၍ ထိုင်လိုက်သည်။


"နေရတနာ ဝိညာဉ်ဝိုင်လည်းရှိတာပဲ...အနံ့နှင့်တင် ဘယ်လောက်အရသာရှ်ိလည်းဆိုတာက်ို ပြောနိုင်နေပြီ ဒါက ပြောမပြတက်နိုင်လောက်အောင်ပါပဲ..."


ကောင်းကင်နွေဦးသူတော်စင်သားတော်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။မလှမ်းမကမ်းတွင်ရှိနေသော သူတစ်ယောက်က သူ့ကို ပြန်ပြုံးပြနေသည်။ထိုသူက တခြားစားပွဲ စင်မြင့်ထက်တွင်ထိုင်နေသော ကောင်းကင်ဗဟို သူတော်စင်သားတော် လျန်ချိမ်ပင်ဖြစ်သည်။


သူက သလင်းကဲ့သို့ ကြည်လင်နေသော ဝိုင်များက်ို ခွက်ထဲ လောင်းထည့်လိုက်သည်။နေအလင်းရောင်အောက်တွင် ထ်ိုဝိုင်များက တလက်လက်တောက်ပနေသည်။လျန်ချိမ်ကလည်း ဝိုင်ခွက်ကို အသာအယာလှုပ်ခါလိုက်ပြီးနောက် ဝိုင်အကြောင်း ချီးကျူးပြောဆိုလိုက်သည်။ 


ခေါင်းလောင်းမြည်သံအချို့ ထွက်ပေါ်လာပြီး နတ်သမီးနှင့် ဆင်တူအောင်ပင် ပြုလုပ်ပေးထားသော အဖြူရောင် ပါးလွှာသည့် ပိုးထည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး အခြားသော စင်မြင့်ပေါ်သို့ ဆင်းသက်လာသည်။


သူမရောက်လာပုံက နတ်သမီးတစ်ပါးရောက်လာသကဲ့သို့ ထူးထူးခြားခြား ဖြစ်စေသောကြောင့် အခြားသူများကပင် လေးစားမိစေသည်။ကောင်းကင်နွေဦး သူတော်စင်သားတော်နှင့် ကောင်းကင်ဗဟိုသူတော်စင်သားတော်တို့ကလည်း ထိုအမျိုးသမီးကို မြင်လိုက်ပြီးနောက်အနည်းငယ် ဦးညွှတ်နှုတ်ဆတ်လိုက်သည်။


"ကြိုဆိုပါတယ် အာကာသ နတ်သမီးပျို..."


လျန်ချိမ်က ဝိုင်ခွက်ကိုမြောက်၍ ရွှင်မြူးစွာဖြင့် စကားစလိုက်သည်။ကောင်းကင်နွေဦးသူတော်စင်သားတော်ကလည်း တက်ကြွသော အမူအရာဖြင့် ခေါင်းညိလိုက်သည်။


အာကာသနတ်သမီး၏ အနက်ရောင်ဆံပင်များက ရေတံခွန်ကဲ့သို့ ဖြာဆင်းကျနေသည်။သူမ၏ မျက်ဝန်းများက ယစ်မူးစေနိုင်လောက်အောင် လှပလှသည်။သူတော်စင်သားတော် နှစ်ပါး၏ နှုတ်ဆတ်စကားကို ထိုသူတောင်စင် သမီးတော်က ဘာမှ ပြန်မပြောပေ။သူမ၏ အကြည့်များကလည်း အေးစက်လျက်ရှိသည်။


တခြားသော အင်အားစုကြီးများမှ ပညာရှင်များလည်း ရောက်ရှိလာကြသည်။ဆေးနန်းတော် အရှင်သခင် လော့တန်ချင်းက မဟာဂိုဏ်းအရှင်သခင်နှင့် လေမိုးကြိုးဂိုဏ်းမှ အရှင်သခင်တို့နှင့်အတူ ရောက်ရှိလာလေသည်။


တခြားသော အုပ်စုများမှ အုပ်စုငယ်များလည်း တဖွဲဖွဲ ရောက်ရှိလာကြသည်။နေရာယူထားပြီးဖြစ်သော အစားကြူးတောင်ကြားမှ ဒေသခံ စားဖိုမှူးများနှင့် ဧည့်သည်တော်များကလည်း စိတ်အားတက်ကြွနေကြသည်။ယနေ့ညက အစားကြူးနတ်ဘုရား စားသောက်ပွဲ ဖွင့်ပွဲ အခမ်းအနားဖြစ်ပြီး အဓိက ပွဲမဟုတ်သေးသော်လည်း လူများစွာက မျှော်လင့်စောင့်ဆိုင်းနေကြသည်။


အဘယ့်ကြောင့်ဆိုသော် အစားကြူးတောင်ကြားရှိ အဆင့်အတန်းမြင့်လှသော စားဖိုမှူးများကို တွေ့နိုင်ခြင်းကြောင့်လည်း ဖြစ်သည်။ချက်ပြုတ်ခြင်း စွမ်းရည်ကလည်း အလွန်အထင်ကြီးစရာကောင်းသည်။သူတော်စင်သားတော် သမီးတော်များပင်လျှင်သူတို့ကို သဘောကျနှစ်သက်ကြလေသည်။


ထိုနေရာ၌ အစားကြူးတောင်ကြား၏ အထူး ပထမတန်းအဆင့် စားဖိုမှူးတစ်ဦးပင် ရှိနေသေးသည်။အစားကြူးနတ်ဘုရား စားသောက်ပွဲက ပွဲတော်တစ်ခုမျှသာမဟုတ်ပေ။တကယ်တမ်းတွင် ၎င်းက အစားကြူးတောင်ကြား၏ အစားကြူးဘုတ်ပြားပေါ်တွင် အဆင့် သတ်မှတ်ခြင်းက အဓ်ိကအချက်ဖြစ်သည်။


အစားကြူးတောင်ကြားထဲတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြသော စားဖိုမှူးများစွာရှ်ိပေသည်။သူတို့က သူတို့၏ အရည်အချင်းများကို ပြသနိုင်ရန်အတွက် အစားကြူးနတ်ဘုရားစားသောက်ပွဲကို စောင့်မျှော်နေကြသည်။


သူတို့၏ အဆင့်သတ်မှတ်ချက်များက ထိပ်ဆုံး သို့ တက်ရောက်လာနိုင်သည်နှင့်အမျှ ကမ္ဘာတုန်လှုပ်သွားစေလိမ့်မည်။၎င်းက သူတို့၏ အခွင့်အရေးဖြစ်ရုံသာမက သူတို့၏ မိတ်ဆုံစားပွဲလည်း ဖြစ်နေသောကြောင့် လူတိုင်း အလွန်အလေးအနက်ထားကြလေသည်။လူတိုင်း ထိုင်ခုံနေရာ ယူပြီးကျချိန်၌ ကောင်းကင်ယံထက်မှ မိုးခြိမ်းသံများထွက်ပေါ်လာသည်။


ဂျိမ်...


ထိုအခိုက်အတန့်၌ အစားကြူးနတ်ဘုရား အဆောက်အအုံကြီးပင် နိုးထလာသလို ထင်ရစေသည်။ပုံရိပ်တစ်ခုက မြေကွက်လပ် အလယ်ခေါင်သို့ ဝင်ရောက်လာသည်။ထိုသူက ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခါးကုန်းကုန်းလူတစ်ယောက်ဖြစ်သည်။သူ့၏ မျက်နာက အလွန်တည်ငြိမ်နေသည်။


ထိုသူ ကွက်လပ်အလယ်ခေါင်သို့ ရောက်သည်နှင့် အားလုံး တိတ်ဆိတ်သွားကြသည်။ထိုသူကို မြင်လိုက်သည်နှင့် လူတိူင်း လေအေးတစ်ချက် ရှူရှိုက်လိုက်မိကြသည်။


"အစားကြူးတောင်ကြားရဲ့ မဟာအကြီးအကဲ ချူချန်းရှန့်..."


............


လှေငယ်လေးတစ်စင်းသည် မည်မျှ ကြာညောင်းမှန်းမသိနိုင်အောင်ပင် တဖြေးဖြေးချင်း ရွက်လွှင့်လာလေသည်။ရွာသွန်းဖြိုးနေသော မိုးရေများက မိုးဖွဲလေးများ အဖြစ်သို့ ကျဆင်းသွားပြီ ဖြစ်သည်။


လေတိုက်နှုန်းလျော့သွားပြီး လှိုင်းလုံးများ မည်သည့်အခ်ျိန်က ပျောက်ကွယ်သွားသည်ကို မည်သူမှ မပြောနိုင်ပေ။လှေငယ်လေးပေါ်တွင် ပုဖန် မျက်လုံးများမှိတ်၍ ထ်ိုင်နေသည်။သူ့အသက်ရှူသံများက တစ်သမတ်တည်းကျနေကာ ချောမွေ့နေပြီး အိပ်မောကျနေပုံရလေသည်။


လှေရပ်တန့်သွားသောအခါ ပုဖန် မျက်လုံးဖွင့်လိုက်သည်။သူ အသက်ရှူလိုက်ပြီး မတ်တပ်ထရပ်လိုက်သောကြောင့် လှေအောက်၌ ရေလှိုင်းများ ထသွားသည်။


ငါးမျှားတံကို ကိုင်ဆောင်၍ ငါးမျှားကြိုးကို အဝေးသို့ လွှဲပစ်လိုက်သည်။ရေဂယက်လေးများ ထသွားပြီးငါးစားချိတ်ထားသော ငါးမျှားချိတ်က ရေထဲသို့ ကျသွားသည်။ပုဖန်က ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာရပ်၍ ငါးမျှားနေလေသည်။


အုံ့မှိုင်းနေသော ရေကန်ထက်တွင် အရိပ်များ ပေါ်လာသည်နှင့်အမျှ ရေဂယက်များထလာလေသည်။