အခန်း၁၁၁
Viewers 8k

Chapter 111

October 03, 2023


မာလာထန်၏ ရေပန်းစားမှု


အချိန်တွေက မြန်မြန်ကုန်သွားပြီး မကြာမီ၊ အရန်ကုထုံးပြိုင်ပွဲ၏ နောက်ဆုံးနေ့ကို ကျရောက်လာသည်။ ပထမနေ့သည် ဂီတကုထုံးအဖွဲ့၏ နောက်ဆုံးနေ့ဖြစ်သည်။ ကောင်လေး၊ကောင်မလေးများသည် သီဆိုကခုန်ကြပြီး သူတို့၏ ကျွမ်းကျင်လိမ္မာသော ဖျော်ဖြေမှုများကြောင့် ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော်၊ကုထုံးအာနိသင် မဟုတ်ဘဲ ဘယ်သူ့ကို ပိုသဘောကျကြောင်း ပြောဆိုနေကြခြင်းသာ။

နောက်တစ်နေ့သည် ဆေးဝါးကုထုံးအဖွဲ့၏ နောက်ဆုံးနေ့ဖြစ်သည်။  စုချင်းဟယ် သည် ရေပန်းအစားဆုံး နံပါတ်တစ်ဖြစ်သည်။ သို့သော် သူမသည် သာမန်လူတစ်ယောက်အဖြစ် ရပ်တည်နေသောကြောင့် သူမကို သိပ်လက်မခံကြဘဲ တိတ်တဆိတ် မုန်းတီးနေကြလေသည်။ အင်အားကြီးသူများစွာသည် စုချင်းဟယ် ကို အကျပ်ကိုင်ပြီး လှည့်စား၍ အနိုင်ရလိုကြသည်။


ဥပမာ၊ရှောင်မင်လိုမျိုးပင်။ သူသည် အရပ်သား အမျိုးသမီးတစ်ဦးက သူ့၏ ကျေးဇူးဆပ်လိုစိတ်ကို အထပ်ထပ်အခါခါ ငြင်းဆန်ဝံ့သောကြောင့် စိတ်မကောင်းဖြစ်မိသည်။ စုချင်းဟယ် ၏ မျက်နှာငယ်စေသော နောက်ခံဖြင့်၊ ခိုင်မာသောကျောထောက်နောက်ခံမရှာဘဲ သူမ တစ်ဘဝလုံး ငြိမ်းချမ်းစွာနေထိုင်ရန် မဖြစ်နိုင်ပေ။ သူမသည် ကျောထောက်နောက်ခံ ကောင်းကောင်းရှိသူ တစ်ယောက်ကို ရှာဖွေချင်လျှင်၊ သူကသာ အသင့်တော်ဆုံးဖြစ်သည်။  စစ်ပညာရေးအကယ်ဒမီ တစ်ခုလုံးကို ကြည့်လိုက်ပါက၊ သူထက် မြင့်မြတ်သူ မရှိနိုင်ပေ။ တတိယမင်းသား ရှောင်ကျန်း ပင်လျှင် အစ်ကိုကြီးဖြစ်သည့် သူ့အပေါ် လေးစားမှု ရှိရသည်။


ဇာ့ခ်တတိယလှိုင်းတိုက်ခိုက်မှုသည် အနည်းငယ် ဝေးနေသေးသည်။ သို့သော်၊ ရောက်လာပါက  နောက်ဆုံးအကြိမ်ကလို လူသားများကို သက်သက်မဲ့ အစားအသောက် လာမကျွေးနိုင်တော့ပေ။


မက်ရှဲသည် သူ့ထံမှ အမြဲ အနိုင်ယူနေသော လင်းရွှမ် ကို ထိန်းရန် နည်းလမ်းရှိနေပြီဖြစ်သည်။ ထို့ကြောင့် ရှောင်မင် သည် သီးသန့်ဆေးဝါးပညာရှင်ကို တတ်နိုင်သမျှအမြန်ဆုံး ချုပ်နှောင်ထားရန် လိုအပ်သည်။အကြောင်းမှာ  တော်ဝင်မိသားစုမှ ဖြန့်ဖြူးသော ဆေးဝါးများကို 100% မယုံနိုင်သောကြောင့်ပင်။ထို့အပြင် စုချင်းဟယ် နှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုကို လျှို့ဝှက်စစ်ဆေးကြည့်ရာ 90% ရှိကြောင်း တွေ့ရသည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်က ပြိုလဲပြီး ရူးသွပ်သွားပါက သူမသည် သူ့အတွက် ရယ်ဒီမိတ် ဆေးတစ်မျိုး ဖြစ်သည်။ သို့သော် သူနှင့် လင်းယောင်ယောင် သည် 50% ထက် နည်းနေသောကြောင့် စိတ်ထဲ မပျော်မရွှင်ဖြစ်နေရ၏။ မူလက၊လင်းယောင်ယောင် နှင့် ပတ်သက်၍ အတွေးအချို့ရှိခဲ့သော်လည်း ထိုအတွေးများသည် ရုတ်တရက် လမ်းတစ်ဝက်မှာပင် အေးခဲသွားခဲ့သည်။ သူမသည် မြို့တော်ရှိလူအများအား ဇာ့ခ် များကိုစားရန် ထောက်ခံအားပေးခဲ့ပြီး သူ၏အကြံအစည်ကို သွယ်ဝိုက်၍ ဖျက်ဆီးခဲ့သည်။


ထို့ကြောင့် ရှောင်မင် သည် လင်းယောင်ယောင် ကို ပိုပိုပြီး မကျေမနပ်ဖြစ်လာသည်။  ပို၍အရေးကြီးသည်မှာ လင်းယောင်ယောင် သည် ယခုအချိန်တွင် အလွန်ပင် အရည်အချင်းရှိသူ ဖြစ်နေသဖြင့် သူ့ကို အရေးတောင်မလုပ်တော့။  စွန့်ပစ်ခံရသည့် ခံစားချက်က သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေလေသည်။ သို့သော် မကြာသေးမီက သူမသည် လင်းမိသားစု၏ မွေးစားသမီးအပြင် သူမသည် ဝေ့မိသားစု၏ နှစ်ရှည်လများ ပျောက်ဆုံးသွားသော ကလေးလည်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ သူမသည် ပျောက်ဆုံးနေသော ဆူးတပ်ဖွဲ့၏ တပ်မှူးဟောင်း ဝေ့လင်း၏ သမီးအရင်းဖြစ်သည်။


လင်းမိသားစုသည် ကိုင်တွယ်ဖို့ မလွယ်ကူပေ။  အခု သူတို့မိသားစုကို အကာအကွယ်ပေးလာမည့် ဝေ့မိသားစုပါ ထပ်တိုးလာသဖြင့် ပို၍တောင် ဆိုး‌နေသးသည်။


မက်ရှဲ၏အကြံအစည်သည် လင်း မိသားစု၏အကြီးမားဆုံးအားကိုးအားထားရာ လင်းရွှမ် ကို တစ်ကယ်သတ်နိုင်ပါက…အချိန်တန်သောအခါတွင် သူသည် လင်း မိသားစုနှင့် ဝေ့မိသားစု၏ အောက်လက်ငယ်သားများကို ဖြည်းဖြည်းချင်း ဆွဲချရန်  စီစဉ်နိုင်မည်ဖြစ်သည်။


ရှောင်မင် ၏ အမျိုးမျိုးသော တစ်ကိုယ်ကောင်းဆန်သော အတွေးများသည် မူရင်းဝတ္ထုထဲကလို အတူတူနီးပါးဖြစ်ပြီး ပို၍ပင် ဆိုးယုတ်နေသည်။ သို့သော်လည်း သူသည် စုချင်းဟယ် အား သူ့အတွက် သီးသန့် ဆေးဝါးပညာရှင်အဖြစ် ဖိတ်ခေါ်ရန် မစီစဉ်မီ အရပ်ဘက်အဖွဲ့ မှ စစ်ဗိုလ်ချုပ် ကျောက်ပိုဟိုင် က ရုတ်တရက် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။ စုချင်းဟယ် သည် သူ့မြေးဖြစ်ကြောင်းနှင့် သူမကို အနိုင်ကျင့်သူများအား လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ပါသည်။


ထို့နောက် စုချင်းဟယ် သည် တိုက်ခိုက်ရေးသမား ကျောက်ချင်းယွင် နှင့် ပူးပေါင်းရန် သဘောတူထားကြောင်း Weibo တွင် ကြေညာခဲ့သည်။ထို့ကြောင့်၊ အခြားတိုက်ခိုက်ရေးသမားများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ကြားချက်ကို သူမ လက်ခံတော့မည်မဟုတ်။ ကျောက်ချင်းယွင်သည် မကြာသေးမီက သူအသိအမှတ်ပြုခဲ့သော အမြွှာညီမ စုချင်းဟယ် အတွက် မိုးကြိုးစစ်တက္ကသိုလ်မှနေ၍ စစ်ပညာရေးအကယ်ဒမီ သို့ ပြောင်းလာခဲ့သည်။


ရှောင်မင် သည် အလွန်အမင်း စိတ်တိုသွားသည်။ စုချင်းဟယ် ကို ရနိုင်မည်ဟု ထင်ခဲ့သော်လည်း ရုတ်တရက် သူမ ဘဝက မျက်လှည့်ဆန်နေ၏။ တစ်ဖန် သူ့အကြံအစည် ပျက်သွားပြန်သည်။


ဒုတိယမင်းသားဆိုသည့် ရာထူးသည် အလွန်မွန်မြတ်သလို ရှိသော်လည်း သူ့မှာ အမှန်တစ်ကယ် စွမ်းအားမရှိပေ။  သူသည် အရပ်ဘက်အဖွဲ့မှ စစ်ဗိုလ်ချုပ်ဖြစ်သည့် ကျောက်ပိုဟိုင် ကိုပင် မနိုင်သလို၊ ထိပ်တိုက်ရင်ဆိုင်ဖို့ မဝံ့ရဲပေ။သူ့ဘဝက ယခုလိုမျိုး မဖြစ်သင့်ပေ။သူ့အကြံများ အောင်မြင်မည်ဆိုသည်ကို သေချာတွက်ထားပြီးသားပင်။သို့သော်၊ လက်တွေ့မှာတော့ အဆင်မပြေပေ။


ဘာများမှားသွားတာလဲ…

စနေနေ့ဖြစ်သည့် တတိယမြောက် နေ့သည် အစားအသောက်ကုထုံးအဖွဲ့၏ နောက်ဆုံးနေ့ဖြစ်သည်။


ဤကာလသည် မြို့တော်ရှိလူများအတွက် ဇာ့ခ် အသားစားရန် အကျော်ကြားဆုံးအချိန်ဖြစ်သည်။  "အရသာရှိပြီး ဆန်းသစ်သော ဇာ့ခ်အသား" ဆိုသည့် အဓိကခေါင်းစဉ်ဖြင့် အစားအသောက်ကုထုံးအဖွဲ့သည် အရန်ကုထုံးပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ကို ကျင်းပခဲ့သည်။ ဤမျှနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် သူတို့သည် ဂီတကုထုံးနှင့် ဆေးဝါးကုထုံးအဖွဲ့များထက် များစွာပို၍ အာရုံစိုက်ခံခဲ့ရသည်။


ဖိုင်နယ်အဆင့်တွင် ပရိသတ်များသည် ကုန်ပစ္စည်းကို ကြည့်ရှုနိုင်ပြီး မြည်းနိုင်မည်မဟုတ်ပေ။ Star Network တွင်  ထိပ်တန်း 10ယောက်၏ ဟင်းပွဲ virtual ဗားရှင်းများကို မြည်းကြည့်ရန် ပြိုင်ပွဲပြီးနောက် တစ်ရက်စောင့်ရ‌ေပမည်။  သို့သော်၊ ဟောလိုဂရပ်ဖစ် စခရင်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့် နေသည့်အတွက် အားလုံးအတူတူပင် စိတ်အားထက်သန်နေကြသည်။ မစားနိုင်လျှင်တောင် အနံ့တော့ ရနေသေးသည်။


အစားအသောက်ကုထုံးအဖွဲ့တွင် အတော်ဆုံး ပြိုင်ပွဲဝင်၊ အစားအသောက်လက်ထောက်ကုထုံးပညာရှင် လင်းယောင်ယောင် သည် ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်မည်ဖြစ်သည်။ အစားအသောက်သမားတိုင်းသည် သူမကို အားမပေးဘဲ မနေနိုင်ကြချေ။


လင်းယောင်ယောင် သည် လူတိုင်း အရသာရှိသော ဖြည့်စွက်အစားအစာများကို စားသုံးနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်များကို အစားအစာ ပါဝင်ပစ္စည်းများအဖြစ် တီထွင်နိုင်စေရန် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ သူမ၏ လက်ရှိ အဆင့်သည် ရှုံးပွဲမရှိ စစ်နတ်ဘုရား လင်းရွှမ် ထက် မနိမ့်ကျပေ။ ဖိုင်နယ်မတိုင်ခင်မှာ လူတိုင်းက သူမကို မျှော်လင့်ခဲ့ကြပြီး ဆွေးနွေးမှုများလည်း အများကြီးရှိခဲ့သည်။


"ငါ့နတ်သမီး ယောင်ယောင် က ဘယ်လို ဆန်းသစ်ပြီး အရသာရှိမယ့်ဟာကို ချက်မလဲမသိဘူး"

"ပြီးခဲ့တဲ့ ထမင်းထုပ်က အရမ်း ရိုးနေပေမယ့် အထဲမှာ အရမ်းကောင်းတာတစ်ခုတော့ ရှိတယ်… ပြောနေရင်း စားတောင်စားချင်လာပြီ… ဒါပေမယ့် ဒီတစ်ခါတော့ ချက်နေတာကိုပါ သေချာမြင်ရတော့မယ်…"


"အလှလေး ယောင်ယောင် က ချက်ထားတဲ့ အစားအစာကို ငါ အရမ်းစားချင်နေပြီ…virtual version မှာ စားခွင့်ရလိုက်ရင်ကို သေပျော်ပါပြီ"

ကင်မရာသည် အစားအသောက်ဝါသနာရှင် အများစုကို လိုက်ရိုက်ကာ နောက်ဆုံး အစားအသောက်ကုထုံးအဖွဲ့ကို ရိုက်ပြလိုက်သည်။


ထိုအချိန်တွင် လင်းယောင်ယောင် သည် mask နှင့် ဆေးဘက်ဆိုင်ရာလက်အိတ်များကို ၀တ်ဆင်ထားပြီး ဟင်းချက်စားပွဲပေါ်တွင် တံစို့(အကင်ချောင်း)များ အမြန်လုပ်နေသည်။ထို့နောက် ဓားဖြင့် သာမန်မာလာထန် လုပ်ရာထက် ပိုမိုသေးငယ်သော အသားများကို လှီးဖြတ်နေလေသည်။ အကဲဖြတ်ဒိုင်များနှင့် အစားအသောက် ဝါသနာရှင်များသည် အစာအိမ်တစ်လုံးတည်းသာ ပါလာကြသဖြင့် ပြိုင်ပွဲဝင်တစ်ဦးစီ၏ အစာကို အလွန်အကျွံ မစားနိုင်မှာစိုး၍ အစာချေမြန်ဆေးများကို ဆောင်ထားကြရသည်။


သူမ ဘေးမှမီးဖိုပေါ်မှာ အိုးကြီးတစ်လုံးရှိပြီး အတွင်းထဲတွင် အစပ်ဟင်းရည်များ ရှိပေသည်။ 


အရန်ကုထုံးပြိုင်ပွဲမှ ပေးပို့သော ဝန်ထမ်းများသည် ဟင်းချိုပြင်ဆင်မှုကို အပြည့်အဝကြီးကြပ်နေသည်။ ပါဝင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီး အပူထိန်းအိုးထဲတွင် သိမ်းဆည်းထားကြရသည်။ ယခု ချက်ပြုတ်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။ အိုးက အဖုံးဖုံးထားသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဘာကိုမှ မမြင်ရချေ။


ပြင်ဆင်မှု လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် တာဝန်ရှိသော ဝန်ထမ်းများသာလျှင် ဟင်းချိုထဲမှာ အနှစ်သာရ မည်မျှပါရှိသည်ကို သိပေသည်။


ကြိုတင်ပြင်ဆင်ထားသော ဟင်းအမယ်များရှိနေ၍ ချက်ပြုတ်ရန် အချိန်များစွာ မကြာပေ။ အခြားပါဝင်ပစ္စည်းများကိုလည်း ဆေးကြောသန့်စင်ထားပြီးသည်မှာ ကြာပြီဖြစ်သည်။


ပွဲထဲတွင် လင်းယောင်ယောင် သည် ပါဝင်ပစ္စည်းတစ်ခုစီကို စိတ်ပိုင်းဆိုင်ရာ စီမံဆောင်ရွက်ရန်သာ လိုအပ်ပြီး အတုံးသေးသေးလေးများ လှီးဖြတ်ပြီး အကင်ချောင်းဖြင့် ထိုးရန်သာ လိုအပ်သည်။


အရသာရှိစေရန် အချိန်အကြာကြီး ပြုတ်ထားရန် လိုအပ်သော ဇာ့ခ်အသားလွှာ၊ အမွှေးရှည်ခူကောင်များ၊ ဇာ့ခ်အသားလုံး၊ မှို၊ မုန်လာဥ၊ ကြာမြစ်၊ အာလူး၊ ပင်လယ်ရေမှော် စသည်တို့ကို အချိန်ဇယားအတိုင်း အမှီကျက်‌သွားရန် ပြုလုပ်ထား၍ တစ်ဝက်ခန့်ကျက်နေပေသည်။ယခု သူမ နောက်တစ်ခါ ပြန်ချက်ရန်သာ လိုအပ်သည်။  


သူမဘေးမှာ ပျားပုံစံ ကင်မရာအနည်းငယ် ပျံသန်းနေသည့်ကို မြင်ရသောအခါ ခေါင်းမော့ပြီး ကင်မရာကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ထုံးစံအတိုင်း အေးစက်စက်ဟန်ဆောင်ကာ ပရိသတ်ကို တိုးလျလျ ပြောလိုက်၏။


"မကြာခင် စားနိုင်တော့မှာပါ…အားလုံးစောင့်ပေးကြပါ"

သူမ၏ အပြာဖျော့ဖျော့ ဂျင်းဘောင်းဘီ၊ တီရှပ်အဖြူနှင့် ဆံထုံး ထုံးထားသော ဆံပင်ပုံစံသည် အလွန်သပ်ရပ်ပြီး လန်းဆန်းနေသည်။ နှမြောစရာကောင်းသည်က သူမ၏ လှပသော မျက်နှာကလေးကို Mask နှင့် အုပ်ထားတာကိုပင်။


ပရိသတ်က ချက်ချင်းပင် မက်ဆေ့ချ်များကို ပို့လိုက်ကြသည်။ပို့လိုက်သည့် အကြောင်းအရာက  သူမ၏ maskကို ဖောက်ထွင်းမြင်ရသော mask အဖြစ် ပြောင်းပစ်ရန် ပြောနေကြခြင်းသာ။


 နောက်ဆုံးမှာ သူတို့၏ နတ်ဘုရားမ လင်းယောင်ယောင် ချက်ပြုတ်နေသည်ကို အနီးကပ်မြင်တွေ့ခွင့်ရခဲ့သည်။ ဘယ်လိုပင်ဖြစ်ဖြစ် ဟင်းချက်ခြင်း လုပ်ငန်းစဉ်ကို နားမလည်နိုင်ဖြစ်နေရကာ၊ အစားအသောက်ကိုလည်း မစားရပေ။သူတို့ စောင့်နေသည်က သူမ၏ မျက်နှာလှလှ‌ကလေးကိုပင်။


လင်းယောင်ယောင် သည် ဇာ့ခ်အသားလုံးများကို လုံးနေရင်း ဟင်းချက် စားပွဲဘေးမှ ဖန်သားပြင်ပေါ်ရှိ ပရိသတ်များကို ကြည့်လိုက်ကာ

"မရပါဘူး… ရှင်တို့က ကျွန်မ မျက်နှာကို ကြည့်နေပြီးတော့ ကျွန်မ ချက်ထားတဲ့ ဟင်းပွဲတွေကို ဂရုမစိုက်တော့မှာ ကြောက်တယ်လေ"


လူတိုင်းက စခရင်ကို ချက်ချင်း မွကနဲ နမ်းလိုက်ကြသည်။ 

သူမသည် အလှတရား၊ ငွေကြေးနှင့် အထူးခွန်အားရှိသူဖြစ်၍ သူမကို ဘယ်သူမဆိုချစ်ထိုက်ပေသည်။


ဖိုင်နယ်ဖွင့်ပွဲအပြီး ဆယ်မိနစ်ခန့်အကြာတွင် သူမသည် အရသာစတင်မြည်းမည့် ကိုယ်စားလှယ်အတွက် ခလုတ်ကို နှိပ်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ သုံးသပ်ချက်တာဝန်ခံသည် အံ့အားသင့်သွားသည်။  


အရမ်းမြန်တယ်မဟုတ်လား…

ပြီးနောက်၊ အနည်းဆုံး အရသာမြည်းစမ်းသူများမှာ တစ်ရာ့ငါးဆယ် ရှိသဖြင့် ပြိုင်ပွဲဝင်များသည် ဟင်းတွေအများကြီးလုပ်ရမည်ဖြစ်၏။ ပါဝင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားနိုင်လျှင်တောင် ယခုလို မမြန်သင့်ပေ။


မကြာမီ၊ အကဲဖြတ်ဒိုင်များနှင့် မြည်းစမ်းသူများ ရောက်လာပြီး ကြည့်ရှုကြရာ သူမသည် အားလုံးကို  မိတ်ဆက်ပေးလိုက်၏။


'ဟင်… ဟင်းတစ်အိုးတည်းကို အစပ်နဲ့ မစပ်တာ ဆိုပြီးခွဲထားတာလား…  လတ်လတ်ဆတ်ဆတ် ပြုတ်ထားတဲ့ ပါဝင်ပစ္စည်းတွေရောဆိုတော့ ဒါက  ဟော့ပေါ့မဟုတ်ဘူးလား'


သို့သော်၊အသားကို အကင်ချောင်းများဖြင့် ထိုးစိုက်ထားသဖြင့် အတော်လေး ဆန်းသစ်သွားစေသည်။ 


လင်းယောင်ယောင် က ပြုံးပြီးပြောလိုက်သည်။

"တစ်ခါကို အရသာမြည်းမဲ့သူ ငါးယောက် တစ်တွဲစီ လာပေးပါနော်… ကျေးဇူးပြုပြီး တန်းစီပေးပါ…ကိုယ် စားချင်တဲ့ ပါဝင်ပစ္စည်း‌တွေကို ရွေးချယ်နိုင်ပမယ့် တစ်ယောက်ကို ရှစ်မျိုးပဲ ရွေးချယ်နိုင်ပါတယ်... ဇာ့ခ်အသားကတော့ မဖြစ်မနေ စားရမှာပါ…ဇာ့ခ်အသားကို  သုံးခုယူလိုက်ပါ...ရှင်တို့ ဘယ်လိုရွေးရမှန်းမသိရင် ကျွန်မ ‌ရွေးပေးလို့ရပါတယ်"


လူတိုင်းသည် သူမ ပေးထားသည့်  ပန်းကန်လုံးအား ကြည့်လိုက်ကြသည်။ ပထမဆုံးဝင်လာသူမှာ ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာမှ အရန်ကုထုံးဆရာကြီးဖြစ်သည်။ချိုက်ယူဟုန်သည် သူမနှင့်အတူ အကြိမ်ပေါင်းများစွာ ယခုလို ဖြည့်စွက်စာ ပန်းကန်လုံးလေးကို မြင်ရသည့်အခါ မကျေမနပ်ဖြစ်သွား၏။


"မစ္စ ယောင်ယောင်...ပန်းကန်လုံးကို အကြီးကြီးပြောင်းလို့ရမလား"

သူမ ချက်ထားခြင်းဖြစ်၍ ဟင်းလျာက သေချာပေါက် အရသာရှိပြီး စပ်ပူနေမှာ သေချာသလို အနံ့ရလိုက်ရုံနှင့် အတော်ကောင်းမှန်း သိသာပေသည်။ ဖိုင်နယ်တွင် အကဲဖြတ်ဒိုင်များသည် ပြိုင်ပွဲဝင်များ၏ ဟင်းပွဲအားလုံးကို မြည်းကြည့်ရမည်ဖြစ်သည်။ ဟင်းပွဲများစွာ စားမည်ဖြစ်၍ တစ်ကိုက်၊နှစ်ကိုက်သာ စားရပေလိမ့်မည်။


လင်းယောင်ယောင် ၏ ဟင်းပွဲသည် သူတို့ ပထမဆုံး စားချင်သည့်ဟင်းပွဲဖြစ်ပေသည်။ ဗိုက်ဆာနေတာကြောင့်လည်း ဖြစ်သလို၊အရသာရှိမှာ သေချာနေတာကြောင့်လည်း ပါသည်။


လင်းယောင်ယောင် က စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။


"မဟုတ်ပါဘူး… ဒါက သူများတွေရဲ့ ဟင်းတွေကို မြည်းနိုင်ဖို့ ဗိုက်ထဲမှာ နေရာကျန်နေအောင်လို့ပါ"


ထို့နောက် သူမသည် ဇာ့ခ် အသားလွှာ၊  ဇာ့ခ် အသားလုံးများ၊ ပဲပင်ပေါက်များ၊ ရေညှိချပ်များ၊ မုန်လာဥအချပ်များနှင့် မှိုများကို သူမထည့်ပေးရန် တောင်းဆိုသူများအတွက် ရွေးချယ်လိုက်သည်။တစ်ခုစီသာ ထည့်ထားသဖြင့် ပန်းကန်လုံးတစ်ဝက်စာ လုံလောက်သည်။  အစပ်ဟင်းချိုအနည်းငယ်ထည့်ပြီးနောက် နှမ်းဆီအနည်းငယ်ကို ထည့်၍ နှမ်းဖြူစေ့၊နံနံနှင့် မြေပဲဆံကြော်တစ်ဇွန်းစာစီ ထည့်လိုက်လျှင် မာလာထန် ဟင်းချိုတစ်ပန်းကန် အဆင်သင့်ဖြစ်သွားလေပြီ။ဟင်းချိုနှင့် တွဲစားရန် ဆေးဖက်ဝင်အပင် လက်ဖက်ရည်အေး တစ်ခွက်ကိုလည်း အကဲဖြတ်ဒိုင်များထံ ပေးအပ်ခဲ့သည်။


"Wow… မာလာထန် က အရမ်းအရသာရှိတယ်...ပူတယ်…စပ်တယ်နာမည်ကလည်း အရမ်း ကောင်းတယ်"


 "ဟော့ပေါ့နဲ့ လုံးဝမတူဘူးဗျ…ပိုအဆင်ပြေပြီး ပိုပေါ့ပါးနေတယ်"


"ငါ ပါဝင်ပစ္စည်းတွေအားလုံးကို စားကြည့်ချင်တယ်၊ မပေးဘူးဆိုရင် ငါ ထွက်သွားမှာ မဟုတ်ဘူးနော်"


 "ဟင်းက အရမ်းနည်းတာပဲ၊ အရသာကို သေချာမခံလိုက်ရဘူး… နောက်ထပ် ပန်းကန်ဆယ်လုံးတော့ ကုန်နိုင်မယ်ထင်တယ်"


xxxxxx


Ei Thet Hmue